Thursday, August 20, 2009
(၁၉-၈-၂၀၀၄ တွင် ကွယ်လွန်ခဲ့သော ဗိုလ်မှုးကြီးဟောင်း သီရိပျံချီ ဦးကြည်မောင် သို့ )
ဆုံးရှုံးထားပြီးသားပါပဲ------
ဒါပေမဲ့တကယ်ဆုံးရှုံးသွားပြီလို့ 
သိလိုက်ရတဲ့အချိန်မှာတော့
လောကမှာစကားလုံးတွေလည်းမ၇ှိတော့ပါဘူး။
အညတြ တွေရဲ့ဒုက္ခကို
ရင်ဝယ်သားလိုခံစားပြီး
မကွေ့ မစောင်း
တသက်စာသမိုင်းကောင်းခဲ့တာတောင်
တို့ တိုင်းပြည် ကံကြမ္မာက
ထန်းတဖျားကျော်သွားခဲ့။
ဇရာအို နေညိုချိန်ကျမှ
သန်းငါးဆယ်အနာဂတ်ကို
ကိုယ်သန်သလိုဆုံးဖြတ်သူတွေနဲ့ တွေ့ ခဲ့ရ---
ကာယကံရှင်ကိုယ်တိုင်က
နာကျင်မှုကို အပြုံးထဲထည့်
အာဃာတ မထားကြနဲ့  ဆိုမှတော့---။
ဒီလိုနဲ့ အဲဒီ့ဒဏ် သူလှိမ့်ခံခဲ့ရရှာတယ်----။
သို့ ပေမဲ့ ကြယ်စင်အလားလမ်းပြရင်း
မျိုးဆက်သစ်တို့ အပေါ်တာဝန်ကြေခဲ့ပေါ့။
အခုတော့ --- တို့ ခေတ်ရဲ့ကြယ်တစ်ပွင့်
ကြွေသွား၇ှာပြီလေ---
အစားထိုးစရာမရှိ ။
တချို့ တလေ ပျော်ကောင်းပျော်နေကြလိမ့် 
နီရိုး ဘုရင် ၀င်စားသူတွေလည်း
တယောထိုးကောင်းနေတုန်းပဲပေါ့
(ပြည်တွင်းမှ -----)
ကျမ ဒီကဗျိာု ခုမှပြန်ဖတ်ဖြစ်ပါတယ် ဒီကဗျာ ရေးသူက ပြည်တွင်းကပါ ကဗျာ ကို ရန်ပုံခွင်းတော်လှန်ရေးစာစု မှာဖော်ပြပြီးသားဖြစ်ပါတယ် ကျမကူးယူတင်ပြတာပါ
ကာယကံရှုင် ကလည်း ခွင့်ပြုလိမ့် မယ်လို့ ယူဆပါတယ် ဒီကဗျာ ကိုရေးသူဟာ ဘဘ ရဲ့ခံစားချက် နဲ့ ပေဆပ်ခဲ့မှုအနန္ဒ ကိုသူလည်းကျမထက်မနည်းသိသူပဲ ဆိုတာ
ကဗျာဖတ်လိုက်တာနဲ့ ကျမနားလည်သဘောပေါက်ပါတယ် ဒါ့ကြောင့် မို့  ကူးယူတင်ပြဖြစ်တာပါ
မေအိခင်(လယ်ဝေး)
1 comments:
Post a Comment