welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

မျိုးဆက်သစ် များနှင့် အန်တီ တွေ့ ဆုံ မှု တစိတ်တဒေသ

Tuesday, December 28, 2010


ဒီနေ့ ဒေါ်စုနဲ့ ကျောင်းသားလူငယ် စာရင်းအရတော့ ၁၈၅ယောက်တက်ပေမယ့် စာရင်းမပါတာနဲ့ပေါင်းရင် ၂၀၀ကျော်ဒေါ်စုနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဦးတင်ဦး၊ ဦးဝင်တင်တို့လဲအဲ့ဒီဆွေးနွေးပွဲကိုတက်ရောက်ခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာလူငယ်တွေအနေနဲ့ကတော့ ကလေးတွေပညာရေး၊ကျမ်းမာရေး ချို့တဲ့နေကြပုံတွေ
လူငယ်တွေနိုင်ငံရေးမှာအားနည်းကြပုံတွေ ဟိုတလောကမှလွတ်လာတဲ့ ကိုဟန်ဝင်းအောင်တို့ ကိုလွင်ကိုလတ်တို့လဲဆွေးနွေးခဲ့ကြပါတယ်။ G W ကလူငယ်တစ်ယောက် လဲတက်ရောက်ပါတယ်။
အပိတ်မှာအန်တီပြောသွားတာကတော့ အဓိကတော့ ဆက်သွယ်ရေးကအရေးကြိးဆုံးပါပဲလို့ပြောသွားပါတယ်။ အားလုံးကလိုအပ်နေတာတွေရှိတယ်။ဖြည့်စည်းပေးနိုင်တာတွေရှိတယ်။
အဲ့ဒါကြောင့်အပြန်မှာ ဆက်သွယ်ရမယ့်လိပ်စာတွေနဲ့ဖုန်းနံပတ်တွေကို ရေးခိုင်းပါတယ်။ နေ့ခင်းထမင်းစားနားချိန်မှာတော့ ဒေါ်စုလဲလူငယ်တွေနဲ့လက်ရည်တပြင်တည်းထမင်းစားခဲ့ပါတယ်။
ညနေပိုင်းမှာတော့ ဦးဥာဏ်ဝင်းမှာ ဒီနေ့ဆွေးနွေးပွဲအကြောင်းကို သတင်းစားရှင်းင်းပွဲပြုလုပ်သွားပါတယ်။


သမီးငယ်တို့ ရဲ့ ကျောင်းသားအားကစားပွဲတော်

Monday, December 27, 2010

စီတန်းလမ်းလျှောက် ချီတက်ဆန္ဒပြ

Wednesday, December 22, 2010

စီတန်းလမ်းလျှောက် ချီတက်ဆန္ဒပြ
ဂါမဏိ


နိုင်ငံရေးချီတက်ပွဲ၊ ဆန္ဒပြချီတက်ပွဲ ... စတာတွေဟာ ဒီကနေ့ခေတ်မှာ ကိုယ့်ဆန္ဒကျင့်သုံးဖို့၊ ကိုယ့်အသံ သူ များ ကြားစေဖို့ နည်းလမ်းတခုဖြစ်နေပြီး အပြောင်းအလဲဖြစ်ဖို့ ဖိအားလည်းဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံမှာ ပထမဆုံး အောင်မြင်တဲ့ နိုင်ငံရေးချီတက်ပွဲကို ၁၈၃၄ ခုမှာ လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက လုပ်ခ လစာလျှော့မှုဆန့်ကျင်ရေးအသင်း တည်ထောင်မှုကြောင့် စိုက်ပျိုးရေးအလုပ်သမား (၆) ယောက်ကို သံခြေ ကျင်းခတ်ပြီး သြစတြေးလျ ပို့ခဲ့လို့ ဆန္ဒပြချီတက်ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သြစတြေးလျ ပို့တာဟာ တကျွန်းပို့တဲ့ အဓိပ္ပာယ်ဖြစ်ပြီး အသက်ရှင်လျက်နဲ့ ဘဝဆုံးရတဲ့ ပြစ်ဒဏ်ဖြစ်ပါတယ်။ ဒါကြောင့် သောင်းနဲ့ချီ တဲ့ အလုပ်သမားတွေက ပါလီမန်ကို ချီတက်ဆန္ဒပြပြီး ဒီအာဇာနည် (၆) ယောက် ဗြိတိန်နိုင်ငံ ပြန်လာခွင့်ပေး ဖို့ ပန်ကြားလွှာကို လူ (၈) သိန်း လက်မှတ်ထိုး တင်သွင်းခဲ့ပါတယ်။ ပါလီမန်က အလျှော့ပေးလိုက်ပြီး လူ (၆) ယောက်ကို အိမ်ပြန်လာခွင့်ပေးခဲ့ရပါတယ်။

အဲဒီကစလို့ နောက်နှစ် (၁၅၀) အတွင်း ကမ္ဘာပေါ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ဖို့ ကြိုးပမ်းသူတွေ၊ မတရားမှု ပြေပျောက်စေချင်သူတွေအတွက် နိုင်ငံရေးချီတက်ပွဲဟာ အရေးပါတဲ့လက်နက်ကရိယာတခု ဖြစ်လာခဲ့ပါတယ်။
ချီတက်ပွဲတိုင်း အလုပ်ဖြစ်တာတော့မဟုတ်ပါဘူး။ ၁၈၈၆ က အမေရိကန်ပြည် ရှီကာဂိုမြို့ ဟေးမားကက် ရင် ပြင်မှာ အလုပ်သမားတွေ အကြမ်းဖက်ခံရပြီး ကျဆုံးခဲ့ကြလို့ နောင်မှာ မေဒေးနေ့ (ကမ္ဘာ့အလုပ်သမားနေ့) အ ဖြစ် သတ်မှတ်ခဲ့ရပါတယ်။ ၁၉၀၅ ခု ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့က ဇာဘုရင်ရဲ့ ဆောင်းရာသီနန်းတော်ကို ချီတက်ဆန္ဒပြတာလည်း အကြမ်းဖက်သွေးချောင်းစီးအသတ်ခံရမှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဗမာပြည်မှာလည်း ၂၀၀၇ စက်တင်ဘာလ သံဃာတော်တွေရဲ့ ချီတက်ပွဲဟာ အကြမ်းဖက်ခံရပြီး ပြိုကွဲခဲ့ပါတယ်။

ဒါပေမယ့် စုဝေးချီတက်ပွဲတွေကနေ ထူးခြားတဲ့ အပြောင်းအလဲကို ဦးတည်သွားစေတဲ့ ဖိအား မကြာခဏ ပေါ် ထွက်စေခဲ့ပါတယ်။ အောင်မြင်တဲ့ ချီတက်ပွဲတွေကို လေ့လာတဲ့အခါ တူညီချက်တွေကို တွေ့ရပါတယ်။ အဲဒါ တွေကတော့ အင်မတန် ရှင်းလင်းတိကျတဲ့ ရည်မှန်းချက် သီးသန့်ရှိတာ၊ အပျက်ဘက် တောင်းဆိုမှုထက် အ ပြုဘက် တောင်းဆိုမှု (ဥပမာ - လွတ်လပ်ရေး၊ လူ့အခွင့်အရေး၊ ထိုက်တန်တဲ့လုပ်ခရရေး) အပေါ် အလေးထား တာတို့ ဖြစ်ပါတယ်။ (ရေကာတာစီမံကိန်း ဖျက်သိမ်းရေးထက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးက ပိုထိရောက်တာ) အရေးကြီးဆုံးကတော့ ဆန္ဒပြရတဲ့အကြောင်းတရားဟာ ဆန္ဒပြချီတက်သူတွေအနေနဲ့ ထောင်ကျခံရဲလောက် တဲ့ အကြောင်းတရားဖြစ်ရပါမယ်။

နောက်လိုအပ်ချက်ကတော့ အသေးစိတ်ကျတဲ့ နည်းပရိယာယ် အစီအစဉ်ဆွဲထားရေး ဖြစ်ပါတယ်။ ဒီနေရာမှာ စံပြုစရာက ၁၉၃၀ ခု အိန္ဒိယနိုင်ငံက ဆားချီတက်ပွဲဖြစ်ပါတယ်။ ဒီချီတက်ပွဲဟာ အိန္ဒိယနိုင်ငံထွက် ဆားကို မ တန်တဆ အခွန်ကောက်တာကို ကန့်ကွက်ဖို့ မဟတ္တမဂန္ဒီ ဦးစီးပြီး ချီတက်ဆန္ဒပြတာဖြစ်ပါတယ်။ ဆားခွန် ကြောင့် အင်္ဂလန်က ဆားကို ဝယ်စားရတာ ဈေးသက်သာစေခဲ့ပါတယ်။ တနည်းအားဖြင့် ကိုလိုနီအရှင်သခင် ဗြိတိန်က ကျွန်နိုင်ငံ အိန္ဒိယကို နှောင်ကြိုးတည်းထားတာဖြစ်ပါတယ်။
ဒီဆားခွန်ကို ဘယ်လိုကန့်ကွက်ရမယ်ဆိုတာကို ဂန္ဒီက လပေါင်းများစွာ စဉ်းစားစီစဉ်ခဲ့ပါတယ်။ သူဟာ သူ့သီး သန့်ဂေဟာရှိရာ အာမက်ဒဘတ်ဒ်ကနေ ဒင်ဒီပင်လယ်ကမ်းခြေကို ချီတက်ပြီး ပင်လယ်ကမ်းစပ်မှာ ဆားချက် ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တရက်ကို (၁၀) မိုင်နှုန်းနဲ့ (၂၄) ရက် လမ်းလျှောက်ဖို့ စီစဉ်ပြီး လမ်းကြောင်းကို ဟိန္ဒူရွာ တွေရော မူဆလင်ရွာတွေကိုပါ ဖြတ်သွားမယ့်လမ်း ရွေးခဲ့ပါတယ်။ ဒီနည်းနဲ့ အိန္ဒိယနိုင်ငံရဲ့ ညီညွတ်ရေးကို တည်ဆောက်ပြသနိုင်မှာဖြစ်သလို နိုင်ငံတကာမီဒီယာတွေရဲ့စိတ်ဝင်စားမှုကိုလည်း ဆွဲယူအရှိန်မြှင့်သွားနိုင်ဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဂန္ဒီဟာ ချီတက်ပွဲမှာ လူတိုင်းပါခွင့် ဖွင့်မပေးပါဘူး။ ဗြိတိသျှအာဏာပိုင်တွေဟာ ချီတက်ပွဲရပ်သွား အောင် အကြမ်းဖက်နိုင်တယ်လို့ ဂန္ဒီက မျှော်လင့်တွက်ဆထားပြီး အမာခံ (၇၀) ကျော်ကိုပဲ အကြမ်းမဖက်ရေး အခြေခံမူအကြောင်း သင်တန်းပေးပြီး သူနဲ့အတူ လိုက်ပါချီတက်ခွင့်ပေးခဲ့ပါတယ်။ လမ်းခရီးတလျှောက် သိန်း နဲ့ချီတဲ့ လူထုတွေက ထွက်ကြိုဆိုအားပေးကြပေမယ့် ခရီးစဉ်အစအဆုံးကိုတော့ ဒီလူ လက်တဆုပ်စာပဲ ချီ တက်ခဲ့တာဖြစ်ပါတယ်။ ဘာအကြမ်းဖက်မှုမှ မကြုံခဲ့ပေမယ့် ချီတက်ပွဲရဲ့ သီးသန့်ရည်မှန်းချက်ဖြစ်တဲ့ ဆားခွန် ဖျက်သိမ်းရေးလည်း မဖြစ်မြောက်ခဲ့ပါဘူး။

ဒါပေမယ့် ဆားခွန်ထက် ပိုအရေးပါတဲ့ဟာ ဖြစ်မြောက်ခဲ့ပါတယ်။ အဲဒါကတော့ ခိုင်မာညီညွတ်တဲ့ လွတ်လပ် ရေးလှုပ်ရှားမှုကို အုတ်မြစ်ချပေးလိုက်တာဖြစ်ပြီး ဗြိတိသျှအင်ပါယာသရဖူကြီးထဲက အတောက်ပဆုံးနဲ့ အကြီး ဆုံးရတနာဖြစ်တဲ့ အိန္ဒိယနိုင်ငံကြီးဟာ ကိုယ့်ဖာသာကိုယ် ရပ်တည်နိုင် အုပ်ချုပ်စီမံနိုင်တဲ့ နိုင်ငံဖြစ်တယ်ဆိုတာ ဗြိတိသျှတွေ စမြင်သွားစေခဲ့ပါတယ်။

နောက်ထပ် (၂၅) နှစ်အကြာမှာတော့ အမေရိကန်နိုင်ငံတောင်ပိုင်းသား ကပ္ပလီလူငယ် ဓမ္မဆရာတယောက် ဟာ ဂန္ဒီ့နည်းနာတွေကို လေ့လာပြီး “ပြည်သူ့အခွင့်အရေး” တွေရဖို့ အဓိကနည်းဗျူဟာအဖြစ် ချီတက်ဆန္ဒပြပွဲ နည်းကို အသုံးချခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်တောင်ပိုင်းမှာ လူမျိုးခွဲခြားရေးကြောင့် အခွင့်အရေး မဲ့နေခဲ့တာ နှစ် (၈၀) ကျော် ကြာခဲ့ပြီဖြစ်လို့ ၁၉၆၃ နွေရာသီမှာ မာတင်လူသာကင်းနဲ့ တခြားသော ပြည်သူ့အ ခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင်တွေဟာ ဝါရှင်တန်သို့ ချီတက်ပွဲကြီး ဆင်နွှဲပြီး တောင်ပိုင်းသား လူမည်းတွေ ရဲ့ အခြေခံဥပဒေပါ အခွင့်အရေးတွေ အာမခံမယ့် ဥပဒေပြုပေးဖို့ သမ္မတ ဂျွန်ကင်နေဒီကို ဖိအားပေးနိုင်ခဲ့ပါ တယ်။
ကနေဒီအစိုးရက အကြမ်းဖက်မှုတွေဖြစ်လာမှာကို စိုးရိမ်ခဲ့ပေမယ့် ချီတက်ပွဲဟာ ဘာပြဿနာမှမရှိဘဲ အောင် မြင်ခဲ့ပါတယ်။ မာတင်လူသာကင်းရဲ့ နာမည်ကျော် “ကျနော် အိပ်မက်တခု မက်ခဲ့တယ်” မိန့်ခွန်းနဲ့ တွဲသွားလို့ ဒီချီတက်ပွဲကြီးဟာ အမေရိကန်သမိုင်းမှာ ရာဇဝင်တွင်သွားခဲ့ပါတယ်။

အဲဒီကစလို့ အမေရိကန်နိုင်ငံမှာ ၁၉၆၀ ခုနှစ်များအတွင်း ချီတက်ပွဲတွေကို နိုင်ငံရေးဆန္ဒပြမှုနဲ့ တောက် လျှောက်တွဲမိစေခဲ့ပါတယ်။ မကြာခင် မာတင်လူသာကင်းဟာ အယ်လာဘားမားပြည်နယ်ထဲမှာ ဆယ်လ်မာ ကနေ ပြည်နယ်မြို့တော် မောင်ဂိုမာရီကို ချီတက်ခဲ့ပါတယ်။ ဒေသခံအာဏာပိုင်တွေက ချီတက်သူတွေအပေါ် အကြမ်းဖက်လို့ နိုင်ငံတကာမှာ ပွက်လောရိုက်ခဲ့ပြီး ဝါရှင်တန်မြို့တော် လွှတ်တော်ထဲမှာ ပြည်သူ့အခွင့်အရေး ဥပဒေ အမြန်အတည်ပြုဖို့ တွန်းအားဖြစ်သွားခဲ့ပါတယ်။

၁၉၆၀ နဲ့ ၇၀ ခုနှစ်များအတွင်း ဗီယက်နမ်စစ်ဆန့်ကျင်ရေးချီတက်ပွဲတွေလည်း တောက်လျှောက်ဖြစ်ခဲ့ပါတယ်။ တခါတရံ အကြမ်းဖက်မှုတွေ ရှိခဲ့ပါတယ်။ ၁၉၆၈ ခု ရှီကာဂိုမြို့ ဒီမိုကရက်တစ်ပါတီညီလာခံကို ကန့်ကွက် ချီ တက်ရာက အကြမ်းဖက်တာ၊ အိုဟိုင်းယိုးပြည်နယ်က ကင့်ပြည်နယ်တက္ကသိုလ်မှာ ၁၉၇၀ တုန်းက အမေရိ ကန်ကျောင်းသားတွေကို စစ်တပ်က ပစ်သတ်တာတို့ ဖြစ်ပါတယ်။ ချီတက်ပွဲအများစုကတော့ လူ သိန်းနဲ့ချီပါ ဝင်ပြီး အမှုအခင်းမဖြစ်ဘဲ ပြီးမြောက်ခဲ့ကြပါတယ်။ ဒီချီတက်ပွဲတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ အမေရိ ကန်နိုင်ငံရေးသမားတွေကို ဗီယက်နမ်စစ်ရဲ့ အကြီးအကျယ် လူကြိုက်နည်းမှုအကြောင်း သတိပေးဖို့ပဲ ဖြစ်ခဲ့ပါ တယ်။
၁၉၆၀ ခုနှစ်များအတွင်း ကမ္ဘာအနှံ့မှာ နိုင်ငံရေးချီတက်ပွဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ၁၉၆၈ ခု မေလမှာ ပြင် သစ်ကျောင်းသားတွေ ပါရီမြို့တွင်း ချီတက်တာကို ဒီဂေါအစိုးရက မတန်တဆ အင်အားသုံး အကြမ်းဖက်ခဲ့ပါ တယ်။ ဒါကြောင့် ပြင်သစ်တပြည်လုံးက ဒီဂေါကို ဆန့်ကျင်လာပြီး အစိုးရပြုတ်ကျခဲ့ရပါတယ်။

အခုတလော သတင်းတွေထဲမှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က တက္ကသိုလ်ကျောင်းသားတွေ ကျောင်းလခတိုးတာ ကို ကန့်ကွက်ဆန္ဒပြပြီး ချီတက်နေတဲ့သတင်းတွေ တောက်လျှောက်ပါနေပါတယ်။ လန်ဒန်တက္ကသိုလ်၊ လန် ဒန်စီးပွားရေးတက္ကသိုလ်ကျောင်း၊ ဘုရင့်ကောလိပ် ... စသဖြင့် တက္ကသိုလ်ပေါင်းစုံက ကျောင်းသားတွေဟာ “ကွန်ဆာဗေးတစ်ပါတီ ချီးထုပ်တွေ၊ ငါတို့လာပြီဟေ့” လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီး ချီတက်ကြပါ တယ်။

ချီတက်ဆန္ဒပြပွဲကြောင့် ကားအသွားအလာတွေ ပြတ်တောက်ရပ်ဆိုင်းတာ ဖြစ်ကုန်ပါတယ်။ ဒါပေမယ့် ကျန် တဲ့ ပတ်ဝန်းကျင်လောကကြီးကတော့ အသွားအလာ အလုပ်အကိုင် မပျက်ပါဘူး။ ကျောင်းသားတွေနဲ့ ရွယ်တူ လောက်ရှိမယ့် လူငယ်တယောက်ကတော့ ဈေးကြီးတဲ့ အားကစားရုံတခုအတွက် အဖွဲ့ဝင်ဖို့ ကြော်ငြာစာရွက် တွေ ဝေနေပါတယ်။ အသားညှပ်ပေါင်မုန့်ဆိုင်မှာလည်း နေ့လယ်နေ့ခင်း ခါတိုင်းလိုပဲ တန်းစီနေကြပါတယ်။
ညနေစောင်းမှာတော့ ချီတက်ဆန္ဒပြသူတွေကို အစိုးရရုံးတွေရှိရာ ဝှိုက်ဟောလမ်းပေါ်မှာ ရဲတွေက ပိတ်ဝိုင်း ထားလိုက်ပါတယ်။ ကွန်ဆာဗေးတစ်ညွန့်ပေါင်းအစိုးရရဲ့ ကျောင်းလခ နှစ်ဆတိုးရေးပေါ်လစီကတော့ အရာမ ယွင်းရှိနေဆဲဖြစ်ပါတယ်။ ကျောင်းလခတိုးတာကို ကန့်ကွက်ဆန္ဒပြတာ နှစ်လအတွင်း အကြိမ်ကြိမ် ဆန္ဒပြခဲ့ ကြပေမယ့် ဘာမှမထိရောက်ခဲ့ပါဘူး။ ဗြိတိန်အိမ်ရှေ့မင်းသားရဲ့ ကားကို မီးရှို့တာ အပါအဝင် အကြမ်းဖက်မှု တွေလည်း အနည်းအကျဉ်း ရှိခဲ့ပါတယ်။

ဒီကနေ့ အနောက်နိုင်ငံတွေမှာ ဆန္ဒပြချီတက်ပွဲဆိုတာ ခေတ်ဟောင်းကအလုပ် ဖြစ်သွားပုံရပါတယ်။ သီးသန့် အပြောင်းအလဲတခုဖြစ်စေမယ့် နည်းနာမဟုတ်တော့ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံမှာ အပြောင်းအလဲဖြစ် ရေးအတွက် မဲပုံးနဲ့ မီဒီယာက အဓိကနည်းနာတွေ ဖြစ်သွားပါပြီ။ ဒါကြောင့် အပြောင်းအလဲဖြစ်စေချင်လို့ လမ်း ပေါ်ထွက်အော်သူတွေဟာ ဒီထက်ပိုစွန့်စားဖို့ စိတ်မပါကြပါ။

လွတ်လပ်တဲ့ နိုင်ငံတွေမှာ စီတန်းလမ်းလျှောက်ခြင်းဆိုတာ အခွင့်အရေးတခု ဖြစ်ပါတယ်။ နိုင်ငံရေးခေါင်း ဆောင် တွေက လိုက်လျောခွင့်ပြုထားပြီး မစိုးရိမ်ကြပါဘူး။ ၂၀၀၃ ဖေဖော်ဝါရီလမှာ အီရတ်စစ်ပွဲဆန့်ကျင်ရေး အတွက် လူတသန်းခွဲ လန်ဒန်မြို့ထဲ ချီတက်ဆန္ဒပြခဲ့တာ ဘာမှအပြောင်းအလဲဖြစ်မသွားခဲ့ပါဘူး။ အမေရိကန် ပြည်ထောင်စုမှာလည်း မာတင်လူသာကင်းရဲ့ ဝါရှင်တန်ချီတက်ပွဲပုံစံမျိုး လူတသန်းချီတက်ပွဲ (၁၉၉၅)၊ အမျိုး သမီးတသန်း ချီတက်ပွဲ (၁၉၉၇) တွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ချီတက်ဆန္ဒပြသူတွေဟာ တီဗွီသတင်းမှာ ပါဖို့ထက် ပိုပြီးစိတ်မထက်သန်ကြပါဘူး။

ဆန္ဒပြချီတက်ပွဲကို အသုံးဝင်တဲ့ နိုင်ငံရေးနည်းနာတခု ပြန်ဖြစ်စေဖို့ဆိုရင် လမ်းလျှောက်တာထက်ပိုပြီး စွန့်စား ဖို့ လိုပါလိမ့်မယ်။ စီတန်းလမ်းလျှောက်မှုရဲ့ နောက်တဆင့်က အာဏာဖီဆန်ရေး ဖြစ်ရပါလိမ့်မယ်။ ဗမာပြည် လို အာဏာရှင်တိုင်းပြည်တွေမှာတော့ စီတန်းလမ်းလျှောက်မှုကိုယ်တိုင်က အာဏာဖီဆန်တာ ဖြစ်နေပြီဆို တာ သတိပြုရပါမယ်။ ဒါကြောင့် အာဏာဖီဆန်ရေးရဲ့ အကျိုးဆက်အဖြစ် ထောင်နန်းစံရေး အလားအလာကို ထည့်သွင်းစဉ်းစားထားမှ နိုင်ငံရေးအပြောင်းအလဲအတွက် ချီတက်ဆန္ဒပြပွဲရဲ့ ဖိအားရလာမှာ ဖြစ်ပါတယ်။

ဝီကီလိခ်ဆိုတာ မိတ်ဆွေပါ..(လူထု စိန်ဝင်း)

Sunday, December 19, 2010

အခုတလော ကမ္ဘာ့နိုင်ငံအတော်များများက အစိုးရတွေနဲ့ မီဒီယာလောကကြီးတစ်ခုလုံး ရင်တမမနဲ့ စောင့်ကြည့်နေကြရတဲ့ဖြစ်ရပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့တယ်။ အမေရိကန်အစိုးရရဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို ‘၀ီကီလိခ်’ ဆိုတဲ့ အွန်လိုင်းမီဒီယာတစ်ခုက ဖွင့်ချဖော်ထုတ်နေတဲ့ကိစ္စဖြစ်တယ်။



ရမ်းတုတ်တွေလည်းပါလိမ့်မယ်

အခုလောလောဆယ် ဖော်ထုတ်ထားတာတွေထဲမှာ နိုင်ငံခြားတိုင်းပြည်တချို့မှာရှိတဲ့ အမေရိကန်သံရုံးတွေက သူတို့နိုင်ငံအစိုးရဆီကို လျှို့ဝှက်ပေးပို့တဲ့စာတွေဖြစ်တယ်။ သံရုံးတွေက သူတို့ရောက်ရှိနေတဲ့ နိုင်ငံနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လျှို့ဝှက်တင်ပြထားတာမျိုးတွေ ဖြစ်တဲ့အတွက် နိုင်ငံတိုင်းလိုလိုက သူတို့အကြောင်း ဘာတွေများရေးထားမလဲဆိုတာကို နေ့စဉ်ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြရတယ်။ အဖြစ်မှန်ကို တင်ပြထားတာတွေပါရှိသလို အမေရိကန်သံအရာရှိတွေ ထင်ကြေးနဲ့ရမ်းတုတ်ထားတာတွေလည်း ပါနေပါလိမ့်မယ်။



အနာပေါ်တုတ်ကျဖြစ်

မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကမ္ဘာတစ်လုံးကိုတော့ လှုပ်ခတ်သွားစေခဲ့တယ်။ တချို့က လူမသိအောင်ခိုးကြောင်ခိုးဝှက်လုပ်ထားတာတွေကို လူသိရှင်ကြားဖြစ်အောင်ဖော်ထုတ်လိုက်လို့ အနာပေါ်တုတ်ကျဖြစ်သွားကြတယ်။ တချို့ကတော့ မမှန်မကန်လုပ်ကြံစွပ်စွဲပုတ်ခတ်ထားတာခံရလို့ သက်ဆိုင်သူ အမေရိကန်သံအရာရှိတွေကို စိတ်ဆိုးကြတယ်။ အမေရိကန်အစိုးရလည်း ခုတလော တော်တော်ကသိကအောက်ဖြစ်နေရတယ်။ ၀ီကီလိခ်ကိုဆက်ပြီးဖော် ထုတ်တာမလုပ်ဖို့ ဖိအားအမျိုးမျိုးပေးကြတယ်။ နည်းပညာစွမ်းသုံးပြီး ပိတ်ပစ်ဖို့လည်းကြိုးစားကြတယ်။ ဒါပေမဲ့ ၀ီကီလိခ်တည်ထောင်သူတွေကလည်း ကွန်ပျူတာပညာရပ်မှာ ထူးချွန်တဲ့ပညာရှင်တွေဖြစ်တဲ့အတွက် တားဆီးပိတ်ပင်လို့ မရနိုင်ခဲ့ဘူး။



အောက်တန်းကျတဲ့နည်း

အဲဒီတော့နိုင်ငံရေး၊ စီးပွားရေးလောကမှာလုပ်နေကျအတိုင်း ပုဂ္ဂိုလ်ရေးသိက္ခာကျအောင် Character Assassination လို့ခေါ်တဲ့ ညစ်ပတ်အောက်တန်းကျတဲ့နည်းကိုသုံးပြီး ၀ီကီလိခ်အဖွဲ့ကိုဦးဆောင်ဦးရွက်ပြုနေသူကို လိင်မှုကိစ္စနဲ့တန်ပြန်စွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ခဲ့တယ်။ နိုင်ငံတကာ ပုလိပ်အဖွဲ့ (အင်တာပို)ကိုတောင်သုံးပြီး နိုင်ငံတကာဖမ်းဝရမ်းထုတ်ခဲ့တယ်။

စွပ်စွဲခံရသူပုဂ္ဂိုလ်က အင်္ဂလန်နိုင်ငံမှာ ကိုယ်တိုင်သွားပြီး အဖမ်းခံတော့လည်း အာမခံမပေးဘဲထားတယ်။ လူကိုဖမ်းထားပြီး ခြိမ်းခြောက်အကျပ်ကိုင်ဖို့ ရည်ရွယ်ပုံရပါတယ်။ ၀ီကီလိခ်အဖွဲ့ကတော့ သူတို့လုပ်ရပ်ကို ရပ်မပစ်ဘဲ ဆက်လုပ်သွားမယ်လို့ လူသိရှင်ကြားထုတ်ဖော် ကြေညာထားတယ်။



မှန်၊ မမှန်သာအဓိက

ဝီကီလိခ်တည်ထောင်သူဟာ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာက သိပ်ပြီးအဓိကမကျပါဘူး။ သူတို့ ဖော်ထုတ်ချက်တွေ ဘယ်လောက်အထိ မှန်ကန်မှုရှိသလဲဆိုတဲ့အချက်ကသာ အခရာကျပါတယ်။ အခုထိ ဒီဖော်ထုတ်ချက်တွေဟာ လုံးဝမမှန်ကန်ပါဘူးလို့ အမေရိကန်အစိုးရက တရားဝင်ငြင်းဆိုတာမရှိပါဘူး။ ဒီဖော်ထုတ်ချက်တွေဟာ နိုင်ငံတကာဆက်ဆံရေးထိခိုက်ပျက်ပြားစေနိုင်တယ်။

နိုင်ငံအချင်းချင်းအကြားမှာ တင်းမာမှုတွေဖြစ်စေနိုင်တယ်။ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုကို ထိခိုက်စေနိုင်တယ်စတဲ့အကြောင်းပြချက်တွေနဲ့ပဲ ကန့်ကွက်ရှုတ်ချနေကြတယ်။ ၀ီကီလိခ်ဆက်လက်မတည်ရှိနိုင်အောင် နည်းလမ်းမျိုးစုံသုံးပြီး လုပ်ဆောင်ကြမှာလည်း သေချာတယ်။



သဘောထားလာမေးကြ

ဝီကီလိခ်ရဲ့ ဖော်ထုတ်ဖွင့်ချချက်တွေကိုသတင်းစာတချို့နဲ့ အသံလွှင့်ဌာနတချို့က တစ်ဆင့်ပြန်ပြီးတင်ပြကြတယ်။ သတင်းသမားဆိုတာ သတင်းတွေဖော်ထုတ်တာမှန်သမျှ သဘောကျရမှာပဲမဟုတ်ဘူးလား။

ပြည်သူလူထုသိသင့်သိထိုက်တဲ့ အရာမှန်သမျှရှာဖွေဖော်ထုတ်ရေးသားရမှာ သတင်းသမားရဲ့ အခြေခံအကျဆုံးတာဝန်ဖြစ်လေတော့ သတင်းဖော်ထုတ်ပြောကြားမှုမှန်သမျှ ၀မ်းသာအားရကြိုဆိုရမှာဖြစ်တယ်။



သိခွင့်မေးခွင့်ရှိ

ဒီမိုကရေစီခေတ်မှာ ပြည်သူလူထုကလည်း သူတို့ရွေးကောက်တင်မြှောက်ပြီး သူတို့ရဲ့အခွန်အတုတ်တွေထဲက လစာရိက္ခာကိုရယူနေကြတဲ့ အစိုးရတွေဘာလုပ်နေကြသလဲဆိုတာ သိချင်ကြမှာပဲ။ သိခွင့်၊ မေးမြန်းခွင့်လည်းရှိတယ်။ သတင်းသမားတွေက ပြည်သူလူထုသိချင်တာတွေကို သိအောင်လုပ်ပေးရတဲ့ တာဝန်ကိုယူထားသူများဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီခေတ်မှာ သတင်းသမားတိုင်းလွတ်လပ်စွာမေးခွင့်၊ ရေးခွင့်ပြုကြရတယ်။ နိုင်ငံတိုင်းရဲ့အခြေခံဥပဒေတွေမှာ ထည့်သွင်းပြဋ္ဌာန်းပေးထားကြရတယ်။



တိုင်းပြည်ကိုလိမ်ညာခဲ့ကြ

နာမည်ကျော်ဝါးတားဂိတ်တို့၊ အီရန်ဂိတ်တို့ဆိုတာတွေဟာ သမ္မတတွေကိုယ်တိုင်က တိုင်းပြည်ကိုလိမ်ညာပြီး အာဏာအလွဲသုံးစားလုပ်ခဲ့ကြတဲ့ကိစ္စတွေဖြစ်တယ်။ သတင်းစာတွေက မရမကရှာဖွေဖော်ထုတ်လို့ နောက်ဆုံးမှာ ဘူးပေါ်သလိုပေါ်ပြီး ၀ါးတားဂိတ်ကာယကံရှင်သမ္မတနစ်ဆင်ရော၊ အီရန်ဂိတ်ဖန်တီးသူသမ္မတရေဂန်ရော၊ ရာထူးကဖြုတ်ချခံရမယ့်အရေးက သီသီလေးလွတ်သွားခဲ့ကြရတာဖြစ်တယ်။ ငါးဆယ်ခုနှစ်များနဲ့ ခြောက်ဆယ်ခုနစ်များအတွင်းကဆိုရင် စီအိုင်အေတို့ ကေဂျီဘီတို့လိုထောက်လှမ်းရေးအဖွဲ့အစည်းကြီးများဟာ လွှတ်တော်ကမသိအောင် တိုင်းပြည်ကမသိအောင် ထင်ရာစိုင်းပြီးလုပ်ချင်တာတွေလုပ်ခဲ့ကြတာပဲ။ လူသတ်ခွင့်လိုင်စင်ရထားတဲ့အဖွဲ့တွေလို့တောင် ပြောကြရတယ်။



လူသတ်လိုင်စင်ရအဖွဲ့

သမ္မတကနေဒီလက်ထက်က နာမည်ကျော် ၀က်ပင်လယ်ကွေ့ (Bay of Pigs)ဆိုတဲ့ ကျူးဘားနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှုဆိုရင် လွှတ်တော်ကလုံးလုံးမသိဘဲ စီအိုင်အေက စီစဉ်လုပ်ဆောင်ခဲ့တာဖြစ်တယ်။ ကျူးကျော်တပ်တွေအကုန်လုံး ချေမှုန်းခံရပြီးမှလူတွေကသိခဲ့ကြရတယ်။ အဲဒီနောက်လည်း ကက်စထရိုကိုသတ်ဖို့ စီအိုင်အေက အကြိမ်ကြိမ်ကြိုးစားကြံစည်ခဲ့တယ်။ သမ္မတကနေဒီ ကိုယ်တိုင်လုပ်ကြံခံလိုက်ရတော့လည်း အစစ်အမှန်အဖြစ်မှန်ကို ဘယ်သူမှမသိခဲ့ရဘူး။ ၀ါရင်းကော်မရှင်ဆိုတဲ့စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာအများအပြားကိုလည်း နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်နဲ့ မထုတ်ပြန်ဘဲ လျှို့ဝှက်ထားခဲ့ကြတယ်။ ဒါကြောင့် ဒီနေ့အထိကနေဒီ လုပ်ကြံမှုရဲ့ တရားခံအစစ်ဘယ်သူလဲဆိုတာကို ကမ္ဘာက မသိနိုင်ခဲ့ကြပါဘူး။



ထောပနာပြု

အင်တာနက်ခေတ်ထဲမှာတောင် ပါးစပ်ကပွင့်လင်းမှု၊ ထင်သာမြင်သာရှိမှုဆိုတဲ့စကားတွေ အမြှုပ်တစီစီထွက်အောင်ပြောနေပေမယ့် . . . ရိုးရိုးသာမန်တိုင်းသူပြည်သားများအတွက်တော့ ၀ီကီလိခ်ဟာ မိတ်ဆွေပါ။ ခုခေတ်မှာ အပြောများတဲ့ ‘လူထုသတင်းသမား’ (Citizen Journalist) လို့ပြောရင်လည်းရတယ်လို့ပဲ ထောပနာပြုလိုက်ပါတယ်။

ယနေ့ ထုတ် ဝေသည့် News – Eleven အပတ်စဉ် ထုတ် သတင်းစာ မှ ကူးယူဖော်ပြသည်/

လူထု စိန်ဝင်း
December 20, 2010
by Aco Lyte on Monday,

ကိုအေးကြည်အတွက် ၀မ်းနည်းကြောင်း

Sunday, December 12, 2010






နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအေးကြည် ၏ မဆုတ်မရွံ့  ရပ်တည်ခဲ့သော ပြည်သူ့ အတွက်ရပ်တည်ချက်အား
ထာဝရ လေးစားသွားမည်ဖြစ်သည် ။ ပန်းတိုင်မရောက်ခင် ကွယ်လွန်သွားသည့်အတွက် ရဲဘော်များနှင့်ထပ်တူ
မိသားစုနှင့်ထပ်တူ နှမျော ရ ကြေကွဲရပါသည်။အထူးသဖြင့် စစ်အုပ်စု မတရားဖမ်းဆီးထားသဖြင့် မသေဆူံးသင့်
ပဲသေဆုံးခဲ့ရသည် ကိုအေးကြည် ကဲ့သို့  နိုင်ငံရေးအကျဉ်းသားများထပ်မံမကြုံတွေ့ ရစေရန် နိုင်ငံရေးအကျဉ်းကျ
အားလုံးအမြန်ဆုံးလွှတ်မြောက်နိုင်ကြပါစေ
မေအိခင်(လယ်ဝေး)

စစ်အုပ်စု မှမတရားသတ်ဖြတ် ခဲ့သည့်ကရင့် ငြိမ်းချမ်းရေးကောင်စီ

Saturday, December 11, 2010


ဝေဒနာရှင်များမှာ ဂျိုမပါ

Wednesday, December 1, 2010

ဝေဒနာရှင်များမှာဂျိုမပါ ဆောင်းပါး က ထောင်ထဲ က အလှပဂေး လေး တွေ နဲ့  တွေ့ ဆုံခဲ့ရမှု ကို မြန်မာအမျိုးကောင်းသားတွေအားလုံး သတိထားနိုင်ဖို့ ပြန်လည်တင်ပြတာပါ။ မေအိခင်(လယ်ဝေး)

ကမ္ဘာ့အနံ့ အပြားမှာ AIDS ရောဂါကို ကာကွယ်တားဆီးတိုက်ဖျက်နေတဲ့ AIDS ရောဂါမဖြစ်ရေး
ဦးစားပေးခေတ်ကြီးမှာ ပညာပေးတွေ ရောဂါသည်အတွက် စောင့်ရှောက် မှုစွမ်းနိုင်သလောက်
ကုသနေရမှုအစုစုကိုဆေးပညာရှင်တွေရော စေတနာရှင် အမြောက်အများကပါ ကြိုးစာလုပ်
ဆောင်နေကြပင်ငြားသော်လည်း ကျမတို့ မြန်မာပြည်ရဲ့ AIDS ရောဂါသည် အမြောက်အများ
တိုးပွါးနေရတဲ့အဓိကအကြောင်းတရားကိုကျမတစိတ်တဒေသပြောပြချင်ပါတယ်။

အလှပဂေးတွေကိုခနငေးပြီးဆန္ဒအလိုဖက်ရပ်လိုက်ရုံနဲ့ အမျိုးသားတွေရဲ့ဘ၀လူဖြစ်ရှုံးရမယ်
ဆိုတာကိုသာယာဝတီထောင်ထဲမှာရောဂါသည်များနဲ့ ထင်ထင်ရှားရှားမြင်တွေ့ ခဲ့ရပုံက ဒီလိုပါ
၁၉၉၉ အတွင်းမှာမြန်မာပြည်ရဲ့ဟိုတယ်ကြီးတစ်ခုအတွင်းမှာပြည့်တန်ဆာတွေအစုလိုက် အပြုံ
လိုက်မိတဲ့သတင်းကြားဖူးကြမှာပါ မြန်မာအမျိုးသမီးလေးတွေရဲ့ဘ၀ စနစ်ဆိုးအောက်က
အမှောင်ညတွေမှာအသွေးအသားတွေလည်းကြေမွခဲ့ကြရတဲ့အပြင် ထောင်နန်း ပါစံကြရတဲ့
အဖြစ်ကရင်နင့်စရာကောင်းလှပါတယ်။

ပိုပြီးလူသိများခဲ့ရတာကတော့ အဲဒီ့ပြည့်တန်ဆာတွေရဲ့ဂေါင်း ဦးတင်နွယ် ကိစ္စ ပါပဲ။သူပိုင်ဆိုင်
တဲ့ အလုပ်ခန်းလို့ ခေါ်တဲ့ ဟော်တယ်မှာ ဗိုလ်ချုပ်ခင်ညွန့် နဲ့ သူ လက်ဆွဲနုတ်ဆက်နေတဲ့
ဓါတ်ပုံကြီးကြီးမားမားကိုချိတ်ထားပြီး ခေါင်းလုပ်စားနေလေတော့ ကောင်မလေးတွေ ဆီကို
တစ်ညတညခဏလာတဲ့ ဘဘထောက်တို့  ကိုကို ထောက်တို့ ခမျာအမျက်ထွက်ပါလေရော။

ခေတ်ကိုကအလှူငွေသိန်းရာချီပေးပြိးရင်ဘယ်သူမဆိုဗိုလ်ချုပ်နဲ့ ဓါတ်ပုံတွဲရိုက်လို့  ရတဲ့
ခေတ်ပေကိုး။ တင်နွယ်တို့ ကောင်းကောင်း အသုံးချတော့တာပေါ့ ထောက်လှန်းရေး တွေ
ကလည်း ဘာရမလဲ သူတို့ ဘိုးတော် ခင်ညွန့်  ဂုဏ်သိက္ဒါ ထိခိုက်လေတော့စနစ်တကျစီစဉ်ပြီး
ဝိုင်းဖမ်းလိုက်တာ ဂေါင်း တင်နွယ်က ထောင်ဒဏ်နှစ်အစိတ်(၂၅နှစ်)ပြည့်တန်ဆာ၁၈ယောက်
ကတော့ ထောင် ၃ နှစ်စီကျသွားပါတယ် ကောင်မလေးတစ်ယောက်အသက်မပြည့်တာကြောင့်
ခလေးတွေထားတဲ့ (ငှက်အော်စန်း)ထောင်ကိုရောက်သွားပါတယ်။ ဂေါင်းတင်နွယ်နဲ့ ကျန် ၁၇
ယောက်ကတော့ အင်းစိန်ထောင်မှတဆင့် သာယာဝတီထောင်ကိုရောက်လာကြပါတယ်။

ထိုမှသာယာဝတီထောင်မှာ ၁၇ နှစ်ယောက် အုပ်စုလို့ ထင်ရှားလှတဲ့ ပြည့်တန်ဆာ တစ်ချို့ ရဲ့
ဘ၀တစ်ပိုင်းတစ်ဝကျမသိခဲ့ရပါတယ်။ကျမတို့ ကနိုင်ငံရေးအကျဉ်းသူတွေဆိုတော့ဒီကလေးမ
တွေကကျမတို့ အပေါ်စိတ်ဝင်စားမှုရှိကြတယ်။ဝါဒါထောင်မှုးတွေ လစ်ရင်လစ်သလို ကျမတို့ 
ရဲ့တော်လှန်ရေးကိုသူတို့ သိစေချင်လို့ ပြောပြတယ် သူတို့ ရဲ့ ဘ၀အရေးကိုကျမသိချင်တာတွေ
စပ်စုရင်းကအင်တာဗျူးလုပ်ဖြစ်တယ်ပေါ့ သူတို့ ဘာ့ကြောင့် အခြားပြည့်တန်ဆာတွေ နဲ့မတူပဲ
ထောင် (၃) နှစ်ကျသလဲအခြားပြည့်တန်ဆာတွေဆိုညစ်ပတ်ပေရေပြီးအရည်တစိုစိုဝဲ တကုတ်
ကုတ်နဲ့ သူတို့ တွေကျတော့ ၀င်းမွတ်နေတဲ့အလှတွေတည်ကြည်သန့် ရှင်းတဲ့မူဟန်တွေ တည်
တည်ငြိမ်ငြိမ်နေထိုင်သွားလာမှုတွေနဲ့ ပြည့်တန်ဆာများမှာတောင် တော်တော့်ကိုကွာခြားတဲ့အ
ဆင့်တွေပါဟုတ်ပါတယ် သူတို့ လို ပြည့်တန်ဆာတွေ ရန်ကုန်မန္တလေး နဲ့စတဲ့ မြို့ ကြီး ကဟော်
တယ်တွေမှာ အပြည့်အကြပ်ပါတရားဝင်လိုင်စင်ကိုင်ထားရတဲ့ပုံစံမျိုးငွေကြေးချမ်းသာတဲ့ဂေါင်း
အကြီးစားတွေကလိုင်းကြေးများများပေးပြီး တရားဝင်အလုပ်ခန့် ထားသလိုလုပ်စားနေကြတာ
ပါထောင်ထဲရောက်လာတဲ့ပြည့်တန်ဆာအများစုကတော့(တာတီးဒီ)လို့ ခေါ်တဲ့မှောင်ရိပ်ခိုတွေပါ။

ကြေးကြီးကြီးနဲ့ လုပ်စားနေသူကျတော့နယ်မြေခံထောက်လှန်းရေးနယ်ထိမ်းတွေကိုလိုင်းကြေး
ပေးထားရင်အဖမ်းမခံရဖူးပေါ့ ခုလို အမှုမျိုးကျတော့ ဂေါင်းတင်နွယ်က ကျားမြှီးကိုမှသွား စွဲမိ
လေတော့ အမြင့်ဆုံးတစ်နှစ်သာကျတက်တဲ့ ပြည့်တန်ဆာပုဒ်မကနေ သုံးနှစ် အကျခံ ရတာပါ
ဗိုလ်ချုပ်ခင်ဘွန့် ရဲ့ ထောင်ခနဲဒေါသကတော့--ဂေါင်းတင်နွယ် နှဏ် အစိတ် ကျပါပေါ့လားအဲဒီ့
ထဲကတစ်ဦးချင်းစီရဲ့ဘ၀ကျမမှတ်မိသလောက်ပြောရရင်ဇာခြည်ဆိုတဲ့ ၁၉ နှစ်အရွယ်ကုလားမ ချောချောလေးကသူမသာကေတသူဖြစ်ကြောင်းအဖေအမေဆင်းရဲတဲ့ကြားက ဦးလေးကဆေး
သမားဖြစ်လို့ မိသားစု ဘ၀စားစရာမဲ့ရာကနေသူမ ၁၅နှစ်အရွယ်မှာ အိမ်ဘေးက မိန်းမတစ်
ယောက်ရဲ့ဆက်သွယ်ပေးမှုကြောင့် အသက်(၆၀)ကျော်အဖိုးကြီးနဲ့ (ကန်တော့ပါရဲ့) ပထမဆုံး
အပျုရည်ဘ၀အဖျက်ခံပေးရာကဒီလောကကြီးထဲရောက်လာခြင်းဖြစ်ပြီးယနေ့ ထိမိဘကိုလုပ်
ကျွေးနေရသလို မိခင်ဖြစ်သူကလည်းထောင်ဝင်စာမှန်မှန်လာတွေ့ နေတာ ကျမ ကြားနေရပါ
တယ်ကြေကွဲစရာကောင်းတာက ကလေးမလေး အကြိမ်ကြိမ် ညနေညနေ ဖျားရာ ကနေ ၀မ်း
လည်းမတရားသွားတာကြောင့်သွေးစစ်ရာ HIV (Positive)ဆိုတာသူကိုယ်တိုင်ခင်မျာလည်းသိ
သွားပါတယ်တနေ့ မှာကျမနဲ့ စကားပြောရာကသမီးဇာခြည်ပြန်လွတ်ရင်ပြည့်တန်ဆာပြန်မလုပ်
်ပါနဲ့ လားကန်ဇွန်းရွက်ပဲရောင်းရရောင်းရကောင်းရောင်းကောင်းဝယ်နဲ့ ဘ၀ကိုရပ်တည်ပါလား
ဆိုတော့ ကလေးမခမျာ ဟီး ကနဲ ငိုချလိုက်ပြီး မကြီးတို့ ရယ် မကြီးတို့ ကတိုင်းပြည်အတွက်
ဆိုပြီးထောင်ထဲရောက်လာတယ်ထောင်ဝင်စာရှိရှိမရှိမရှိ လူတွေကအရမ်းအထင်ကြီးပြီးအရမ်း
လေးစားကြတာ သမီးတို့ ဆို ဟိုလူဆဲ ဒီလူဆဲနဲ့ ဒီလို အခြေအနေရှိတဲ့ သမီးတို့ ဘ၀ကို မကြီး
အခု လိုပြောတာကျေးဇူးတင်ပါတယ်။ဒါပေမဲ့သမီးတို့ ဘ၀ကသေမဲ့ အတူတူမထူးတော့ပါဘူး။
ဒီရောဂါကြီးက လူ့ လောကမှာဘယ်လောက်နေရတော့မှာမို့ လို့ လဲမသေခင်အမေနဲ့ ညီမလေး
တွေအတွက်ပိုက်ဆံ ပုံပေးခဲ့ချင်တယ် နောက်ပြီးသမီးရဲ့ ၁၀ တန်း ပညာလောက်နဲ့ ဒီအလုပ်
ထက် ထမင်းနပ်မှန်တဲ့ အလုပ်မရှိဘူးမကြီး ။ သမီးတို့ ဘ၀ကိုနားလည်ပေးပါ တဲ့ ဒါနဲ့ ကျမက
သမီးတို့ နဲ့ ဆက်ဆံမဲ့ယောင်္ကျားတွေမှာသားမယားတွေရှိရင်သူတို့ မိသားစုတွေရဲ့ဘ၀ ကိုသမီး
ကြည့်သင့်တယ်ဆိုတော့ မကြီးရယ်သမီးHIVမရှိခင်အဲဒီ့အလုပ်ကို သမီးလုပ်စကတည်းကသမီး
ကိုခေါ်တဲ့ကောင်တွေကို သမီးက ကွန်ဒုံစွပ် ဖို့ ပြောပါတယ်အချို့ က လုံးဝမစွပ်သလို အချို့က
ဆက်ဆံရင်းချွတ်ပစ်ကြတယ်အဲဒီ့တုန်းကသမီးလာ်းသူတို့ ဆီကကူးမှစြိုးလို့ ပေါ့သူတို့ မဆင်ချင်
တာ သူတို့ ခံပါလေ့စေ မကြီး ရေ သမီးတို့ ကတော့ ပိုက်ဆံ တစ်မျက်နှာပဲကြည့်ရတော့ တာပေါ့
တဲ့------------?????????????????

အဲဒီ့မိန်ကလေးဟာကုလားကားတွေထဲက ဇာတ်လိုက် မင်းသမီးလေးတွေထက် အလှပိုပြီး
ကိုယ်လုံးလေးသေးသေး သွယ်သွယ်နဲ့ လေ ပြီးတော့ သူပိုင်ဆိုင်တဲ့ စည်းကမ်းကြီးတယ် လို့ 
့သူပြောပြတဲ့ သူ့ ဘာသာတရားကိုသူများတွေဆော်ကားမှာဆိုးလို့ အလုပ်ခန်းလို့ ခေါ်တဲ့ နေရာ
မှာ ဘယ်လိုလူမျိုး ကမေးမေး သူ့ ဘာသာ ကို မပြောပြဘူးတဲ့ လေ။ဖြူဖွေးဝင်းမွတ်နေတဲ့
မျက်လုံးရွဲကြီးတွေ နဲ့ လှပနေတဲ့ ဇာခြည်လေး ခုချိန်မှာဘယ်လိုရှိမလဲ စဉ်းစား ကြည့်နိုင်သလို

ဒုတိယတစ်ယောက်ကတော့ လမင်းတဲ့ နာမည်နဲ့လိုက်အောင် မျက်နှာ ၀ိုင်းဝိုင်းလေး ရယ်ပါ .ဗမာမိန်းကလေးရုပ်ရည်ပါသိပ်စကားမပြောပေမဲ့သူမအကြောင်းအကျဉ်းကျတွေကြားမှာရေပန်း
စားနေတာကတော့ သူတို့ ရဲ့ဂေါင်းကြီးဖြစ်တဲ့ ဦးတင်နွယ် ဆီ အပ်ထားတဲ့ ရွှေတစ်ဆယ်သား
ကျော်ရှိရက်နဲ့ ထောင်ထဲမှငြတ်နေတယ်ဆို တာပါပဲ။ကျမ စဉ်းစားမိတယ် ဒီလောက်ရွှေစု မိမှ
တော့အရင်းအနှီးကောင်းကောင်းရပြီပဲကောင်းကောင်းမွန်မွန်ဘ၀ကိုရပ်တည်သင့်ပြီပေါ့ဒါပေမဲ့
လွယ်လွယ် နဲ့ရတယ်လို့  သူမတို့ ပြောလေ့ရှိတဲ့အလုပ်ဟာ မိန်းမကောင်း တွေ အတွက်တော့
မလွယ်ရေးချမလွယ်ပါလားလို့  တွေးမိပါတယ်လမင်းရဲ့ပုံစံကတော့လောဘကြီးဟန်တူပါတယ်
သူလည်းရုပ်ဆိုးတဲ့ထဲမှာမပါဘူးဆွဲဆောင်အားတစ်ခုခုတော့သူ့ မှာရှိသလိုပဲတစ်နေ့  တော့သ
တင်းဆိုးကြီးတစ်ခုကြားလိုက်ပါတယ်(၁) ဆောင်မှနြေတဲ့ လမင်းရယ် တစ်ကိုယ်လုံး ရေရုံတွေ
ပေါက်လာပြီးအဖျားဒကြီးလို့ တဲ့လေ သူတို့  ၁၇ ယောက်အုပ်စုကပြည့်တန်ဆာတွေဖြစ်ပေမဲ့
ဘ၀တူခြင်းမို့ ဖြစ်ဟန်တူတယ် လမင်း ဆီဝိုင်းအုံပြီးမေးကြပြုစုကြနဲ့ သိပ်မကြာဘူး သွေးစစ်
အဖြေထွက်လာတာHIV (Positive)ပဲတဲ့လေလမင်းကိုယ်ပေါ်က အနာတွေပြန်ခြောက် သွားပြီး
နည်းနည်းသက်သာတေ့ထူထူထောင်ထောင်ဖြစ်လာပြီးသူ ကြို မပေါ့ ဆဖို့ နဲ့ အဟာရများများ
မှီဝဲဖို့ အားပေးကြတဲ့သူတွေကို သူမ ဘာပြန်ပြောသလဲဆိုတော့ကျမသိပ်မဆိုးရိမ်ပါဘူး အပြင်
ရောက်မှကျမရှိတဲ့ေ၇ွှတွေနဲ့ ဒီရောဂါ ကိုကုမယ်ပြီးရင်ဒီအလုပ်နဲ့ ငွေဆက်ရှာနိုင်တာပဲတဲ့လေ။

တတိယတစ်ယောက်ကစစ်တွေက မိုးမိုးတဲ့ စကားဝဲ၀ဲ နဲ့ စကားပြောရင် ယဉ်ကျေးလိုက်တာ အရပ်မြင်မြင့်ဆံပင်ဒကောက်ကွေးအထိရှည်ပြီးမဲမှောင်နေတဲ့ ဆံပင်တွေနဲ့ ဘယ်ယောင်္ကျားက
မှProstitudeလို့ ထင်မှာလဲ ထက်ထက်မိုးဦး တို့ ထက် လှတယ်လို့ ပြောလို့ ရတယ်လေ
သူကတော့မိန်းမအင်္ဂါကနေ Sing ပြပြီးHIVဆိုတာသိတာပေါ့။အရမ်းစိတ်ပျော့တော့ အားငယ်
ကြေကွဲနေတယ်။စကားဝဲ၀ဲနဲ့ ငိုရင် အမေအဖေအတွက်ပဲတဲ့လေ။ ကျမဘာလုပ်ပေးရမလဲ။
သနားပေမဲ့ နိုင်ငံရေးအကျဉ်းသူနဲ့ ရာဇ၀တ်သူကြားထဲမှာခြားနားထားတဲ့စည်းက ကျမတို့ နဲ့ခိုး
ဆက်သွယ်စကားပြောတာသိရင် ပါးအရိုက်ခံရတဲ့ဘ၀ဆိုတော့ပြုစုချင်ပေမဲ့ဝေးဝေးကပဲ မုန့် 
့လေးပေးဟင်းလေးပေးနဲ့ ဖြေသိမ့် ပေးခဲ့ရတယ်ပေါ့။။့ 

စတုထ္ထတစ်ယောက်ကတော့မနက်ဖန်လွတ်မှာကိုးဒီနေ့ ညမှာပဲအသေထွက်ထွက်သွားရတယ်
လေAIDS ကသူ့ ကိုလောကကြီး ထဲကအပြီးဆွဲထုတ်သွားတယ်လေ။နာမည်က နော်ဖေါ့ တဲ့။
ကရင်ပြည်နယ်ရွာတစ်ရွာကကျေးရွာသူလေးပါ။တက္ကသိုလ်ပထမနှစ်လည်းတက် နေဆဲ ပဲပေါ့။
စာသင်စရိတ်မရှိလို့ အဆိတ်သီးစားပြီးစာသင်တာအသက်ရှင်စရာအကြောင်းပါမဲ့ခဲ့ရတယ်လေ။
နော်ဖေါ့ အလှကတော့ရိုးသားတဲ့ကရင်မလေးရဲ့သာမာန်အလှပါပဲ။ မျက်နှာမှာဘာမှပြင်မထား
လဲ ပအို့ နီရဲလေးနဲ့လေ သူမကတော့ သာယာဝတီထောင်မှာပဲ ခေါင်းချခဲ့ရရှာတယ်။

HIV အပြင်းဖျားရာကနေ AIDS နဲ့သေဆုံးသွား၇ရှာတယ်အဲဒီလိုထင်ထင်၇ှာရှား HIVများကို
တောင်ထောင်ကသီးသန့် ခွဲထားခြင်းအဟာရပြည့်ဝအောင်ထောက်ပံ့ပေးခြင်းဘာဆိုဘာမှမ၇ှိပဲ
HIV မ၇ှိနိုင်တဲ့ရာဇ၀တ်အကျဉ်းသားတွေနဲ့ တစ်ဆောင်တည်းရောထားသလို နေမကောင်းလို့ 
များ ညဖက်တစ်ဦးဥိးက ဆေးမှုး အကြောင်းကြားရင် တံခါးမဖွင့် ပဲ ထောင်သံတိုင် တွေကြား
ကဖင်တစောင်းလှန်ပေးရပြီးဆေးထိုးသွားပါလေရော အကယ်၍ များနေမကောင်းသူ နှစ်ဦး
သုံးဦး ကဆေးမှုးခေါ်ချိန်တစ်ချိန်တည်းဆိုရင် အဲဒီ့ အပ်တစ် ချောင်းတည်းနဲ့  ဆက်တိုက် ထိုး
သွားပါလေရော---ဆိုတာ ရာဇ၀တ်အကျဉ်းသားတွေပြောပြလို့ ကျမသိခဲ့ရတာ အင်မတန်မှ
ထိပ်လန့် စရာပါ ပဲ ရှင်

HIV မ၇ှိပါဘူးလို့ ကိုယ်ကိုယ်ကိုယ်မော်နေတဲ့ ၁၇ယောက်ထဲကတစ်ချို့ ဆို တရားဝင်ယောင်္ကျား
၇ှိသူလည်း၇ှိနေတယ်။မီကိုဆိုတဲ့မိန်းကလေးဆို တရုတ်ကပြားမလေးရည်းစားနဲ့ lovetogether
နေပြီးရည်းစားကိုရွှေဘုံပေါ်ထားချင်လို့ ပြည့်တန်ဆာလုပ်စားနေတာတဲ့ ရည်းစားကိုထောက်
ပံ့ရတာ အားမရသေးဘူးဆိုပဲ ညီမလုပ်စားတာ ရည်းစားကသိလားဆိုတော့ သိတယ်ခွင့် လွတ်
တယ်တဲ့အဲဒီ့လိုယုတ်မာတဲ့ယောင်္ကျားကလည်း၇ှိသေးတယ်ဒါပေမဲ့ ဒီကောင်လည်း HIVနဲ့ ညား
သွားမှာသေချာပါတယ် ။တစ်ချို့ ကျတော့ သနားစရာပါ ။ မစန္ဒာ တဲ့ သူ့ ကိုယ်သူ နုအောင်ပြင်
ဆင်ထားပေမဲ့ အသက်ကြီးတာ နည်းနည်း သိသာတယ်သူ့ သားလေးကMC တတိယနှစ်တက်
နေတယ်မိဘတွေရောသားရောလင်ရောမသိအောင်လုပ်နေတာ။ခုထောင်ကျတော့သိသွားပြီ
တဲ့လေ ထောင်ကလွတ်ရင်မပြန်ရဲတော့ဘူးတဲ့ ဒါဟာစနစ်ဆိုးရဲ့ဒဏ်တွေဆိုတာသက်သေပါပဲ ။

သူ တို့ တွေအားလုံးမှာ ၄ ၅ ယောက်သာ HIV လို့ ဆိုပေမဲ့ ဦးတင်နွယ်ကြီးရဲ့ ဟိုတယ် ပြည့်တန်
ဆာ အလုပ်ခန်းရဲ့ အလုပ်လုပ်ပုံတစ်ပိုင်းတစ်စ ကိုပြောပြရပါဦးမယ်။လှိုင်မြို့ နယ်ကတင်တင်မော်
ဆိုတဲ့ ၁၇ ယောက်ရဲ့ခေါင်းဆောင်လို့ ပြောနိုင်တဲ့အလှဆုံးအတောင့်ဆုံး ယောင်္ကျားကြိုက် မိန်းမ
က ပထမကျမပြောခဲ့တဲ့ ငှက်အော်စမ်းပို့ ရတဲ့ကလေးမလေးကိုစည်းရုံးပြီးဦးတင်နွယ်ဆီပို့ ထား
သူ့ ပေါ့။သူကတော့ဦးဆောင်ပြီး အခန်း အခန်းတွေဆီမရောက်ခင်စက်တီဆိုဖာကြီးတွေ ပေါ်မှာ ကိုယ်စီကိုယ်စီအလှပဆုံးပြင်ပြီးမပေါ့တပေါ်ဆွဲဆောင်စရာအလှအပတွေနဲ့ ကြေညာကြရတယ်။
။အဲဒီ့မှာလာတဲ့ဂရိတ်ကြေးရေတက်အလွာသားတွေဟာ ငါးစိမ်းများဝယ်သလိုလက်လားမလက်
လားဆိုတဲ့ပုံစံနဲ့ ကိုင်ကြည့် ပြကြည့်ကြပြီးဈေးညှိကြပြီး အခန်းဝင်ကြတာလေ အကယ်၍များ
အခန်းဝင်သွားပြီးမှမပြေလည်ကြရင်နောက်တစ်ယောက် နဲ့ ထပ် ၀င်ပြန်ရောတဲ့ ဘုရားတစရာ
ကြက်သီးထစရာထိတ်လန့် စရာပါ အဲဒီ့မှာရောဂါတွေ ရောဂါတွေက ရေတွက်လို့ မရအောင်ပြန်
့နံ့နေပါပြီ ဒီထဲမှာ သာကေတကမချို မောင်းတော ကစိုးစိုး နောက်ကျမ နာမည်မမှတ်မိတော့တဲ့
မိန်းမချော ပြည့်တန်ဆာလေး ၁၇ ယောက် သူတို့ ရဲ့ သွေးသားတွေ ထဲ ကပိုးမွှားတွေ-- ဒီ ၁၇
ယောက် ကိုပဲ နမူနာထားပြီး မြန်မာပြည်ရဲ့ တနေ့ တာ HIV ပြန့် နံ့  နှုန်း တွက်ကြည့်ရင်တောင်
ရင်ဖိထားရမှာမို့  တစ်ကြိမ်တစ်ခါလည်းမမှားသင့်တဲ့ ဂျိုမပါတဲ့ ဝေဒနာရှင်မလေးတွေဆီ ကို
အလည် သွားရုံနဲ့ ကိုယ်မျိုးဆက် အနာဂတ်တွေ လွင့် ပျက် သွားမှာကို ပုရိသ သတို့ သားများ
သတိထားစေ့ချင်ပါတယတိုင်းပြည်ရဲ့အခြေအနေဆိုးကြီးအောက်မှာ ကိုယ်ပိုင်ဆင်ခြင်ထုံတရား
တွေနဲ့  ဆုံးဖြတ်နိုင်တဲ့ အသိတရားမရှိသူလေးတွေရဲ့ဘ၀ ကြေမွရသလို တိုင်းပြည် တစ်ခု လုံး
လည်း အကျင့် ဆိုးတွေ ဖုံးအုပ်နေပါပြီ ဒါ့ ကြောင့် ကျမအနေနဲ့ ထောင် ထဲ ကဂျို မပါတဲ့
ဝေဒနာရှင်လေး တွေရဲ့ ဘ၀တစ်စိတ်တဒေသကို လက်ဆင့် ကမ်း လိုက်ပါတယ် ကုထုံးတွေ
ထက် ကွာ့ယ် နိုင်မဲ့ အခြေအနေတောင် မြန်မာပြည်မှာခက်ခဲ နေပါတယ် ပြည်သူ့ ဘ၀စနစ်ဆိုး
အောက် မှာေ၇တိမ်နစ်ကြရပါပြီ။ ဒီတော့ အမျော်အမြင်ကြီးတဲ့ ကျမတို့ ဗိုလ်ချုပ် ပြောခဲ့တဲ့
စကားအတိုင်းပြောရရင် စစ်အုပ်စု လက်ထက် မှာကျမတို့ တိုင်းပြည်ကြီးဟာ
တကယ့်ကို ------နိုင်ငံကြီး ဖြစ်နေပြီ လား ရယ်လို့  ရင်နင့် စွာခံစားရင်း ပြည်သူလူထုထံ
ဂျိုမပါတဲ့ ဝေဒနာ၇ှင်လေး တွေ ဘ၀ သာဓက ပြပြီး အသိပေးတင်ပြ လိုက်ပါတယ်။။

စာရေးသူကိုယ်တိုင်ဝေဒနာရှင်များနှင့်တွေ့ ဆုံခဲ့သည့် သာယာဝတီထောင်တွင်း
အဖြစ်မှန်များဖြစ်ပါသည် တာဝန်ယူရေးသားတင်ပြပါသည်။။

၁၇-၇-၂၀၀၆
၁၁း၅ pm
မေအိခင်(လယ်ဝေး)
အလင်းအိမ်စာစောင် အတွဲ(၁) အမှတ်(၅)တွင်ဖော်ပြခဲ့ ပြီးဖြစ်သည်။

NLD လူငယ်တွေ ရဲ့ အမျိုးသား နေ့ ချီတက်ပွဲ

Tuesday, November 30, 2010

NLD လူငယ်တွေ ဟာအစဉ်အလာရှိတယ် သမိုင်းရှိတယ် ဘယ်နေရာဘယ်ဒေသကိုရောက်ရောက် ဘယ်လို အခြေအနေနဲ့ 
ရင်ဆိုင်ရ ရင်ဆိုင်ရ လူငယ်ဆိုတဲ့ ရိုးသားဖြူစင်တဲ့ ဂုဏ် နဲ့  ပြောင်မြောက်တဲ့သတ္တိ တို့ ကလျော့မသွားဘူး။ ပြောင်းလဲသွား
ဇွဲလျော့သွားတဲ့ သူဆိုရင် သူဟာ NLD လူငယ် အစစ်မဟုတ်လို့ ပဲ - လူငယ်အားလုံး ယြုံ့ကည်ချက်အပေါ်သစ္စာရှိကြရအောင်

ကျောင်းသားသပိတ်ကနေအခြေခံတဲ့အမျိုးသားအောင်ပွဲနေ့ ။အဲဒီနေ့ ကိုကျမတို့ NLD လူငယ်တွေတန်ဖိုး
့ရှိရှိကျော်ဖြတ်သွားကြမယ်။ကျောင်းသားခေါင်းဆောင်ကြီးတွေရဲ့သွေးနဲ့ ချွေးနဲ့ ပေးဆပ်ခဲ့ရသလို အခုလာ
မဲ့ ၁၃၆၆ တန်ဆောင်မုန်းလဆုတ်(၁၀) ရက်နေ့ ဟာ လည်းကျမတို့  NLD လူငယ်တွေ ချွေးနဲ့ သွေးနဲ့ 
ထောင်ဒဏ်တွေ နဲ့ ပေးဆပ် သင့်ရင်ပေးဆပ်ကြရမယ်လို့ ကျမတို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ် ။အားလုံး
ညီတယ် တစ်ခဲ နက် ပဲ သဘောတူညီခဲ့ကြတယ် ။NLD လူငယ်တွေ ညီညွတ်မှုအားတစ်ဖန်ပြန် ကြီးထွား
လာတဲ့ အရှိန်ဟာ ဒီပဲယင်း အရှိန် ကြောင့်ပါ ပဲ။

ဒိုင်မရှိ အားမမျှပဲကြိုးဝိုင်းထဲ အထည့်ခံလိုက်ရတယ်။ဥာဏ်အမျှော်အမြင်ကြီးတဲ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာကိုယ့်လူငယ်တွေကိုဘယ်တော့မှလက်တုံ့ ပြန်ခိုင်းလေ့ မရှိဘူး။
သားတို့ ပြန်မလုပ် နဲ့  ပြန်မလုပ်ရဘူးနော် အဲဒီ့နေရာမှာသေသွားရင်တောင်ခံသွားရမယ်တဲ့ လေ ဒီလို ဗြဟ္မာစိုရ်တရားကြီးမားတဲ့မိန်းမသားတစ်ယောက်ကိုမညှာမတာရက်ရက်စက်စက်လုပ်ကြံရက်တဲ့အာဏာ
ရူးစစ်ဘီလူးတွေ သူတို့ ကိုဆန့် ကျင်ရဲတဲ့သတ္တိငါတို့ ထောင်ထွက်တွေမှာတောင်မရှိရင်အကြောက်တရား
အလွှမ်းမိုးခံကြရတဲ့ပြည်သူတွေ ဘယ်လို ရပ်တည်လေမလဲ--ဆိုပြီး -- ထောင်ကထွက်ပြီး စကျမမှာ
န - အ-ဖ ကိုနှလုံးရည်နဲ့ ရင်ဆိုင်တိုက်ပွဲ ပြန်စရပါတော့တယ်

NLD လူငယ် တွေ ရဲ့ လှုပ်ရှားမှုတော်တော်များများဟာ မီဒီယာ တွေ မှာကြားပြီးကြတဲ့ အတိုင်း အခြေ
အနေအရ တပ်ဦးကျွံအောင်ထွက်ခဲ့ကြရပါတယ်။ကျမအဲဒီ့အချိန်မှာRFA နဲ့  အင်တာဗျူး လုပ်ခဲ့သလိုပေါ့
လူငယ်တွေဟာမိုင်းနင်းရမဲ့ေ၇ှ့တန်းကစစ်သားကလေးတွေလိုပါ။ ရဲရဲနီ တဲ့သွေးတွေ နဲ့ လမ်းခင်း ပေး
တက်ကြတာပါပဲ။

ဒီပဲယင်းလုပ်ကြံမှုဟာလည်းပြင်းထန်ကြမ်းတမ်းလွန်းလို့ ဆန့် ကျင်ဖို့ လုပ်ငန်းတွေ သွေးတိုး စမ်းဖို့ ဆို
တာကလည်း လူငယ်ပဲမဟုတ်လား။ ဒီလို လှုပ်ရှားမှုအ၇ှိန်အဟုန်တွေကြားမှာ အမျိုးသား အောင် ပွဲနေ့ 
့နှစ်ပတ်လည်ကြီးကိုရောက်လာတော့တာပါပဲ ။ ရန်ကုန်တိုင်းအတွင်းမြို့ နယ်ပေါင်း ၂၃ မြို့  နယ်က တာ
ဝန်ခံ (၁) (၂) ဆက်သွယ်ရေးလူငယ်တွေက အာလိန်ငါးဆင့် ဘုရား (အင်းစိန်) မှာချိန်းလိုက်ကြတယ်
အမျိုးသားနေ့ ကို ဘယ်လိုပုံစံကျင်းပမလဲဟေ့ လို့ သဘောထားယူလိုက်တာတစ်ချို့ က ဗဟန်းခြောက်
ထပ်ကြီးဘုန်းကြီးကျောင်းမှာလုပ်တဲ့ဆွမ်းကျွေးပွဲကို အင်အားဖြည့်မယ်တဲ့တစ်ချို့ က သက်ဆိုင်ရာမြို့ 
နယ်တွေကအခမ်းအနားကိုတာဝန်ယူမယ် တစ်ချို့ ကစာဝေမယ်စသည်ဖြင့် နိုင်ငံရေး အသွင်ဆောင်တဲ့
လှုပ်ရှားမှုပုံစံတွေကိုရွေးချယ်ကြတယ် ဒီအချိန်မှာ လူငယ်တစ်ယောက်က

မကြီးရေ သားတို့ ဒီလိုလုပ်ရင်မကောင်းဘူးလား---တဲ့
ပြော ဆိုတော့ ရွေတိဂုံဘုရားရဲ့စနေဒေါင့် မှကျြောင်းသားခေါင်းဆောင်ကြီးတွေရဲ့
နာမည်နဲ့ ကျောက်စာတိုင်တစ်ခုရှိတယ် အဲဒီကို အလေးတက်ပြုကြရင်ကောင်းမယ် တဲ့ -။

ကျမဥနှောက်ထဲ တော်တော်သဘောတွေ့ သွားတယ် ။ချက်ခင်းပဲ ကောင်းတယ်ဟေ့ အဖမ်းတော့ ခံရနိုင်
တယ်နော်--

ဖမ်းဖမ်းကွာ --- ဒီကောင်တွေလုပ်ကြစမ်းပါစေ စတဲ့အသံစုံထွက်လာပြီး ဘုရားပေါ်ကကျောက်စာတိုင်
ကိုအလေးပြုဖို့ သဘောတူလိုက်ကြတယ် ။ အားရစရာပါပဲရှင် ဒီလောက်အန္တယယ်ကြီးတဲ့ သဘောထား
တစ်ခု Movement တစ်ခုကပိုကန့် ကွက်မဲ့သူမရှိပဲ (၃၃) ဦးလုံးကထောက်ခံကြတဲ့အပြင် --

တစ်ယောက်ကဒီလောက်နဲ့ ကျနော်တို့ အားမရဘူး အခမ်းအနားပါဘုရားပေါ်မှာ လုပ် မယ် နောက်
တစ်ယောက်
က ဘုရားရင်ပြင်ကိုသုံးပတ်လောက်ပတ်ပြီးမှ ကျောက်စာတိုင်ကို အလေးပြုမယ် နောက်တစ်ယောက်က
မိန့် ခွန်းပြောပြီးအလေးပြုမယ်။ နောက်တစ်ယောက်နောက်တစ်ယောက် စသဖြင့်အကြံပြုဆွေးနွေးကြနဲ့ 

အရွှန်းဖောက်သိတ်ပြောတက်ပေမဲ့ အလုပ်လုပ်ရင်စေတနာတအားကြီးတဲ့ကျမကို အမေ အမေလို့ ခေါ်
တက်တဲ့ Chemistry နောက်ဆုံးနှစ်တက်နေတဲ့လူငယ်လေးက ။ အမေ အမေ သားက အလေးပြု လို့ 
အော်ရမဲ့နေရာ ကတာဝန်ယူမယ်နော်ဆိုလို့  လေးလေးနက်နက်ဆွေးနွေးနေတဲ့ကြားက ရီလိုက်ကြသေး
တယ် ။
ရီသံတွေ ခန ထိမ်းဆဲ (ဘုရားလူကြီးတွေကလည်း ကွက်ကြည့် ကွက်ကြည့် နဲ့ ) ဆုံးဖြတ်ချက်တွေချပြီး
တိုင်ပင်ထားသမျှ ကတော့

(၁) သွေးဆေးကန်မှာစုရပ်လုပ်မယ်
(၂) အားလုံးပင်နီဝတ်မယ်
(၃) နှစ်ယောက်တစ်တွဲဆီ ဘုရားကိုသုံးပတ်ပတ်မယ်
(၄) သုံးပတ်ပတ်ပြီးကျောက်တိုင်မှာမိန့် ခွန်းပြောမယ်
(၅) မိန့် ခွန်းပြောပြီးအလေးပြုကာစနစ်တကျပြန်ဆင်းမယ်
(၆) ဘုရားပေါ်မှတြင်လူစုခွဲပြီးဘုန်းကြီးကျောင်းသွားမယ်(ခြွင်းချက် ။။ ။ အာဏာပိုင်
တွေက မတရားနှောက်ယှက်ခြင်းပြုလျှင် ရွေးချယ်ထားသော Volunteer(၆)ယောက်မှ ဖြေရှင်းမည်။
အနိမ့် ဆုံးအဆင့် အလေးပြုပြီးမှပြန်ဆင်းရန်ဖြစ်သည်။လူငယ်များဟာဒီပဲယင်းလုပ်ကြံမှုကြီး အပေါ်
အခဲ ကြေနိုင်စရာအကြောင်းမရှိတာကြောင့် သေသေကြေကြေ ရင်ဆိုင်ရန် ၇ှိသော်လည်း ထောင် ဆို
သည့် ခါးသီးလှသည့် နေရာသို့ သူတို့ လေးတွေ မရောက်စေလို သဖြင့်အတွေ့ အကြုံ များသော်ကျမမှ
ချော့မော့ရ နားချရ သည်မှာအကြိမ်ကြိမ်ပါ ။ ဒီပွဲဟာ ပထမဦးဆုံး လူငယ်သစ်တွေကို ဦးဆောင်မှုပေး
စေ တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ကျမကိုယ်တိုင် တန်းစီ လှည့်လည်တဲ့ အထဲ မှာပါဝင်လှုပ်ရှားခဲ့ပါတယ်။

ဒါဟာ မျိုးဆက်သစ်တွေ ကို လက်ဆင့် ကမ်းရမဲ့ ကျမတို့ ရဲ့ တာဝန်လို့ ယုံကြည်မှုကြောင့်ပါ ။ NLD
လူငယ်တွေရဲ့ သတ္တိဆက်လက်ကြည့် ကြရအောင်ပါ ။အမျိုးသားအောင်ပွဲနေ့  ရောက်ပြီ --- ချိန်းထား
တဲ့ နေရာ ရဲ့ မလှမ်းမကမ်းကိုကျမအရောက် ကျမတောင် လန် သွားပါတယ် ဘာကြောင့်လဲ ဆိုတော့
ရွှေတိဂုံအလယ်ပစ္စယံ မွန်ပရိယတ္တိလမ်းကြားကနေ ကျမ လမ်းလျောက်လာတာ သွေးဆေးကန်ဘေး
ရောက်တော့ ရဲရဲ တောက် ပင်နီတွေ နဲ့  လူငယ်၁၀၀ ကျော်က ကြို ရောက်နှင့် နေကြပြီ ပဲခူးကလူငယ်
တွေ ဧရာဝတီကလူငယ်တွေ ရန်ကုန် မြို့ စွန် တိုက်ကြီးမှော်ဘီ သုံးခွ ခရမ်း ကွမ်းခြံကုန်း စတဲ့ ရပ်ဝေး
က လူငယ်တွေကိုမြင်တော့ကျမထင်ထားတာထက်စည်းရုံးရေးစွမ်းအားပိုကောင်းနေတယ်။

ဦးဆောင်သူခြောက်ယောက်ကအရည်အချင်းပြလိုက်တာလေ သူတို့ တင်ပဲလား ရောက်လာသူ တွေရဲ့
ဗဟိဒ ပုံစံ အမျိုးသားနေ့ ဆိုတဲ့ ဇာတိသွေးကြောင့်ထင်ရဲ့ ပိုတက်ကြွပိုသတ္တိပြနေကြပါလား နယ်ကလူ
တွေကိုမေးကြည့်တယ် ။ နင်တို့ --- ပဲ ရှိသေးတယ် မမေးနဲ့ မကြီး ဒီတကွက်နောက်ကျသွားပြီ။
သားတို့  က ည အိမ် တာဗျ တဲ့ တစ်ချို့ က နံနက် ၄း၀၀ လောက်ထလာကြတာတဲ့။ ဆက်သွယ်ရေးက
တော့ မြန်ပါတယ် လူငယ်တွေ ရဲ့ စေတနာ ပါတာကိုး။ တဖွဲဖဲါ နဲ့ --ချိန်းထားချိန်နီးတော့သွေးဆေးကန်
နဲ့ လွတ်ငါးအရောင်းဆိုင်လေးတွေ ရှေ့ မှာ ရုံးစုရုံးစု နဲ့ ပင်နီမ၇ှိသူတွေ အတွက် လူကြီးတွေ ထံကကြို
ငှါးထားတဲ့ ပင်နီတွေ ၀တ်ကြ အချင်းချင်း အဆင်ပြေအောင်စီစဉ်ပေးကြနဲ့  လှုပ်၇ှားမှု တစ်ခု အတွက်
ပြင်ဆင်နေကြဆဲ Timingယူထားတဲ့ အချိန်ကကပ်လာပြီလေထောက်လှန်းရေးတွေ ထောက်လှန်းရေး
အထောက်အကူပြု ကြံ့ဖွံ့ တွေ မျက်စိမျက်နှာပျက်ပြီးဘုရားပေါ်ဆင်းလိုက်တက်လိုက်နဲ့ ခြေတိုနေပြီ ။

ထောက်လှန်းရေးဗိုလ်မှုးတွေအဆင့်အထိရောက်လာပြီဆိုတာကျမတို့ ရှေ့ ပြေးတွေကလည်းသတင်းပို့ 
နေပါပြီ။ ဒါတင်ဘယ်ကမလဲ ဘုရားရဲတွေ ကလည်း နှံပါတ်ဒုတ်ကိုယ်စီနဲ့ အပြည့်ဆိုပဲ ။ဒီသတင်းကြားမ
ှ လူငယ်တွေ ပို တက် ကြွလာတယ်။အောက်ခြေကထောက်လှမ်းရေးတွေ နဲ့ ရင်ဆိုင်ရတာရိုးနေပြီ သူတို
့ပြာလေ သူတို့ နာလေ ပဲ ။ လက်နက် ဆိုလို့ သွားကြားထိုးတံ တောင် မကိုင်တဲ့ နှလုံးလှတဲ့လူငယ်တွေ
နဲ့ ရင်ဆိုင်ရမှာ သူတို့ အလန့် ဆုံးပဲ မဟုတ်လား ။

ထောက်လှန်းရေးအင်အားစု နဲ့  ဘုရားရဲ အင်အားစု ဘယ်လောက်အင်အား
ပြပါစေ NLD လူငယ် ၄၅၂ ယောက်ကတော့ ရည်ရွယ်ချက်ဆုံးဖျက်ချက် အတိုင်း အမျိုးသားအောင်ပွဲနေ့ 
့ကို ရွှေတိဂုံဘုရား အနောက် ဖက် မုခ်သွေးဆေးကန်က နေနှစ်ယောက်တစ်တွဲ ညီညီညာညာ တန်းစီပြီး
တက်သွားပါတယ် ။

ဒီလို ဘုရားပေါ်တက်လာတဲ့ လူတန်းကြီးကို ဘုရားဖူးပြည်သူတွေ တအံ့တသြ အားပေး နေကြပါတယ်
တစ်ချို့ ဆို ၀င်ပြီး တန်းစီ လိုက်ပါလာတာကြောင့် ကျမတို့ မှာ ထောက်လှန်းရေး ပရောဂ ပါလာမှာစိုးလို့ 
အစစ သတိထားနေရပါတယ်။ပြင်ဆင်မှုရှိဟန်တူတဲ့ ထောက်လှန်းရေးကင်မရာပေါင်း ငါးဆယ.်မကဗွီဒီ
ီရိုကင်မရာဆယ်လုံးမက ထောက်လှန်းရေး နဲ့ ဘုရားရဲပေါင်း ၁၀၀မက ကြို တင် ဖြန့် ကျက်ထားပြီးကျမ
တို့ ဘုရားကို သုံးပတ်ပတ်နေတာ ကို ပျာရိပျာယာနဲ့ နောက် က လိုက် နေပါတယ် ဘုရားဖူးပြည်သူတွေ
ကလည်း ကျမတို့ ဖက် က ရပ်တည်နေသလို အားပေးနေကြပါတယ်Foreigner နိုင်ငံခြားသား တစ်ချို့ 
ကလည်း ဟိုမေးသည်မေး နဲ့ ဓါတ်ပုံဝင်ရိုက်လိုက်ကြသေးတယ်။

ဘုရားကိုလက်ယာရစ်သုံးပတ်ကြည်ညိုလို့ ပြီးတာနဲ့ ကျောင်းသားခေါင်းဆောင်ကြီးများကဗျဉ်း ထိုးထား
တဲ့ ကျော်က စာတိုင် ကြီးများရှိရာ ချီတက်လာကြပြီး ထောက် လှန်းရေးကာရံ ထားတဲ့ ( ဒီမနက်မှကာ
ထားဟန်ရှိ) ၀ါးရာဇမတ် လေးထောင့်ကွက်ဘေးမှာရာဇမတ်နဲ့ ခန္တာကိုယ်တွေ ထိထားရင်းအားလုံ လေး
ထောင့်ပတ်လည်ဝန်းရံလိုက်ကြတယ်တစ်ပြိုင်နက် ထဲမှာကျမတို့ လူငယ်ထုရပ်နေတဲ့ အကြားထောက်
လှန်းရေးတွေ စကားပြောစက် ကိုယ်စီ နဲ့ ဖြန့် ဝင် လာကြပါတယ်။ဘုရားရဲ တွေ ကဒုတ်တွေ နဲ့ ကျမတို
့ကိုဝိုင်းထားကြပါတယ်။

မလှမ်းမကမ်းမှာတော့ Forenger အယောက် ၂၀ လောက်ကို အခြေအနေအရပ်ရပ်ကို နားလည်ဟန်တူ
တဲ့ အခြား Forenger တစ်ယောက် ကိုရှင်းပြနေပြီး ကျမတို့ အင်အားစုကိုစောင့်ကြည့်ပေးနေကြပါတယ်
ဖြစ်စဉ်က တစ်ပြိုင်နက်ပါ။ထောက်လှန်းရေးတစ်ဦး က ဒီမှာဘယ်သူခေါင်းဆောင်လဲ ဟုမေးရာ

(ကျမတို့ ကြိုတင်စီစဉ်ထားတဲ့ အတိုင်း အားလုံးခေါင်းဆောင်ပဲဟုပြန်ဖြေလိုက်ကြပါတယ်။ ထိုအခါအရာ
၇ှိဟုထင်ရသူတစ်ယောက်က ဒီမှာ အခမ်း အနားလုပ်ခွင့် မပြုဘူး ခု ပြန်ဆင်းပါ ။ဆိုတဲ့ အမိန့်  နဲ့ အတူ
ညာသံ များပါလာပါတယ်။ လူငယ်များထံ မှလည်း ကျနော်တို့ အလေးပြုပြီးမှ ပြန်ဆင်းမယ် ခု မဆင်းဘူး
ဟု ဖြေလိုက်ရာထောက်လှန်းရေး (၇) မှ လှသက်မောင် ကိုယ်တိုင် ဒေါသသံနှင့် မင်းတို့ ခု ဆင်းသွား
မဆင်းရင် ခု ဖမ်း မယ် သူ့ တပည့် တွေ ကိုလည်းငေါက်ငမ်း၍ ဟေ့ကောင်တွေ မင်းတို့ ဘာလုပ် နေလဲ
ဲ ၀ိုင်းထား ။ဖမ်းတော့ ငါ အမိန့် ပေးနေတယ် ခု ဖမ်း ပြောနေပေမဲ့ ဘုရားရဲ များကသာ နံပါတ် ဒုတ် များ
နှင့် ၀ိုင်းလာတယ် ထောက်လှန်းရေးများ ကိုယ်ထိလက်ရောက် မဆွဲ သေးပါ။ဆူဆူညံညံ ကြမ်းကြမ်း
တမ်းတမ်း ဖြစ် လာချိန် တွင် အတွေ့ အကြုံ နည်းသောလူငယ်တစ်ချို့ မှပြန်လှည့် ထွက်ရန်စဉ်းစားနေပုံ
ရသည်။ ခြေလှမ်းက ကျွံနေပြီ တာဝန်ယူခဲ့သောခြောက်ဦးမှာလည်း မထင်မှတ်ပဲ ထိပ်တိုက်အကျဆုံးဖြစ်
သွားရာ အကယ်၍ အဖမ်းခံ ခဲံကြရပါက ကျမ ခေါင်းထားစရာ နေရာမရှိနိုင်တော့ပါ ။အဘယ့်ကြောင့်ဆို
သော်တပ်ဦးကျွံခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ဘာပဲဖြစ်ဖြစ်အာဏာပိုင်တွေ ကိုလည်းအလျော့မပေးချင်ပါ လူငယ်အများစု မှာဖမ်းချင်ဖမ်းပါစေ လုပ်စရာ
ရှိတာကို လုပ်မည့်အခြေအနေ အနေအထားကိုကျမ၀င်ထိမ်း မှရတော့မည် ဆိုးဒဏ်ကောင်းဒဏ်ကိုယ်ခံ
မည်ဟုဆုံးဖြတ်၍ ကျမတို့ တစ်တွေအားလုံးအလေးပြုပြီးမှပြန်မယ် အခမ်းအနားလုပ်ခွင့် မရရင်မလုပ်ဘူး
ဟု အလျော့ အတင်း သံ နဲ့ ကျမ အော်လိုက်ပါတယ် တစ်ပြိုင် နက် ပြန်ဆုတ်ရန် ခြေလှမ်း ထွက်နေ တဲ့
လူငယ်တွေကိုပါ လှမ်းတားလိုက်ပါတယ်။ဒီအခါ မှာစောစောကတပ် မှုးလှသက်မောင်ကျမဆီ တိုက်ရိုက်
ရောက်လာပါတယ် ။ ဘာမှလုပ်ခွင့် အပေးဘူး အခုဆင်း မဆင်းရင် ဖမ်းမယ် လို့ ဒေါသတကြီးပြောတယ်
ရှင်တို့ ကျမတို့ လူငယ်တွေ ကို ရိုင်းရိုင်းစိုင်းစိုင်းမောင်မထုတ်ပါနဲ့  လို့ ကျမကပြန်ပြောလိုက်ရာ တပ်မှုး
လှသက်မောင် က ကျမရဲ့ နာမည်ရင်းကိုခေါ်ပြီး ဒီမှာ----------နင့်ကိုလက်ရှိအခြေအနေအရသီးခံနေတာ
ငါတို့ ဘယ်မှာရိုင်းရိုင်းစိုင်းစိုင်းပြောလို့ လဲ ဟု အသားတွေ တဆတ်ဆတ်တုန်ပြီး ကျမကို လက်ညိုးထိုးပြီး
ရန်တွေ ပါတော့တယ်။

ဟုတ်ပြီမောင်မထုတ်ရင် ကျမ တို့ အလေးပြုပြီးပြန်ဆင်းမယ် လို့ ပြောမှ လှသက်မောင် လေသံ နည်းနည်း
လျော့ သွားပါတယ်။ အဲဒီ လှသက်မောင် နဲ့ ကျမတို့  အပြန်အလှန် ပြသနာကို ကျမတို့ ဖက်မှာ အသံ ဖမ်း
ယူနိုင်ခဲ့ပါတယ်။

တပြိုင်နက် လူငယ်တစ်ဦးမှသိတ်စကားများနေတဲ့ထောက်လှန်းရေးတပ်မှူးကိုဂရုမစိုက်တော့ ပဲအလေးပြု
ဟု ဦးဆောင်လိုက်ရာ ထောက်လှမ်းရေး ဘုရားရဲ အင်အားစု ဘာလုပ်ရမှန်းမသိပျားပန်းခပ်သွားကြသည်။
အလေးပြုပြီးသည် နှင့် တစ်ပြိုင်နက်ဘုရားရင်ပြင်တွင် သုံးပတ် ပတ်၍ အင်အားပြကာ အခမ်းအနား လုပ်
ခွင့်မရသော စိတ် မတရားလာရောက်နှိမ်နှင်းသဖြင့် မခံ ချင်သောစိတ်နှင့် ကျမတို့ နဂို အစီအစဉ် ထက်
ပိုကာ ဒီပဲ ယင်းဖြစ်ဖြစ် ခြင်းဖမ်းဆီးခံရပြီး မကြာမှိကမှာလွတ်လာသော CEC ၅ဦး (ဦးအောင်ေ၇ွှနှင့်
ဦးလွင် မလွတ်သေးပါ ) မှဦးဆောင်ကာ ဆွမ်းကျွေးနေသော ခြောက်ထပ်ကြီးဘုရား သာသနာ့ဂုဏ်ရည်
ကျောင်းတိုက် ရှိ အမျိုးသားအောင်ပွဲနေ့  သို့  ရှေ့ ဆက်ချီတက် သွာဖြစ်ခဲ့ကြသည်.။ လူငယ်တွေကတော့
ညီညွတ်မှု အပြည့်ပါ ခုလိုပင်နီဝတ်စုံတွေနဲ့  တန်းစီချီတက် ခြင်းဟာ NLD ရဲ့ မှတ်တိုင် မှာ ကြုံတောင့်ကြုံခဲ
ချီတက်ပွဲဖြစ်ပါတယ်။

ထောက်လှန်းရေးကားများသည်ရှေ့နောက်မှလူးလားခတ်၍ အရူးများနှယ်သွေးလန့် နေကြရာဝယ် ကျမတ
ို့ မြတ်နိုးသောတော်လှန်ရေး ရဲ့ အရိပ် တော်လှန်ရေး ရဲ့ နိမိတ် အစဉ်အလာတွေလက်ဆင့် ကမ်းနိုင်ခဲ့တဲ့
အမျိုးသားနေ့ အောင်ပါကြီးကို အမျိုးသားဝတ်ဆုံအပြည့် နဲ့  ကြီးမာတဲ့ အန္တယယ်ဒါးသွားကြားမှာ ပါးပါး
ကလေးလှစ်လှစ်ကလေးချီတက်သွားခဲ့ကြတာတော်လှန်ရေးခေါင်းဆောင်တွေရဲ့ကျောင်းသားခေါင်းဆောင်
တွေရဲ့ကျောက်တိုင်ဆီကိုတူညီဝတ်စုံတွေနဲ့ အလေးပြုနိုင်ခဲ့ကြတာစားတော့ဝါးတော့ မဲ့ခွေးဘီလူးတွေကြား
ကအကင်းပါးပါး နဲ့ အန္တယယ်ကိုေ၇ှာင်ခွင်းနိုင်ခဲ့ကြတာယနေ့ ဆိုလျှင်တစ်နှစ်ပြည့်မြောက်သွားခဲ့ပါပြီအမျိုး
သားအောင်ပွဲနေ့ ကြီးလည်း(၈၄) ကြိမ်မြောက်ခဲ့ပါပြီအခုကျရောက်တော့မဲ့အမျိုးသားနေ့ ကြီးကိုရောပြည်
တွင်းမှအနစ်နာခံ လူငယ်များ ဘယ်လိုချီတက်ပြီးသတ္တိပြသွားကြလေမလဲလို့  ရင်ခုန်စွာ မှန်းဆရင်းပြည်
တွင်းမှအနစ်နာခဲ့လူငယ်များအားဤဆောင်းပါးဖြင့်ဂုဏ်ပြုလိုက်ပါသည်။

မေအိခင်(လယ်ဝေး)

( ဤဆောင်ပါးသည် ၂၀၀၃ လှုပ်ရှားမှု ပြီး ၂၀၀၄ အမျိုးသားနေ့  တွင် ရေးသားခဲ့ခြင်းဖြစ်သည်
ရန်ပုံခွင်း စာပေ တွင် ၂၀၀၄ က ဖေါ်ပြပြီးဖြစ်သည်။)


(မှတ်ချက် ။ ။။ ကာယကံရှင်စာရေးသူကိုယ်တိုင် ရင်ဆိုင်ပါဝင်ခဲ့သော လှုပ်၇ှားမှု ဖြစ်သည်
ဖြစ်စဉ် အားလုံးကိုတာဝန်ယူရေးသားပါသည်။)

တပ်မတော် သားများ လေ့လာပါ သံဝေဂရရုံတင်မက ဘာလုပ် သင့်ကြလဲ

Sunday, November 28, 2010

ကျမ ဆီ ဒီမေး(လ်) ရောက်နေတာ မနက်ထဲကနေမယ် အင်တာနက် ကျနေတာကြောင့် ကျမမတွေ့ ဘူး တွေ့ လိုက်ရတော့
မအံ့သြပင်မဲ့  အန်တီ့ စုအတွက် ကို တော်တော်ပူပင် စိုးရိမ်မိတယ် သူတို့ ချင်း ရက်စက်တာပဲ လို့ မပြောပဲ သန်းရွှေ ဟာ
ဘယ်လောက် အတ္တ ကြီးမားပြင်းထန်သလဲ
မေအိခင်(လယ်ဝေး)

ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား အင်းစိန်ထောင်သို့ ပြောင်းရွှေ့ ပြီးမကြာခင်စစ်ခွေးတွေမှတရားစွဲမည်။


တင်ကျော်ကျော်စိုး ၊။ ။ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲ နှင့် ၀န်ကြီချုပ် ဟောင်း ဖြစ်သူ
ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှင့် ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ အား ရန်ကုန်မြို့  ကမ္ဘာအေး ရှိနေအိမ် မှ အင်းစိန်
အကျဉ်း ထောင်သို့  ပြောင်းရွှေ့ လိုက်ပြီ ဖြစ်ကြောင်း ရန်ကုန် မြို့ သတင်းတပ် ဖွဲ့ မှအမည် မဖော် လို သည့် အရာ ရှိ
တစ်ဦးက Freedom News Groupသို့ အတည် ပြုပြောကြားသည်။

၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ က မန္တလေး မြို့ မှ အပြန် ရန်ကုန် မင်္ဂလာဒုံ လေဆိပ် တွင် ဖမ်းဆီးခံရပြီး
နောက် အမိန့် မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသား လုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရ ခြင်းဖြစ်သည်။ စစ်ထောက်
လှမ်းရေး အကြီးအကဲ သည် နိုင်ဝင်ဘာလ ၂ ရက်နေ့  တွင် နေအိမ် အကျယ်ချုပ် မှ အင်းစိန် အကျဉ်းထောင်
သို့ ပြောင်းရွှေ့  ခံရခြင်းဖြစ်သည်။ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွှန့် အား အင်းစိန် အကျဉ်းထောင် သို့ ပြောင်းရွှေ့ ပြစ်ဒဏ်
ပြောင်း လဲ ခံယူရန် မြန်မာ နိုင်ငံ ရဲတပ် ဖွဲ့ ရဲချုပ် ဗိုလ်မှုးချုပ် ခင်ရီ ၊ရန်ကုန် တိုင်း ရဲ တပ်ဖွဲ့ မှုး ၊ သတင်းတပ်ဖွဲ့ မှုး၊ အကျဉ်း
ဦးစီးဌာ န ညွှန်ကြားရေးမှုး၊ အကျဉ်း ဦးစီး ဌာန အင်းစိန် အကျဉ်းထောင် ထောင်ပိုင် နှင့် အခြား တာဝန် ရှိ သူများ လာ
ရောက် တွေ့ ဆုံ ပြီးနောက် အင်းစိန် အကျဉ်းထောင် သို့ ထိုနေ့ မှာ ပင် ရွှေ့ ပြောင်း ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။

နေပြည်တော် ရှိ ကာကွယ်ရေး ၀န်ကြီးဌာန မှ အရာရှိ တစ်ဦးက ထောင်ဒဏ် ၄၄ နှစ် ချမှတ် ခံရသည့်ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန် အား အင်းစိန် အကျဉ်းထောင် သို့  ပြောင်းရွှေ့  ပြစ်ဒဏ် ခံယူရန် စီစဉ်ရခြင်းသည် ၎င်း ၏ အာဏာ ပြန်လည်
ရရှိရန် အားထုတ် ကြိပမ်းမှုများကြောင့် ဖြစ်သည် ဟု ဆိုသည်။
အာဏာ ပြန်လည် ရယူရန် ကြိုပမ်းမှု ဖြစ်စဉ် နှင့် ပတ်သက် ၍ ထိုအရာရှိက “သူ့ ကို ဘာမှ အစိုးရ က ချုပ်ချယ်မထား
ဘူး သူ့ လုပ်ဖော် ကိုင်ဖက် တွေ ရဲ့ နာရေး တွေ ၊ ဘာသာရေး နဲ့ ပတ်သက် တာတွေ ကို ရန်ကုန် တိုင်း ကို သတင်းပို့ ပြီး
ရင် သွား ခွင့် ပြုတယ်။ နောက်ပိုင်းမှာ သူက မရိုးမသား လုပ်လာတာတွေရှိတယ်။ သူ့ ထောက်လှမ်းရေး ကွန်ယက်
ကို ပြန်ဖွဲ့ တယ် ။ ရွေးကောက် ပွဲ မတိုင် ခင်မှာ သူ့ ရဲ့ ကွန်ယက်တွေ က ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrateလုပ်လာတာတွေ ရှိတယ်။ နောက်ဆုံး သူ့ ရဲ့  Net Work တွေ ကို အကုန် မိတော့ မှ သူ့ ကို ဖမ်းလိုက်တာ။
အစိုးရကသူ့ ကို တရား ပြန်ဆွဲ မယ် ထင်တယ် ဟု အဆိုပါ အရာရှိ က Freedom News Group သို့ ပြောသည်။

ရဲချုပ်ခင်ရီကဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွှန့် အား အကျဉ်းဦးစီးဌာန လက်သို့ လွှဲပြောင်းပေးစဉ်အတည်မပြု နိုင်သည့် သတင်း
များ အရ လည်း မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား ၎င်း ၏ ယောက်ဖ
ဖြစ်သူ ဒေါက်တာ သန်းငြိမ်း အား ရွေးကောက် ပွဲ တွင် ပါဝင်လာစေရန် အတွက်နေပြည်တော် အထိ ခေါ် ယူ တွေ့ ဆုံက
ပါးနပ် စွာ အသုံးချ ခဲ့ သည် ဟု သိရှိရသည်။
ယခင် ကကလှမ်း မှ အရာရှိ ဟောင်း တစ်ဦးက မူ “ဒါ သူတို့ သက်သက် မဲ့ စွပ်ဆွဲ တာပါ။ လူထု အုံကြွှမှု ဖြစ်ရင် ဗိုလ်ချုပ်က
ဒေါ် စု မလွတ်သေး ဘူး ဆိုရင် ပြည်သူတွေ ရှေ့ မှ သူ့ အမှား ကို ၀န် ခံပြီး ရင် ဦးဆောင် မှု ပေးမယ် ဆို လို့လုပ်လိုက်တာ။
ဗိုလ်ချုပ် က သူ့ ဆံပင် ကို တောင် သူ့ ဘာသူ တောင် သူ ညှပ်ရတာ ဘယ်လိုလုပ် အာဏာသိမ်းမလဲ ဟု ပြောသည်။
ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွှန့် သည် ၎င်း ၏ ကွန်ယက် ထူထောင် နိုင်ရေး အတွက် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် နေပြည်
တော် တွင် တွေ့ ဆုံစဉ် က ၀ တပ်ဖွဲ့  နှင့် ရှမ်းမြောက် အဖွဲ့ များ ကို မတိုက်သေး ရန် အကြံပေး ခဲ့ပြီး ၎င်း က မူ ၀ လူမျိုး
ထိပ်တန်း စီးပွား ရေး လုပ်ငန်း ရှင် တစ်ဦး ထံ မှ ၎င်း ကွန်ယက် အတွက် ငွေကြေး မြောက် မြား စွာ ရယူ ခဲ့သည်။

ရဲ ချုပ် ခင်ရီ က ပြစ်ဒဏ် ပြောင်းလဲ ကျခံရန် ထောက်လှမ်းရေး အကြီး အကဲ ဟောင်း အား လာရောက် ပြောကြားစဉ်
စာရေး ဆရာ တစ်ဦး လည်း ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး က မူ “ဒေါ်စု လွတ်ပြီ ဆိုတော့ ဒုတိယ ဗိုလ်
ချုပ်ကြီး ခင်ညွှန့် ကို အပြင် မှာ ဘယ်ထား တော့ မလဲ ရန်ကုန်မှာက လက်ရှိ စစ်အစိုးရ ကို မကြည်တဲ့ figure တွေ ကပိုများလာတာ ကို သူတို့ ပေါ် လစီက တော့ တစ်ယောက် ၀င် ၊တစ်ယောက် ထွက် ပဲ ဟု ပြောကြားသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား ရာထူး မှ ဖယ်ရှားပြီးနောက် စစ်ထောက် လှမ်းရေး အရှိများ အားထောင်ဒဏ် နှစ်၁၀၀
ကျော်ထိ ချမှတ် ခဲ့သည်။ စစ်ထောက်လှမ်းရေး က ပိုင်ဆိုင်သည့်  A 21 ဆပ်ပြာ၊ခိုစိမ်းဖိနပ်၊ စူပါ ဂျာနယ်၊ စေတမန်
တေးသံသွင်း၊ နိုင်ငံတကာ စီးပွားရေး ဂျာနယ် တို့ ကို ယခုဒုတိယ ဗိုလ်ချုပ်ကြီးမြင့် ဆွေ မှ လွှဲပြောင်း ရယူ လိုက်သည်။
၎င်းသည် နိုင်ငံတော်အား မည်သည့် အခါမှ ပုန်ကန် ရန် ကြိုးပမ်း အားထုတ်မှု မပြုကြောင်း ပြောနေသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ၏ ကျေးဇူးရှင် ဖြစ်သူ မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ် ပါတီ ဥက္ကဌ ဟောင်းနှင့်အာဏာရှင် ဟောင်း ဦးနေ၀င်းမှာ
၂၀၀၁ ခုနှစ် တွင် နေအိမ် အကျယ်ချုပ် ချမှတ် ခံရပြီး ၂၀၀၂ ခုနှစ် တွင်ကွယ် လွန် ရာဉ် ခေါင်းတလား တွင် နာမည်
ပင် ရေး ထိုး ခြင်း ကို စစ်အစိုးရ က ခွင့် ပြု ခဲ့ခြင်း မရှိချေ။
ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှင့် ဇနီး မောင် နှံ တို့ နှစ်ဦး သည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် ၏ ခင်ပွန်း ဖြစ်သူ ပါမောက္ခ ဒေါက်တာ မိုက်ကယ် အဲရစ် ကွယ် လွန် စဉ်က အစောဆုံး ၀မ်းနည်း ကြောင်း သ၀ဏ် လွှာ
ကို အင်္ဂလိပ် ၊မြန်မာ နှစ် ဘာသာဖြင့် ရေး သား ပေး ပို့ ခဲ့သူ တစ်ဦး ဖြစ်သည်။
၎င်း တို့  ၏ သား နှစ်ဦး ဖြစ်သူ ဗိုလ်မှုးကြီး ဇော်နိုင်ဦး နှင့် Bagan Cyber Tech တည်ထောင်သူ ဒေါက်တာရဲ နိုင်ဝင်းမှာ
ထောင်ဒဏ် နှစ် ငါးဆယ် ကျော်စီ အပြစ်ပေးထား ခြင်းခံရသည်။ သမီးဖြစ်သူ သင်းလဲ့လဲ့ဝင်းမှာမိသားစု နှင့် အတူ နေအိမ် တွင်
အကျယ်ချုပ် ပြစ်ဒဏ် ခံယူနေရသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့်  သည် ၎င်း ၏ နေအိမ် တွင် အကျယ်ချုပ် ခံယူပြီးနောက် အင်းစိန် ထောင်သို့  အသွားတွင်
ဘုရားရှိ ခိုးပြီး ဇနီး ဖြစ်သူ နှင့် လွယ် အိတ် ကလေး လွယ်ကာ ထွက် ခွာသွားသည်။
မြန်မာ စစ်အစိုးရ က ထိုဖြစ်စဉ် အား သတင်းစာရှင်းလင်း ပွဲ ပြုလုပ်လိမ့် မည် ဟု သိရှိရသည်။

အီးမေး(လ်) ပို့ ပေးသူအား ကျေးဇူးအထူးတင် ရှိပါသည်။

သားကို ဘာသာရေးအသိလည်း ပေးနေရပါတယ်

Wednesday, November 24, 2010

အမေနဲ့ သား ဆယ်စုတစ်ခု ဝေးကွာခဲ့ရတာ

Monday, November 22, 2010


အန်တီ့ သားငယ် ထိန်လင်း ကိုတွေ့ ရတာ စိတ်ထဲမကောင်းဘူး ဘယ်လိုမကောင်းလဲ
ဆိုတာတော့ ပြောချင်တာအများကြီးပဲပေါ့ သေသေချာချာ ပြောချင်တာ ကသူ အန်တီ့ 
ပါရမီဖြည့် နိုင်စွမ်းတာလေး သုံးသပ်မိတယ် လက်မောင်း မှာ ကျမတို့ အဖွဲ့ ချုပ်အလံ
ကို ဆေးမှင်ထိုး ထားတာ ရယ် သူ့ အမေကို အင်အားအပြည့်နဲ့ ကြည့်နေတာ လေး
တွေရယ်ကအင်မတန်မှာ အားဖြစ်စေတဲ့သား ပါပဲ ။






ဗိုလ်ချုပ်ရဲ့ အကိုရင်း ဘဘဦးအောင်သန်း ကွယ်လွန်တာ (၁၉) နှစ်ပြည်ပြီ ဆွမ်းကျွေးကြွကြဖို့ 

Sunday, November 21, 2010



ဗိုလ်ချုပ်တင်မက ဗိုလ်ချုပ်အကိုတွေ တင်မက ဗိုလ်ချုပ်သမီး အန်တီစု နဲ့ အတူ ဗိုလ်ချုပ်တူ ဦးချိုအောင်သန်း ဒေါ်ငယ်မမသန်း
ဆရာဦးမြင့်ဆွေ တို့  သူတို့ ရဲ့ တူသားနောင်မယ်တွေ အထိ ထောင်တွေကျ ပြီးပေးဆပ်နေကြတာ ဒီမျိုးဆက် ဟာ ဒို့ တိုင်းပြည်
အတွက် တော့ တကယ့် သူရဲကောင် မျိုးတွေပါပဲလို့ ဂုဏ်ယူမိပါတယ် ။ ကျမထောင်ထဲမှာ အန်တီ ငယ်မမသန်းနဲ့ အတူနေခဲ့ရ
တယ် အန်တီငယ် လို့ လူသိများတယ် တစ်စောင်းလေးနေလိုက်ရင် များ အန်တီစုနဲ့ သိတ်တူတယ် သိမ်မွေ့ တယ် အေးဆေး
တယ် ရဲရင့်တယ် တည်ကြည်တယ် ကျမ်းမာရေး ချို့ ယွင်းနေလို့  ကျမ နဲ့  မီးမီး(ခ) သင်းသင်းအေး က အန်တီ့ အ၀တ်တွေ
တလှည့်စီလျော်ပေးတယ် သိတ်အားနာတယ် ကလေးတွေကို ထောင်ထဲ မှာက အစ အကျင့်ကောင်းနေထိုင်ဖို့ အချိန်ရှိတိုင်းသံစကာ
ရှေ့ရပ်ပြီသင်ပြပြောပြတာ ဒီထက် ပို ပြီးလေးစားစရာပြောပြဦးမယ် မာန်မာန မထောင်လွှားတဲ့နေရာမှာ ကွန်ပျူတာပစ္စည်း မြန်မာ
ပြည်မရောက်ခင်ထဲ က ကွန်ပျူတာ နည်းပြ ဆရာမ တစ်ယောက်ဟာ ကျမ သင်ကြားတက်မြောက်ခဲ့ တဲ့ အဘိဓမ္မာ(သြ၈ိုလ်)
ဘာသာရပ် ကို ကျမဆီ က ကျမအလွတ်မှတ်မိသလောက်တောင်းယူသင်ခဲ့တယ် ။ ဒါဟာ သူတော်ကောင်းတွေရဲ့ကျင့်စဉ်ပဲ ။
ကျမကတော့ အန်တီတို့ မိသားစု ကို သိတ်တန်ဖိုးထားပါတယ် ။ သူရဲကောင်း ဆိုတာကိုးကွယ်ဖို့ မဟုတ်ဘူး ဆိုတာကျမနား
လည်တယ်။ကင်ဆာ ဆဲ(လ်) တွေ နဲ့  ခန ခန ခွဲစိတ်ရတဲ့ အန်တီငယ်ကို ကျမက လုံခြည်လျော်ပေးတော့ တချို့ က ဖား
သလား ကန့် ရဲ့ကြတယ် ကျမပြောလိုက်ပါတယ် ။ ခု ကျမ နိုင်တဲ့ဝန်ထမ်းတာ ဗိုလ်ချုပ်ကျေးဇူး အန်တီစု ကျေးဇူးနဲ့  ရိုသေထိုက်
လို့ ပူဇော်ထိုက်လို့ ပူဇော် ခဲ့တာပါလို့ ပြောခဲ့ပါတယ် ။ ခု ဘဘဦးအောင်သန်းရဲ့ နှစ်လည်မှာ ကျမတို့ အရင်လို မဆုံနိုင်ခဲ့ လို့ 
ဝမ်းနည်းရပါတယ် ။

မေအိခင်(လယ်ဝေး)

ပြည်သူလူထု ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဒေါ်အောင်ဆန်းစုကြည် က တောင်းဆိုနေတယ်

Sunday, November 14, 2010




လွတ်မြောက် လာတဲ့ အန်တီ့ အတွက် ဦးကျော်သူရဲ့ပန်းချီကား

Saturday, November 13, 2010


ဘောလုံးပွဲ နဲ့ ပတ်သတ်တဲ့ ပေးစာ

Friday, November 12, 2010

အမ လမင်းခင်
ကျနော်ဟာအားကစားပွဲ တွေဆိုရင်တော်တော် လေးစိတ်ဝင်စားပြီးတော့အမြဲတန်းကြည့်တတ်ပါတယ်။အထူးသဖြင့် မြန်မာ ဘောလုံးနဲ့ အားကစားအဖွဲ့ နိုင်ငံခြားမှာ ဘယ်သွား တယ် အစရှိသည်ဖြင့်ပေါလေ။တိုင်းပြည်အတွင်း မှာ စစ်တပ်တွေ အုပ် ချုပ်နေပြီး မတော်မတရားတာတွေ ရှိနေတယ် ဆိုတာ သိတာတောင်မှ ကိုယ်တိုင်းပြည်က အားကစားသမားလေးတွေဟာ စစ်တပ် နဲ့ မဆိုင်ပါဘူး အားကစားဆို တာ ဘယ်ခေတ် ဘယ်အခါမဆို ရှိရမှာဘဲ ဆိုပြီးတော့ ၀ါသနာအရ (ဖော့တွေး တာ နော်) ကျနော်မှာ ဖြင့် မြန်မာ အားကစားသတင်းတွေ ဆိုရင် စောင့်ကြည့်လေ့လာတတ်ပါ တယ်။ပြီးတော့ မြန်မာအားကစား အသင်းလေးတွေ အောင်မြင်ရင် ကျေနပ်မိပါတယ်။
အခုအဖြစ်ကတော့ အမကြီးရေ။မနေ့ ညကတော့ တရုပ်ပြည်မှာ အာရှအားကစား ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပါတယ်။ အခမ်းအနားဖွင့်ပွဲကို တော်တော်လေး စုံစုံလင်လင် ဘဲ ထိုင်းတီဗီတွေက ပြတာ ပါ။ မြန်မာပြည်မှာဆိုရင်တော့ မသေချာပါ ဘူး။တရုပ်ပြည်ကလဲ အချို့ ဒေသတွေ နေရာတွေမှာ ရေကြီးရေလျံ၊ မိုးမရွာဘဲ လို့ လူတွေ လူတွေငတ် နေပေမဲ့ အားကစား ပွဲကျတော့ တော်တော် လေး ငွေကြေး အကုန်ခံလုပ်တာတွေ့ ရပါတယ်။(အိုလံပစ် ကော်မတီ ကအကုန်အကျခံ တာလား တော့ မသိတာ ၀န်ခံပါတယ်)
ပြီးတော့ အာကစားတာဝန်ခံ တရုပ်ကြီးက ကွိကွိ ကွကွပေါ့ ပြီးတော့ အားကစားပွဲရဲ့ အာရှအိုလံပစ်ကော်မတိဥက္ကဌ ကြီး က ပါ မိန့် ခွန်းတွေ ပြောပြီးတော့ နောက်ဆုံးမှာ တရုပ်လို တရှဲရှဲ နဲ့  လုပ်သွားသေးတာ တွေ့ လိုက်ရတော့ ကျနော် ဖြင့် အော် တရုပ်ကြီးရဲ့ အရှိန်အ၀ါ မသေးပါလားပေါ့ ခေါင်းပေါင်းကြီး ဆောင်းထားတဲ့ အာရပ်ကြီးတောင် တရှဲရှဲ မည်သွားသေးတာ တချိန် လုံးဆွေမျိုး ပေါက်ဖော်လို့ အော်နေတဲ့ မြန်မာနိုင်ငံ မှာ တရှဲရှဲ ဖြစ်နေတာ ……မထူးဆန်းပါဘူးလေပေါ့ …..
ပြောရင်းနဲ့ ဘာတွေရေးနေတာလဲလို့ ထင်နေဦးမယ်..ကျနော်လဲ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေမိတာ နိုင်ငံအလိုက် အလံတော် နဲ့ ချီတက် ရမဲ့ အချိန်တွေ ရောက်လာပါတော့တယ်….ပထမ အေ ….နဲ့ စတဲ့အလံတွေပေါ့လေ…မဆိုးပါဘူး ကျနော်တို့ အက္ခရာစဉ် သင်ဘူးသလို့  အစဉ်လိုက် စီထားတာပါ ….ဟိုးတုန်းက မြန်မာ(Myanmar) မဖြစ်ခင်ကဆိုရင် ဗမာ (Burma) ဖြစ်တဲ့အတွက် ကျနော်တို့ နိုင်ငံက ဒုတိယ စကားလုံး မှာ အမြဲတန်းရှိနေခဲ့တာလေးသတိယမိပါတယ်။
ကဲ တွေးရင်းတောရင်းနဲ့ ဘဲ မြန်မာ M ရောက်လာပါတယ် ရှေ့ မှာ မလေးတို့  မော်လဒိုက်တို့  ဖြစ်ပါတယ် ပြီးတော့ မှ ထွက် လာပြီ မြန်မာပါတဲ့ ခင်ဗျား ပထမဦးစွာ တွေ့ ရတာက အလံပါ … ကျနော်တို့ ရဲ့ နိုင်ငံတော်အလံ ဟာ ကျနော့် မျက်လုံးထဲမှာ တမျိုး ဖြစ်နေပါတယ်။ ဟုတ်ပါတယ်။အရောင်တွေ ဗေဒင်တွေ အကြောင်း နားမလည်ပေမဲ့ ရန်ဘက်အရောင်တွေလိုဖြစ်နေ တယ်ထင်မိပါတယ်။ ကြယ် ကိုတော့ ပိုဆိုးပါတယ် လုံးဝမကြိုက်ပါဘူး ။ စိတ်မသက်မသာဖြစ်ရပါတယ်။
ကဲ အမိနိုင်ငံတော်လာပြီဟဲ လဲဆိုရော ဆွေမျိုးပေါက်ဖော် တရုပ်ကြီး မှာရှိတဲ့ ဆွေးမျိုး တစု ရဲ့ လက်စွမ်းပြလိုက်တဲ့ တီးလုံး ကတော့ ရဲဘော် မသေ သေသော်ငရဲ မလားပြီ ဆိုတဲ့ တီးလုံးဖြစ်နေလို့ ပါဘဲ။ကျနော်မှာ ရှိနေတဲ့ သည်းခံနိုင်မှုတွေ အား လုံး ပျောက်ဆုံးသွားပါတော့တယ်။ဘယ်နှယ်ဗျာ ဖြစ်မှ ဖြစ်ရလေ။ မြန်မာ့ အားကစားအဖွဲ့ နဲ့ ရဲဘော် မသေသေသော် ငရဲမ လား တီးလုံးနဲ့ တာနဲ့ က နည်း နည်းလေးတောင်မှ မပါတ်သက်ဘူး လေ။ မသကာ(လွှမ်း လွှမ်း မလွှမ်းလွှမ်း) မြန်မာ အား ကစားကမ္ဘာ ကို လွှမ်းစေရမည် သီချင်းဆိုရင်တော်သေးတယ်။ရှက်လို့  ထင်ပါတယ်နော် ။မနှစ်က အရှေ့ တောင်အာရှမှာ တောင် အဆင် ၈ ဘဲ ချိတ်တာလေ။နောက်မှာ က ကမ်ပူချား ဘရူနိုင်း တီမောတို့ ဘဲ ရှိတော့ တာ
( နောက်ဆက်တွဲ …………….တချိန်တည်းမှာပင် တီဗီပါ ချာနယ်ပြောင်းပစ်လိုက်ကြောင်း၊အမှန်မှာ မလိုအပ်ကြောင်း ၁ မိနစ် ခန့် သာ ဖြစ်ကြောင်းနောက်မှ သိရ) ဆိုတော့ က မြန်မာနိုင်ငံမှာ ဘာလေးဘဲလုပ် လုပ် ရဲဘော်မသေ သီချင်းတွေ မဆီ မ ဆိုင် သူ့ နေရာနှင့် သူမရှိဘဲ လွမ်းမိုး နေသရွေ့ တော့ မြန်မာနိုင်ငံ နဲ့  လူမျိုး တွေ့ ရဲ့ အနာဂတ်တွေ ကမှေး မှိန်နေ ဦးမယ် လို့  စဉ်းစားမိတဲ့ အကြောင်း ကို အမကြီး လမင်းခင်ရဲ့ ဘလော့ကနေပြီး ရင်ဖွင့် လိုက်ရတာ ပါ။

သားဖြိုး

မြ၀တီစစ်ဘေး စတုထ္ထနေ့ ပြည်သူ့ အခြေအနေ

Thursday, November 11, 2010




လူထုတိုက်ပွဲကော်မတီဝင်များဖြစ်သည့် ရှင်ဇ၀န ကိုယဉ်ထွေး မမိုးကလျာဦး (စာရေးဆရာမ ခင်ငြိမ်းသစ် ) တို့ က သောင်ရင်း
မြစ်ကမ်းနဖူးမှ မြ၀တီသို့ မပြန်ရဲသော ပြည်သူ တချို့ အား ထမင်းထုတ်သွားရောက်ဝေငှခဲ့သည် ။

မြ၀တီ စစ်ဘေး တတိယနေ့  ပြည်သူ့ အခြေအနေ

Wednesday, November 10, 2010





ပြည်သူတွေ ထိုင်းဖက် ကမ်း က စက်ရုံ နဲ့ ဘုန်းကြီးကျောင်းတွေ မှာ ပုန်းနေတာပါ သူတို့ ပေါ်တာကြောက်တယ် ထပ်ပစ်မဲ့
အခြေအနေရှိတယ် ဆိုပြီး မပြန်ရဲ ကြဘူး တဲ့ ။ ပုံမှာ တွေ့ ရတဲ့ ဆရာတော်က တော့ ၁၄နှစ်ကျော် အကျဉ်းကျခဲ့တဲ့ နိုင်ငံ
ရေးအကျဉ်းကျဆရာတော် ရှင်ဇ၀န ဖြစ်ပါတယ် လူထုတိုက်ပွဲကော်မတီရဲ့ ဦးဆောင်ကော်မတီဝင် တစ်ဦးလည်းဖြစ်ပါတယ် ။

မြ၀တီစစ် ဒုတိယနေ့  မှာလည်း ပြည်သူတွေ ဒီဖက်ကမ်းပြေးလာနေဆဲပါပဲ

Tuesday, November 9, 2010







လူထုတိုက်ပွဲကော်မတီဝင်များ သောင်ရင်း မြစ်ထဲ ထိ သွားရောက် ကူညီစောင့်ရှောက်ပေးနေသည်။

လူထုတိုက်ပွဲကော်မတီ ဦးဆောင်ကော်မတီဝင် ဒေါ်စန်းစန်း မှ မြ၀တီစစ်ဘေးဒုက္ခသည်များအား လှူတန်းစဉ်

Monday, November 8, 2010








မြ၀တီကနေ ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေ ဖြစ်ပါတယ် ကျမတို့  တတွေ နိုင်တဲ့ ဝန်နဲ့  ထောက်ပံ့ ကူညီနေကြတယ်
လူထုတိုက်ပွဲ ကော်မတီက အဖွဲ့ ဝင်တွေ ခေါင်းဆောင်တွေ ကလည်း အချိန်အခါမလတ် စောင့်ကြည့်ကူညီနေကြပါတယ် ။

မြ၀တီတိုက်ပွဲကြောင့် ထိုင်းဖက် ထွက်ပြေးလာသောမြန်မာများ

Sunday, November 7, 2010

မြ၀တီ တွင် တိုက်ပွဲ ဖြစ်နေ ပါသည် မြန်မာပြည်ဖက် ခြမ်းမှ ထွက်ပြေးလာသော ပြည်သူလူထုအားထိုင်းစစ်တပ်မှ
ဂရုတစိုက် ကူညီ ခေါ်ဆောင်ပေးပြီး လုံခြုံ မည့် ထိုင်းစစ်တပ်ဝန်း အတွင်းသို့  ခေါ်ဆောင်သွားသည်ကို မျက်မြင်
တွေ့ ရှိရပါသည် ။ မိမိတို့ ပြည်သူလူထု အား လူသားဆန်စွာကယ်တင်နေသည့်ထိုင်းစစ်တပ်၏ ကူညီမှု ကို အထူး
ကျေးဇူးတင် ပါသည်။







မဲဆောက် မြို့ မြူနီစပယ် ရုံး ရှေ့ ပန်းခြံရှေ့တွင် နအဖ ပြုလုပ်နေသည့် ရွေးကောက်ပွဲအားသပိတ်မှောက်ကြွေးကျော်နေကြ

Saturday, November 6, 2010



မပျော်တဲ့မွေးနေ့ 

Thursday, November 4, 2010

မွေးနေ့  ရောက်လာပြန်ပြီ --ထောင်ထဲမှာလို အော်ဟစ်ပြီးသီချင်းတွေ ဆိုလိုက်ချင်တယ် ။အိမ်ပြန်ချင်တယ် --၀ူးးးးးးးး
ဆိုပြီးလေ --တကယ်ပြန်ချင်တာရောက်ပြီး လပိုင်းထဲကပါ ရက်ကြာ လာတော့ ပို ရင့်လာတာပေါ့ ထောင်စကားနဲ့ ပြော
ရရင် လွတ်ကြောင် ခု ကျမစကားနဲ့ ပြောရင်တော့ ပြန်ကြောင် ပေါ့ ဟဟ အသက်ကြီးမှ ပေါတယ် မထင်ကြပါနဲ့ 
စောစောက ဦးဇင်း ကပြောတယ် ဒကာမ ၃၈ နှစ်ပါနော် တဲ့ ၈၃ ဟုတ်ဘူး မို့ လားတဲ့ - ကျမနဲ့ ရင်းနှီးသူတွေက နားမခံ
သာလို့ ကျမ ကို တဗစ်တောက်တောက်အဖွါးကြီးလောက် ကိုပြောချင်ကြပါတယ်။
ကျမကလည်းကျမပဲ ရင်ထဲ မထားတက် ဘယ်အခြေအနေပေါ်မှာမဆို ပြောလိုက်ရ လုပ်လိုက်ရမှ အသက်ရှုဖြောင့်သူ
မဟုတ်လား ဒီတော့ အပြောခံရပြီပဲပေါ့ --
ပြဿနာမရှိပါ ခင်မင်လေးစားသူတွေ ဘယ်လိုပဲ ပြောပြော ကျမ သဘောတော်ကျပါသည် ။သို့ ပေမဲ့ အိမ်ပြန်ချင်သည်။
တော်လှန်ရေးမပြီးမချင်း မပြန်ရနိုင်တာကို သိပေမဲ့ အဖေ သက်ရှိထင်ရှားရှိနေတဲ့ မကျမ်းမာတဲ့ အဖေ မပြေလည့်ပြေလည်
လုပ်ကျွေးနေရရှာ တဲ့ ညီမ လတ် တို့ ကို ခန တော့ ပြန်ကြည့်ချင်ပါတယ် ဒါပေမဲ့ --ယုံကြည်ချက်နဲ့ မာနေတဲ့ ဦးခေါင်းက
တော့ဘယ်တော့မှ မပျော့ပါ။လျော့မည်လည်း မဟုတ်တာကြောင့် ဒီလိုပဲ တဗျစ်တောက် တောက် နဲ့  ၈၃နှစ်ထိအောင်ပဲ
ဒီလမ်းမှာလျောက်နေရရဦးမလား---
ဘလော့ရေးဖို့  မအားပေမဲ့ မွေးနေ့  ကို တော့ အမှတ်တရ ရေးထားဦးမှ ပါလေ လို့ တွေးမိတာ က ဒီနေ့  ကျမ ၃၈ နှစ်
ပြည့်တာ သာမာန် ထက် ကျမ ပို ခံစားရတာ က ကျမ ကို မွေးတဲ့ မိခင် ကို သနားနေမိတာပါပဲ။မေမေ က ကျမ လောက်
သက်တမ်းတောင်လူ့ လောကမှာ မနေသွားရှာဘူး မေမေ ဆုံး က ၃၈ နှစ် ထဲမှာ ဆိုတော့ ၃၈ နှစ်ပြည့်အောင် မနေသွား
ရှာတဲ့ အမေ ရဲ့သမီးကြီးက ခု ၃၈ နှစ်ပြည်ြ့ပီ မို့ ပါ။
ပြီးတော့ ကျမ ကလူလောကကြီးကို ရဲရဲရင့်ရင့် ရင်ဆိုင်ရဲအောင် မွမ်းမံ ပေးခဲ့တဲ့ ဖေဖေ သိတ်ကိုသတိရပါတယ် ဖေဖေ
က အန်တီစု နဲ့  တခုနှစ်ထဲ မွေးတာ ဒါပေမဲ့ ကျမ်းမာေ၇းက မကောင်းလေတော့ ပြန်တွေ့ ကြရပါ့တော့မလားလို့ လေ -
လက်လျော့တဲ့လေသံတော့ မဟုတ်ပါဘူး အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်ခံစားမှုပါ ။
ပြုစုပျိုးထောင်ပေးခဲ့တဲ့အဖွါး မိခင်ရဲ့ မေမေ နဲ့ ထောင်ထဲဝင်တိုင်းအချုတ်ထဲ ခေါ်ခံသွားရတိုင်းဘယ်နေရာကို ရောက်
ရောက် စားသောက်စရာတွေ နဲ့  ရုံးကနား တွေ ကို လိုက်ပေးခဲ့တဲ့ အဒေါ်တွေ ညီမတွေကလည်း ကျမကို ဘယ်အချိန်
မှပြန်နိုင်မလဲ မျော်လင့်နေကြမှာ နားလည်ပေမဲ့ မပြီးသေးတဲ့တော်လှန်ရေးအတွက် ဒီတစ်သက်ပေးဆပ်ချင်ပေးဆပ်
လိုက်ရပါမယ် လို့ ပေါ့။
မေမေက ကျမ ကို လယ်ဝေးဆေးရုံ မှာ ဗိုက် (ရ)ရက်နာပြီးမွေး တာတဲ့လေ ဘယ်လောက်တောင် အသက်ပြင်းပြီး
အမေ့ ကို နာကျင်စေလဲ ခုလည်း မိသားစုတွေ ရင်ထဲမှာ ဂုဏ်ရှိ လို့ ပီတိတွေ ရနေပေမဲ့ အဖေနဲ့ အဖွါးရဲ့ နှလုံးတွေ
ကျမကို သတိရမိတိုင်း တဆစ်ဆစ် နာနေမှာ -ဒါ့ကြောင့် အိမ်ပြန်ချင်တယ် --- ပြန်မလာနိုင်တဲ့ လမ်း မဟုတ်တာ
တော့ အဖေ တို့ နားလည်ကြမှာပါ - ပြန်လာနိုင်တဲ့ လမ်းကို ပြန်မလာသေးတာကိုက ယုံကြည်ချက် ကို ဘယ်နေရာ
မှာမှ မမြုတ်နှံ နိုင်လို့ ပါ - အာဏာရှင် စနစ် ကို ပြောင်းလဲ လာအောင်လုပ်ပြီးမှ သမီးပြန်ခဲ့မယ် အဖေ --အဖေမျော်
နေတာ သိပေမဲ့  အခြား မိဘတွေ နဲ့ ထပ်တူ စနစ်ဆိုးအောက် က သားဝေးသမီးဝေး ဒဏ်တော့ အဖေခံနိုင်မှာပါ
လို့ ယုံကြည်ပါတယ် --သမီးကို မွေးဖွါးပေးတဲ့ အမေနဲ့ အဖေ ကို ကျေးဇူးအရမ်းတင်ပါတယ် ။

အနန္တငါးပါး ကို ကာယကံဝစီကံမနောကံ နဲ့ ကန်တော့ပါတယ် ။
-----------------------------------------

မြန်မာနိုင်ငံအလံ အပြောင်းအလဲ ကြောင့် မုန်တိုင်း တိုက်ခိုက်

Friday, October 22, 2010

စစ်အုပ်စု က ၂၀၀၈ အခြေခံဥပဒေပါ အလံ ကို မနေ့ က တင်လိုက်တယ် လို့ သတင်းကြားတော့ စိတ်ထဲ မှာသောက်ပေါတွေပဲ
ဆိုပြီးအာရုံသိတ်မရှိပါဘူး ဒါပေမဲ့ သုံးရောင်ခြယ် ကို အခြေခံ တာကို တော့ မတန်မရာ လို့ တွေးမိတယ် အ၀ါရောင်ဆိုတာ က ဘာသာရယ် သာသနာရယ် ပညာရယ် အစိမ်းရောင်ဆိုတာ ကစပါးဆန်ရေ ရွေငွေ အနီရောင် ဆိုတာကတော့ ရဲစိတ်ရဲမာန် တွေရဲ့
သင်္ကေတ ဆိုတာ နဲ့  စစ်အုပ်စု လက်ရှိ သွားနေတဲ့ မူနဲ့  လားလားမှမအပ်စပ်ပါဘူး ဒါ့ပြင် ပြည်ပ မှာ ဖွဲ့ စည်းထားတဲ့ အဝေး
ရောက်ညွန့် ပေါင်းအစိုးရ ၁၉၉၄ ထဲ က သတ်မှတ် ခဲ့ တဲ့ အလံ လည်းဖြစ် ပြန်ရော ဒီတော့ စစ်အုပ်စု ဘာကို ဘယ်လို ရည်
ရွယ်ပြီးလုပ် သလဲ လို့  မမေးချင်ပေမဲ့  သိနေတာ ကတော့ ယတြာ တွေ နဲ့  တိုင်းပြည် ကို ကမောက်ကမ ဖြစ်အောင်လုပ်နေ
တော့တာပါပဲ အနီရောင် အခံ ကို ဖက်ဆစ်ဂျပန်တော်လှန်ရေး ကာလထဲ က ကြယ်ငါးပွင့် နဲ့  တော်လှန်ရေး အလံ (ဗမာ့အလံ)
ဖြစ်ခဲ့တယ် တိုင်းနဲ့ ပြည်နယ် ၁၄ ခုနဲ့ တောင်သူလယ်သမားအလုပ်သမားကို ရည်ညွန်းပြီး အနီ ခံ ပေါ်က မြန်မာ အလံဟာလည်း
ဘယ်သူလုပ်ခဲ့ လုပ်ခဲ့ မြန်မာတွေ ရင် ထဲ ဆွဲ မြဲနေဆဲပါ ဒါကို ရုရှား တရုတ် တို့ ကို အတုခိုးပြီး နိုင်ငံအလံ ကအစ ကမောက်
ကမ လုပ်နေတာ ကတော့ဒီရာဇ၀တ်ကောင်တွေ စစ်ရာဇ၀တ်ခုံရုံ တင်တဲ့အခါ အလံတော်ကို ဆော်ကားမှု ပါထဲ့ သွင်းရပါလိမ့်မယ်
ဒီမှာ မြန်ာမာပြည်သူတွေရဲ့ အသိဥာဏ်လေး မြင့်မားပုံတွေ တာကို လက်ဆင့်ကမ်းချင်ပါတယ် ကျမဆိုင်မှာ ဈေးဝယ်နေကျအမျိုး
သမီးတစ်ဦးက အမရေ နိုင်ငံတော်အလံ ကို စစ်တပ်က မီးပုံရှို့ တာ အမ သိလားတဲ့ ပြောပါဦးအမ ဘယ်လိုလဲ လို့ ကျမ သူ့ 
အမြင် ကို သိလိုတာနဲ့ ဆက်မေးလိုက်တော့ အစိုးရက အလံ ပြောင်း လိုက်ပြီတဲ့ အမ ရေ ပြောင်းချင်ပြောင်းပေါ့သူတို့ လုပ်ချင်
သလို လုပ်နေတာ ပဲ ဒါပေမဲ့ အရင် အလံ ကိုမီးပုံရှို့ လိုက်တာတော့ အတော် မိုက်ရိုင်းတာပဲ လို့  ပြောပါတယ် အဲလို ကျမကို
လာပြောပြတဲ့ အမျိုးသမီး က မုန့် ဟင်းခါးရောင်းတဲ့ သာမာန် ကျေးရွာ က တစ်ယောက်ပါ ။ကျမကသူ့ စကားကိုထောက်လိုက်
ပါတယ်။ အခြားလူတွေ ကောအိုက်သတင်းကို သိလား အမ ဆိုတော့ သူများတွေ ပြောလို့  အမ သတင်းကြည့်တာ အံမယ်လေး
ညီမရေ အမ တို့ တင်မက အားလုံး က အစိုးရ မကောင်းတာ သိတယ် မပြောရဲတာ ပြောလိုက်ရင် သူတို့ မတရားလုပ်လို့ ကိုယ်
လည်း တော်ကြိုအုန်ကြားမှာ လူဖြစ်ခဲ့လို့ ညီမတို့ လို သာ မြို့ မှာ နေခဲ့ ရရင် ထောင်ထဲ ခန ခန ရောက်မှာပဲ တဲ့ ---
ဒါ့ကြောင့် မြန်မာပြည်သူတွေ ဟာ အချဉ် မဟုတ်ပါ ခု ပြောပြသွားတဲ့ အမျိုးသမီး ကို ကျမ နိုင်ငံရေးစကား တခွန်း မှမပြောဖြစ်
ပါ သူတို့  အသိတွေ မနည်းတာကို သိရခြင်းအားဖြင့် ဒီစစ်အုပ်စု တနေ့  ခွေးကျ ကျမှာ အသေအချာပါ ။ ခု လည်း ကျမ
နေတဲ့ ပတ်ဝန်းကျင် က လူတွေ က တီးတိုးပြောနေကြတယ် မင်းအစိုးရ မတရားလုပ်သမျှ ပြည်သူတွေ ပဲ ခံ နေရပြီ တိုင်းပြည်
အုပ်ချုပ် တဲ့ သူတွေ တရားသဖြင့် မအုပ် ဘူးဆိုရင် ရာသီဥတုဖောက်ပြန်တယ် တဲ့ ခုပဲ ကြည့်လေ မနေ့  နိုင်ငံတော်အလံ ကို
မီးပုံရှို့ တာ စစ်အစိုးရဆိုတော့ ဒီနေ့  မြန်မာပြည်ကို မုန်တိုင်းဝင်တော့တာပဲ တဲ့ - မြန်မာ့နိုင်ငံအလံ အပြောင်းအလဲကြောင့် မုန်း
တိုင်းဝင်နေပါတယ် ဆိုတာ နိုင်ငံရေး တော်လှန်ရေး အင်အားစု ကမပြောပါ အခြေခံ ပြည်သူလူထုက ဝေဖန် ပြောဆိုနေကြပါပြီ
ဖြစ်ကြောင်းတင်ပြ လိုက်ပါတယ်။

မေအိခင် (လယ်ဝေး)

ခေါင်းဆောင်အပေါ်ဘယ်လို သစ္စာရှိမလဲ (၃)

Wednesday, October 20, 2010

စစ်အုပ်စုက သူ့ ရဲ့ Rood Map အတိုင်း ရွေးကောက်ပွဲ ဆိုတဲ့ အဆင့်ကို ရောက်လာပြီ သူတို့ လုပ်ခဲ့တဲ့ညောင်နှစ်ပင်ရဲ့ အဖြေ ကို ၂၀၀၈ နာဂစ် မှာ အကောင်အထည်ဖေါ်လိုက်ပြီ ကဲ ကျမတို့  ဘာဆက်လုပ်မလဲ ? အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်
ဘာလုပ်မလဲ ?
နိုင်ငံတကာ အသိုင်းအ၀န်းနဲ့ တော်လှန်ရေး အင်အားစုရဲ့ စိတ်အ၀င်စားဆုံးအခြေအနေ ပြီးတော့ မြန်မာပြည်သူလူထုထဲက မျက်စိ
နားဖွင့်ထားနိုင်တဲ့ ပြည်သူတချို့ ရဲ့ အာရုံစိုက်မှု အဲဒါတွေ က အဖွဲ့ ချုပ် ကြီးပေါ်မှာ စုပြုံကျနေပြီ။ကျမတို့ ကလည်း အဖွဲ့ ချုပ်
သာ ရွေးကောက်ပွဲ ကို မှတ်ပုံတင်ခဲ့ရင် ၂၀၀၈ အခြေခံဥပဒေကိုသာသွားပတ်သတ်ရင် ကျမ တို့ ကိုယ်တိုင် အဖွဲ့ ချုပ် ကို ကန့် ကွက်ချုံ့ ချမယ်ပေါ့ ယုံကြည်ထားတဲ့ အချက်တခု က ဦးဝင်းတင် ပဲ သူ့ ကို ကျမတို့ အားကိုးအားထား ပိုကြီးမားလာတယ် သူက တိုက်စစ်မှုးနေရာ မှာရှိ တယ။် ဘဘဦးဝင်းတင်ရယ်လို့  ယုံကြည်
ခဲ့တာ သူထောင်က ထွက်တဲ့ အချိန်မှပါ ။ ကျမနဲ့ ဘဘ ရင်းနှီးမှု တခါမှမရှိခဲ့ပါဘူး ၁၉၈၉ တုန်းက ဘဘတို့ ကို စစ်ခုံရုံး
ထုတ်ချိန် ကျမ ကပြန်လွတ်လာချိန် နဲ့ တိုက်ဆိုင်တော့ ဘဘတို့ ခုံရုံးတင်စစ်နေတာ ကျမတို့ သွားကြည့်ကြရပါတယ် ကိုစိုးသိန်း (စစ်ကိုနိုင်) မသူဇာတို့ နဲ့  အမှုတွဲပြီးစစ်နေတာပေါ့ အဲဒီ့ မှာ ထောင်ရဲ့ စစ်ခုံရုံးမှာ သာမြင်ဖူးပြီး ခု ချိန် ထိ ဓါတ်ပုံ တွေ မှာ
သာကြည့်ခွင့်ရတာပါ ဒါပေမဲ့ နေ့ တဓူဝအမြဲ ထိတွေ့ ဆက်ဆံ ခဲ့တဲ့ စီအီးစီ တွေကို(ဦးတင်ဦး၊ဦးကြည်မောင်မှလွဲ၍) ကျမ ဘာ့ကြောင့် အားကိုးအားထားမှု မရှိခဲ့တာလဲ မေးရင် တခါမှ မမျော်လင့်ခဲ့ဖူးလို့ ပါ။ သူတို့ က စွမ်းဆောင်ရည် ညံ့သူတွေမဟုတ်
မှန်းသိပါတယ် သိပေမဲ့ တကယ် တိုက်စစ်မှူးနေရာ စစ်သူကြီးနေရာ မှာ ဒီပုဂိုလ်တွေ မစွမ်းသာဖူးလို့ နားလည်ခဲ့လို့ ပါပဲ ။
ဒါကတော့ ဘဘဦးဝင်းတင်ဆိုတဲ့ပုဂိုလ်အပေါ် ပုဂိုလ်စွဲ မရှိခဲ့ပဲ ယုံကြည်အားထားကြောင်း တင်ပြမှုပါ ။

အဖွဲ့ ချုပ် က ၂၀၀၈ အခြေခံဥပဒေ တရားမမျှတတာ ရွေးကောက်ပွဲ ကို ထပ် မှတ်ပုံတင်စရာမလိုတာကို ပြောင်ပြောင်တင်းတင်း ဦးဝင်းတင် က စပြောနေပါပြီ ဒေါ်အောင်ဆန်းစုကြည် ဘယ်သူ့ ဘယ်ဝါ့ ကိုမှမညွန်ကြားပါဘူး ဦးဝင်းတင်က သူလုပ်ရမဲ့ သမိုင်း
သူလုပ်သင့်တဲ့ အမှန်တရားကို ဘယ်သူ့ ညွှန်ကြားချက်မှ မပါပဲ ရဲရဲပြောနေတဲ့အခါ ဦးဝင်းတင် က ဒေါ်အောင်ဆန်းစုကြည်
မဟုတ်တဲ့ အတွက် အသံတစ်သံတည်းထွက်မလာခဲ့ပါဘူး ။ ပြည်ပကတော့ အော်တာပေါ့ ရဲရဲတောက် တွေ အပမ်းကြီးတဲ့ စွန့် စားရမှူမျိုးမှမဟုတ်ပဲ ။
ဒေါ်အောင်ဆန်းစုကြည် ဟာ စကားတွေ ကို ပါးပါးနပ်နပ် နဲ့  သူ့ အမြင်နဲ့ ယုံကြည်ချက်တွေ လက်ဆင့်ကမ်းရင်းကနေ ဘူးသီး တစ်လုံးကို အမျိုးသမီးအဖွဲ့  ကို ပေးလိုက်ပါတယ် ။ အယူအဆမျိုးစုံ နဲ့  အငြင်းပွါးနေရတဲ့ NLD တွေ လည်း သဘောပေါက်သွားတယ် ရွေးကောက်ပွဲ မှတ်ပုံတင်ဖို့ ပြင်ဆင်နေတဲ့ ဦးအောင်ရွှေလည်း ပါးစပ်ပိတ်သွားတယ် ။မတ်လ (၂၉) ရက် နေ့  NLD ရဲ့ အဆုံးအဖြတ် ဟာ NLD ပါတီဝင်ဖြစ်ခဲ့ရတဲ့ တလျောက် မှာဂုဏ်သိက္ခါ
အရှိဆုံး နဲ့  အခြားတော်လှန်ရေး အင်အားစုကြားမျက်နှာ မငယ်ရဆုံး နေ့  တနေ့ အဖြစ် ကိုယ်ကိုယ်တိုင် ကြည်နူးကြေနပ် ခဲ့ရတယ် ။


NLD မှတ်ပုံမတင်ဘူး ရွေးကောက်ပွဲ မ၀င်ဘူး ဆို တဲ့ သဘောထားတစ်ရပ်ရဲ့နောက်ဆက်တွဲ မှာ ကျမ တို့ ဘာလုပ်ကြမလဲ ပြည်ပ က လူတွေ ဘာလုပ်နိုင်ခဲ့လို့ လဲ နိုင်ငံတာကာ က ချုံ့ ချ ကြောင်း ၀မ်းနည်းကြောင်း သတိပေးလိုက်ကြောင်း တရားမျှတ ဖို့ တိုက်တွန်း ကြောင်း ဆိုတာ တွေ အတွက် ပေးခဲ့ လိုက်ရတဲ့ အချိန်တွေ အဲဒီအချိန်တွေ နဲ့ အတူ ပျက်ဆီးသွားကြတဲ့ စိတ်ဓါတ်တွေ စာရိတ္တ ၀ါရိတ္တ တွေ ကိုယ်ကိုယ်တိုင် (၆)နှစ်လုံးလုံးလေ့လာခွင့်ရခဲ့တဲ့ ပြည်ပနိုင်ငံရေးဟာ အပြောင်းအလဲ တစ်ရပ် ကို မဖန် တီးနိုင်ဘူးလို့  လုံးဝဥဿုံ ယုံကြည်လာခဲ့ပါတယ် ။ နည်းနာ ပံ့ပိုးနိုင်မှု အထောက်အပံ့ ပံ့ပို့ နိုင်မှု ရှိ ခဲ့ပေမဲ့  လက်တွေ့ မှာ အခွန်အကောက် ပေးနေတဲ့ အဆင့်လောက်သာ မြင်ရပါတယ် ။ ဒီတော့ ကျမတို့ လုပ်ရမှာဘာလဲ ?

ကျမတို့ ရည်ရွယ်ချက်တွေ ဘယ်လို သယ်ဆောင်နိုင်မလဲ ကျမတို့ ခေါင်းဆောင်မျော်လင့်တဲ့ ပြည်သူတွေလွတ်မြောက်ရေး ပန်းတိုင်
ဘယ်မှာလဲ မေတ္တာတရားကြီးမားတဲ့ ခေါင်းဆောင်အပေါ်ဘယ်လို သစ္စာရှိကြမလဲ ဒီတော့ ပန်းတိုင်ကို သယ်ဆောင်နိုင်မဲ့သူဟာ့ ကျမတို့  ဟုတ်ခွင့် မရခဲ့ ဘူး လေ့လာစူးစမ်းမှုအားနည်းစွာပဲ ပြည်ပ ကို ထွက်လာခဲ့မိတယ် ။ဘယ်သူတွေ ဘာလုပ်နေတယ် ဘာလုပ်သင့်တယ် ဘယ်နေရာကဖြင့် ဟာကွက် ဘာဖြစ်နေလဲ ဆိုတာ ကို တော့ ဘောလုံးပွဲ ကို ကောင်းကောင်း ကြည့်တက် နားလည် သူတစ်ယောက် ကိုယ်တိုင်ဘောလုံးကန်ဖူးသူတစ်ယောက်အနေနဲ့ ထင်သာမြင်သာ ကို ရှိလာတယ် ။ဒီတော့ ဘာလုပ်သင့် တယ် ဘာလုပ်ရမယ် ဆို တာပြတ်ပြတ်သားသား အကြံပြုတိုက်တွန်းခဲ့တယ် ။ကျမလုပ်နိုင်တာ ဒါပဲ ဒါ ကို ရှင်းရှင်းလေးဝန်ခံတယ် ဒီအကြံပြုမှုဟာ ပြည်သူ့ အစိုးရဖွဲ့ ဖို့ ပဲ ပြည်သူ့ အစိုးရဆိုတာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီတွေ NLD အပါအ၀င် CRPP ခေါင်းဆောင်များ ပါဝင်တဲ့ လူထုအစိုးရ ဒီအစိုးရသာလျှင် တိုင်းပြည်ကို ပြောင်းလဲနိုင်မယ် ။ဖမ်းဆီးရင် လူထုအားအပြည်ပြည်ဆိုင်ရာ ဖိအားကို သယ်ဆောင်နိုင်မယ် ။သူတို့ မှလွဲ၍ မည်သူမဆို ပါလီမန်ပဲ ပြောပြော အစိုးရပဲ ဆိုဆို ဘာဆိုဘာမှထူးခြားပြောင်းလဲ မှာ မဟုတ်ပဲ ငွေနဲ့ အာဏာ ပေါ်မှာသာလုံးလည်ချာလည်လိုက်နေမဲ့ မဟာဗျူဟာမြောက်အဓွန့် ရှည်တော်လှန်ရေးလမ်းစဉ်ပဲ ဖြစ်ပါလိမ့်မယ်။ဒါ့ကြောင့် ကျမလုပ်နိုင်တာ က ကျမ တိုက်တွန်းတယ် အကြံပေးတယ် လမ်မှန်ကမ်းမှန်ထောက်ပြတယ်။ကျမတို့ ကိုယ်တိုင်လည်း ကလေးဘ၀ထဲ က ပါတီ ရဲ့ ညီလာခံခေါ်ရေး ကိစ္စမှာအချုတ်ထဲဝင်သွားရတယ် ၀င်သင့်ရင် မည်သူမဆို ပြည်သူအတွက် ထပ် ထပ် ရင်းရပါမယ် ။ ကျမက အပြင်မှာနေပြီး အာတယ် လို့ ပြောကောင်းပြောမယ် သေချာတာ က ကျမ အမတ်လုပ်မှာ ကျမသမ္မတလုပ်မှာမဟုတ်ဘူး ကျမတို့ က မန်းဒိတ်ပေးထားတဲ့ အဲဒီ့ ကိုးဆယ် အနိုင်ရပုဂိုလ်တွေသာလျှင် တိုင်းပြည်ကို
အုပ်ချုပ်ရမှာမို့ တိုက်တွန်းနေတာပါ တိုက်တွန်းခြင်း တိုက်တွန်းမှပြုလုပ်တဲ့ ကောင်းမှုမကောင်မှုဆိုတဲ့ သသင်္ခါရိက တရား ဆိုတာ လည်း ဘုရားဟော မှာ ရှိနေ လေတော့ ဖြစ်ကောင်းဖြစ်ရဲ့ ပေါ့ ။စေတနာ ဇောတွေ နဲ့  ကျမတို့ အလုပ်လုပ်ခဲ့ပါတယ် ။
ကိုယ်တိုင်လည်း နက်ဖန် ထောင်ထဲ ၀င်ရမှာ သိသိ နဲ့  လုပ်သင့်တယ် လုပ်ရမယ် မြင်သမျှ တစ်ကြိမ်မကရင်ဆိုင် လုပ်ကိုင်ခဲ့
ပါတယ် ။အန္တယယ်ကြီးတာ ကို တိုက်တွန်းရကောင်းလား ဆိုပြီး ဒေါမနဿပွါးနေသူတွေ ကိုလည်း နားလည် နိုင်ပါတယ်သူတို့ တွေ လည်းစေတနာ ဇော တွေ ဖြစ်ကောင်းရဲ့ပေါ့ လေ ။

ခုတော့ ရက်ကနီးကပ်လာလေ စိုးထိပ်မှုတွေ က ကျမတို့ မှာ ပို ပို လာလေပါပဲ ။မြန်မာပြည်ရဲ့တော်လှန်ရေးသမိုင်းတစ်လျောက် ပြန်ဆန်းစစ်ရင် လွယ်လွယ် နဲ့ ရခဲ့ တာ ဘာကို ဘာမှမရှိခဲ့ပါဘူး ။ ဒီထက်ဆိုးတာက နဂိုကရည်ရွယ်ချက်ကောင်းကောင်းနဲ့ တော်လှန်ရေးမှာပါဝင်ရင်း အရူးအမဲသားစားမိသလို မောင်ကျန် တတို့ ဖြစ်ရင်းမက ဖြစ်လာတဲ့ ပရယ်ပိုဇယ် ကိုလိုက်စားသွား
သူတွေ ရဲ့သမိုင်းကွေးခဲ့ရတာတွေ ပေးဆပ်ခဲ့မှုတွေ ရှိခဲ့ရင်တောင်သူတို့ ရဲ့ကျိုးပျက်သွားတဲ့ သိက္ခါတွေအတွက် က နှမျောစရာ အမှန်ပါပဲ ။ ဒီမှာ ကျမ စာရေးရင်တခုသတိရသွားတယ် ထောင်ထဲ ကအသုံးအနှုန်းလေးပါ သိက္ခါ ကိုရိက္ခါနဲ့ လဲကြသူတွေ တဲ့  ဒါကို ခုချိန်မှာ ထင်သာမြင်သာတွေ့ လာတော့တယ် ဒီတော့ ကျမ တို့ တော်လှန်ရေးအတွက် ခလုပ်ကသင်း တစ်ရပ် လို့  ကျမယုံကြည်လာတယ် ရီပို့ တွေ ဓါတ်ပုံအထောင်အထားတွေ တောင်းဆိုနေတဲ့ ဒိုနာ တွေ ကိုလည်း လွန်ခဲ့တဲ့ သုံးနှစ်ထဲ က ကျမ မြင်ပြင်းကပ်လာတယ် ဖိုက်တာ တွေ လို့  ကျမတို့ ခေါ်တဲ့ ရဲရင့်တဲ့ လူငယ်လေးတွေ ကလည်း ဖိုက်တာ အစား ရီပိုတာ တွေ ဖြစ်လို့ နေပါလားပဲ ဒါကို ကျမတို့ လက်ပိုက်ကြည့် လို့ မရတော့ဘူး စစ်အုပ်စု ရဲ့စနစ်တကျ ဖျက်ဆီးခဲ့လို့  စိတ်ဓါတ်တွေ ချွတ်ခြုံကျနေတဲ့ မျိုးဆက်ထဲ က ရှားရှားပါးပါး ထွက်ပေါ်လာခဲ့တဲ့ သူရဲကောင်း အညတြ လေး တွေ ရဲ့ နဂိုမူလ ပိုင်ဆိုင်ခဲ့တဲ့ ဖြူစင်တဲ့ သတ္တိ ရိုးသားတဲ့ ရဲရင့်မှုတွေ ကို ကျမတို့ ပြန် အရယူကြရမယ် ဒါမှ လူငယ်ကို သိတ်အားကိုးအားထားရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ကျမတို့ ရဲ့ ခေါင်းဆောင် လူထု ခေါင်းဆောင် အပေါ်ကို သစ္စာရှိ ရာ သူ့ ယုံကြည်ချက် နဲ့ ကိုယ်ယုံကြည်ချက်ကို စောင့်ရှောက်ရာရောက်မယ် ။
ခု ကြားနေရတဲ့ အခြေအနေဆိုးမှာ စစ်အုပ်စုကလည်း အဓမ္မ တရားဝင်အစိုးရဖြစ်အောင်လုပ်မယ် တချို့ တချို့ ကလည်း ဒီမိုကရေစီအင်အားစု ရဲ့ သဘောထားပါဆိုပြီး အစိုးရ လုပ်တမ်း ကစားကြဦးမယ် ထိခိုက်နစ်နာ တာက ဘ၀တွေ အချိန်တွေ ရင်ထဲ က ခံစားချက် ပြင်းပြင်းတွေ နဲ့ ရင်းနှီးပေးဆပ်နေရတဲ့ ကျမတို့ တတွေ ပဲ ကျမတို့ တတွေ ဆိုတာ တကယ့်ကို ယုံကြည်ချက် နဲ့ ဒီမိုကရေစီ ပန်းတိုင်ကိုလျောက်နေတဲ့ သူတွေ အားလုံးကိုဆိုလိုတာပါ ။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ကို ကျမပြောလိုက်ပါတယ် ဒီမိုကရေစီအင်အားစု လို့ တော့ အလွယ်မသုံးကြပါနဲ့ လို့  ကျမတို့ အဲဒီထဲ မပါဘူးနော် လို့  ကျမပြောတာရှင်းပါလိမ့်မယ် ။ ကျမတို့ ခေါင်းဆောင်က ကျမတို့ ကို ခိုင်ကြည်တဲ့ စိတ်ဓါတ်တွေ ရှိအောင် သူ့ စကားသံတွေ သူ့ အလုပ်တွေ နဲ့ မွေးမြူခဲ့တာ ပြည်သူလူထုအတွက် ပါ ။ ဘယ်သို့ သော လူတစ်စုအတွက်မှမဟုတ်ပါဘူး ။ ပြည်သူကို ကိုယ်စားမပြုတဲ့ မည်သည့် အုပ်စုကို မဆို တိုင်းပြည်အုပ်ချုပ်ရေးမှာ လက်သင့်ခံမှာမဟုတ်ပါဘူး ကျမတို့ အသက်တွေ ဘ၀တွေ က ၈၈ ထဲ က သေဆုံးမယ်ဆို သေဆုံးပြီးသားမို့  ခုနေရင်းရလည်း ရဲရဲပါပဲ ။ ရလဒ်ကောင်းနဲ့  လက်တွေ့ ကျတဲ့ တိုက်ပွဲတွေ အတွက် ဒီတစ်ဘ၀ကတော့ ပေးဆပ်ပြီးသားပါ ဒေါ်အောင်ဆန်းစုကြည်ပေးဆပ် နေတဲ့ ပေးဆပ်မှု ရဲ့ခြေဖျားလေး တော့ မှီချင်တယ် ။ပြီးတော့ ခေါင်းဆောင် သွားနေတဲ့ လမ်း ကြောင်း အပေါ်မှာ သစ္စာစောင့်သိရမယ် ဘယ်လို စောင့်သိရမလဲ ဆိုတော့ သူ့ ရဲ့ယုံကြည်ချက်အပေါ်သူသစ္စာရှိနေသလို ကျမတို့ နဂိုမူလ တာ စထွက်ခဲ့တဲ့ ယုံကြည်ချက်အပေါ်ကျမတို့  သစ္စာရှိကြရင်ဖြင့် ခေါင်းဆောင်အပေါ်သစ္စာရှိနေ တာပဲဖြစ်လို့  ပါတီလူငယ် တွေ မျိုးဆက်သစ်လူငယ်တွေ မှန်ကန်တဲ့ လမ်းကြောင်း ကို ပဲလျောက်ပါ မှားတာမြင်ရင် ပြောရဲတဲ့ ကန့် ကွက် ရဲတဲ့သတ္တိ ကိုမွေးပါ ဒီနေရာမှာ လူကြီးတွေ ကိုတော့ သိတ်မပြောလို ပါ ယောင်ကြီးလျှင်ငိုက် လူကြီးလျှင် မိုက် ဆို သလို မိုက်ဇာတ်ခင်းနေတာတွေ ဒုနဲ့ ဒေး တွေ့ နေရလို့ ပါ ကျမယုံကြည်တာကတော့ မှန်တာ ကို လုပ်ရဲ မှားတာ ကို ကန် ကွက်ဆန့် ကျင်ရဲ သူများလာသမျှ အောင်ပွဲရမှာ အသေအချာ လို ကျမယုံကြည်ပါတယ် ။ ကဲ သစ္စာတရားကို လက်ကိုင်ထားပြီးရဲရင့်လိုက်ကြစို့ 
မေအိခင်(လယ်ဝေး)

ခေါင်းဆောင်အပေါ်ဘယ်လိုသစ္စာရှိမလဲ (၂)

Saturday, September 25, 2010

၉၆ ကျောင်းသားတွေဟာ လူထုခေါင်းဆောင်ရဲ့နေအိမ် ခြံဝင်း တွင်း ကို ရဲရဲရင့်ရင့် ပဲ ၀င်ထွက် ခဲ့ကြပြီး ဘဘဦးကြည်မောင်
ဦးဆောင်တဲ့ ကျမတို့ စာဖတ်ဝိုင်းမှာ ပါဝင်ခဲ့ကြတယ်။ အန်တီနဲ့ လည်း ထိတွေမှု တွေရှိခဲ့တယ် ဒေါ်အောင်ဆန်းစုကြည် က
၁၉၉၆ ကျောင်းသား တွေ သမဂ္ဂတောင်းနေပြီ ဆိုတဲ့ အခါ ကျောင်းသားတွေက နိုင်ငံရေးမပါဘူးဆိုတဲ့ ကြွေးကျော်မှုအပေါ်
သူနားလည်မှုပေးနိုင်ခဲ့ပြီး ပါတီလူငယ်တွေ ကို တော့ ဗိုလ်ချုပ်တို့ လက်ထက်က လူမိုက်အလိုရှိသည် ဆိုတဲ့ ဆောင်ပုဒ်လေး
ကိုပြောပြခဲ့တယ်။ ပြီးတော့ ဒီကျောင်းသားလှုတ်ရှားမှုမှာ လူငယ်တွေ ပါသင့်လားမပါသင့် ဘူးလားဆိုတာ ကို လူငယ်တွေ
ကိုယ်တိုင်ကိုယ့်ဖာသာဆုံးဖြတ်စေတယ် ။ ကဲ နင်တို့ သွားဆန္ဒပြချေ လို့ ခေါင်းဆောင်က မပြောခဲ့ပါဘူး သူ့ နောက်လိုက်
တွေရဲ့ အရည်အချင်း ကိုလည်း မညံ့ဖျင်းစေခဲ့ပါဘူး ။ ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တဲ့ စကားပေါ်မှာ လူငယ်တွေလည်း
သဘောထားကွဲခဲ့ကြပါတယ် ။ဗိုလ်ချုပ် တို့ ခေတ်က သမိုင်းကြောင်းတောင်မသိတဲ့ ကျမတို့ ထက် အသက်ကြီးတဲ့ တိုင်း
လူငယ် တချို့ ဆို လူမိုက်အလိုရှိတယ် ဆိုတာ ငါတို့ ကို လူမိုက်မလုပ်နဲ့ ပြောတာကွ ဆိုပြီး အရေးအကြောင်းရှိရင် ရှောင်
တိမ်းချင်တဲံသူတွေ တလွဲတွေးပြီး တလွဲ ယူဆခဲ့ကြပါတယ် ။အလုပ်မလုပ်ချင်ရင် ညွှန်ကြားချက် တောင်းကြတယ် ဆိုတဲ့ 
စကားကိုလည်း ညွန်ကြားချက် ရှိမှလုပ်ရမယ် လို့ ယူဆပြီး ၁၉၉၆ ဒီဇင်ဘာ ကျောင်းသားအရေးကို ၀န်းရံခဲ့တဲ့ ပံ့ပိုးခဲ့တဲ့
ရန်သူနဲ့ ထိပ်တိုက်တွေ့ တဲ့ မှောင်မဲ တဲ့ ညနက်ထဲ မှာ ကျောင်းသားတွေ ကို ရောနှောပြီး အားဖြည့်ပါဝင်ခဲ့တဲ့ ကျမ
တို့ ကို အပစ်တင်ခဲ့ကြပါတယ် ။
ခေါင်းဆောင်ကို နေရာတကာ ခေါင်းပုံချချင်သူတွေ က ကိုယ်ပိုင် အစွမ်းအစမရှိသူ လို့ ကျမတို့ ယူဆပြီး ကျမတို့ လုပ်သင့်
တာတွေ ကျမတို့ လုပ်လာခဲ့ကြပါတယ် ။
ကျမတို့ ဟာ ခေါင်းဆောင်ကိုချစ်ရုံသက်သက် ကြည်ညိုလေးစားရုံသက်သက် နဲ့ တော့ ကျမတို့ ရည်မှန်းတဲ့ ပန်းတိုင်ကိုမရောက်
နိုင်ဘူးလို့ ကျမ ကနားလည်တယ် ။သူမျှော်မှန်းတဲ့ ပန်းတိုင်ကို သူကိုယ်တိုင်က ချီတက်ဖို့ ခက်ခဲနေတဲ့အချိန် ပိတ်ပင်တားဆီးခံ
ထားရတဲ့အချိန်မှာ ကျမတို့ က အိုက်ပန်းတိုင်ကို အရောက်သွားရလိမ့်မယ် ဒါဟာခေါင်းဆောင်အပေါ်သစ္စာရှိတာပဲ ။
သူမ မှလုပ်နိုင်တာကိုး တို့ က ဘာမှ မှ မဟုတ်တာလို့  ခေါင်းဆောင်ကိုမြှောက်သယောင်နဲ့  ပုံချချင်သူတွေလည်း ဒုနဲ့ ဒေးပါ။
ဒီမှာ သတိရလို့  ဖြစ်စဉ်လေးတစ်ခု တင်ပြချင်ပါတယ် ၁၉၉၆ အစောပိုင်း ကာလမှာ NLD ညီလာခံခေါ်ဖို့ ပြင်ဆင်မှုအပေါ်
နက်ဖန် ညီလာခံ ခေါ်မယ် ဆိုတာ နဲ့  ညဖက်မှာပဲ ကျမ ကိုလာဖမ်းပါတယ် အင်းစိန်ရဲစခန်းကပါပဲ ။ ကျမကလည်း အပြင်က
အပြန် အိမ်ထဲဝင်ပြီး အခြေအနေမကောင်းဘူး ဒီနေ့ ည လာခေါ်နိုင်တယ်လို အိမ်သားတွေ ကို စကားပြောလို့ မဆုံးခင်မှာ
ရဲကား အိမ်ရှေ့ရပ်တော့ တာပါပဲ ။ ကြိုတင် သိနေတဲ့ ကျမလိုက်သွားပါတယ် ညီမတွေကတော့ အမ ကိုဖမ်းသွားပြန်ပြီဆိုပြီး
ညီမ အလတ်မ ဆို အရူးလိုပဲ ကားနောက်ပြေးလိုက်တာ -
ဖမ်းသွားတာ ရဲစခန်း ကျမတို့  တော်လှန်ရေးအင်အားစုတွေအနေနဲ့ ထောင်ကို မကြောက်ပေမဲ့ ရဲစခန်းကိုတော့ လန့်ပါတယ်
ဘာ့ကြောင့် လဲ ဆို ရာဇ၀တ် သားတွေ နဲ့ ရောနှော ထားလို့ ပါ ။ ကျမကို ကျားပါးစပ် ကနေတဆင့် အချုတ် ထဲ သူတို့ သွင်းလိုက်
တော့ အင်းစိန်မြို့ နယ် က အမျိုးသမီးအဖွဲ့ ဝင် ဒေါ်ခင်မြင့်မြင့် ကရောက်နှင့်နေပါတယ် ။ ရဲစခန်း အချုတ်ဆိုတော့ ယောင်္ကျားလေး
မိန်းမလေး နံရံက ကပ်ရပ်မဟုတ်လား ။ ယောင်္ကျားလေးဘက်မှာ မြို့ နယ်စည်း ၆ယောက် လူငယ်တာဝန်ခံ ကိုသက်လွင်(ကွယ်လွန်)
တို့  က ဟေးးးးး----------နင်ရောက်ပြီလားလို့  အော်မေးကြတယ် ကျမ လည်း ထုံးစံအတိုင်းပေါ့ လို့ အော်ပြောလိုက်ပါတယ်။
ပြောချင်တာ က အဲ ဒီ အဖမ်းခံရတဲ့ မြို့ နယ်စည်း လူကြီး ၇ယောက် နဲ့  လူငယ်တာဝန်ခံ ၂ယောက် စုစုပေါင်း ကိုးယောက်ထဲမှာ
တောင် စစ်အုပ်စု က လိုသလို သွေးခွဲစည်းရုံးပြီး အချုတ် ကနေ ထုတ်သွားပါတယ် ။ နာမည်တော့ မပြောလိုပါဘူး တစ်ယောက်
ဆို ကျမကို ခေါက်ဆွဲကြော်ထဲ စာထဲ့ပြီး မြို့ နယ်မှုးဆွေးနွေးမှု ကို စိတ်ပါပါ မပါပါ လက်ခံ ဖို့  ပြောဖူးပါတယ် ။ အဲဒီ့ အချုပ်အနှောင်
ကိစ္စ ကတော့ တစ်တိုင်းပြည်လုံးမှာ လှုပ်ရှားနေတဲ့  NLD မှန်သမျှ အချုတ် ခံရတဲ့ ကာလပါ ။ကာလက တိုပေမဲ့ ဒေါ်အောင်ဆန်းစု
ကြည် ခေါင်းဆောင်တဲ့  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေ ညီလာခံ ခေါ်မဲ့ အရေး ကို လက်လွတ်ဆုံးရှုံးခဲ့ရပါတယ် ။
ဒီလို အချုတ်အနှောင် ကာလတိုလေး ခံရတာတောင် ဘက်ပြောင်းသွားတဲ့ သူတွေ ရှိသေးတာပဲ ဆိုတော့ ခေါင်းဆောင်အပေါ်သစ္စာ
မထားနိုင်ကြလို့ ပေါ့ လို့  ကျမ နားလည်ခဲ့ပါတယ် ။
ဟော ခု ကျော်ဖြတ် ရမဲ့  စစ်အုပ်စုအဓမ္မ လုပ်မဲ့  ရွေးကောက်ပွဲ ကိုကျတော့ရော --------

ဆက်လက်ဖေါ်ပြပါမည် (သီးခံပြီးစောင့်ဖတ်ပေးပါ တကယ်မအားတဲ့ အပြင် သမီးငယ်လေးလည်းအရမ်းဖျားနေလို့ ပါ)