welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

လမ်းတစ်ခုကိုလျောက်ရင်အဆုံးထိလျောက် ( ဘဘဦးကြည်မောင်ကွယ်လွန်ခြင်း ငါးနှစ်ပြည့် )၁၉-၈-၂၀၀၉

Tuesday, August 18, 2009

ဗိုလ်ချုပ်ခင်ညွန့်  ကို စစ်ခုံရုံးတင်ပစ်မယ် လို သူ ပြောခဲ့သလိုမြန်မာပြည်ထဲကခေါင်းဆောင်တစ်ဦးလောက်က
ဗိုလ်သန်းရွှေကို လည်လှီးပစ်မယ် လို့  ပြောကြရင် သိတ်ကောင်းမှာပဲနော် --


ဒီကနေ့  (၁၉-၈-၂၀၀၉) ဟာ ကျမတို့ ရဲ့ ကျေးဇူးရှင် ၁၉၉၀ ရွေးကောက်ပွဲ ကြီးကို တနိုင်ငံလုံးအတိုင်းအတာနဲ့
အောင်မြင်နိုင်အောင် ဘဘဦးကြည်မောင်ရဲ့ စည်းရုံးစွမ်း
ရည်နဲ့ အောင်ပွဲခံ နိုင် ခဲ့ တာပါ ။။စစ်အုပ်စုက ပြည်သူ့ 
အာဏာ ကိုပြည်သူဆီ မလွှဲပေး ပဲ ဆက်လက်အုပ်စိုးထား
ပေမဲ့  ၁၉၉၀ ရွေးကောက်ပွဲ အောင်နိုင်ခဲ့တဲ့သမိုင်းက
တော့ ကမ္ဘာမှာ သိတ်ကို မြင့်မားခဲ့တဲ့အောင်မြင်မှုပါပဲ ။
ကျမတို့  ဘဘ ဦးကြည်မောင်ရဲ့ စည်းရုံးရေးစွမ်းရည်နဲ့ 
စိတ်စေတနာမြင့်မားမှုကိုဘယ်သောအခါမှ မေ့ပျောက်
နိုင်မှာမဟုတ်ပါဘူး ။ ဒီကနေ့  ဟာဆို ဘဘ ကွယ်လွန်
ခဲ့တာ ၅နှစ်ပြည့်သွားပြီဖြစ်သလို ကျမ မြန်မာပြည်ကို ချန်ရစ်ခဲ့ရတာလည်း နောက်လ ဆို ၅နှစ်ပြည့်မြောက်ခဲ့
ပါပြီး။ ဘဘ ရဲ့ တိုင်းပြည်အတွက်စွမ်းဆောင်ခဲ့မှုတွေ ကို ဒီစာမျက်နှာမှာပဲ ရှာပြီး ထပ်ဖတ် ကြည့် လိုက်ကြပါဦး။
မဖတ်ဖြစ်သေး တဲ့သူတွေ ပေါ့ ။ ကျမ တို့ မှာ ကိုးကွယ်ရာအားထားရာ ဗုဒ္ဓရှင်တော်ဘုရား ရှိခဲ့ပါတယ် ။ ဘုရား
ရှင်ရဲ့တရားတော်တွေ အရ သူတော်ကောင်းတွေ နဲ့  ပေါင်းဖေါ်ယှဉ်တွဲ ရခြင်းရအကျိုးတွေ သူတော်ကောင်းတွေ
ရဲ့ နည်းနိဿယတွေ လိုက်နာကျင့်သုံးသူတွေ ရဲ့ အကျိုးတွေ အားလုံးသိရှိကြပြီးသားဖြစ်မှာပါ ။။ ကျမ ကတော့
ကျမ ဘ၀ မှာ လူဖြစ်ရကျိုးနပ် တယ်လို့  ခုနေကျမသေဆုံးသွားလည်း ကျမကြေနပ်မှုတွေ ရှိတယ်လို့ ယုံကြည်
ပါတယ် ဘာ့ကြောင့်လဲ ဆိုရင် ကျမ ဆရာကောင်းသမားကောင်းတွ ခုလို မှီဝဲခွင့်ရလို့ ပါပဲ။
ဒီကနေ့  ကွယ်လွန်တာ (၅) နှစ်ပြည့်တဲ့ ဘဘ နှစ်ပတ်လည် ကို ကျမ မပြုလုပ်နိုင်ခဲ့တာတော့ အတော်ကိုစိတ်
မကောင်းဖြစ်ခဲ့ရပါတယ် ။ဒါပေမဲ့ ဘဘရောက်ရာဘ၀က သာဓုခေါ်နေမှာပါ ကျမ ဘဘ ရဲ့ ကျေးဇူးတွေ ကို
သူတော်အချင်းချင်းသတင်းလွှေ့ လွှေ့ ပေါင်းဖက်တွေ့  ဆိုသလိုမျိုး ပန်းသတင်းလေညင်းဆောင်သလိုမျိုး ကု
သိုလ်ပြုခဲ့ပါတယ် ဘဘ --ဘဘ ရေ ဘဘ မှာကြားခဲ့တဲ့ လမ်းတစ်ခုကိုလျောက်ရင်အဆုံးထိ
လျောက် စေတနာအရင်းခံပြီးသတ္တိရှိရှိလျောက် ရောက်ကိုရောက်မယ် ဆိုတဲ့ စကား သမီးမေ့မထားရုံ
တင်မက လက်တွေ့ ကျင့်ကြံနေပါတယ် ။ ဘဘ ကောင်းရာဘုံဘ၀ မှ သာဓုခေါ်နိုင်ပါစေ ----

သမီးတပည့်
အိရွှေစင်ညွန့် 

0 comments: