welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ဒီပုံကိုကြည့်ပါ

Saturday, August 22, 2009


ဒီကိစ္စကိုကျမပြောချင်နေတာ ကျမ အလုပ်တာဝန်တွေ
နဲ့ ဆောင်းပါးတစ်ပုဒ်ရေးဖို့ အချိန်အတော် ယူရပါတယ်
စိတ်ထဲပေါ်လာတာကတော့ ခန ခန ပဲ အမေရိကန်ရဲ့ နိုင်ငံတစ်ကာဆက်ဆံရေး တွေမှာမြောက်ကိုရီးယားကို
ကလင်တန်သွားလိုက်ပြီးတောင်ကိုရီးယားသူအမေရိကန်
နိုင်ငံ သူနှစ်ယောက် ကိုပြန်ခေါ်လာပြီး မြန်မာပြည် ကို အထက်လွှတ်တော်အမတ်သွားလိုက်တာကျမ တို့ ခေါင်း
ဆောင်ကိုထောင်ပြန်ချဖို့ အခွင့်အလမ်းဖြစ်စေခဲ့တဲ့လုပ်
ရပ်ကိုကျူးလွန်ခဲ့ဂျွန်ယက်တော ကိုပြန်ခေါ်သွားတာတွေ
ကိုကြည့်ရင် ကမ္ဘာမှာ အမေရိကန် သူလုပ်သမျှဖြစ်နေတာလေးတွေသ တိထားမိပါတယ် ။
မြန်မာစစ်အုပ်စုနဲ့ မြောက်ကိုရီးယား နယူးကလီးယား အတွက် ပေါင်းစည်း နေကြတာလည်းကမ္ဘာသိ မြန်မာ
အစိုးရအမေရိကန်အပေါ်ထားမြောက်ကိုရီးယားအမေရိကန်အပေါ်ထားတဲ့သဘောထားကွာခြားတယ်မရှိပေ
မဲ့ သူတို့ ငတ်နေတာ အမေရိကန်စီးပွါးရေးဖွင့် ဖို့ ပါပဲရင်ထဲကမရှိပဲဆက်ဆံနေကြပေမဲ့ အပေးအယူကတော့
မျှလို့ ရယ်ပေါ့ ။ဒါ ကောင်းတယ် ဂုဏ်ယူတယ် ချီးမွမ်းတယ်လို့  ဘန်ကီမိုးဘယ်လိုပြောပြော ရိုးသားတဲ့ပေါင်း
စည်းမှုညှိနှိုင်းမှုလို့  တော့ ကျမ ဘယ်လိုမှ မယုံကြည်နိုင်ခဲ့ပါဘူး ။

ကျမကတော့ ကျမတို့ ပြည်သူတွေ ကို နိုးဆော်ချင်တာ ကျမ တို့ အရေး ကျမတို့ ဘာသာပိုတွေးပြီးပိုလုပ်ကြ
တာပိုကောင်းပါတယ် ။ဘယ်နိုင်ငံ ဘယ်အစိုးရကမှ သူတို့ နိုင်ငံသူတို့ နိုင်ငံသားထိ ခိုက်နစ်နာမှာကိုမလိုလား
ကြပါဘူး။တကယ်လည်းသူ့ ပြည်သူကိုသူတို့ စောင့်ရှောက်ပုံတန်ဖိုးထားပုံဟာကျမတို့ တိုင်ပြည်အနေအထား
နဲ့ဘယ်လောက်ကွာခြားသလဲဂျွန်ယက်တောကိုပြန်ခေါ်သွားတာမကြေနပ်မဖြစ်ကြပါနဲ့သူ့ အစိုးရကလူပုဂိုလ်
တစ်ယောက် တည်းအတွက် ဘာတွေ ဘယ်လောက် အပေးအယူ နဲ့ လဲလှဲသွားလဲ စဉ်းစားနိုင်ပါတယ်။။ကျမ
တို့ ကသာကျမတို့ ခေါင်းဆောင်ကိုဘာနဲ့မှလဲပြီးနေအိမ်ထဲကမထုတ်နိုင်ကြသေးပါဘူး။ကျမကိုယ်တိုင်လည်း
အသုံးမကျတဲ့နေရာကိုရောက်နေလို့ သုံးမရဖြစ်ခဲ့ရတာတွေ အတွက်နောင်တ ရမိပါတယ်။ဒီပုံလေးမေး(လ်)
တစ်ခုကရောက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်သာအားကိုးရာ ဆိုတာပိုမြင်သာလာတာကြောင့်ကျမတို့ နိုင်ငံ
အရေး ကျမတို့ ပဲ တိုက်ပွဲဝင်ပေးရမှာအသေအ ချာပါပဲ လို့ ခံစားတင်ပြလိုက်ပါတယ် ။။

0 comments: