welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

၁၃၀၀ပြည့် ချောက် ပွဲ ဘာ့ကြောင့် ၂ပွဲ ဖြစ်သွားရလဲ

Wednesday, December 18, 2013

1300 ပြည့် ရေနံမြေအရေးတော်ပုံ သပိတ်တိုက်ပွဲ (၇၅) နှစ်ပြည့် အခမ်းအနား ချောက်မြို့ တွင်ကျင်းပ


၁၃၀၀ ပြည့် ချောက်ရေနံမြေ ရေနံမြေအလုပ်သမားသပိတ် (၇၅ ) နှစ်မြောက် အခမ်းအနားအား ချောက်မြို့ တွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဒီမိုကရေစီအင်အားစုများ၊ လွှတ်လပ်ရေးတိုက်ပွဲဝင် သခင်၊သခင်မကြီးများ၏ သားသမီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အဖွဲ့ ဝင်များတက်ရောက်ခဲ့ပြီး သခင်ဖိုးလှကြီး အုတ်ဂူသို့  ချီတက်အလေးပြု ခဲ့ကြသည်။

အာရှက အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေလည်း သူတို့ ပြည်သူတွေ အတွက် တကယ် ကြိုးစားခဲ့ကြတာ

သြစီ ရောက်စဉ် အရှေ့တောင်အာရှ မှ သမဂ္ဂခေါင်းဆောင်အမများနှင့် သမုဒ္ဒရာအနီးထိ သဘောင်္ စီးထွက်ရင်း ချစ်ကြည်ရင်းနှီးမှု ရခဲ့

အင်ဒိုနီးရှား နှင့် မလေးရှား MTUC မှ သမဂ္ဂခေါင်းဆောင်ညီအမ များ နှင့် အတူ

တကယ် အလုပ်လုပ် တဲ့ နိုင်ငံ တကာ အလုပ်သမားသမဂ္ဂတွေပါ

သြစီ ရောက်စဉ် နိုင်ငံတကာ သမဂ္ဂခေါင်းဆောင်များနှင့် သမုဒ္ဒရာအနီးထိ သဘောင်္ စီးထွက်ရင်း ချစ်ကြည်ရင်းနှီးမှု ရခဲ့

သြစီ မှာ ကျင်းပ တဲ့ SIGTUR ကွန်ဖရန့် ကို မြန်မာပြည်က နေ ကျမတို့  တက်ရောက်ခွင့်ရတဲ့ အခါ သြစီရောက် တောင်အာဖရိ က ITUC ကိုယ်စားလှယ် COSATU က အလုပ်သမားခေါင်းဆောင်တွေ အရှေ့ အာဖရိက ၊ ချီလီ ၊ ဘရာဇီး ၊အာဂျင်တီးနား စတဲ့ အလုပ်သမားခေါင်းဆောင်တွေ နဲ့  ခု လို ချစ်ခင်ရင်းနှီးစွာ  မိတ်ဆွေ ဖွဲ့ ခဲ့ကြပါတယ် သမဂ္ဂ ဆိုတဲ့ ပေါင်းစည်းခြင်းရဲ့ လေးနက်မှုကို ကျမတို့  တည်ဆောက်ခဲ့ကြပြီ ယနေ့ က စ အပြန်အလှန် ချစ်ကြည်စွာ ဆက်သွယ်ဆောင်ရွက်ခဲ့ကြပြီး မြန်မာပြည်အရေး ရိုင်းပင်းစွာ ၀ိုင်းဝန်းသွားမယ်ဆိုတာ လည်း ဆွေးနွေးဖြစ်ခဲ့ကြပါတယ် ။

ချောက် မြို့ ကို ရောက်ခဲ့တယ် ၁၃၀၀ပြည့်အတွက်

Sunday, October 20, 2013

နော်ဝေနှင့် မြန်မာ မထသ အဖွဲ့ တွေ့ ဆုံ

ရန်ကုန်ILO ရုံး မှ

Wednesday, September 18, 2013

ရန်ကုန်ILO ရုံး မှ Piyamal Pichaiwongse နှင့် အလုပ်သမားအရေးဆောင်ရွက်သူများနှင့် တွေ့ ဆုံ

ယနေ့ နံနက် အိုင်အယ်အိုရုံးတွင် အိုင်အယ်အိုမှ လက်ထောက်အရာရှိ Piyamal Pichaiwongse နှင့် အလုပ်သမားအရေးလုပ်ဆောင်သူများနှင့် တွေ့ ဆုံဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင် လူကုန်ကူးမူဆိုင်ရာအခြေအနေများ၊ ကလေးအလုပ်သမားဆိုင်ရာအခြေအနေများ၊ အဓမ္မအလုပ်စေခိုင်းမူအခြေအနေများအား အသေးစိတ်ဆွေးနွေးခဲ့ပြီး အနာဂတ်တွင် တွေ့ ကြုံနိုင်သော အလုပ်သမားများ၏အခြေအနေများအား
ဆွေးနွေးခဲ့သည်။

Tuesday, August 27, 2013

သြစတြေးလျ နိုင်ငံမှ (Union Aid Abroad) APHEDA အဖွဲ့ နှင့် LRDP ၇န်ကုန်မြို့ တွင် တွေ့ဆုံ

ရန်ကုန်မြို့သို့ ရောက်ရှိနေသော  (Union Aid Abroad) APHEDA အဖွဲ့ မှ LRDP အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ နှင့် တွေ့ ဆုံဆွေးနွေးခဲ့သည်။သြစတြေးလျနိုင်ငံ (Union Aid Abroad) APHEDA အဖွဲ့ မှ အမှုဆောင်အရာရှိ Kate LEE နှင့် စီမံကိန်းအရာရှိ Zoe Bedford တို့မှ မြန်မာနိုင်ငံ၏ အလုပ်သမားများ၏ အခြေအနေ၊ အလုပ်သမားသမဂ္ဂများ၏ အခြေအနေများအား အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ မှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။

သိစေအပ်

Thursday, May 30, 2013

ဒီကနေ့ ထုတ် ရွှေနိုင်ငံ နေ့ စဉ် သတင်းစာမှာ ကျမ နဲ့ ပတ်သတ်တဲ့ သတင်း ၂ခု အတွက် ။မဖြစ်မနေ ပြန်တင်ပြရမှာမို့  ကျမ တင်ပြပါ့မယ် ။ နှံပါတ်(၁) က စာမျက်နှာ ဆယ့်ခြောက်ပါ (ပုံပါ)
သတင်းပါ သတင်းတင်ပြတာ ကျမပြောတာနဲ့ မမှားပါဘူး ဒါပေမဲ့ ကျန်ခဲ့တာက ခက်ပါတယ် ။ အရေးကြီးတာကျန်တာပါ ကျမ က အလုပ်ရှင် ပေးနိုင်တဲ့ အဆင့်ကို တဆင့်ချင်းတင်ပြဖို့ နဲ့  အစိုးရ၀န်ထမ်းတွေ ၂၀၀၀၀ တိုးပေးတာ ၂၀၀၀၀ လောက်တိုးတောင်းရင်အဆင်ပြေနိုင်တာနဲ့  မီးပျက်နေတဲ့ ပြဿနာလေးတွေ လည်းထဲ့ပြောထားပါတယ် ။ ခုတင်ထားတာ တုံးတုံးတိတိကြီးဆိုတော့ ဒီနေ့  ဖုန်းတွေ ၀င်ပြီးမေးတာ ဖြေရှင်းနေရပါတယ် ။ သတင်းတင်တာ မမှားပေမဲ့ ချန်ခဲ့ရတာတွေက အရေးကြီးတာတွေ ကျန်တော့ လူထု တမျိုးထင်ကြပါတယ် ။ ၁ယောက်လောက်က ပြောရင် ကျမ ပြန်တင်ပြဖြစ်မှာမဟုတ်ပါဘူး ။။ ရဲဘော် တချို့ ကဆို နင်အရင်ကနဲ့ မတူဘူးတဲ့ အရင်က ချစ်ဖို့ ကောင်းတယ် ဖိုက်တာ တဲ့ ခု ညှိနှိုင်းတာတွေ ဘာတွေ ညာတွေ တဲ့ ဒီစကားအတွက်တော့ ရှင်းပါတယ် ။ ဒါ တိုင်းပြည်အတွက် ကျမရွေးချယ်တဲ့ လမ်းပါ ။ကျမ အပြင်ရောက်တဲ့ အခါ ညှိနှုင်းဆွေးနွေး မှု သင်းပင်းဖွဲ့ စည်းမှု ခိုင်မာတဲ့ အဖွဲ့ အစည်းတွေရဲ့ အားသာချက်တွေဟာ တိုင်းပြည်တွေ ဖွံ့ဖြိုးရေးကို ဘယ်လောက်ပြောင်းလဲစေလဲဆိုတာ (ရှစ်နှစ်လုံး)အခိုင်အမာလေ့လာခဲ့ပြီး ယုံကြည်ခဲ့ပြီးပြီမို့  ဒီလို လျောက်လှမ်းတာပါ ။။

