welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

19 ရက်နေ့ မှာကွယ်လွန်ခြင်း ရ နှစ်ပြည့်ပြီ ဖြစ်တဲ့ ကာနယ်ကြည်မောင်လို့ လူသိများတဲ့ ကျမတို့ ရဲ့ ချစ်လှစွာသောခေါင်းဆောင်ကြီး ဘ၀ တစိတ်တဒေသ

Monday, August 17, 2009













ဘဘဦးကြည်မောင်ရဲ့ ကိုယ်ရေးအကျဉ်းနဲ့ အတူ ဘဘရဲ့
တပည့်သားသမီးတွေ ပုံလေးတွေ တွဲ တင်ထားပါတယ် ။
ဒီထဲက အများစုကတော့ ထောင်ထဲမှာနှစ်နှစ်ဆယ်ကျော်
အမိန့် ချခံထားရတဲ့ လူငယ်လေးတွေဖြစ်ပါတယ် ။ အပြင်မှာရှိနေသေးသူ တွေနဲ့ ပြည်ပရောက်နေတဲ့ ကျမတို့ က
တော့ ဘဘ လိုချင်တဲ့ ပြည်သူတွေရဲ့ လွတ်လပ်မှုအခွင့်အရေး တွေမရမချင်း တိုက်ပွဲရဲ့လမ်းကြောင်းပေါ်မှာကျရာ
တာဝန်တွေဆောင်ရွက်ရင် စစ်အာဏာရှင်ကို အမြင်ပြတ်ပြတ်နဲ့  တိုက်ပွဲဝင်နေဆဲပါ ။ ဘဘ ရဲ့ကျေးဇူးတရားတွေ
ကြောင့် တော်လှန်ရေးအင်အားစုတွေကြားမှာ ကျမတို့ အတွေးအခေါ်တွေ နောက်မရောက်ခဲ့တဲ့ အတွက် လမ်းပြ
ပေးခဲ့တဲ့ ဘဘ ကို ကာယ ၀စီ မနောချီပြီး ရှစ်ခိုး ဦးချလိုက်ပါတယ် ။။ ဘဘ ကိုယ်တိုင်လည်းရောက်ရာဘုံဘ၀မှာ
သူတော်ကောင်းအကျင့်တွေ နဲ့ တင့်တယ်နေဦးမယ်ဆိုတာယုံကြည်ပါကြောင်း စာဖတ်သူ ဘလော့မိတ်ဆွေ များ
အား ဝေမျှလိုက်ပါတယ် ။

မေအိခင် (လယ်ဝေး)

2 comments:

MoeThwayNge said...

အမကြီး ရေ ..ခဏခဏ ရောက်ဖြစ်ပါတယ်ခင်ဗျာ။
ကျွန်တော်က ငွန်ငယ် ထက် အကြီးပါ။
အမ အလည် ခဏခဏ လာတာကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။အကူညီလိုအပ်လို့ ကျွန်တော်တို့ လုပ်ပေးနိုင်တာဆို ပြောပါနော်။

ခင်မင်မှုဖြင့်

အားလုံးကို ပျော်စေချင်တဲ့

Kaung Kin Ko said...

သူရဲကောင်း တွေကို အလေးပြုသွားပါတယ် အစ်မ။