welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

အဖွဲ့ ချုပ်၏ အင်တာနက် စာမျက်နှာ အား ၀မ်းမြောက် ကြိုဆိုကြောင်း သ၀ဏ်လွှာ

Sunday, January 30, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(မြန်မာနိုင်ငံ)၏ အင်တာနက်စာမျက်နှာ http://www.nldburma.org/

ဝမ်းမြောက်ကြိုဆိုကြောင်း သ၀ဏ်လွှာ

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၏ အင်တာနတ်စာမျက်နှာအား ယနေ့ စတင်၍ဖွင့်လှစ် လိုက်သည်
ကို တွေ့ ရှိရသည့်အတွက် မိမိ အနေနှင့် မိမိအဖွဲ့ ချုပ်အတွက် မိမိတို့ လူငယ်ထုအတွက် မိမိတို့ ပြည်သူများ
အတွက် အလွန်အင်မတန်မှဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းနှင့် နိုင်ငံတကာရောက်မြန်မာအသိုင်းအ၀န်းများ
အနေနှင့်သော်လည်းကောင်း နိုင်ငံတကာအခြေအနေအရပ်ရပ်ကိုသော်လည်းကောင်းမြန်မာပြည်၏ အခြေ
အနေအရပ်ရပ်ကိုသော်လည်းကောင်း အချိန်နှင့်အမျှ တပြေးညီ အားလုံး ဆက်စပ် ဆောင်ရွက်ရာတွင် ပိုမို
လွယ်ကူချောမွေ့ လာမည် ဖြစ်သဖြင့် အထူးပင် ၀မ်းမြောက်ကြိုဆိုကြောင်း သ၀ဏ်လွှာ ပေးပို့ အပ်ပါသည်။

မေအိခင်(လယ်ဝေး)

ကျမတို့ တိုင်းပြည်မှာ တော်လှန်ရေးအတွက်ကျဆုံးသူမနည်းပေမဲ့ ဒီလို သူရဲကောင်းမျိုးရှိခဲ့ရင်ကော

Saturday, January 29, 2011

တူနီးရှားနိုင်ငံ သူရဲကောင်းနဲ့  ပြည်သူဘက် ရပ်တည်ခဲ့တဲ့ စစ်ဗိုလ်ချူပ်ကြီးတို့ ကြောင့် ပြည်သူ့ တော်လှန်ရေးပေါ်ပေါက်ကာ အာဏာရှင်တွေ ပြုတ်ကြရပြီ။

တူနီးရှားနိုင်ငံ သူရဲကောင်းနဲ့  ပြည်သူဘက် ရပ်တည်ခဲ့တဲ့ စစ်ဗိုလ်ချူပ်ကြီးတို့ ကြောင့် ပြည်သူ့ တော်လှန်ရေးပေါ်ပေါက်ကာ အာဏာရှင်တွေ ပြုတ်ကြရပြီ။

ဒီဇင်ဘာလ (၁၇) ရက်နေ့ က တူနီရှားနိုင်ငံ ဆစ် ဒီဘိုဇဒ်မြို့က မိုဟာမက် ဘိုအာဇီဇီ (Muhammad ibn Bouazizi ) ဟာ ဆီဒီ ဘောက်ဇစ်ခရိုင်ကောင်စီရုံးရှေ့ မှာ မိမိကိုယ်ကို မီးရှို့ သတ်သေရာမှ စပြီး တူနီးရှားနိုင်ငံတင်သာမက အာရပ်နိုင်ငံများဖြစ်ကြတဲ့ အီဂျစ်နိုင်ငံတို့ အထိပါ လူထုတော်လှန်မှုကြီးတွေ ကူစက်ပြန့် ပွားပြီး တိုင်းပြည်ကို နှစ်ပေါင်းများစွာ အနိုင်ကျင့်ကြီးစိုးနေခဲ့ကြတဲ့ အာဏာရှင်တွေ ထွက်ပြေးကြရတဲ့ အဖြစ်တွေ ရှေ့ ဆင့်နောက်ဆင့် ဆက်တိုက်ပေါ်ပေါက်လာပါတော့တယ်။

အသက် (၂၆) နှစ်အရွယ် မိုဟာမက် ဘိုအာဇီဇီ (Muhammad ibn Bouazizi ) ဟာ အထက်တန်းကျောင်းပညာရေးသင်ကြားနေရာကနေ ရပ်လိုက်ပြီး စားဝတ်နေရးအဆင်မပြေဖြစ်နေတဲ့ သူ့ ရဲ့  မိသားစုဝင် (၈) ဦးအား စောင့်ရှောက်ကျွေးမွေးနိုင်ရန်အတွက် သစ်သီဝလံတွေ လှည့်လည်ရောင်းချခြင်းဖြင့် ဘ၀ကို ရုန်းကန်လှုပ်ရှားကာ မိသားစုကို ထောက်ပံ့နေသူဖြစ်ပါတယ်။ သူရဲ့  ဦးလေးဖြစ်သူဟာ လယ်ယာမြေ အသေးလေးတစ်ကွက်ကို ၀ယ်ယူခဲ့ပြီး သစ်သီးဝလံများ စိုက်ပျိုးကာ မိုဟာမက်က အဆိုပါ စိုက်ပျိုးရရှိလာတဲ့ သစ်သီးဝလံများကို လမ်းတွေမှာ လှည့်လည်ရောင်းချပေးနေတာ ဖြစ်ပါတယ်။






























အာဏာရှင်ကြီးစိုးနေတဲ့ တူနီးရှားနိုင်ငံမှာ ပြည်သူတွေဘ၀ဟာ အသက်ရှင်ရပ်တည်နိုင်ရေး စားဝတ်နေရေးအခက်အခဲတွေ အဆင်ပြေသက်သာစေဖို့ အတွက် နေ့ စဉ်နဲ့  အမျှ ရုန်းကန်လှုပ်ရှားနေကြရသလို မိုဟာမက်တို့ လို လမ်းမများပေါ်မှာ လှည့်လည်ဈေးရောင်းချကြသူများကိုလည်း မကြာခဏဆိုသလို ဖမ်းဆီးကာ မတရားအနိုင်ကျင့်ကြလေ့ရှိပါတယ်။

မိသားစုကြီးတစ်စုလုံးအတွက် စားဝတ်နေရေးအဆင်ပြေစေဖို့  ရိုးသားစွာ ကြိုးစားဆောင်ရွက်နေတဲ့ မိုဟာမက်အနေနဲ့  ဒီလို သစ်သီးဝလံလှည့်လည်ရောင်းချရတဲ့အလုပ်မှအပ အခြားရွေးချယ်စရာလမ်းမရှိတဲ့ သူ့ ဘ၀မှာ ဒီအလုပ်လေးကိုသာ မှီခိုအားထားနေရတာ ဖြစ်ပါတယ်။

အဲ့ဒီနေ့  မနက်မှာတော့ မိုဟာမက်တစ်ယောက် ခါတိုင်းလိုဘဲ သစ်သီးဝလံတွေရောင်းချဖို့ အတွက် တွန်းလှည်းလေးတွန်းကာ လမ်းမပေါ်ထွက်ကာ လှည့်လည်ရောင်းချနေစဉ်မှာ တူနီးရှားနိုင်ငံ အာဏာရှင်လက်အောက်မှာ ဗိုလ်ကျစိုးမိုးနေတဲ့ ရဲတပ်ဖွဲ့ ထဲက ရဲမေဖြစ်သူ ဖာဒါဟမ်ဒီ က သူ့ ကို ဖမ်းဆီးပါတော့တယ်။ သူရဲ့  သစ်သီဝလံတွေတင်ထားတဲ့ တွန်းလှည်းလေးကို သိမ်းပိုက်လိုက်ရုံမက မိုဟာမက်မျက်နှာကို ရဲက ထပ်ကာတလဲလဲ ပါးရိုက်ပါတော့တယ်။

ဒီလို မတရားအနိုင်ကျင့်ခံလိုက်ရတဲ့ မိုဟာမက်ဟာ မဟုတ်မခံစိတ်နဲ့  မခံမရပ်နိုင်ဖြစ်ပြီး ခရိုင်ကောင်စီရုံးကို ချက်ချင်းသွားရောက်ကာ ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း တူနီးရှားနိုင်ငံ အာဏာရှင်ကြီးစိုးနေပြီး ဥပဒေထင်ရာစိုင်း လာဘ်ပေးလာဘတ်ယူ ချစားမှုတွေ များပြားနေတဲ့အတွက် ခရိုင်ကောင်စီရုံးက မိုဟာမက်လို သာမန်ဆင်းရဲနွမ်းပါးလှသူတစ်ဦးရဲ့  တိုင်ကြားမှုကို မည်သူတစ်ဦးကမှ အရေးတယူ နားထောင်ဆောင်ရွက် အရေးယူပေးတာ မရှိပါဖူး။ ဒီထက်ပိုဆိုးတာကတော့ ရဲက မတရားပါးရိုက်အနိုင်ကျင့်ခံခဲ့ရသူ မိုဟာမက်ဟာ ခရိုင်ကောင်စီရုံးတွင်းကနေ အတင်းမောင်းထုတ်ခြင်းကို ထပ်မံခံရပါတော့တယ်။

ဒီလို မတရားအနိုင်ကျင့်မှုတွေကို ထပ်မံကြုံတွေ့ ရတဲ့အခါမှာတော့ မိုဟာမက်ရဲ့  မခံမရပ်စိတ်ဟာ အမြင့်မားဆုံးရောက်ရှိပြီး သူ့ မှာပါရှိလာတဲ့ ရေနံဆီပါ ဆေးချွတ်ဆေးပုလင်း နှစ်ပုလင်းကို ထုတ်ပြီး အဲ့ဒီ ခရိုင်ကောင်စီရုံးရှေ့ မှာဘဲ ကိုယ့်ကိုကိုယ် မီးရှို့ ဆန္ဒပြပါတော့တယ်။ ခန္ဓကိုယ်မီးလောင်နေတဲ့ မိုဟာမက်ကို ဆေးရုံကို ခေါ်ဆောင်သွားပြီး မိုဟာမက်ဟာ မီးလောင်ဒဏ်ရာနဲ့  ဆေးရုံပေါ်မှာ ဇန်န၀ါရီလ (၄) ရက်နေ့ မှာ ကွယ်လွန်သွားပါတော့တယ်။






























မိုဟာမက်ရဲ့  မတရားမှုကို ခေါင်းငုံ့ မခံ တွန်းလှန်ဆန္ဒပြမှုအဖြစ်အပျက်ကို မျက်မြင်တွေ့ ရှိကြသူများ အထူးသဖြင့် လူငယ်များကနေ ဓါတ်ပုံမှတ်တမ်း ဗွီဒီယိုမှာတမ်းတွေကို ဖုန်းတွေ ကင်မရာတွေနဲ့  ရိုက်ကူးပြီး တူနီးရှားတစ်နိုင်ငံလုံးသာမက အခြားသော အာရပ်နိုင်ငံများအပါအ၀င် ကမ္ဘာတစ်ဝှမ်းလုံး သိရှိမြင်တွေ့ ကြစေဖို့  အင်တာနက်စာမျက်နှာများပေါ်ကနေတစ်ဆင့် ဖြန့် ခဲ့ကြပါတယ်။

အသက်ဆုံးရှုံးကွယ်လွန်သွားတဲ့ မိုဟာမက်ရဲ့  တကယ်တော်ဆန္ဒပြမှုကို လေးစားဂုဏ်ပြုကြတဲ့အနေနဲ့  မိုဟာမက်အတွက် အောင်းမေ့လွမ်းဆွတ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရင်းနဲ့  အဲ့ဒီနေ့ ညက စလို့  ပြည်သူလူထုတော်လှန်အုံကြွမှုကြီးကို စတင်ပါတော့တယ်။

မိုဟာမက်ရဲ့  ဒီလို ရဲရင့်ပြောင်မြောက်တဲ့ တစ်ကိုယ်တော်ဆန္ဒပြမှုနဲ့  အာဏာရှင်တွေ မတရားကြီးစိုးအုပ်ချူပ်မှုရဲ့ အောက်မှာ ပြည်သူပြည်သားတွေ ခံစားနေကြရတဲ့ ခါးသီးလှတဲ့ဘ၀တွေကြောင့် တူနီးရှားနိုင်ငံ ပြည်သူများဟာ အုံကြွပေါက်ကွဲကြပြီး တစ်နိုင်ငံလုံး လူထုဆန္ဒပြမှုများ အရှိန်အဟုန်အပြည့်နဲ့  ပေါ်ပေါက်လာပါတော့တယ်။



























တူနီးရှားနိုင်ငံ ပြည်သူပြည်သားတွေရဲ့  လူထုဆန္ဒပြပွဲနွေကို လက်နက်အားကိုးနဲ့  နှိမ်နင်းခဲ့ပေမယ့် နောက်ဆုံးမှာတော့ မိုဟာမက်ရဲ့  မီးရှိုးဆန္ဒပြမှုဖြစ်ပွားပြီးနောက် ရက်သတ္တပါတ် လေးပါတ်အကြာမှာတော့ တူနီးရှားနိုင်ငံကို နှစ်ပေါင်း (၂၃) နှစ်ကျော်ကြာ ဖိနှိပ်အုပ်ချူပ်နေတဲ့ အာဏာရှင်ကြီးဖြစ်သူ တူနီးရှားနိုင်ငံ သမတဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ကို ထွက်ပြေးသွားရပါတော့တယ်။

တူနီးရှားနိုင်ငံက မိုဟာမက်ရဲ့  ရဲဝန့် သော ဆန္ဒပြမှု၊ တူနီးရှားနိုင်ငံပြည်သူပြည်သားတွေရဲ့ ပြောင်မြောက်သော လူထုတော်လှန်ရေးဆင်နွဲမှုတို့ ကို စံနမူနာပြုကြတဲ့ အာဏာရှင်ဆန့် ကျင်တော်လှန်မှုတွေဟာ အီဂျစ်၊ အယ်လ်ဂျီးယား၊ ဂျော်ဒန်၊ ယီမင်နဲ့ အခြား အာရပ်နိုင်ငံတွေမှာပါ ပြန့် နှံ့ သွားပါတော့တယ်။

တူနီးရှားနိုင်ငံရဲ့  ပြည်သူလူထုဆန္ဒပြမှုကြီးမှာ လူထုလူတန်းစားပေါင်းစုံ ပါဝင်ရုံသာမက ပြည်သူတွေရဲ့  သစ္စာကိ စောင့်သိထိန်းသိမ်းပြီး ပြည်သူတွေ လိုလားတဲ့ဆန္ဒကို အပြည့်အ၀လိုလားတဲ့ ပြည့်သူ့ အကျိုးကို ရှေ့ ထားတဲ့ တူနီးရှားနိုင်ငံရဲ့  စစ်တပ်တပ်မတော်ကြီးက တူနီးရှားပြည်သူတွေရှေ့ ကနေ မားမားမတ်မတ် ရပ်တည်ပြသ ပါဝင်လိုက်တာမို့  တူနီးရှားနိုင်ငံ အာဏာရှင်သမတ တိုင်းပြည်ကနေ ခွေးပြေးဝက်ပြေး ပြေးထွက်သွားရပြီး ကမ္ဘာတစ်ဝှမ်းလုံးက ချီးကျူးထောပနာပြုခြင်း လေးစားခြင်းကို ခံလိုက်ရတဲ့ တူနီးရှားနိုင်ငံ ပြည်သူပြည်သားတွေရဲ့  အောင်ပွဲဘဲ ဖြစ်ပါတယ်။

နှစ်ပေါင်းကြာအောင် အာဏာရှင်ကြီး ကြီးစိုးထားတဲ့ တူနီးရှားနိုင်ငံမှာ အာဏာရှင်စနစ် လျင်မြန်စွာ ချက်ချင်းပြုတ်ကျသွားရခြင်းရဲ့  အဓိကအချက်တွေကို ကြည့်ရင်တော့ -

(၁) သာမန်ပြည်သူတစ်ယောက်ဖြစ်သူ မိုဟာမက်ရဲ့  မတရားမှုကို မဟုတ်မခံ ခေါင်းငုံ့ မခံဘဲ ရသည့်နည်းလမ်းဖြင့် ဆန့် ကျင်တော်လှန်ဆန္ဒပြခြင်း၊

(၂) မိုဟာမက်တို့ လို တစ်ဦးတစ်ယောက်အနေနှင့်ပင် ဖြစ်စေ ရဲရဲဝန့် ဝန့် နဲ့  မတရားမှုကို တော်လှန်ခြင်းအား အပြည့်အ၀ အားပေးထောက်ခံပြရုံသာမက၊ အာဏာရှင်တွေရဲ့  ထင်ရာစိုင်း ရိုင်းပြစော်ကားမှုတွေကို ပြည်သူပြည်သားတစ်ဦးအနေနဲ့  မိမိတို့ မှာလည်း ဆန့် ကျင်တော်လှန်ရမယ့် တာဝန်ဝတ္တရားရှိတယ်လို့  ခံယူပြီး ပြည်သူပြည်သားတစ်ဦးချင်းစီက အသီးသီး စုပေါင်းလက်တွဲကြပြီး လူထုတော်လှန်ရေးကို ပြောင်မြောက်စွာ ဆင်နွဲကြခြင်း၊

(၃) ပြည်သူအပေါ်သစ္စာတရားစောင့်သိပြီး ပြည်သူအကျိုးကို ရှေ့ တန်းထားတဲ့ ပြည်သူတပ်မတော်အဖြစ် ခံယူပြီး အာဏာရှင်အား ပြည်သူတွေနဲ့ အတူ လက်တွဲကာ ပြည်သူလူထုတော်လှန်မှုကြီးတွင် ပြည်သူရှေ့ မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြသော သမိုင်းဂုဏ်ရောင်ထွန်းပြောင်စေသည့် တူနီရှားနိုင်ငံ စစ်တပ်တပ်မတော်ကြီးရဲ့  လေးစားထိုက်ဖွယ်လုပ်ရပ်များကြောင့် - တူနီးရှားနိုင်ငံတစ်နိုင်ငံလုံး အာဏာရှင်လက်အောက်က လွတ်မြောက်ကြရခြင်း ဖြစ်ပါတယ်။
ပြည်သူသစ္စာစောင့်ထိန်းပြီး ပြည်သူတွေ အကျိုးရှေ့ ရှူကာ ပြည်သူတွေရှေ့ က မားမားမတ်မတ်ရပ်တည်ခဲ့ကြတဲ့ တူနီးရှားနိုင်ငံ ပြည်သူတပ်မတော်ပီသခဲ့တဲ့ စစ်ဦးစီချူပ် ဗိုလ်ချူပ်ကြီး ရစ်ချတ် အမ်မာ (Gen. Rachid Ammar) ကနေ ဆန္ဒပြပြည်သူတွေကို ပြောကြားခဲ့တဲ့ မိန့် ခွန်းကတော့ -

“Our revolution is your revolution,” “The army will protect the revolution.” ပါတဲ့။

“ပြည်သူလူထုရဲ့  အာဏာရှင်တော်လှန်ရေးဟာ ငါတို့  တပ်မတော်ရဲ့  တော်လှန်ရေးဘဲ ဖြစ်တယ်၊ ငါတို့ တပ်မတော်ဟာ အာဏာရှင်ကို ဆန့် ကျင်တော်လှန်နေကြတဲ့ ပြည်သူတွေဘက်က ရပ်တည်ပြီး ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးကြမယ်” ဖြစ်ပါကြောင်း။

ကိုနစ်နေမန်း ထံမှ

စစ် အုပ်စုမှ ပေါ်တာ ဆွဲ ၍ အဓမ စေခိုင်းခံရသော အကျဉ်းသားများသိစေရန်

Thursday, January 27, 2011

အကျဉ်းထောင်နှင့်ဆက်စပ်သည့် အဓမ္မအလုပ်စေခိုင်းခြင်း

လူသားများအားမှိုင်းရှင်း ကိရိယာအဖြစ်

ဆောင်ကျဉ်းခိုင်းမှုကြောင့်ကြောက်လန့် ထွက်ပြေးခဲ့ သောအကျဉ်းသားများအား သေနတ်နှင့်ပစ်ခတ်

ခဲ့သဖြင့် ဒဏ်ရာပြင်ထန်စွာရသူ သေဆုံးရသူများရှိခဲ့လေသည်။

ဤ အမှုသည် စစ်အုပ်စုကျူးလွန်သောရာဇ၀တ်မှု အဖြစ်သော်လည်းကောင်း နိုင်ငံတကာအဖွဲ့ အစည်းများ နှင့် သဘောတူထားသောစည်းမျဉ်းစည်းကမ်းများကို အရှက်မဲ့စွာ စဉ်ဆက်မပျက်ချိုးဖောက်နေသည့် စစ်အုပ်စု၏ တရားလက်မဲ့ လုပ်ရပ်ဖြစ်ကြောင်


အကျဉ်းထောင်ရှိ အဓမ္မအလုပ်စေခိုင်းမှုသည် နိုင်ငံတကာ စံချိန်စံညွန်း အဆင့်အတန်းများနှင့်

မည်ကဲ့သို့ ဖီလာ ဆန့် ကျင် နေပါသနည်း။

ပြဌါန်းချက်(၂၉) က အတင်းအကြတ်အလုပ်ခိုင်းသောအလုပ်ကိုတရား၇ုံး၏ပြစ်ဒဏ်ချမှတ်ခြင်း၏အကျိုးဆက

်ရလဒ်အဖြစ် ၄င်း၏ အဓမ္မစေခိုင်းမှု၏အဓိပါယ်ရလဒ်မှသိသိသာသာ ဖယ်ချန်ထားပါသည်။ သိုသော်ဤခြွင်းချက်

ကအရေးကြီးသော အခြေအနေတချို့ ကိုဖြစ်ထွန်းပေါ်ပေါက်စေပါသည်။

အကျဉ်းထောင်တွင်း အဓမ္မစေခိုင်းမှုမမြောက်သော အခြေအနေများမှာ

(၁) အကျဉ်းသား လုပ်ဆောင်နေရသည့်အလုပ် (သို့ ) လုပ်ငန်းသည် တရားရုံး၏ ပြစ်ဒဏ် ချမှတ်ခြင်း၏ အကျိုးဆက်ရလဒ် အဖြစ်အတင်းအကြတ်ခိုင်းသောအလုပ်မျိုးဖြစ်ရမည်။

(၂)ထိုအလုပ် (သို့ )လုပ်ငန်းကိုလူထုကခန့် အပ်ထားသော အာဏာပိုင်များ၏ ထိမ်းသိမ်းကွပ်ကဲမှု

အောက်တွင်လုပ်ဆောင်ရပါမည်။

(၃) ထိုသူ (သို့ ) လူများသည် မိမိတို့ အလိုရှိသလို သဘောရှိအသုံးချမည့်ပုဂလိကလုပ်ငန်းရှင်များကုမ္မဏီ

များနှင့်အဖွဲ့ အစည်းတို့ ကို ငှါးရမ်းခြင်း(သို့ )၄င်းနေရာများတွင်နေရာချထားလုပ်ကိုင်စေခြင်းမပြုရ။

ဤ အခြေအနေ(၃)ရပ်မှတရပ်ရပ် ကို လိုက်နာမှုမရှိခြင်းသည်ဤ ဥပဒေကို အသုံးမပြုနိုင်မည့်အခြေအနေ

အဖြစ်သို့ သက်ရောက်သွားမည်ဖြစ်ပြီး အကျဉ်းထောင်အလုပ်နှင့် ဥပဒေ ၏ လက်တွေ့ ကျင့်သုံးမှုသည်

ပြဌါန်းချက် အမှတ်(၂၉) နှင့် ဆန့် ကျင် သွေဖီသွားမည်ဖြစ်ပေသည် ။

ဤ ပြဌါန်းချက် ၂၉ အဓမ္မ လုပ်အားစေခိုင်းမှုဆိုင်ရာ (ပပျောက်ရေးကို)သည် ILO နှင့် မြန်မာ သဘောတူညီ

ထားခြင်းရှိပြီးသည့်အပြင် မြန်မာစစ်အုပ်စု နှင့် ILO နားလည်မှု စာချွန် လက်မှတ်ရေးထိုးပြီး စစ်အုပ်စုကိုယ်တိုင

် လိုက်နာကျင့်သုံးပါမည် လိုက်ပါဆောင်ရွက်ပါမည်ဟု သဘောတူထားခြင်းဖြစ်သည်.။

ဤ သဘောတူညီချက်များကို နည်းလမ်းပေါင်းစုံနှင့် ချိုးဖောက်သည့်အပြင် ယခုဖြစ်ပွါးသောဖလူးဒေသ

စစ်မျက်နှာပြင်တွင် မိထ္ထီလာထောင် ၊ အင်းစိန်ထောင်၊ နှင့်မြန်မာနိုင်ငံထောင်အသီးသီးမှ အကျဉ်းသား

၄၀၀ကျော်ကိုထုတ်၍ အဓမ္မခိုင်းစေမှု ကို ပြုလုပ်သည့်အပြင် လူသားများအားမှိုင်းရှင်း ကိရိယာအဖြစ်

ဆောင်ကျဉ်းခိုင်းမှုကြောင့်ကြောက်လန့် ထွက်ပြေးခဲ့ သောအကျဉ်းသားများအား သေနတ်နှင့်ပစ်ခတ်

ခဲ့သဖြင့် ဒဏ်ရာပြင်ထန်စွာရသူ သေဆုံးရသူများရှိခဲ့လေသည်။

ဤ အမှုသည် စစ်အုပ်စုကျူးလွန်သောရာဇ၀တ်မှု အဖြစ်သော်လည်းကောင်း နိုင်ငံတကာအဖွဲ့ အစည်းများ နှင့် သဘောတူထားသောစည်းမျဉ်းစည်းကမ်းများကို အရှက်မဲ့စွာ စဉ်ဆက်မပျက်ချိုးဖောက်နေသည့် စစ်အုပ်စု၏ တရားလက်မဲ့ လုပ်ရပ်ဖြစ်ကြောင်းကို နည်းဥပဒေသများအား ကိုးကား၍ တင်ပြအပ်ပါသည်။

ကျနော် အဓမ္မစေခိုင်းခံရတယ် အိုင်အယ်အို မှ ကူညီပါရန်

Monday, January 24, 2011

လိုအပ်နေတဲ့ အခြေအနေတရပ် မှာ တချို့ က မသိလို့  ။ သိအောင်လုပ်ပေးမဲ့ သူတွေ လုပ်နိုင်ကိုင်နိုင်ရည်တွေ
နည်းလို့  လို့  ပြောနိုင်ပေမဲ့  သိအောင်ရှင်းပြ လမ်းညွှန်ပြတာတွေ ကိုလည်း လက်တွေ့ မဆောင်ရွက်ပဲ သတင်း
တင်နိုင်ရင်ပဲ ဟုတ်လှချည် ဆိုသူကတစ်မျိုး လျို့ ဝှက်ပြီး ကြိတ်ရှင်းရင်ပဲ ထိမ်းသိမ်းသိုဝှက်နိုင်တယ်ထင်သူတွေ
ကတမျိုး တွေ့ ရတဲ့အခါ နအဖ တို့  ထင်တိုင်းကြဲနိုင်တာ ဒီအားနည်းချက်တွေကြောင့်ပါလားလို့  ကျမသုံးသပ်ပြီး
တင်ပြလိုက်တာပါ။
မြန်မာနိုင်ငံအပြင်ဖက် အနီးစပ်ဆုံးနေရာမှာ NGO အလုပ်တွေ ကို လုပ်နေသူတွေလူထုအကျိုးပြု လုပ်ငန်း
တွေ ဦးဆောင်နေသူအချို့ တောင် ဒါအဓမ္မစေခိုင်းခံရတဲ့ပြဿနာ ဆိုတာ ဂဂ နန မသိထားတဲ့ပြင် သိရအောင်
လမ်းညွှန်ပြရင်လည်း လုပ်ရကိုင်ရမဲ့ ပုံစံတွေဟာတော်လှန်ရေးတရပ်နဲ့ ပဲ အကျုံးမ၀င်သလို ထင်မြင်နေတာ
ကိုကြည့်ရင်ဖြင့် မြန်မာနိုင်ငံ မှာအဓမ္မ ခိုင်းစေမှုတွေ ပပျောက်အောင် လုပ်ရကိုင်ရ ခက်ခဲနေသေးတာ ဒါတွေ
ကြောင့်ဆိုတာသုံးသပ်လို့ ရပါတယ် ။ NGO အများစုဟာလည်း တော်လှန်ရေးကနေ အသွင်ကူးပြောင်းသွား
သူတွေမို့  ကျမ ဒီလိုသုံးသပ်တင်ပြတာပါ ။
မြ၀တီခရိုင် ဖလူးဒေသ တိုက်ပွဲ ကိုတော့ အားလုံးသိနေကြားနေကြမှာပါ ဒီတိုက်ပွဲဟာ တရားသည်ဖြစ်စေ
မတရားသည်ဖြစ်စေ ဘယ်ဖက်ကကြည့်ကြည့် လူသားအသိနဲ့ ကြည့်မယ်ဆိုရင် ရာဇ၀တ်မှု ပြစ်ဒဏ်ပေး
ဆပ်နေရသူတွေ ကို မိုင်းရှင်း ကိရိယာလို အသုံးပြုခွင့်မရှိပါဘူး။ ဥပဒေအရဆို ပေါ်တာအဖြစ် ထုတ်ပြီးစစ်ရေး
မှာ အသုံးပြူခွင့် ဘယ်ဖက်ကမှမရှိပါဘူး ။ ရာဇ၀တ်မှု အကျဉ်းကျတွေဟာထောင်ဒဏ်နဲ့ အလုပ်ကြမ်းတစ်သက်
ပဲကျစေဦးတော့ သူတို့ ဟာသင့်တင့်တဲ့ အလုပ်ချိန်သာလုပ်ရမှာဖြစ်ပါတယ်။စစ်ရေးမှာ ခုလို လက်နက်ကြီး
ထမ်း။မိုင်းရှင်း ။ရိက္ခါတနင့်တပိုးသယ်ပိုးခိုင်းပြီးရှေ့တန်းကချီတက်ခိုင်းတာ ခိုင်းစေသူ ကိုယ်တိုင်းစစ်ရာဇ၀တ်
မှုကျူးလွန်တာဖြစ်ပါတယ် ။ ပိုဆိုးတာ ခိုင်းစေသူကိုယ်တိုင်က စစ်အစိုးရ ဖြစ်နေတဲ့အတွက် ကျမတို့ ကဒီကိစ္စ
ကို ILO နဲ့  မြန်မာအစိုးရ သဘောတူညီမှုတွေ နဲ့  ကိုင်တွယ်ပြီး ဖြေရှင်းရမှာဖြစ်ပါတယ်။
အဲလိုဖြေရှင်းတဲ့နေရာမှာ သတင်းတင်လိုက်ရုံနဲ့  နအဖ ထိခိုက်သွားပြီ မထင်လိုက်ပါတယ် ထိရောက်တဲ့အရေး
ယူနိုင်မှုမရှိပဲ နအဖ က အချိန်မှီ ပြဿနာအရပ်ရပ် ကို လိုက်ဖုံးဖိ ဖျောက်ဖျက်ပစ်နိုင်ခဲ့လို့  ဆူုံးရှုံးရမှုတွေ အ
များကြီးရှိခဲ့ဖူးပါတယ် ။
ဒါ့ကြောင့် နီးစပ်ရာ မိတ်ဆွေများက ဒီလိုပြဿနာမျိုး ဘယ်နေရာမှာဖြစ်ဖြစ် ILO ကို သတင်းပေးတိုင်ကြား
ကြဖို့  မမေ့ပါနဲ့ ။အဲဒီလို တိုင်ကြားလို့ တိုင်ကြားသူကို နအဖ အရေးမယူနိုင်အောင် ILO က သေသေချာချာ
ကြားဝင်ဆောင်ရွက်ပေးနိုင်တဲ့အဖွဲ့ အစည်းတရပ်ပါ။ ကျမတို့တိုင်းပြည်မှာစစ်အုပ်စုလူ့ အခွင့်အရေးဆိုင်ရာ
ချိုးဖောက်နေမှုတွေမှန်သမျှ အပြည်ပြည်ဆိုင်ရာက အပြည့်အ၀မဖြေရှင်းပေးနိုင်ပေမဲ့  ဖြေရှင်းနိုင်ခဲ့တဲ့ကိစ္စ
ရပ်တွေလည်းရှိတာမို့  စစ်အုပ်စု ရဲ့ ရာဇ၀တ်မှုတွေ များများဖေါ်ထုတ်ကြရအောင်

ကျနော် အဓမ္မစေခိုင်းခံရတယ် အိုင်အယ်အို မှ ကူညီပါရန်


ပထမဆုံး အဓမ္မစေခိုင်းခံရမှု ဖြစ်နေပြီ ဆိုရင် ကိုယ့်ဖက်က ခုအောက်ပါအချက်တွေ ပြည့်စုံဖို့ (သို့ )မပြည့်စုံနိုင်
ခဲ့ရင်ရနိုင်သလောက်ကို စုဆောင်းဖို့ လိုအပ်ပါတယ် ။
၁။ အချက်အလက်ဖေါ်ထုတ်ရေး
(က) ဘယ်သူ ဘယ်အဖွဲ့ အစည်း က ခိုင်းသလဲ
(ခ) ဘယ်အချိန် ဘယ်နေရာ မှာခိုင်းသလဲ
(ဂ) ဘယ်သူ့ ကို ဘာလုပ်ခဲ့သလဲ (ဘယ်လိုခိုင်းသလဲ )
(ဃ) အလုပ်ခံရသူ(သို့ ) အခိုင်းခံရသူ ဘာဖြစ်သွားလဲ
၂။ အဖွဲ့ အစည်း တခုခု ကကိုယ်စားပြုပြီးတိုင်ကြားပေးနိုင်တဲ့ အခြေအနေရှိမရှိ မရှိခဲ့ရင်လည်း သိသူနားလည်
သူတစ်ဦးဦးက အချက်အလက်စုဆောင်းပြီး ILO ကိုတိုင်ကြားနိုင်တယ်။

(ဆက်လက်တင်ပြပါဦးမယ်)

ခုမှ သိတဲ့ ကိုယ်ခံခဲ့ရတဲ့ စစ်ကျောရေး ပုံစံထဲက တစ်ခု အကြောင်း

Sunday, January 23, 2011


အောက်ပါ ဖြစ်စဉ် ကို ကျမ ဒီကနေ့ ညပဲ ကိုအီဗား ရဲ့ ဖေ့ဘုတ် ကနေဖတ်လိုက်ရတာ ပါ အစအဆုံးဖတ်မိမှ
ကိုယ်ခံခဲ့ရတာပြန်သုံးသပ်မိပါတယ် ။ ဒီဖြစ်စဉ် ဒီအတိုင်းဆက်ကျူးလွန် နေရင်ဖြင့် စစ်အုပ်စု ဟာ တရားခံ
အဖြစ်သူတို့  လိုချင်တဲ့ အမှုထဲကိုဇွတ်သွပ်သွင်းမှုဟာပိုလို့ ဆိုးဝါးလာပါလိမ့်မယ် ။
၁၉၉၆ ဒီဇင်ဘာ ကျောင်းသားဆန္ဒပြမှု ထဲ ကျမ ပါဝင်မှု ကူညီပံ့ပိုးမှု ကို စစ်ဆေးစဉ် နာရီပေါင်း ၄၈ နာရီ
ကျော် ကျမ ရေပဲသောက်ပြီး လန်းလန်းဆန်းဆန်းနေနိုင်ခဲ့ တယ် ထမင်း မစားဘူး မကျွေးတာကိုလည်း
ဂရုမစိုက် မိခဲ့ဖူး လို့ သူများကိုပြောပြရင် နေနိုင်ရဲ့လားအကြည့်မျိုးအကြည့်ခံရတယ် တကယ်ကို ကျမ နေ
နိုင်ခဲ့ တာပါ အဲဒီ့တုန်းက ကိုယ်လွတ်ချင်တဲ့ဇောကြောင့်ပဲ လို့ ထင်ခဲ့တာ နောက်ပြီး ကျမတို့ နဲ့ အတူနေရ
တဲ့ တစ်ယောက်ဟာစစ်ကျောရေးမှာ ကရားရေလွတ် ဖြေနေတယ် မေးစရာတောင်မလိုဘူး လို့ ဝါတာ မ
အမျိုးသမီး တစ်ဦးက လာပြောဖူးတယ် အဲဒီ့စကားကြားတော့ သူ့ ကို စိတ်ပျက်မိတာအမှန်ပဲ -ခံနိုင်ရည်
မရှိရကောင်းလားရယ်လို့ ပေါ့ ခုတော့သေသေချာချာ သဘောပေါက်သွားပါပြီ ကျမခုမှ သိမိ တဲ့ အခြေ
အနေတရပ်ကို ၁၉၉၆ ကနေ ခု ၂၀၀၂ မှာ ငါ တို့ ဒီလို စစ်ကျောရေးစခန်း မှာကြုံခဲ့ရတာနေမယ် ရယ်လို့ 
ပေါ့ -- အင်မတန်ဆိုးရွားတဲ့ စစ်ကျောရေး စနစ် ပါပဲ --




ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးမှာ (၁၃-၁-၂ဝ၁၁) ရက်နေ့က ရုံးထွက်ပြီး တရားခံအဖြစ် အစစ်ခံလိုတဲ့ ဦးဇေယျ (ခ) သားကြီးဇေယျနှင့် သွားရောက်တွေ့ဆုံခဲ့ပါတယ်။ သူ့ကို တရားစွဲထားတဲ့ ပုဒ်မတွေကတော့ တရားမဝင်အသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နှင့် ၁၇ (၂)၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃ (၁) နှင့် အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃ (ခ) ဆိုတဲ့ အမှု ၃ မှုကို တပြိုင်တည်း ထွက်ဆိုအစစ်ခံမှာလို့ သူက ပြောပါတယ်။ ဘာပြုလို့ သက်သေအဖြစ် အစစ်မခံဘဲ တရားခံအဖြစ် အစစ်ခံရတဲ့ ကိစ္စကို မေးတဲ့အခါမှာ သူ့အနေနဲ့ ယခုအမှုကိစ္စတွေအတွက် သက်သေထောက်အထား တင်ပြရန် မဖြစ်နိုင်ကြောင်း၊ ဒါကြောင့် တရားခံအဖြစ် အစစ်ခံခြင်းဖြင့် တရားသူကြီးက တိုက်ရိုက်မေးမြန်းမှုကို ဖြေဆိုရုံသက်သက်ပဲရှိတာမို့ ဦးနှောက်ခြောက်စရာ မရှိဘူးဟု ပြောပြသော်လည်း ၎င်းရဲ့ ပြောပြချက်ကို ကျနော့်အနေနဲ့ သဘောမတူနိုင်ပါ။ ဒါကိုလည်း ကျနော် သူ့ကို ရှင်းမပြတော့ပါ။

ဒါနဲ့ ဘာတွေထွက်ဆိုမှာလဲလို့ မေးမြန်းကြည့်တော့ အမှုမှာ ဖြေရှင်းရမယ့် အချက်နှင့် နောက်တခုက သူ့ကို စစ်ကြောရေး ပြုလုပ်တဲ့အခါမှာ ခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်မှု မပြုလုပ်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု ရှိခဲ့ကြောင်း၊ ရက်ပေါင်း ၂ဝ ခန့် စစ်ကြောရေး ပြုလုပ်ချိန်မှာ အစားအစာကျွေးသော်လည်း စားချင်းစိတ် လုံးဝမရှိခဲ့ပါ။ သောက်ရေနှင့် မုန့်ခြောက်ကိုသာ အနည်းငယ် စားသောက်နေရုံဖြင့် လူက လန်းဆန်းတက်ကြွှလျက်ရှိနေကြောင်း၊ မေးသမျှမေးခွန်းတိုင်းကို ငြင်းဆန်လိုစိတ် မရှိခဲ့ကြောင်း၊ နှုတ်က မေးခွန်းကို ချက်ချင်းတုံ့ပြန်လိုမှု မရှိဘဲ လေးလံစွာ ငြင်းဆိုနေမှုကို သတိထားလျက်ရှိရာမှ စစ်ကြောသူက အသံမာမာဖြင့် “ဟုတ်တယ် မဟုတ်လား၊ ဒါက ဒီလိုဆိုလိုက်တာပဲ မဟုတ်လား” ဟု အဖြေပါတဲ့ မေးခွန်းကို ခေါင်းညိတ်ပြီး “ဟုတ်ပါတယ်” ဟု ပြောဆိုလိုက်ရကြောင်း၊ စစ်ကြောရေးပြုလုပ်သူက ၎င်းရေးသားထားသည့် စာရွက်ပေါ်မှာ လက်မှတ်ရေးထိုးခိုင်းတော့ ကျနော့်ဘာသာရေးမယ့် ထွက်ဆိုချက်ပေါ်မှာပဲ လက်မှတ်ရေးထိုးလိုကြောင်း ပြောပြတဲ့အခါ လက်မခံတဲ့အတွက် သူတို့ကိုယ်တိုင် ရေးသားထားတဲ့ ထွက်ဆိုချက်ကိုသာ ဟုတ်မှန်ကြောင်း လက်မှတ်ရေးထိုး ပေးလိုက်ရတယ်လို့ ပြောပြတယ်။

ဒါနဲ့ သူက ဆက်ပြောတဲ့အခါမှာ စစ်ကြောရေးရက်၂ဝ ပြုလုပ်တဲ့အခါ ဆာလောင်မွတ်သိပ်မှု မရှိခြင်း၊ အိပ်ချင်လိုစိတ် မရှိခြင်း၊ မေးသမျှကို လေးလံစွာ ခေါင်းညိတ်ခြင်း၊ တခါတရံ စိတ်က ငြင်းဆန်နေလိုသော်လည်း နှုတ်က “အင်း” လိုက်၍သော်လည်းကောင်း၊ ပြောဆိုနေခဲ့ခြင်းဟာ စိတ်အာရုံတလွဲ ဖြစ်ပေါ်လျက်ရှိကြောင်း ဦးဇေယျက ပြောပြပါသည်။ ယင်းကာလမှာ မှတ်မိသလောက် ဝမ်းသွားချင်စိတ်မရှိ၊ ဆီး ၃/၄ ကြိမ် ခန့်ပဲ သွားခဲ့ရာ ယင်းကာလများ၌ သောက်ရေသောက်သုံးမှုသာ ရှိနေကြောင်း၊ အဆိုပါ သောက်သုံးရေထဲတွင် Amphetamines စိတ်ကြွဆေးခတ်ထားခြင်း ဖြစ်တဲ့အတွက် ဖြစ်ရကြောင်း၊ နောက်ပိုင်း၌ သူအမှတ်ရမိ၍ ပြန်စဉ်းစားမိတယ်ဟု ကျနော့်ကို ပြောပြပါတယ်။

ယခုကိစ္စကို တိမ်းရှောင်နေတဲ့ ရဲမှူးဝင်းနိုင်နှင့် ပတ်သက်တဲ့အမှု (အင်းစိန်ထောင်ထဲမှာ ရောက်ရှိနေတဲ့) ရဲတပ်ဖွဲ့က ကိုထက်ခိုင် (ကွန်ပြူတာ ကျွမ်းကျင်သူ) ကို မေးမြန်းကြည့်တော့ စစ်ကြောရေး ပြုလုပ်ချိန်မှာ အနံ့အရသာ မရှိတဲ့ Amphetamines ဆေးပြားများကို သောက်ရေမှာ ထည့်တိုက်လေ့ရှိကြောင်း၊ ယင်း ဆေးပြားများကို စစ်ကြောရေး ပြုလုပ်သူ ရဲများရဲ့ လက်ဝယ် အဆင်သင့်ထားရှိကြောင်း၊ ငယ်ရွယ်သူတို့ကို ခန္ဓာကိုယ် ညှဉ်းပန်းနှိပ်စက်ပြီး စစ်မေးသလို စိတ်ကြွဆေးရည်များ တိုက်ကျွေးပြီး အာရုံချွတ်လွဲအောင် ပြုလုပ်ကြောင်း၊ အသက်အရွယ် ကြီးသူတို့ကိုမူ ခန္ဓာကိုယ် ညှဉ်းပန်းမှု ပြုလုပ်ခြင်း မရှိသော်လည်း စိတ်ကြွဆေးရည် တိုက်ကျွေးမှု ပြုလုပ်ကြောင်း သူက ပြောဆိုပြီး ကိုဇေယျအနေဖြင့် စစ်ကြောရေးက သူ၏ ခံစားချက်ကို ပြန်ပြောင်းသတိရမိလျက်ရှိကြောင်း ပြောပြပါတယ်။

ဒီလိုစစ်ကြောရေးကာလ ရဲထံ ထွက်ဆိုအစစ်ခံချက်၊ တရားခံက ဖြောင့်ချက် (သို့မဟုတ်) ထွက်ဆိုချက် ပေးရတဲ့ အပေါ်မှာ သက်သေခံ အက်ဥပဒေပုဒ်မ ၂၄/၂၅/၂၆ တို့အရ အကျုံးဝင်နိုင်သလားဆိုတာကို အဓိကထား စဉ်းစားကြည့်တယ်လို့ ကျနော်က ယူဆပါတယ်။ ဥပဒေအရပြောရင် တရားခံရဲ့ ရဲထံ ထွက်ဆိုအစစ်ခံချက်ကို တရားရုံးမှာ လာရောက်ထွက်ဆို အစစ်ခံနိုင်ခွင့် မရှိသလို၊ သက်သေခံမဝင်ဟု ပြဋ္ဌာန်းထားသော်လည်း လက်ခံစစ်ဆေးနေသော တရားရုံးများက ခွင့်ပြုခြင်း၊ သုံးသပ်ဖော်ပြထားခြင်းတို့ဟာ မြန်မာနိုင်ငံ တရားစီရင်ရေးတရပ်ရဲ့ လွဲမှားအံချော်နေတဲ့ အချက်တရပ်လို့ ထောက်ပြနိုင်ပါတယ်။

အမျိုးသား ထောက်လှမ်းရေး ဥပဒေ တည်ရှိခဲ့တုန်းက စစ်ကြောရေး ပြုလုပ်ခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ စာတမ်းပြုစုခဲ့သူ စက်မှုတက္ကသိုလ်ကျောင်းသား ကိုအောင်ထွန်းဆိုသူက သူ့ကို စစ်ကြောရေးပြုလုပ်တဲ့ အခါမှာ ဆေးထိုးပြီး အာရုံချွတ်လွဲအောင် စစ်ဆေးခဲ့ကြောင်း၊ ကြာလာသည်နှင့်အမျှ အသက်အန္တရာယ် ဖြစ်နိုင်ကြောင်း မီဒီယာမှာ သူ ပြောသွားဖူးပါတယ်။ ဥပဒေကျောင်းသား မုံရွာက ကိုသက်နောင်စိုး ဆိုရင်လည်း ထောင်ထဲမှာ ဆေးထိုးခံရပြီး ထောင်က လွတ်လာတာ ၅ နှစ်ကျော်၊ ၆ နှစ်ခန့် ရှိတဲ့တိုင် ယနေ့အထိ ကြောင်တောင်တောင် ခံစားဖြစ်ပေါ်ဆဲပါ။ ယနေ့ အင်းစိန်ထောင်ထဲမှာပင် ရှိနေတဲ့ ကိုသန်းမြင့်အောင် ဆိုရင်လည်း စစ်ကြောရေး ပြုလုပ်ခံရပြီးနောက် အမှုရုံးတင်စစ်ဆေး ခံနေရချိန်ထိ စိတ်ကစဥ့်ကလျား ဖြစ်နေလို့ ရွာသာကြီး စိတ်ရောဂါကုဆေးရုံသို့ တင်ပို့ရတဲ့ အခြေအနေ ရှိနေခဲ့ကြောင်း၊ ဒါတွေဟာ စစ်ကြောရေး ပြုလုပ်စဉ်က တရားမဝင်တဲ့ ဆေးကျွေး၊ ဆေးထိုးမှုများကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်တဲ့အတွက် ဥပဒေက ခွင့်မပြုသော နည်းများကို ကျင့်သုံးပြီး ရဲထံ ထွက်ဆိုချက်တခုထဲနဲ့ နှစ်ရှည်ထောင်ဒဏ် ကျခံသွားရမှုများကို ပြန်လည်စုံစမ်းဖော်ထုတ်သင့်ပါကြောင်း အကြံပြုအပ်ပါတယ်။

စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေကို န.ဝ.တ စစ်အစိုးရက ဥပဒေ ၁/၉၃ ဖြင့် ပြဋ္ဌာန်းခဲ့ဖူးပါတယ်။ ရည်ရွယ်ချက်အနေဖြင့် “to prevent the danger of narcotic drugs and psychotropic substances which can cause degeneration of mankind, as a national responsibility” ဟု လူသားတို့ကို အညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ၏ ဘေးအန္တရာယ်ကို အမျိုးသားရေးတာဝန်ဖြင့် တားဆီးကာကွယ်ရန် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ ကွန်ဗင်းရှင်း ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်ဟု ဖော်ပြခဲ့သော်လည်း ယနေ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ အမှုများနှင့် ပတ်သက်ပြီး စစ်ကြောရေး ပြုလုပ်ရာမှာ စိတ်ကို ပြောင်းလဲစေတတ်တဲ့ Amphetamines လို့ ခေါ်တဲ့ အလိုအလျောက် အာရုံကြောစိတ်ကို နိုးကြွစေတဲ့ (ရာမ) ဆေးများ တိုက်ကျွေးစစ်ကြောမှုများ ပြုလုပ်နေပါက နာဇီဂျာမဏီခေတ်ကလို လူညွှန့်တုံးစေတဲ့ လုပ်ရပ်၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ လုပ်ရပ်အဖြစ် သုတေသနပြု ဖော်ထုတ်သင့်ပါတယ်။ ကမ္ဘာ့ဆေးပညာရှင် အဖွဲ့များကလည်း ကန့်ကွက်တားဆီးကြရန် လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

( ဥပဒေ အတိုင်ပင်ခံ ဦးအောင်သိန်းသည် ဒီမိုကရေစီလိုလားသော အတိုက်အခံများအတွက် အခမဲ့ ဥပဒေအကျိုးဆောင်ပေးနေသူဖြစ်ပြီး စစ်အစိုးရက သူ၏ ရှေ့နေလိုင်စင်ကို ရုပ်သိမ်းထားသည်။)

ကျမတို့  မျက်စိမှိတ်လက်ပိုက်ကြည်မနေသင့်တဲ့ ကိစ္စတွေထဲက တစ်ခုပဲ

Friday, January 14, 2011

ဘာသာသာသနာကို စော်ကားနေတဲ့ နအဖနဲ့  သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်တို့  ပေါင်းပြီး အလွန်အကျူး ရိုင်းစိုင်းပြနေပါပြီ။


ဘားအံမြို့ ၊ ဇွဲကပင်ခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့ က စပြီး ကျင်းပခဲ့တဲ့ နံပါတ် (၁) စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းမှာ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်တစ်ဦးက နအဖတိုင်းမှူးတွေရဲ့  ခွင့်ပြုချက်နဲ့  ဗုဒ္ဓဘာသာ သာသနာကို ပျက်ဆီးစေတဲ့ ရိုင်းစိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

နအဖ အမှတ် (၁၂) ခြေမြန်တပ်မမှူးလည်း ဒီသင်တန်းကို တက်ရောက်ခဲ့ပါတယ်။ နအဖစစ်တပ်အရာရှိများ၊ ပြည်နယ် နအဖ ခရိုင် မြို့ နယ် ကျေးရွာက မယက ရယကတွေလည်း ပါပါတယ်။

အောက်ဖေါ်ပြပါ ဗွီဒီယိုမှတ်တမ်းအရ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်က သူ့ ကိုယ်သူ ဆရာတော် အရှင် Eiddidpala လို့  ဘွဲ့ ခံယူထားကာ သင်္ဃန်းဝတ်ပြီး ဗုဒ္ဓဘာသာကို စော်ကားဖျက်ဆီးနေတာ ဖြစ်တယ်ဆိုတာ သိသာထင်ရှားပါတယ်။

ဗုဒ္ဓဘာသာ သံဃာတော် အရှင်သူမြတ်တွေဟာ တရားကျင့်ကြံအားထုတ်ပြီး ဗုဒ္ဓမြတ်စွာဘုရား ဆိုဆုံးမညွန်ကြားသတ်မှတ်ချက်တွေကို တစ်သွေမသိမ်း လိုက်နာကျင့်ကြံကြတာပါ။ ဗုဒ္ဓဘာသာ သံဃာတော် အရှင်သူမြတ်တွေ မပြောပါနဲ့ ဦး သာမန် ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်တစ်ဦးတောင် ဗုဒ္ဓဘာသာတရားရဲ့  အခြေခံတရားတွေ ဖြစ်တဲ့ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလတွေကို စောင့်ထိန်းကြပါတယ်။

စစ်မှန်တဲ့ သံဃာတစ်ပါးဆိုရင် ရှစ်ပါးသီလထဲမှာ ပါရှိတဲ့ - “နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” ဆိုတဲ့ အနက်အဓိပ္ပါယ်အနေနဲ့  - နစ္စ- ကိုယ်တိုင်ကခြင်း၊ သူတစ်ပါးကို အကခိုင်းခြင်း၊ ဂီတ- ကိုယ်တိုင်သီဆိုခြင်း၊ သူတစ်ပါးကို သီဆို ခိုင်းခြင်း၊ ၀ါဒိတ- ကိုယ်တိုင်တီးမှုတ်ခြင်း၊ သူတစ်ပါးကို တီးမှုတ်ခိုင်းခြင်း၊ ၀ိသူက ဒဿန- (၀ိသူက- ဘုရားအဆုံးအမ၏ ဆန့်ကျင်ဘက်ဖြစ်သော အရာတို့ ကို၊ ဒဿန- ကြည့်ရှု နားထောင်ခြင်း) တို့ ကို ရှောင်ကြဉ်ရကြောင်း ဖေါ်ပြထားပါတယ်။

ဒါဆိုရင် ဒီ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်ဟာ သင်္ဃန်းကို ခြုံရုံမျှ ခြုံထားပြီး ဗုဒ္ဓဘာသာတရားကို ပျက်စီးစေအောင်လုပ်နေတဲ့ သာသနာဖျက်ဖြစ်တယ်ဆိုတာ အထူးပြောနေစရာ မလိုပါဖူး။ ဒီ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်ကို နအဖ တိုင်းမှူးတွေ တပ်မှူးတွေက တမင်သက်သက် ကိုးကွယ်ထားပြီး လုပ်ချင်ရာ လုပ်ခိုင်းနေတယ်ဆိုကတည်းက နအဖတွေဟာ သာသနာတော်ကို ဖျက်ဆီးနေသူများဖြစ်လို့ ပါဘဲ။

ဒီ ဗွီဒီယိုမှတ်တမ်းထဲမှာ ဘာသာတရားကို ရိုသေကိုင်းရှိုင်းဖို့  ပြောသွားပါတယ်။ ဒီလို အခုန်အပေါက်တွေနဲ့  တရုတ်သီချင်းတွေနဲ့  ခုံကပေါက်နေတာကတော့ ဘာသာတရားကို စော်ကားဖျက်ဆီးနေတာ ပေါ်ပေါ်ထင်ထင်ကြီးပါဘဲ။ နောက်ပြီး ဒီ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်က ပြောတာ အဆိပ်တွေ ထုတ်ပစ်ရမယ်တဲ့။ တကယ်တော့ ကိလေသာအညစ်အကြေးတွေကို ရအောင် သီချင်းဖွင့်ပြ ကခုန်ခိုင်းနေတာ ဖြစ်ပါတယ်။


ဒီ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက် ခိုင်းတာကို ဘာမှန်းမသိ လိုက်လုပ်ပြီး ခုန်ပေါက်ကနေသူတွေကတော့ အရှက်မရှိ ကိုယ်ပိုင်ဦးနှောက်မရှိကြသူတွေပါဘဲ။ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက် ဖွင့်တဲ့သီချင်းတွေက တရုတ်သီချင်းတွေဖြစ်ပြီး သီချင်းစာသားထဲမှာ ပါတာတစ်ခုကတော့ “မင်းတို့  အ၀တ်တွေ ချွတ်ပစ်လိုက် ချွတ်ပစ်လိုက်” လို့  စာသားပါရှိကြောင်း ဒီ ဗွီဒီယိုကြည့်ရသူ တရုတ်ဘာသာစကား နားလည်သူတစ်ဦးက ပြောပါတယ်။



ဒီသင်တန်းပြီးဆုံးတာနဲ့  တန်ဖိုးရှိတဲ့ဘ၀တွေ ကိုယ်စီ ကိုယ်စီ ပိုင်ဆိုင်ကြတော့မှာ ဖြစ်ပါတယ်လို့  ပြောသွားတာ တန်ဖိုးရှိတဲ့ဘ၀ဘဲ ပိုင်ဆိုင်မလား အ၀ီစိငရဲကို ဇောက်ထိုးဆင်းကြရမလားဆိုတာ အသိဥာဏ် ရှိကြသူတိုင်း စဉ်းစားမိမှာပါ။ စိတ်ဓါတ်မြှင့်တင်တာ လားလားမှ မဟုတ်ဘဲ အောက်တန်းကျ ရိုင်းစိုင်းလွန်းတဲ့ စိတ်ဓါတ်တွေဘဲ ရကြမှာပါ။

ဒီသင်တန်းကို (၁၅) မိနစ်အတွင်း ဆုံးဖြတ်လိုက်ပြီး မဖြစ်မနေဖွင့်လှစ်တာဆိုတော့ အတော့်ကို တန်ဖိုးမဲ့တဲ့ဟာဘဲ၊ နောက် အဲ့ဒီ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက် လုပ်ခိုင်းတာကို လက်အုပ်ချီစရာ မလိုဖူး သာဓုခေါ်စရာ မလိုဖူး လက်ခုပ်တီးပေးဖို့ ဘဲဆိုတော့ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်မို့  မိုးကြိုးပစ် မြေမြိုခံရမှာ ကြောက်နေတယ်နဲ့ တူပါတယ်။

ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း စော်ကားနေတဲ့ သင်တန်းမျိုးကို နအဖက သဘောကြနေပြီး နောက်ထပ် သင်တန်းတွေ ဆက်ပေးဖွင့်ဖို့  နအဖက ခွင့်ပြုထားပါတယ်။ မိစ္ဆာဒိဌိ နအဖ သန်းရွှေတို့ ကြိုင်ကြိုင်တို့  မိသားစုတွေကအစ ဘုရားရင်ပြင်တော်ပေါ်မှာ ဖိနပ်စီးကြတယ်၊ သံဃာတော်တွေကို မတရားထောင်သွင်းအကျဉ်းချပြီး အတင်းအဓမ္မ သင်္ဃန်းဆွဲချွတ်ကြတယ်၊ ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ ရဟန်းသံဃာတော် အရှင်သူမြတ်တွေကို ဂုတ်ကဆွဲ ရင်ဘတ်ဆောင့်တွန်း သေနတ်ဒင်နဲ့  ထုရုံမက ယုတ်မာစွာနဲ့  ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုကာ သတ်ဖြတ်ခဲ့ကြတယ်။ အခုလို နောက်ထပ်စော်ကားရိုင်းစိုင်းပြတဲ့ လုပ်ရပ်တွေကို တဖြေးဖြေးနဲ့  ထပ်တိုးပြီး လုပ်ပြတဲ့အနေနဲ့  ဒီလို သာသနာကို စော်ကားတဲ့ သင်တန်းတွေ ထပ်ဖွင့်ဖို့  နအဖက စီစဉ်နေတာ ဖြစ်ပါတယ်။

နအဖနဲ့  ဒီ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်က ဒီလိုမျိုး နောက်ထပ် သင်တန်းအမှတ်စဉ် (၂) ကို ရန်ကုန်မြို့  ကျောက်တံတားမြို့ နယ် Asia Plaza မှာ ဒီလ (၁၇) ရက်နေ့ မှာ ထပ်ဖွင့်ပါဦးမယ်တဲ့ဗျာ။ မြန်မာပြည်ကြီးတော့ နအဖနဲ့  ပုဂံခေတ်က အရည်းကြီးတွေထက် ဆိုးမယ့် ဒီ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်တွေကြောင့် ဘာသာတရား ပျက်သုံးပြီး အရိုင်းအစိုင်းတွေခေတ် ပြန်ရောက်ပါတော့မယ်။















မြန်မာပြည်သူပြည်သားအပေါင်းတို့ ခင်ဗျား - သာသနာတော် ထွန်းကားတောက်ပြောင်ခဲ့တဲ့ မြန်မာပြည်ကြီးဟာ ဒီနအဖတွေကြောင့် ဘာသာတရားတွေ အလျဉ်း ပျောက်ကွယ်ပါတော့မယ်။ ဘာသာသာသနာ၊ တိုင်းပြည်နဲ့  လူမျိုးကို ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးကြဖို့ နဲ့  သာသနာဖျက်တွေကို တိုက်ထုတ်ဖယ်ရှားကြဖို့  အထူးအရေးကြီးသော အချိန်ကာလ ရောက်နေပြီ ဖြစ်ကြောင်း ပြောကြားအပ်ပါတယ်။

ကိုနစ်နေမန်း ထံမှ http://www.niknayman-niknayman.co.cc/2011/01/blog-post_14.html

စစ်အုပ်စုမှ ကလေးအကျဉ်းသားအား ပေါ်တာဆွဲ ၍ အဓမ္မစေခိုင်း(ဒုတိယပိုင်း)

Thursday, January 13, 2011

စစ် အုပ်စုမှ ပေါ်တာ ဆွဲ ၍ အဓမ စေခိုင်းခံရသော အကျဉ်းသား

နှစ်ဆယ့်တစ်ရာစုပင်လုံညီလာခံ

Wednesday, January 12, 2011




“နိုးကြားတက်ကြွလာသော လူငယ်ထု၏ အင်အားနှင့် မြန်မာ့နိုင်ငံရေး

Tuesday, January 11, 2011

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေတွေ့ဆုံဆွေး နွေးပွဲတခုပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေရော၊ အဖွဲ့ချုပ်ပါတီဝင်မဟုတ်သူတွေရော စိတ်ဝင်တစား တက်ရောက်လာကြသလို အင်ဂျီအိုတွေကလူငယ်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးမှုဟာ အလွန်ကောင်းပါတယ်။ တက်ရောက်လာတဲ့ လူငယ်တွေဟာ တိုင်းပြည်ရဲ့ ဒီကနေ့ နိုင်ငံ ရေး လူမှုရေး စီးပွားရေးအကြောင်းတွေကို အရင်ကထက်ပိုပြီးစိတ်ဝင်တစား ရှိလာကြတယ်လို့ ယူဆရပါတယ်။ နိုင်ငံ ရေးဆိုတာ ပြည်သူလူထုတိုင်းနဲ့ ပတ်သက်နေသလို ပြည်သူလူထုအားလုံးပါဝင်ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ လူ ထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့စကားကို နားလည်လက်ခံလာကြပုံလည်း ရပါတယ်။ ဒါဟာလည်း ကိစ္စကောင်းဖြစ်သလို ကြေနပ်အားရစရာဖြစ်ပါတယ်။

လူငယ်တွေသိချင်လို့ မေးလာတဲ့မေးခွန်းတွေကို ကြည့်လိုက်တဲ့အခါမှာ လည်းတိုင်းပြည်ရဲ့ အနာဂတ်နိုင်ငံရေး၊ နိုင်ငံ တော်ကို ဦးဆောင်မှုပေးမယ့် လူထုခေါင်းဆောင်ရဲ့အခန်းကဏ္ဍ၊ ပြည်သူလူထုရဲ့အခန်းကဏ္ဍစတာတွေအပေါ်မှာ စိုး ရိမ်ပူပန်မှုတွေ ရှိနေကြတာ တွေ့ရပါတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့တောင် မေးသွားပါသေး တယ်။ မေးခွန်းတွေကို ဖြေဆိုသွားတဲ့ လူထုခေါင်းဆောင်ရဲ့အဖြေဟာလည်း မှန်ကန်ကောင်းမွန်သလို ပါးနပ်လိမ်မာ ပါတယ်။တချို့နေရာတွေမှာတော့ ဒီထက်ပိုပြီး ပြတ်သားရဲရင့်တဲ့စကားလုံးမျိုးတွေနဲ့ သုံးစွဲသွားမယ်ဆိုရင် လူငယ်တွေ အတွက် ပိုပြီးအားတက်ကြိုးစားချင်စိတ် ရှိလာနိုင်ပါတယ်။

ကျနော်တို့ သတိထားကြရမှာကတော့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖယ်ရှားပြီး ဒီမိုကရေစီနိုင်ငံတခုတည်ဆောက် နိုင်ဖို့မှာ အကြမ်းမဖက်ငြိမ်းချမ်းတဲ့ နည်းလမ်းတခုတည်းကို ကိုင်စွဲထားလို့ရနိုင်ပါ့မလား။ တွေ့ဆုံဆွေးနွေးရေးကို လုံးဝ လုပ်စရာအကြောင်းမရှိပါဘူးလို့ ပြောထားပြီး တွေ့ဆုံဆွေးနွေးဖို့ လုံးဝလေသံမဟစိတ်မ၀င်စားပဲ သူတို့ရဲ့ အရေခွံလဲ စစ်အာဏာရှင်စနစ်အတွက် တင်ပေးမယ့် အရပ်ဝတ်စစ်အစိုးရဖွဲ့စည်းရေးနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို လက်ဝါးကြီးအုပ်သိမ်းယူရေးအတွက်ကိုပဲ ကြိုးစားအားထုတ်နေတဲ့ စစ်အာဏာရှင်တွေကို တွေ့ဆုံဆွေးနွေးရေးပဲ ဆက် တောင်းဆိုနေလို့ရပါ့မလား။ ကျနော်ကတော့ အဲဒီလိုမယုံကြည်ပါဘူး။ သူတို့ မိုက်မည်းဆိုးသွမ်းမှုတွေ၊ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို နောင်တတရားရပြီး ပြည်သူလူထုလက်ထဲ အလွယ်တကူ အာဏာပြန်အပ်မယ်လို့ ယုံကြည်တယ်ဆိုရင် လည်း မိုက်မည်းရာကျမယ်ထင်ပါတယ်။

အဲဒီလို စစ်အာဏာရှင်အစိုးရမျိုးရော ဖြစ်နိုင်ပါသလား။ အတိတ်တုံးက ဘာတွေလုပ်ခဲ့ ဘာတွေကျူးလွန်ခဲ့ပြီး ခုချိန်မှာ ဘာတွေလုပ်နေ ကျူးလွန်နေ ပြင်ဆင်နေပါသလဲ။ အလွန်မြင်သာထင်ရှားပြသထားပြီး ဖြစ်ပါတယ်။ စစ်အာဏာရှင်စ နစ်ကို တွန်းလှန်ဖယ်ရှားနိုင်သူတွေဟာ ပြည်သူလူထုကြီးသာဖြစ်ပါတယ်။ ပြည်သူလူထုကြီးရဲ့ ကြီးမားတဲ့ အင်အားပါ။ ဒါပေမယ့် ကျနော်တို့ တိုင်းပြည်က အမျိုးသားစစ်အာဏာရှင်တွေလို ရက်စက်သလောက် ကောက်ကျစ်စဉ်းလဲ ရိုင်း မိုက်တဲ့ စစ်အစိုးရမျိုးကို တွန်းလှန်ဖယ်ရှားနိုင်ဖို့ အကြမ်းဖက်လက်နက်ကိုင်တော်လှန်ရေးလည်း လိုအပ်ပါတယ်။ ပြောလိုရင်းကတော့ အကြမ်းမဖက်ဆန့်ကျင်တော်လှန်ရေး၊ တပိုင်းအကြမ်းဖက်တော်လှန်ရေး၊ အကြမ်းဖက်တော်လှန် ရေး အာလုံးကို လိုအပ်တယ်ဆိုတာပါပဲ။ သုံးစွဲလို့ရနိုင်သမျှ တော်လှန်ရေးနည်းနာအားလုံးကို အသုံးချနိုင်မှပဲ စစ်အာ ဏာရှင် အစိုးရကို အောင်ပွဲရသည်အထိ တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမယုံကြည်ရာတိုက်ပွဲပုံသဏ္ဍန်ကို ဖော်ဆောင်ရာမှာ၊ ပြည်သူလူထု ရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှု လိုအပ်သလို၊ တခြားဒီမိုကရေစီအင်အားစုတွေ တိုင်းရင်းသားလက်နက်ကိုင်အင်အား စုတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရာမှာလည်း ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှု လိုအပ်ပါ လိမ့်မယ်။ ကိုယ်ယုံကြည်ရာ၊ အားသန်ရာ တိုက်ပွဲပုံသဏ္ဍန်မှာ ပါဝင်ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ တခု တည်းသော ဦးတည်ချက်ကတော့ စစ်အာဏာရှင်စနစ် ဖယ်ရှားရှင်းလင်းပစ်ရေးသာ ဖြစ်ပါတယ်။

ပြည်သူလူထုကြီးတရပ်လုံး စည်းလုံးညီညွတ်မှု ရှိရှိနဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနောက် ကို ရဲရဲရင့်ရင့်လိုက်ပါကြဖို့ဖြစ်သလို စစ်အာဏာရှင်စနစ် ဆန့်ကျင်တွန်းလှန်ရေးအတွက် တခြားဒီမိုကရေစီအင်အားစု တွေ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ဖော်ဆောင်လာတဲ့ တိုက်ပွဲတွေမှာလည်း ပါဝင်ထောက်ခံအားပေးကြဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။

ရန်သူရဲ့ရန်သူဟာ မိတ်ဆွေပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ကန့်ကွက်ဆန့်ကျင် တွန်းလှန်သူတိုင်းဟာ မိတ် ဆွေ မိတ်ဖက်တွေသာ ဖြစ်ကြပါတယ်။ မတူကွဲပြားမှုတွေ ရှိကောင်းရှိနေမှာဖြစ်ပေမယ့် ဒါတွေဟာ ရန်ဘက်သဘော မဟုတ်ပဲ မိတ်ဘက်သဘောသာဖြစ်ပါတယ်။ ပဋိပက္ခ ရှိလာရင်တောင် မိတ်ဘက်ပဋိပက္ခသာဖြစ်ပြီး မိတ်ဘက်ပဋိပက္ခ ဖြေရှင်းနည်းနဲ့သာ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ ဒါဟာအလွန်အရေးကြီးပါတယ်။

သတင်းဌာနတခုရဲ့မေးမြန်းချက်တခုကိုဖြေကြားရင်းဒေါ်အောင်ဆန်းစုကြည်က တတိယလမ်း တတိယအုပ်စုအပေါ် အမြင်ကိုပြောပြသွားရာမှာ သူ့အနေနဲ့ တတိယဖြစ်ဖြစ် စတုတ္ထဖြစ်ဖြစ် ပဉ္စမဖြစ်ဖြစ် အင်အားစုအားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်လို ကြောင်းပြောကြားသွားပါတယ်။ အဓိကကတော့ ဘုံအကျိုးစီးပွားအတွက် ဘုံလုပ်ငန်းစဉ်အတိုင်း ပူး ပေါင်းဆောင်ရွက်သွားကြဖို့သာ ဖြစ်ပါတယ်။

စစ်အာဏာရှင်အစိုးရကိုတော့ ပြည်သူလူထုရဲ့ရန်သူ တိုင်းပြည်ရဲ့ရန်သူလို့ ပြတ်ပြတ်သားသားမြင်နိုင်ကြဖို့ အရေးကြီး ပါတယ်။ စစ်အစိုးရကတောသူတို့ရဲ့အာဏာကို ထိပါးလာတာနဲ့တပြိုင်နက် ပြည်သူလူထုကို ရန်သူလိုသဘောထားပြီး ရက်ရက်စက်စက် သတ်ဖြတ်ခြေမှုန်းတတ်တယ်ဆိုတာကို အားလုံးတွေ့မြင်သဘောပေါက်ကြပြီး ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ အတိုက်အခံဒီမိုကရေစီ အင်အားစုတွေဘက်ကသာ စစ်အာဏာရှင်တွေဆီက အကျိုးစီးပွား အခွင့်အရေး တခုရဖို့အတွက် သစ္စာဖောက၊် ခွဲမထွက်ကြဖို့ အရေးကြီးပါတယ်။ ပြည်သူလူထုကြီးအတွင်းကလည်း ကိုယ်ကျိုးစီးပွား တခုအတွက် အခွင့်အရေးမက်လုံးတခုအတွက် အချင်းချင်းပြန်သစ္စာမဖောက်မိကြဖို့ အရေးကြီးပါတယ်။ အဲဒီလို ပြည် သူကိုသစ္စာဖောက်ပြီး စစ်အစိုးရရဲ့အလိုတော်ရိ လက်ကိုင်တုတ်ဖြစ်သွားခဲ့ကြသူတွေကို ကုန်ဈေးနှုံးကျဆင်းရေး လှုပ် ရှားမှုတွေနဲ့ ရွှေဝါရောင်အုံကြွမှုကာလအတွင်းမှာ အများကြီးတွေ့မြင်ခဲ့ကြရပြီးဖြစ်ပါတယ်။

အဲဒီလိုသစ္စာဖောက်မျိုးတွေရဲ့ အန္တရာယ်ကို လည်းလျှော့မတွက်မိကြဖို့ သတိကြီးကြီးရှိကြဖို့ ကာကွယ်တားဆီးကြဖို့ ဖယ်ရှားရှင်းလင်းပစ်ဖို့လိုရင် ဖယ်ရှားရှင်းလင်းပစ်ဖို့ခုချိန်ကတည်းက သတိထား ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ရက်စက်ကြမ်းတမ်းတဲ့ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တိုက်ဖျက်ရာမှာ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ မိတ်ဘက်အချင်းချင်းနားလည်ခွင့်လွှတ်မှု စတာတွေ အရေးတကြီးလိုအပ်သလို၊ ရန်သူရဲ့သဘောသဘာဝ၊ကောက် ကျစ်စဉ်းလဲမှုတွေကို သတိချပ်ဖို့ စစ်အာဏာရှင်တွေရဲ့ သူလျှိုဒလန်တွေ ဒေါက်တိုင်တွေ၊ ရန်သူအားပေးတွေရဲ့ အန္တရာယ်တွေကိုလည်း သတိကြီးကြီးထားဖို့ လိုပါလိမ့်မယ်။

ကျနော်တို့အားလုံး တညီတညွတ်တည်းဆန့်ကျင်တိုက်ဖျက်ကြမယ်ဆိုရင် စစ်အာဏာရှင်စနစ်ဟာမုချကျဆုံး ရှုံးနိမ့်ရ မှာ အသေအချာပဲ ဖြစ်ပါတယ်။ ။

စိုးနေလင်း

အဖွဲ့ ချုပ်ထံ စစ်မှန်သောစေတနာဖြင့် ဆက်စပ် လိုပါက

အန်တီက နှစ်သစ်ကို အဲလို နှုတ်ခွန်းဆတ်တယ်

Wednesday, January 5, 2011



UN ရုံးရှေ့ လက်ပစ်ဗုံးကိုင်ဆန္ဒပြသည့် ကိုးသုံးလုံး မှ စောသံမဏိ

Tuesday, January 4, 2011

ထိုင်း UN ရုံးရှေ့ တွင် လက်ပစ်ဗုံး ကိုင် (စနက်တံဖြုတ်၍) ဆန္ဒပြ

Monday, January 3, 2011

ယနေ့  နံက် ၇း၂၅ နာရီကျော်တွင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ UN ရုံးတွင် ဆန္ဒပြမှုတခု ဖြစ်ပွါးခဲ့သည်။မြန်မာ့နိုင်ငံရေးတွင် ထူးခြားသည့် ဖြစ်စဉ်တရပ်ဖြစ်သကဲ့သို့ ပြောင်မြောက်

သည့် လုပ်ရပ်ဖြစ်သည်။

ဆန္ဒပြသူ၏ အမည်မှာ စောသံမဏိ ဖြစ်သည်။ အသက် ၃၅ နှစ်လောက် ခန့်မှန်းမိပါသည်။

ဆန္ဒပြ ရသည့် အကြောင်းရင်းမှာ နယ်ခြားစောင့် တပ် (BGF) အဖြစ် အတင်းစေခိုင်းခံရ

သည့်ကိစ္စများ အပေါ်မကြေနပ်သလို၂၀၁၀ ရွေးကောက်ပွဲ ကို လက်မခံနိုင်ခြင်းကြောင့်

ဖြစ်သည်။

ဆန္ဒပြသည့် ပုံစံမှာ ထိုင်းဆိုင်ကယ်တက္ကစီ ကိုငှါးစီး၍ UN (မဲဆောက်) ရုံးရှေ့အရောက်တွင်

လက်ပစ်ဗုံးနှစ်လုံးအား စနက်တံ ဖြုတ်ကာ လက်တွင်ဆုတ်ကိုင်၍ ဆန္ဒပြခြင်းဖြစ်သည်။

ဆိုင်ကယ်ပေါ်တွင်သာထိုင်၍ တက္ကစီသမားကိုပါထိမ်းချုပ်၍ဆန္ဒပြနေခြင်းဖြစ်သည်။

ဆန္ဒပြမှု ကိုဖြေရှင်းရန် အတွက် ထိုင်းအရာရှိကြီးများအားလုံး လုံခြုံရေးတပ်ဖွဲ့ ဝင်များအား

လုံးနှင့် မြို့ တော်ဝင်မှ အစ စနစ်တကျကိုင်တွယ်နေသည်ကို မျက်မြင်တွေ့ ခဲ့ရသည်။

ပတ်ဝန်းကျင် မှ စိုးရွံထိပ်လန့် နေကြသော်လည်း မည်သည့်ရည်ရွယ်ချက် ရှိသည်ကိုမူ

ချက်ချင်းမသိကြ သေးပေ။

ထိုင်း ရဲအရာရှိများ တပ်ဖွဲ့ ဝင်များနှင့် မြိုတော်ဝန်၏ စနစ်တကျစည်းရုံးကိုင်တွယ်မှုကြောင့်

ဆန္ဒပြ ရဲဘော်မှာ လက်ပစ်ဗုံး စနက်တံ အား ထိုင်းအရာရှိမှစနက်တံပြန်လည်သွင်း၍ဆန္ဒ

ပြမှု ကို ရန့် တန့် စေခဲ့ပြီး ဆန္ဒပြရဲဘော်၏တောင်းဆိုချက်များကို လိုက်လျောနားထောင်

ခဲ့သည်။ တောင်းဆိုချက်(သို့ ) ရဲဘော်၏ဆန္ဒမှာ

(၁)၂၀၁၀ ရွေးကောက်ပွဲ ကတရားမမျှတဘူး
(၂)DKB အား နယ်ခြားစောင့်အတင်းလုပ်ခိုင်းခြင်းအား မကြေနပ်ဘူး
(၃)(BGF)နယ်ခြားဒစောင့် တပ်ဖွဲ့ ဝင်အဖြစ်အတင်းစုဆောင်းခံရတဲ့ ကိစ္စကိုလက်မခံဘူး
(၄)မြန်မာပြည်နိုင်ငံရေးကိစ္စ ကို ယူအမ် ကသေချာရှင်းပေးဖို့  --အစရှိသည်တို့ ဖြစ်ပါသည်။

ထို့ အပြင် ထိုင်းအရာရှိများအား ထိုဆန္ဒပြရဲဘော်မှ ၄င်းအား အရေးယူမည်ဆိုပါက နိုင်ငံတကာ ခုံရုံးတွင် အရေးယူပါရန် လည်းတောင်းဆိုခဲ့သည်။

ထိုင်းအရာရှိမှ ဆန္ဒပြရဲဘော်အား မြန်မာပြည်သို့ ပြန်မည်လား DKBA သို့ ပြန်မည်လား ပြန်

လိုပါက ပြန်ခိုင်းမည်ဆိုသောအခါ မပြန်လိုကြောင်း သိရသည်။ သို့ အတွက်ကြောင့် ယနေ့ 

မြန်မာပြည် ၏ လွတ်လပ်ရေးနေ့ တွင် မလွတ်လပ်၍ စိတ်ခံစားမှုကျဉ်းကြတ်နေရရှာသော

ဤ လူငယ်၏ ဆန္ဒပြမှု အား ကိုယ်ချင်းစာနားလည်မိပါသည် ။

မေအိခင်(လယ်ဝေး)

ရုံးချုပ် က ဒီကနေ့ ဈေးရောင်းပွဲတော်

Sunday, January 2, 2011



ဒီကနေ့  ရုံးချုပ်မှာကျင်းပတဲ့ ဈေးရောင်းပွဲတော် ကအတော်ကို စည်ကားပြီး အန်တီ့ ပုံနဲ့ ထုတ်တဲ့ မတ်ခွက် (လက်ဖက်ရည်ခွက်)လေးတွေ အတော်အရောင်းသွက်ပါတယ် ။ရိုးရာချိတ်တွေနဲ့ အတူ အန်တီ့ပုံပါတဲ့၂၀၁၁ ပြက္ခဒိန် ထွက်ရှိပါတယ် ။ရန်ကုန်ကိုသွားပြီးချိတ်ကလေးတွေ ၀ယ်ချင်လိုက်တာ ။မေ့မရဘူး အန်တီ ဒီဇိုင်းဆွဲခဲ့တဲ့ချိတ်ကို ကျမတို့ အမျိုးသမီး လူငယ်တွေ ဆင်တူဝတ်ပြီး လုံခြုံရေးယူခဲ့ရပုံတွေကိုပေါ့----