welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

အညာမြေက ကုန်တင်ကုန်ချအလုပ်သမားများနဲ့ ကိုယဉ်ထွေး

Friday, September 21, 2012

အထက်မြန်မာပြည်က အလုပ်သမားအဖွဲ့ တွေ မှတ်ပုံတင် ကျပါပြီ ။ တချို့ ကျန်နေသေးပါတယ် ။

စစ်တိုက်ခဲ့တဲ့ကျောင်းသားတွေ ဘဘတို့ ကို လက်အုပ်ချီမိုးရှစ်ခိုး ပြီးဂါရ၀ပြုခဲ့ကြတယ်

ပြည်ပမှ ပြည်သူလူထုဖွံ ဖြိုးရေး အတွက်ရောက်ရှိလာသော ကိုထွန်းအောင်ကျော် ဒေါက်တာအေးမင်း ကိုမိုးသီးဇွန် ကိုကိုအောင် ကိုယဉ်အေး ဦးကိုကိုလေး ကိုမူးသာနှင့် ကိုရွှေစင်ထွန်းတို့ မှအဖွဲ့ ချုပ်ခေါင်းဆောင်များနှင့် ဒုတိယအကြိမ်သွားရောက်တွေ့ ဆုံ နှတ်ဆက်၍ ရှစ်ခိုးဂါရ၀ပြုခဲ့ကြသည်

နာရေးကူညီမှုအသင်းမှ ECG စက်များအားလေ့လာ နေသော ဒေါက်တာအေးမင်း

အမေရိကန်တွင် ဆရာဝန် ဘွဲ နှင့် အထူးကုဘွဲ့ ကို ရရှိခဲ့သော ABSDF မှဒေါက်တာအေးမင်းသည်မြန်မာပြည်သို့  လာရောက်ရာတွင် အချည်းအနှီးမနေပဲ မိမိတက်သောပညာဖြင့် ပြည်သူ့ အကျိုးဆောင်ရွက်နေသူများထံ သွားရောက်လေ့လာခဲ့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်သို့ )ဒေါက်တာအေးမင်း ရောက်ရှိ လေ့လာ


ဒေါက်တာအေးမင်း မှဆရာဝန်ကြီး ဒေါက်တာတင်မျိုးဝင်း ထံ

Tuesday, September 11, 2012

ဒေါက်တာအေးမင်း မှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန်ကြီး ဒေါက်တာတင်မျိုးဝင်း ထံ ယနေ့  သွားရောက်တွေ့ ဆုံပြီး ပြည်သူ့ ကျမ်းမာရေးဆိုင်ရာ သိလိုသည်ကို လေ့လာခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်များဖြစ်သော - ဘဘဦးတင်ဦး ဘဘဦးဝင်းတင်တို့  ထံ ဦးမိုးသီးဇွန်၊ဒေါက်တာအေးမင်း၊ဦးကိုကိုအောင်နှင့် ဦးရွှေစင်ထွန်း တို့ မှ ယနေ့  နေ့ လည် ၁၁း၃၀ တွင် သွားရောက် ဂါရ၀ပြုတွေ့ ဆုံခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်များဖြစ်သော - ဘဘဦးတင်ဦး ဘဘဦးဝင်းတင်တို့  ထံ ဦးမိုးသီးဇွန်၊ဒေါက်တာအေးမင်း၊ဦးကိုကိုအောင်နှင့် ဦးရွှေစင်ထွန်း တို့ မှ ယနေ့  နေ့ လည် ၁၁း၃၀ တွင် သွားရောက် ဂါရ၀ပြုတွေ့ ဆုံခဲ့သည်။ ခေါင်းဆောင်များမှ နွေးထွေးစွာကြိုဆိုပြီး ၈၈ကျောင်းသားခေါင်းဆောင် ကိုမိုးသီးနှင့် အဖွဲ့ ၏ လာရောက်တွေ့ ဆုံမှုအပေါ် ၀မ်းမြောက်စွာကြိုဆိုကြောင်းနှင့် အောက်ခြေ ပုဂိုလ်များက မည်သို့ ပင် ဆက်ဆံစေ ဘဘတို့ အနေနှင့် ယခုကဲ့သို့  ဆက်စပ် တွေ့ ဆုံဆွေးနွေးနိုင်ကြခြင်းအပေါ်ဝမ်းမြောက်ကြောင်းနှင့် တစ်ဖွဲ့ တည်းမဟုတ်သော်လည်း ထိဆက် ဆက်ဆံ လုပ်ကိုင်သွားကြမည်မည်ဖြစ်ကြောင်းကို အဖွဲ့ ချုပ် ခေါင်းဆောင်နှစ်ဦးမှ ပြောကြားခဲ့သည်။ ဘဘဦးတင်ဦး ဘဘဦးဝင်းတင်တို့ မှ ကိုမိုးသီးတို့  သိလိုသည့် မေးခွန်းများကို အချိန် ၂း၀၀ ကြာသည့်တိုင် ဖြေကြားပေးခဲ့ပြီး တိုင်းပြည်အနာဂတ်တိုးတက်နိုင်ရန် နည်းလမ်းများဆွေးနွေးခဲ့ကြသည်။ လူထုခေါင်းဆောင်နှင့်တွေ့ ဆုံ နိုင်ရန်မှာ ဒေါ်စု၏ အမေရိကန် ခရီးစဉ်နှင့် နီးကပ်နေသဖြင့် စောင့်ရဦးမည်ဖြစ်သည်.။ ဦးထွန်းအောင်ကျော် ၊ ဦးယဉ်အေး၊ဦးမူးသာနှင့် ဦးကိုကိုလေးတို့ မှာ သာယာဝတီသုံးဆယ် ခရီးစဉ်အားပြင်ဆင်ပြီး ဖြစ်သဖြင့် -နောက်တစ်ကြီမ် ဂဦးလုံးတွေ့ ဆုံဂါရ၀ပြုသွားမည်ဖြစ်သည်.

ABSDF က ဒေါက်တာအေးမင်း ဟာ မြန်မာပြည် ကပြည်သူတွေ ကျမ်းမာရေးအတွက် သူအမေရိကမှာဆည်းပူးခဲ့ ခွဲစိတ်အထူးကု ပညာရပ်ကို အသုံးပြုသွားမှာဖြစ်ပါတယ် ။

Monday, September 10, 2012


ပြည်ပတွင် ခွဲစိတ်အထူးကုဆရာဝန်ကြီး ဖြစ်နေသည့် ABSDF မှ ဒေါက်တာအေးမင်း ယနေ့ မြန်မာပြည်သို့ ပြန်ခဲ့သည် ။ ABSDF အမှတ်တံဆိပ်ပါ လွယ်အိပ်ကိုစလွယ်သိုင်း၍ လေယာဉ်ပေါ်မှဆင်းလာသည့် ဒေါက်တာအေးမင်းမှာ ၈၈၈၈ တွင် နောက်ဆုံးနှစ်ဆေးကျောင်းသားဖြစ်သည် စစ်အာဏာရှင်ကိုတော်လှန်ရင်း လက်နက်ကိုင် တိုက်ပွဲဝင်ရန်ယုံကြည်ချက်ဖြင့် တောခိုခဲ့သည်။ လက်နက်ကိုင်တိုက်ပွဲတွင်လည်းကောင်း ဆရာဝန်ပညာဖြင့် စစ်သည်ကျောင်းသားများကို ပြုစုစောင့်ရှောက်ရာတွင် လည်းကောင်း လူအလေးအစားအကြည်ညိုခံရသော် ABSDF မှစစ်သည်ကောင်းဖြစ်သည်။ ယနေ့ ထိ သူတက်မြောက်ထားသောဆရာဝန်ပညာဖြင့်ရရှိခဲ့သည့် လုပ်ခ လစာကို တော်လှန်ရေး ရဲဘော်ရဲမေများကို ထောက်ပံ့ ကူညီနေသူဖြစ်သည်.အေးဆေးရိုးရှင်းစွာနေထိုင်တက်ပြီး လူအသိခံချင်သူမဟုတ်ပဲ ယုံကြည်ချက် ခိုင်မာ ပြတ်သားသူဖြစ်သဖြင့် အများကြည်ညိုလေးစားခံရသူဖြစ်ပါသည်။


လှိုင်သာယာမှာ အလုပ်သမားတွေ ဆန္ဒပြတယ် ။တရားဝင် တောင်းဆိုပြီး ဆန္ဒထုတ်ဖေါ်တာဖြစ်တဲ့အတွက် အန္တယယ်တော့မရှိပါ ။

Sunday, September 2, 2012



(၆)လကြာ ခွဲခွါခဲ့ရတဲ့ ဦးမိုးသီးနဲ့ စုထိတာ ရွှေတိဂုံဘုရားမှာ ပြန်ဆုံတဲ့အခါ

အိမ်မှာ သမီးလေးကို ပြောတယ် နက်ဖန် ကိုမိုးသီး မြန်မာပြည်ပြန်လာမှာ လို့ ပြောတော့ သူတွေ့ ရမှာလား
တဲ့  -သမီးဖေဖေ သွားကြိုလိမ့်မယ် ဆိုတော့ သူလည်း လိုက်မှရမယ် တဲ့ ။အတင်းဂျီကျတာနဲ့  ခေါ်ခဲ့ရ
တယ်။ ကိုမိုးသီး မဲဆောက် လာရင် ကျမတို့ ဆီ ၀င်ထွက်စားသောက်ခဲ့တော့ ကလေးက သိတ်ခင်တွယ်ပါ
တယ် ။ကိုမိုးသီးကို ကျမ က တချို့ ကိစ္စမှာ ပြစ်တင်ဝေဖန်ရင် ကိုမိုးသီး လာရင် တိုးတိုးပြေးတိုင်လေ့ရှိပါ
တယ်။ ကိုမိုးသီးက ကလေးတွေ စိတ်ကို တော်တော် အလို လိုက်တက်သူမို့  ကလေး ဗိုလ်လို့ တောင် ပြော
ရမယ် ။ ခု လေဆိပ်မှာ တိုးဝှေ့နေတဲ့ ၈၈ ထဲက နိုင်ငံရေးကျောင်းသားရေးလုပ်ခဲ့တဲ့ ၈၈ မျိုးဆက်တွေ ၊ NLD အဖွဲ့ ဝင်တချို့ ၊ ပြည်သူ ထဲက အဖိုးအိုတွေ၊ လူ့ ဘောင်သစ် တွေ အပြင် မိုးသီး ဆိုတာ ရင်ထဲ ကျန်နေ နေတဲ့ ပြည်သူ အားလုံး ၉၀၀နဲ့ ၁၀၀၀ ကြားက ကြိုဆို ကြတော့ ကျမသမီးလေး လူကြားညက်နေ
ပါရော ။ကိုမိုးသီး ကားအမိုးပေါ်တက်မှာ ကိုမိုးသီး ကို ဦးမိုးသီး ဦးမိုးသီးဆိုပြီး အားကုန်အော်ခေါ်နေတော့
အင်း --ဒီသမီးလေးတော့ နိုင်ငံရေးလုပ်၇င်ကောင်းမှာပဲ လို့ တွေးမိတယ် ။။
ရွှေတိဂုံရောက်တော့ သူတို့  တွေ့ ကြရပါတယ် ။။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာ မိုးသီးဇွန် ဟာ ပထမဆုံး ကျောင်းသားထု နဲ့  လူထု ရဲ့ အိမ်မက်ဖြစ်ခဲ့တာပဲ ကိုးးးးးးးးးးး

သမီးလေး က ဦးမိုးသီး ကိုကြိုမှဖြစ်မယ် ဆိုတဲ့အတွက်


လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ကိုမိုးသီး ကို မြန်မာပြည်ထဲ အခိုင်အမာလူ့ ဘောင်သစ်တာဝန်တွေကို ထမ်းဆောင်နေတဲ့ ကိုဇေယျက ကြိုဆိုပုံ