welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

မျိုးဆက်သစ် များနှင့် အန်တီ တွေ့ ဆုံ မှု တစိတ်တဒေသ

Tuesday, December 28, 2010


ဒီနေ့ ဒေါ်စုနဲ့ ကျောင်းသားလူငယ် စာရင်းအရတော့ ၁၈၅ယောက်တက်ပေမယ့် စာရင်းမပါတာနဲ့ပေါင်းရင် ၂၀၀ကျော်ဒေါ်စုနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဦးတင်ဦး၊ ဦးဝင်တင်တို့လဲအဲ့ဒီဆွေးနွေးပွဲကိုတက်ရောက်ခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာလူငယ်တွေအနေနဲ့ကတော့ ကလေးတွေပညာရေး၊ကျမ်းမာရေး ချို့တဲ့နေကြပုံတွေ
လူငယ်တွေနိုင်ငံရေးမှာအားနည်းကြပုံတွေ ဟိုတလောကမှလွတ်လာတဲ့ ကိုဟန်ဝင်းအောင်တို့ ကိုလွင်ကိုလတ်တို့လဲဆွေးနွေးခဲ့ကြပါတယ်။ G W ကလူငယ်တစ်ယောက် လဲတက်ရောက်ပါတယ်။
အပိတ်မှာအန်တီပြောသွားတာကတော့ အဓိကတော့ ဆက်သွယ်ရေးကအရေးကြိးဆုံးပါပဲလို့ပြောသွားပါတယ်။ အားလုံးကလိုအပ်နေတာတွေရှိတယ်။ဖြည့်စည်းပေးနိုင်တာတွေရှိတယ်။
အဲ့ဒါကြောင့်အပြန်မှာ ဆက်သွယ်ရမယ့်လိပ်စာတွေနဲ့ဖုန်းနံပတ်တွေကို ရေးခိုင်းပါတယ်။ နေ့ခင်းထမင်းစားနားချိန်မှာတော့ ဒေါ်စုလဲလူငယ်တွေနဲ့လက်ရည်တပြင်တည်းထမင်းစားခဲ့ပါတယ်။
ညနေပိုင်းမှာတော့ ဦးဥာဏ်ဝင်းမှာ ဒီနေ့ဆွေးနွေးပွဲအကြောင်းကို သတင်းစားရှင်းင်းပွဲပြုလုပ်သွားပါတယ်။


သမီးငယ်တို့ ရဲ့ ကျောင်းသားအားကစားပွဲတော်

Monday, December 27, 2010

စီတန်းလမ်းလျှောက် ချီတက်ဆန္ဒပြ

Wednesday, December 22, 2010

စီတန်းလမ်းလျှောက် ချီတက်ဆန္ဒပြ
ဂါမဏိ


နိုင်ငံရေးချီတက်ပွဲ၊ ဆန္ဒပြချီတက်ပွဲ ... စတာတွေဟာ ဒီကနေ့ခေတ်မှာ ကိုယ့်ဆန္ဒကျင့်သုံးဖို့၊ ကိုယ့်အသံ သူ များ ကြားစေဖို့ နည်းလမ်းတခုဖြစ်နေပြီး အပြောင်းအလဲဖြစ်ဖို့ ဖိအားလည်းဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံမှာ ပထမဆုံး အောင်မြင်တဲ့ နိုင်ငံရေးချီတက်ပွဲကို ၁၈၃၄ ခုမှာ လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက လုပ်ခ လစာလျှော့မှုဆန့်ကျင်ရေးအသင်း တည်ထောင်မှုကြောင့် စိုက်ပျိုးရေးအလုပ်သမား (၆) ယောက်ကို သံခြေ ကျင်းခတ်ပြီး သြစတြေးလျ ပို့ခဲ့လို့ ဆန္ဒပြချီတက်ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သြစတြေးလျ ပို့တာဟာ တကျွန်းပို့တဲ့ အဓိပ္ပာယ်ဖြစ်ပြီး အသက်ရှင်လျက်နဲ့ ဘဝဆုံးရတဲ့ ပြစ်ဒဏ်ဖြစ်ပါတယ်။ ဒါကြောင့် သောင်းနဲ့ချီ တဲ့ အလုပ်သမားတွေက ပါလီမန်ကို ချီတက်ဆန္ဒပြပြီး ဒီအာဇာနည် (၆) ယောက် ဗြိတိန်နိုင်ငံ ပြန်လာခွင့်ပေး ဖို့ ပန်ကြားလွှာကို လူ (၈) သိန်း လက်မှတ်ထိုး တင်သွင်းခဲ့ပါတယ်။ ပါလီမန်က အလျှော့ပေးလိုက်ပြီး လူ (၆) ယောက်ကို အိမ်ပြန်လာခွင့်ပေးခဲ့ရပါတယ်။

အဲဒီကစလို့ နောက်နှစ် (၁၅၀) အတွင်း ကမ္ဘာပေါ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ဖို့ ကြိုးပမ်းသူတွေ၊ မတရားမှု ပြေပျောက်စေချင်သူတွေအတွက် နိုင်ငံရေးချီတက်ပွဲဟာ အရေးပါတဲ့လက်နက်ကရိယာတခု ဖြစ်လာခဲ့ပါတယ်။
ချီတက်ပွဲတိုင်း အလုပ်ဖြစ်တာတော့မဟုတ်ပါဘူး။ ၁၈၈၆ က အမေရိကန်ပြည် ရှီကာဂိုမြို့ ဟေးမားကက် ရင် ပြင်မှာ အလုပ်သမားတွေ အကြမ်းဖက်ခံရပြီး ကျဆုံးခဲ့ကြလို့ နောင်မှာ မေဒေးနေ့ (ကမ္ဘာ့အလုပ်သမားနေ့) အ ဖြစ် သတ်မှတ်ခဲ့ရပါတယ်။ ၁၉၀၅ ခု ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့က ဇာဘုရင်ရဲ့ ဆောင်းရာသီနန်းတော်ကို ချီတက်ဆန္ဒပြတာလည်း အကြမ်းဖက်သွေးချောင်းစီးအသတ်ခံရမှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဗမာပြည်မှာလည်း ၂၀၀၇ စက်တင်ဘာလ သံဃာတော်တွေရဲ့ ချီတက်ပွဲဟာ အကြမ်းဖက်ခံရပြီး ပြိုကွဲခဲ့ပါတယ်။

ဒါပေမယ့် စုဝေးချီတက်ပွဲတွေကနေ ထူးခြားတဲ့ အပြောင်းအလဲကို ဦးတည်သွားစေတဲ့ ဖိအား မကြာခဏ ပေါ် ထွက်စေခဲ့ပါတယ်။ အောင်မြင်တဲ့ ချီတက်ပွဲတွေကို လေ့လာတဲ့အခါ တူညီချက်တွေကို တွေ့ရပါတယ်။ အဲဒါ တွေကတော့ အင်မတန် ရှင်းလင်းတိကျတဲ့ ရည်မှန်းချက် သီးသန့်ရှိတာ၊ အပျက်ဘက် တောင်းဆိုမှုထက် အ ပြုဘက် တောင်းဆိုမှု (ဥပမာ - လွတ်လပ်ရေး၊ လူ့အခွင့်အရေး၊ ထိုက်တန်တဲ့လုပ်ခရရေး) အပေါ် အလေးထား တာတို့ ဖြစ်ပါတယ်။ (ရေကာတာစီမံကိန်း ဖျက်သိမ်းရေးထက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးက ပိုထိရောက်တာ) အရေးကြီးဆုံးကတော့ ဆန္ဒပြရတဲ့အကြောင်းတရားဟာ ဆန္ဒပြချီတက်သူတွေအနေနဲ့ ထောင်ကျခံရဲလောက် တဲ့ အကြောင်းတရားဖြစ်ရပါမယ်။

နောက်လိုအပ်ချက်ကတော့ အသေးစိတ်ကျတဲ့ နည်းပရိယာယ် အစီအစဉ်ဆွဲထားရေး ဖြစ်ပါတယ်။ ဒီနေရာမှာ စံပြုစရာက ၁၉၃၀ ခု အိန္ဒိယနိုင်ငံက ဆားချီတက်ပွဲဖြစ်ပါတယ်။ ဒီချီတက်ပွဲဟာ အိန္ဒိယနိုင်ငံထွက် ဆားကို မ တန်တဆ အခွန်ကောက်တာကို ကန့်ကွက်ဖို့ မဟတ္တမဂန္ဒီ ဦးစီးပြီး ချီတက်ဆန္ဒပြတာဖြစ်ပါတယ်။ ဆားခွန် ကြောင့် အင်္ဂလန်က ဆားကို ဝယ်စားရတာ ဈေးသက်သာစေခဲ့ပါတယ်။ တနည်းအားဖြင့် ကိုလိုနီအရှင်သခင် ဗြိတိန်က ကျွန်နိုင်ငံ အိန္ဒိယကို နှောင်ကြိုးတည်းထားတာဖြစ်ပါတယ်။
ဒီဆားခွန်ကို ဘယ်လိုကန့်ကွက်ရမယ်ဆိုတာကို ဂန္ဒီက လပေါင်းများစွာ စဉ်းစားစီစဉ်ခဲ့ပါတယ်။ သူဟာ သူ့သီး သန့်ဂေဟာရှိရာ အာမက်ဒဘတ်ဒ်ကနေ ဒင်ဒီပင်လယ်ကမ်းခြေကို ချီတက်ပြီး ပင်လယ်ကမ်းစပ်မှာ ဆားချက် ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တရက်ကို (၁၀) မိုင်နှုန်းနဲ့ (၂၄) ရက် လမ်းလျှောက်ဖို့ စီစဉ်ပြီး လမ်းကြောင်းကို ဟိန္ဒူရွာ တွေရော မူဆလင်ရွာတွေကိုပါ ဖြတ်သွားမယ့်လမ်း ရွေးခဲ့ပါတယ်။ ဒီနည်းနဲ့ အိန္ဒိယနိုင်ငံရဲ့ ညီညွတ်ရေးကို တည်ဆောက်ပြသနိုင်မှာဖြစ်သလို နိုင်ငံတကာမီဒီယာတွေရဲ့စိတ်ဝင်စားမှုကိုလည်း ဆွဲယူအရှိန်မြှင့်သွားနိုင်ဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဂန္ဒီဟာ ချီတက်ပွဲမှာ လူတိုင်းပါခွင့် ဖွင့်မပေးပါဘူး။ ဗြိတိသျှအာဏာပိုင်တွေဟာ ချီတက်ပွဲရပ်သွား အောင် အကြမ်းဖက်နိုင်တယ်လို့ ဂန္ဒီက မျှော်လင့်တွက်ဆထားပြီး အမာခံ (၇၀) ကျော်ကိုပဲ အကြမ်းမဖက်ရေး အခြေခံမူအကြောင်း သင်တန်းပေးပြီး သူနဲ့အတူ လိုက်ပါချီတက်ခွင့်ပေးခဲ့ပါတယ်။ လမ်းခရီးတလျှောက် သိန်း နဲ့ချီတဲ့ လူထုတွေက ထွက်ကြိုဆိုအားပေးကြပေမယ့် ခရီးစဉ်အစအဆုံးကိုတော့ ဒီလူ လက်တဆုပ်စာပဲ ချီ တက်ခဲ့တာဖြစ်ပါတယ်။ ဘာအကြမ်းဖက်မှုမှ မကြုံခဲ့ပေမယ့် ချီတက်ပွဲရဲ့ သီးသန့်ရည်မှန်းချက်ဖြစ်တဲ့ ဆားခွန် ဖျက်သိမ်းရေးလည်း မဖြစ်မြောက်ခဲ့ပါဘူး။

ဒါပေမယ့် ဆားခွန်ထက် ပိုအရေးပါတဲ့ဟာ ဖြစ်မြောက်ခဲ့ပါတယ်။ အဲဒါကတော့ ခိုင်မာညီညွတ်တဲ့ လွတ်လပ် ရေးလှုပ်ရှားမှုကို အုတ်မြစ်ချပေးလိုက်တာဖြစ်ပြီး ဗြိတိသျှအင်ပါယာသရဖူကြီးထဲက အတောက်ပဆုံးနဲ့ အကြီး ဆုံးရတနာဖြစ်တဲ့ အိန္ဒိယနိုင်ငံကြီးဟာ ကိုယ့်ဖာသာကိုယ် ရပ်တည်နိုင် အုပ်ချုပ်စီမံနိုင်တဲ့ နိုင်ငံဖြစ်တယ်ဆိုတာ ဗြိတိသျှတွေ စမြင်သွားစေခဲ့ပါတယ်။

နောက်ထပ် (၂၅) နှစ်အကြာမှာတော့ အမေရိကန်နိုင်ငံတောင်ပိုင်းသား ကပ္ပလီလူငယ် ဓမ္မဆရာတယောက် ဟာ ဂန္ဒီ့နည်းနာတွေကို လေ့လာပြီး “ပြည်သူ့အခွင့်အရေး” တွေရဖို့ အဓိကနည်းဗျူဟာအဖြစ် ချီတက်ဆန္ဒပြပွဲ နည်းကို အသုံးချခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်တောင်ပိုင်းမှာ လူမျိုးခွဲခြားရေးကြောင့် အခွင့်အရေး မဲ့နေခဲ့တာ နှစ် (၈၀) ကျော် ကြာခဲ့ပြီဖြစ်လို့ ၁၉၆၃ နွေရာသီမှာ မာတင်လူသာကင်းနဲ့ တခြားသော ပြည်သူ့အ ခွင့်အရေးလှုပ်ရှားမှု ခေါင်းဆောင်တွေဟာ ဝါရှင်တန်သို့ ချီတက်ပွဲကြီး ဆင်နွှဲပြီး တောင်ပိုင်းသား လူမည်းတွေ ရဲ့ အခြေခံဥပဒေပါ အခွင့်အရေးတွေ အာမခံမယ့် ဥပဒေပြုပေးဖို့ သမ္မတ ဂျွန်ကင်နေဒီကို ဖိအားပေးနိုင်ခဲ့ပါ တယ်။
ကနေဒီအစိုးရက အကြမ်းဖက်မှုတွေဖြစ်လာမှာကို စိုးရိမ်ခဲ့ပေမယ့် ချီတက်ပွဲဟာ ဘာပြဿနာမှမရှိဘဲ အောင် မြင်ခဲ့ပါတယ်။ မာတင်လူသာကင်းရဲ့ နာမည်ကျော် “ကျနော် အိပ်မက်တခု မက်ခဲ့တယ်” မိန့်ခွန်းနဲ့ တွဲသွားလို့ ဒီချီတက်ပွဲကြီးဟာ အမေရိကန်သမိုင်းမှာ ရာဇဝင်တွင်သွားခဲ့ပါတယ်။

အဲဒီကစလို့ အမေရိကန်နိုင်ငံမှာ ၁၉၆၀ ခုနှစ်များအတွင်း ချီတက်ပွဲတွေကို နိုင်ငံရေးဆန္ဒပြမှုနဲ့ တောက် လျှောက်တွဲမိစေခဲ့ပါတယ်။ မကြာခင် မာတင်လူသာကင်းဟာ အယ်လာဘားမားပြည်နယ်ထဲမှာ ဆယ်လ်မာ ကနေ ပြည်နယ်မြို့တော် မောင်ဂိုမာရီကို ချီတက်ခဲ့ပါတယ်။ ဒေသခံအာဏာပိုင်တွေက ချီတက်သူတွေအပေါ် အကြမ်းဖက်လို့ နိုင်ငံတကာမှာ ပွက်လောရိုက်ခဲ့ပြီး ဝါရှင်တန်မြို့တော် လွှတ်တော်ထဲမှာ ပြည်သူ့အခွင့်အရေး ဥပဒေ အမြန်အတည်ပြုဖို့ တွန်းအားဖြစ်သွားခဲ့ပါတယ်။

၁၉၆၀ နဲ့ ၇၀ ခုနှစ်များအတွင်း ဗီယက်နမ်စစ်ဆန့်ကျင်ရေးချီတက်ပွဲတွေလည်း တောက်လျှောက်ဖြစ်ခဲ့ပါတယ်။ တခါတရံ အကြမ်းဖက်မှုတွေ ရှိခဲ့ပါတယ်။ ၁၉၆၈ ခု ရှီကာဂိုမြို့ ဒီမိုကရက်တစ်ပါတီညီလာခံကို ကန့်ကွက် ချီ တက်ရာက အကြမ်းဖက်တာ၊ အိုဟိုင်းယိုးပြည်နယ်က ကင့်ပြည်နယ်တက္ကသိုလ်မှာ ၁၉၇၀ တုန်းက အမေရိ ကန်ကျောင်းသားတွေကို စစ်တပ်က ပစ်သတ်တာတို့ ဖြစ်ပါတယ်။ ချီတက်ပွဲအများစုကတော့ လူ သိန်းနဲ့ချီပါ ဝင်ပြီး အမှုအခင်းမဖြစ်ဘဲ ပြီးမြောက်ခဲ့ကြပါတယ်။ ဒီချီတက်ပွဲတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ အမေရိ ကန်နိုင်ငံရေးသမားတွေကို ဗီယက်နမ်စစ်ရဲ့ အကြီးအကျယ် လူကြိုက်နည်းမှုအကြောင်း သတိပေးဖို့ပဲ ဖြစ်ခဲ့ပါ တယ်။
၁၉၆၀ ခုနှစ်များအတွင်း ကမ္ဘာအနှံ့မှာ နိုင်ငံရေးချီတက်ပွဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ၁၉၆၈ ခု မေလမှာ ပြင် သစ်ကျောင်းသားတွေ ပါရီမြို့တွင်း ချီတက်တာကို ဒီဂေါအစိုးရက မတန်တဆ အင်အားသုံး အကြမ်းဖက်ခဲ့ပါ တယ်။ ဒါကြောင့် ပြင်သစ်တပြည်လုံးက ဒီဂေါကို ဆန့်ကျင်လာပြီး အစိုးရပြုတ်ကျခဲ့ရပါတယ်။

အခုတလော သတင်းတွေထဲမှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က တက္ကသိုလ်ကျောင်းသားတွေ ကျောင်းလခတိုးတာ ကို ကန့်ကွက်ဆန္ဒပြပြီး ချီတက်နေတဲ့သတင်းတွေ တောက်လျှောက်ပါနေပါတယ်။ လန်ဒန်တက္ကသိုလ်၊ လန် ဒန်စီးပွားရေးတက္ကသိုလ်ကျောင်း၊ ဘုရင့်ကောလိပ် ... စသဖြင့် တက္ကသိုလ်ပေါင်းစုံက ကျောင်းသားတွေဟာ “ကွန်ဆာဗေးတစ်ပါတီ ချီးထုပ်တွေ၊ ငါတို့လာပြီဟေ့” လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီး ချီတက်ကြပါ တယ်။

ချီတက်ဆန္ဒပြပွဲကြောင့် ကားအသွားအလာတွေ ပြတ်တောက်ရပ်ဆိုင်းတာ ဖြစ်ကုန်ပါတယ်။ ဒါပေမယ့် ကျန် တဲ့ ပတ်ဝန်းကျင်လောကကြီးကတော့ အသွားအလာ အလုပ်အကိုင် မပျက်ပါဘူး။ ကျောင်းသားတွေနဲ့ ရွယ်တူ လောက်ရှိမယ့် လူငယ်တယောက်ကတော့ ဈေးကြီးတဲ့ အားကစားရုံတခုအတွက် အဖွဲ့ဝင်ဖို့ ကြော်ငြာစာရွက် တွေ ဝေနေပါတယ်။ အသားညှပ်ပေါင်မုန့်ဆိုင်မှာလည်း နေ့လယ်နေ့ခင်း ခါတိုင်းလိုပဲ တန်းစီနေကြပါတယ်။
ညနေစောင်းမှာတော့ ချီတက်ဆန္ဒပြသူတွေကို အစိုးရရုံးတွေရှိရာ ဝှိုက်ဟောလမ်းပေါ်မှာ ရဲတွေက ပိတ်ဝိုင်း ထားလိုက်ပါတယ်။ ကွန်ဆာဗေးတစ်ညွန့်ပေါင်းအစိုးရရဲ့ ကျောင်းလခ နှစ်ဆတိုးရေးပေါ်လစီကတော့ အရာမ ယွင်းရှိနေဆဲဖြစ်ပါတယ်။ ကျောင်းလခတိုးတာကို ကန့်ကွက်ဆန္ဒပြတာ နှစ်လအတွင်း အကြိမ်ကြိမ် ဆန္ဒပြခဲ့ ကြပေမယ့် ဘာမှမထိရောက်ခဲ့ပါဘူး။ ဗြိတိန်အိမ်ရှေ့မင်းသားရဲ့ ကားကို မီးရှို့တာ အပါအဝင် အကြမ်းဖက်မှု တွေလည်း အနည်းအကျဉ်း ရှိခဲ့ပါတယ်။

ဒီကနေ့ အနောက်နိုင်ငံတွေမှာ ဆန္ဒပြချီတက်ပွဲဆိုတာ ခေတ်ဟောင်းကအလုပ် ဖြစ်သွားပုံရပါတယ်။ သီးသန့် အပြောင်းအလဲတခုဖြစ်စေမယ့် နည်းနာမဟုတ်တော့ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံမှာ အပြောင်းအလဲဖြစ် ရေးအတွက် မဲပုံးနဲ့ မီဒီယာက အဓိကနည်းနာတွေ ဖြစ်သွားပါပြီ။ ဒါကြောင့် အပြောင်းအလဲဖြစ်စေချင်လို့ လမ်း ပေါ်ထွက်အော်သူတွေဟာ ဒီထက်ပိုစွန့်စားဖို့ စိတ်မပါကြပါ။

လွတ်လပ်တဲ့ နိုင်ငံတွေမှာ စီတန်းလမ်းလျှောက်ခြင်းဆိုတာ အခွင့်အရေးတခု ဖြစ်ပါတယ်။ နိုင်ငံရေးခေါင်း ဆောင် တွေက လိုက်လျောခွင့်ပြုထားပြီး မစိုးရိမ်ကြပါဘူး။ ၂၀၀၃ ဖေဖော်ဝါရီလမှာ အီရတ်စစ်ပွဲဆန့်ကျင်ရေး အတွက် လူတသန်းခွဲ လန်ဒန်မြို့ထဲ ချီတက်ဆန္ဒပြခဲ့တာ ဘာမှအပြောင်းအလဲဖြစ်မသွားခဲ့ပါဘူး။ အမေရိကန် ပြည်ထောင်စုမှာလည်း မာတင်လူသာကင်းရဲ့ ဝါရှင်တန်ချီတက်ပွဲပုံစံမျိုး လူတသန်းချီတက်ပွဲ (၁၉၉၅)၊ အမျိုး သမီးတသန်း ချီတက်ပွဲ (၁၉၉၇) တွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ချီတက်ဆန္ဒပြသူတွေဟာ တီဗွီသတင်းမှာ ပါဖို့ထက် ပိုပြီးစိတ်မထက်သန်ကြပါဘူး။

ဆန္ဒပြချီတက်ပွဲကို အသုံးဝင်တဲ့ နိုင်ငံရေးနည်းနာတခု ပြန်ဖြစ်စေဖို့ဆိုရင် လမ်းလျှောက်တာထက်ပိုပြီး စွန့်စား ဖို့ လိုပါလိမ့်မယ်။ စီတန်းလမ်းလျှောက်မှုရဲ့ နောက်တဆင့်က အာဏာဖီဆန်ရေး ဖြစ်ရပါလိမ့်မယ်။ ဗမာပြည် လို အာဏာရှင်တိုင်းပြည်တွေမှာတော့ စီတန်းလမ်းလျှောက်မှုကိုယ်တိုင်က အာဏာဖီဆန်တာ ဖြစ်နေပြီဆို တာ သတိပြုရပါမယ်။ ဒါကြောင့် အာဏာဖီဆန်ရေးရဲ့ အကျိုးဆက်အဖြစ် ထောင်နန်းစံရေး အလားအလာကို ထည့်သွင်းစဉ်းစားထားမှ နိုင်ငံရေးအပြောင်းအလဲအတွက် ချီတက်ဆန္ဒပြပွဲရဲ့ ဖိအားရလာမှာ ဖြစ်ပါတယ်။

ဝီကီလိခ်ဆိုတာ မိတ်ဆွေပါ..(လူထု စိန်ဝင်း)

Sunday, December 19, 2010

အခုတလော ကမ္ဘာ့နိုင်ငံအတော်များများက အစိုးရတွေနဲ့ မီဒီယာလောကကြီးတစ်ခုလုံး ရင်တမမနဲ့ စောင့်ကြည့်နေကြရတဲ့ဖြစ်ရပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့တယ်။ အမေရိကန်အစိုးရရဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို ‘၀ီကီလိခ်’ ဆိုတဲ့ အွန်လိုင်းမီဒီယာတစ်ခုက ဖွင့်ချဖော်ထုတ်နေတဲ့ကိစ္စဖြစ်တယ်။



ရမ်းတုတ်တွေလည်းပါလိမ့်မယ်

အခုလောလောဆယ် ဖော်ထုတ်ထားတာတွေထဲမှာ နိုင်ငံခြားတိုင်းပြည်တချို့မှာရှိတဲ့ အမေရိကန်သံရုံးတွေက သူတို့နိုင်ငံအစိုးရဆီကို လျှို့ဝှက်ပေးပို့တဲ့စာတွေဖြစ်တယ်။ သံရုံးတွေက သူတို့ရောက်ရှိနေတဲ့ နိုင်ငံနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို လျှို့ဝှက်တင်ပြထားတာမျိုးတွေ ဖြစ်တဲ့အတွက် နိုင်ငံတိုင်းလိုလိုက သူတို့အကြောင်း ဘာတွေများရေးထားမလဲဆိုတာကို နေ့စဉ်ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေကြရတယ်။ အဖြစ်မှန်ကို တင်ပြထားတာတွေပါရှိသလို အမေရိကန်သံအရာရှိတွေ ထင်ကြေးနဲ့ရမ်းတုတ်ထားတာတွေလည်း ပါနေပါလိမ့်မယ်။



အနာပေါ်တုတ်ကျဖြစ်

မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကမ္ဘာတစ်လုံးကိုတော့ လှုပ်ခတ်သွားစေခဲ့တယ်။ တချို့က လူမသိအောင်ခိုးကြောင်ခိုးဝှက်လုပ်ထားတာတွေကို လူသိရှင်ကြားဖြစ်အောင်ဖော်ထုတ်လိုက်လို့ အနာပေါ်တုတ်ကျဖြစ်သွားကြတယ်။ တချို့ကတော့ မမှန်မကန်လုပ်ကြံစွပ်စွဲပုတ်ခတ်ထားတာခံရလို့ သက်ဆိုင်သူ အမေရိကန်သံအရာရှိတွေကို စိတ်ဆိုးကြတယ်။ အမေရိကန်အစိုးရလည်း ခုတလော တော်တော်ကသိကအောက်ဖြစ်နေရတယ်။ ၀ီကီလိခ်ကိုဆက်ပြီးဖော် ထုတ်တာမလုပ်ဖို့ ဖိအားအမျိုးမျိုးပေးကြတယ်။ နည်းပညာစွမ်းသုံးပြီး ပိတ်ပစ်ဖို့လည်းကြိုးစားကြတယ်။ ဒါပေမဲ့ ၀ီကီလိခ်တည်ထောင်သူတွေကလည်း ကွန်ပျူတာပညာရပ်မှာ ထူးချွန်တဲ့ပညာရှင်တွေဖြစ်တဲ့အတွက် တားဆီးပိတ်ပင်လို့ မရနိုင်ခဲ့ဘူး။



အောက်တန်းကျတဲ့နည်း

အဲဒီတော့နိုင်ငံရေး၊ စီးပွားရေးလောကမှာလုပ်နေကျအတိုင်း ပုဂ္ဂိုလ်ရေးသိက္ခာကျအောင် Character Assassination လို့ခေါ်တဲ့ ညစ်ပတ်အောက်တန်းကျတဲ့နည်းကိုသုံးပြီး ၀ီကီလိခ်အဖွဲ့ကိုဦးဆောင်ဦးရွက်ပြုနေသူကို လိင်မှုကိစ္စနဲ့တန်ပြန်စွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ခဲ့တယ်။ နိုင်ငံတကာ ပုလိပ်အဖွဲ့ (အင်တာပို)ကိုတောင်သုံးပြီး နိုင်ငံတကာဖမ်းဝရမ်းထုတ်ခဲ့တယ်။

စွပ်စွဲခံရသူပုဂ္ဂိုလ်က အင်္ဂလန်နိုင်ငံမှာ ကိုယ်တိုင်သွားပြီး အဖမ်းခံတော့လည်း အာမခံမပေးဘဲထားတယ်။ လူကိုဖမ်းထားပြီး ခြိမ်းခြောက်အကျပ်ကိုင်ဖို့ ရည်ရွယ်ပုံရပါတယ်။ ၀ီကီလိခ်အဖွဲ့ကတော့ သူတို့လုပ်ရပ်ကို ရပ်မပစ်ဘဲ ဆက်လုပ်သွားမယ်လို့ လူသိရှင်ကြားထုတ်ဖော် ကြေညာထားတယ်။



မှန်၊ မမှန်သာအဓိက

ဝီကီလိခ်တည်ထောင်သူဟာ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာက သိပ်ပြီးအဓိကမကျပါဘူး။ သူတို့ ဖော်ထုတ်ချက်တွေ ဘယ်လောက်အထိ မှန်ကန်မှုရှိသလဲဆိုတဲ့အချက်ကသာ အခရာကျပါတယ်။ အခုထိ ဒီဖော်ထုတ်ချက်တွေဟာ လုံးဝမမှန်ကန်ပါဘူးလို့ အမေရိကန်အစိုးရက တရားဝင်ငြင်းဆိုတာမရှိပါဘူး။ ဒီဖော်ထုတ်ချက်တွေဟာ နိုင်ငံတကာဆက်ဆံရေးထိခိုက်ပျက်ပြားစေနိုင်တယ်။

နိုင်ငံအချင်းချင်းအကြားမှာ တင်းမာမှုတွေဖြစ်စေနိုင်တယ်။ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုကို ထိခိုက်စေနိုင်တယ်စတဲ့အကြောင်းပြချက်တွေနဲ့ပဲ ကန့်ကွက်ရှုတ်ချနေကြတယ်။ ၀ီကီလိခ်ဆက်လက်မတည်ရှိနိုင်အောင် နည်းလမ်းမျိုးစုံသုံးပြီး လုပ်ဆောင်ကြမှာလည်း သေချာတယ်။



သဘောထားလာမေးကြ

ဝီကီလိခ်ရဲ့ ဖော်ထုတ်ဖွင့်ချချက်တွေကိုသတင်းစာတချို့နဲ့ အသံလွှင့်ဌာနတချို့က တစ်ဆင့်ပြန်ပြီးတင်ပြကြတယ်။ သတင်းသမားဆိုတာ သတင်းတွေဖော်ထုတ်တာမှန်သမျှ သဘောကျရမှာပဲမဟုတ်ဘူးလား။

ပြည်သူလူထုသိသင့်သိထိုက်တဲ့ အရာမှန်သမျှရှာဖွေဖော်ထုတ်ရေးသားရမှာ သတင်းသမားရဲ့ အခြေခံအကျဆုံးတာဝန်ဖြစ်လေတော့ သတင်းဖော်ထုတ်ပြောကြားမှုမှန်သမျှ ၀မ်းသာအားရကြိုဆိုရမှာဖြစ်တယ်။



သိခွင့်မေးခွင့်ရှိ

ဒီမိုကရေစီခေတ်မှာ ပြည်သူလူထုကလည်း သူတို့ရွေးကောက်တင်မြှောက်ပြီး သူတို့ရဲ့အခွန်အတုတ်တွေထဲက လစာရိက္ခာကိုရယူနေကြတဲ့ အစိုးရတွေဘာလုပ်နေကြသလဲဆိုတာ သိချင်ကြမှာပဲ။ သိခွင့်၊ မေးမြန်းခွင့်လည်းရှိတယ်။ သတင်းသမားတွေက ပြည်သူလူထုသိချင်တာတွေကို သိအောင်လုပ်ပေးရတဲ့ တာဝန်ကိုယူထားသူများဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီခေတ်မှာ သတင်းသမားတိုင်းလွတ်လပ်စွာမေးခွင့်၊ ရေးခွင့်ပြုကြရတယ်။ နိုင်ငံတိုင်းရဲ့အခြေခံဥပဒေတွေမှာ ထည့်သွင်းပြဋ္ဌာန်းပေးထားကြရတယ်။



တိုင်းပြည်ကိုလိမ်ညာခဲ့ကြ

နာမည်ကျော်ဝါးတားဂိတ်တို့၊ အီရန်ဂိတ်တို့ဆိုတာတွေဟာ သမ္မတတွေကိုယ်တိုင်က တိုင်းပြည်ကိုလိမ်ညာပြီး အာဏာအလွဲသုံးစားလုပ်ခဲ့ကြတဲ့ကိစ္စတွေဖြစ်တယ်။ သတင်းစာတွေက မရမကရှာဖွေဖော်ထုတ်လို့ နောက်ဆုံးမှာ ဘူးပေါ်သလိုပေါ်ပြီး ၀ါးတားဂိတ်ကာယကံရှင်သမ္မတနစ်ဆင်ရော၊ အီရန်ဂိတ်ဖန်တီးသူသမ္မတရေဂန်ရော၊ ရာထူးကဖြုတ်ချခံရမယ့်အရေးက သီသီလေးလွတ်သွားခဲ့ကြရတာဖြစ်တယ်။ ငါးဆယ်ခုနှစ်များနဲ့ ခြောက်ဆယ်ခုနစ်များအတွင်းကဆိုရင် စီအိုင်အေတို့ ကေဂျီဘီတို့လိုထောက်လှမ်းရေးအဖွဲ့အစည်းကြီးများဟာ လွှတ်တော်ကမသိအောင် တိုင်းပြည်ကမသိအောင် ထင်ရာစိုင်းပြီးလုပ်ချင်တာတွေလုပ်ခဲ့ကြတာပဲ။ လူသတ်ခွင့်လိုင်စင်ရထားတဲ့အဖွဲ့တွေလို့တောင် ပြောကြရတယ်။



လူသတ်လိုင်စင်ရအဖွဲ့

သမ္မတကနေဒီလက်ထက်က နာမည်ကျော် ၀က်ပင်လယ်ကွေ့ (Bay of Pigs)ဆိုတဲ့ ကျူးဘားနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှုဆိုရင် လွှတ်တော်ကလုံးလုံးမသိဘဲ စီအိုင်အေက စီစဉ်လုပ်ဆောင်ခဲ့တာဖြစ်တယ်။ ကျူးကျော်တပ်တွေအကုန်လုံး ချေမှုန်းခံရပြီးမှလူတွေကသိခဲ့ကြရတယ်။ အဲဒီနောက်လည်း ကက်စထရိုကိုသတ်ဖို့ စီအိုင်အေက အကြိမ်ကြိမ်ကြိုးစားကြံစည်ခဲ့တယ်။ သမ္မတကနေဒီ ကိုယ်တိုင်လုပ်ကြံခံလိုက်ရတော့လည်း အစစ်အမှန်အဖြစ်မှန်ကို ဘယ်သူမှမသိခဲ့ရဘူး။ ၀ါရင်းကော်မရှင်ဆိုတဲ့စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာအများအပြားကိုလည်း နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်နဲ့ မထုတ်ပြန်ဘဲ လျှို့ဝှက်ထားခဲ့ကြတယ်။ ဒါကြောင့် ဒီနေ့အထိကနေဒီ လုပ်ကြံမှုရဲ့ တရားခံအစစ်ဘယ်သူလဲဆိုတာကို ကမ္ဘာက မသိနိုင်ခဲ့ကြပါဘူး။



ထောပနာပြု

အင်တာနက်ခေတ်ထဲမှာတောင် ပါးစပ်ကပွင့်လင်းမှု၊ ထင်သာမြင်သာရှိမှုဆိုတဲ့စကားတွေ အမြှုပ်တစီစီထွက်အောင်ပြောနေပေမယ့် . . . ရိုးရိုးသာမန်တိုင်းသူပြည်သားများအတွက်တော့ ၀ီကီလိခ်ဟာ မိတ်ဆွေပါ။ ခုခေတ်မှာ အပြောများတဲ့ ‘လူထုသတင်းသမား’ (Citizen Journalist) လို့ပြောရင်လည်းရတယ်လို့ပဲ ထောပနာပြုလိုက်ပါတယ်။

ယနေ့ ထုတ် ဝေသည့် News – Eleven အပတ်စဉ် ထုတ် သတင်းစာ မှ ကူးယူဖော်ပြသည်/

လူထု စိန်ဝင်း
December 20, 2010
by Aco Lyte on Monday,

ကိုအေးကြည်အတွက် ၀မ်းနည်းကြောင်း

Sunday, December 12, 2010






နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအေးကြည် ၏ မဆုတ်မရွံ့  ရပ်တည်ခဲ့သော ပြည်သူ့ အတွက်ရပ်တည်ချက်အား
ထာဝရ လေးစားသွားမည်ဖြစ်သည် ။ ပန်းတိုင်မရောက်ခင် ကွယ်လွန်သွားသည့်အတွက် ရဲဘော်များနှင့်ထပ်တူ
မိသားစုနှင့်ထပ်တူ နှမျော ရ ကြေကွဲရပါသည်။အထူးသဖြင့် စစ်အုပ်စု မတရားဖမ်းဆီးထားသဖြင့် မသေဆူံးသင့်
ပဲသေဆုံးခဲ့ရသည် ကိုအေးကြည် ကဲ့သို့  နိုင်ငံရေးအကျဉ်းသားများထပ်မံမကြုံတွေ့ ရစေရန် နိုင်ငံရေးအကျဉ်းကျ
အားလုံးအမြန်ဆုံးလွှတ်မြောက်နိုင်ကြပါစေ
မေအိခင်(လယ်ဝေး)

စစ်အုပ်စု မှမတရားသတ်ဖြတ် ခဲ့သည့်ကရင့် ငြိမ်းချမ်းရေးကောင်စီ

Saturday, December 11, 2010


video

ဝေဒနာရှင်များမှာ ဂျိုမပါ

Wednesday, December 1, 2010

ဝေဒနာရှင်များမှာဂျိုမပါ ဆောင်းပါး က ထောင်ထဲ က အလှပဂေး လေး တွေ နဲ့  တွေ့ ဆုံခဲ့ရမှု ကို မြန်မာအမျိုးကောင်းသားတွေအားလုံး သတိထားနိုင်ဖို့ ပြန်လည်တင်ပြတာပါ။ မေအိခင်(လယ်ဝေး)

ကမ္ဘာ့အနံ့ အပြားမှာ AIDS ရောဂါကို ကာကွယ်တားဆီးတိုက်ဖျက်နေတဲ့ AIDS ရောဂါမဖြစ်ရေး
ဦးစားပေးခေတ်ကြီးမှာ ပညာပေးတွေ ရောဂါသည်အတွက် စောင့်ရှောက် မှုစွမ်းနိုင်သလောက်
ကုသနေရမှုအစုစုကိုဆေးပညာရှင်တွေရော စေတနာရှင် အမြောက်အများကပါ ကြိုးစာလုပ်
ဆောင်နေကြပင်ငြားသော်လည်း ကျမတို့ မြန်မာပြည်ရဲ့ AIDS ရောဂါသည် အမြောက်အများ
တိုးပွါးနေရတဲ့အဓိကအကြောင်းတရားကိုကျမတစိတ်တဒေသပြောပြချင်ပါတယ်။

အလှပဂေးတွေကိုခနငေးပြီးဆန္ဒအလိုဖက်ရပ်လိုက်ရုံနဲ့ အမျိုးသားတွေရဲ့ဘ၀လူဖြစ်ရှုံးရမယ်
ဆိုတာကိုသာယာဝတီထောင်ထဲမှာရောဂါသည်များနဲ့ ထင်ထင်ရှားရှားမြင်တွေ့ ခဲ့ရပုံက ဒီလိုပါ
၁၉၉၉ အတွင်းမှာမြန်မာပြည်ရဲ့ဟိုတယ်ကြီးတစ်ခုအတွင်းမှာပြည့်တန်ဆာတွေအစုလိုက် အပြုံ
လိုက်မိတဲ့သတင်းကြားဖူးကြမှာပါ မြန်မာအမျိုးသမီးလေးတွေရဲ့ဘ၀ စနစ်ဆိုးအောက်က
အမှောင်ညတွေမှာအသွေးအသားတွေလည်းကြေမွခဲ့ကြရတဲ့အပြင် ထောင်နန်း ပါစံကြရတဲ့
အဖြစ်ကရင်နင့်စရာကောင်းလှပါတယ်။

ပိုပြီးလူသိများခဲ့ရတာကတော့ အဲဒီ့ပြည့်တန်ဆာတွေရဲ့ဂေါင်း ဦးတင်နွယ် ကိစ္စ ပါပဲ။သူပိုင်ဆိုင်
တဲ့ အလုပ်ခန်းလို့ ခေါ်တဲ့ ဟော်တယ်မှာ ဗိုလ်ချုပ်ခင်ညွန့် နဲ့ သူ လက်ဆွဲနုတ်ဆက်နေတဲ့
ဓါတ်ပုံကြီးကြီးမားမားကိုချိတ်ထားပြီး ခေါင်းလုပ်စားနေလေတော့ ကောင်မလေးတွေ ဆီကို
တစ်ညတညခဏလာတဲ့ ဘဘထောက်တို့  ကိုကို ထောက်တို့ ခမျာအမျက်ထွက်ပါလေရော။

ခေတ်ကိုကအလှူငွေသိန်းရာချီပေးပြိးရင်ဘယ်သူမဆိုဗိုလ်ချုပ်နဲ့ ဓါတ်ပုံတွဲရိုက်လို့  ရတဲ့
ခေတ်ပေကိုး။ တင်နွယ်တို့ ကောင်းကောင်း အသုံးချတော့တာပေါ့ ထောက်လှန်းရေး တွေ
ကလည်း ဘာရမလဲ သူတို့ ဘိုးတော် ခင်ညွန့်  ဂုဏ်သိက္ဒါ ထိခိုက်လေတော့စနစ်တကျစီစဉ်ပြီး
ဝိုင်းဖမ်းလိုက်တာ ဂေါင်း တင်နွယ်က ထောင်ဒဏ်နှစ်အစိတ်(၂၅နှစ်)ပြည့်တန်ဆာ၁၈ယောက်
ကတော့ ထောင် ၃ နှစ်စီကျသွားပါတယ် ကောင်မလေးတစ်ယောက်အသက်မပြည့်တာကြောင့်
ခလေးတွေထားတဲ့ (ငှက်အော်စန်း)ထောင်ကိုရောက်သွားပါတယ်။ ဂေါင်းတင်နွယ်နဲ့ ကျန် ၁၇
ယောက်ကတော့ အင်းစိန်ထောင်မှတဆင့် သာယာဝတီထောင်ကိုရောက်လာကြပါတယ်။

ထိုမှသာယာဝတီထောင်မှာ ၁၇ နှစ်ယောက် အုပ်စုလို့ ထင်ရှားလှတဲ့ ပြည့်တန်ဆာ တစ်ချို့ ရဲ့
ဘ၀တစ်ပိုင်းတစ်ဝကျမသိခဲ့ရပါတယ်။ကျမတို့ ကနိုင်ငံရေးအကျဉ်းသူတွေဆိုတော့ဒီကလေးမ
တွေကကျမတို့ အပေါ်စိတ်ဝင်စားမှုရှိကြတယ်။ဝါဒါထောင်မှုးတွေ လစ်ရင်လစ်သလို ကျမတို့ 
ရဲ့တော်လှန်ရေးကိုသူတို့ သိစေချင်လို့ ပြောပြတယ် သူတို့ ရဲ့ ဘ၀အရေးကိုကျမသိချင်တာတွေ
စပ်စုရင်းကအင်တာဗျူးလုပ်ဖြစ်တယ်ပေါ့ သူတို့ ဘာ့ကြောင့် အခြားပြည့်တန်ဆာတွေ နဲ့မတူပဲ
ထောင် (၃) နှစ်ကျသလဲအခြားပြည့်တန်ဆာတွေဆိုညစ်ပတ်ပေရေပြီးအရည်တစိုစိုဝဲ တကုတ်
ကုတ်နဲ့ သူတို့ တွေကျတော့ ၀င်းမွတ်နေတဲ့အလှတွေတည်ကြည်သန့် ရှင်းတဲ့မူဟန်တွေ တည်
တည်ငြိမ်ငြိမ်နေထိုင်သွားလာမှုတွေနဲ့ ပြည့်တန်ဆာများမှာတောင် တော်တော့်ကိုကွာခြားတဲ့အ
ဆင့်တွေပါဟုတ်ပါတယ် သူတို့ လို ပြည့်တန်ဆာတွေ ရန်ကုန်မန္တလေး နဲ့စတဲ့ မြို့ ကြီး ကဟော်
တယ်တွေမှာ အပြည့်အကြပ်ပါတရားဝင်လိုင်စင်ကိုင်ထားရတဲ့ပုံစံမျိုးငွေကြေးချမ်းသာတဲ့ဂေါင်း
အကြီးစားတွေကလိုင်းကြေးများများပေးပြီး တရားဝင်အလုပ်ခန့် ထားသလိုလုပ်စားနေကြတာ
ပါထောင်ထဲရောက်လာတဲ့ပြည့်တန်ဆာအများစုကတော့(တာတီးဒီ)လို့ ခေါ်တဲ့မှောင်ရိပ်ခိုတွေပါ။

ကြေးကြီးကြီးနဲ့ လုပ်စားနေသူကျတော့နယ်မြေခံထောက်လှန်းရေးနယ်ထိမ်းတွေကိုလိုင်းကြေး
ပေးထားရင်အဖမ်းမခံရဖူးပေါ့ ခုလို အမှုမျိုးကျတော့ ဂေါင်းတင်နွယ်က ကျားမြှီးကိုမှသွား စွဲမိ
လေတော့ အမြင့်ဆုံးတစ်နှစ်သာကျတက်တဲ့ ပြည့်တန်ဆာပုဒ်မကနေ သုံးနှစ် အကျခံ ရတာပါ
ဗိုလ်ချုပ်ခင်ဘွန့် ရဲ့ ထောင်ခနဲဒေါသကတော့--ဂေါင်းတင်နွယ် နှဏ် အစိတ် ကျပါပေါ့လားအဲဒီ့
ထဲကတစ်ဦးချင်းစီရဲ့ဘ၀ကျမမှတ်မိသလောက်ပြောရရင်ဇာခြည်ဆိုတဲ့ ၁၉ နှစ်အရွယ်ကုလားမ ချောချောလေးကသူမသာကေတသူဖြစ်ကြောင်းအဖေအမေဆင်းရဲတဲ့ကြားက ဦးလေးကဆေး
သမားဖြစ်လို့ မိသားစု ဘ၀စားစရာမဲ့ရာကနေသူမ ၁၅နှစ်အရွယ်မှာ အိမ်ဘေးက မိန်းမတစ်
ယောက်ရဲ့ဆက်သွယ်ပေးမှုကြောင့် အသက်(၆၀)ကျော်အဖိုးကြီးနဲ့ (ကန်တော့ပါရဲ့) ပထမဆုံး
အပျုရည်ဘ၀အဖျက်ခံပေးရာကဒီလောကကြီးထဲရောက်လာခြင်းဖြစ်ပြီးယနေ့ ထိမိဘကိုလုပ်
ကျွေးနေရသလို မိခင်ဖြစ်သူကလည်းထောင်ဝင်စာမှန်မှန်လာတွေ့ နေတာ ကျမ ကြားနေရပါ
တယ်ကြေကွဲစရာကောင်းတာက ကလေးမလေး အကြိမ်ကြိမ် ညနေညနေ ဖျားရာ ကနေ ၀မ်း
လည်းမတရားသွားတာကြောင့်သွေးစစ်ရာ HIV (Positive)ဆိုတာသူကိုယ်တိုင်ခင်မျာလည်းသိ
သွားပါတယ်တနေ့ မှာကျမနဲ့ စကားပြောရာကသမီးဇာခြည်ပြန်လွတ်ရင်ပြည့်တန်ဆာပြန်မလုပ်
်ပါနဲ့ လားကန်ဇွန်းရွက်ပဲရောင်းရရောင်းရကောင်းရောင်းကောင်းဝယ်နဲ့ ဘ၀ကိုရပ်တည်ပါလား
ဆိုတော့ ကလေးမခမျာ ဟီး ကနဲ ငိုချလိုက်ပြီး မကြီးတို့ ရယ် မကြီးတို့ ကတိုင်းပြည်အတွက်
ဆိုပြီးထောင်ထဲရောက်လာတယ်ထောင်ဝင်စာရှိရှိမရှိမရှိ လူတွေကအရမ်းအထင်ကြီးပြီးအရမ်း
လေးစားကြတာ သမီးတို့ ဆို ဟိုလူဆဲ ဒီလူဆဲနဲ့ ဒီလို အခြေအနေရှိတဲ့ သမီးတို့ ဘ၀ကို မကြီး
အခု လိုပြောတာကျေးဇူးတင်ပါတယ်။ဒါပေမဲ့သမီးတို့ ဘ၀ကသေမဲ့ အတူတူမထူးတော့ပါဘူး။
ဒီရောဂါကြီးက လူ့ လောကမှာဘယ်လောက်နေရတော့မှာမို့ လို့ လဲမသေခင်အမေနဲ့ ညီမလေး
တွေအတွက်ပိုက်ဆံ ပုံပေးခဲ့ချင်တယ် နောက်ပြီးသမီးရဲ့ ၁၀ တန်း ပညာလောက်နဲ့ ဒီအလုပ်
ထက် ထမင်းနပ်မှန်တဲ့ အလုပ်မရှိဘူးမကြီး ။ သမီးတို့ ဘ၀ကိုနားလည်ပေးပါ တဲ့ ဒါနဲ့ ကျမက
သမီးတို့ နဲ့ ဆက်ဆံမဲ့ယောင်္ကျားတွေမှာသားမယားတွေရှိရင်သူတို့ မိသားစုတွေရဲ့ဘ၀ ကိုသမီး
ကြည့်သင့်တယ်ဆိုတော့ မကြီးရယ်သမီးHIVမရှိခင်အဲဒီ့အလုပ်ကို သမီးလုပ်စကတည်းကသမီး
ကိုခေါ်တဲ့ကောင်တွေကို သမီးက ကွန်ဒုံစွပ် ဖို့ ပြောပါတယ်အချို့ က လုံးဝမစွပ်သလို အချို့က
ဆက်ဆံရင်းချွတ်ပစ်ကြတယ်အဲဒီ့တုန်းကသမီးလာ်းသူတို့ ဆီကကူးမှစြိုးလို့ ပေါ့သူတို့ မဆင်ချင်
တာ သူတို့ ခံပါလေ့စေ မကြီး ရေ သမီးတို့ ကတော့ ပိုက်ဆံ တစ်မျက်နှာပဲကြည့်ရတော့ တာပေါ့
တဲ့------------?????????????????

အဲဒီ့မိန်ကလေးဟာကုလားကားတွေထဲက ဇာတ်လိုက် မင်းသမီးလေးတွေထက် အလှပိုပြီး
ကိုယ်လုံးလေးသေးသေး သွယ်သွယ်နဲ့ လေ ပြီးတော့ သူပိုင်ဆိုင်တဲ့ စည်းကမ်းကြီးတယ် လို့ 
့သူပြောပြတဲ့ သူ့ ဘာသာတရားကိုသူများတွေဆော်ကားမှာဆိုးလို့ အလုပ်ခန်းလို့ ခေါ်တဲ့ နေရာ
မှာ ဘယ်လိုလူမျိုး ကမေးမေး သူ့ ဘာသာ ကို မပြောပြဘူးတဲ့ လေ။ဖြူဖွေးဝင်းမွတ်နေတဲ့
မျက်လုံးရွဲကြီးတွေ နဲ့ လှပနေတဲ့ ဇာခြည်လေး ခုချိန်မှာဘယ်လိုရှိမလဲ စဉ်းစား ကြည့်နိုင်သလို

ဒုတိယတစ်ယောက်ကတော့ လမင်းတဲ့ နာမည်နဲ့လိုက်အောင် မျက်နှာ ၀ိုင်းဝိုင်းလေး ရယ်ပါ .ဗမာမိန်းကလေးရုပ်ရည်ပါသိပ်စကားမပြောပေမဲ့သူမအကြောင်းအကျဉ်းကျတွေကြားမှာရေပန်း
စားနေတာကတော့ သူတို့ ရဲ့ဂေါင်းကြီးဖြစ်တဲ့ ဦးတင်နွယ် ဆီ အပ်ထားတဲ့ ရွှေတစ်ဆယ်သား
ကျော်ရှိရက်နဲ့ ထောင်ထဲမှငြတ်နေတယ်ဆို တာပါပဲ။ကျမ စဉ်းစားမိတယ် ဒီလောက်ရွှေစု မိမှ
တော့အရင်းအနှီးကောင်းကောင်းရပြီပဲကောင်းကောင်းမွန်မွန်ဘ၀ကိုရပ်တည်သင့်ပြီပေါ့ဒါပေမဲ့
လွယ်လွယ် နဲ့ရတယ်လို့  သူမတို့ ပြောလေ့ရှိတဲ့အလုပ်ဟာ မိန်းမကောင်း တွေ အတွက်တော့
မလွယ်ရေးချမလွယ်ပါလားလို့  တွေးမိပါတယ်လမင်းရဲ့ပုံစံကတော့လောဘကြီးဟန်တူပါတယ်
သူလည်းရုပ်ဆိုးတဲ့ထဲမှာမပါဘူးဆွဲဆောင်အားတစ်ခုခုတော့သူ့ မှာရှိသလိုပဲတစ်နေ့  တော့သ
တင်းဆိုးကြီးတစ်ခုကြားလိုက်ပါတယ်(၁) ဆောင်မှနြေတဲ့ လမင်းရယ် တစ်ကိုယ်လုံး ရေရုံတွေ
ပေါက်လာပြီးအဖျားဒကြီးလို့ တဲ့လေ သူတို့  ၁၇ ယောက်အုပ်စုကပြည့်တန်ဆာတွေဖြစ်ပေမဲ့
ဘ၀တူခြင်းမို့ ဖြစ်ဟန်တူတယ် လမင်း ဆီဝိုင်းအုံပြီးမေးကြပြုစုကြနဲ့ သိပ်မကြာဘူး သွေးစစ်
အဖြေထွက်လာတာHIV (Positive)ပဲတဲ့လေလမင်းကိုယ်ပေါ်က အနာတွေပြန်ခြောက် သွားပြီး
နည်းနည်းသက်သာတေ့ထူထူထောင်ထောင်ဖြစ်လာပြီးသူ ကြို မပေါ့ ဆဖို့ နဲ့ အဟာရများများ
မှီဝဲဖို့ အားပေးကြတဲ့သူတွေကို သူမ ဘာပြန်ပြောသလဲဆိုတော့ကျမသိပ်မဆိုးရိမ်ပါဘူး အပြင်
ရောက်မှကျမရှိတဲ့ေ၇ွှတွေနဲ့ ဒီရောဂါ ကိုကုမယ်ပြီးရင်ဒီအလုပ်နဲ့ ငွေဆက်ရှာနိုင်တာပဲတဲ့လေ။

တတိယတစ်ယောက်ကစစ်တွေက မိုးမိုးတဲ့ စကားဝဲ၀ဲ နဲ့ စကားပြောရင် ယဉ်ကျေးလိုက်တာ အရပ်မြင်မြင့်ဆံပင်ဒကောက်ကွေးအထိရှည်ပြီးမဲမှောင်နေတဲ့ ဆံပင်တွေနဲ့ ဘယ်ယောင်္ကျားက
မှProstitudeလို့ ထင်မှာလဲ ထက်ထက်မိုးဦး တို့ ထက် လှတယ်လို့ ပြောလို့ ရတယ်လေ
သူကတော့မိန်းမအင်္ဂါကနေ Sing ပြပြီးHIVဆိုတာသိတာပေါ့။အရမ်းစိတ်ပျော့တော့ အားငယ်
ကြေကွဲနေတယ်။စကားဝဲ၀ဲနဲ့ ငိုရင် အမေအဖေအတွက်ပဲတဲ့လေ။ ကျမဘာလုပ်ပေးရမလဲ။
သနားပေမဲ့ နိုင်ငံရေးအကျဉ်းသူနဲ့ ရာဇ၀တ်သူကြားထဲမှာခြားနားထားတဲ့စည်းက ကျမတို့ နဲ့ခိုး
ဆက်သွယ်စကားပြောတာသိရင် ပါးအရိုက်ခံရတဲ့ဘ၀ဆိုတော့ပြုစုချင်ပေမဲ့ဝေးဝေးကပဲ မုန့် 
့လေးပေးဟင်းလေးပေးနဲ့ ဖြေသိမ့် ပေးခဲ့ရတယ်ပေါ့။။့ 

စတုထ္ထတစ်ယောက်ကတော့မနက်ဖန်လွတ်မှာကိုးဒီနေ့ ညမှာပဲအသေထွက်ထွက်သွားရတယ်
လေAIDS ကသူ့ ကိုလောကကြီး ထဲကအပြီးဆွဲထုတ်သွားတယ်လေ။နာမည်က နော်ဖေါ့ တဲ့။
ကရင်ပြည်နယ်ရွာတစ်ရွာကကျေးရွာသူလေးပါ။တက္ကသိုလ်ပထမနှစ်လည်းတက် နေဆဲ ပဲပေါ့။
စာသင်စရိတ်မရှိလို့ အဆိတ်သီးစားပြီးစာသင်တာအသက်ရှင်စရာအကြောင်းပါမဲ့ခဲ့ရတယ်လေ။
နော်ဖေါ့ အလှကတော့ရိုးသားတဲ့ကရင်မလေးရဲ့သာမာန်အလှပါပဲ။ မျက်နှာမှာဘာမှပြင်မထား
လဲ ပအို့ နီရဲလေးနဲ့လေ သူမကတော့ သာယာဝတီထောင်မှာပဲ ခေါင်းချခဲ့ရရှာတယ်။

HIV အပြင်းဖျားရာကနေ AIDS နဲ့သေဆုံးသွား၇ရှာတယ်အဲဒီလိုထင်ထင်၇ှာရှား HIVများကို
တောင်ထောင်ကသီးသန့် ခွဲထားခြင်းအဟာရပြည့်ဝအောင်ထောက်ပံ့ပေးခြင်းဘာဆိုဘာမှမ၇ှိပဲ
HIV မ၇ှိနိုင်တဲ့ရာဇ၀တ်အကျဉ်းသားတွေနဲ့ တစ်ဆောင်တည်းရောထားသလို နေမကောင်းလို့ 
များ ညဖက်တစ်ဦးဥိးက ဆေးမှုး အကြောင်းကြားရင် တံခါးမဖွင့် ပဲ ထောင်သံတိုင် တွေကြား
ကဖင်တစောင်းလှန်ပေးရပြီးဆေးထိုးသွားပါလေရော အကယ်၍ များနေမကောင်းသူ နှစ်ဦး
သုံးဦး ကဆေးမှုးခေါ်ချိန်တစ်ချိန်တည်းဆိုရင် အဲဒီ့ အပ်တစ် ချောင်းတည်းနဲ့  ဆက်တိုက် ထိုး
သွားပါလေရော---ဆိုတာ ရာဇ၀တ်အကျဉ်းသားတွေပြောပြလို့ ကျမသိခဲ့ရတာ အင်မတန်မှ
ထိပ်လန့် စရာပါ ပဲ ရှင်

HIV မ၇ှိပါဘူးလို့ ကိုယ်ကိုယ်ကိုယ်မော်နေတဲ့ ၁၇ယောက်ထဲကတစ်ချို့ ဆို တရားဝင်ယောင်္ကျား
၇ှိသူလည်း၇ှိနေတယ်။မီကိုဆိုတဲ့မိန်းကလေးဆို တရုတ်ကပြားမလေးရည်းစားနဲ့ lovetogether
နေပြီးရည်းစားကိုရွှေဘုံပေါ်ထားချင်လို့ ပြည့်တန်ဆာလုပ်စားနေတာတဲ့ ရည်းစားကိုထောက်
ပံ့ရတာ အားမရသေးဘူးဆိုပဲ ညီမလုပ်စားတာ ရည်းစားကသိလားဆိုတော့ သိတယ်ခွင့် လွတ်
တယ်တဲ့အဲဒီ့လိုယုတ်မာတဲ့ယောင်္ကျားကလည်း၇ှိသေးတယ်ဒါပေမဲ့ ဒီကောင်လည်း HIVနဲ့ ညား
သွားမှာသေချာပါတယ် ။တစ်ချို့ ကျတော့ သနားစရာပါ ။ မစန္ဒာ တဲ့ သူ့ ကိုယ်သူ နုအောင်ပြင်
ဆင်ထားပေမဲ့ အသက်ကြီးတာ နည်းနည်း သိသာတယ်သူ့ သားလေးကMC တတိယနှစ်တက်
နေတယ်မိဘတွေရောသားရောလင်ရောမသိအောင်လုပ်နေတာ။ခုထောင်ကျတော့သိသွားပြီ
တဲ့လေ ထောင်ကလွတ်ရင်မပြန်ရဲတော့ဘူးတဲ့ ဒါဟာစနစ်ဆိုးရဲ့ဒဏ်တွေဆိုတာသက်သေပါပဲ ။

သူ တို့ တွေအားလုံးမှာ ၄ ၅ ယောက်သာ HIV လို့ ဆိုပေမဲ့ ဦးတင်နွယ်ကြီးရဲ့ ဟိုတယ် ပြည့်တန်
ဆာ အလုပ်ခန်းရဲ့ အလုပ်လုပ်ပုံတစ်ပိုင်းတစ်စ ကိုပြောပြရပါဦးမယ်။လှိုင်မြို့ နယ်ကတင်တင်မော်
ဆိုတဲ့ ၁၇ ယောက်ရဲ့ခေါင်းဆောင်လို့ ပြောနိုင်တဲ့အလှဆုံးအတောင့်ဆုံး ယောင်္ကျားကြိုက် မိန်းမ
က ပထမကျမပြောခဲ့တဲ့ ငှက်အော်စမ်းပို့ ရတဲ့ကလေးမလေးကိုစည်းရုံးပြီးဦးတင်နွယ်ဆီပို့ ထား
သူ့ ပေါ့။သူကတော့ဦးဆောင်ပြီး အခန်း အခန်းတွေဆီမရောက်ခင်စက်တီဆိုဖာကြီးတွေ ပေါ်မှာ ကိုယ်စီကိုယ်စီအလှပဆုံးပြင်ပြီးမပေါ့တပေါ်ဆွဲဆောင်စရာအလှအပတွေနဲ့ ကြေညာကြရတယ်။
။အဲဒီ့မှာလာတဲ့ဂရိတ်ကြေးရေတက်အလွာသားတွေဟာ ငါးစိမ်းများဝယ်သလိုလက်လားမလက်
လားဆိုတဲ့ပုံစံနဲ့ ကိုင်ကြည့် ပြကြည့်ကြပြီးဈေးညှိကြပြီး အခန်းဝင်ကြတာလေ အကယ်၍များ
အခန်းဝင်သွားပြီးမှမပြေလည်ကြရင်နောက်တစ်ယောက် နဲ့ ထပ် ၀င်ပြန်ရောတဲ့ ဘုရားတစရာ
ကြက်သီးထစရာထိတ်လန့် စရာပါ အဲဒီ့မှာရောဂါတွေ ရောဂါတွေက ရေတွက်လို့ မရအောင်ပြန်
့နံ့နေပါပြီ ဒီထဲမှာ သာကေတကမချို မောင်းတော ကစိုးစိုး နောက်ကျမ နာမည်မမှတ်မိတော့တဲ့
မိန်းမချော ပြည့်တန်ဆာလေး ၁၇ ယောက် သူတို့ ရဲ့ သွေးသားတွေ ထဲ ကပိုးမွှားတွေ-- ဒီ ၁၇
ယောက် ကိုပဲ နမူနာထားပြီး မြန်မာပြည်ရဲ့ တနေ့ တာ HIV ပြန့် နံ့  နှုန်း တွက်ကြည့်ရင်တောင်
ရင်ဖိထားရမှာမို့  တစ်ကြိမ်တစ်ခါလည်းမမှားသင့်တဲ့ ဂျိုမပါတဲ့ ဝေဒနာရှင်မလေးတွေဆီ ကို
အလည် သွားရုံနဲ့ ကိုယ်မျိုးဆက် အနာဂတ်တွေ လွင့် ပျက် သွားမှာကို ပုရိသ သတို့ သားများ
သတိထားစေ့ချင်ပါတယတိုင်းပြည်ရဲ့အခြေအနေဆိုးကြီးအောက်မှာ ကိုယ်ပိုင်ဆင်ခြင်ထုံတရား
တွေနဲ့  ဆုံးဖြတ်နိုင်တဲ့ အသိတရားမရှိသူလေးတွေရဲ့ဘ၀ ကြေမွရသလို တိုင်းပြည် တစ်ခု လုံး
လည်း အကျင့် ဆိုးတွေ ဖုံးအုပ်နေပါပြီ ဒါ့ ကြောင့် ကျမအနေနဲ့ ထောင် ထဲ ကဂျို မပါတဲ့
ဝေဒနာရှင်လေး တွေရဲ့ ဘ၀တစ်စိတ်တဒေသကို လက်ဆင့် ကမ်း လိုက်ပါတယ် ကုထုံးတွေ
ထက် ကွာ့ယ် နိုင်မဲ့ အခြေအနေတောင် မြန်မာပြည်မှာခက်ခဲ နေပါတယ် ပြည်သူ့ ဘ၀စနစ်ဆိုး
အောက် မှာေ၇တိမ်နစ်ကြရပါပြီ။ ဒီတော့ အမျော်အမြင်ကြီးတဲ့ ကျမတို့ ဗိုလ်ချုပ် ပြောခဲ့တဲ့
စကားအတိုင်းပြောရရင် စစ်အုပ်စု လက်ထက် မှာကျမတို့ တိုင်းပြည်ကြီးဟာ
တကယ့်ကို ------နိုင်ငံကြီး ဖြစ်နေပြီ လား ရယ်လို့  ရင်နင့် စွာခံစားရင်း ပြည်သူလူထုထံ
ဂျိုမပါတဲ့ ဝေဒနာ၇ှင်လေး တွေ ဘ၀ သာဓက ပြပြီး အသိပေးတင်ပြ လိုက်ပါတယ်။။

စာရေးသူကိုယ်တိုင်ဝေဒနာရှင်များနှင့်တွေ့ ဆုံခဲ့သည့် သာယာဝတီထောင်တွင်း
အဖြစ်မှန်များဖြစ်ပါသည် တာဝန်ယူရေးသားတင်ပြပါသည်။။

၁၇-၇-၂၀၀၆
၁၁း၅ pm
မေအိခင်(လယ်ဝေး)
အလင်းအိမ်စာစောင် အတွဲ(၁) အမှတ်(၅)တွင်ဖော်ပြခဲ့ ပြီးဖြစ်သည်။