welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

1990 ရွေးကောက်ပွဲအောင်နိုင်ရေးရဲ့မီးရှူးတန်ဆောင် ဘဘဦးကြည်မောင်

Sunday, August 16, 2009


လာမဲ့  ၁၉ ရက် နေ့ ဟာ ကျမ တို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူငယ်တွေရဲ့ချစ်လှစွာသော

ခေါင်းဆောင် ဘဘကြည်မောင်ရဲ့ကွယ်လွန်ခြင်းနှစ်ပတ်လည်နေ့ ပဲ ဖြစ်ပါတယ်။ကျမတို့ ထောင်

ထဲမ၀င်ခင်နဲ့ ထောင်ကလွှတ်ပြီး ပါတီတာဝန်တွေ ထမ်းဆောင်နေစဉ် ကာလ တစ်လျောက်လုံး

ဘဘဦးကြည်မောင်ရဲ့ လူငယ်တွေအပေါ်ထားတဲ့စေတနာမေတ္တာတွေရယ် သူဖြစ်စေ့ချင်တဲ့ အ

မှန်တရားအတွက် သတ္တိရှိရှိ ခိုင်ခိုင်မာမာ ပြောရဲဆိုရဲ တက်မှုတွေ ကို ကျမတို့ အတုယူနိုင်ခဲ့ပါ

တယ်။ ဘဘမရှိတော့ပေမဲ့ ဘဘစကားတွေ ဘဘရဲ့ မျှော်မြင်မှုတွေကို ယနေ့ ထိ လက်ခံ ယုံ

ကြည်နေဆဲပါ။ ကျမ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ ပါဝင်ချိန်ကစ ကျမ အင်မတန်လေးစား

တဲ့ခေါင်းဆောင်ထဲမှာ အန်တီ ဘဘဦးကြည်မောင် ဘဘ ဦးတင်ဦး တို့ ဟာထိပ်တန်းမှာပါပဲ ။

စစ်အုပ်စုကို လက်ညိုးထိုးပြီး ရဲရဲတင်းတင်း ဗြောင် မင်းတို့ ကို စစ်ခုံရုံးတင်ပစ်မယ် လို့ ပြောရဲ

ပြောခဲ့တဲ့ ဘဘဦးကြည်မောင် လူ့ လောကမှာမရှိတော့ ပေမဲ့ သူ မွေးဖွါးတည်ဆောက်ပေးခဲ့

တဲ့ ရဲရဲတောက်လူငယ် တွေ ကြားမှာ သူ့ စကားသူ့ အတွေးအခေါ်တွေ အများကြီးကျန်နေခဲ့ပါ

တယ်။ လူလောက မှာ လူရယ်လို့ ဖြစ်လာရင် သူဟာဘယ်သူတွေအတွက် ဘာတွေလုပ်

ခဲ့သလဲ ဆိုတာအရေးသိပ်ပါတယ်လို့ ပြောကြပါတယ် ။ ဒီစကားအတိုင်းဆို ဘဘ ဦးကြည်

မောင် ဟာသတ္တိရှင်တွေ အများကြီးကို နိုင်ငံရေးအမြင် ဗဟုသုတတွေ အနုပညာကိုနားလည်

ခံစားတက်မှုအသိတွေ တခြားစာပေ ဗဟုသုတတွေ ပေးခဲ့ပါတယ် ။

ကျမ ဘဘကိုပိုသတိရဆုံး အရာနှစ်ခု၇ှိပါတယ် ။ ၁၉၉၅-၉၆ အန်တီစု ခြံရှေ့ တရားပွဲ ကဘဘ

ရဲ့စကားတွေ ပြန်ပြောရရင် အမှတ်ရတာတွှေမကုန်နိုင်အောင်ရှိသလို ဟာသနှော အားရပါးရ

ပြော ဘဘရယ်မောလိုက်ရင်ဖြင့် တကယ့်ကို လူတိုင်းရင်ထဲ ကျန်ခဲ့တဲ့ တိုက်ကွက်တွေချည်း

ပါပဲ။ သတိပိုရတဲ့ ပထမ အချက် က နိုင်ငံခြားသတင်းတွေကြည့်ရင် ဘဘ က သူ့ တီဗွီရှေ့မှာ

နိုင်ငံတကာရဲ့ နိုင်ငံရေးတိုးတက်မှု ခက်ခဲနက်နဲတဲ့ အနုပညာတွေ ကျမတို့ ကို ဖွင့်ပြပြီး သူ

လေ သူ့ တိုင်းပြည်ကိုသိပ်တိုးတက်စေ့ချင်တဲ့စေတနာကို ထုတ်မပြောပဲ နဲ့  ကျမ မြင်သာခဲ့ရ

ပါတယ်။ နောက်တစ်ခု က နှစ်စဉ်နှစ်တိုင်း ဘဘအိမ်မှာ ကျင်းပ ခဲ့တဲ့ နယူးရီးယား ည ပါပဲ

အဲဒီ့ည ဆိုဘဘရဲ့ မိတ်ဆွေတွေ၊ ရင်းနှီးတဲ့ ဘဘရဲ့ တပည့်သားတွေ နဲ့  အမြဲဆုံဆည်းခဲ့ရတဲ့

ညပေါ့ ။ ကျမနယူရီးယား ညရောက်တိုင်း ဘဘ ကိုပိုသတိရမိပါတယ် ။

ဘဘ ဟာ ကွယ်လွန်ခါနီးအထိ မနေမနား နိုင်ငံရေးသင်တန်းတွေပေးခဲ့ နိုင်သူလို့ ပြော

ရင် မမှားပါဘူး။ ဘဘ ရဲ့ စကားတွေ မျိုးဆက်သစ်တွေ နားထောင်ရအောင် ကျမ ပါတီဝင်

လူငယ်တွေကိုဘဘဆီခေါ်သွားရင်များ ဘဘ ပီတိတွေဖြစ်လို့  - ပြီးတော့ လူငယ်တွေရဲ့

သက်ဆိုင်ရာအရည်အချင်းတွေကို အသိအမှတ်ပြုပြီးသတ္တိတွေအတွေးအခေါ်တွေ မြင့်မား

အောင် နိုင်ငံတကာကလူ့ အခွင့်အရေးတွေပြည့်ဝနေတာတွေ နဲ့ အားကျစရာကောင်းတဲ့

တော်လှန်ရေးသီအိုရီတွေ သမိုင်းကြောင်းတွေ ပြောပြတော့တာပါပဲ ။

ဒါတင်မက အင်္ဂလိပ်စာကိုပါ သင်ပေးခဲ့ပါသေးတယ်။ ကျမတော့မတက်ဖြစ်ပါဘူး။ ဘဘ

ကိုသိပ်ချစ်သိပ်လေးစားတဲ့ မခင်မိမိခိုင်၊ မြတ်သန္တာစိုး၊ မြင့်မြင့်စိုး၊မစန်းစန်းဝင်း တို့ လည်း

ခုချိန်ကျမ လို ဘဘကို သိပ် သတိရပြီးဝမ်းနည်းနေကြဦးမှာပါ။

သူတို့ တင်မက ပါတီမှာ တိုးတက်ချင်တဲ့ လူငယ်ပညာတတ် ကျောင်းသားတွေ ရဲ့ ကြားမှာ

ဘဘ ဦးကြည်မောင်ပါဆို အရမ်းထက်မြတ်တဲ့ စိတ်စေတနာကောင်းတဲ့ လူငယ်တွေ ကို

မြေတောင်မြောက်ပေးခဲ့တဲ့ ခေါင်းဆောင်ကောင်းကြီးဆိုတာ ဘယ်သူမှမငြင်းနိုင်ကြပါဘူး။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးရဲ့အစ ကိုမင်းကိုနိုင် တို့ ဘဘ ရဲ့ ကွယ်လွန်

ခြင်းနှစ်ပတ်လည်ကိုသွားပြီး အဲဒီ့က အပြန် လှမ်းလျောက် ဆန္ဒပြဖြစ်ခဲ့ မှု ကိုပဲ ကြည့်ရင်

ကိုမင်းကိုနိုင် အပါအ၀င်ကျောင်းသားခေါင်းဆောင်တွေ ပါတီလူငယ်ခေါင်းဆောင်တွေဟာ

ဘဘကိုဘယ်လောက်ကြည်ညိုလေးစားခဲ့လဲ ဘဘ ၂၀၀၄ ကကွယ်လွန်ခဲ့တာ သူတို့ တွေ

ထောင်ထဲက နေ ဘဘဦးကြည်မောင် ဆုံးသွားပြီဆိုတာကြားတော့  နှမျောလိုက်တာ တဲ့

လေ။ ကျမတို့ ပါတီရဲ့ အားကြီးခဲ့တဲ့ မိုင် ကြီး တစ်ခု ပြိုလဲကျသွားသလို လူငယ်အားလုံး

ခံစားခဲ့ကြရတာပါ။ ခုနေ “ဘဘသာ၇ှိရင် လေ” ဆိုပြီး အကုန် တမ်းတ နေကြဆဲပါ။

ဒါတင်မကလူထုကို အင်မတန်မှ စည်းရုံး နိုင်တဲ့ခေါင်းဆောင်ကြီးပါ။ တနည်းအားဖြင့် ၁၉၉၀

ရွေးကောက်ပွဲရဲ့ မီးရှုးတန်ဆောင် ဖြစ်တယ်ဆိုရင် လည်းလုံးဝငြင်းစရာမရှိပါဘူး။


တစ်ခုတော့ရှိပါတယ် လျောက်တဲ့လမ်းတစ်လျောက်မှာ အကုန်လုံးကြည့်တော့ မှန်ခဲ့တယ်

လို့  ပြောရခက်တာတွေရှိခဲ့ပါတယ်။

ဂန္ဒီ ခမ်းမ ဟာ သူ့ ကြောင့် ပွဲမသိမ်း နိုင်ခဲ့တာလို့ ပြစ်တင်ဝေဖန်တာခံရတာမျိုး ရှိခဲ့ပါတယ်။

အလုပ်လုံးဝမလုပ်တဲ့သူတွေ ဟာ မှားတာတွေ မအောင်မြင်မှုတွေနဲ့ ကြုံရ တာတွေ မခံစားရပါ

ဘူး။ နောက်ထပ်ဥပမာပေးပြီးပြောရရင် လမ်းမလျောက်ပဲထိုင်နေသူ ကခလုပ်ဘယ်တိုက်ပါ့မလဲ

လဲကော လဲနိုင်ပါ့မလား။ ထလျောက်သွားတဲ့လူက လဲချင်လဲမယ် ခလုပ်တိုက်ချင်တိုက်မယ်ပေါ့

-ကျမ ဒီလိုပဲယူဆပါတယ် သိပ်အရေးကြီးတဲ့ အဆုံးအဖြတ်မှာ ဘဘ ဟာ ဆုံးဖြတ်ချက် ချမှု

လွဲကောင်းလွဲသွားနိုင်တာပေါ့။သိပ်သတိထားခဲ့ရတဲ့ကာလကိုး--ဒါကြောင့် ဘဘ ကို စစ်တပ်က

လာတယ် ဂန္ဒီခမ်းမ ကိစ္စ သူအပြစ်ရှိတယ် လို့ ပြောနေသူတွေ ဟာ အဲဒီ့အချိန်တုန်းက သူ့ နေရာ

မှာ ဘယ်သူဝန်းရံ တည့်မတ်ပေးနိုင်ခဲ့လဲ ပြောတဲ့သူတွေကောဘာလုပ်နေလဲ လို့ ကျမ ပြောချင်ပါ

တယ် ။


( မနက်ဖန် ဘဘ နဲ့ ပတ်သတ်တာ ကျမ သတိရသမျှဆက်လက်တင်ပြပါဦးမယ်)

မေအိခင် (လယ်ဝေး)

0 comments: