welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

လူထုခေါင်းဆောင်ရှေ့နေများနှင့် တွေ့ ဆုံ

Thursday, August 27, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့်ရှေ့နေများ တွေ့ဆုံခဲ့
နေအိမ်အကျယ်ချုပ်ကျနေတဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာသူမရဲ့ရှေ့နေများနှင့် ယနေ့နေ့
လည် ၁၂ နာရီ မှ နေ့လည် ၂နာရီ ၃၅အထိ တွေ့ဆုံ ခွင့်ရခဲ့ပါတယ်။ သူမရဲ့ရှေ့နေတဦးအပြင် NLD ရဲ့ပြော
ရေးဆိုခွင့်ရှိသူလည်း ဖြစ်တဲ့ ဦးဥာဏ်ဝင်းကသူတို့ ရှေ့နေ၄ဦးလုံး တွေ့ဆုံခွင့် ရခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်
အပေါ် ထောင်ဒဏ် သုံးနှစ်ချထားတဲ့ အမှုအတွက် လာမယ့်တနင်္လာနေ့မှာ တရားရုံးချုပ်ကိုအယူခံတင်သွင်း
မှာ ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က ထောင်ဒဏ်
၃နှစ်ချမှတ်ခဲ့တာဖြစ်ပြီးထိုပြစ်ဒဏ်ကိုဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အမိန့်နဲ့ ၁နှစ်ခွဲသို့ပြောင်းလဲပေးခဲ့ပြီးနောက်
အင်းယားကန်စောင်းကသူမရဲ့အိမ်မှာပြန်လည်နေထိုင်စေခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာစီရင်ချက်
ချပြီးနောက်တရက်ဖြစ်တဲ့ သြဂုတ်လ၁၂ရက်နေ့မှာ သူမရဲ့ရှေ့နေတွေကို အဲဒီ အင်းယားကန်စောင်းကအိမ်
မှာတွေ့ ဆုံစဉ်ကတည်းက သူမအပေါ်ချမှတ်တဲ့ စီရင်ချက်အပေါ် ကျေနပ်မှု မရှိတဲ့ အကြောင်းပြောဆိုခဲ့ပြီး ရှေ့နေများကို အယူခံအတွက် ပြင်ဆင်ရန် အမိန့်ပေး ခဲ့ပါသည်။အဲဒီ ပြစ်ဒဏ် လျှော့ပေါ့မှု အမိန့်ထဲမှာသူမ
ဟာ လိုအပ်သလို ကျမ်းမာရေး စောင့်ရှောက်မှုခံယူခွင့်ရှိကြောင်းပါခဲ့ပါတယ်။ဒါပေမယ့် ၂၀၀၃ ခုနှစ်မေလ
၃၀ရက် ထပ်မံ ထိမ်းသိမ်းခံခဲ့ ရစဉ်ကတည်းက ၆နှစ်ကျော် ကျမ်းမာရေးစောင့်ရှောက် ကုသမှု ပြုလုပ်ပေး
ခဲ့တဲ့ သူမရဲ့ သမားတော် ဒေါက်တာတင်မျိုးဝင်းနှင့် ပြသခွင့်ကို တောင်းဆိုခဲ့သော်လည်း ယခုအချိန် အထိ အကြောင်းပြန်ကြားခြင်းမရှိသေးဟုလည်း ဦးဥာဏ်ဝင်းက ပြောပြခဲ့ပါသည်။ထိုသို့ နှစ်နာရီခွဲကျော်တွေ့ဆုံ
ခဲ့စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ဆီနိတ်တာ မစ္စတာဂျင်ဝက်၏ ဆောင်းပါးပါ မြန်မာ
နိုင်ငံ အပေါ်စီးပွါးရေး ပိတ်ဆို့ထားမှု အကြောင်း ရေးသားချက်များနှင့် ပါတ်သက်၍ သူမဟာ လွန်ခဲ့ သော
၁၅ နှစ် ကတည်းက ဒီကိစ္စတွေကို ဝိုင်းဝန်း ဆွေးနွေး အဖြေရှာဖို့ နအဖ ခေါင်းဆောင်များကို အကြိမ်ကြိမ် ပြောဆိုခဲ့ပြီး ဖြစ်ကြောင်း တုန့်ပြန် ပြောဆိုခဲ့ကြောင်းကိုလည်း ဦးဥာဏ်ဝင်းက ပြောပြသွားပါတယ်။

မေး(လ်) ပို့ ပေးသော အားကျေးဇူးတင်ပါသည်။

0 comments: