welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

မြန်မာပြည်သို့  Gender လာပြီ

Friday, November 9, 2012

အလုပ်သမားရေးကို အဖွဲ့ မတူပဲ တသဘောထဲ ဆောင်ရွက်နေတဲ့  နိုင်ငံရေးလောကက ထောင်ထွက် မိန်းမ သုံးယောက်ဖြစ်တဲ့ မမာမာဦး (၈၈ အဖွဲ့ ) မစုစုနွေး (ကိုယ်တိုင် ForceLabour အခိုင်းစေခံရတဲ့အတွက် အာဏာပိုင်ကို အံတုခဲ့သူ) နဲ့ ကျမ မအိရွှေစင်ညွန့်  တို့  ဒီ၂ရက်
အတွင်း NGO တွေ အခြား CBO တွေ အမျိုးသမီးစွမ်းဆောင်ရှင်တွေ ပညာတက် နယ်ပယ်အသီးသီးက အမျိုးသမီးတွေ တိုင်းပြည်အတွက် ရည်ရွယ်ချက်ကောင်းတွေ နဲ့  မိမိကိုယ်ကိုယ်လည်းအရည်အသွေးမြှင့်ဖို့ ကြိုးစားနေတဲ့ ညီမငယ် -ကျမသမီးအရွယ်လေးတွေ နဲ့  ကျားမတန်းတူညီမျှမှုနဲ့  စီးပွါးရေး Workshop မှာ ဆွေးနွေး ဖြစ်ကြတဲ့ အခါ --- ကျမတို့ တိုင်းပြည်ဟာ အမိ မြန်မာပြည်ဆိုတာ ကို ပဲ ပြုံးပြီး နေခဲ့တာတွေ ကများပါတယ် ။ ရလဒ်ကောင်းတွေ အများကြီး ရှိတဲ့ အတွက် ဒီ Workshop ကို တက်စေ့ချင်လို့  စာရင်းပေးသွင်းခဲ့တဲ့ ILO မှ Mr.Ross ကို လည်း အများကြီးကျေးဇူးတင်ပါတယ် ။

တော်ဝင် သစ်အချောထည်စက်ရုံထဲ ကို အလုပ်သမားလက်ခံပြီးမှ အပြင်ပန်းရံ ဆိုဒ် ပုံစံ အလုပ်လုပ်ရတဲ့ ကိစ္စ

Wednesday, November 7, 2012

တော်ဝင်သစ်အချောထည် စက်ရုံ က အလုပ်သမားတွေ ဘာ့ကြောင့် ပေါက်ကွဲမှု ကြီးမားလာလဲ -- အခြေခံ နေ့  လုပ်ခ ၂၀၀၀ ကျပ် ၃၀၀၀ကျပ်နဲ့  နေ့ စား အပတ်ရှင်း နဲ့  အလုပ်သမားတွေ ခေါ်ပါတယ် တချို့ ဆို လုပ်သက် ၁၅ နှစ်ရှိပြီ ဖြစ်ပေမဲ့ ပါမစ်နစ်မရှိ တနေ့ လုပ်မှ တနေ့ စ
ားရတယ် ။ ၂၀၀၀ နဲ့  ခန်တော့ စက်ရုံအလုပ်မို့  သစ်ရွေး - ကော်ပတ်စား -ကျောက်ပြား ကပ် လေးတွေ အတွက် ရုပ်ရည်အသင့်အတင့် မိန်းကလေးတွေ ချောချောမောမောငယ်ငယ်ရွယ်ရွယ်လေးတွေ က အစ ၀င်လုပ်ကြတဲ့ အခါ --အလုပ်ဆင်းဆဲမှာပဲ ဆယ်ဘီးကား ကုန်တင် သစ်တင်ကားကြီးတွေ နဲ့ အပြင်ဆိုးအတွက် ခွဲဆင်းရတယ် ။ မိန်းကလေးတွေ ရထပ် အမြင့်ထိ ကျောက်ပြားသယ်ရတယ် ။ နောက်ဆုံး အပြင် ပန်း၇ံ သမား ပန်းရံ အလုပ်ကြမ်းအလုပ်လုပ်တွေ ခိုင်းလာတယ် --တကယ်ဆို တည်တည်ငြိမ်ငြိမ်ရှိချင်လို့  စက်၇ုံတွင်း ကို လုပ်ခ ၂၀၀၀ ကျပ်နဲ့ လုပ်ကြတာပါ ။ အပြင်မှာပန်ရံ လိုက်ဆင်းရင် မြေသယ်အုပ်သယ် -အဆင့်ပင် ၃၅၀၀ --၄၀၀၀ ရတာမို့  ၂၀၀၀ နဲ့ ခန့် ပြီး ခုလို ကြမ်းတမ်းစွာခိုင်းစေနေတာလည်း ပြဿနာကို စစေတဲ့ အဓိက အချက်ပါ ။ စွပ်ကျယ် တီရှပ်ပါးပါးလေဒ အဖြူရောင် တော်ဝင်တံဆိပ်တပ်ထားတာကို ၂၀၀၀ ကျပ် နဲ့ ဝယ်ရတယ် ဘောင်းဘီ ၃၅၀၀ နဲ့ ဝယ်ရတယ် ။ နှာခေါင်းပါးစပ် အကာအကွယ်ပစ္စည်း ၁၀၀ကျပ်နဲ့ဝယ်ရတယ် ။ ရွှေဝတ်ခွင့်မရှိဘူး ။ ဆံပင် ထောင်ခွင့် (ဂျယ်လိမ်း) ခွင့်မရှိဘူး ။ နားကပ်ဝတ်ခွင့် (ယောင်္ကျားလေး) ခွင့်မ၇ှိဘူး မိန်းခလေး ဒေါက် ၁လက်မထက်ပိုတာစီးခွင့်မရှိဘူး ။ သူတို့ တံဆိပ်မတက်ရင် ၂ရက်ခ ဖြတ်တယ် ။ သကြားလုံးတစ်လုံးပါရင် လုပ်ခ ၂ရက်ခဖြတ်တယ် ။ ထိခိုက်ဒဏ်ရာရရင် အော်ခွင့်မရှိဘူး။စတဲ့စတဲ့ မြောက်များစွာသော လူ့ အခွင့်အရေးချိုးဖောက်နေမှုတွေ ကြောင့် အလုပ်သမားတွေ အပင်းပမ်းအဆင်း၇ဲခံဆန္ဒပြနေတာကို ကျမတို့ မကြည့်ရပ်တော့ဘူး ဒါတွေ ကို ကျမ တို့ လက်ပိုက်ကြည့်မှာမဟုတ်ဘူးဆိုတာ သိစေအပ်ပါတယ် ။
 
 
 အဲဒီလို ထိခိုက် ဒဏ်ရာရ သူပေါင်း မြောက်များစွာကို တစ်ခါမှ မစောင့်ရှောက်ခဲ့တဲ့ တော်ဝင် သစ်အချောထည်စက်ရုံ က ပြဿနာ အမှန်တရား ဖက် မှာ အဆုံးအဖြတ်ရှိမရှိ နဲ့  -- အပြောင်းအလဲ ကို ဦးတည်နေတဲ့ သမတ္တကြီးနဲ့  ပြောင်းလဲစေ့ချင်သူတွေ သိစေဖို့ 