နောက်သတင်းတခု က စာမျက်နှာ၂၀ နောက်ကျောဖုံး က ဖြစ်ပါတယ် ။
ကျမ ရှစ်လေးလုံးငွေရတု လုပ်ဖို့ ပွဲကို တက်ခဲ့တာ ပုဂ္ဂလိက အနေနဲ့ ဖြစ်ပါတယ်။
ဒါကိုလည်း မဆွေးနွေးခင်မှာ မိတ်ဆက်ပြောခဲ့ပါတယ် ၈၈ အရေးတော်ပုံမှာ အခြေခံကျောင်းသူ
တစ်ယောက်အနေနဲ့ ဦးဆောင်ပါဝင်ခဲ့လို့ တာဝန်ရှိတယ် လို့ နားလည်းလို့ တက်ရောက်ခဲ့ကြောင်း
ပြောခဲ့ပါတယ် ။ ဒါပေမဲ့ သတင်းမှာ အလုပ်သမာရေးဆောင်ရွက်သူများကွန်ယက်မှ လို့ ရေးထား
တဲ့အတွက် ဒီကွန်ယက်မှာကျမတို့  LRDP ပါတာမှန်ပေမဲ့ အဲဒီ့ အစည်းအဝေးကိုကွန်ယက်အနေနဲ့ 
တက်ရောက်ခဲ့တာ မဟုတ်ကြောင်းကွန်ယက် ကို ဥပမာပေး၍သာ တင်ပြထားခြင်းဖြစ်ကြောင်း နှင့်
၈၈၈၈ မျိုးဆက် (အဖွဲ့ မဟုတ်ပါ ၈၈၈၈ အစပါဝင်သူစစ်စစ်)
တစ်ဦးအနေနဲ့ သာ တက်ရောက်ဆွေးနွေးခဲ့တာဖြစ်ကြောင်း တင်ပြချင်ပါတယ် ။

ရွှေနိုင်ငံကို ကျေးဇူးတင်ပါတယ် ။ မှားယွင်းခြင်းမဟုတ်သော်လည်း မိမိပြောဆိုထားမှု မိမိမှာ
တာဝန်ရှိ၍သာ ပြန်လည်ရည်ညွှန်းပေးထားခြင်းဖြစ်ပါသည်။

MMWF မြန်မာပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ ချုပ် မှတ်ပုံတင် ကျပြီ


ToT Training from AUS


Mayday From Mandalay


All Labour Union Fourm from Burma (2013)


Labour Fourm


LRDP ၏ အမှုဆောင်သစ်များ

Sunday, March 31, 2013


မတ်လ၂၂ တွင် တိုင်းပြည်အတွက် တန်ဖိုးကြီးသူတစ်ဦး ဆုံးရှုံးရပြန်

ဒုတိယဗိုလ်မှုးကြီးကျော်ဆန်း(အငြိမ်းစား)ကြည်း/၇၆၁၉ ၊ OTS အပါတ်စဉ် (၁၈)
အသက်(၈၁) နှစ်
ကိုယ်ရေးအကျဉ်း
- ဒုတိယဗိုလ်မှုးကြီးကျော်ဆန်းသည် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ နယ် ကျားမင်းကြီးကျေးရွာနေ
အဘ (ဦးလာမြ)+အမိ(ဒေါ်အုန်းခင်) တို့ မှ ၁၉၃၂ ဇွန်လ ၁၇ ရက် တွင် ဖွါးမြင်ခဲ့သည်။
မွေးချင်း (၅)ယောက် အနက် ဒုတိယမြောက် သားဖြစ်သည်။
- ၁၉၃၂ မှ ၁၉၄၇
ကျားမင်းကြီးကျေးရွာတွင် မိဘများနှင့်တူပညာများသင်ယူခဲ့သည်။
- ၁၉၄၇
- နှစ်လည်ပိုင်းတွင် ကျောင်းမှ ထွက်ပြီး စစ်ကိုင်းခရိုင် ဖဆပလ အဖွဲ့ ချုပ်တွင် လွတ်လပ်ရေး ရချိန်အထိပါဝင်ဆောင်၇ွက်ခဲ့သည်။
- ၁၉၄၈ မှ ၁၉၆၂
၁၉၄၉ ဇွန်လတွင် ဗမာ့ သေနတ်ကိုင် တပ်ရင်း တွင်ဝင်ရောက်ခဲ့ပြီး သာမာန်တပ်သားဘ၀မှစ
၍ တာဝန်ထမ်းဆောင်ခဲ့သည်၊ ၁၉၅၁ ခုနှစ်တွင် ဒုတပ်ကြပ်အဆင့်ရရှိပြီး ၁၉၅၂ တွင် တိုက်ပွဲ
ဝင် သူရဲကောင်းမှတ်တမ်းဝင်ဆု ရရှိခဲ့သည်။
- ၁၉၅၄ မှ ၁၉၅၇
ဘုရင့်နောင် စစ်ဆင်ရေး ရန်ကြီးအောင် စစ်ဆင်ရေး တို့ တွင်ပါဝင်ခဲ့ပြီး ၁၉၅၇ တွင် တပ်ကြပ်
အဆင့်နှင့်ဗိုလ်သင်တန်း တက်ရောက်ခဲ့ရသည်။၁၉၅၈ တွင် ပြန်တမ်းဝင်အရာရှိ(ဗိုလ်)ဖြစ်ခဲ့ပြီး
ခလရ (၁) နေပြည်တော် စစ်ဌါနချုပ် ခမရ (၁၀၂) တွင် တာဝန် ထမ်းဆောင်ခဲ့ပါသည်။
- ၁၉၆၂ မှ ၁၉၈၆
၁၉၆၂ -၆၆ ခှုနှစ်တွင် ဗိုလ် ၊ဗိုလ်ကြီး အဆင့် နှင့်တပ်စုမှုး ၊တပ်ခွဲမှုးအဖြစ် ကရင်ပြည်နယ်
သထုံ ခရိုင်တွင် လည်းကောင်း ၁၉၆၆ -၆၈ ခုနှစ်တွင် ရကခ တွင် ဦးစီး(က) အဖြစ်
လည်းကောင်း ၁၉၆၈-၇၁ ခုနှစ်တွင် လကရ(၁) တွင်လည်းကောင်း ခလရ (၂၁)တွင် ဗိုလ်ကြီး
အဆင့် နှင့် တပ်ခွဲမှုး (ဗိုလ်မှုး)တာဝန် ကို ထမ်းဆောင်ခဲ့ပါသည်။
- ၁၉၇၄ -၈၀
ခမရ (၁၁) တွင် တပ်ရင်းမှုး တာဝန် ထမ်းဆောင်ခဲ့ပြီး ၆-၄-၈၁ တွင် ဒုတိယဗိုလ်မှုးကြီးအဆင့်
တပ်ရင်းမှုးတာဝန်နှင့် တပ်ရင်း စည်းရုံးရေး ကော်မတီ ဥက္ကဌ အဖြစ် ၁၉၈၆ တွင် ဒုတ်ယဗိုလ်
မှုးကြီးအဆင့်ဖြင့် ၁၉၈၆ ဇန်န၀ါရီလ (၂၆)တွင် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။
- ၁၉၈၈-၁၉၉၀
အမျိုးသားလှုပ်ရှားမှုကြီးကိုဝန်ကြီးချုပ်ဟောင်း ဦးနု ဗိုလ်မှုးချုပ်အောင်ကြီး(အငြိမ်းစား)
ဦးတင်ဦး (ဗိုလ်ချုပ်ကြီး သူရတင်ဦး ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး ၀န်ကြီးဟောင်း)
နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မဖြစ်မနေ ပူးပေါင်းပြီး နိုင်ငံရေးဦးဆောင်မှုပေးရန် ဦးတင်ဦး
အားအကြံပြုခဲ့သည်ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ဦးတင်ဦးအား အနီးကပ် အကြံပြုတင်ပြခဲ့သော ပထမဆုံး အနီးကပ် ရဲဘော်ဖြစ်
သည်။
မျိုးချစ်၇ဲဘော်ဟောင်းအဖွဲ့ တွင် တပ်မှုးဟောင်း (၈၅) ဦးတွင်ပါဝင်ခဲ့သည် မျိုးချစ်ရဲဘော်
ဟောင်း ဌါနချုပ်တွင် ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် စစ်ကိုင်း
တိုင်းတွင် စည်းရုံးရေးတာဝန်များကိုထမ်းဆောင်ခဲ့သည်။မကွေးတိုင်း အမျိုးသားဒီမိုကရေစီ
အဖွဲ့ ချုပ် တိုင်းစည်းရုံးရေးအဖွဲ့ ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။
- ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
အဖြစ်စစ်ကိုင်းတိုင်း တည့်ဆည် မြို့ နယ် အမှတ်(၁) မဲဆန္ဒနယ် တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ
ရွေးကောက်တင်မြောက်ခြင်းခံခဲ့ရသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၏ စစ်ကိုင်းတိုင်း
ဥက္ကဌ အဖြစ် လည်းကောင်း အဖွဲ့ ချုပ် ဗဟိုဦးစီး အဖွဲ့ ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်း
ဆောင်ခဲ့သည်။
- ၁၉၉၁ - ၂၀၁၃
၁၉၉၁ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ငြိမ်း
ချမ်းရေးဆု ရရှိသည်ကို ထောက်ခံ သည့် အတွက် အာဏာပိုင် မှ ဖမ်းဆီးပြီး ထောင်(ရ)နှစ်
ချမှတ်ခဲ့သည်။
ဆက်လက်၍ ပုဒ်မ ၁၀(က) နှင့် အင်းစိန် ထောင်ထဲ တွင်ပင် ဆက်လက် ထိမ်းသိမ်းခဲ့သည်။
၂၀၀၄တွင် လွတ်ငြိမ်းချမ်းသာနှင့် လွှတ်ပေးခဲ့သော်လည်း ၂လအကြာတွင် မတရားပုဒ်မတပ်
၍ ထောင် (ရ)နှစ် ထပ်မံ ချခဲ့သည်။ ၂၀၁၀ တွင် လွတ်ငြိမ်းချမ်းသာနှင့် ထောင်မှလွှတ်ခဲ့သည်။
ထောင်တွင်း ကျမ်းမာရေး ချို့ ယွင်းမှု များစွာ နှင့် ရင်ဆိုင်ခဲ့ရသော်လည်း ယုံကြည်ချက် အတိုင်း ပါတီတာဝန်များကို ဆက်လက် ထမ်းဆောင်ရန် တာဝန်ကျရာ စစ်ကိုင်းတိုင်း သို့ သွား
ရောက်၍ ပါတီအရေး လူထုအရေးများကို ဆက်လက် ဆောင်ရွက်ခဲ့သည်။နိုင်ငံရေးတာဝန်များ
ကို မကျမ်းမာသည့်ကြားမှ သေဆုံးသည်ထိ စွမ်း စွမ်း တမံ ကြိုးစားဆောင်ရွက်သွားခဲ့သည်။

