welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့်အသိဥဏ်မြင့်မားရေးဆိုင်ရာကဗုဒ္ဓဘာသာအဖွဲ.အစည်းကို " ကမ္ဘာမှာအမွန်မြတ်ဆုံး အကောင်းဆုံး " ဘာသာတရားဆုချီးမြှင့်ခဲ့ကြောင်း

Sunday, November 29, 2009


အင်မတန်မှ ဗုဒ္ဓဘာသာ ဖြစ်ရတာဂုဏ်ယူ သင့်ကြောင်းနှင့် မိရိုးဖလာဗုဒ္ဓဘာသာ ထက် မိမိကိုယ်တိုင်

လေ့လာ စမ်းစစ်ပြီး လက်တွေ့ ကျသောတရားများကို သိမြင်လာသူများက မိမိဘာသာမဟုတ်သော်

လည်း ဤသို့ ထောက်ခံ မဲပေးခဲ့ကြသည်ကိုသုံးသပ်ခြင်းအားဖြစ် ဗုဒ္ဓဘာသာဝင်ကောင်း ၏တန်ဖိုးကို

မိမိတို့ ကိုယ်ကိုယ်မြှင့်တင်ပေးကြဖို့  ။။ မေအိခင်(လယ်ဝေး)


ဆွစ်ဇာလန်နိုင်ငံ၊ဂျနီဗာမြို.အခြေစိုက်အပြည်ပြည်ဆိုင်ရာဘာသာရေးနှင်.အသိဥာဏ်မြင့်မားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ.ကဗုဒ္ဓဘာသာအဖွဲ.အစည်းကို " ကမ္ဘာမှာအမွန်မြတ်ဆုံး အကောင်းဆုံး " ဘာသာတရားဆုချီးမြှင့်ခဲ့ကြောင်းသိရှိရပါတယ်...အဆိုပါအထူးတစ်လည်ချီးမြှင့်တဲ့ဆုကိုကမ္ဘာ့ဘာသာပေါင်းစုံမှကိုယ်စားလှယ် ၂၀၀ ကျော်ကရွေးချယ်ချီးမြှင်.ခဲ့ခြင်းဖြစ်ပြီးပို၍၀မ်းမြောက်အံ့သြဖွယ်ကောင်းသည်မှာပါဝင်ရွေးချယ်သည်.ဘာသာရေးခေါင်းဆောင်အများစုကအဆိုပါအဖွဲ.အစည်းတွင်အဖွဲ.ခွဲဝင်အနည်းဆုံးဖြစ်သောဗုဒ္ဓဘာသာကိုမိမိတို့ဘာသာထက်ကျော်လွန်ပြီးဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်...ပါဝင်ဆန္ဒမဲပေးခဲ့သူလေးဦးကပြောဆိုခဲ့ရာတွင်...အဆိုပါအဖွဲ.ကြီး၏သုတေသနညွန်ကြားရေးမှူး Jonna Hult က " ဒီကမ္ဘာ.အမွန်မြတ်ဆုံး၊အကောင်းဆုံးဘာသာတရားဆုကိုဗုဒ္ဓဘာသာက ရရှိတာအံ့သြစရာမရှိပါဘူး...ဘာဖြစ်လို့လည်းဆိုတော့ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာကြောင့်ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့စစ်ပွဲဆိုတာမရှိခဲ့ပါဘူး...တစ်ခြားဘာသာများနဲ့မတူတာကအဲဒါပါပဲ...တစ်ခြားဘာသာတွေကအကယ်၍ဘုရားသခင်သာမှားယွင်းခဲ့ယင်ဆိုတဲ.အတွေးနဲ့လက်နက်တွေကိုအရံသင့်ထားကြပါတယ်...ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ(ဘာသာရေးအတွက်နဲ့) စစ်တိုက်တာကိုတွေ့ရဖို့အတော်ခဲယဉ်းပါတယ်...တစ်ခြားဘာသာဝင်တွေရဲ.အစဉ်အလာအလေ့အထနဲ့ဆန့်ကျင်စွာပဲဗုဒ္ဓဘာသာဟာကိုယ်ကိုယ်တိုင်ကျင့်ကြံတဲ့တရားကိုသာသူများကိုဟောကြားခဲ့တာပါပဲ " လို.ဆိုခဲ့ပါတယ်...Belfast မြို.မှ ကက်သလစ်ဘုန်းတော်ကြီး Ted O'Shaunghnessy ကတော.ကက်သလစ်သာသနာကိုမြတ်နိုးကိုကွယ်ပေမယ်.လူသားတွေကိုမေတ္တာဂရုဏာထားရန်ဟောကြားပြီးလူသားတွေကိုပဲသတ်ဖြတ်ကာဘုရားသခင်ရဲ.အလိုဆန္ဒနားလည်ပါတယ်လို.ပြောကြတာကစိတ်အနှောက်အယှက်အဖြစ်ရဆုံးပါပဲ...ဒါကြောင်.မွန်မြတ်တဲ.ဗုဒ္ဓဘာသာကိုမဲပေးခဲ.တာပါလို.အမိန်.ရှိခဲ.ပါတယ်....ပါကစ္စတန်ကမွတ်ဆလင်ဘာသာရေးခေါင်းဆောင်Tal Bin Wassad ကလည်းဒီအဆိုကိုသဘောတူထောက်ခံခဲ.ပါတယ်...အဆိုပါအဖွဲ.ကြီးရဲ.ပါကစ္စတန်နိုင်ငံမွတ်စလင်အစည်းအရုံးဆိုင်ရာမဲပေးရေးအဖွဲ.၀င်တစ်ယောက်ဖြစ်တဲ.သူက " ကျွန်တော်ဟာအစ္စလာမ်ဘာသာကိုနှစ်နှစ်ကာကာယုံကြည်သူတစ်ယောက်ပါ...သို.သော်လည်းပုဂ္ဂိုလ်ရေးဆိုင်ရာခံစားချက်ထက်ဘာသာရေးကိုအကြောင်းပြပြီးအမျက်ဒေါသတွေထွက်ကြ၊သွေးမြေကျကြရတာတွေကိုတွေ.မြင်ခံစားရပါတယ်...ဗုဒ္ဓဘာသာဝင်တွေကတော့အဲဒါကိုသိမြင်နားလည်သဘောပေါက်ခဲ့ကြပါတယ်...ပြောရယင်ကျွန်တော့်ရဲ့အရင်းနှီးဆုံးမိတ်ဆွေတစ်ချို.ဟာဗုဒ္ဓဘာသာဝင်တွေပါ "လို့ပြောခဲ့ပါတယ်...အစ္စရေးနိုင်ငံဂျေရုဆလင်မြို.ကဂျူးဘုန်းတော်ကြီး Shmuel Wasserstein ကတော့" ကျွန်တော်လဲကျွန်တော့်ဘာသာဖြစ်တဲ့ဂျူဒါအစ်ဇင် ကိုနှစ်သက်မြတ်နိုးပါတယ်...ကိုယ်.ဘာသာမို့ကိုယ် ဒါဟာကမ္ဘာပေါ်မှာအကြီးမြတ်ဆုံးဘာသာတရားလို့လည်းထင်ပါတယ်...ဒါပေမယ်.ရိုးရိုးသားသားဝန်ခံရယင်ကျွန်တော်ဟာနေ့စဉ်ဂျူးဘာသာအရ၀တ်မပြုခင်ဝိပဿနာတရားကိုကျင့်ကြံအားထုတ်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ...ဒါကြောင့်အခုလိုမဲပေးလိုက်ပါတယ် " လို.ပြောလိုက်ပါတယ်...သို.သော်..စိတ်မကောင်းစရာအချက်တစ်ခုက အဆိုပါအဖွဲ.ကြီးအနေဖြင့်ထိုဆုကိုလက်ခံမည့်သူတစ်ယောက်ကိုမျှမတွေ့ခဲ.ရပေ....သူတို.ဆက်သွယ်ပြောဆိုသမျှဗုဒ္ဓဘာသာဝင်အားလုံးကထိုဆုကိုလက်ခံဖို.ငြင်းပယ်ခဲ့ကြခြင်းဖြစ်သည်...အဘယ်ကြောင့်ထိုဆုကိုလက်ခံရန်ငြင်းဆန်ရကြောင်းမေးမြန်ခဲ့ရာမြန်မာဗုဒ္ဓဘာသာအသင်းဘုန်းတော်ကြီးဂုရတ္တက " ယခုလိုမိမိတို.ဘာသာကိုအသိအမှတ်ပြုချီးမြှင့်သည့်အတွက်ဝမ်းမြောက်ကျေးဇူးတင်ကြောင်း ...သို.သော်ဒီဆုကိုအမြတ်ဆုံးလွတ်မြောက်မှုနိက္ခမဓါတ်၊နိဗ္ဗာနဓါတ်ကြိုးစားအားထုတ်ကာရရှိနိုင်သည့်လူသားအားလုံးကိုမိမိတို့မျှဝေပေးအပ်ပါကြောင်း..." မိန်.ကြားခဲ့ပါတယ်...အဖွဲ.ကြီးအနေနဲ့ထိုဆုကိုလက်ခံရယူပေးမယ့်သူကိုဆက်လက်ဆက်သွယ်နေဦးမှာဖြစ်ကြောင်းသိရှိရပါတယ်....မူရင်းပို့စ်ကို ဒီမှာ ဖတ်ရှု့နိုင်ပါတယ်၊ ဂူဂဲလ်မှာ ဖော်ပြထားတဲ့ဝက်ဆိုက်များစွာကိုလဲ ကြည့်ရှု့နိုင်ပါတယ်၊...အဆိုပါအထူးတစ်လည်ချီးမြှင့်တဲ့ဆုကိုကမ္ဘာ့ဘာသာပေါင်းစုံမှကိုယ်စားလှယ် ၂၀၀ ကျော်ကရွေးချယ်ချီးမြှင်.ခဲ့ခြင်းဖြစ်ပြီးပို၍၀မ်းမြောက်အံ့သြဖွယ်ကောင်းသည်မှာပါဝင်ရွေးချယ်သည်.ဘာသာရေးခေါင်းဆောင်အများစုကအဆိုပါအဖွဲ.အစည်းတွင်အဖွဲ.ခွဲဝင်အနည်းဆုံးဖြစ်သောဗုဒ္ဓဘာသာကိုမိမိတို့ဘာသာထက်ကျော်လွန်ပြီးဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်သည်...ပါဝင်ဆန္ဒမဲပေးခဲ့သူလေးဦးကပြောဆိုခဲ့ရာတွင်...အဆိုပါအဖွဲ.ကြီး၏သုတေသနညွန်ကြားရေးမှူး Jonna Hult က " ဒီကမ္ဘာ.အမွန်မြတ်ဆုံး၊အကောင်းဆုံးဘာသာတရားဆုကိုဗုဒ္ဓဘာသာက ရရှိတာအံ့သြစရာမရှိပါဘူး...ဘာဖြစ်လို့လည်းဆိုတော့ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာကြောင့်ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့စစ်ပွဲဆိုတာမရှိခဲ့ပါဘူး...တစ်ခြားဘာသာများနဲ့မတူတာကအဲဒါပါပဲ...တစ်ခြားဘာသာတွေကအကယ်၍ဘုရားသခင်သာမှားယွင်းခဲ့ယင်ဆိုတဲ.အတွေးနဲ့လက်နက်တွေကိုအရံသင့်ထားကြပါတယ်...ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ(ဘာသာရေးအတွက်နဲ့) စစ်တိုက်တာကိုတွေ့ရဖို့အတော်ခဲယဉ်းပါတယ်...တစ်ခြားဘာသာဝင်တွေရဲ.အစဉ်အလာအလေ့အထနဲ့ဆန့်ကျင်စွာပဲဗုဒ္ဓဘာသာဟာကိုယ်ကိုယ်တိုင်ကျင့်ကြံတဲ့တရားကိုသာသူများကိုဟောကြားခဲ့တာပါပဲ " လို.ဆိုခဲ့ပါတယ်...Belfast မြို.မှ ကက်သလစ်ဘုန်းတော်ကြီး Ted O'Shaunghnessy ကတော.ကက်သလစ်သာသနာကိုမြတ်နိုးကိုကွယ်ပေမယ်.လူသားတွေကိုမေတ္တာဂရုဏာထားရန်ဟောကြားပြီးလူသားတွေကိုပဲသတ်ဖြတ်ကာဘုရားသခင်ရဲ.အလိုဆန္ဒနားလည်ပါတယ်လို.ပြောကြတာကစိတ်အနှောက်အယှက်အဖြစ်ရဆုံးပါပဲ...ဒါကြောင်.မွန်မြတ်တဲ.ဗုဒ္ဓဘာသာကိုမဲပေးခဲ.တာပါလို.အမိန်.ရှိခဲ.ပါတယ်....ပါကစ္စတန်ကမွတ်ဆလင်ဘာသာရေးခေါင်းဆောင်Tal Bin Wassad ကလည်းဒီအဆိုကိုသဘောတူထောက်ခံခဲ.ပါတယ်...အဆိုပါအဖွဲ.ကြီးရဲ.ပါကစ္စတန်နိုင်ငံမွတ်စလင်အစည်းအရုံးဆိုင်ရာမဲပေးရေးအဖွဲ.၀င်တစ်ယောက်ဖြစ်တဲ.သူက " ကျွန်တော်ဟာအစ္စလာမ်ဘာသာကိုနှစ်နှစ်ကာကာယုံကြည်သူတစ်ယောက်ပါ...သို.သော်လည်းပုဂ္ဂိုလ်ရေးဆိုင်ရာခံစားချက်ထက်ဘာသာရေးကိုအကြောင်းပြပြီးအမျက်ဒေါသတွေထွက်ကြ၊သွေးမြေကျကြရတာတွေကိုတွေ.မြင်ခံစားရပါတယ်...ဗုဒ္ဓဘာသာဝင်တွေကတော့အဲဒါကိုသိမြင်နားလည်သဘောပေါက်ခဲ့ကြပါတယ်...ပြောရယင်ကျွန်တော့်ရဲ့အရင်းနှီးဆုံးမိတ်ဆွေတစ်ချို.ဟာဗုဒ္ဓဘာသာဝင်တွေပါ "လို့ပြောခဲ့ပါတယ်...အစ္စရေးနိုင်ငံဂျေရုဆလင်မြို.ကဂျူးဘုန်းတော်ကြီး Shmuel Wasserstein ကတော့" ကျွန်တော်လဲကျွန်တော့်ဘာသာဖြစ်တဲ့ဂျူဒါအစ်ဇင် ကိုနှစ်သက်မြတ်နိုးပါတယ်...ကိုယ်.ဘာသာမို့ကိုယ် ဒါဟာကမ္ဘာပေါ်မှာအကြီးမြတ်ဆုံးဘာသာတရားလို့လည်းထင်ပါတယ်...ဒါပေမယ်.ရိုးရိုးသားသားဝန်ခံရယင်ကျွန်တော်ဟာနေ့စဉ်ဂျူးဘာသာအရ၀တ်မပြုခင်ဝိပဿနာတရားကိုကျင့်ကြံအားထုတ်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ...ဒါကြောင့်အခုလိုမဲပေးလိုက်ပါတယ် " လို.ပြောလိုက်ပါတယ်...သို.သော်..စိတ်မကောင်းစရာအချက်တစ်ခုက အဆိုပါအဖွဲ.ကြီးအနေဖြင့်ထိုဆုကိုလက်ခံမည့်သူတစ်ယောက်ကိုမျှမတွေ့ခဲ.ရပေ....သူတို.ဆက်သွယ်ပြောဆိုသမျှဗုဒ္ဓဘာသာဝင်အားလုံးကထိုဆုကိုလက်ခံဖို.ငြင်းပယ်ခဲ့ကြခြင်းဖြစ်သည်...အဘယ်ကြောင့်ထိုဆုကိုလက်ခံရန်ငြင်းဆန်ရကြောင်းမေးမြန်ခဲ့ရာမြန်မာဗုဒ္ဓဘာသာအသင်းဘုန်းတော်ကြီးဂုရတ္တက " ယခုလိုမိမိတို.ဘာသာကိုအသိအမှတ်ပြုချီးမြှင့်သည့်အတွက်ဝမ်းမြောက်ကျေးဇူးတင်ကြောင်း ...သို.သော်ဒီဆုကိုအမြတ်ဆုံးလွတ်မြောက်မှုနိက္ခမဓါတ်၊နိဗ္ဗာနဓါတ်ကြိုးစားအားထုတ်ကာရရှိနိုင်သည့်လူသားအားလုံးကိုမိမိတို့မျှဝေပေးအပ်ပါကြောင်း..." မိန်.ကြားခဲ့ပါတယ်...အဖွဲ.ကြီးအနေနဲ့ထိုဆုကိုလက်ခံရယူပေးမယ့်သူကိုဆက်လက်ဆက်သွယ်နေဦးမှာဖြစ်ကြောင်းသိရှိရပါတယ်....

ဂျပန်နိုင်ငံတွင် ရွှေဂုံတိုင်ကြေညာစာတမ်းနှီးနှောဖလှယ်မှုမှ

Friday, November 27, 2009











စုန်လိုက် ဒဿန၏ အန္တယယ်

Wednesday, November 25, 2009

မည်သို့ ပင်ပညာရှင်ဖြစ်စေကာမူ မည်သို့ ပင်အောင်မြင်ကျော်ကြားခဲ့ပါမူ အဆုံးအဖြတ်မှား
ဆက်တိုက်ကျူးလွန်ခဲ့သဖြင့် မြန်မာနိုင်ငံရဲ့အနာဂတ်သမိုင်းကဏ္ဍ မကုန်ဆုံးပဲ မောင်စူးစမ်း
အား ကျမတို့ လေးစားခဲ့မှု ကုန်ဆုံးခဲ့သည်မှာ ဧကန်ပင်ဖြစ်တော့သည်။မေအိခင်(လယ်ဝေး)

The voice 6-2, November 16.22, 2009 မှာပါတဲ့ ဆရာမောင်စူးစမ်းရဲ့  ဆောင်းပါးတို လေးကိုဖတ်ရပါတယ်၊ ဆရာ့ကိုစိတ်ဝင်စားသူတယောက်လည်း ဖြစ်နေလို့ပါ၊ မ.ဆ.လ ခေတ်မှာ ဘောဂဗေဒ ဘာသာရပ်ကို စပြီးသင်ယူခဲ့စဉ်ကပင် ဆရာမောင်စူးစမ်း ဆိုတဲ့ အမည်နဲ့ ရင်းနှီးပြီး သားဖြစ်ခဲ့ပါတယ်၊ အစွန်းထွက်တန်ဘိုးတို့၊ ကုန်ထုတ်စွမ်းအား ကုန်ထုတ်ဆက် ဆံရေး ဆိုတဲ့ ဝေဟာရတွေကို ကြားလိုက်ရင်ပဲ မောင်စူးစမ်းဆိုတဲ့ အမည်နာမကို ပြေးပြီး မြင်မိပါတော့တယ်။ ဆရာသည် ဆိုရှယ်လစ်ဘောဂဗေဒဘာသာရပ်မှာတော့ ပါရဂူတဦးပါပဲ၊ ဒါကြောင့်လည်း မ.ဆ.လ ခေတ်တခေတ်လုံးဆရာရဲ့ စာတွေ ဆရာ့ ရဲ့ ဆိုရှယ်လစ်စီးပွါးရေး သဘောတရားတွေကို ကျောင်း သားတွေ လေ့လာမှတ်သားခဲ့ကြရပါတယ်။

ဆရာသည် တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီက ဗဟိုလ်ကော်မတီတဦး ဖြစ်ခဲ့ဘူးတယ်လို့ လည်းသိခဲ့ရပါတယ်၊ ဗ.က.ပ ရဲ့ မူဝါဒလမ်းစဉ်အပေါ်မှာ သဘောထားကွဲလွဲလို့လား၊ လူပုဂ္ဂိုလ်တွေ အပေါ်မှာ အမြင်မကြည်လင်လို့လား ဆိုတာတော့ မသိပါ။ ဗ.က.ပ က ထွက်ပြီး မ.ဆ.လ ကို ကူးပြောင်း လိုက်တာကိုတော့ သိပါတယ်၊ ဒါကြောင့် ဗ.က.ပ ၊ မ.ဆ.လ တို့နဲ့ ပါတ်သတ်ပြီး သဘောတရားရော လက်တွေ့ပါ ကျွမ်းကျင်နေပြီဖြစ်တဲ့ ဝါရင့် ဆရာ ကြီး ဖြစ်လို့လည်း လေးစားမိပါ တယ်။

ဒီဘက်ခေတ်ရောက်တော့လည်း ဆရာသည် နိုင်ငံရေးကို အစွဲအလမ်းကြီးတဲ့ နိုင်ငံရေး သမားကြီးတယောက်ဖြစ်နေသလား တော့ မပြောတက်ပါ၊ အင်အယ်ဒီမှာ လူကြီးတယောက် ဖြစ်နေ တာကိုလည်း တွေ့ရပြန်ပါတယ်၊ အခု ဆရာသည် အင်အယ်ဒီနဲ့ ဘယ်လိုဆက်ဆံရေးမျိုး ရှိမရှိဆို တာ မသိပါ၊ န.အ.ဖ စစ်အစိုးရလက်ထက်မှာ တရားဝင်ထုတ်ဝေနေတဲ့ စာစောင်တွေ၊ ဂျာနယ် တွေ ထဲမှာတော့ ဆရာ့စာတွေကို ဆက်လက်ပြီးတွေ့နေရပြန်ပါပြီ၊ ကမ္ဘာ့စီးပွါးရေး ပြောင်းလဲဖြစ်ပေါ်မှု့ တွေနဲ့ ပါတ်သက်ပြီး အတွေးအခေါ်ရှု့ဒေါင့်၊ ဘောဂဗေဒရှု့ဒေါင့်တို့မှ ဆရာ့ရေးသားတင်ပြချက် တွေကိုလည်း ယနေ့ အထိ ကျနော်တို့ တန်ဖိုးထား လေ့လာနေရတုံးပါ၊ ဆရာ့ကို ဆိုရှယ်လစ် စီးပွါးရေး ဘောဂဗေဒပညာရှင်ကြီးတဦး အနေနဲ့ လေးစားလျှက်ပါ၊ ဒါပေမယ့် ကျနော့်လို သာမန်စာ ဖတ်တတ်သူတဦးအနေနဲ့ ဆရာ့စာရေးပုံရေးနည်းတွေ၊ စကားလုံးအသုံးအနှုန်းတွေနဲ့၊ မြန်မာမှု့ပြု ထားတဲ့ ဝေါဟာရတွေက ခက် လွန်း နက်လွန်းလို့ နားမလည်တာတွေများတဲ့ အတွက် ကိုယ့်ရဲ့ ညံ့ဖျင်းမှုကိုပဲ အပြစ်တင်မိနေပါ တော့ တယ်၊ ဆရာသည် မြန်မာစာရေးတဲ့ နေရာမှာ ဆရာတော် သျှင်ဥက္ကဌ ကဲ့သို့ပင် ပညာရှင်ပီပီသသ နက်ရှိုင်းစွာရေးနှိုင်တဲ့အတွက် လေးစားရပါသေးတယ်၊ နားမလည်တာကတော့ စာဖတ်သူတွေရဲ့ ညံ့ဖျင်းမှုပါပဲ။

ဆရာရဲ့ နိုင်ငံရေးသမားခံယူမှု့ မခံယူမှု့နဲ့ ပါတ်သတ်ပြီး ဆရာ့စာကိုလည်း ဖတ်မိဘူးပါတယ်၊ဒါက ဆရာ့အပိုင်းပါ၊ သို့သော် ဆရာ ရေးတဲ့ ဒီမိုကရေစီ သည် အထက်ကလာမည် ဆိုတာမျိုး၊ ရွေးကောက်ပွဲနှင့် မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့်ဆိုတဲ့ စာတွေ ကိုဖတ်ရပြန်တော့လည်း ဆရာ သည် နိုင်ငံ ရေးနယ်ထဲမှ နိမိတ်ပုံဆောင် ဆရာကြီးတဦးဖြစ်နေပါသေးလားလို့ နားလည်မိပြန်ပါ တယ်။ ဒီမိုကရေစီသည် အထက်ကပဲလာမည်လို့ ဆရာရေး တုံးက လည်း ကျနော်က ဒီမိုကရေစီ သည် ဒီမိုကရေစီရှိတဲ့ နေရာ ကပဲလာနှိုင်တယ်လို့ ပြန်ပြီးရေးခဲ့ဘူးပါတယ်။ အခုလည်း ရွေးကောက် ပွဲနှင့် မဟာဗျူဟာ မြောက်ရုပ်ပြောင်းပွိုင့်ဆိုတဲ့ စာတမ်း ကို ဖတ်ရပြန်ပါပြီ၊ အဲဒီ့အထဲက နိုင်ငံရေးနှင့် ဒီပလိုမေစီ ”ခေါင်းတွဲနှင့်နောက်တွဲ” ဆိုတာတွေကို ကြိုက်ပါတယ်၊ ဘဝင်မကျတာ က ”မြန်မာ့နိုင်ငံရေး အနာဂတ်တွင် အိုင်ဒီအိုလိုဂျီကဏ္ဍ၊ သမိုင်းကဏ္ဍ၊ မဟာခေါင်းဆောင်တို့၏ ကဏ္ဍသည် ကုန်ဆုံးပြီ၊ ပေါ် မည့် မြန်မာ့ နိုင်ငံရေး ပုံသဏ္ဍန်သည် (လမ်းညွန်ဒီမိုကရေစီ)တွင် အင်စတီကျူးရှင်း (တပ်မတော်နှင့် လွှတ်တော်) တို့က အဆုံးအဖြတ်ပေးသော ကဏ္ဍဖြစ် တည် လာ မည်” ဆိုသည့် ဆရာ့ဟောကိန်းဖြစ်ပါတယ်။

ဆရာမောင်စူးစမ်းက မြန်မာ့နိုင်ငံရေး အနာဂတ်တွင် အိုင်ဒီအိုလိုဂျီကဏ္ဍ၊ သမိုင်းကဏ္ဍ၊ မဟာခေါင်းဆောင်တို့၏ ကဏ္ဍသည် ကုန်ဆုံးပြီလို့ဆိုလိုက် တော့ ကျနော်လည်း ဘယ်လိုနားလည် ရမှန်းမသိတော့ပါဘူး။ ကမ္ဘာကြီးမှာ မည်သည့် လူ့အဖွဲ့အစည်းမှာ မဆို အိုင်ဒီအိုလိုဂျီကဏ္ဍ ကုန်ဆုံးတယ်လို့ ရှိဘူးပါသလား၊ ဆရာပြောသလိုဆိုရင် ဗမာပြည်မှာတွေးခေါ်ပညာရှင်တွေ မပေါ် ပေါက်နှိုင်တော့ဘူးလား၊ မိမိကိုယ်စားပြုနေတဲ့ နိုင်ငံနဲ့ လူ့အဖွဲ့အစည်း တိုးတက် ဖြစ်ထွန်းရေး အတွက် တွေးခေါ်မျှော်မြင်စဉ်း စားဖို့ မလိုအပ်တော့ဘူးလား၊ လူတိုင်းမှာ လွတ်လပ်စွာတွေးခေါ် ခွင့်နဲ့ လွတ်လပ်စွာ ဖေါ်ထုတ် ခွင့်ဆိုတာ မရှိရတော့ဘူးလား၊ ကမ္ဘာ့ဒဿန ပညာသမိုင်းမှာ ဆော့ခရစ်တီး၊ ပလေတို၊ အရစ္စတိုတယ်၊ ဟေဂယ် တို့မှအစ ဒါဝင်၊ ဖေါရီးယား၊ စိန့်ဆိုင် မွန်၊ ကား(လ်)မာ့က်(စ်)၊ နစ်ရှေးတို့အပါအဝင် ယ္ခုခေတ်အော်စကာ အီကာစိုတို့အထိ လွတ်လပ်စွာ ပေါ်ထွန်း လာခဲ့ကြတဲ့ အိုင်ဒီ လို ဂျစ်ကြီး တွေပင် မဟုတ်ပါလား၊ ဆရာ့အပြောအရဆိုရင် အနာဂတ် မြန်မာ့ နိုင်ငံရေးမှာ အိုင်ဒီအိုလိုဂျီကဏ္ဍသည် န.အ.ဖ က စိတ်တိုင်းကျရွေးကောက်ပွဲမှ ဖြစ်ပေါ်လာ မည့် (တပ်မတော်နှင့် လွှတ်တော်)ကသာ ပေါ်ပေါက်လာရမည်၊ အခြားမည်သည့် နေရာကမှ ဖြစ်ထွန်းခွင့် မရှိလို့ဖြစ် နေပါရော့လား၊ ဆရာက ဦးနှောက် မဲ့ မြန်မာ့လူ့အဖွဲ့အစည်း အဖြစ်ပုံဖေါ်ချင် ဟန် ရှိနေ ပါပေါ့လား။

မြန်မာ့နိုင်ငံရေးအနာဂတ်မှာ သမိုင်းကဏ္ဍလည်းကုန်ဆုံးပြီလို့ ဆရာကဆိုပြန်ပါတယ်၊ ဘယ်သမိုင်းကဏ္ဍကို ဆရာကဆို လို တာလဲ၊ ကွန်မြူနစ်သမိုင်း နိဂုံးချုပ်ချိန်ဆိုတာ နဲ့တော့ ရောပြီး မပြောသင့်ပါဘူး၊ လူ့သမိုင်းကဏ္ဍဆိုတာ လူတွေနဲ့မကိုက်ညီ တော့လို့ ချုပ်ဆုံးမှု့တွေရှိကြပေမယ့် လူတွေနဲ့ ကိုက် ညီမယ့် သမိုင်းကဏ္ဍသစ်တွေက ပေါ်လာရစမြဲပါ၊ အဟောင်းအဟောင်း တွေကို ပြုပြင်ရင်း အသစ်အသစ်တွေကို ဖန်တီးနေကြတဲ့ ဖြစ်စဉ်သည်ပင်လျှင် သမိုင်းမဟုတ်ပါလား။ မြန်မာနိုင်ငံမှာလည်း မြန်မာ့လူအဖွဲ့အစည်းနဲ့ ကိုက်ညီမယ့် သမိုင်းကိုမြန်မာတွေ ဖန်တီးနေကြမှာပါ၊ စစ်တပ်ကဦးစီးထားတဲ့ လွှတ်တော်ကသာ မြန်မာ့သမိုင်းကို ဖန်တီးခွင့်ရှိတယ် လို့တော့ မြန်မာ့ သမိုင်းကို စစ်တပ်ထံ ”ဝ” ကွက်မအပ်သင့်ပါဘူး။

နောက်တချက်က မဟာခေါင်းဆောင်တို့ရဲ့ ကဏ္ဍလည်း ကုန်ဆုံးသွားပြီလား၊ခေတ်ဟောင်းက အယူအဆအတိုင်း နိုင်သူက သမိုင်းဝင်၊ရှုံးသူက သမိုင်း ကျဉ်ဆိုတာမျိုးတော့ မလုပ်သင့်ပါဘူး၊ လူ့သမိုင်းမှာရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ လူသားအကျိုး အတွက် အမှန်တရားဘက်မှ ရပ်တန့် ခဲ့သူတွေရဲ့ သမိုင်းဟာ ဘယ်တော့မှ ပျောက်ပျက်သွားမည် မဟုတ်ပါဘူး၊ တို့တောင်းတဲ့ ကာလလေး တခုကို ကြည့်ပြီး မဟာခေါင်းဆောင်တို့ရဲ့ ကဏ္ဍသည် ကုန် ဆုံးသွားပြီ ဆိုတဲ့ ကောက်ချက် ကတော့ ရိုင်းလွန်း တယ်လို့ ထင်ပါတယ်၊ နှစ်ပေါင်းနှစ်ဆယ်ကျော် ဒီမိုကရေစီ ခေါင်းဆောင်ကြီးများရဲ့ ကဏ္ဍသည် အကြောင်းမမည် အရာမ ရောက် ဘဲ ရပ်တန်းက ရပ်သွားပြီ၊ စစ်တပ်က ဖန်တီးမယ့် လမ်းစဉ်အတိုင်းလိုက်ဖို့သာ ဖြစ်တော့သည်လို့ ဆရာက မှတ်ချက်ချ လိုက်တာပဲ၊ ခေါင်းဆောင် ဆိုတာ လည်း လူတွေပါပဲ၊ လူတွေ့သည် ကိုယ့်သမိုင်းကို ကိုယ်ရေး နေကြတာပါ၊ အတွေးအခေါ်၊ အယူ အဆ၊ လမ်းစဉ်တွေ နဲ့ အတူ သမိုင်းမှတ်ချက်တွေ အပေးခံ နေကြရတာပါ။ အခန်းကဏ္ဍသည် ပြီးဆုံးသွားသည်ဟု မရှိ ခဲ့ပါဘူး။

ဆရာမောင်စူးစမ်းသည်ပင်လျှင် ဗ.က.ပ ဗဟိုလ်ကော်မီတီအခန်းကဏ္ဍမှ မ.ဆ.လ ပါတီကို အလုပ်အကျွေးပြုခဲ့သူ ဖြစ်ခဲ့တယ်၊ ပြီးတော့ အင်အယ်ဒီ ဗဟိုလ်မှာ ဆရာ့ကိုတွေ့ရပြန်တယ်၊ ဟောအခု န.အ.ဖ ခေတ် စာရေးဆရာကြီး ဖြစ်နေပြန်ပါတယ်၊ ဆရာ့ကဏ္ဍတွေက အပြောင်းအလဲ တွေပဲမဟုတ် ပါလား ပြီးဆုံးသွားးခြင်း၊ ကုန်ဆုံးသွားခြင်းမျိုးတော့ ဆရာ မသေမခြင်း မဖြစ်တန်ရာပါ ဘူး၊ ထို့နည်းအတူပဲပေါ့ မဟာခေါင်းဆောင်ကြီးတွေရဲ့ ကဏ္ဍ သည် သူတို့လှုပ်ရှားနေသ၍ ပြီးဆုံး မသွားပါဘူး။
ပေါ်မည့်မြန်မာ့နိုင်ငံရေး ပုံသဏ္ဍာန်သည် (တပ်မတော်နှင့်လွှတ်တော်) တို့က အဆုံးအဖြတ် ပေးသော ကဏ္ဍဖြစ်တည်လာ မည်လို့ ဆရာကဟောကိန်း ထုတ်လိုက်တယ်၊ ဒါတွေကတော့ ဆရာပြောမှချည်းမဟုတ်ပါဘူး၊

အရပ်ထဲမှာလည်းပြောနေကြတာပါပဲ၊ ပြည်တွင်းရောပြည်ပမှာပါ အတိုက်အခံတွေရဲ့ လှုပ်ရှားမှု့တွေက န.အ.ဖ ကိုထိထိရောက် ရောက် မသက်ရောက်ခဲ့သေးဘူး ဆိုတာ လူတိုင်းသိနေကြတာပါပဲ၊ ၉၀ ခုနှစ်က တရားဝင်ရွေးကောက်ပွဲ (ကမ္ဘာကလည်း အသိ အမှတ်ပြု) မှာ တရားဝင်အနိုင်ရရှိခဲ့တဲ့ အင်အယ်ဒီပါတီကို အာဏာမလွှဲ၊ အသိမအမှတ်တောင် မပြုပဲ နှိပ်ကွတ်နေခဲ့တာ ဘယ် သူ က ဘာများတက်နှိုင်ကြလို့လဲ၊ ပြည်တွင်းကလည်း မတက်နှိုင် ပြည်ပကလည်း မကူညီနဲ့ ရေစုံမျောခဲ့ရတဲ့အခြေအနေကို အတိုက်အခံတွေဘက်က လည်း ဘာမှ မလုပ်နိုင်ဘူးဆိုတော့ န.အ.ဖ ကခင်းတဲ့လမ်းကို လျှောက်ဖို့မှ အပ အခြားမရှိဘူးဆိုတဲ့ အဖြေကို ဆိုက်နေပြီဆိုတာကတော့ လူတိုင်း တွေ့မြင်နေရတဲ့ အချက်ပါ၊ ဆရာကဟောကိန်းထုတ်မှ မဟုတ်ပါ ဘူး။ မြန်မာ့အခြေအနေသည် အင်ဒိုနီးရှားတို့လို ထိုင်းတို့လို စစ်အာဏာရှင်စံနစ်မှ ဒီမိုကရေစီသို့ တဖြည်းဖြည်းပြောင်း သွားအောင် ပင် မနည်းလုပ်ယူကြရအုံးမှာပါ။

မြန်မာ့အရေးနဲ့ အမြဲလိုလိုပတ်သက်နေသည့် အမေရိကန်ပင်လျှင် နှစ်ပေါင်းနှစ်ဆယ် လောက် ဆက်စပ်ခဲ့အပြီးမှာ စစ်အစိုးရ ကိုပဲ ပြန်လည်အာရုံကျ လာတယ်ဆိုတာ သိသာပါတယ်၊ စစ်အေးတိုက်ပွဲက ကမ္ဘာမှာပြီးသွားတယ်ဆိုပေမယ့် မြန်မာပြည်မှာက မပြီးသေးပါ၊ ဘယ်တော့မှ ပြီးမလဲဆိုတာလည်း မသိနှိုင်သေးပါ၊ ဒီလိုအခြေအနေမျိုးမှာ အမေရိကန်အနေနဲ့ သူနဲ့ အကျိုးတူ ရပ်တည်မယ့် အစိုးရမျိုးဖြစ်စေချင်မှာပဲ ဆိုတာလည်း ထည့်တွက်ကြရမှာပါ၊ အကျိုးဆက်တွေ အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲသည်လည်း လျှောလျှောလျူလျူ ဖြစ်သွား နှိုင်ပါတယ်၊ ဆရာပြောတဲ့ စစ်အစိုးရဦးစီး တဲ့ လွှတ်တော်သည်လည်း ရုပ်ပြောင်းပွိုင့်တခုဖြစ်မယ် ဆိုတာ သေချာသလောက်ရှိနေပါတယ်။

သို့သော် ဒီလိုမျိုးအခြေအနေတွေ ဖြစ်ပေါ်လာအောင် တွေးခေါ်မှု့သဘောတရားတွေက ဦးဆောင်နေခဲ့ပါတယ်၊ အဲဒီအတွေး အခေါ်တွေသည် အမြဲ ထာ ဝရ တရားသေကျ မနေနှိုင်ပါဘူး၊ အတွေးအခေါ်အသစ်တွေ ရှိနေကြပြီ၊ ပေါ်ပေါက်ဆဲ၊ ပေါ်ပေါက် လာကြဦးမည်ဆိုတာ ဓမ္မတာပါ၊ ဆရာပြောသလို အိုင်ဒီအိုလိုဂျီသည် ဘယ်တော့မှမပြီးဆုံးပါ။ မျိုးဆက်သစ်တို့ရဲ့ အိုင်ဒီအိုလိုဂျီ လမ်းသစ် တွေကို ဖေါက်ကြဖို့ တိုက်တွန်းသင့်ပါတယ်၊ လမ်းညွှန်သင့်ပါတယ်၊ ဖြစ်တည်မှု့ရေစီး ကြောင်း အတိုင်း စုန်လိုက်ခိုင်း ပြီး ရေမနစ်အောင် ရေကူးနေကြဖို့ ပြောနိုင်တာလောက်တော့ လူတိုင်းပေါ့လို့ ပြောကြားရင်း။…။

ကျေးဇူးတင်ပါတယ် ဆရာမောင်စူးစမ်းခင်ဗျား။…။
ဦးဖိုးသာအောင်--၂၃၊ ၁၁၊ ၀၉။

NLD လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ နှင့် FWUBC တွေ့ ဆုံစဉ်












မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် FTUB ၏အဖွဲ့ ဝင် အဖွဲ့ အစည်းဖြစ်သော ဂျပန်နိုင်ငံရှိFWUBC နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် သထုံ လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ် လူငယ်ခေါင်းဆောင်လည်း ဖြစ်သော ခွန်မြင့်ထွန်း တို့  ရွှေဂုံတိုင်ကြေညာစာတမ်း နှင့်ပတ်သတ်၍ လည်းကောင်း မြန်မာနိုင်ငံအလုပ်သမား အခွင့်အရေးဆုံးရှုံးနေရမှုများအားလည်းကောင်းဆွေနွေး ခဲ့ကြပါတယ် ။

တိုင်းပြည်နဲ့သာသနာတော်၇ဲ့အလင်းရောင် ဖြူးဆရာတော်

Tuesday, November 24, 2009

အင်မတန်မှစိတ်မကောင်းဖြစ်ရပါတယ် ကျမတို့  သာသနာမှာ ဖြစ်ပျက်ဆိုတာကိုဘုရား
ရှင်ဟောကြားထားပြီးသားပါ။ ပဋိသန္ဓေ နဲ့ စုတိ တဲ့ကြားမှာ ကိုယ်ဘာလုပ်ခဲ့သလဲ မေး
ရင် လက်တွေ့ ကျတာတွေ သံသရာ အဆက်ဆက် ပါရမီပါအောင်ဖြည့်ကျင့်ခဲ့တာတွေ
ဟာသိတ်ကိုအဖိုးတန်တာပါပဲ။ ခု ပျံလွန်တော်မူသွားတဲ့ဆရာတော်ကိုကျမတို့ သာသနာ
အတွက် သိတ်ကိုတန်ဖိုးကြီးတဲ့ဆရာတော်ပါ ချဲထီ နှစ်လုံးထီတွေ နဲ့ လူတွေရဲ့လောဘကို
တိုးပွါးသွားစေမဲ့ အယူအဆတွေ ဗေဒင် ကိုယုံ နတ်ကိုပုံ သူတွေ ကို သတိ ထပ်ထပ်ကြပ်
ကြပ်သတိထားနိုင်ဖို့ ထေရ၀ါဒ သာသနာဆိုတာဘာလဲ ? ဆိုပြီးရှင်းရှင်းရှင်းလင်းလင်းရဲ
ရဲတင်းတင်းဟော ခဲ့တဲ့ ဆရာတော်ပါ ။ဘယ်လဒ်လာဘ ကိုမှမမျော်ပဲ မိရိုးဖလာရိုရာနတ်တွေ ပူဇော်ပသမှုဟာ
ဘုရားဟောတရား နဲ့ သွေဖီနေတယ် ။ ၁၁၁ ပါးဆိုတဲ့ ၃၇ မင်း နတ်တို့ ဟာ ကိုးကွယ်ရာ ဟူပြီးဆည်းကပ်နေကြ
တဲ့အမှားတွေ ကိုဆရာတော် ထောက်ပြ နိုင်ခဲ့တယ် သံသရာမှာ အယူမလွှဲဖို့ ရာက နတ်စိမ်းတွေကိုသူတော်စင်
အထင် နဲ့ ကိုးကွယ်မှုအမှားတွေ ကိုမေတ္တာထားပြီးဟောခဲ့ တဲ့ထေရသာသနာတော်ကို အသက်ထက်ချစ်မြတ်နိုး
ခဲ့တဲ့ ဆရာတော်ပါ ။ ကျမ တို့ ကိုယ်တိုင် ပရိယတ္တိသာသနာကို လေ့ကျတ်မိပါမှ ထေရသာသနာရဲ့ အနှစ်စစ်စစ်
ကို နားလည်နိုင်ခဲ့တာပါ ။ ဆရာတော်ကြီးကို သိတ်ကို နှမျောတသမိပါရဲ့ ။ဒါ့ကြောင့် ဖြူးဆရာတော်ကောင်းရာ
ဘုံမှတဆင့် နိဗန်မြတ်ကို ချဉ်းကပ်ပြီး ဘုံစဉ်စံခါ စံဝင်နိုင်ပါစေ ။။
သာသနာတော်ကမ္ဘာတည်သရွေ့အဒွန့် ရှည်ပါစေ
မေအိခင်(လယ်ဝေး)

နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော် ပျံလွန်တော်မူ မင်းနိုင်သူ / ၂၄ နိုဝင်ဘာ ၂၀၀၉
နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော် ဘဒ္ဒန္တနရပတိသည် ယနေ့နံနက် (၇) နာရီခန့်တွင် ရန်ကုန်မြို့ရှိ အာရှတော်ဝင် ဆေးရုံကြီး၌ ပျံလွန်တော်မူသွားပြီဖြစ်သည်။“ဘန်ကောက်မှာ ဆေးကုပြီး တနင်္ဂနွေနေ့က ပြန်ကြွခဲ့တာပါ။ ဒီနေ့မနက်တော့ ဆရာတော်ကြီး ပျံတော်မူသွားတယ်။ အန္တိမဈာပနအခမ်းအနားကို (၃၀) ရက်နေ့မှာ လုပ်မှာပါ” ဟု ရန်ကုန် ဖြူးမဟာစည်ရိပ်သာမှ သံဃာတော်တပါးက မိန့်သည်။ဖြူးဆရာတော်သည် လွန်ခဲ့သည့် (၂) နှစ်ခန့်က ကျောက်ကပ်အစားထိုး ကုသမှုခံယူထားရာမှ ကျောက်ကပ်သို့ ရောဂါပိုး ၀င်ရောက်ခြင်းကြောင့် နိုဝင်ဘာ (၂) ရက်နေ့တွင် ဘန်ကောက်ရှိ PRARAM-9 ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ရသည်။“ဆရာတော်က နာမည်ကြီး ဓမ္မကထိက ဆရာတော်တပါးပါ။ ထေရ၀ါဒဗုဒ္ဓဘာသာ တရားစစ်စစ်ကို သိနိုင်ကြဖို့ တနိုင်ငံလုံးကို လှည့်လည်ဟောပြောခဲ့တဲ့ ဆရာတော်ပါ။ နာမည်အကြီးဆုံး တရားကတော့ သွေးနဲ့ရေးတဲ့သာသနာ ဆိုတဲ့တရားပါ” ဟု ဘန်ကောက်မှ ဦးဓမ္မပါလက မိန့်သည်။ဆရာတော်ကို စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပင်စိမ်းကင်းကျေးရွာတွင် အဘ ဦးဘလွင်၊ အမိ ဒေါ်ဒေါ်မေတို့မှ ၁၉၄၁ ခုနှစ်တွင် မွေးဖွားခဲ့ရာ ပျံလွန်တော်မူချိန်တွင် သက်တော် (၆၈) နှစ်၊ သိက္ခာတော် (၄၉) ၀ါ ရှိပြီဖြစ်သည်။ဖြူးမြို့ ရုံးကြီးရပ်ကွက်တွင် မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ကို ၁၉၇၇ ခုနှစ်တွင် စတင် တည်ထောင်တော်မူခဲ့ပြီးနောက် ဖြူးဆရာတော်ဟူ၍ ထင်ရှားကျော်ကြားလာခဲ့ကာ နိုင်ငံတ၀ှမ်းသို့ လှည့်လည်၍ တရားဓမ္မများ ဟောကြားခဲ့သည်။“ဆရာတော်ဟာ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်တရားတွေကို ရဲရဲဝံ့ဝံ့ဟောခဲ့တာပါ။ အယူလွဲစေမယ့် နတ်ကိုးကွယ်မှုတွေကိုလည်း ပြင်းပြင်းထန်ထန် ပြောဆိုဆုံးမခဲ့တဲ့ ဆရာတော်ပါ” ဟု ရန်ကုန်မှ ဒကာတဦးက ပြောသည်။အာဒိတ္တသုတ္တန်၊ ပဉ္စပုပ္ပနိမိတ္တသုတ္တန်၊ ပါရမီ (၁၀) ပါး အစရှိသည့် ကျမ်း (၁၅) စောင်ကို ရေးသားပြုစုခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ရန်ကုန်၊ လှိုင်မြို့နယ်၌ ဖြူးမဟာစည်သာသနာ့ရိပ်သာကို ထပ်မံတည်ထောင်ကာ ၀ိပဿနာ၊ ကမ္မဌာန်းတရားများ ပြသပေးခဲ့သည်။

နအဖ ဟာ ပြည်သူတွေရဲ့ဘဝကို အစီအစဉ်တကျ ဖျက်ဆီးနေတာပါ။

Sunday, November 22, 2009

“သူရာထောင်ချောက်”(နအဖ ဟာ ပြည်သူတွေရဲ့ဘဝကို အစီအစဉ်တကျ ဖျက်ဆီးနေတာပါ။ ပြည်သူတွေ ဆင်း ရဲမွဲတေလေ၊ ပြည်သူတွေရဲ့ ကျန်းမာရေး အဖက်ဖက်က ပျက်စီးနေလေ၊ သူတို့ရဲ့ အုပ်ချုပ် ရေးမဏ္ဍိုင်ခိုင်မြဲစေဖို့ ကျကျနန လုပ်ဆောင်နေတာက သေချာပါတယ်)။ရန်ကုန်မြို့မှာတော့ အလုပ်မရှိဈေးရောင်းဆိုတဲ့ အဆိုအမိန့်ကိုလိုက်နာကြတယ် ထင့်၊ နဲနဲလေးလူစည်တဲ့နေရာမှာ ဈေးသည်တွေဟာ ကြက်ပျံမကျပါပဲ၊ အဲဒီဈေး သည်တွေဆီကိုသွားတဲ့ (ဈေးဝယ်သူမဟုတ်) ပစ္စည်းငမ်းတဲ့ လူတွေကလည်း ကြိတ်ကြိတ်တိုးပါ။ ဒါပေမဲ့ တကယ်ရောင်းပန်းဝယ်ပန်းလှတဲ့ ဈေးသည်က အ နည်းစုပါ။ အဲဒီအနည်းစုထဲမှာ အရက်ရောင်းတဲ့လူတွေလည်း ပါတယ်လေ။အရက်ရောင်းတဲ့ပုံစံတွေကလည်း အစုံပါပဲ၊ တချို့ကဟော်တယ်ကြီးတွေပေါ်မှာ ဘားကောင်တာတွေနဲ့ရောင်းတယ်။ ဒါလည် ရောင်းနေရတာပဲ၊ တချို့က ဘော လုံးပွဲရှိတဲ့နေ့ဆိုရင် ဟော်တယ်ဘားတွေမှာ အရက်သောက်ရင်း ဘောပွဲကြည့် ကြပါတယ်။ အရက်အကောင်းစားကို ငြိမ့်ငြိမ့်လေးသုံးဆောင်ရင်းနဲ့ ဘောလုံးပွဲ ကိုရင်ခုန်ခံစားကြတာပေါ့၊ တချို့ကြတော့ အရေးကြီးတဲ့ စီးပွားရေးကိစ္စတွေကို အေးအေးဆေးဆေး ဆွေးနွေးလို့ရတဲ့ ဟော်တယ်ဘားတွေကို ရွေးချယ်ကြ တယ်။ ဒါကတော့ ရန်ကုန်မြိုရဲ့လူနည်းစုပါ၊ တကယ့်ကို လက်တဆုပ်စာ လူ နည်းစုပါ။ ဒါပေမဲ့ ဒေါ်လာနဲ့ရှင်းရတဲ့ဘားတွေကတော့ ကိုက်ပါတယ်။နောက်တမျိုးကတော့ ဘီယာစတေရှင်ပါ။ ဒါပေမဲ့ ကာရာအိုကေနဲ့တွဲဖွင့်ထားတဲ့ ဆိုင်တွေပေါ့၊ တချို့က မိန်းကလေးတွေပါ မွေးထား ပြီး လိင်ပါရောင်းချကြပါတယ်။ တချို့ကတော့ အဲဒီလိုမျိုး မလုပ်ကြပါဘူး၊ လုပ်တယ်လို့လဲ နာမည်ထွက်မှာစိုလို့ သီးချင်းဆိုတဲ့ကောင်မ လေးတွေကို ကားနဲ့လိုက်ကြို လိုက်ပို့လုပ်ပေးပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ၊ အဲဒီလိုဆိုင်မျိုးတွေက တော်ရုံလူတော့ ဖွင့်လို့မရပါ ဘူး။ ပတ်သက်ရာပတ်သက်ကြောင်း စစ်အုပ်စုနဲ့အပေးအယူရှိမှ ရနိုင်တဲ့အခွင့်အရေးပါ။ ဒါတင်မကပါဘူး ရဲ၊ ကြံ့ဖွံ့ အစရှိသည်တို့နှင့် ပါ ဆက်ဆံရေးအသင့်အတင့်၊ အပေးယူအသင့်အတင့်တော့ ရှိရပါမယ်။အဲဒီဆိုင်တွေကလည်း မဆိုးပါဘူး၊ ရောင်းရပါတယ်။ ဒါပေမဲ့ တခုတော့ရှိပါတယ်။ သီးချင်းဆိုတဲ့ ကောင်မလေးတွေက ခပ်မိုက်မိုက်နဲ့ ဆွဲဆောင်မှုရှိဖို့တော့ လိုပါတယ်။ ပြီးတော့ ပန်းကုံးစွပ်တဲ့ကိစ္စမှာ အဆင်ပြေချောမွေ့အောင် စီမံထားရပါမယ်။ ကာရာအိုကေ ခေတ်ဦး တုန်းကတော့ အဲဒီလိုဆိုင်တွေမှာဆိုနေရင်းနဲ့ အောင်မြင်တဲ့အဆိုတော်ဖြစ်သွားတဲ့ အမျိုးသား၊ အမျိုးသ္မီးတွေရှိခဲ့ဖူးပါတယ်။အဲဒီဆိုင်တွေမှာလာပြီ စားသောက်ကြတဲ့လူတွေကတော့ လူလတ်တန်းစား သုံးနိုင်စွဲနိုင်တွေလည်းရှိသလို၊ ပျော်ချင်တဲ့၊ ပျော်တတ်တဲ့ ကြေးရတတ် အဖိုးကြီးတွေလည်းပါပါတယ်။ ဒီဆိုင်တွေမှာက ဘီယာအပြင် တန်ဖိုးကြီးအရက်မျိုးစုံကို ရရှိနိုင်ပါတယ်။ တချို့လုပ်ငန်း ရှင်တွေလည်း ပါမစ်ရဖို့အတွက် ရုံးကတာဝန်ရှိ အရာရှိကြီးတွေကို ဒီလိုဆိုင်တွေမှာ ဧည့်ခံကြရပါတယ်။ အရက်သောက်လိုက် ပန်းကုံး စွပ်လိုက်နဲ့ အရာရှိကြီးလုပ်သမျှကို လုပ်ငန်းရှင်က ကုန်ကျခံရတာကိုး၊ ပါမစ်လည်းရရော ကုန်ကျစရိတ်စုစုပေါင်းထဲမှာ ဧည့်ခံစရိတ်ပါ ထည့်လိုက်တော့ ပါမစ်ရဲ့တန်ဖိုးဟာ ဈေးတက်သွားပါတော့တယ်။နောက်တမျိုးက ဘီယာစတေရှင်ပါပဲ၊ သိပ်အကြီးအကျယ်ကြီးတော့မဟုတ်ပါဘူး၊ ကာရာအိုကေလဲ မပါတာများပါတယ်။ ပါခဲ့ရင်လည်း DVD နဲ့ ကိုယ်ဖာသာကို air con ခန်းတွေမှာဆိုကြတာပါ။ စတိတ်ရှိုးပါခဲ့ရင်တောင် နေ့စဉ်မဟုတ်ပဲ စနေ၊ တနင်္ဂနွေ လောက်ကို ခပ်ပေါပေါအဆိုတော်တွေ ဆိုကြတာပါ။ အများအားဖြင့်တော့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ များပါတယ်။ အဲဒီဆိုင်တွေကိုတော့ ပိုက်ဆံ ရှိတဲ့လူတိုင်း ဖွင့်နိုင်ပါတယ်။ ရဲကင်းကြေးပေးမယ်။ ကြံ့ဖွံ့ရန်ပုံငွေထည့်မယ်။ ရပ်ကွက်ဥက္ကဋ္ဌ အလှူငွေတောင်းရင်လည်း ပေးရပါ တယ်။ အဲဒီဆိုင်တွေလည်းမဆိုးပါဘူး ဝင်ငွေဖြောင့်ပါတယ်။ သူကဘီယာရောင်းမယ် ပြည်တွင်းဖြစ် အရက်မျိုးစုံရောင်းမယ်။ ဒီလိုဆိုင် တွေဘယ်လောက်များများ သူ့ဖောက်သည်နဲ့သူ အလုပ်ဖြစ်ပါတယ်။ နောက်တခုက ဘီယာစတေရှင်နဲ့ ဘိနဲ့ ရောဖွင့်ထားတာပါ။ ဒါမျိုး ကတော့ ပိုင်တဲ့လူရှိမှ ဖွင့်လို့ရမှာပါ။ သုဝဏ္ဏမြို့ပေါ် ဆန်းမှတ်တိုင်မှာဖွင့်ထားတဲ့ ဘီယာစတေရှင်က ရဲမှူးကြီးသမီး ပိုင်တာဖြစ်ပြီး၊ ကောင်မလေးတွေကိုဝင်ဖမ်းတာ တခါမှမတွေ့ဖူးပါဘူး။ ဆိုင်ကကောင်မလေးတွေက နေ့လည်ပိုင်းမှာစားပွဲထိုးလုပ်၊ ဆိုင်ရဲ့ ဝေယျာ ဝစ္စတွေလုပ်ပြီး ညရောက်မှ အော်ဒါလိုက်ကြတာပါ။ အဲလိုဆိုင်မျိုး တောင်၊ မြောက်လမ်းဆုံက ဗိုလ်ချုပ်သန်းရွှေ တူမပိုင်တဲ့ ဆိုင်လည်း ရှိပါတယ်။ ပြည်တွင်းမှာအလွန် အန္တရာယ်ကြီးလာတဲ့ HIV ၊ AIDS ရဲ့ ပင်ရင်းဌာနတွေထဲက တခုပေါ့။ဆင်ခြေဖုံးတွေမှာ ဘီယာစတေရှင်တွေတော်တော်များများ ရှိပါတယ်။ အလုပ်လက်မဲ့များလေ ဆိုင်တွေမှာအရက်သောက်သူတွေများ လာလေပါပဲ။ ကျမ သူငယ်ချင်းရဲ့ သားလေးက ၁၀ တန်းအောင်ပြီး အလုပ်ဝင်လုပ်ပါတယ်။ သူ့အလုပ်မှာ တခါတရံ ဘီယာတိုက်တာ မျိုးတွေ ရှိပါတယ်။ ၂၀၀၈ ခုနှစ်ထဲမှာ အလုပ်သမားတွေလျော့လိုက်တော့ အဲဒီကလေး ပါသွားပါတယ်။ အလုပ်တွေ ထပ်လျှောက်ပေမဲ့ အလုပ်မရတဲ့အခါမှာ ကလေးကစိတ်ဓါတ်ကျပြီး နေ့တိုင်းလိုလို ဘီယာဆိုင်မှာ သွားသောက်ဖြစ်နေပါတယ်။ ဒီလိုလူမျိုး ဒုနဲ့ဒေး ပါ။ရပ်ကွက်ကျောင်းတွေရဲ့ ပတ်ပတ်လည်မှာ မြေကွက်အပိုတွေရှိနေ တတ်ပါတယ်။ အဲဒီအကွက်တွေမှာ ကြံ့ဖွံ့အဖွဲရဲ့ ရန်ပုံငွေအဖြစ် ဆိုင် ခန်းတွေဆောက်ပြီး ငှားတာရောင်းတာတွေ လုပ်ကြပါတယ်။ အဲဒီ် ဆိုင်တွေရဲ့ ဈေးနှုန်းတွေကမြင့်တော့ တော်ရုံလုပ်ငန်းရှင်တွေ ဝယ်ဖို့ ငှားဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ အခုလိုလုပ်ငန်းတွေ အရှုံးပေါ်နေ တဲ့အချိန်မှာ ဆိုင်အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို လျော့ချနေကြတာ ပါ၊ ဒီတော့ အမြတ်များတဲ့ အရက်ဆိုင်လုပ်ငန်းတွေကပဲ ငှားရမ်းကြ တာများပါတယ်။ ဒါကြောင့် ကျောင်းတွေရဲ့ပတ်ပတ်လည်မှာ စား သောက်ဆိုင်တွေ၊ ဘီယာဆိုင်တွေ ဝိုင်းနေပါတယ်။ဆိုင်ပိုင်ရှင်တွေကလည်း စည်းမစောင့်ကြပါဘူး အဖြူ၊ အစိမ်းတွေနဲ့ ဘီယာဆိုင်ထဲဝင်ရင် မောင်းမထုတ်ပါဘူး၊ ရောင်းပေးလိုက်ကြ တာပါပဲ။ အထက်တန်းကျောင်းသားလေးတွေထဲမှာ အရက်ဘီယာသောက်သုံးမှုတွေ များလာပါတယ်။ ကျမတို့ ငယ်ငယ်တုန်းက အ ထက်တန်းကျောင်းမှာ အရက်မူးပြီးရစ်တဲ့ကျောင်းသားဆိုတာ မတွေ့ဖူး၊ မကြားဖူးပါဘူး။ အခုတော့ အထက်တန်းကျောင်းမှာ ကျောင်း သားတွေအရက်မူးလို့ ပြဿနာတက်တဲ့အကြောင်းတွေ ခဏ ခဏ ကြားနေရပါတယ်။ကျမ စာသင်တဲ့ကလေးတွေ သူတို့အချင်းချင်းပြောနေတာကို ကျမ ကြားခဲ့ရတာပါ။ သူတို့က ရေသန့်ပုလင်းထဲကရေကို ဆေးထိုအပ်နဲ့ စုပ်ထုတ်ပစ်လိုက်ပြီး၊ အရက်ဖြူကို ဆေးထိုးအပ်နဲ့ပဲ ပြန်ပြီးစုပ်ထည့်လိုက်ပြီး စာသင်ခန်းထဲမှာ ခပ်တည်တည်နဲ့ ရေသောက်သလို သောက်နေတာတဲ့၊ ဒါနဲ့ ကျမက မနေနိုင်လို့ အဲဒါဘယ်နှစ်ယောက်လောက်ရှိလဲဆိုတော့ ခပ်ဆိုးဆိုးတွေကတော့ သောက်နေတာပဲ တဲ့ တိုင်းပြည်ရဲ့အညွန့်ဖူးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်တတ်နေပြီဆိုရင် ဒီတိုင်းပြည်ရဲ့အနာဂတ်ဟာ ဘာတွေဖြစ် လာမလဲဆိုတာ လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။နောက်တမျိုးကတော့ စာသောက်ဆိုင်တွေပါ။ အဲဒီအထဲမှာ အရက်ပုန်းဆိုင်တွေလည်း ပါဝင်ပြီး။ အစိုးရဖွင့်တဲ့ CS-4 ဆိုင်တွေလည်း ပါပါတယ်။ ကျမတို့ပြည်တွင်းမှာထုတ်လုပ်တဲ့ အပေါစားအရက်တွေကို ရောင်းချပေးတာပါ။ ပြည်တွင်းထုတ်အရက်တွေဟာ အမျိုးစား များသလို တံဆိပ်တွေလည်းအများကြီးပါပဲ။ ပြီတော့ အရက်ကြော်ငြာတွေကလည်း ဘယ်သွားသွားမလွတ်ပါဘူး။ အရက်ကိုတော့ ကြော်ငြာခွင့်ပြုထားပါတယ်။ အရက်ထုတ်လုပ်သူတွေဟာ စစ်အစိုရနဲ့ပက်သက်တဲ့ လူတွေချည်းပဲကိုး၊ ဒါမှမဟုတ်ရင်တော့ အရက်ခိုး ချက်တဲ့လူတွေဟာ ရဲကို တနင့်တပိုးပေးထားကြတဲ့ လူတွေချည်းပါပဲ။ဒေါက်တာနေဝင်းက ကျမကိုပြောပြဖူးတယ်။ အရက်မှာ မီသိုင်းအယ်ကိုဟောနဲ့ အီသိုင်းအယ်ကိုဟောဆိုပြီး ၂ မျိုး ရှိတယ်တဲ့၊ မီသိုင်း ဟာ အဆိပ်ဖြစ်ပြီးတော့ သူချည်းပဲသောက်ရင် ချက်ချင်းကိုသေစေတယ်တဲ့၊ သန်စင်တဲ့အီသိုင်းရဖို့အတွက် အဆင့်ဆင့်ပေါင်းခံချက် လုပ်ရတာကြောင့် သန့်စင်တဲ့ အီသိုင်းဟာဈေးကြီးတယ်တဲ့၊ ဒါကြောင့် နိုင်ငံခြားအရက်တွေဟာ တန်ဖိုးကြီးနေတာပေါ့တဲ့၊ သန့်စင်တဲ့ အီသိုင်းဟာ လူကိုစွဲလမ်းတဲ့စိတ်ဖြစ်ပေါ်စေပေမဲ့ တဖြည်းဖြည်းပဲ စွဲလမ်းစေတယ်တဲ့၊ အလွန်အကျွံသုံးစွဲရင် အန္တရာယ်ဖြစ်နိုင်ပေမဲ့ limit သုံးစွဲရင်ကျန်းမာရေးကို ထောက်အကူပြုတယ်တဲ့။ ဒေါက်တာကိုယ်တိုင်က Grand Royal လို အရက်မျိုးကို limit နဲ့ သောက် တဲ့ သူပါ။ဒါပေမဲ့ ပြည်တွင်းကထုတ်လုပ်တဲ့အရက်တွေဟာ သန့်စင်တဲ့ အီသိုင်းအဆင့်ကိုရောက်ဖို့ အတော်လိုသေးတဲ့အပြင် မီသိုင်းရာခိုင်နှုန်း တော်တော်များများ ပါဝင်နေပါတယ်။ ဒါကြောင့် ၂၀၀၈ ခုနှစ်တုန်းက ရွှေပြည်သာမြို့နယ်အတွင်းကလူတွေ ဆေးရုံကို တရာကျော် ရောက်လာပါတယ်။ အားလုံးဟာအဆိပ့်သင့်တဲ့ လက္ခဏာတွေနဲ့ပါ အတော်များများလည်း သေဆုံးသွားပါတယ်။ စစ်ဆေးကြည့်တော့ မီိသိုင်းရာနှုန်း တော်တော်များများပါတဲ့ အရက်ကိုသောက်မိလို့တဲ့။ ဒီအဖြစ်ပျက်တွေမှာ လူတွေသေဆုံးကုန်ကြပေမဲ့ ဘယ်သူကိုမှ အ ရေးမယူသလို ဘယ်အရက်ဆိုင်ကိုမှ ပိတ်မပစ်ပါဘူး။အရက်ဆိုင်တွေဆိုတာက ရဲတွေရဲ့ စီးပွားရေးစစ်မျက်နှာပြင်ဖြစ်ပြီး ကြံ့ဖွံ့တို့ ရပ်ကွက်ဥက္ကဋ္ဌတို့ရဲ့ငွေတွင်းလည်းဖြစ်ပါတယ်။ အရက် ဆိုင်ဆိုတာ သူတို့တတွေရဲ့ဒေါက်တိုင်ပါ။ ဒါကြောင့် ဘယ်လိုပြဿနာတွေဖြစ်ဖြစ် ဒေါက်တိုင်တွေကိုတော့ ရိုက်မချိုးကြပါဘူး။ဗိုလ်ချုပ်ကြီးမောင်အေးဟာ အရက်ကြိုက်တဲ့သူအဖြစ် အလွန်နာမည်ကြီးပါတယ်။ တကယ့်အကောင်းစား အရက်တွေကိုသောက်ပြီး အသည်းဆရာဝန်တွေနဲ့ ထပ်တလဲလဲပြသပြီး သူရဲ့ကျန်းမာရေးကို စောင့်ရှောက်နေပေမဲ့၊ ပြည်သူပြည်သားတွေရဲ့ ကျန်းမာရေးအ တွက် ပြည်တွင်းထုတ်အရက်တွေကို အရည်အသွေးစစ်ဆေးတာတို့၊ မြှင့်တင်တာတို့လုပ်ဖို့ကို စဉ်းကိုမစဉ်းစားတာကတော့ အသေအ ချာပါပဲ။ပြည်တွင်းထုတ် အရက်ဖြူတွေဟာ အရမ်းကိုဈေးပေါပါတယ်။ တပုလင်းကို ၄၀၀ ကျပ် ပဲရှိပါတယ်။ အဲဒီအရက်တွေရဲ့ ပုလင်းခွံတွေပေါ်မှာ ပါဝင်ပစ္စည်းနဲ့ ရာခိုင်နှုန်းကို ဘယ်တော့မှ ဖော်ပြလေ့မရှိပါဘူး။ ဒါ့အပြင် ပြင်းအားကိုလည်း ဘယ်တော့မှ ဖော်ပြ မထားပါဘူး။ အဲဒီလို ဘာမှန်းမသိတဲ့အရက်တွေကို မော်ဒလ်မတွေက မလုံ့တလုံ ဝတ်ပြီး တုံးလုံးပက်လက်လှဲပြီး ကြော်ငြာကြပါတယ်။ အဲဒီ ကြော်ငြာတွေက ရန်ကုန် တမြို့လုံး အနှံအပြားပါပဲ။ ဘယ်စာပေစိစစ်ရေးကမှ မစိစစ်ပါဘူး။ ကြော်ငြာလွတ် လပ်ခွင့် ပေးထားပါတယ်။နအဖ ဟာ ပြည်သူတွေရဲ့ဘဝကို အစီအစဉ်တကျ ဖျက်ဆီးနေတာပါ။ ပြည်သူတွေ ဆင်းရဲမွဲတေလေ၊ ပြည်သူတွေရဲ့ကျန်းမာရေး အဖက်ဖက်က ပျက်စီးနေလေ၊ သူတို့ရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ခိုင်မြဲစေဖို့ ကျကျနနလုပ်ဆောင်နေတာက သေချာပါတယ်။အရက်ဖြူထက် ပြင်းအားများပြီး၊ ဈေးလည်းပိုပေါတဲ့၊ အန္တရာယ်လည်းကြီးတဲ့ အရက် အမျိုးအစားတွေကိုလည်း ကြော်ငြာအားကောင်းကောင်းနဲ့ ရောင်းချပေးနေပါတယ်။ လစ်ကွာ၊ စပျစ်ဝိုင်၊ နာနတ်ဝိုင်၊ မကျည်းဝိုင်ဆိုတာတွေပါ၊ ဝိုင်ဆိုလို့ အပျော့စားလို့ မထင်ပါနဲ့ အဲဒီ အမျိုးအစားဟာ ဘီယာမတ်ခွက်တခွက်ကို အရက်ဖြူတပိုင်းနဲ့ညီမျှပါတယ်။ အရက်ဟာ ရေရောသောက်လို့ရပြီး လစ်ကွာတို့ဝိုင်တို့ ဟာ ရေရောဖို့မလိုတဲ့အတွက် ပြင်းအားတိုင်းရင် အရက်ထက်ပိုပြင်းအားများပါတယ်။ မြန်မာနိုင်ငံအနှံအပြားမှာ ကြော်ငြာမျိုးစုံနဲ့ တွင်တွင်ကျယ်ကျယ် ရောင်းချနေတာပါ။ တခွက်ကို ကျပ် ၁၅၀ ပဲ ကျသင့်တော့ ဈေးလည်းတော်တော်ပေါပါတယ်။ အဲဒီ ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချနေသူတွေကတော့ စစ်အုပ်စုနဲ့ပက်သက်ရာပက်သက်ကြောင်းတွေပါပဲ။ ဘယ်ကျန်းမာရေးဌာန ရဲ့ စစ်ဆေးချက် အာမခံချက်တွေ မရှိပါဘူး။အရက်ကိုသောက်လိုက်တဲ့အခါ ဦးနှောက်ထဲကို အောက်ဆီဂျင်အရောက်နည်းသွားလို့ လူဟာ တဖြည်းဖြည်းမူးလာတာပါ။ အရက် ဟာ တဖြည်းဖြည်းချင်းပဲမူးပြီး၊ အဲဒီ လစ်ကွာဆိုတာကတော့ ချက်ချင်ဆောင့်ပြီး မူးလာလေ့ရှိပါတယ်။ ဦးနှောက်ထဲကို အောက်ဆီဂျင် အရောက်နည်းသွားအောင်လုပ်တဲ့ရာနှုန်းက လစ်ကွာကပိုများပုံရပါတယ်။ ဒါကြောင့် လစ်ကွာသောက်တဲ့လူတွေဟာ အာရုံကြောရော ဂါကိုပိုပြီး ဖြစ်စေပါတယ်။ကျမရဲ့ မိတ်ဆွေတဦးဟာ အရက်ကို limit နဲ့ သောက်တတ်တဲ့လူပါ။ သူက လစ်ကွာတွေပေါ်လာတော့ ပိုဈေးချိုပြီး၊ ပိုမူးလို့ လစ်ကွာ ကို သောက်ပါတယ်၊ လစ်ကွာကိုသောက်ပြီး နောက်တနေ့ မနက်မှာ အာရုံကြောတွေဟာ ထိုင်းမှိုင်းနေတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ ဆက်ပြီးသောက်ဖြစ်ပါတယ်။ ဒီလိုသောက်ရင်းကနေ အာရုံကြောရောဂါ စဖြစ်လာပြီး၊ ပြီးခဲ့တဲ့လက အာရုံကြောတွေ အလုပ်မ လုပ်ဘဲ သေတဲ့ရောဂါနဲ့ သေဆုံးသွားပါတယ်။ ဒီလိုလူမျိုးတွေ ဘယ်နှစ်ယောက်ရှိနေတယ်ဆိုတာ ကျမတို့ မသိရပါဘူး။အရက်မူးလာတဲ့အခါမှာ တဖြည်းဖြည်းအသိစိတ်ပျောက်ပြီး မသိစိတ်ကလွှမ်းမိုးလာပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ဒုစရိုက်အမှုတွေကို ကျူးလွန်ဖို့ ဝန်မလေးတတ်ပါဘူး။ အရက်မူးတဲ့ အခိုက်အတန့်မှာ ဆင်ခြင်တုံတရား ပျောက်ဆုံးသွားတတ်ပါတယ်။ ဒါကြောင့်လည်း ပြစ်မှုကျူးလွန်တာတွေ၊ ဒုစရိုက်မှုတွေ ထူထပ်ပေါများလာပါတယ်။ဒီလိုအဖြစ်အပျက်မျိုးကို ၂၀၀၇ ခုနှစ် စက်တင်ဘာလ အရေးတော်ပုံမှာတွေ့ရပါတယ်။ သံဃာနဲ့ကျောင်းသား ပြည်သူတွေကိုပစ်တဲ့ ရဲတွေ၊ စစ်သားတွေဟာ တစုံတရာမူးနေပါတယ်။ သူတို့ဟာ မူးမူးရူးရူးနဲ့ အသိမဲ့ရန်လိုစွာ လက်နက်မဲ့ပြည်သူတွေကို ပစ်ခတ်နေတာ ကို တွေ့ရပါတယ်။HAWK အဖွဲ့က ကိုအောင်ဆွေဦး (ကွယ်လွန်) ပြောပြခဲ့ဖူးတာက၊ သူတို့ ဝမ်းခမှာတိုက်ပွဲဖြစ်တုန်းက သူတို့အဖွဲ့က တောင်ကုန်းပေါ်က နေစီးပြီး ပစ်နေတာတဲ့၊ အောက်ကတက်လာတဲ့ နအဖ(န၀တ) ရဲဘော်တွေဟာ ကမူးရှူးထိုး အသိမဲ့ အတင်းတက်လာတယ်တဲ့၊ နောက်ဆုံး အပေါ်ကပစ်တဲ့လူက သနားပြီးမပစ်ချင်တော့ဘူးတဲ့ ကျဆုံးသွားတဲ့ရဲဘော် အတော်များများဟာ ကလေးစစ်သားတွေဖြစ် ပြီး အရက်တွေကိုမူးနေအောင် တိုက်ထားတယ်တဲ့။အဆုံးသတ်တော့ နအဖ ဟာ သူရဲ့အာဏာခိုင်မြဲရေးအတွက် ပြည်သူတွေကို မှိုင်းအမျိုးမျိုးတိုက်ပါတယ်။ အရက်ကြိုက်သူတွေကို အ ရက်မှိုင်း၊ ငွေကြိုက်သူကို လောင်းကစားမှိုင်းတွေနဲ့ ဖျက်ဆီးထားပါတယ်။ သူတို့ ရည်ရွယ်ချက်ရဲ့အဆုံးသတ်ကတော့ အာဏာခိုင်မြဲ ရေးပဲ ဖြစ်ပါတော့တယ်။

ခင်ငြိမ်းသစ်။

ရွှေဂုံတိုင်ကြေညာစာတမ်း


ယခုနှစ် ဧပြီလ(၂၉)ရက်နေ့က မြန်မာပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မှ ထုတ်ပြန်ထားခဲ့သော ”ရွှေဂုံတိုင်ကြေညာစာတမ်း“ကို ဂျပန်နိုင်ငံရှိ မြန်မာဒီမိုကရေစီအင်အားစုများမှ အပြည့်အ၀ထောက်ခံကြောင်းနှင့် အဆိုပါကြေညာစာတမ်း၏အရေးကြီးပုံကို ဂျပန်အစိုးရနှင့်တကွ ဂျပန်နိုင်ငံရှိ လူမှုအခြေပြုအဖွဲ့အစည်းများ၊ ဂျပန်နိုင်ငံရေးပါတီများ၊ ဂျပန်အလုပ်သမားသဂ္ဂများအပါအ၀င် ဂျပန်လူထုနှင့် ဂျပန်နိုင်ငံရှိ နိုင်ငံခြားသံရုံးများပါ သဘောပေါက်လက်ခံလာပြီး အားပေးထောက်ခံမှုရရှိစေရန်ရည်ရွယ်၍ နှီးနှောဖလှယ်ပွဲတရပ် ကျင်းပပြုလုပ်မည်ဟုသိရှိရသည်။နှီးနှောဖလှယ်ပွဲကို လာမည့် နိုဝင်ဘာ ၂၃ရက်(တနင်္လာနေ့တွင်)ကျင်းပပြုလုပ်မှာဖြစ်ပြီး ”ရွှေဂုံတိုင်ကြေညာစာတမ်း(သို့)လက်ရှိမြန်မာနိုင်ငံအကျပ်အတည်းမှထွက်ရပ်လမ်း”(Gateway to National Reconciliation in Union of Burma)ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မှာဖြစ်သည်။ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ကိုသန့်ဇင်ဦး(NLD-LA JB)မှ ”အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စုံညီညှိနှိုင်းအစည်းအဝေးပွဲအပြီး ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းဟာ လက်ရှိမြန်မာ့နိုင်ငံရေးအတွက် အဓိကအရေးပါတဲ့ အခန်းကဏ္ဍလို့ ကျနော်ယုံကြည်ပါတယ်။ ဒီကြေညာစာတမ်းဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေ မြန်မာနိုင်ငံအတွင်းမှာပေါ်ထွန်းရေးအတွက် တခုတည်းသောထွက်ရပ်လမ်းလို့ မြင်ပါတယ်။ နောက်ပြီး မြန်မာပြည်တွင်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နအဖရဲ့ မတရား ဖမ်းဆီးဖိနှိပ်များအောက်မှ နှစ်ပေါင်း(၂၀)ကျော်ကြာအောင် ကြံ့ကြံ့ခံရပ်တည်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်လာဖို့အတွက် မဆုတ်မနစ်သောဇွဲ၊ လုံ့လများနဲ့ ကြိုးစားလုပ်ဆောင်နေတာကို ဂျပန်အစိုးရနှင့်တကွ ဂျပန်လူထုသိရှိနားလည်ဖို့နှင့် ဒီထက်ပိုမိုပြီး အားပေးထောက်ခံမှုရရှိလာစေဖို့နဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းမှာပါတဲ့ တောင်းဆိုထားတဲ့အချက်တွေ အပြည့်အ၀အကောင်အထည်ပေါ်လာနိုင်စေဖို့အတွက် နှီးနှောဖလှယ်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်…”ဟု ရှင်းပြသည်။နှီးနှောဖလှယ်ပွဲသို့ AIPMC(ASEAN Inter-Parliamentary Myanmar Caucus)မှ တာဝန်ခံများ၊ ဂျပန်နိုင်ငံရှိ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားအစရှိသည့် အာရှနိုင်ငံများမှ သံတမန်များအပြင် အီးယူ၊ အမေရိကန်၊ ဂျာမဏီအစရှိသည့် အနောက်နှင့် ဥရောပနိုင်ငံများမှ သံတမန်များပါ တက်ရောက်ကြမည်ဖြစ်သည်။ဂျပန်အစိုးရပိုင်းအနေဖြင့် မြန်မာ့အရေးကို ထောက်ခံအားပေးနေသည့် ဂျပန်လွှတ်တော်အမတ်များသမဂ္ဂမှ အမတ်များအပါအ၀င် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူအဆင့်မြင့်တာဝန်ခံများတက်ရောက်မည်ဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်များမှ မြန်မာပြည်အပေါ်ထားရှိသည့် ဂျပန်အစိုးရ၏သဘောထားများကို ပြောကြားမည်ဟုလည်းကိုသန့်ဇင်ဦး၏ ဆက်လက်ရှင်းပြချက်အရ သိရှိရသည်။ထို့အပြင် ဂျပန်နိုင်ငံရှိ လူမှုအခြေပြုအဖွဲ့အစည်းများဖြစ်ကြသည့် A.I, Human Watch, PFB, ဂျပန်အလုပ်သမားသမဂ္ဂ(RENGO)မှ တာဝန်ခံများ၊ မြန်မာ့အရေးလည်း တက်ရောက်ကြမည်ဖြစ်သည်။အပြန်အလည်ဆွေးနွေးပွဲတွင် NCGUB မှ အလုပ်သမားဝန်ကြီး ဦးခွန်မြင့်ထွန်းမှ ရွှေဂုံတိုင်ကြေညာစာတမ်း၏ အရေးပါပုံကို ရှင်းလင်းတင်ပြမည်ဟုသိရသည်။ယခုပြုလုပ်မည့်နှီးနှောဖလှယ်ပွဲနှင့်ပတ်သက်ပြီး ဒေါက်တာမင်းညိုမှ”ကျနော့်အမြင်ပြောရင် ဒီနှီးနှောဖလှယ်ပွဲကနေအခြေခံပြီး နအဖ စစ်ခေါင်းဆောင်တွေ တဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေဟာ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီမဆန်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း အကျိုးပြုမှာမဟုတ်ဘူးလို့ တက်ရောက်လာတဲ့ ဂျပန်အစိုးရပိုင်းမှ အမတ်တွေနဲ့တကွ နိုင်ငံတကာသံရုံးကပုဂ္ဂိုလ်တွေရော၊ ဂျပန်အလုပ်သမားသမဂ္ဂတွေပါ သိရှိသွားကြလိမ့်မယ်။ ဒါဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဆိုတာလည်း နိုင်ငံတကာက လက်ခံမှာမဟုတ်တော့ဘူး။ ၉၀ ရွေးကောက်ပွဲအနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းသာလျင် လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်းအတွက် ထွက်ပေါက်လို့ အားလုံးကသဘောပေါက်လာကြပြီး နအဖစစ်ခေါင်းဆောင်တွေကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတောင်းဆိုထားတဲ့ အချက်တွေကို လက်ခံဖို့ ဖိအားပေးလာနိုင်လိမ့်မယ်လို့ ကျနော်မြင်ပါတယ်…”ဟု ပြောဆိုသည်။ရွှေဂုံတိုင်ကြေညာစာတမ်းနှီးနှောဖလှယ်ပွဲကို ဂျပန်အလုပ်သမားသမဂ္ဂ(RENGO)အဆောက် အဦတည်ရှိရာ တိုကျိုမြို့၊ ချီအိုဒါရပ်ကွက်ရှိ SOHYO KAIKAN ၏ ဒုတိယထပ်တွင် နံနက် ၉း၃၀ နာရီမှ ညနေ ၄း၀၀ နာရီအထိ နှစ်ပိုင်းခွဲ၍ ပြုလုပ်မည်ဖြစ်သည်။ပထမပိုင်းအစီအစဉ်တွင် နှီးနှောဖလှယ်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်၊ လက်ရှိ မြန်မာပြည်နိုင်ငံရေးအခြေအနေ၊ မြန်မာပြည်အပေါ်ထားရှိသည့် ဂျပန်အစိုးရ၏သဘောထား၊ AIPMC ၏သဘောထား၊ ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၏သဘေားထား၊ မြန်မာ့အရေးဆောင်ရွက်နေသည့် ဂျပန်လွှတ်တော်သမဂ္ဂ၏သဘေားထား အစရှိသည်တို့ကို ဂျပန်-မြန်မာ-အင်္ဂလိပ်သုံးဘာသာဖြင့် ပြောကြားမည်ဖြစ်သည်။ဒုတိယပိုင်းအစီအစဉ်ကို ဆွေးနွေးပွဲပုံစံလိုမျိုးပြုလုပ်၍ တက်ရောက်လာကြသည့် သံတမန်များ၏ ရွှေဂုံတိုင်ကြေညာစာတမ်းအပေါ် ၄င်းတို့၏အမြင်များကို ရှင်းလင်းပြောကြားမည်ဟုလည်း သိရသည်။ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှ ဦးအေးသာအောင်တို့ပေးပို့လာသော အမှာစကားများကို ဖတ်ကြားမည်ဖြစ်သည်။မြန်မာ့အရေးစိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက်နိုင်ပြီး အဆိုပါနှီးနှောဖလှယ်ပွဲဖြစ်မြောက်ဖို့အတွက် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီရေးလုပ်ဆောင်နေကြသည့် အဖွဲ့အစည်းပေါင်း (၃၀)ကျော်စုစည်း၍ ကျင်းပခြင်းဖြစ်ကြောင်းလည်းသိရှိရသည်။

အိုင်အယ်အို (ILO) ရဲ့ COVENTION တွေကိုအမျိုးမျိုးချိုးဖောက်နေတဲ့ SPDC

Saturday, November 21, 2009

ကိုဖိုးတုတ်နှင့်ကိုကံမြင့်တို့ အားမတရားဖမ်းဆီးထောင်ချထားပြီးထောင်သက်တမ်းထပ်မံတိုးမြင့်ခြင်မှာ
အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်ကြီး၏ ဥပဒေဖြစ်သောလွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့ စည်း
ခွင့်အားချိုးဖောက်ခြင်းဖြစ်ကြောင်းသဘောထားထုတ်ပြန်ကြေညာချက်

သူပြောသလိုပါပဲလား

Friday, November 20, 2009

ကျမ ဒီနေ့  အလုပ်တာဝန်တွေ ညနေပိုင်းထဲက နားပြီး ခြေလက်ဆန့် ကာ သတင်းနားထောင်ဖြစ်တယ်။နားထောင်၇ုံမက
ကြည့်လည်းကြည့်ဖြစ်တယ်ပေါ့ ဒီအခါ မနေ့ ကဖတ်ဖြစ်တဲ့ ဆောင်ပါးထဲက ရဲဘော်တစ်ယောက်ခံစားပြီးရေးထားတာ နည်း
တောင်နည်းသေးတယ် လို့  စိတ်ထဲ ဒေါပွသွားတယ်။။ ပုသိန် င၀န်မြစ်သဘောင်္ာမှောက်တာကို န အ ဖ လှူတဲ့သတင်း
စစ်အုပ်စု က ကမ္ဘာ့ကလေးများနေ့ (ဒီကနေ့ ၂၀-၁၁-၂၀၀၉) မှာကျရောက်တာကို နေပြည်တော်မှာ ပြုလုပ်တဲ့သတင်း
တွေ ကြေညာပေးသွားတယ် ။။အော် ၈၈၈၈ (၇ှစ်လေးလုံးရဲ့အသက်သွေးတွေ ဘ၀တွေပေးခဲ့တဲ့ကြားကဖြစ်ပေါ်လာတဲ့မီဒီယာရယ်--









ကျမ ဒီနေ့  အလုပ်တာဝန်တွေ ညနေပိုင်းထဲက နားပြီး ခြေလက်ဆန့် ကာ သတင်းနားထောင်ဖြစ်တယ်။နားထောင်၇ုံမက
ကြည့်လည်းကြည့်ဖြစ်တယ်ပေါ့ ဒီအခါ မနေ့ ကဖတ်ဖြစ်တဲ့ ဆောင်ပါးထဲက ရဲဘော်တစ်ယောက်ခံစားပြီးရေးထားတာ နည်း
တောင်နည်းသေးတယ် လို့  စိတ်ထဲ ဒေါပွသွားတယ်။။ ပုသိန် င၀န်မြစ်သဘောင်္ာမှောက်တာကို န အ ဖ လှူတဲ့သတင်း
စစ်အုပ်စု က ကမ္ဘာ့ကလေးများနေ့ (ဒီကနေ့ ၂၀-၁၁-၂၀၀၉) မှာကျရောက်တာကို နေပြည်တော်မှာ ပြုလုပ်တဲ့သတင်း
တွေ ကြေညာပေးသွားတယ် ။။အော် ၈၈၈၈ (၇ှစ်လေးလုံးရဲ့အသက်သွေးတွေ ဘ၀တွေ ပေးခဲ့တဲ့ကြားကဖြစ်ပေါ်လာတဲ့မီဒီယာရယ်--

အဓမ္မလုပ်အားပေးစေခိုင်းခြင်းများကို ပပျောက်အောင်ဆောင်ရွက် မည်ဟု သဘောတူညီခဲ့သော်လည်း

Thursday, November 19, 2009

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ချုပ် ၏ အုပ်ချုပ်မှုအဖွဲ့  အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ပတ်သတ်၍စစ်အုပ်စုဟာ
စိတ်ပျက်ဖွယ်ကောင်းကြောင်းကို တာဝန်ရှိသူများမှပြောကြားခဲ့ပါတယ်။
မြန်မာစစ်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ချုပ် ILO တို့  မှာ နှစ်စဉ် နားလည်မှုစာချွန်လွှာများရေးထိုးပြီး အဓမ္မ
လုပ်အားပေးစေခိုင်းခြင်းများကို ပပျောက်အောင်ဆောင်ရွက် မည်ဟု သဘောတူညီခဲ့သော်လည်း စစ်အုပ်စုခေါင်းဆောင်ပိုင်းက
သာဂတိဂ၀က်များပေးပြီး ပြည်နယ်တိုင်းတို့ တွင်၇ှိသော အုပ်ချုပ်ရေးအာဏာပိုင်တို့ မှ ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့်အပြင်
အဓမ္မလုပ်အားပေးစေခိုင်းခံရသူများ၏ တိုင်ကြားချက်များအားထိရောက်စွာမဖြေရှင်းပေးခဲ့ပေ။ ILO(ရန်ကုန်ရုံး)သို့ တိုင်ကြားသူ
များ ကိုလည်း ဖမ်းဆီးထောင်ချခြင်း၊ခြိမ်းခြောက်ခြင်းများပြုနေသလို အောင်လံ မြို့ တစ်မြို့ တည်းပင် လယ်သမားပြဿနာ နှင့်
ရန်ကုန် ILO ရုံးသို့  တိုင်ကြားသော သူ ၁၈ ဦး ကို ဖမ်းဆီးထားပြီး အနည်းဆုံး ထောင်ဒဏ် ၅ နှစ် မှ ၉ လအထိ အကျဉ်းကျဆဲ
ဖြစ်ပါတယ်။ ဒါ့အပြင်အသက်၁၈ နှစ်မပြည့်သေးတဲ့ကလေးစစ်သားတွေအဓမ္မစုဆောင်းနေတာတွေလည်းပိုလို့ ပင်တိုးပွါးနေပါတယ်
ဒါတွေကို ကိုင်တွယ်ဖြေရှင်းပေမဲ့ ILOGoverning Body အစည်းအဝေးမှာမနေ့ ကမြန်မာပြည်အရေးဆွေးနွေးဖြစ်
ခဲ့ပါတယ်။။ (Governing Body)နဲ့ ပတ်သတ်လို့ ကျမ အကျဉ်းလေး၇ှင်းပြပါမယ် ။။

ILO အုပ်ချုပ်မှုအဖွဲ့  (The Governing Body) သည် ပုံမှန်အားဖြင့် အစည်းအဝေးတစ်နှစ်တစ်ကြိမ်ပြုလုပ်ပြီး(ILO) ညီလာခံ
နှင့်အခြားအစည်းအဝေးများနှင့်ဆိုင်သောခေါင်းစဉ်များ(Agenda) ကိုရေးဆွဲခြင်း၊ဆုံးဖြတ်ချက်များမှတ်တမ်းတင်ခြင်းနှင့်ဤ
ဆုံးဖြတ်ချက်များအတိုင်းနောက်ဆက်တွလုပ်ငန်းများသတ်မှတ်ခြင်း၊အပြည်ပြည်ဆိုင်ရာအလုပ်သမားရုံး၏ညွှန်ကြားရေးမှုး
ချုပ်ခန့် အပ်ခြင်းနှင့်ရုံး၏လုပ်ငန်းတာဝန်များကိုလမ်းညွှန်မှုပြုခြင်းတို့ ကိုဆောင်၇ွက်ခြင်းအခြေခံဖြင့်အလုပ်သမားစံနှုန်း
အပြင်အလုပ်သမားသမဂ္ဂများအခွင့်အရေးများကိုကာကွယ်စောင့်ရှောက်ရန်ဦးတည်ချက်ဖြင့်အဖွဲ့ အစည်း(၃)ရပ်ကိုဖွဲ့ စည်း
ထားပါတယ်။။
အဲဒီ့အဖွဲ့ တွေကတော့ (၁)ဆွေးနွေးပွဲနှင့် ဆုံးဖြတ်မှုများဆိုင်ရာကျွမ်းကျင်သူများအဖွဲ့ 
(၂)လွှတ်လပ်စွာအသင်းအပင်းဖွဲ့ စည်းခွင့်နှင့်ပတ်သတ်၍အဖြစ်မှန်ဖော်ထုတ်ရေးနှင့်ဖြန်ဖြေရေးကော်မရှင်
(၃)လွှတ်လပ်စွာအသင်းအပင်းဖွဲ့ စည်းခွင့်ဆိုင်ရာကော်မတီတို့  ဖြစ်ပါတယ် ။။
ဒီကော်မတီတွေ ဟာ မြန်မာနိုင်ငံရဲ့လက်ရှိ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုတွေအတွက် ပြဿနာဖြေ၇ှင်းပေးဖို့ ရာ
ခိုင်မာစွာရပ်တည်နေသလို မြန်မာပြည်ထဲမှာလည်း အသက်အန္တယယ်ကိုတောင် ခြိမ်းခြောက်ခံရတဲ့အခြေအနေတွေကိုရင်ဆိုင်ပြီး
ILO ရုံးစိုက်ထားတာ သိနိုင်ပါတယ်။။ဒါပေမဲ့ စစ်အုပ်စုဟာ မိုက်မဲစွာပဲ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းကြီးအပေါ်ကိုတောင်အလေး
မထားပဲ လှည့်ဖျားနေကြတဲ့အတွက် ယခုလ ၁၈ ရက်မှာကျင်းပပြီးတဲ့အုပ်ချုပ်မှုအဖွဲ့ ကတော့ မြန်မာစစ်အုပ်စုအပေါ်ကိုယုတ်မာ
မှန်းပိုလို့ သဘောပေါက်လာပါပြီလို့ ကျမယူဆပါတယ် ။။ကျမတို့ တစ်တွေကလည်းနိုင်ငံတစ်ကာအဖွဲ့ အစည်းတွေအားကိုပဲမမျော်
ပဲ ကိုယ်တိုင်ဆောင်၇ွက်ရမှာက မတရားတာကို မတရားဘူးလို့ ပြောရုံ တင်ပြရုံပါပဲ ကာယကံရှင်တွေကမတင်ပြရင် ကူညီချင်သူ
တွေအဖို့ ကိုင်တွယ်ဖို့ သိတ်မလွယ်လှပါဘူး။ တိုင်ရင် တင်ပြရင် အဖမ်းခံရမှာပဲ လို့  ဆိုတဲ့ ကြောက်ရွံ့စိတ်တွေကိုတော့ ကြိုးစားပြီး
ရင်ဆိုင်ကြရပါမယ် ။ စစ်အုပ်စုဟာ နိုင်ငံတစ်ကာဥပဒေ စံနှုန်းတွေ သဘောတူညီမှုတွေ ချိုးဖောက်ပြီးအကြမ်းဖက်နေပေမဲ့ဒါဟာ
ကာလအ၇ှည်ကြီး ပြုမူသွားနိုင်မှာမဟုတ်ပါဘူး။ ကိုယ်က ခေါင်းငုံ့ ခံနေရင်တော့သားစဉ်မြေးဆက် ခံနေရမှာပါပဲ ။
ဒါ့ကြောင့် အလုပ်သမားလယ်သမားထုနဲ့ ပြည်သူကို ကျမ အကြံပြုချင်တာကတော့ အလုပ်သမားတွေ လယ်သမားတွေ မိမိအခွင့်
အရေးတွေ ကို တောင်းယူပါ အဓမ္မခိုင်းတာတွေ မလုပ်ပါနဲ့  လုပ်ရရင်လည်းတင်ပြပါ ရန်ကုန် အိုင်အယ်အိုရုံးရှိသလို အမျိုးသား
ဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ အလုပ်သမားလယ်သမားရေး ဌါနမှာလည်း တင်ပြနိုင်ပါတယ် ။မိမိကလေးတွေ စစ်ထဲ အတင်းအသွင်းခံရ
တာကအစ တရားမ၀င်ပါဘူး ။ဒါကိုမြန်မာပြည်သူတွေ အတော်နားလည်လာပြီလို့ လည်းကျမ ယုံကြည်ပါတယ် ။ အထူး မတ်ဆိတ်
ပေးချင်တာကတော့ ILO ကနေ ICJ ကို တင်ပြပြီး ကုလသမဂ္ဂ မှာစစ်အုပ်စုကို ပိုင်ပိုင်နိုင်နိုင်အရေးယူနိုင်ခဲ့ရင်ဖြင့် ဘယ်ဗီဒိုအာဏာ
နဲ့ မှပယ်ချလို့ မရသလို (အဲ--သတိရလို့ ထဲ့ပြောရဦးမယ် ဘယ်အဝေးရောက်ဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီး) ရဲ့ လက်မှတ်မှမလို
ပါဘူး။။ ဒီတော့ မတရားမှုတွေ ကိုဖြေ၇ှင်းပေးမဲ့ အလုပ်သမားခုံရုံးကြီးကနေ မြန်မာပြည်ထဲ က မတရားမှုတိုင်စာတွေ ၇ှိမှ စစ်အုပ်
စု ကိုအပြတ်အသတ်မောင်းထုတ်နိုင်မယ်ဆိုတာ သတိထားမိကြဖို့ နဲ့  အလုပ်သမားထုအခွင့်အရေးအတွက်ဝိုင်းဝန်းကြစို့ 
မေအိခင်(လယ်ဝေး)

ဖထီးဖဒိုမန်းရှာ ခြေရာနင်းမဲ့ ဇိုရာဖန်း

Tuesday, November 17, 2009

ကျမလည်း ဇိုရာဖန်း လေး ကို တော်တော်လေးစားချစ်ခင်မိပါတယ် သူမ ကို ပြီးခဲ့တဲ့ကရင့်တော်လှန်ရေးနေ့မှာမြန်မာပြည်တစ်နေရာ
မှာဆုံ တွေ့ ခဲ့တာ သူမရဲ့ ရဲရင့်ထက်မြတ်ပြီး သြဇာညောင်းလှတဲ့ အသံကို ကျမ ကြက်သီးတောင်ထမိပါတယ် ကျမထက်အများကြီးကို
ငယ်မဲ့ကလေးမလေးပါ ခုတော့ သူ့ ဘ၀ တော်လှန်ရေး ထဲမှာ ကိုမိုးသီးပြောသလိုကရင့်တော်လှန်ရေးအလံတစ်ဖက်ခွပ်ဒေါင်းအလံက
တစ်ဖက်နဲ့ သူမလည်း ပြည့်သူ့အတွက် ရပ် နေရပြန်ပါပြီ --မေအိခင်(လယ်ဝေး)




မာနယ်ပုလောမကျခင် မန်းရှာအိမ်က ကျနော်တို့ အားလုံးအတွက် စားအိမ်သောက်အိမ်၊နိင်ငံရေးပြသနာပေါင်းများစွားကိုအဖြေရှာတဲ့နေရာဖြစ်ခဲ့ဘူးတယ်။ ကျနော်တို့ နိင်ငံရေးအကြောင်းတွေကို အပြင်အထန်ဆွေးနွေးနေရင် ဆရာမန်းရှာဇနီး က ချက်ပြုတ်နေရင် နားစွင့်နေတယ်။ ဒီအချိန်မှာ မီးဖိုချောင် အပေါက်ဝ က ကုတ်ကုတ်လေးထိုင်ပြီးကြည့်နေတဲ့အသက် ၁၀ နစ်ခန့် ရှိတဲ့ ကလေးတယောက်ကိုလည်းသတိပြုမိတယ်။ ခုတော့ဒီကလေးက ကရင့်အမျိုးသားအလံတဖက်၊ ခွပ်ဒေါင်းအလံတဖက်ကိုကိုကိုင်ပြီး ကျနော်တို့ နဲ့ အတူတိုက်ပွဲဝင်လာရမယ်လို့ ကျနော် မထင်ထားမိခဲ့ပါဘူး။ သူကတော့ဇိုရာဖန်းပါ။


-----------------------------

ကျနော် အင်္ဂလန် သို့ ရောက်စဉ် ဇိုရာဖန်း နဲ့ တွေ့ ဆုံခဲ့တယ်။ ကျနော်တို့  တည်းနေရာ ဒက်ကနန် ဟိဝေး ရပ်ကွက်သို့ သူလာခဲ့သည်။ သူကိုမတွေ့ တာ ၁၀ နစ်နီးပါးကြာခဲ့ပြီဖြစ်ပါတယ်။ မနပုလောမကျခင်မှာသူကိုနောက်ဆုံးတွေခဲ့တယ်။ သူရယ်၊သူအဖေမန်းရှာရယ်၊သူမိခင်ကြီး နန်းရွေကျင်ရယ်။ သူအကို စေးစေးရယ်။သူအဖေသည်ကရင်တော်လှန်ရေးတွင်ကျဆုံးခဲ့ပြီ၊သူမိခင်ကြီးသည်လည်း တော်လှန်ရေးရဲဘော်တဦးဖြစ်ခဲ့သည်။ စက်သွယ်ရေးရဲဘော်တဦး၊၁၉၇၀၀န်ကျင်းကာလ မဆလခေတ် ဖြတ်လေးဖြတ်ကာလတွင် ရိုင်ဖယ်သေနပ်ကိုလွယ်ပြီး ရေစီးကြမ်းသော စစ်တောင်းမြစ်ကိုဖြတ်ကူးခဲ့သည့် အကြောင်းကိုကျနော်တို့ နားထောင်လို့ မရိုးခဲ့ဘူး။ ကရင်အမျိုးသားလှုပ်ရှားမှုမှာ သူ့ မိဘ နစ်ပါးစလုံးအသက်ပေးခဲ့ကြပါပြီ။ သူဟာငယ်သေးတယ်။ လူငယ်တယောက်ရဲ့ ပျှော်ရွှင်မှုတွေအပူအပင်ကင်းမှုတွေ သူခံစားသင့်ပါတယ်။

--------------------------------

သူဘ၀မှ ဒီအခြေအနေမရှိခဲ့ပါဘူး။ ကရင့်အမျိုးသားလှုပ်ရှားမှုက သူဘ၀ကို နက်ရှိုင်းစွာတည်ရှိနေတယ်။
စစ်အစိုးရကြောင့် ဒုက္ခအထွေထွေခံစားနေရတဲ့ ရင့်အမျိုးသားတွေ၊အမျိုးသမီးတွေ၊ကလေးသူငယ်တွေ
အတွက် သူဟာ မျက်မြင်သက်သေဖြစ်နေရ ပါပြီ။

သူမျက်နာကိုတွေ့ တော့ သူအဖေကိုသတိရလာမိတယ်။ သူမျက်နာသိပ်မပြောင်း၊ အလွန်းအမင်းရှက်တဲ့ပုံတော့မရှိတော့ဘူး ။ ကိုယ်ကိုကိုယ်ယုံကြည်မှုတွေရှိနေတယ်။ သူဖခင်ကြီးလိုပဲ ယုံကြည်မှုရှိတယ်။ ခင်မင်စရာကောင်းတာတွေရှိနေတယ်။ သူလုပ်နေတဲ့ လှုပ်ရှားမှု၊ နိင်ငံတကာ လှုပ်ရှားမှုအတွေ့ အကြုံတွေကို သူပြောပြတယ်။ သူရဲ့ ပြောင်းလဲတိုးတက်လာမှုတွေကို ကျနော် ၀မ်းသာမိတယ်။ သူရေးထားတဲ့သဘ၀အကြောင်းစာအုပ်ကိုကျနော်ကိုလက်ဆောင်ပေးတယ်။

အတုံးအရုံးပြုလဲမှုတွေကြားမှာ ရုမ်းကန်ထနိင်စွမ်းရှိနေတဲ့သူကို ဂုဏ်ပြုတဲ့အနေနဲ့  ခွပ်ဒေါင်းအလံတလက်အမှတ်တရပေးခဲ့တယ်။ဒီအလံကိုသိမ်းထားပါ။ခွပ်ဒေါင်းအလံဆိုတာအဖိနပ်ခံပြည်သူတွေဖက်ကအမြဲရပ်တည်နေမယ်ဆိုတဲ့သဘောပါ။ ကရင်အမျိုးသားတွေအတွက်ကရင်ပြည်နယ် ရပါစေ သမီး။

- မိုးသီးဇွန် -
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်- FBF

စစ်အုပ်စုသတင်းစာ ပြည်သူကို မက်ဆိတ် ပေးနေပြီ မီးဒုတ် မီးဒုတ်ရှို့ရှို့ တဲ့ (နောက်တာမဟုတ်ဘူးတကယ်)

အပြတ်တိုက်ရေးကိုပဲ အာရုံရှိနေသ ၍

Sunday, November 15, 2009



ကိုမိုးသီးဇွန် ရဲ့ ၈၈ စိတ်ဓါတ်တွေ နဲ့  နိုင်ငံတစ်ကာရောက် ရဲဘော်ရဲမေ တွေဖြစ်တဲ့ ဖထီးဖဒိုမန်းရှာ ရဲ့ သမီးငယ် ဇိုရာဖန်း ဗကသ ဇော်ဇော်အောင် တို့ နဲ့ တွေ့ ဆုံခဲ့ပုံလေးပါ ။။ အားလုံးရဲ့စိတ်ခန္တာတွေမှာစစ်အုပ်စု အပြတ်တိုက်ရေးကိုပဲ အာရုံရှိနေသ
၍ တော်လှန်ရေးပြီးဆုံးမဲ့ တစ်နေ့  ရကိုရ ရမှာပါ ။။ မေအိခင် လယ်ဝေး

လူထုခေါင်းဆောင်မှ စစ်အုပ်စုအား သနားညှာတာစွာ ရွှေတံတားခင်းပေးနေပြီ -

Saturday, November 14, 2009



သို့

ဗိုလ်ချုပ်မှုးကြီးသန်းရွှေ

ဥက္ကဌ

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ

နေပြည်တော်

ရက်စွဲ - ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်

အကြောင်းအရာ။ ။မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ရုတ်သိမ်းရေးကိစ္စ နောက်ဆက်တွဲ တင်ပြခြင်း။

၁။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက အမေရိကန်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်ကင်းဘဲနှင့်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် နိုင်ငံရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် စီစဉ်ပေးမှုအတွှက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို အထူးကျေးဇူးတင်ရှိပါသည်။

၂။ မြန်မာနိုင်ငံအပေါ်ချမှတ်ခဲ့သော ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားရေးအတွက် ကျမ အနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ပိတ်ဆို့အရေးယူမှုများနှင့် စပ်လျဉ်းရ်ူ ပိုမိုသိရှိလိုကြောင်း တင်ပြချက်အပေါ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက လိုအပ်သော စီစဉ်ဆောင်ရွက်ပေးမူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလိုပါ သည်။

၃။ အခြားနိုင်ငံတော်အတွက်အကျိုးကျေးဇူးရှိမည့်လုပ်ငန်းများကိုလည်း ကျမ အနေဖြင့်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

၎။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဧ။် လုပ်ငန်းများပိုမိုထိရောက်စွာဆောင် ရွက်နိုင်ရေးအတွက် အဖွဲ့ ချုပ်ဗဟိုအလုပ်အမူဆောင်အဖွဲ့ ဝင်များအားလုံး ကိုကျမဧ။်နေအိမ်သို့ ဖိတ်ခေါ်တွေ့ ဆုံဆွေးနွေးလိုပါသည်။ ကျန်းမာရေးအရ မိမိတို့ နေအိမ်အသီးသီးတွင်သာ နေထိုင်လျက်ရှိကြသော ဥက္ကဌဦးအောင် ရွှေ၊ အတွင်းရေးမှူးဦးလွင်နှင့် အလုပ်အမှုဆောင်အဖွဲ့ ဝင်ဦးလွန်းတင်တို့ ကို ၄င်းတို့ ဧ။်နေအိမ်အသီးသီးသို့ သွားရောက်ဂါဝရပြုကန်တော့ပြီး၊ (၁) ဒုဥက္ကဌ ဦးတင်ဦး၊ (၂) အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်များဖြစ်ကြသော (၃)ဦးဝင်းတင် (၄) ဦးခင်မောင်ဆွေ (၅) ဦးသန်းထွန်း (၆) ဦးစိုးမြင့် (၇) ဦးလှဖေ (၈) ဦးညွန့်ဝေ တို့ပါဝင်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ စုံညီအစည်းအဝေးကို ကျမ၏နေအိမ်တွင်ကျင်းပရန် စီစဉ်ခြင်းနှင့် စပ်လျဉ်းပြီး သဘောတူညီချက်ရယူရေးကို စီစဉ်ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံပါသည်။

၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ စုံညီတွေ့ဆုံပြီးနောက် နိုင်ငံတော်အတွက်အကျိုးကျေးဇူးရှိမည့် လုပ်ငန်းများကို ကျမအနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း တင်ပြအပ်ပါသည်။

ကျမအနေဖြင့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးရှိမည့်လုပ်ငန်းများအတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများ နှင့်စပ်လျဉ်းပြီး ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံတင်ပြခွင့်ပြုပါရန် အထူးမေတ္တာ ရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်

(ဒေါ်အောင်ဆန်းစုကြည်)

ဘဘတို့ ရဲ့ရွှေရတုမင်္ဂလာ

Wednesday, November 11, 2009

တပ်မတော်ထဲ မှာ အရာရှိအရာခံ အကြတ် စစ်သည်
တွေ အောက်ခြေက တပ်သားလေးတွေ သိတ်ကိုလေး
စားချစ်ကြည်ရတဲ့ သူထဲမှာ ဘဘဦးတင်ဦးကဗိုလ်ချုပ်
အောင်ဆန်းနဲ့ မခြားပါဘူး။စစ်ခွေးနေ၀င်းကို သတ်ဖြတ်
ဖို့ ကြိုးစားခဲ့ တဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်ကို နုတ်စောင့်
ခြင်းနဲ့ အကာအကွယ်ပေးခဲ့ပါတယ် သူကိုယ်တိုင်စစ်ဦး
စီးချုပ်ဖြစ်နေပေမဲ့ အဲဒီ့ အချိန်ထဲ က နေ၀င်း ကိုသတ်
မဲ့ သူရဲကောင်းတွေအပေါ် ရပ်တည်ပေးခဲ့တဲ့သူပါ။ ဗိုလ်
ချုပ်အောင်ဆန်းဟာတပ်မတော်ဖခင်ကြီးဖြစ်သလို တပ်
မတော်မှာ ဒီလို မျိုးချစ်သူရဲကောင်းတွေလည်းရှိနေတယ်
မမြင်နိုင်မသိနိုင်ပေမဲ့ပေါ်ထွက်လာဦးမယ် လို့ ယုံကြည်ပါတယ် ။ ဘဘဦးတင်ဦးနဲ့ အန်တီ ဒီမိုကရေစီစနစ်ကို
ကိုယ်တိုင်မြင်တွေ့ တည်ဆောက်နိုင်ကြပါစေ လို့ ဆုတောင်းလိုက်ပါတယ် ။ ကျမမမေ့ပါဘူး။ ပြီးခဲ့တဲ့(၁၃)နှစ်
အမျိုးသားနေ့ ကဆို ဘဘအိမ်မှာ မီးမီးရယ် ကျမရယ် မြတ်သန္တာစိုးရယ် အမျိုးသားအောင်ပွဲနေ့ ကို ဘဘ
ဦးကြည်မောင် ဦးဆောင်မှုနဲ့  ဖျော်ဖြေတင်ဆက်ခဲ့ကြတာ (ခုထောင်ထဲရောက်နေတဲ့ ကိုမျိုးခင်ကြီးကဇာတ်လိုက်
မင်းသားကြီး)ပေါ့ ။။နောက်ထပ် မမေ့တာ က ကျမ နိုင်ငံရေးရဲ့ ပထမဆုံးအဖွဲ့  မျိုးချစ်တပ်ဦးလူငယ် ကို ဘဘ
သန္ဒေတည်ပေးခဲ့တယ် ။ကျမတို့ မျိုးချစ်တပ်ဦးရဲ့ခေါင်းဆောင်မင်းသူရ(တန့်ဆည်အမတ် ဒုဗိုလ်မှုးကြီးကျော်စန်း)
ရဲ့သားကို မြေတောင်မြောက်ပေးခဲ့တယ် ။ NLD ရောက်မှ ဘဘ ရဲ့ ကြည်ညိုစရာသဘောထားတွေ ကိုသိထားရ
တာမဟုတ်ပဲ သမိုင်း က ဘဘ ကိုြ့ကည်ညိုလေးစားစေခဲ့တာပါ၊)

ဘဘ ဦးတင်ဦး က ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဘာ့ကြောင့်အကျယ်ချုပ်ထားတာလဲ? ကျန်တဲ့စီအီးစီတွေကို
တော့အပြင်မှာပဲထားပါလား ? လို့ သုံးသပ်မိကြပါလိမ့်မယ် မသုံးသပ်မိရင်လည်းသုံးသပ်ကြည့်ပါ။ ဟုတ်ပါတယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ ဘဘဦးညွှန့် ဝေက လွှဲရင် တပ်နဲ့ ကင်းတဲ့ သူ မရှိပါဘူး အန်တီစုတောင်မကင်း
ဘူး ရဲဘော်လေးတွေ လက်ထဲကြီးပြီး တပ်မတော်ဖခင်ကြီးကမွေးခဲ့တာ မဟုတ်ပေဘူးလား။ ဒါ့ပြင် ဖက်စစ်ဂျပန်
တော်လှန်ရေးမှာ ရှေ့တန်းကပါခဲ့တဲ့ ဗိုလ်လေး အောင်ရွှေ ဆိုသူ လည်း ၇ှိတာပဲ တကယ့် မျိုးချစ် တပ်မတော်က
လာခဲ့တဲ့ ပုဂိုလ်တွေကြည့်ပါပဲ ။။ ဒီအထဲမှာမှ ဘဘဦးတင်ဦးလို ဥပဒေ ကြေညက်တဲ့  ဗုဒဓ အဘိဓမ္မာကြေညက်
တဲ့ လောကီလောကုတ္တရာ နှစ်ဖြာနဲ့ ယှဉ်ပြီး မတရားမှုတွေ ကို တရားဓမ္မတွေ နဲ့  ဗုဒဓ ရဲ့ လက်တွေ့ ကျတဲ့တရား
တွေနဲ့  သွန်သင်ဆုံးမပြီး နှစ်ရှည် နေအိမ်အကျယ်ချုပ် နေနေရတာ တစ်ချိန် က တိုင်းပြည်ရဲ့စစ်ဦးစီးချုပ်တစ်ဦး
ပါ။။
ဒါဆို ဘာ့ကြောင့် သူ့ကိုမှရွေးပြီး အကျယ်ချုပ်ထားလဲ ဆိုတဲ့ အဖြေ၇ှင်းပါလိမ့်မယ်။ ဦးတင်ဦးဟာစစ်ခေါင်းဆောင်
လုပ်ခဲ့ဖူးသူတစ်ယောက်ပါ။တရားဓမ္မနဲ့ ပြည့်ဆုံတဲ့ စစ်ခေါင်းဆောင်၊ ဥပဒေ ရေးနဲ့ ပတ်သတ်ရင် ဥပဒေရဲ့အထက်
ကနေမတရားလုပ်နေသမျှကို ပိုင်ပိုင်နိုင်နိုင် ထောက်ပြပြီးစစ်အုပ်စုကို တုန်လှုပ်စေခဲ့တဲ့ သူမို့ ပါ ။။ဒါ့ ထက်ပိုပြီး
အရေးကြီးတဲ့ ကိစ္စ ကတော့ လက်တစ်ဆုတ်စာစစ်အုပ်စုမှလွဲပြီး တပ်မတော်သား အားလုံကို စည်းရုံးနိုင်သူဖြစ်
တဲ့အပြင် လက်ရှိ စစ်တပ်မှာရှိနေတဲ့ အရာ၇ှိ ဗိုလ်မှုးဗိုလ်ချုပ် ကြီးငယ် တို့ ဟာ ဘဘဦးတင်ဦးအပေါ်မှာလေးစား
ကြည်ညိုမှု အများကြီး၇ှိနေသေးတာကြောင့် ဘဘ ကို ပြည်သူနဲ့ တပ်မတော် နဲ့ ကိုကင်းကွာစေခဲ့တာပါ ။ ဒီအခြေ
အနေကို သုံးသပ်ကြခြင်းအားဖြင့် ဘဘဦးတင်ဦးနဲ့ အတူ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးရင်ဖြင့် စစ်
သားတွေ ၂၀၁၀ မှာလမ်းမမှားဖို့  ဘဘ တို့ အချိန်မှီထိမ်းနိုင်မယ်လို့ ယုံကြည်ပါတယ် ။
ဘဘနဲ့ ဘဘဇနီးတို့ ရွင်လန်းချမ်းမြေ့ကြပါစေ --

မေအိခင်(လယ်ဝေး)



အမျိုးသားနေ့  (ရဲရဲတောက်ကျောင်းသားတွေ ရဲ့ တော်လှန်ရေးအောင်ပွဲ အဲဒါ အမျိုးသားအောင်ပွဲနေ့ )








အမျိုးသားနေ့

Tuesday, November 10, 2009

အမျိုးသားနေ့ဆိုဟုဆိုလိုက်သည်နှင့်တပြိုင်နက် ကျွန်တော့ရင်ထဲတွင် အလိုလိုနားလည်ပြီးသားဖြစ် နေသည့်အချက်မှာ “ မြန်မာကျောင်းသားထုသည် မတရားသည့်အမိန့်အာဏာ များကို တွန်းလှန်ခဲ့သည်။ ဖြိုခွင်းခဲ့သည်။ အကြမ်းမဖက်လှုပ်ရှားမှုဖြင့် တိုက်ဖျက်ခဲ့ကြသည် ” ဆိုသည့်အချက်ပင်ဖြစ်သည်။
မြန်မာလူမျိုးတိုင်း တက္ကသိုလ်ပညာ ကိုသင်ကြားခွင့် မရရှိနိုင်စေရန် အဖက်ဖက်မှ ကန့်သတ်ဖိနှိပ်ထား သည့် တက္ကသိုလ်ဥပဒေ ကို ဆန့်ကျင်သပိတ်မှောက်ခဲ့သည့် ကျောင်းသားထု၏ စည်းလုံးညီညွတ်မှု၊ အနစ်နာခံမှု ၊ ဇွဲ သတ္တိ၊ လုံလ၀ီရိယတို့ ၏ အောင်မြင်ရာ လည်းဖြစ်ပေသည်။
ကိုလိုနီခေတ် တက္ကသိုလ် ဥပဒေ တွင် -
- မြန်မာပြည်တွင် တက္ကသိုလ်တစ်ခုတည်းသာ ရှိရမည်။ ထိုတက္ကသိုလ် လက်အောက်တွင် လည်း ကောလိပ်ကျောင်း တစ်ကျောင်းတည်းသာ ရှိရမည်။
- ထိုတကျောင်းတည်းသော ကောလိပ်ကျောင်းသည်လည်း ရန်ကုန်မှာပင်ရှိရမည်။
- ထိုကောလိပ်ကျောင်းတွင် စာသင်လိုသော ကျောင်းသူ၊ ကျောင်းသားများတို့သည် ကျောင်း အိပ်ကျောင်းစားများ အဖြစ်နေရမည်။[1]
စသည့်အချက်များပါဝင်ပေသည်။
ထိုအချိန်က မြန်မာနိုင်ငံတွင် တက္ကသိုလ် ဟူ၍မရှိသေးဘဲ ရန်ကုန်ကောလိပ်နှင့် ယုဒဿန်ကောလိပ် စသည့် ကောလိပ်ကျောင်းနှစ်ကျောင်းသာရှိသည်။ ယင်းကောလိပ်ကျောင်းနှစ်ကျောင်းသည်လည်း အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ်၏ အုပ်ချုပ်မှုအောက်တွင် တည်ရှိပေသည်။ ယင်းအချက်များကိုထောက်ရှုပါက အင်္ဂလိပ်အစိုးရသည် မြန်မာနိုင်ငံသားတိုင်း ပညာရည် မြင့်မားတိုးတက်လာမည်ကို စိုးရိမ်ကြောက်ရွံ့မှုကြောင့် စနစ်တကျ စီမံထားသည်ကိုတွေ့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံသားများအနေဖြင့် တက္ကသိုလ်ပညာရပ်များကို ဆက်လက်သင်ကြားလိုပါက နိုင်ငံခြားတိုင်း ပြည်များသို့ သွားရောက်ပညာသင်ကြားရပေသည်။ “ နိုင်ငံရပ်ခြားသို့ သွားရောက်ပညာသင်ကြားခြင်းကို ထိုခေတ် ထိုအခါကမဆိုထားနှင့် ယနေ့ အချိန်အခါ၌ ပင်လျှင် မြန်မာနိုင်ငံသားအများစု လက်လှမ်းမမှီနိုင်သေး သည့် အခြေအနေပင်ဖြစ်သည်။”
ထို့ကြောင့် မြန်မာနိုင်ငံတွင် တက္ကသိုလ်ကျောင်းတစ်ကျောင်းထားရှိရန် မြန်မာနိုင်ငံသားများက တောင်း ဆိုခဲ့ကြသည်။ ထိုသည်ကို အင်္ဂလိပ်အစိုးရအနေဖြင့် လိုက်လျောခြင်းပြုသည့်အနေဖြင့်၊ ရန်ကုန်ကောလိပ်နှင့် ယု ဒဿန် ကောလိပ်တို့ကို ပေါင်း၍ ရန်ကုန်တက္ကသိုလ်အဖြစ်ထားရှိမည့် အနေဖြင့် အထက်ဖေါ်ပြပါ “ရန်ကုန်တက္က သိုလ် ဥပဒေ” ကိုထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အင်္ဂလိပ်အစိုးရသည် ၁၉၂၀ ပြည့်နှစ် ဇွန်လ အတွင်းတွင် ယင်းဥပဒေကို ထုတ်ပြန်ကြေငြာလိုက်ခြင်း ဖြစ်သည်။ အင်္ဂလိပ်အစိုးရ ထုတ်ပြန်ကြေငြာလိုက်သည့် တက္ကသိုလ်ဥပဒေ ကိုကြည့်မည်ဆိုပါက ကြေးရတတ် လူချမ်းသာများသာ တက္ကသိုလ် ပညာသင်ကြားခွင့် ရနိုင်ရန် ရည်ရွယ်ချက်ရှိရှိ ပြဌာန်းထားသည်ကိုတွေ့ ရမည်ဖြစ် သည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ်ပညာရေးသို့ တိုးမြှင့်ပေးလိုက်သည်ဆိုသော်လည်း မြန်မာနိုင်ငံသားအများစု လက်လှမ်းမမှီနိုင်စေရန်အတွက် မတရားသည့်ဥပဒေကို ပြဌာန်းထားခြင်းဖြစ်သည်။
“ဥပဒေဟူသည် ပြဌာန်းသင့်မှသာပြဌာန်းရပေသည်။ပြဌာန်းသင့်သည်ဆိုရာတွင်လည်း မဖြစ်မနေ ကန့်သတ်သင့် သည့်အချက်ကိုသာ ကန့်သတ်ပြဌာန်းရပေသည်။ သို့မဟုတ်လျှင် ကြီးစွာသော ဆိုးကျိုးကို ဖြစ်ပေါ်စေတတ်ပေ သည်။”
ထို့အတူ အင်္ဂလိပ် အစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံသားအများစု၏ ပညာရည်တိုးတက်မြင့်မားမှုကို မလိုလားသဖြင့် ကန့်သတ်လိုက်သော ရန်ကုန်တက္ကသိုလ် ဥပဒေ မှသည် အင်္ဂလိပ် ကိုလိုနီကို ဆန့်ကျင်တော် လှန်ရန် ပြန်လည် အစပျိုးသည့် အမျိုးသားစိတ်ဓာတ်တို့ ရှင်သန်ပေါက်ဖွားရာ “ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်ကျောင်း သားသပိတ်” စတင်ပေါ်ပေါက်ခဲ့ရပေသည်။တနည်းဆိုရပါလျှင် အင်္ဂလိပ်အစိုးအရအနေဖြင့် မကောင်းသည့် ရည်ရွယ်ချက်ဖြင့် ပြန်ဌာန်းလိုက်သည့် ယင်းဥပဒေကြောင့်ပင် ကိုလိုနီနယ်အုပ်စိုးမှုကို အစပျိုး တွန်းလှန်ဖြိုဖျက် နိုင်ရန် လမ်းစကို ဖွင့်လှစ်ပေးလိုက်သကဲ့သို့ဖြစ်သွားရပေတော့သည်။
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၃) ရက်နေ့တွင် ရန်ကုန်ကောလိပ်မှ -
၁။ ကေညီပိတ်
၂။ ထွန်းဝင်း
၃။ ဖေသိန်း
၎။ဘခင်
၅။ ဘရှင် (သံတွဲ)
၆။ ဘရှင် (ထားဝယ်)
၇။ ဘဦး
၈။ ဘိုးကွန်း
၉။ လှတင့်
၁၀။ မောင်ဧ
၁၁။ အောင်ဒင်
စသည့် ကောလိပ်ကျောင်းသား (၁၁) ဦးတို့သည် ယင်းဥပဒေကို သပိတ်မှောက်ကြရန် ရွှေတိဂုံ ဘုရား စနေ ထောင့်တွင် သစ္စာဆို အဌိဓာန် ပြုခဲ့ကြသည်။[2]
ဒီဇင်ဘာလ (၄) ရက်နေ့တွင်မူ ဗဟန်း ဦးအရိယ ကျောင်းတိုက်အစည်းအဝေးတွင်၊ အထက်ဖေါ်ပြပါ ကျောင်းသားများအပြင် -
၁။ ကိုလှစိန်
၂။ ကိုဘတင်
၃။ ကိုမြ (အာဇာနည်ခေါင်းဆောင်ကြီးသခင်မြ)
၎။ ကိုမြင့်
၅။ ကိုဖိုးကျား ( အမျိုးသားပညာဝန်)
၆။ ကိုစိုးဝင်း
၇။ ကိုဖိုးလတ်
၈။ ကိုထွန်းဖေ
၉။ ကိုဘဟန်
၁၀။ ကိုဘကျော်
၁၁။ ကိုလူဖေ၀င်း (အငြိမ်းစား ညွှန်ကြားရေးဝန်၊ ရှေးဟောင်းသုတေသန)
၁၂။ ကိုမောင်ကို
၁၃။ E.မောင်စိန်
၁၄။ N.C ဆင်း
၁၅။ မစ္စတာ ဘို့စ်
စသည့် ကျောင်းသားများ ထပ်တိုးပါဝင်လာခဲ့ကြပြီး ဆုံဖြတ်ချက်မျာားးအဖြစ်-
(၁) ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ (၇) ရက်နေ့တွင် မြန်မာလက်ထောက်ဘုရင်ခံ ဖုတ်တစ္ဆေ ဆာရယ် ဂျီနယ်ကရက်ဒေါက် သည် ရန်ကုန် တက္ကသိုလ် သို့ရောက်ရှိ လာပြီးသကာလ မြန်မာပြည်တွင် သီးသန့် ရန်ကုန် တက္ကသိုလ်ကျောင်းကြီးဖွင့်ပြီးကြောင်း ကြေငြာသောအခါ ရန်ကုန်တက္ကသိုလ်နှင့် ယုဒဿန်ကောလိပ် ထိုကောလိပ် နှင့် ကျောင်းရှိကျောင်းသားကြီးများတို့က မိမိတို့စာအုပ်များကို ပွေ့ပိုက်၍ ရန်ကုန်တက္ကသိုလ် ကျောင်းကို သပိတ်မှောက်တိုက်ပွဲဆင်နွှဲသည်ဟု အော်ဟစ် ခုန်ပေါက်ကာ တညီတညွတ်တည်း ထွက်ခွာလာကြ ရန်။
(၂) ဤသို့ သပိတ်မှောက်တိုက်ပွဲဆင်နွှဲပြီးကာမှ ရန်ကုန်တက္ကသိုလ်ဥပဒေသည် မြန်မာလူမျိုးများ အထက်တန်းပညာသင်ကြားရေးအတွက် တံခါးပိတ်ဝါဒ ကျင့်သုံးထားသည့် နစ်နာချုပ်ချယ်ထားသော အချက် အလက်များကို ပြန်လည်ပြုပြင်ပေးရန် ဗြိတိသျှ နယ်ချဲ့ ဗြူရိုကရက်အစိုးရသို့ အရေး ဆိုဆောင်ရွက်ရန်နှင့်
(၃) ပြုပြင်ပေးရန် တရားသောတောင်းဆိုချက်များကို နယ်ချဲ့တို့က ပြုပြင်၍ မပေးသမျှကာလပတ်လုံး ကျောင်းပြန်၍ မတက်ရောက်ကြ ရန် - စသည့်အချက်များကိုဆုံးဖြတ်ခဲ့ကြသည်။[3]
ဤ သို့ဖြင့် ရန်ကုန်တက္ကသိုလ် ဥပဒေပါ မတရားသော ပြဌာန်းချက်များကို သပိတ်မှောက်တိုက်ပွဲဝင်ကြ ရန်ဆုံးဖြတ်လိုက်ကြပြီးသည်နှင့် တပြိုင်နက်တည်း ဒီဇင်ဘာလ (၅) ရက်နေ့တွင် ဗဟန်းရှိ ဆရာတော် ဦးအရိယ ကျောင်းတိုက်တွင် သပိတ်စခန်း စတင်ဖွင့်လှစ်လိုက်ကြသည်။
ရှင်းလင်းပြတ်သား၊ ရဲရင့်လှသည့် ကျောင်းသားစိတ်ဓာတ်ကို အထက်ဖေါ်ပြပါ ကျောင်းသား (၂၆) ဦးတို့ က ထင်ထင်ရှားရှား ဦးဆောင်လမ်းညွှန်ပြသခဲ့ကြခြင်းဖြစ်သည်။ တိုင်းပြည်နှင့်လူမျိုးအတွက် မတရားမှုကို တွန်းလှန်ဖယ်ရှားရဲကြသည့် ကျောင်းသားထု၏ သမိုင်းမှတ်တိုင် ထွန်းတောက်မှုကို အစပြုခဲ့သည့် နေထူးတစ်ရပ် ဖြစ်သည်ဆိုကလည်း လွန်အံ့ထင်မည်မဟုတ်ပါ။
ထိုနေ့သည် အမျိုးသားနေ့ဖြစ်သည်။ထိုနေ့သည် တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ဖြစ်သည်။
၁၉၂၂ ခုနှစ်၊ ဇွန်လ တွင်၊ ရန်ကုန် ဂျူဗလီ ခန်းမ ၌ ကျင်းပသော ဂျီစီဘီအေ အသင်းကြီး၏ အထူးညီလာခံမှ တန် ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် တညီတညွတ်တည်း သတ်မှတ်ဆုံးဖြတ် ခဲ့ကြခြင်းဖြစ်သည်။
ဒီဇင်ဘာလ (၈) ရက်နေ့တွင် မူ သပိတ်မှောက်ကျောင်းသားများသည် ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံးသို့ သွားရောက် လှည့်လည် ကြွေးကြော် ဆန္ဒပြခဲ့ကြသည့်အပြင် ရန်ကုန်မြို့အပြင် နယ်မြို့များရှိ အထက်တန်း ကျောင်းသားကျောင်းသူများ၊ အလယ်တန်းကျောင်းသားကျောင်းသူများ ပါဝင် လာသည်အထိ ကျယ်ပြန့်လာခဲ့ပေ သည်။နောက်ဆုံးတွင် ပြည်သူလူထု၏ပူးပေါင်းပါလာမှုကြောင့်အမျိုးသားပညာရေးကောင်စီ၊ အမျိုးသားကောလိပ် နှင့် အမျိုးသား အထက်တန်း ကျောင်းများ ပေါ်ပေါက်လာသည်အထိ အောင်မြင်မှု ရရှိခဲ့ပေသည်။ ထို့ကြောင့် အမျိုးသား အောင်ပွဲနေ့ ဟူသည် “ ကိုလိုနီနယ်ချဲ့ကို တော်လှန်သပိတ်တိုက်ပွဲဆင်နွှဲခဲ့သည့် နေ့ထူးနေမြတ်တစ်ရပ်ဖြစ်သကဲ့သို့ မတရားသည့် အမိန့်အာဏာဖြစ်သည့်တက္ကသိုလ်ဥပဒေကို အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် တွန်းလှန်ဖီဆန်ခဲ့သည့် သမိုင်းမှတ်တိုင်တစ်ရပ်လည်းဖြစ်ပေတော့သည် ။။

စောကျော်ကျော်မင်း

[1] ရန်ကုန်တက္ကသိုလ်ဥပဒေ “မြန်မာ့သတင်းဆက်သွယ်ရေးနည်းပညာ အဖွဲ့ အင်တာနက်စာမျက်နှာမှ”
[2] ၁၉၂၀ တက္ကသိုလ်ကျောင်းသားသပိတ် “သတင်းဆက်သွယ်ရေးနည်းပညာအဖွဲ့ အင်တာနက်စာမျက်နှာမှ”
[3] ၁၉၂၀ တက္ကသိုလ်ကျောင်းသားသပိတ် “သတင်းဆက်သွယ်ရေးနည်းပညာအဖွဲ့ အင်တာနက်စာမျက်နှာမှ”

နိုင်ငံရေး ၀ါရင့် များ၏ အမျိုးသားနေ့ ကြေညာချက်


သူတကယ်မသေဘူး

Sunday, November 8, 2009

စစ်အုပ်စုစနက်ကြောင့် ၂၀၀၁ ဇူလှိုင် ၁၂ ရက် နေ့ မှာသာယာဝတီအကျဉ်းထောင်တွင်းကျဆုံးသွားခဲ့
ရတဲ့ ကိုစည်သူ ရေ ကျမတို့ လို ဘ၀တူအကျဉ်းသားဟောင်းတွေကအမှတ်ရနေတယ်ကိုစည်

ဒီကနေ့ ကိုစည်သူ ရဲ့မွေးနေ့ ပါ သာယာဝတီထောင်မှာစစ်အုပ်စုနဲ့ စစ်အုပ်စု ရဲ့လက်ကိုင်ဒုတ်ဆရာဝန်
ရဲ့ မသမာမှုတွေကြောင့် ကျဆုံးခဲ့ရရှာတဲ့ ကိုစည်သူ ကို ကျမနဲ့အတူ ဒီနေ့ ဒီအချိန်မှာ ကိုစည် ဆိုပြီးအ
မှတ်တရ ရှိနေမဲ့သူတွေ အများကြီးပါ။ပိုပြီးတမ်းတသတိရနေရှာမှာကတော့ ကိုစည့်ကိုမွေးထားတဲ့မိခင်
ကြီးပေပဲပေါ့ ။သားလေးကို ထောင်ဝင်စာ ၁၀နှစ်ကျော်တွေ့ ဆုံပြီး ကျမ်းမာအောင် မောကြီး ပမ်းကြီး
နယ်ထောင်မှာထောင်ဝင်စာမပြတ်တွေ့ ခဲ့တဲ့ ကိုစည့်မိခင်နဲ့ ကိုစည့်အကို မိသားစုတွေဟာ ကိုစည်သူ
ကို ပြန်ဆုံဆည်းခွင့်မရလိုက်ကြရရှာဘူး ။ဒီလိုပဲ အပြင်ရောက်ရင် ပြန်ဆုံကြရမယ်လို့ ရည်ရွယ်ခဲ့တဲ့သူ့
ရဲ့ရဲဘော်ညီ ညီမငယ်တွေ နောင်တော် တွေနဲ့ လည်း ပြန်လည်ဆုံဆည်းခွင့် ကိုစည်သူမှာမရလိုက်ရှာ
ဘူး ။သူ့အသက်ကိုခြွေသွားတာ ပြင်းထန်တဲ့သာယာဝတီထောင်ရဲ့ ရာသီဥတုရယ် ထောင်ဆရာဝင်ရဲ့
စနစ်တကျကုသမှုမ၇ှိတဲ့အပြင် ရောဂါ မစစ်ဆေးပဲဆေးဝါးတွေ ဖြစ်သလိုအွန်မှုရယ်နဲ့ နှစ်စေ့ထောင်
ဒဏ်ကျခံပြီးသူကို ပြန်လွှတ်ရမှာကြောက်လို့  ၁၀(က) ဆိုတဲ့ ပုဒ်မ နဲ့  ဆက်လက်ထိမ်းသိမ်းထားမှု
ရယ်ကြောင့် ပါ ။။
ကျမ သာယာဝတီထောင်မှာရှိနေစဉ်မှာပဲ အဲဒီ ၁၀(က) နဲ့ ထပ်အဆွဲ ခံထားရတဲ့သူတွေ
ထဲ က ဦးအောင်မေသု(ကိုးကိုးကျွန်းပြန်) နဲ့ ကိုစည်သူနှစ်ယောက်ကျဆုံးခဲ့ရပြီး ကိုဌေးကြွယ်ကတော့
ထောင်ထဲက ချီးသေး လောင် တဲ့ အရွက်တွေ စားခဲ့ရလို့ သံကောင်ထ ဗိုက်အောင့်မှုကို အူခေါက်ပါ
တယ်ဆိုပြီး မှားယွင်းစွာ အခွဲစိတ်ခံခဲ့ရပါတယ် (ကိုဌေး ကတော့ ဖိုးသက်ပြင်းပေမို့ ပေါ့) ဒီလိုပါပဲကျမ
အမျိုးသား ကိုယဉ်ထွေး ဆို လည်း အဲဒီ ၁၀(က) တိုက်မှာအနာရောဂါမျိုးဆုံ နဲ့ ကံကောင်းလို့ မသေ
တာလို့ သူပြောပြခဲံ့ပါတယ်။ အမှန်ဆို ကိုစည်သေမယ်လို့ သူမထင်ဘူးတဲ့ သူသေနိုင်တာလို့ ပြောပြ
ဖူးပါတယ် ။ သာယာဝတီထောင် ကတော့ အသေအပျောက်အကျအဆုံးအများဆုံးထောင်ဆိုတာသိ
ကြားဖူးကြပါလိမ့်မယ် ။ ကိုဂါမဏိ (ဦးအောင်စိုး) ညီ ကိုအောင်ကျော်မိုး ၊ ကိုညွှန့် ရွေ တို့ အပြင် ကျ
ဆုံးခဲ့သူတွေ မှဒု နဲ့ ဒေး ပါ ။ ဒါ စစ်အုပ်စုဟာဒီလူတွေ ကို သွယ်ဝိုက်တဲ့နည်းနဲ့ သေဒဏ်ပေးခဲ့တာပါ
ပဲ။
ကျမကိုယ်တိုင် ငှက်ဖျား ဖြစ်နေချိန်မှာ တီဘီဆေး အွန်တာကို ခံခဲ့ရဖူးပါတယ် အဖျား ၁၀၆ တက်ခါ
မှ ဆရာဝန်က သေလုပြီဆိုပြီး ငှက်ဖျားဆေး လာတိုက်တာပါ ။စေတနာထားလို့ အသက်ချမ်းသာစေ့
ချင်လို့ မဟုတ်ပါဘူး ။ အာပြဲ နဲ့အော်ပြီးဆန္ဒပြကြမှာဆိုးလို့ ပါ ။ ဒီလိုအကျဉ်းထောင်ထဲမှာမတရားနှိပ်
စက်တာတွေ စိတ်ကိုသတ်တာတွေ ဟာ စစ်အုပ်စုရဲ့အင်မတန်မှ ကြီးမားတဲ့ ရာဇ၀တ်မှုကြီးပါပဲ ။
ခုလည်း အပြစ်မဲ့တဲ့ မိန်းကလေး ကိုယ်ယုံကြည်ချက်ကိုယုံကြည်တဲ့အတိုင်းလမ်းပေါ် တက်ခဲ့ပြည်သူ
ကို ဟောပြောပြခဲ့တဲံ့ မီးမီကို ပုသိန်ထောင်ကနေ ဒါထက် ဝေးတဲ့ အရပ်ကို ရွေ့ပြောင်းပြစ်ပြန်ပါပြီ။
ဒါတွေဟာ ဘယ်လိုနည်းနဲ့မှ စစ်အုပ်စုက ဒီမို လမ်းကြောင်းပေါ်လျောက်မှာမဟုတ်ဘူးဆိုတဲ့သက်
သေပါပဲ ။ ကျမအရမ်းစိုးရိမ်ပါတယ်မမာမာဦး လေးလေးမွန် စုစုနွေး နီလာသိန်း မီးမီး နီမိုလှိုင်စတဲ့
နုနယ်တဲ့မိန်းကလေးတွေဟာ ဘယ်လို မှထောင်ထဲ ဆယ်စုနှစ်တစ်ခု အသက်၇ှင်သန်ဖို့ မလွယ်ပါ
ဘူး။သခင်ဇင် ရဲ့ဇနီးဟာထောင်ထဲမှာနှစ်တွေ ကြာတဲ့အခါ အပြင်မှာဆက်လက်အသက်ရှင်နိုင်မှုကိုယုံ
ကြည်ချက်နဲ့ပဲ ပေးဆပ် လိုက်ကြရပါတယ် ။ဒါကြောင့် ကိုစည်သူလို ကျဆုံးခဲ့သူတွေ ကိုသက်နိုင်ဦး
လို ညှင်းပမ်းသတ်ဖြတ်မှုခံခဲ့ရသူတွေ အတွက် ကျမ ဘယ်သောအခါမှ တရားခံ တွေ ကို ခွင့်လွှတ်
မှာမဟုတ်ပါဘူး ။ ၂၀၁၀ ညီလာခံ နဲ့ မလုပ်နိုင်ခင် ပြည်သူ ခုံရုံးတက်ဖို့ သာစစ်အုပ်စု ပြင်ဆင်သင့်
ပါတယ် ။
ကျမတို့ တတွေ ဟာဒီလို အသက်ပေးသွားခဲ့ရတဲ့ ကိုစည်သူတို့ လို ရဲဘော်တွေ အာလုံးကိုသတိရနေ
တယ် မကြေနပ်ဘူးဟေ့ လို့ ပြောနေရေးနေရုံ နဲ့တော့ မပြီးပါဘူး သူတို့ တွေ ကျဆုံးသွားတဲ့အတွက်
သူတို့ ရည်ရွယ်ချက် ကို ပါကျမတို့ က ပူးတွဲ လုပ်ဆောင်ပေးရမယ် သူတို့ ယုံကြည်ခဲ့တဲ့ လွတ်လပ်မှု
တရားမျှတမှုတွေ မြန်မာပြည်မှာအစစ်အမှန် ပေါ်ပေါက်လာအောင်ကျမတို့ က ပို ပြီးစွမ်းဆောင်ကြ
အားတက်သရော လုပ်ကြတဲ့အခါ ကိုစည်သူ နဲ့ အတူ ကျဆုံးသွားတဲ့ရဲဘော်တွေဟာ သူတို့ ရဲ့ ဝိဥာဉ်
တွေဟာ ကြေနပ်အားရနေကြရှာမှာပါ ။အဲဒီအခါ သူတကယ်မသေဘူးပေါ့
ကိုစည်ရေ MEK ကတော့ ယုံကြည်ရာလမ်းအတိုင်း လျောက်မြဲ လျောက်စဲ ပါ ။။။။။
မေအိခင်(လယ်ဝေး)

ထိုင်းအစိုးရ က ကမ္ဘောဒီးယားရှိ ထိုင်းသံအမတ် ကို ပြန်ခေါ်လိုက်ပြီ

Friday, November 6, 2009


Thailand recalls its ambassador to Cambodia in protest at Phnom Penh's appointment of fugitive politician Thaksin Shinawatra as economic adviser to the Cambodian government.အောင်မိုး/ဂျေရာပွန်သော်မဆင်ဘန်ကောက်၊ ထိုင်းအဂတိ လိုက်စားမှု ဖြင့် ထောင်ဒဏ် ၂ နှစ် ကျခံရမည်လို့ ထိုင်းနိုင်ငံ အဆင့်မြင့် တရားရုံးတော်က ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သပ်ခ်စင် ကို ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်က သူ့ရဲ့ စီးပွားရေး အကြံပေး အတိုင်ပင်ခံ နှင့် ကမ္ဗောဒီးယားအစိုးရရဲ့ စီးပွားရေးအကြံပေးအဖြစ် ဘုရင့်အမိန့် ပြန်တမ်းနဲ့ခန့်အပ် လိုက်တယ်ဆိုတဲ့ အစိုးရ ရဲ့ ကြေညာချက်ကို ဗုဒ္ဓဟူးနေ့က ကမ္ဘေဒီယား ရုပ်မြင်သံကြားမှာ ထုတ်ဖော်ပြသ သွားခဲ့တယ်။ဒီလို ကမ္ဘောဒီးယား အစိုးရ ထုတ်ပြန်ကြေညာချက် ကို ထုတ်လွှင့်ပြသပြီး မကြာခင်မှာပဲ ထိုင်းအစိုးရ က ကမ္ဘောဒီးယားနိုင်ငံရှိ ထိုင်းသံအမတ် ကို ပြန်လည်ခေါ်ယူခဲ့လိုက်ကြောင်း ထိုင်း ၀န်ကြီးချုပ် အာဘီဆစ်က သတင်းထောက်များကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်း သပ်ခ်စင် ဟာ အပြစ်ဒဏ် ကို လက်မခံပဲ၊ နိုင်ငံခြားတိုင်းပြည်များသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့တယ်။ အခုလို ၀ရမ်းပြေး သပ်ခ်စင် ကို အကာအကွယ်ပေး လက်ခံမှုပြုတာဟာ ထိုင်းနိုင်ငံ တရားရေးစီရင်ထုံး စံနစ် နှင့် ထိုင်းပြည်သူတွေကို စော်ကား လိုက်တာသာဖြစ်ကြောင်း၊ ဒီကိစ္စနဲ့ ပက်သက်ပြီး သံတမန်ရေး အရ လိုအပ်တဲ့ လက်တုန့်ပြန်မှု ကိုသာ ပြုလုပ်ခဲ့တာသာ ဖြစ်ကြောင်း ၀န်ကြီးချုပ် အာဘီဆစ်က သတင်းထောက်များ ကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန် အနေ နဲ့ ထိုင်း-ကမ္ဘောဒီဒယား နှစ်နိုင်ငံဆက်ဆံရေးကို အဓိကထားမလား၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သပ်ခ်စင် နဲ့ သူ့အကြားဆက်ဆံရေးကိုသာ အဓိက ထားမလားဆိုတာ ရွေးချယ်ရလိမ့်မယ် လို့ သတင်းစာရှင်းလင်းပွဲ မှာ ထုတ်ဖော်ပြောဆို ခဲ့တယ်။ ဒီရာထူးခန့်အပ်တာဟာ ကမ္ဘောဒီးယား အစိုးရရဲ့အတွင်းရေးကိစ္စသာဖြစ်တယ်။ ဒါပေမဲ့ တကယ်လို့ သူသာ ကမ္ဗောဒီးယားမှာ အခြေချနေ တယ်ဆိုရင် သပ်ခ်စင်ကို ပြန်လည် လွှဲပြောင်းပေးဖို့ တွန်းအားပေးတာပဲ ဖြစ်မှာပါလို့ ထိုင်း ဒုတိယ ၀န်ကြီးချုပ် SUTHEP THAUGSUBAN က ပြောဆိုခဲ့ပါတယ်။ ဒီရာထူးခန့်အပ်မှု ကြောင့် ထိုင်းနဲ့ ကမ္ဘောဒီးယား အကြား နှစ်နိုင်ငံဆက်ဆံရေး တင်းမာ လာဖွယ်ရှိပါတယ်။

စစ်အစိုးရက အမြဲတမ်းလိမ်တာ၊ ညာတာ၊ ဖုံးတာ၊ ကာတာ သူတို့ရဲ့အကျိုးစီးပွားကို အမြဲတမ်း ရှေ့တိုးနောက်ငင်လုပ်တာတွေ

Thursday, November 5, 2009



တွေ့ဆုံဆွေးနွေးမှုများ အချိန်ကာလ အပိုင်းအခြားရှိရန် လိုအပ်ဟု အန်အယ်လ်ဒီ

ဗဟိုအမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ပြော
အမေရိကန်ပြည်ထောင်စုမှ အဆင့်မြင့်သံတမန်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်တွေ့ဆုံဆွေးနွေးမှုများကို အကောင်းမြင်ကြိုဆိုသော်လည်း စစ်အစိုးရနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားလိုက်သည်။
“ကျနော်ပြောချင်တာကတော့ အခုလို အမေရိကန် ကိုယ်စားလှယ်တွေလာတာ နိုင်ငံရေးအားဖြင့် တွက်မယ်ဆိုရင်တော့ အကောင်းမြင်ပါတယ်။ အခုလို အမေရိကန်အနေနဲ့ ဗမာပြည်နဲ့ဆက်ဆံလာတဲ့ကိစ္စ၊ နောက်တခါ စစ်အစိုးရဘက်ကလည်း ဘာပဲပြောပြော ဒီလိုလာရောက်တဲ့ အမေရိကန်ရဲ့ လမ်းဖွင့်လာခြင်းကိုလည်း မကြိုဆိုတောင်မှ လက်ခံတဲ့ဟာမျိုးအတွက်တော့ ကောင်းတဲ့လက္ခဏာ၊ ကောင်းတဲ့အလားအလာ ပွင့်လာနိုင်စရာရှိတယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်။ တခုပဲရှိတာက စစ်အစိုးရနဲ့ပတ်သက်လို့ ကျနော်က သိပ်အကောင်းမမြင်လှဘူး။ စစ်အစိုးရက အမြဲတမ်းလိမ်တာ၊ ညာတာ၊ ဖုံးတာ၊ ကာတာ သူတို့ရဲ့အကျိုးစီးပွားကို အမြဲတမ်း ရှေ့တိုးနောက်ငင်လုပ်တာတွေ များတယ်” ဟု ၎င်းက ပြောသည်။
မြန်မာစစ်အစိုးရဘက်က မှန်ကန်သည့်သဘောထားများကို မပြင်ဆင်သည့်အတွက် မြန်မာစစ်အစိုးရနှင့် အမေရိကန်ပြည်ထောင်စု၏ လုပ်ငန်းစဉ်များသည် မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့နှင့် အကျိုးရလဒ်များ၊ အကျိုးသက်ရောက်မှုများ ရှိပါ့မလားဟု စိုးရိမ်မိကြောင်း ဦးဝင်းတင်က ပြောသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့ပါဝင်သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်၍ စစ်အစိုးရ ၀န်ကြီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တို့နှင့် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ပါတီရုံးချုပ်၌ (၁) နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြရာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသော ဦးသန်းထွန်း၊ ဦးဝင်းတင်၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးညွန့်ဝေနှင့် ဦးခင်မောင်ဆွေတို့ တက်ရောက်ကြသည်။
အန်အယ်လ်ဒီ အမှုဆောင်အဖွဲ့ဝင်များက ၂၀၁၀ ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ၊ လူ့အခွင့်အရေး ပြဿနာများ၊ နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စများကို တင်ပြဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ တောင်းဆိုမှုများ မလုပ်ပေးနိုင်သော်ငြားလည်း စစ်အစိုးရကို နားချစေလိုကြောင်း အမေရိကန်ကိုယ်စားလှယ်များကို ပြောကြားခဲ့သော်လည်း ၎င်းတို့က တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်ရန်သာ ဇောင်းပေးလုပ်ဆောင်နေသည့်အတွက် ကျန်ကိစ္စများကို ခပ်လျော့လျော့သာ ကိုင်တွယ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ပြောသည်။
ထို့အပြင် ကိုယ်စားလှယ်များက “သူတို့ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲဖြစ်အောင်၊ အတိုက်အခံ အင်အားစုတွေနဲ့ အစိုးရနဲ့ ဆွေးနွေးပွဲဖြစ်အောင် လုပ်နေပါတယ်ဆိုတာနဲ့၊ နောက်တခုက အစိုးရဘက်က မြင်သာထင်သာတဲ့ ကိစ္စတွေ မလုပ်သရွေ့ကတော့ ဆန်ရှင်လို ကိစ္စမျိုးတွေက လျော့ပေါ့မှုတွေ ဖြစ်မှာမဟုတ်ဘူးလို့ ပြောသွားတယ်” ဟု ဦးဝင်းတင်က တွေ့ဆုံမှုနှင့်ပတ်သက်၍ ဆက်လက်ရှင်းပြသည်။ စစ်အစိုးရအနေဖြင့် အခြေခံဥပေဒေပြင်ဆင်ရေးကို လိုက်လျောမည့်အနေအထား မရှိသော်လည်း ပြည်သူများအနေဖြင့် နိုင်ငံရေးစိတ်ဓာတ်ရှိရန် အဓိကလိုအပ်သည်ဟု ဦးဝင်းတင်က ယူဆသည်။
၎င်းက “အပေါ်ယံကြည့်ရင်တော့ စစ်အစိုးရဘက်ကလည်း ပြင်ဆင်ပြောင်းလဲရေးဆိုတာကို လုံးဝလျှော့မှာမဟုတ်ဘူး။ ကျနော်တို့ဘက်ကလည်း ဒီဟာကို မပြင်ရင်တော့ လုံးဝလက်ခံနိုင်တဲ့ အနေအထားမရှိဘူး။ ကျနော်တို့ ဆိုတာက အန်အယ်လ်ဒီတခုတည်း မဟုတ်ဘူး။ တိုင်းရင်းသားတွေရော၊ တိုင်းသူပြည်သားတွေရော၊ ပြည်ပမှာရောက်နေတဲ့ နိုင်ငံရေးအင်အားစုတွေရော၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ အားလုံးက ဒီဟာကို လက်မခံနိုင်ဘူးဆိုရင် နိုင်ငံရေးကတော့ ပိတ်ဆို့နေတဲ့အနေအထားပဲ ရှိမှာပဲ။ သို့သော် နိုင်ငံရေးဆိုတာ စိတ်ဆန္ဒတွေရှိတယ်၊ အခြေအနေတွေ ပေးလာမယ်ဆိုရင်တော့ နိုင်ငံရေးပြဿနာဆိုတာ အမြဲတမ်းကျော်သွားလို့ရတာပဲ” ဟု ပြောသည်။
အမေရိကန်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးကို ဦးတည်လုပ်ဆောင်ရန် ရည်ရွယ်ကြောင်း ပြောကြားလာသည့်အတွက် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းတွင် တင်ကာ ဆွေးနွေးနိုင်သည်ဟု ဦးဝင်းတင်က သုံးသပ်သည်။

“ကျနော်တို့ဟာ ဒီအခြေခံဥပဒေကိုသာ ပြင်နိုင်ရင်တော့ လာမယ့်ရွေးကောက်ပွဲဟာလည်း တစုံတရာသော အများပြည်သူတွေ ဆန္ဒနဲ့ကိုက်ညီတဲ့ ဖြစ်ရပ်မျိုး လုပ်ရပ်မျိုးတခုအနေနဲ့ ဖြစ်လာမယ်ဆိုရင် နိုင်ငံရေးပြဿနာတွေဟာ ဒီရွေးကောက်ပွဲကနေ နောက်ထပ်အလွန် လာမယ့်လေးငါးနှစ်၊ နောက်တခါ နောက်ရွေးကောက်ပွဲဆိုတာမျိုးတွေပါ အဆင့်ဆင့်နဲ့တော့ ပြောင်းသွားနိုင်တယ်လို့ ကျနော်က ယူဆတယ်” ဟု ၎င်းက ပြောသည်။ဦးဝင်းတင်က ဆက်လက်၍ “ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်အဖွဲ့နဲ့ တွေ့တဲ့အခါလည်းပြောပါတယ်။ ခင်ဗျားတို့ တိုက်တွန်းနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွေလုပ်ဖို့၊ တွေ့ဆုံဆွေးနွေးရေးတွေလုပ်ဖို့ဟာ အချိန်ကာလ အပိုင်းအခြားတော့ ရှိရလိမ့်မယ်။ ခင်ဗျားတို့ရဲ့လုပ်ငန်းတွေ၊ စစ်အစိုးရက တံခါးလေးဟပေးလိုက်တဲ့ဟာတွေဟာ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ရေရှည်သော်လည်းကောင်း၊ ရေတိုသော်လည်းကောင်း ဖြေရှင်းဖို့ဆိုတာထက် နိုင်ငံရေးပြဿနာလိုဖြစ်တဲ့ သူတို့ရဲ့ရွေးကောက်ပွဲကိစ္စတွေ ကို ဖြေရှင်းဖို့အတွက် ရည်ရွယ်ပြီးတော့ လုပ်တဲ့လုပ်ငန်းမျှသာ ဖြစ်တယ်ဆိုရင်တော့ ဘာမှထူးမှာမဟုတ်ဘူး။ တတ်နိုင်သမျှတော့ ဒီကိစ္စတွေကို အချိန်အပိုင်းအခြား ကန့်သတ်ပြီး လုပ်ဖို့ကောင်းတယ်လို့ ကျနော်တို့ ပြောပါတယ်” ဟု ပြောသည်။

ထို့ကြောင့် ရွေးကောက်ပွဲမတိုင်မီ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရန်လိုအပ်ပြီး နအဖအနေဖြင့် အချိန်ဆွဲနေပါက အကျိုးထူးနိုင်မည်မဟုတ်ဟုလည်း ဦးဝင်းတင်က ပြောသည်။
“ဒါကြောင့် ကျနော်တို့ကတော့ တွေ့ဆုံဆွေးနွေးရေးကို မျှော်လင့်တယ်။ ဖြစ်စေချင်တယ်။ ဖြစ်စေချင်တဲ့နေရာမှာလည်း အချိန်အပိုင်းအခြားနဲ့ဖြစ်စေချင်တယ်။ အချိန်အပိုင်းအခြားဆိုတာလည်း ရွေးကောက်ပွဲကာလကို မကျော်လွန်တဲ့ ဒီဘက်ကာလသာဖြစ်သင့်တယ်လို့ ကျနော်ကထင်တယ်။ တွေ့ဆုံဆွေးနွေးပွဲ အကျိုးရလဒ်တွေဟာလည်း ဆွေးနွေးပွဲ သဘောတူချက်တွေကနေပြီး ညွှန်ပြတဲ့လမ်းတွေဟာလည်း ရွေးကောက်ပွဲမတိုင်မီမှာသာ ဖြစ်ဖို့ကောင်းတယ်။ ပြဿနာတွေကို တစုံတရာသောဖြေရှင်းမှုနဲ့ ရွေးကောက်ပွဲကာလကို ကျော်ဖြတ်သင့်တယ်လို့ ထင်တယ်” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

မေး(လ်) ပို့ ပေးသော ရွှေနန္ဒ အားကျေးဇူးတင်ပါသည် ။။

မွေးနေ့ အကြောင်းပြောဦးမယ်

Wednesday, November 4, 2009



မွေးနေ့ မှာ ကင်း ပုံကြီးတင်ထားပါလား မကဲ့ရဲ့ နဲ့ နော့
သဘောကိုတော်တော်ကျလို့ အိုက်ကောင်တွေသာယာဝတီ
ထောင်ထဲက အုပ်ပက်ကြားတွေမှာတစ်ပုံကြီးပဲသူ့ သွားထိ
မှပြန်တိုက်ခိုက်တာဗျသိတ်ကိုချစ်စရာကောင်းတဲ့ကောင်တွေ
အိမ်မှာရှိတဲ့ သေပြီးသားအလှဆင်ထားတာကို ဓါတ်ပုံရိုက်
ပြီး ကြွားလိုက်တာ--









ဒီကနေ့  နိုဝင်ဘာ (၅) မှာ ကျမ ၃၇ ပြည့်ပါပြီ တနှစ်ပိုကြီးသွားတော့ ယုံကြည်ချက်ပို ခိုင်မာလာတာပေါ့ မွေးနေ့ 
ဆိုရင် အမေ သိတ်နာကျင်ခံစားရမှာ သမီးလေးနှစ်ယောက် ကို မွေးခဲ့တဲ့ကျမ ပိုပြီး နားလည်လာတယ် မေမေကနုနယ်
တယ် ကျမလို့ အကြောတင်းမှမဟုတ်ပဲ ။ ဘလော့ကာ မိတ်ဆွေတွေ ကျမတို့ ဘ၀လေး ကြုံတုန်း -သိရအောင်

လယ်ဝေးမြို့ လယ်ဝေးဆေးရုံမှာ (၇)ရက် ဗိုက်နာ နေတဲ့ ကျမမိခင် ၀မ်းထဲကနေ ကျမ်းမာစွာပဲ ကျမ လူ့ လောကထဲ
ရောက်ခဲ့တယ် မေမေ ဗိုက်နာတာ တနင်္ဂနွေ တစ်ပတ်လည်သွား တယ်တဲ့  အဖိုး က သူ့ သမီး ကျမမေမေ ကိုသနား
လွန်းလို့  ကျမ ကိုတောင်စိတ်ဆိုးတယ်တဲ့ မေမေ့အဖွါး လယ်ဝေးသူ ဒေါ်စောခင် ကဆို ကျမ သိတက်စအရွယ်ထိကျမ
ကိုစိတ်ဆိုးကောင်းတုံးပဲ ။ဒီအဖြစ်သနစ်တွေ မေမေပြောပြခဲ့လို့ ခု ပြန်တွေးမိတိုင် ငါ မာကျောကျော ဖြစ်တာ ဒါ့ကြောင့်
လားပဲ လို့ တွေးမိပြန်တယ် ။ အဲ သူငယ်ချင်းတွေ နဲ့  ကိုယ့်မွေးရက် ကို ပြောမိကြပြန်ရင်လည်း သူတို့ က ကျမဖွါး
ဇာတာ က စကော်ပီယမ် ဖွါးမို့  ဆတ်ဆတ်ထိမခံ ဖြစ်တာတဲ့  လောကကြီးမှာ စကော်ပီယမ်ဖွါး လို့ သတ်မှတ်ခံရတဲ့ 
လူတွေ တစ်ပုံကြီးပါ ။ ထပ်တူဘယ်ကျပါ့မလဲ ဒါပေမဲ့ ကျမ ကကိုယ့်ကိုယ်ကိုယ် စကော်ပီယမ် လို့ ပြောရတာ သိတ်
သဘောတွေ့ နေတယ် ။ဘာ့ကြောင့်လဲ ဆိုရင်ကျမ ကို လူတွေ က မွေးနေ့ မေးတဲ့ အခါစကော်ပီယမ်ဖွါးလေလို့ ပြော
မိနေပြီးသားပဲ ။။ သူ့ ဖာသာသူများ ကို လိုက် စော်ကားတက်သူမဟုတ်ပေမဲ့ ကိုယ်ကို လာစော်ကားရင် ကင်းလိုပဲ
အဆိတ်ပြင်းတယ်ပေါ့ ။။ ဒါက ကိုယ့် မာန် ကလေးကို ရိုးသားစွာဖေါ်ပြတာပါ ။
မွေးနေ့ ရောက်တဲ့မနက် မိုးလင်းထဲ က မေမေ့ ကိုသတိရနေတယ် စိတ်ထဲ ငိုချင်သလိုပဲမေမေကဘယ်ဘ၀ မှာလဲလို့ 
တွေးမိတယ် ။ အဖေကို ပိုချစ်တဲ့သမီးက ဒီနှစ် အမေကိုပို မြင်ယောင်နေမိတယ် ။ကျမအတွက်တော့ထူးခြားတယ်ပေါ့
နံနက်ပိုင်း အုန်းနို့ ခေါက်ဆွဲချက် ရင်း စိတ်ထဲမှာ အမေ နဲ့  နေခဲ့ရတဲ့ ဘ၀ ကိုပဲ မြင်ယောင်နေမိတယ်။ ဒါ့ကြောင့်
မေမေ့အကြောင်းလေးရေးမယ်လို့  ရည်ရွယ်မိလိုက်တယ် ။ မေမေ က လယ်ဝေးမြို့ မျက်နှာဖုန်း တွေ ဖြစ်တဲ့  စိန်
မြင့်မြင့် ဆေးလိပ်ခုံပိုင်ရှင် တို့ ရဲ့ သမီးကြီးပါ သိတ်ပြီးသိမ်မွေ့ ပါတယ် (ကျမနဲ့ တစ်ခြားစီပါ) စကားပြောရင်ကျယ်
ကျယ်မပြောဘူး ။ အမိအဖကို သိတ်ရိုသေတယ် အိမ်ထောင်ပြုတာတောင် အဖွါးပေးစား သူကိုယူခဲ့တာပါ ။ မေမေက
အဲဒီ့ခေတ် က (၇)တန်း အောင် ပေါ့  ။။အနုပညာဗီဇလေး၇ှိတော့ ရန်ကုန်မြို့  ပန်တျာ ကျောင်း တက်ခဲ့တယ်။
အကနည်းပြဆရာမ ဖြစ်ခဲ့တယ် ။ လက်ကလေးတွေများ ပျော့ပြောင်းပြီး ကိုယ်လုံးလှလှလေးပေါ့ (ဒါလည်းကျမနဲ့ 
တခြားစီ)ဖြစ်ပြန်ရော ပြီးတော့ ကျမနဲ့ ခြားနားတာထပ်ပြောရရင် မေမေ ကသိတ်စိတ်ပျော့တာ ၀မ်းနည်းသိတ်လွယ်
တာ ခံစားချက်ကိုတော့ ဖေဖေ ဒုံမင်းတီးသံ ကြားက ထွက်လာတဲ့ မေမေ့သီချင်းသံတွေ ကသက်သေပါပဲ ။ခု ကျမ
မြန်မာသံစဉ်တွေ ဆိုမိလိုက်တိုင်း လူကြီးသူမတွေအံ့သြ ကြတာ မေမေ့ဆီက ကြားခဲ့ရတဲ့ နားရည်ဝမှုတွေပါပဲ ။
တိမ်တမံ တို့ နတ်ရှင်နောင်(ရတု) တို့  ငွလ၀န်းဘယ်ကျွန်းမှာသာ တမ်းတလို့ မေ့မှာမျော်ရတာ ဆိုတဲ့သံစဉ်တွေ
ဟာမသင်ပဲ ရခဲ့တဲ့  အမေ့အမွေပေါ့ ။ မေမေ့အကြောင်းပြောတော့ ဖေဖေ့ အကြောင်းချန်ထားလို့ မရပြန်ပါဘူး။။
ဖေဖေ ကတော့ ကျမသိတ်လေးစားအထင်ကြီးရတဲ့  ဘ၀ရှင် ကြီးပါပဲ ။ ကျိုထီးရိုးတောင်ကိုလှမ်းဖူးလို့ ရတဲ့ ကျိုက်
ထိုမြို့ ရွာငယ်လေးတစ်ရွာက လယ်လုပ်သူ သာမာန် မိသားစု ကမွေးလာပြီး လယ်မလုပ်ချင်လို့ ရန်ကုန် ပုရွက်ဆိတ်
ကုန်း က အဖိုးဘုန်းကြီး ဆီမှာ ဘုန်းကြီးကျောင်းသားလုပ်ပြီး ၁၀တန်း အောင်အောင် ပညာသင်ခဲ့ရသူပါ။ဖေဖေက
အမြင်သိတ်ကျယ်ပါတယ် ။ဆင်းရဲတာ ချမ်းသာတာ လူ့ အဆင့်မဟုတ်ဘူးသမီး - အသိတရားကြီးမားဖို့ ပဲကြိုးစား
ဖို့ ဖေဖေ လမ်းညွှန်ခဲ့ပါတယ် ။ ဖေဖေ ကအနုပညာသိတ်ဆန်တယ် လို့ ကျမ မထင်ဘူး ဒါပေမဲ့ ဒုံမင်း ပညာမှာ
ဖေဖေ့ ကိုတော်ရုံလူမယှဉ်နိုင်ခဲ့ပါဘူး ကြိုက်တဲ့ သီချင်းကြီးသီချင်းခံကို ဖေဖေ တီးနိုင်သလို ကျမ ကိုလည်းသီချင်း
ကြီးတွေ ပိုင်ပိုင်နိုင်နိုင်ဆိုတက်စေ့ချင်ပါတယ် ။ ကြည့်ပါဦး ကျမတို့ မိသားစု အမေ က BBI မှာအနုပညာနည်း
ပြဆရာမ အဖေ က လေကြောင်းပို့ ဆောင်ရေး (UBA) မှာ (ဘာအဆင့်လည်းကျမ မပြောတက်တော့ဘူး)သူ
တို့ ဟာ မဆလ လက်ထက်က ၀န်ထမ်းဆိုတော့ ကျမတို့ မိသားစုလေး က မရှိမရှား နေရတဲ့ဘ၀ပေါ့ ။ ဒါပေ
မဲ့ တမိသားစုလုံး အနုပညာ နဲ့  ထုံလွှမ်း နေပြီး ငြိမ်းချမ်းခဲ့တယ် လို့ ပြောရမှာပါပဲ ။ အဖေ စန္တယားခုံကြီး နဲ့ 
ဒုံမင်း တီး ကျမ ကဘေးကရပ် ဆိုရင် ရပ်ကွက်ထဲက လူတွေ အိမ်ေ၇ှ့မှာတန်းစီလို့ ကို နားထောင် ကြတာကျမ
မှတ်မိနေပါသေးတယ် ။ ဒါပေမဲ့  မေမေ က အသက် (၃၈) မှာ ကျမတို့ ကိုကျောခိုင်းသွားခဲ့တယ်။နိဂုံးသတ်
လိုက်ပါတော့မယ် ကျမ ကို လူလောကထဲ ကို မေမေ ပို့ ပေးခဲ့စဉ် က ဖြူဥနေလို့  ပိုးလိုမွေးသတဲ့ မေမေက
ကျမကို ပိုဟပ်ဖြူ ကြွေရုပ် လေး လို့ ခေါ်သတဲ့ ၊လယ်ဝေးကနေ ရန်ကုန်ကို အမြန်ရထားကြီး နဲ့ ရက်သမီးလေး
မှာပြန်ခေါ်လာတော့ ရထား ပေါ်မှာ ပုခက်ဆင်ပြီး ရထားတတွဲလုံးက ၀ိုင်းချစ်ကြတယ်တဲ့ အော်လိုက်တာ အသံ
ကိုပြဲနေတာပဲလို့  ကျမအဖွါးက ခုထိ ပြန်ပြန် ပြောပြတုန်း။ ခုတော့ အိုက်သမီးက စစ်အာဏာရှင်ကို ၁၅ နှစ်
သမီးထဲက တိုက်ခဲ့ရတဲ့သူပုန်မကြီး ဖြစ်နေတာ မေမေသိရင်ဖြင့် မျက်ရည်လေးတွေ နဲ့  ငါ့သမီး ဆိုပြီး ခုဖေဖေ
(ကျမ်းမာရေးယိုယွင်းနေတဲ့) သူများတွေကိုကြွားပြီးပြောနေသလို့  ငါ့ သမီးကွ လုပ် ချ သမီးလုပ်တာမှန်တယ်
လို့  ပြောပါ့မလား -- မြေးလေးတွေကိုတောင် ကောင်းကောင်းသိမသွားရှာတဲ့ ကွယ်လွန်သွာတဲ့ ကျမ မိခင်
ကို နောင်ဘ၀ကျရင် ပြန်ဆုံပြီး ကျွေးမွေးပြုစုချင်ပါဘိ ။ လို့  တွေးရင်း လူဖြစ်အောင်မွေးထုတ်ပေးခဲ့ရတဲ့မေမေ့
ကို ကာယကံဝစီကံမနော့ နဲ့ ပြစ်မှားမိခဲ့ရင်ခွင့်လွှတ်ဖို့  တောင်းပန်ရင်း မွေးဖွါးပေးခဲ့တဲ့ မိဘ နှစ်ပါးအတွက်ရည်
ရွယ်ပြီးသံဃာတော်တွေကို ဆွမ်းကပ် လေးစားကြည်ညိုရတဲ့လူကြီးမိဘ တွေ ကို မိမိ အသက်ရှည်ဖို့ သက်၇ှည်
အုန်းနို့ ခေါက်ဆွဲဆွမ်းလေး လှူဒါန်မှုပြုခဲ့ပါတယ် ။သာဓုခေါ်ဆိုနိုင်ကြပါစေ

မေအိခင်(လယ်ဝေး)

တန်ဆောင် တိုင်ပွဲ နဲ့ အတူစစ်အာဏာရှင် ဆန့် ကျင်တဲ့  စာရွက် လေးတွေ နဲ့ 

Tuesday, November 3, 2009



ဒီကွန်ယက် ဟာ ၂၀၁၀ ကို ပြတ်ပြတ်သားသား ဆန့် ကျင်ဖို့  စုရုံးမိကြတာပါ ။
မွန် ၊ ရခိုင် ။ ကယန် ၊ ကရင် နဲ့  ဗမာ တိုင်းရင်းသား တွေ အများအပြားစု
စည်းထားပြီး ၈၈၈၈ ကျောင်းသားခေါင်းဆောင်တစ်ချို့  ပါ ပါဝင်ကြပါတယ်။ ဒီ
ကွန်ယက် လှုပ်၇ှားမှု တစ်ခု ဖြစ်တဲ့  ထိုင်းနိုင်ငံရဲ့ လွိုင်ကထုံည မှာ ခုတင်ပြ
ထားတဲ့ စာတန်း ကို မြန်မာပြည်သား တွေ ကြားဖြန့် ဝေခဲ့ ကြပါတယ်။။ မွန်
ကယန်း နဲ့  မြန်မာ အင်္ဂလိပ် ဘာသာစကာနဲ့  ရေးသားထားတဲ့ စာရွက် ကို
မြန်မာဘက်ကထောက်လှန်းရေးအပြင် နိုင်ငံခြားသားတစ်ချို့  အထူးစိတ်ဝင်စား
ခဲ့ကြပါတယ်။ မြန်မာပြည်သားတော်တော်များများ လက် ထဲ မှတော့ တန်ဆောင်
တိုင်ပွဲ နဲ့ အတူစစ်အာဏာရှင် ဆန့် ကျင်တဲ့  စာရွက် လေးတွေ နဲ့ ပေါ့ ။။။။

စစ်ဗိုလ်ချုပ်တွေ လက်ထက်ရောက်မှ ကျွန်တော့်တို့ ဗမာပြည်မှာ ဘုရားကအောက်၊ မျောက်ကအထက် ရောက်သွားတာပါ။


သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်ကတည်းက အင်တာနတ်ခေတ်အထိ ဘယ်နိုင်ငံ၊ ဘယ်တိုင်းပြည်မှာမှ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖဆိုတဲ့ အယူအဆမရှိခဲ့ကြပါဘူး။ ကိုရွှေဗမာဗိုလ်ချုပ်တွေ လက်ထက်ရောက်မှ ကျွန်တော့်တို့ ဗမာပြည်မှာ ဘုရားကအောက်၊ မျောက်ကအထက် ရောက်သွားတာပါ။ ဒီတခေါက်တော့ ကိုဖိုးတရုပ်ဘလော့က ဆရာဖုန်းမြင့်ရေးသားတဲ့ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဆိုတဲ့ ဆောင်းပါးကို ဖြန့်ဝေပေးလိုက်ပါတယ်။ တိုင်းချစ်၊ ပြည်ချစ် တပ်ဗိုလ်၊ တပ်မှူးတွေလက်ထဲကိုရောက်ဖို့ ထပ်ဆင့်ဖြန့်ဝေပေးကြဖို့ ပန်ကြားရင်း .......




ပြည်သူသာ အမိ ပြည်သူသာ အဖ

ဆောင်းပါးရှင် - ဆရာဖုန်းမြင့်

ယခုဆိုလျှင် သမိုင်းဝင်ရှစ်လေးလုံး၏ သက်တမ်းကာလသည် (၁၉) နှစ်ပြည့်မြောက်၍ (၂၀) နှစ် အတွင်းသို့ စွန်းထင်း ၀င်ရောက်ခဲ့ပါပြီ။ သို့သော် ရှစ်လေးလုံး၏ အကျည်းတန်မှု၊ ရက်စက်မှု၊ ခါးသီးမှု၊ လူမဆန်မှု၊ ယုတ်မာရိုင်းစိုင်းမှု၊ ကြေကွဲမှု၊ နာကျည်းမှု စသည့် စသည့် အနိဌာရုံများနှင့် နဖူးတွေ့ ဒူးတွေ့ ရင်းနှီး ထိတွေ့ကြားသိခဲ့ ရသော လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကျောင်းသားကျောင်းသူ၊ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့သည် ထိုအချိန် ထိုကာလမှ အကြောင်းအရာများကို သူတို့ အသက်ရှင်နေသရွေ့ ကာလပတ်လုံး မေ့ပျောက်ခြင်းငှာ တတ်နိုင်မည်မဟုတ်သကဲ့သို့ သူတို့၏ သားစဉ်မြေးဆက် ပြောပြ၍လည်း ဆုံးနိုင်မည်မဟုတ်ပါ။ ထို ရှစ်လေးလုံး၏ များပြားလှစွာသော လမ်းကြောင်းများအနက်မှ လမ်းကြောင်း တကြောင်း အတွင်းသို့ ၀င်ရောက်လျှောက်လှမ်းခဲ့ဖူးသော ကျွန်တော်သည်လည်း ထိုလမ်းကြောင်းအတွင်းမှ သက်ဝင်လှုပ်ရှားမှုများကို ပြန်၍ မြင်ယောင်၊ ကြားယောင်နေဆဲပင်။ ရှစ်လေးလုံး၏ ပေါင်းဆုံစီးဆင်းရာ လမ်းကြောင်းများနှင့် ပုံရိပ်များ သည် ကောင်းကင်မှ ကြယ်အစုံကို ကြည့်မိသကဲ့သို့ အချို့  မှာ ထင်ရှားလျက်၊ အချို့မှာ မှုံဝါးလျက်၊ အချို့ မှာ မပီဝိုးတ၀ါးနှင့်။ မတ်လ (၁၆)ရက် ကျွန်တော်ရုံးတက်သောနေ့တွင် စက်မှုတက္ကသိုလ်သို့ လုံထိန်းနှင့် စစ်တပ်မှ ၀င်နှောက်ရိုက်နှက် ဖမ်းဆီးသည့် သတင်းကိုကြားရသည်။ နောက်ဆက်ကာ ဆက်ကာ ဆိုသလို အင်းလျားကန်ဘောင် တံတားဖြူတွင် လုံထိန်းများက ကျောင်းသားကျောင်းသူများကို ကမ်းကုန်ရက်စက်စွာ ရိုက်နှက် သတ်ဖြတ်မှု၊ ရန်ကုန်တက္ကသိုလ်ဝင်းထဲ လုံထိန်းနှင့် စစ်သားများဝင်စီးကာ ကျောင်းသားကျောင်းသူများကို အဓမ္မဖမ်းဆီးခေါ်ဆောင်မှု၊ အလုံပိတ်အချုပ်ကားထဲတွင် ကျောင်းသားများ မွန်းကြပ်သေဆုံးမှုတို့မှာ ကြားရသူတိုင်းကို အံ့သြတုန်လှုပ် ခြောက်ချားစေကာ ပြင်းထန်စွာ ထိခိုက်ခံစားရစေပါသည်။ ဤအရေးအခင်းနှင့်ပတ်သက်ပြီး ကျွန်တော်တို့ ရဲဘော်များကို ကာကွယ်ရေးဝန်ကြီးဋ္ဌာန ခမ်းမသစ်ကြီးတွင် ခေါ်ယူပြီး ဗိုလ်မှူးကြီးများ တယောက်ပြီးတယောက် စင်မြင့်ပေါ် တက်ကာ သူတို့ လိုချင်သော ပုံစံများဖြင့် ရှင်းလင်းသွားခဲ့သည်။

သို့သော် ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ စစ်သည်များသည် အပြင်တွင် နေခွင့်ရကြသူများဖြစ်ကြ၍ အဖြစ်မှန်များကို သိထားနှင့်ကြပြီးဖြစ်ရာ ဤရှင်းလင်းပွဲကို စိတ်မ၀င်စားကြ၊ ဗိုလ်မှူးကြီးတယောက်က ပြောပါသေးသည်။ “ဒီလို မြို့တွင်း အရေးအခင်းတွေနဲ့ ပတ်သက်ရင် ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှာ ရှိတဲ့ အရာရှိ စစ်သည်တွေမှာလည်း တာဝန်ရှိတယ်၊ နောင်... ဒီလို အရေးအခင်းမျိုးတွေ ထပ်ဖြစ်လာရင် ကာကွယ်ရေးဝန်ကြီးဋ္ဌာန အနေနဲ့ တာဝန်ယူရလိမ့်မယ်။ ဒါကြောင့် အခုကစပြီး လုံခြုံရေးတပ်ရင်းတွေ ဖွဲ့မယ်” ဟု ပြောပါသည်။ “အော်.... ဒါကြောင့်လည်း ငါတို့ကို မွမ်းမံသင်တန်းတွေ မကြာခဏ တက်ခိုင်းတာကိုး” ဟု ခံပြင်းစွာ တွေးမိသည်။ ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဋ္ဌာန အတွင်းရှိ ကြည်း၊ ရေ၊ လေ စစ်သည်များသည် မကြာခဏ ဆိုသလို ဖေါင်ကြီးလေ့ကျင့်ရေး (၁) နှင့် ဂျိုးဖြူတိုင်း ဗဟိုတို့တွင် စစ်ပညာမွမ်းမံ သင်တန်းများသွားတက်ရသည်။ ဘယ်နှစ်ဘယ်သင်တန်းတွင်မဆို အထူးဦးစားပေးသင်တာကတော့ လူထုအုံကြွမှု (သို့မဟုတ်) ဤကဲ့သို့သော အရေးအခင်းမျိုးတွင် အရပ်ဘက် အုပ်ချုပ်ရေးမှ မထိန်းသိမ်းနိုင်တော့သဖြင့် စစ်ဘက်သို့ လွှဲအပ်ပြီး နှိမ်နင်းစေသော သင်ခန်းစာ ဖြစ်သည်။

ဆန္ဒပြလူအုပ်ကြီး ချီတက်လာပုံ၊ အရပ်ဘက်အုပ်ချုပ်ရေးမှ တားဆီးပုံ၊ နောက်ဆုံး မတားနိုင်တော့သဖြင့် စစ်တပ်ကို လွှဲအပ်ပုံ၊ စစ်ကားများ ဆန္ဒပြနေရာသို့ ရောက်ရှိလာပုံ၊ ၀တ်စကုတ် အနီဝတ် လက်ဖြောင့်တပ်သားများက သေနတ်ကို မုဆိုးဒူးထောက် အနေအထားဖြင့် ဆန္ဒပြလူအုပ်ကြီးဘက်သို့ ချိန်ရွယ်ထားပုံ၊ အထက်အရာရှိက အသေပစ်ရန် ခရာဖြင့် အမိန့်ပေးပုံ၊ ဆန္ဒပြသူများ လဲကျသေဆုံးပုံ၊ ထိုသရုပ်ပြပွဲကိုရှင်းလင်းပွဲ နားထောင်ရင်းစိတ်မသက်မသာဖြစ်ခဲ့ပုံများကို ပြန်မြင်ယောင်လာကာ “သြော်..ဒို့ကို ဒီသင်တန်းတွေ မကြာခဏ တက်ခိုင်းတာ တိုင်းပြည်ရဲ့ အညွန့်အဖူး ကျောင်းသားများကို ပစ်သတ်ခိုင်းဖို့ပါလား” ဟု နာကျင်စွာ တွေးတောမိပြီး “အကယ်၍သာ ဒီလိုအရေးအခင်းတွေ ထပ်ဖြစ်ပြီး ငါတို့ကို နှိမ်နင်းဖို့တာဝန်ပေးခဲ့ရင် ဘယ်လိုလုပ်ရပါ့” ဟု တဆက်တည်း စဉ်းစားမိပြီး ရင်ထဲလေးလံ ထိုင်းမှိုင်းသွားခဲ့ရသည်။ အလျဉ်းသင့်၍ ပြောရပါလျှင် တပ်တွင်း ရဲဘော်များသည် ဤအရေးအခင်း မပေါ်မှီကတည်းက စစ်အစိုးရနှင့် ပတ်သက်၍ မကျေနပ်မှုများ ပေါ်ပေါက်ခဲ့ဖူးသည်။ ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနတွင် လုပ်အားပေးများ အမြဲလိုလို ရှိနေတတ်သည်။ သို့သော် ပြည်သူ့အကျိုးပြု လုပ်ငန်းများတော့ မဟုတ်၊ ဒူးယားတဘူး၊ ဆပ်ပြာတတောင့်ပေးပြီး အရာရှိကြီးများနေထိုင်ရာ (ဥပမာ - အဏ္ဏ၀ါရိပ်သာ၊ ပြည်ထောင်စုရိပ်သာ) ပတ်ဝန်းကျင်ရှိ ခြုံနွယ်ပိတ်ပေါင်းများစွာနှင့် ညစ်ပတ်ပေရေ နေသော နေရာများကို ရှင်းလင်းခိုင်းခြင်းသာ ဖြစ်သည်။ ရဲဘော် စစ်သည်များအတွက်မူ ဘာမျှဆောင်ရွက်မပေး၊ ယုတ်စွအဆုံး တပ်တွင်းလူပျိုလိုင်းရှိ ရေချိုးကန်အိမ်သာများ ကိုပင် ကောင်းကောင်း မဆောက်ပေး၊ မပြင်ပေး၊ မြစိမ်းရောင်၊ ရွှေဝါမြေ စစ်ဆင်ရေးများတွင် အကြိမ်ကြိမ် ပါဝင်ခဲ့ဖူးသဖြင့် တောင်သူလယ်သမားများ၏ အခွင့်အရေး ဆုံးရှုံးမှုများ၊ နစ်နာချက်များကိုလည်း ရင်နင့်စွာ ကြားသိမြင်ခဲ့ရသည်။ ကိုယ်ချင်းစာ ခဲ့ရသည်။ ငါတို့ လုပ်နေတာ ပြည်သူအတွက် တိုင်းပြည်အတွက် မဟုတ် ဆိုတာကို သိခဲ့ရသည်။ တောင်သူလယ်သမားများမှာ သေနတ်ကြောက်၍သာ ငုံ့ခံခဲ့ရသည်။ (ဥပမာ မာဃစီမံကိန်း) ၊သည် အတွေ့အကြုံ၊ သည်ခံစားချက်များသည် အထက်အောက် ဆက်ဆံမှုများတွင် လေးစားမှုများ လျော့နည်းခဲ့ရသည်။ ၂၅ိ၊ ၃၅ိ နှင့် ၇၅ိ တန် ငွေစက္ကူများ တရားမ၀င်ကြောင်း ကြေညာလိုက်ခြင်းကလည်း အောက်ခြေရဲဘော်များသာမက အထက်အရာရှိများ အတွင်းတွင်ပင် မကျေနပ်မှုများ ပေါ်ပေါက်လာခဲ့ရသည်။

ဇွန်လမြေနီကုန်း အရေးအခင်းများ ပြီးနောက် အမှတ်(၅၀၂) လေတပ်စခန်းနှင့် ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း (လပထ)မှ စစ်သည်များကို အရေးအခင်းများ နှိမ်နင်းရေးအတွက် လုံခြုံရေး တာဝန်များ ပေးလာသည်။ သို့သော် ခိုင်းသာ ခိုင်းရသည်။ လေတပ်နှင့် ရေတပ်ကို မယုံကြ၊ သို့ဖြစ်၍ မြို့လယ်ခေါင်နှင့် ကျောင်းသားများနှင့် နီးစပ်သော နေရာများတွင် လုံခြုံရေးတာဝန်မပေးရဲ၊ တောင်ဥက္ကလာလို မြို့ အစွန်များတွင် တာဝန်ပေးသည်။ အခြားတပ်များက မည်သို့သဘော ထားသည်ကို ကျွန်တော်မသိ။ ကျွန်တော်နှင့် ထိတွေ့ရင်းနှီးမှု ရှိခဲ့သော (လပထ) လေတပ်စခန်းရှိ ရဲဘော်များ၏ သဘောထားကတော့ ပြတ်သည်။ “ ဟေ့ - ငါတို့ကတော့ အထက်အမိန့်မို့သာ သွားရတာ၊ လုံးဝဆန္ဒမရှိဘူး၊ ငါတို့ကို ပစ်မိန့်ပေးလို့ကတော့ ဆောရီးဘဲ၊ လုံးဝမပစ်ဘူး၊ ပြည်သူတွေ ကျောင်းသားတွေ ရှေ့မှာ သေနတ်ကို ဒီအတိုင်း ပစ်ချပေးလိုက်မယ်၊ နောက်မှ ဘယ်လို အပြစ်ပေးပေး၊ နောက်မှ ကြည့်ရှင်းမယ်” ဟူ၍ အချင်းချင်း လျှို့ ဝှက်ညှိနှိုင်းထားကြသည်။ သို့သော် အချို့ တလွဲဆံပင်ကောင်းသူများကတော့ “ ငါတို့တော့ သူ့ဆန်စားထားရတာ၊ သူတို့ ခိုင်းတာ လုပ်ရမှာဘဲ” ဟု ပြောသံ ကြားရကြောင်း ပွင့်လင်းစွာ ၀န်ခံပါသည်။ ရှစ်လေးလုံး အရေးအခင်းသည် ကျွန်တော်တို့ ရဲဘော်များနှင့် အရာရှိ အသိုင်းအ၀ိုင်းထိ ၀င်ရောက်ခါ နာကျည်းမှုများနှင့်အတူ စစ်အစိုးရအား ပုန်ကန်ထကြွချင်စိတ်များ တဖွားဖွား ပေါ်ပေါက်စေခဲ့သည်။

၁၉၈၈ခုနှစ် သြဂုတ်လ (၈) ရက်နေ့သည် ရုံးဖွင့်ရက်ဖြစ်သဖြင့် ကျွန်တော်တို့ ရုံးတက်ကြရသည်။ ရုံးသာတက်ရသည်၊ ဘယ်သူမှ အလုပ်ကို စိတ်မ၀င်စားကြ၊ အထွေထွေ သပိတ်မှောက်ရန် ကြေညာထားသော နေ့ဖြစ်၍ ယင်းကိစ္စနှင့် ပတ်သက်ပြီး စိတ်ဝင်စားစွာ ပြောဆိုဝေဖန်မှုများသည် မနက်ကင်တင်းတွင် ထိုင်ချိန်မှာစ၍ ရုံးပေါ်ရောက်သည်အထိ ပြောဆို ဝေဖန်နေကြတုန်းပင်၊ မနက် (၁၀) နာရီခန့်တွင် တောင်ဘက် ရွှေတိဂုံဘုရားလမ်းမှ “စစ်အာဏာရှင်စနစ် ကျဆုံးပါစေ”၊ “တပါတီစနစ် အလိုမရှိ”၊ “ဒီမိုကရေစီ ချက်ချင်းပေး၊ ချက်ချင်းပေး” စသော ကြွေးကြော်သံများကို ကြားရသဖြင့် ကျွန်တော်တို့သည် ပြူတင်းပေါက်များနားသို့ အလိုလို ရောက်သွားကာ ကြည့်မိကြသည်။ ရှေ့ဆုံးတွင် ခွပ်ဒေါင်းအလံနှင့် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံများကို ကိုင်ဆောင်ထားကြသော အဖြူအစိမ်း ကျောင်းဝတ်စုံနှင့် ငယ်ရွယ်သော ကျောင်းသူ၊ ကျောင်းသားများသည် ကြွေးကြော်သံများကို အသံကုန် အော်ဟစ် တိုင်ဖောက်ကာ တက်ကြွစွာ ချီတက်လာကြသည်။ သူတို့ နောက်မှ များစွာသော လူထုကြီး၊ လူထုကြီးနောက်မှ ရဟန်းသံဃာပေါင်းများစွာကလည်း ကြွေးကြော်သံများဖြင့် ချီတက်သွားရာ စတီးဝပ်၊ ဂျူပလီလမ်းတလျှောက် နှင့် ကျွန်တော်တို့ စစ်ရုံးပတ်ပတ်လည်တွင် လူပင်လယ်ကြီး ဖြစ်နေတော့သည်။ ဆန္ဒပြလူထုကြီးသည် ကျွန်တော်တို့ စစ်သားများကို လက်ဝှေ့ရမ်း နှုတ်ဆက်ကြသည်။ “ ပြည်သူ့တပ်မတော် ဒို့တပ်မတော်”၊ “တပ်မတော်သားများ ပြည်သူလူထုနဲ့ ပူးပေါင်းပါ၊ ရပ်ကြည့်နေလို့ အမြတ်မရှိဘူး၊ ပြည်သူတွေနဲ့ ပူးပေါင်းမှ ဒီမိုကရေစီရမယ်” စသဖြင့် အော်ဟစ်သွားကြသည်။

ညနေရုံးဆင်းချိန်တွင် ကျွန်တော်တို့ အိမ်ပြန်ရန် အခက်ကြုံရတော့သည်။ ဤမျှ များပြားလှသော လူအုပ်ကြီများ ကြားမှ နေ၍ ကျွန်တော်တို့ အဘယ်သို့ ပြန်ရပါမည်နည်း။ ( ကျွန်တော်တို့ ရုံးသူရုံးသားများကို နေ့စဉ် ဖယ်ရီဖြင့် အကြိုအပို့ လုပ်ပေးသည်။) ကားများ ဘယ်လို ထိုးဖောက်ထွက်နိုင်မည်နည်း။ စစ်သားဆို အမုန်းကြီး မုန်းနေသော လူထုကြီးကို ကျွန်တော်တို့ ထိုးဖောက်သွားဖို့ ခက်နေပြီမဟုတ်ပါလား။ ရုံးဝင်းအတွင်းရှိ လုံခြုံရေး တပ်ဖွဲ့များကတော့ (stand by) အနေအထားဖြင့် အထက်အမိန့်ကို စောင့်နေကြသည်။ မကြာမကြာ ဆိုသလို အသံချဲ့စက်တပ် (TE-11) စစ်ကားများဖြင့် မြို့တွင်းမြို့ပြင်သို့ တစီးပြီး တစီး ထွက်သွားတတ်သည်။ ည (၇) နာရီ ကျော်သည်နှင့် ကျွန်တော်တို့ အိမ်ပြန်ရေးအတွက် စခန်းမှူးဗိုလ်မှူးကြီး ဘဆန်းနှင့် သူ၏ အထက်အရာရှိများက စီစဉ်ပေးသည်။ ဤသို့ဖြင့် ည (၈) နာရီခန့်တွင် ဘရင်းကယ်ရီယာနှင့် လုံခြုံရေးတပ်ဖွဲ့များရှေ့နောက် ခြံရံကာ ဖယ်ရီကားတစ်စီးတွင် လုံခြုံရေးစစ်သား (၄) ယောက်စောင့်ကြပ်၍ အိမ်ပြန်ခရီးကို စခဲ့ရသည်။

မင်္ဂလာဒုံတွင် နေသော ကျွန်တော်အပါအ၀င် စစ်မှုထမ်းများသည် (၁၅) စီးသော (BM) ဖယ်ရီကားတန်းဖြင့် အစောင့်အရှောက်များ ခြံရံကာ ရွှေဂုံတိုင်၊ ကမ္ဘာအေးဘုရားလမ်းအတိုင်း မောင်းနှင်ခဲ့ရာ လမ်းတလျှောက်တွင် ဧရာမလူအုပ်ကြီးများနှင့် တိုးပါတော့သည်။ များပြားလှသော လူအုပ်ကြီးသည် ကားသွားနိုင်ရုံလောက်သာ လမ်းဖွင့်ပေးထားပြီး တဖက်တချက်တွင် ညှပ်ထားသည်။ ကမ္ဘာအေးလမ်းအဆုံး ရှစ်မိုင်၊ မရမ်းကုန်း လမ်းဆုံရောက်သည်အထိပင်။ စစ်သားများကို အန္တရာယ်ပြုဖို့တော့ မဟုတ်ပေ။ ကျွန်တော်ထင်သည်၊ ဤ (၈) ရက်နေ့ည ကျွန်တော်တို့ ပြန်ချိန်အထိ ပြည်သူလူထုသည်စစ်တပ်ကို (တပ်မ ၂၂ မှလွဲ၍) ခါးခါးသီးသီး မမုန်းသေး၊ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုကြီးသည် တပ်မတော်သားများကို အားကိုးကြောင်း၊ သူတို့နဲ့ ပူးပေါင်းရန် လိုလားကြောင်း၊ သူတို့၏ အပြုအမူများကို မျက်ဝါးထင်ထင် မြင်လိုက်ရသောကြောင့်ပင် ဖြစ်သည်။ “ပြည်သူ့ တပ်မတော် ဒို့တပ်မတော်”၊ “တပ်မတော်နှင့် ပြည်သူ ပူးပေါင်းရေး ဒို့အရေး၊ ဒို့အရေး” ၊ “တပ်မတော်သားများ ကျန်းမာကြပါစေ”၊ စသဖြင့် အော်ဟစ် ကြွေးကြော်ရင်း လက်ခုပ်သြဘာပေးကာ လက်များကို အားရပါးရ ဝှေ့ရမ်းပြကြသည်။

အချို့ဆိုလျှင် ကျွန်တော်တို့ အပြန်လမ်းကို တမင်စောင့်နေကာ အကအခုန်များဖြင့် ကြိုဆိုကြသည်။ အချို့ဆိုလျှင် ပန်းကုန်းများဖြင့် ပစ်ပေါက်ကြသည်။ ကျွန်တော်တို့လည်း ပြန်၍ လက်များ ဝှေ့ရမ်းပြသည်။ (ကျွန်တော်တို့ကား များတွင် အရာရှိများ လုံးဝမရှိပါ။) သို့သော် လက်များကို လွတ်လွတ်လပ်လပ် အပြင်ထုတ်မပြနိုင်ခဲ့၊ ဂျင်ဂလိအန္တရာယ်ကြောင့် ကားမှန်ပြူတင်းပေါက်များကို ပိတ်ထားရမည် ဟူသော အမိန့်ကြောင့် ဖြစ်သည်။ ကျွန်တော်တို့ နေထိုင်ရာ ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်းသို့ ရောက်သောအခါ အဆောင်နေ ရဲဘော်များက မြို့တွင်းအခြေအနေကို လာရောက်မေးမြန်းကြသည်။ ည(၁၁) နာရီခန့်တွင် လျှို့ ဝှက်ဆွေးနွေးမှုများ ပြုလုပ်ကာ ကျောင်းသားများနှင့် ဆက်သွယ်ပြီး လှုပ်ရှားမှုများ ပြုလုပ်ရန်နှင့် အခွင့်ကြုံလျှင် ကြုံသလို လူထုအတွင်း ပါဝင်ရန် ဆုံးဖြတ်ကြသည်။

နောက်တနေ့ ရုံးအတက်တွင် သတင်းဆိုးများကို ကြားရတော့သည်။ (၈) ရက်နေ့ည (၁၁) နာရီ နှင့် (၁၃) နာရီကြားတွင်ဗိုလ်နေ၀င်း၏ လက်မရွံ့ အာဏာသားများက မြို့တော်ခန်းမအနီး ဆန္ဒပြသူ လူအုပ်အတွင်းသို့ မောင်းပြန် ဂျီးသရီး၊ ဂျီဖိုး များဖြင့် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခြင်း သတင်းပင်။ ကျွန်တော်တို့ တရုံးလုံး (မဆလ ဒေါက်တိုင်များမှလွဲ၍) စိတ်ထိခိုက်စွာ ခံစားကြရသည်။ အခြားအဆင့် စစ်သည် other rank များမှအစ အရာရှိကြီးများပင် စစ်တပ်၏လူမဆန်မှုများကို ပစ်ပစ်ခါခါ ဆဲဆိုပြစ်တင် ဝေဖန်ရှုံချကြသည်။ ရုံးပတ်ဝန်းကျင် ဘယ်နေရာဘဲ သွားလိုက်သွားလိုက် ဤအသံများကိုသာ ကြားရသည်။ (ဤ အချိန်က ထောက်လှမ်းရေး သူလျှိုများ စိမ့်မ၀င်သေး၊ လွတ်လပ်စွာ ပြောဆိုနိုင်သည်။)၊ (၈) ရက်နေ့ ညက ကျွန်တော်တို့ကို လှိုက်လှဲစွာ ကြိုဆိုလက်ကမ်းလာသော ပြည်သူလူထုကြီး တရပ်လုံးသည် (၉)ရက်နေ့တွင် စစ်သားဆိုလျှင် အသံကိုပင် မကြားချင်လောက်အောင် အမုန်းကြီးမုန်း၊ အရွံကြီး ရွံသွားကြလေပြီ။ အချို့ ရပ်ကွက်များမှာဆိုလျှင် စစ်သားမှန်း သိလျှင် ၀ိုင်းအရိုက်ခံရသည်။ အချို့ဆိုလျှင် ရပ်ကွက်ထဲမှာ မနေရဲတော့၍ တပ်တွင်းသို့ ပြောင်းနေကြရသည်။

ပြည်သူ့တပ်မတော်အမည်ခံထားပြီး ပြည်သူ့ဘက်မှ မရပ်တည်ခဲ့သော၊ ပြည်သူကို အကျိုးမပြုခဲ့သော၊ ပြည်သူတို့၏ အားကိုးရာ မဖြစ်ခဲ့သော ကျွန်တော်တို့ တပ်မတော်သားများသည် ငါးခုံးမတည်းဟူသော လက်မရွံ့ အာဏာသားများကြောင့် လှေကြီးတလှေလုံးပုတ်ခဲ့ရပြီ၊ ဤ အရေးအခင်း၏ အကျိုးဆက်ကြောင့် ကျွန်တော်တို့  စစ်သားများသည်ပြည်သူလူထု အရပ်သားဝန်ထမ်းများနှင့် ဆက်ဆံရသောအခါ များစွာ မျက်နှာ ငယ်ရပြီး အရှက်ကြီး ရှက်ခဲ့ရသည်။ ကျွန်တော်သည် ဘဏ်များတွင် ငွေသွင်းငွေထုတ်ကိစ္စဖြင့် သွားရလေရာ အခြားဝန်ထမ်းများမဆိုထားနှင့်၊ ကျွန်တော်နှင့်ရင်းနှီးသော စာရေးဝန်ထမ်းများကပင် လိုလားဟန်မပြ၊ လူကို မုန်း၍မဟုတ်၊ စစ်သားဟူသော အမြင်ဖြင့် မုန်းတီးရွံ့ရှာစွာ အကြည့်ခံရသည်။ ငွေစာရင်း ကိစ္စနှင့် ပဲခူးကလပ်ရှိ CMA (ကာကွယ်ရေးငွေစာရင်း ၀န်ရုံး) သို့ သွားရာတွင်လည်း ဤ နည်းနှင်နှင်ပင်။ အချို့ ရင်နှီးသော စာရေးဝန်ထမ်းနှင့် ရုံးအုပ်အရာရှိများက “ဘယ်လိုလဲ ဒီအရေးအခင်းမှာ ခင်ဗျားတို့ ဘာမှ မလှုပ်ရှားဘူးလား၊ ကျောင်းသူကျောင်းသားနဲ့ ပြည်သူလူထု တရပ်လုံးက သတ္တိရှိရှိ တောင်းဆိုမှုတွေ၊ လှုပ်ရှားမှုတွေ၊ ဆန္ဒပြမှုတွေ လုပ်နေကြပြီ၊ ခင်ဗျားတို့လည်း ပါဝင်သင့်ပြီ၊ ပြည်သူဘက်က ရပ်တည်သင့်ပြီ” ဟု ပြောဆိုခြင်း ခံရသည်။ ကျွန်တော်လည်း ရှက်ရှက်ဖြင့် “ အခွင့်အရေးတော့ စောင့်နေတုန်းဘဲ၊ အခုလောလောဆယ် အခြေအနေ မပေးသေးဘူး၊ အခြေအနေ ပေးတာနဲ့ လှုပ်ရှားဖို့ အဆင့်သင့် ပြင်ထားပါတယ်” ဟု ပြောခဲ့ရသည်။

ကျွန်တော်တို့သည် ဤသို့လျှင် ပြည်သူလူထု အကြားတွင် မတိုးရဲ၊ မတိုးဝံ့၊ မုန်းတီးရွံရှာသော အကြည့်များကို မခံရဲ၊ မခံဝံ့ဖြင့် အရှက်ကြီးရှက်၊ အခက်ကြီး ခက်ရပေပြီ။ စိတ်ဓာတ်လည်း အကြီးအကျယ် ကျခဲ့ရပြီ၊ ကြည့်ပါအုံးတော့၊ တပ်မတော်သားဆိုတဲ့ ကျွန်တော်တို့ အဖြစ် ရုံးတက်ရုံးဆင်းချိန်တွင် အရပ်ဝတ်ဖြင့် ဆင်းတတ်ရပြီး ရုံးကျမှ ယူနီဖောင်းလဲရသည်။ ဘယ်လောက်ရှက်စရာ ကောင်းပြီး ဘယ်လောက်ရယ်စရာ ကောင်းပါသလဲ၊ ရှက်စရာ ကောင်းပြီး ရယ်စရာကောင်းတာကတော့ အရပ်ဝတ်ဝတ်ပြီး BM စစ်ဖယ်ရီများဖြင့် ရုံးတက်ရုံးဆင်းရခြင်းပင်၊ ပြည်သူလူထု၏ စူးစမ်း၊ ထူးဆန်းသော အကြည့်၊ လှောင်ရီထေ့ငေါ့သော မျက်နှာပေး များကို မမြင်ချင်ဆောင်ထားရသည်။ “အခုမှ ကြောက်နေပြီလား” ဆိုသော အသံများကိုလည်း ကြားရသည်။ စစ်ရုံးမှ စစ်သားများ ဖယ်ရီတွေ တသီတတန်းကြီးဖြင့် ရုံးတက်ရုံးဆင်းကြမှန်း ရန်ကုန်တမြို့လုံးက ပြည်သူတွေ သိနေကြပြီ။ အော်... ပြည်သူတွေ ဘက်မှ အစဉ်ရပ်တည်နေပါသည်ဆိုသော တပ်မတော်သည် ယခုအခါ တွင် ပြည်သူတွေ ကြားတွင် မ၀ံ့မရဲဖြင့် ခိုးကြောင်ခိုးဝှက်သွားလာနေကြရပြီ၊ ရင်နာစရာကြေကွဲစရာ ကောင်းလေစွ။

ပြည်သူလူထုရဲ့  လှိုက်လှဲစွာ ကြိုဆိုမှုနဲ့ ကြည်နူးဝမ်းသာ မျက်ရည်များ တွေတွေ စီးကျခဲ့ရပုံ၊ တပ်မတော် (လေ) ရဲ့ ရှစ်လေးလုံး လှုပ်ရှားခဲ့ပုံတွေကို အပိုင်း(၂) မှာ ဆက်လက်တင်ပြသွားပါမယ်။

ဆန္ဒပြပွဲများအနက် လူအစည်ကားဆုံးနေ့ကို ပြောပါဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် သြဂုတ်လ (၂၆) ရက် သောကြာနေ့ဟု ပြောရမည်ထင်သည်။ ဘာကြောင့်လဲဆိုတော့ ယင်းနေ့ မနက် (၅) နာရီလောက် ကတည်းက သိန်းသောင်းမကသော လူအုပ်ကြီးသည် ရွှေတိဂုံဘုရားလမ်းအတိုင်း အနောက်ဘက် မုခ်သို့ ချီတက်သွားကြသည်မှာ တနေ့လုံး မဆုံးနိုင်တော့၊ ကျွန်တော်တို့လည်း မနက် (၉) နာရီကျမှ တပ်ပြင်ထွက်ခွင့် ရသောကြောင့် ထိုအချိန်ကျမှ ယင်းဟောပြောမည့်နေရာသို့သွားရာ နဲနဲနောနော မဟုတ်သော ဧရာမလူအုပ်ကြီးကို တွေ့ရသည်။ တိုး၍ ပင်မပေါက်၊ ဤမျှကျယ်သောကွင်းပြင်ကြီးတွင်ပင် နေရာမဆန့်တော့ဘဲ လူများအပြင်သို့ ပြည့်လျှံထွက်ကာ လမ်းတခုလုံး ခြေချစရာမရှိလောက်အောင် ပြည့်နှက်နေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ရောက်သောအခါ ပရိတ်သတ်၏ သြဘာသံသည် နားကွဲတော့မလား ထင်ရအောင် ကျယ်လောင်ပြင်းထန်လှသည်။ ဒေါ်အောင်ဆန်းစုကြည် ဟောပြောစဉ်တွင် သဲသဲကွဲကွဲ မမြင်ရတော့ဘဲ အသံသာ ကြားနေရသည်။ များပြားလှသော လူအုပ်ကြီးကြောင့် အသံချဲ့စက်မြောက်များစွာ တပ်ထားပါလျက် မကြားတချက် ကြားတချက်ဖြစ်နေသည်။ လက်ခုပ်သံများကသာ ဖုံးလွှမ်းနေတော့သည်။ မှတ်မိလိုက်တာ တချို့ကတော့ “နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျတာ ကလေးအတွက်ကြောင့် ကျမတိုင်းပြည်အပေါ် မှာထားတဲ့ မေတ္တာဟာ ဘယ်လိုနည်းနဲ့မှ ကျဆင်းမသွားနိုင်ပါဘူး၊ နိုင်ငံရေးနဲ့ ဝေးဝေးကင်းကင်း နေခဲ့ချင်ပေမယ့် ဒီအရေးအခင်းက တတိုင်းပြည်လုံးနဲ့ ဆိုင်တဲ့အရေးအခင်း ဖြစ်နေပါတယ်။ ကျမလည်း ဖေ့ဖေ့သမီးလုပ်နေပြီး ခေါင်းရှောင်နေလို့ မဖြစ်တော့ဘူး။ တကယ်တော့ ဒီအရေးအခင်းဟာ ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီး ခေါ်ရင်လည်း ဖြစ်ပါတယ်။” ဟူသော စကားသံများပင်ဖြစ်သည်။


စက်တင်ဘာ (၈) ရက်နေ့တွင် (လပထ) ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း၊ မင်္ဂလာဒုံ မှ ပါဝင်လှုပ်ရှားရန် အခြေအနေ တရပ်က မမျှော်လင့်ဘဲ ဖန်တီးပေးလာသည်။ ထို့အတူ ကျွန်တော်လည်း ထိုဆန္ဒပြပွဲတွင် ပါဝင်လာရန် အခြေအနေက သူ့အလိုအလျောက် ဖန်တီးပေးလာသည်။ ထိုနေ့မနက်က ကျွန်တော်သည် ကာကွယ်ရေးဝန်ကြီးဋ္ဌာန ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) တွင် ရှိနေပါသေးသည်။ မနက် (၁၀) နာရီတွင် မင်္ဂလာဒုံတပ်နယ် လုံခြုံရေးတပ်ဖွဲ့များအတွက် အင်အားဖြည့် ရိက္ခာများသွားပို့ရန် အစီအစဉ်တရပ်ပေါ်လာသည်။ ထိုအဖွဲ့တွင် ကျွန်တော်လည်း ပါဝင်သည်။ (၅၀၂) လေတပ်စခန်းတွင် ရိက္ခာများ ချပြီးနောက် (လပထ) သို့ဝင်သည်။ ကျွန်တော်သည် ထိုတပ်လူပျိုဆောင်တွင် နေသောကြောင့် ရုံးချုပ်သို့ ပြန်လိုက်မသွားတော့။ ညနေ(၃) နာရီလောက်တွင် ထူးခြားမှု တရပ်ပေါ်ပေါက်လာသည်။ (ကျွန်တော်တို့ လူပျိုများနေသော မာဃဆောင် အပေါ်ထပ်မှ ကြည့်လိုက်လျှင် ပန်းခြံကုန်းရှိ ကားလမ်းကို အတိုင်းသား မြင်နေရသည်။) ရန်ကုန်မြို့တွင်း ဆန္ဒပြပြီး ထောက်ကြံ့၊ မှော်ဘီသို့ ပြန်လာကြသော ကားတန်းကြီးဆီမှ အော်ဟစ်ကြွေးကြော်သံ များ ကျယ်လောင်လှလေရာ ကျွန်တော်တို့ တဆောင်လုံး ထွက်ကြည့်ပြီး ကျယ်လောင်သော သြဘာလက်ခုပ်သံများ၊ လက်ခေါက်မှုတ်သံများဖြင့် အော်ဟစ်အားပေးကြသည်။ ထိုစဉ် လေ - (၁၃၈၅) ဒုဗိုလ်မှူးကြီးဇော်ဝင်း ဘယ်လိုက ဘယ်လို ရောက်လာသည်မသိ၊ “ဟေ့-ဘာလို့ လက်ခုပ်တီးကြတာလည်း မင်းတို့ကို ကောင်းကောင်းကျွေးထားတာ ကောင်းကောင်းနေကြ၊ ဆူဆူပူပူ မလုပ်နဲ့၊ အကုန်ဖမ်းချုပ်လိုက်မယ်” ဟု ပြောလိုက်ရာ ရဲဘော်အချို့ က “ကျုပ်တို့ ငတ်လို့ တပ်ထဲဝင်လာတာ မဟုတ်ဘူး၊ ဘွဲ့ရရင် ထွက်မယ့် ကောင်တွေ ချည်းဘဲ” ဟု ပြန်ပြောသည်။ ဇော်ဝင်းမှာ အလွန်ဒေါသထွက်သွားသော်လည်း များပြားလှသော လူအုပ်အရှိန်ကြောင့် ဘာမျှပြန်မပြောတော့ဘဲ ချာကနဲလှည့်ထွက်သွားသည်။ ရဲဘော်များ လုံးဝမကျေနပ်ကြ၊ နဂိုကတည်းက အခွင့်အရေးစောင့်နေကြသူများဖြစ်၍ မကြာမီပင် “ဒီမိုကရေစီ ရရှိရေး ဒို့အရေး၊ ဒို့အရေး”၊ “တပါတီစနစ် အလိုမရှိ”၊ “ဒို့ရဲဘော်တွေ ညီရဲ့လားဟေ့-ညီတယ်ဟေ့၊ ညီတယ်ဟေ့” စသဖြင့် အော်ဟစ်ပါတော့သည်။



မကြာမီပင် ရဲဘော် (၂) ယောက်အချုပ်ခံရရာ မကျေနပ်မှုများ ပိုမိုပြင်းထန်လာသည်။ ရဲဘော်များ ဘာလုပ်ကြမည်ကို တိုင်ပင်ကြလေပြီ၊ ညနေ ခြောက်နာရီခွဲလောက်တွင် ဇော်ဝင်း ထပ်ရောက်လာပြီး အဆောင်မှူး တပ်ကြပ်အောင်စည်ရှိရာ မာဃဆောင် အခန်း(၁) သို့သွားပြီး ပြစ်တင်ကြိမ်းမောင်းခြင်းနှင့် ညွှန်ကြားချက်များ ပေးနေသည်မှာ မဆုံးတော့၊ ရဲဘော်များကလည်း သူဝင်လာကတည်းက အောင်ဆန်း ဆောင်ရှိ ရဲဘော်များကို သွားစည်းရုံးထားပြီး စီစဉ်မှုများ ပြုလုပ်ထားသည်။ (အချိန်က ည(၇)နာရီ ကျော်ပြီဖြစ်၍ မှောင်နေသည်။ အဆောင်မီးနှင့် ကော်ရစ်ဒါမီးများကို ထွန်းထားသည်။) ရဲဘော်များ အားလုံး အင်္ကျီချွတ်၊ ကတောင်းကျိုက်ထားကြပြီး အခန်း(၁၀) အပြင်ဘက် ကော်ရစ်ဒါတွင် အသင့် စောင့်နေကြသည်။ သူထွက်လာပြီဖြစ်ကြောင်း ရဲဘော်တယောက်က အချက်ပြလိုက်သည်နှင့် ရှိသမျှ မီးများ မှိတ်သွားပြီး တပြိုင်နက်တည်း တုတ်၊ ခဲ ပစ်ပေါက်သံနှင့်အတူ “တပါတီစနစ်အလိုမရှိ၊ ဒီမိုကရေစီ ရရှိရေး ဒို့အရေး၊ ဒို့အရေး”၊ “ငဖားဇော်ဝင်း အလိုမရှိ”၊ “ဖမ်းချုပ်ထားသူ အကုန်လွှတ်” စသဖြင့် အော်ဟစ်သံများ ပွက်လော ရိုက်ဆူညံ သွားသည်။ ဇော်ဝင်းလည်း အလွန်ထိတ်လန့်သွားကာ အပြင်သို့ အမြန်ထွက်သွားသည်။ ခဏအကြာတွင် အင်အား(၃၀၀) နီးပါးရှိ ကျွန်တော်တို့ ရဲဘော်ထုကြီးသည် အချုပ်ခန်းသို့ သွားဝိုင်းရန်နှင့် အိမ်ထောင်သည် လိုင်းသို့ ချီတက်ရန် ကြွေးကြော်သံများဖြင့် ထွက်လာကြပါပြီ။ (၅) မိနစ်ပင် မကြာလိုက် ထမင်းစားဆောင်ဘက် အရောက်တွင် ဓာတ်မီးရောင်လက်ကနဲ မြင်ရသဖြင့် “ဟေ့ ဘယ်ကောင်လဲ မီးထိုးတာ၊ အခုပိတ်” ဟု ပြောရင်း ရှေ့သို့ ပြေးတက်သွားကြရာ “ဟေ့ ဒုဗိုလ်မှူးကြီး ဇော်ဝင်းပါကွ၊ မင်းတို့ ဒေါသသိပ်မကြီးကြနဲ့၊ ပြေပြေလည်လည် ရှင်းကြတာပေါ့” ပြောသံကြားရာ “ဟေ့ကောင် ဇော်ဝင်း၊ မင်းအသံ မကြားချင်ဘူး၊ အခု တို့ရှေ့က ဖယ်စမ်း” ဟု ပြောရင်း ရှေ့တက်သွားစဉ် “နေပါအုံး ကိုယ်ပြောတာလည်း နားထောင်ပါအုံး၊” ဆိုသော အခြားအသံတခုကို ကြားလိုက်ရာ ဒုဗိုလ်မှူးကြီး ခင်မောင်မြင့် (စာကလေး)မှန်း ကျွန်တော်တို့ ချက်ချင်း သိလိုက်သည်။ ရဲဘော်များ ခေတ္တငြိမ်သွားခိုက် “မင်းတို့ ဘာဖြစ်ချင်သလဲ ပြေလည်အောင် လုပ်ပေးမယ်၊ အေးအေးဆေးဆေး ပြောကြတာပေါ့” ဟု ပြောသည်။ “ချုပ်ထားတဲ့ ရဲဘော်(၂) ယောက်ကို အခုလွှတ်ပေးပါ။ ကျွန်တော်တို့ အခု ချီတက်ဆန္ဒပြမယ်” ဟု ပြောရင်းဆိုရင်း ကြွေးကြော်သံများ အော်ဟစ်ပါတော့သည်။ စာကလေးက “ဟေ့ မင်းတို့ ပြောမရဘူးလား၊ ဒီမှာ ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာကော သိကြရဲ့လား” ဟုပြောသောအခါ ရဲဘော်များ အလွန်ဒေါသထွက်သွားကြပြီး “ဟေ့ ဆယ်တန်းအောင်ပြီးလို့ ဒီတပ်ထဲဝင်လာတာကွ၊ မင်းထက် နားလည်တယ်၊ ဟေ့ ကြာတယ် ရဲဘော်တို့ ချီတက်ကြမယ်” ဟု ပြောပြောဆိုဆို ချီတက်မည်အလုပ် ကားမီးရောင်မြင်သဖြင့် “ဟေ့ ဘာလို့ မီးဖွင့်တာလဲ” ဟု ပြောရင်း ကားဆီသို့ ပြေးတက်သွားသည်။ ကားလည်း မီးမှိတ်သွားပြီ “ရဲဘော်တို့ ခဏလေး သည်းခံပြီး နားထောင်ကြပါ။” ဟု အသံကြားသဖြင့် စခန်းမှူး ဗိုလ်မှူးကြီး ချစ်သန်းမှန်း သိလိုက်ကြသည်။ “မင်းတို့ရဲ့ အသံကို အဝေးကြီးကကြားနေရတယ်။ ကဲ မင်းတို့ ဘာလုပ်ချင်ကြသလဲ”။


“စခန်းမှူး ဖမ်ထားတဲ့ ရဲဘော်(၂) ယောက်ကို အခုချက်ချင်းလွှတ်ပေးပါ၊ ကျွန်တော်တို့ တညလုံး စခန်းကို ပတ်ပြီး ဆန္ဒပြမယ်။ မနက်မြို့ထဲထွက်ပြီး ချီတက်ဆန္ဒပြမယ်။ ကျွန်တော်တို့ကို မနှောင့်ယှက်ပါနဲ့”၊ “အေး မင်းတို့ကို ငါနားလည်ပါတယ်၊ မင်းတို့ကိုလည်း လေးစားပါတယ်၊ င့ါစကားကို နားထောင်ကြပါ။ အခုလောလောဆယ် အဆောင်ပြန်ပြီး အေးအေးဆေးဆေး အနားယူကြပါ။ မင်းတို့ ဘာအန္တရာယ်မှ မဖြစ်ဖို့ ငါတာဝန်ယူတယ်၊ မင်းတို့ ဖြစ်ချင်တာတွေ ဖြစ်အောင် လုပ်ပေးမယ်လို့ ငါကတိပေးတယ်။” ဟုပြောရာ “စခန်းမှူး တကယ် တာဝန်ယူသလား၊ ကျွန်တော်တို့ကို အချိုသိပ်ဖို့တော့ မကြိုးစားပါနဲ့၊ အခုနေမှာ ကျွန်တော်တို့ ဘာကိုမှ မကြောက်ဘူး။ ဘာကိုမှလည်း ဂရုမစိုက်ဘူး။” တိုတို ပြောရလျှင် စခန်းမှူးနှင့် တော်တော်ကြာ ညှိနှိုင်း ပြောဆိုပြီးနောက် ကျွန်တော်တို့ အဆောင်သို့ ပြန်ရောက်လာကြသည်။ သို့သော်လည်း ကျွန်တော်တို့ အေးအေးဆေးဆေး အနားယူကြသည်တော့မဟုတ်၊ မာဃဆောင် အခန်း (၄)တွင် အားလုံးစုရုံးတိုင်ပင်ကြသည်။

“ဟေ့ ငါတို့တော့ စခန်းမှူးစကားကို မယုံဘူး၊ ဒီပြဿနာ မသေးဘူး၊ ဟိုကောင် ဇော်ဝင်းနဲ့ စာကလေး အန္တရာယ် ကလည်း မသေးဘူး၊ ငါတို့ကို ဒုက္ခပေးမှာ သေချာတယ်။ ဒီတော့ ငါတို့ ဘာဆက်လုပ်ကြမလဲ၊ ကျောင်းသားသမဂ္ဂ နဲ့လည်း ဆက်သွယ်ထားပြီဆိုတော့ ဖြစ်ချင်ရာ ဖြစ်ကွာ ရှေ့ဆက် ကြမ်းဖို့ဘဲ ရှိတော့တယ်” ဟု ဒုတပ်ကြပ် သန့်စင်က ပြောသည်။ ထိုအချိန်တွင် ဂျူတီပို့စ် အသီးသီးတွင် လုံခြုံရေးတာဝန်ယူနေကြသော ရဲဘော်များ ရောက်လာကြပြီး ” ဟေ့ မင်းတို့ အော်သံတွေ၊ အိမ်ထောင်သည် လိုင်းထိတောင် ကြားရတယ်၊ ဟိုမှာ အကုန်လှုပ်လှုပ်ရွရွ ဖြစ်ကုန်ပြီ၊ မင်းတို့နဲ့လာပေါင်းဖို့တောင် လုပ်နေတာ၊ ဟေ့ မင်းတို့ လုပ်ချင်တာ လုပ်သာလုပ်၊ နောက်ဆုတ်ဖို့ စိတ်မကူးကြနဲ့၊ ငါတို့ အကုန် တာဝန်ယူတယ်။ ဂျူတီပို့စ်တိုင်းမှာ သေနတ်မောင်းတင်ပြီး အဆင်သင့် ပြင်ထားကြပြီ၊ ၀င်လာတဲ့ ကောင်မှန်သမျှ အကုန်ရှင်းပစ်မယ်။” ဟု နေဒွန်းအောင်က ပြောသည်။ လက်နက်တိုက်တာဝန်ခံ တင်ဦးကလည်း “ဟေ့ လက်နက်တိုက် အဆင်သင့်ဖွင့်ထားပေးမယ်။ ကြိုက်တဲ့ လက်နက်သာ ယူထုတ်ပေတော့၊ အရေးကြုံရင် လက်မနှေးကြစေနဲ့” ဟု ပြောသည်။ အမှတ် (၁) ဗဟိုဂိတ်တွင် တာဝန်ကျသော တပ်ကြပ်မြင့်အောင်က “စခန်းမှူးကား ဂိတ်ဝ ၀င်လာတော့ ဂိတ်ဖွင့်မပေးဘဲ အားလုံးသေနတ်တွေနဲ့ ချိန်ထားပြီး စခန်းမှူး ရဲဘော်တွေကို ဒုက္ခမပေးဘူးလို့ ကတိပေးပါ၊ ရုတ်ရုတ် ရက်ရက် ဖြစ်ရင် ဒီမှာတွေ့လား၊ အတွဲလိုက် ဖြုတ်ပစ်လိုက်မယ်၊ ပြောတော့ စခန်းမှူးတော်တော်ဖြုံသွားတယ်။ သူ့ဆီက ကတိရမှ ဂိတ်ဖွင့်ပေးလိုက်တယ်။” (ဂျူတီပို့စ် အသီးသီးမှ ရဲဘော်များသည် အစောကြီးကတည်းက အခြေအနေ အရပ်ရပ်ကို သိထားကြပြီး လူတိုင်းဒေါသထွက်ကာ မကျေမနပ် ဖြစ်နေကြသည်။) တပ်ကြပ်တင်ကြိုင်က “စခန်းမှူးက ဘယ်လောက်တာဝန်ယူတယ်ပြောပြော ခင်ဗျားတို့လည်း တပ်ထဲကြာပြီဘဲ၊ စစ်တပ်အကြောင်း သိပါတယ်။ ဒီတော့ ကျွန်တော်တို့ မနက်ဖြန် စောစော မြို့ထဲထွက် ချီတက် ဆန္ဒပြကြမယ်။ ပြည်သူတွေနဲ့ ပူးပေါင်းမယ်။ ကျွန်တော်တို့ ပြည်သူတွေရဲ့ အမုန်းမခံနိုင်ဘူး၊ အားလုံးရဲ့ ဆန္ဒဘယ်လိုရှိသလဲ” ဟုပြောရာ အထွေအထူး စည်းရုံးရန်ပင်မလို၊ နဂိုကမှ အခွင့်အရေး စောင့်နေသူများမို့ မနက်စောစော ထွက်ရန် အတည်ပြုလိုက်ကြသည်။ တစ်ညလုံး ဘယ်သူမှ မအိပ်လိုက်ရပါ။ ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြရင်း၊ သတိလည်း ထားကြရင်း၊ တင်းပြည့်ပါတီကဒ်များကိုလည်း မီးရှို့ဖျက်ဆီးကြရင်း၊ မနက် (၄) နာရီတွင် (စိတ်မ၀င်စားသူ၊ ရှောင်လိုသူ၊ စိုးရွံသူ၊ စာကလေး၊ ဇော်ဝင်းတို့ ရဲ့ အတွင်းလူများမှအပ) အားလုံး အဆင်သင့် ဖြစ်နေကြပြီ။ တပ်ကြပ်တင်ကြိုင်ဦးဆောင်သော ဆန္ဒပြစစ်ကြောင်းသည် လုံခြုံရေးစစ်သားများရှိရာ BCMP ဂိတ်ကို ကွင်းပြီး တပ်အနောက်ဘက်မှ ထွက်ကာ ခပ်တည်တည် ချီတက်ကြပါတော့သည်။ အားလုံး အင်အား (၂၀၀)၊ အချိန်က စက်တင်ဘာလ (၉) ရက်၊ သောကြာနေ့ နံနက် (၀၄း၃၀)နာရီ။



စစ်စောင်ကြား အစိမ်းပေါ်တွင် (ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း မင်္ဂလာဒုံ) ဟူသော ဆိုင်းဘုတ်ကိုင်၍ တိတ်ဆိတ်စွာ ချီတက်လာသော စစ်ကြောင်းသည် စော်ဘွားကြီးကုန်းထိပ်ရောက်သည်နှင့် “ဒီမိုကရေစီ ရရှိရေး ဒို့အရေး၊ ဒို့အရေး”၊ “တပါတီစနစ် ဖျက်သိမ်းပစ် ဖျက်သိမ်းပစ်”၊ “ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး”၊ “ဒို့ရဲ့ သွေးတွေ နီရဲ့လားဟေ့၊ နီတယ်ဟေ့ နီတယ်ဟေ့” ဆိုသော ကြွေးကြော်သံများကို အော်ဟစ်လိုက်ရာ ပထမတော့ လူတွေ ကြောင်ကြည့်နေကြသည်။ (မိုးလင်းစဖြစ်၍ လူတွေ သိပ်အပြင်မထွက်ကြသေး၊ အချို့ဆိုင်ဖွင့်စ၊ အချို့အိမ်တံခါးများဖွင့်စ၊ အချို့ မျက်နှာသစ်စ ရှိသေးသည်။) ကျွန်တော်တို့ လမ်းထဲသို့ ၁၀ ကိုက် ၁၅ ကိုက်ခန့်ဝင်မိမှ သက်ဝင်လှုပ်ရှားလာကြသည်။ အိမ်အပြင် တံခါးဝတွင် ရပ်နေသော အသက်(၅၀) ကျော်ရှိ အဘကစတင်၍ “ဟာ ဟေ့ ဒါမှ ဒို့ တပ်မတော်ကွ ဒို့တပ်မတော်” ဟု ကျယ်လောင်စွာ အော်ရင်း အိမ်ပေါ်မှ ပြေးချလာကာ ရှေ့မှ ရဲဘော်တဦးကို ပြေးဖက်သည်။ မကြာပါ၊ အိမ်တိုင်း အိမ်တိုင်းမှ ၀မ်းသာအားရ အော်ဟစ်ပြေးထွက်လာရင်း လက်ခုပ်သြဘာပေးကြသည်။ အဖွားအရွယ် တယောက်ကလည်း “ ၀မ်းသာလိုက်တာ ၀မ်းသာလိုက်တာ ဒါမှ ငါ့သားတွေ” ဟု ပြောရင်း မျက်ရည်များ စီးကျလာသည်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရသည်။ ကျွန်တော်တို့လည်း ပြည်သူတို့၏ လှိုက်လှဲစွာ ကြိုဆိုမှုကို မဖော်ပြနိုင်လောက်အောင် ကြည်နူးဝမ်းသာမိကြသည်။ ဒီလို ချီတက်လာရင်း အင်းစိန်ရန်ကုန်လမ်းမကြီးပေါ်သို့ ခြေချမိကြပြီ။ (လမ်းကျယ် ဖြစ်သောကြောင့်) ပထမတော့ လူတွေ ခပ်ဝေးဝေးမှသာ လက်ခုပ်သြဘာ ပေးကြသည်။ နောက်ဘယ်လိုက ဘယ်လို အနားရောက်လာကြသည်မသိ၊ လမ်းတဖက် တချက်တွင်လူတွေ ပြည့်လာသည်။ အချို့ ကိုယ်ပိုင်ကားစီးသူများက ကားကိုရပ်ပြီး ကျွန်တော်တို့ နီးလာတော့မှ ကားထဲမှထွက်ပြီး လှိုက်လှဲဝမ်းသာစွာ နီးစပ်ရာ တယောက်ချင်းကို လက်ဆွဲနှုတ်ဆက်ကြိုဆိုသည်ကို ထူးကဲစွာကြုံတွေ့ရသည်။ သပိတ်နားသည့် နေ့လား၊ စောသေးလို့လားမသိ၊ လမ်းအပေါ်တွင် ချီတက်လာသည်မှာ ကျွန်တော်တို့ လေတပ်တစ်ဖွဲ့တည်းသာ ထူးထူးခြားခြား ဖြစ်နေသည်။ ကျွန်တော်တို့ကို ၀မ်းသာအားရခုန်ပေါက် ကြိုဆိုနေသော လူထုကြီးသည် လမ်းဘေးဝဲယာ တဖက်တချက်တွင် ပြည့်ကြပ်ညှပ်နေသည်။ (ပိုပြောသည် မထင်လိုက်ပါနှင့်၊)၊ သြော်....စစ်သားချင်း တူပေမဲ့ ပြည်သူကြည်ဖြူသည့်သူနှင့် မကြည်ဖြူသည့်သူ မည်သို့ ကွာခြားသွားသည်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရပါကလား။ ကမာရွတ် မြို့နယ်ထဲ ၀င်လိုက်သည်နှင့် ကျွန်တော်တို့ကို ပန်းစည်းများနှင့် ကြိုဆိုနေသော တက္ကသိုလ်ကျောင်းသူ ကျောင်းသားအုပ်ကြီးကို လမ်းဘေးဝဲယာ တဖက်တချက်တွင် တွေ့လိုက်ရသည်။ ချက်ချင်းဆိုသလို ၀ဲယာ တဖက်တချက်မှ ကျောင်းသူ များက အတွင်းစည်း ကျောင်းသားများက အပြင်စည်းယူလျက် လက်ချင်းဆက်ကာကျွန်တော်တို့ ရဲဘော် တတွေကို အလယ်မှ လိုက်ပါစေပြီး မန္တလေးဆောင် ရောက်သည်အထိ စောင့်ရှောက်ခေါ်ဆောင်သွားကြသည်။ ကျွန်တော့် စစ်သက် တလျှောက် သည်လိုကြိုဆိုမှုမျိုး မကြုံဖူးခဲ့။ မိုးဟိန်း၊ မိုးသီးဇွန် နှင့် အခြား အမည်မသိ ကျောင်းသားခေါင်းဆောင်များက တစ်ဦးပြီးတစ်ဦး စင်မြင့်ပေါ်တက်ကာ ကျွန်တော်တို့ ပူးပေါင်းလာသည့်အတွက် မည်မျှအားတက်ဝမ်းသာသည်တို့ကို မငြီးငွေ့အောင် ပြောသွားနိုင်သည်။ ပြည်သူအားလုံး တပ်မတော် (လေ) နှင့်အတူ ချီတက်ဆန္ဒပြကြရန်လိုက်လံနှိုးဆော်နေပြီဖြစ်ကြောင်း ပြောသည်။


မကြာခင် သတင်းထောက်များနှင့်အတူ ဦးတင်ဦး (NLD)၊ ဦးအောင်ကြီးတို့ ရောက်လာကြပြီး ၀မ်းသာအားရ စကားပြောသည်။ ဒါရိုက်တာ မောင်တင်ဦးက မှတ်တမ်းတင်ဗွီဒီယို ရိုက်ကူးသည်။ (၁၀) နာရီခန့်တွင် ချီတက်ဆန္ဒပြရန် စတင်ပါတော့သည်။ မိန်းတံခါးဝရောက်သည်နှင့် ကျောင်းသူကျောင်းသားများနှင့် ကြိုတင်စောင့်ဆိုင်းနေကြသော လမ်းအပြည့် လူထုကြီးသည် အလွန်ကျယ်လောင်သော သြဘာလက်ခုပ်သံ နှင့်အတူ “ဒါမှ ဒို့တပ်မတော် (လေ) ကွ” ဟု အော်ဟစ်ကြသည်။ လှည်းတန်း၊ ကြည့်မြင်တိုင်၊ အလုံ၊ ဗိုလ်ချုပ်လမ်းအတိုင်း ချီတက်ရာ လမ်းတလျှောက်လုံးတွင် ကျွန်တော်တို့ကို ကြိုဆိုနေကြသော ပြည်သူလူထု ကြီးသည် ဘယ်နေရာ ရောက်ရောက် ပြည့်ကြပ်ညှပ်ကာ ၀မ်းပန်းတသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြသည်မှာ မကြုံစဖူး ထူးကဲလှပေသည်။ ချီတက်လာသော ကျွန်တော်တို့ ရဲဘော်အားလုံးသည် သွေးပင်လယ်ဝေခဲ့သည့် ရှစ်လေးလုံး အရေးအခင်းကြောင့် စစ်သားဆို ရေပင် စစ်မသောက်ချင်လောက်အောင် အရွံကြီးရွံ အမုန်းကြီးမုန်း ဝေးဝေးက အရှောင်ကြီး ရှောင်ခဲ့သည့် ပြည်သူလူထုကြီးသည် ယခုကဲ့သို့ ချီတက်ရာ လမ်းတလျှောက် လုံး ပြည့်ကြပ်ညှပ်ကာ အောင်သပြေပန်းများနှင့် ၀မ်းပန်းတသာ လှိုက်လှိုက်လှဲလှဲကြီး ကြိုဆိုကြလိမ့်မည်ဟု လုံးဝ လုံးဝကို မထင်ရေးချမထင်ခဲ့ပါ။ ယခုတော့ အထင်နှင့်အမြင် တခြားစီပါလား၊ အခြားနားကြီး ခြားနားနေပါလား။ ကျွန်တော်သည် မြစိမ်းရောင်နှင့် ရွှေဝါမြေ စစ်ဆင်ရေး အကြိမ်ကြိမ်သွားဖူးပြီး လူထု၏ ကြိုဆိုမှုကို အကြိမ်ကြိမ် ခံရဖူးသည်။ သို့သော် လှိုက်လှဲမှုမရှိ၊ တော်လှန်ရေး ပရိတ်များကို နင်းဘူးသည်။ လှိုက်လှဲစွာ ကြိုဆိုမှုရှိသော်လည်း ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လှိုက်လှိုက်လှဲလှဲ၊ ၀မ်းပန်းတသာ ဖက်လှဲတကင်း မကြုံဘူးခဲ့၊ ဤကဲ့သို့လည်း ချမ်းမြေ့ကြည်နူးမှု အထွတ်အထိပ်မရောက်ဘူးခဲ့၊ တပ်မတော် (လေ) သည် စစ်အာဏာရှင်လက်အောက်က လက်ရုံးတပ် တစ်တပ်ပေမို့ ကျောင်းသားပြည်သူတရပ်လုံးက အမုန်းကြီး မုန်း အရွံကြီးရွံ အနာကြီးနာသင့်ပါလျက် တဖက်စောင်းနင်း တဖက်သတ်ခံထားရပါလျက် ယခုကဲ့သို့ နွေးထွေးပျူငှာစွာ ကြိုဆိုလာသော ပြည်သူလူထုကြီး၏ မေတ္တာတရားသည် တုနှိုင်းဘွယ်ရာ မရှိအောင် ကြီးမားလှပါသည်။


အမိရင်ခွင်အတွင်းခိုဝင်လာသော သားသမီးမှန်သမျှကို အယုတ်အလတ် အမြတ်မရွေး အကြင်နာတရား အစဉ် ဖုံးလွှမ်းထားသော မိခင်၏ မေတ္တာနှင့် ထပ်တူပါလား၊ (အမှန်အတိုင်း ပြောရလျှင်) ကျွန်တော်အလွန်ချစ်သော ကျွန်တော့် မေမေ သေဆုံးစဉ်ကပင် မငိုခဲ့သော ကျွန်တော်သည် ယခုတော့ ၀မ်းသာကြည်နူးမှုဖြင့် မျက်ရည်ရစ်ဝဲ ကျဆင်းခဲ့ရပြီ။ ညနေ (၃) နာရီခန့်တွင် မဟာဗန္ဓုလပန်းခြံအတွင်းသို့ ရောက်ရှိတထောက်နားကာ ပြည်သူတို့ကျွေးသော ဒန်ပေါက်ထမင်းနှင့် အအေးပုလင်းများကို အရသာရှိစွာ စားသောက်ကြပါသည်။ ထိုသို့ စားသောက်နေစဉ် စာရေးဆရာ မောင်သော်က (ဗိုလ်မှူးဘသော်) နှင့် အဖွဲ့ရောက်လာပြီး ကျွန်တော်တို့ကို ဂုဏ်ပြုစကားပြောသည်။ ထိုစဉ် မမျှော်လင့်ဘဲ တပ်ကြပ်ကြီး ဒေါ်နုနုအေးကို တွေ့လိုက်ရသဖြင့် “ ဟာ မာမီ ဘယ်လိုက ဘယ်လို ရောက်လာတာလဲ” ဟု အံ့သြစွာ မေးမိသည်။ “ငါလည်း ရပ်ကွက်ထဲမနေရဲလို့ (လပထ) အိမ်ထောင်သည်လိုင်းမှာနေတာ တစ်ပတ်လောက်ရှိပြီ၊ ညက နင်တို့ အော်နေတာ လိုင်းထဲမှာ အတိုင်းသား ကြားနေရတယ်။ လိုင်းတခုလုံး ဆူပွက်နေတာဘဲ၊ နင်တို့အတွက်လည်း စိတ်ပူနေကြတယ်။ မနက်ကျတော့ ရုံးသာတက်ခံရတယ်၊ လုံးဝစိတ်မပါဘူး၊ ကားပေါ်မှာ ကျော်ရီက နင်ဆန္ဒပြတဲ့အထဲ ပါသွားပြီဆိုတာ ပြောပြတယ်။ ရုံးရောက်တာနဲ့ ငါလည်း ယူနီဖောင်းလဲပြီး နင်တို့ဆီ တန်းလိုက်လာတာဘဲ၊ ဟိုဘက်မှာ ဒို့ဌာနက ထွန်းရွှင်တို့၊ ကိုကိုနိုင်တို့ အုပ်စုလည်းပါတယ်။” ကာကွယ်ရေးဝန်ကြီးဋ္ဌာနတခုလုံးတွင် ကျွန်တော်တို့ ကက (လေ) တစ်ဖွဲ့သာ ထူးခြားစွာ ထွက်ပေါ်လာခြင်းဖြစ်သည်။ ပို၍ ထူးခြားတာက တပ်ကြပ်ကြီး ထွန်းရွှင်အပါအ၀င် (၄) ယောက်သည် ကက (လေ) ဗဟိုဆက်သွယ်ရေးမှ ၀ါရင့်ဆက်သွယ်ရေးသမားများ ဖြစ်ကြသဖြင့် လေတပ်တခုလုံး၏ ထိန်းချုပ်ဆက်သွယ်ရေးလုပ်ငန်းများ ကသိကအောက် ဖြစ်ခဲ့ရသည်။ ခဏအကြာတွင် ကျောင်းသားသမဂ္ဂအဖွဲ့ နှင့် ရဟန်းပျိုသမဂ္ဂအဖွဲ့တို့မှ ကျွန်တော်တို့၏ လုံခြုံရေး၊ နေထိုင်ရေးအတွက် ဆွေးနွေးကြသည်။ နောက်ဆုံး သရက်တောကျောင်းတိုက်တွင် သပိတ်စခန်းဖွင့်ရန် အတည်ပြုလိုက်သည်။ ကျွန်တော်တို့ သရက်တော ကျောင်းတိုက်သို့ ရောက်ရှိချိန်တွင် နဲနဲနောနော မဟုတ်သော လူထုကြီးက စောင့်ကြိုနေသည်။ ကျွန်တော်တို့ တန်းစီဝင်လာသောအခါ အသက်(၅၀) ကျော် ရည်ရည်မွန်မွန် အန်တီတယောက်နှင့် သူ၏နောက်မှပါလာသော အမျိုးသမီးတစုက လှိုက်လှိုက်လှဲလှဲ ကြိုဆိုပြီး ကျွန်တော်တို့ အတွက်ဆိုကာ အင်္ကျီလုံချည်နှင့် လိုအပ်သော အသုံးအဆောင် ပစ္စည်းများကို တစ်ဦးချင်း လိုက်လံဝေငှသည်။ အခြားအဖွဲ့အစည်း အသီးသီးမှလည်း ထို့အတူပင်။ စားသောက်ရေးအတွက် ကျောင်းသားကျောင်းသူများ ဦးစီးပြီး ကျွန်တော်တို့အတွက် စီမံခန့်ခွဲပေးသည်။ ကျွန်တော်တို့သည် ဘုရင့်နောင်ထုံး နှလုံးမူ၍ တပ်နှင့်လုံးဝ အဆက်ဖြတ်လိုက်ပြီး အခိုင်အမာ သပိတ်စခန်းအဖြစ် အတည်ပြုလိုက်သည်။ ကျွန်တော်သည် (ကကလေ) မှ ဖြစ်သော်လည်း ကက (လေ) နှင့်အတူ မနေ၊ (လပထ) လူပျိုဆောင်တွင် အနေကြာခဲ့သော ကျွန်တော်သည် (လပထ) အဖွဲ့နှင့်ပင် သွားအတူ လာအတူ စားအတူ ဖြစ်နေသောကြောင့်စခန်းချသော အခါတွင်လည်း (လပထ)အဖွဲ့နှင့်ပင် အတူနေ အတူချီတက် ဆန္ဒပြခဲ့သည်။ (၁၀) ရက်နေ့ မနက်(၈) နာရီတွင် ကျွန်တော်တို့ အုပ်စု (လုံခြုံရေး တပ်စုတစ်စုချန်၍) ချီတက်ဆန္ဒပြရန် ပြင်ဆင်ကြသည်။ ထိုစဉ် တပ်ကြပ်တင်ကြိုင် ၀င်လာပြီး ဒေါ်အောင်ဆန်းစုကြည် ပို့လိုက်သော ဂုဏ်ပြုသ၀ဏ်လွှာကို ဖတ်ပြသည်။ ထိုသ၀ဏ်လွှာတွင် “ထိုသို့ ပြည်သူ့ရင်ခွင် ခိုဝင်လာပြီး ပြည်သူနှင့်အတူ ပူးပေါင်းလိုက်သည့်အတွက် အလွန်တရာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ထိုသို့ ဆန္ဒပြရာတွင် လက်နက်ကိုင် လုံးဝမပါစေဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြရန်” တို့ ပါဝင်သည်။ (၁၁) ရက်နေ့ မနက်တွင် အိမ်ထောင်ရှင်မ အသင်းမှ စပါယ်ရှယ် မုန့်ဟင်းခါး ချက်ယူလာပြီး ရဲဘော်များကို ကိုယ်တိုင် ကျွေးကြသည်။ အဖွဲ့အစည်းအသီးသီးမှ လာပို့ကြသည့် အင်္ကျီလုံချည်၊ စီးကရက်၊ ဆေးပေါ့လိပ်၊ မုန့်မျိုးစုံတို့ကလည်း အလျံပယ်ပင်။ ပြည်သူတရပ်လုံး၏ ကျေးဇူးတရားသည် ကြီးမားလှဘိသည်။ မနက်(၉) နာရီခန့်တွင် ကျွန်တော်တို့ ချီတက်ကြပြီး အပြန်တွင် ရန်ကုန်ဆေးရုံကြီးရှိ သပိတ်စခန်းသို့ သွားရောက်ကာ ဟောပြောပွဲများကို နားထောင်သည်။ ဆေးရုံကြီး ကွင်းပြင်တခုလုံးနှင့် အပေါ်ထပ် အောက်ထပ် တခုလုံး လူများ ပြည့်ကျပ်ညှပ်နေသည်။ ရှေ့နေကြီးများအသင်းမှ ဥပဓိရုပ်ကောင်းကောင်း ရှေ့နေတယောက် ကလည်း အာဝဇ္ဇန်း ရွှင်ရွှင်ဖြင့် ပြောသွားသည်မှာ ပျင်းရိဘွယ်မရှိ ၊ လူတွေ တ၀ါးဝါး တဟားဟားပင်၊ နောက်တဖွဲ့ စင်ပေါ်သို့ တက်လာပြန်သည်။ မိုးဟိန်းနှင့် မိုးသီးဇွန်း တို့ပင်၊ မိုးသီးဇွန်က သူတို့၏ တောင်းဆိုမှု များကို ဖော်ပြသည်။


သူပြောတာတွေအနက် တခုကိုတော့ သေသေချာချာ မှတ်မိနေသည်။ “ထမင်းစားရမဲ့ အရွယ်ရောက်မှ နို့ချို တိုက်ကျွေးတာ ကျွန်တော်တို့ မလိုချင်” ဆိုတဲ့ စကားဘဲ ဖြစ်ပါသည်။ နေ့လည် (၁) နာရီခန့်တွင် တပ်မှ ရဲဘော်များ ကျွန်တော်တို့ထံ လာလည်ပြီး ၀မ်းသာအားရ စကားပြောကြပါသည်။ အိမ်ထောင်သည်လိုင်းမှ ကျွန်တော်တို့ အဆောင်တွင် ရှိစဉ်က ဟင်းလာလာ ရောင်းသော အဒေါ်တယောက်က “ နင်တို့ မရှိတာဟယ် ဘယ်လိုကြီးမှန်းကို မသိဘူး၊ အားလုံး ချောက်ကပ်နေတာဘဲ၊ အိမ်ထောင်သည် လိုင်းတစ်ခုလုံး ဘယ်သူမှ မပျော်ကြဘူး၊ နင်တို့ကိုဘဲ သတိရနေကြတယ်၊ ဇော်ဝင်းနဲ့ စာကလေး ကြောင့်ဆိုပြီး သူတို့ကို ပက်ပက်စက်စက် ကြိမ်ဆဲနေကြတာ ကြောက်ဖို့ တောင်ကောင်းတယ်၊ နင်တို့ မရှိတော့ ငါတို့လည်း ဟင်းမရောင်းရဘူး၊ နင်တို့ အကြွေးယူစားထားတဲ့ ဟင်းဖိုးတွေလည်း ဆုံးပြီ” ဟု ပြောပြသွားပါသည်။ မွန်းလွဲ (၂) နာရီခန့်တွင် အိမ်ထောင်ရှင်မ အသင်းမှ ကျွန်တော်တို့နှင့် လာရောက်တွေ့ဆုံပြီး ရင်းရင်းနှီးနှီး စကားပြောကြသည်။ ထိပ်တန်းအရာရှိကြီးတစ်ဦး၏ ဇနီးဖြစ်ပုံရပြီး ရည်မွန်လေးစားဖွယ်ကောင်းသော အန်တီကြီး တစ်ဦး၏ ပြောခဲ့သော စကားကို ယခုထိ သံမှိုစွဲသကဲ့သို့ မှတ်မိနေသေးသည်။ “(၉) ရက်နေ့ကသားတို့ မင်္ဂလာဒုံ လေတပ်က ထွက်လာတယ် ဆိုတာ ကြားတာနဲ့ အန်တီဖြင့် ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျမိတယ်ကွယ်။ အန်တီ့ သမီးတွေကို ဟဲ့ ဟဲ့ ရဲဘော်တွေကို ကျွေးဖို့ ဘာရှိလဲ ထုတ်စမ်းထုတ်စမ်းလို့ ပြောပြီး ရှာခိုင်းတာ ပေါင်မုန့်ခြောက် နှစ်ထုပ်ဘဲတွေ့လို့ အန်တီ ဖြင့်စိတ်မကောင်းဖြစ်ရသေးတယ်။ အန်တီလည်း အိမ်က အပြေးအလွှားထွက်လာမိပြီး လမ်းပေါ်ရောက်တော့ မင်းတို့ကို ပစ်ဖို့ ထွက်လာတဲ့ တပ်မ(၂၂) ကို တွေ့ရတော့တာပါဘဲကွယ်။ အန်တီ့ မျက်စိတွေ ပြာထွက်သွားတာဘဲ၊ ဘယ်လိုကနေ ဘယ်လို သူတို့ အရှေ့ ရောက်သွားသလဲ မသိဘူး။ လက်နှစ်ဘက်ကို မြှောက် ပြီး Please, Please ဆိုပြီး မပစ်ဖို့ တားတာပေါ့ကွယ်။ သူတို့လည်း ကြောင်သွားပြီး ရပ်နေကြတယ်။ နောက်မှ လှည့်ထွက်သွားကြတယ်။ အန်တီဖြင့် ရင်တွေ တုန်လိုက်တာ အရမ်းဘဲကွယ်။ သားတို့ တတွေဟာ စစ်ဥပဒေအရတော့ တပ်ပြေးတွေပေါ့ကွယ်။ ဒါပေမဲ့ အန်တီတို့ကတော့ ဒီလို မသတ်မှတ်ဘူး။ ပြည်သူတွေဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်တဲ့ သူရဲကောင်းတွေ အဖြစ်သာ တန်ဖိုးထားတယ်။ ရှေ့လျှောက်လည်း ပြည်သူတွေ ဘက်က ရပ်တည်ပါ။ ကာကွယ်ပါ။ ပြည်သူတွေရဲ့ အကျိုးကို သည်ပိုးပါ။ အန်တီတို့တတွေ သားတို့ကို အများကြီး အားကိုးတယ်။ သားတို့ဘက်က ရပ်တည်ပေးဖို့လည်း အဆင်သင့်ဘဲ။ သားတို့ လိုအပ်တာတွေ အကုန်ဆောင်ရွက်ပေးမယ်။ မင်းတို့ တတွေ အားလုံး အန်တီ့သားတွေ ပါဘဲ။ အန်တီ့သားတွေထက်တောင် ပိုချစ်ရတယ်။ အဲဒီတော့ မင်းတို့လေးတွေကို အန်တီရဲ့ သားလို့ သတ်မှတ်လိုက်ပါပြီ။” အဲဒီလို တသွင်သွင် ပြောရင်း မျက်ရည်များ ရစ်ဝိုင်းနေသလို ကျွန်တော်တို့ အားလုံးရဲ့ ရင်ထဲမှာလည်း မဖော်ပြနိုင်လောက်အောင် ၀မ်းသာကြည်နူးမှုများ လှိုက်တက်လာကြကာ မျက်ရည်များပြည့်လျံ နေကြပါတော့သည်။

အဲဒီနောက် ရှစ်လေးလုံးလူထုတိုက်ပွဲမှာ တပ်မတော်သားတွေ ပါဝင်လာလို့ စစ်တပ်က အပူတပြင်း အာဏာသိမ်းခဲ့ပုံ၊ တပ်မတော်သားတွေ အသီးသီးရဲ့ ရွေးချယ်ခဲ့ရတဲ့ လမ်းတွေကို နောက်နေ့ အပိုင်း (၃) မှာ ကျွန်တော် ကိုဖိုးတရုတ်က သင်ခန်းစာယူစရာ ဆက်လက်တင်ပြသွားပါမယ်။



ယနေ့ ကျရောက်သော ရှစ်လေးလုံး အနှစ် (၂၀) မြောက်နေ့တွင် ဆရာဖုန်းမြင့်၏ ဖြစ်ရပ်မှန် ကိုယ်တွေ့ဆောင်းပါး နောက်ဆုံးပိုင်းကို ဆက်လက်တင်ဆက်ပေးလိုက်ပါသည်။ ပြည်သူ့ဘက် ရပ်တည်သော တပ်မတော်သားများ အားလုံးကို ဤနေ့ဤရက်တွင် ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။

အော်- "ပြည်သူသာ အမိ ပြည်သူသာ အဖ " ဆိုတာ ယခင်တုန်းကတော့ ကျွန်တော်တို့ တပ်ထဲဝင်လာ ကတည်းက ကြားနေကျစကား၊ သို့သော် အမှန်ဝန်ခံရလျှင် ကျွန်တော်တို့ လေးလေးနက်နက် မတွေးခဲ့၊ မစဉ်းစားခဲ့၊ အမှတ်တမဲ့ နေခဲ့သည်။ ပြည်သူတွေနှင့် ထိတွေ့မှုနည်းခဲ့ကြသည်။ ပြည်သူတွေနှင့် ကင်းကွာခဲ့ကြသည်။ မြစိမ်းရောင်၊ ရွှေဝါမြေစသော စစ်ဆင်ရေးတွေ ထွက်ခဲ့မှုကြောင့် ပြည်သူတွေ၏ ခံစားချက်ကို အနည်းအကျဉ်း သိခဲ့ရသည်။ ယခုပြည်သူဆိုတာ ပျောက်ပြီး စစ်အာဏာရှင်တွေက တပ်မတော်သာအမိ တပ်မတော်သာ အဖ ဆိုပြီး ပြည်သူတွေကို အမှောင်တိုက်ထဲ ထည့်ထားကြသည်။ အကျဉ်းချထားကြသည်။ စော်ကားချင်တိုင်း စော်ကားနေကြသည်။ ယခု ပြည်သူသာ အမိ ပြည်သူသာ အဖ ဆိုသည့်စကား ကို စာတွေ့မဟုတ်၊ ကိုယ်တွေ့သိခဲ့ရပြီ ၊ခံစားတတ်လာရပြီ၊ ပြည်သူတွေရဲ့ တန်ဖိုး အဖိုးဖြတ် မရအောင် ကြီးမားကြောင်း ပို၍ သိခဲ့ရပြီ၊ ပြည်သူတွေသည် ကျွန်တော်တို့၏ ကျေးဇူးရှင်၊ ယခု ကျွန်တော်စားနေ ၀တ်နေ သုံးနေတာတွေသည် ကျွန်တော်တို့ ကိုယ်ပိုင်ငွေကြေး၊ ကိုယ်ပိုင်အစွမ်းအစဖြင့် စားနေ၊ ၀တ်နေ သုံးနေတာမဟုတ်၊ ကျွန်တော်တို့ မိဘရင်းတွေ ကျွေးနေ ပေးနေတာမဟုတ်၊ တပ်က ကျွေးနေ ပေးနေတာ မဟုတ်၊ ပြည်သူတွေ မရှိသည့်ကြားက ကျွေးနေ ပေးနေကြသည်။ ထမင်းထုပ်တွေ ဖွင့်ကြည့်လိုက်လျှင် ကောင်းပေ့ ညွန့်ပေ့ ဆိုသော ထမင်း ဟင်းများ ကိုတွေ့ရသည်။ ချိုချဉ် သကြားလုံးများ ထည့်ပေးလိုက်သေးသည်။ ပြည်သူတွေတောင် ကျွန်တော်တို့လောက် ကောင်းကောင်းစားရမည်မထင်၊ အ၀တ်အစား ဆင်ပေးသည်။ တယ်လီဗေးရှင်း ရေဒီယို ကက်ဆက် အပိုင်စားပေးထားသည်။ မိဘရင်းပင် ဤသို့ ထားနိုင်မည်လား၊ ပြည်သူတို့၏ မေတ္တာ စေတနာသည် ကြီးမားဘိ သည်။ ကျွန်တော်တို့ ဘေးမသီ ရန်မခအောင် အားလုံးက ၀ိုင်းဝန်း စောင့်ရှောက်ပေးသည်။ ကျွန်တော်တို့ အပြင်မထွက်လိုက်နှင့် ထွက်လိုက်သည်နှင့် ပြည်သူတွေ ၀မ်းပန်းတသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။ စစ်တပ်ကို ခါးခါးသီးသီး ရွံမုန်းနေသော ပြည်သူတို့သည် “ဒို့ကို နှိပ်ကွပ်ခဲ့သည့် အယုတ်တမာ အာဏာရှင်၏ အစွယ်အပွားတွေ” ဟု သာ သဘောထားပြီး ကျွန်တော်တို့ကို ဥပက္ခာပြု အငြိုးထားခဲ့ပါမူ ယခုလောက်ဆို ကျွန်တော်တို့၏ ကံကြမ္မာသည် တွေးပင် မတွေးရဲတော