ဒုဗိုလ်မှုးကြီးကျော်ဆန်း NLD စစ်ကိုင်းတိုင်းတည့်ဆည် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်(၁၉၉၀)ကွယ်လွန်ခြင်း အတွက်

ကောလင်းပါဝါ(လ်) ကဲ့သို့ သော ဒုဗိုလ်မှုးကြီးကျော်ဆန်း

သူရဲကောင်းတစ်ယောက် ထွက်ခွါ
ကျန်ရစ်သူတွေမှာတော့ နှလုံးကြေကွဲ
ဒီပွဲမပြီးသရွေ့ အံကြိတ်ကာ တံတွေးမျိုချ
အင်းးးးးးးးး သွားလေသူကတော့ ငြိမ်းလေပြီ

အန်ကယ် ရေ သမီး ကန်တော့လိုက်ပါတယ်
သမီးယူကျုံ့ မရ ရှစ်ခိုးဦးချလိုက်ပါတယ်။
အန်ကယ် ကျောခိုင်းသွားတာ
သမီးတို့ ဦးတည်လျောက်နေတဲ့ ရည်ရွယ်ချက်ခရီးရဲ့
ပဲ့ကိုင်တစ်ဦး ဆုံးရှုံးရတာပဲ မို့ 
သမီးအတွက် အမိအဖ ဆုံးရှုံးရသလို ကြေကွဲရပါတယ် ။

သူများတွေ က အသက်ရှစ်ဆယ် ကျော်
သေပျော်ပါတယ် လို့  မြင်ကောင်းမြင်နိုင်မယ်
သမီးတို့ အတွက် တော့ အန်ကယ် ရဲ့တစ်နေ့ တစ်ရက်
တစ်မနက်ဟာ အဖိုးမဖြတ်နိုင်တဲ့ အချိန်ကာလတွေ ပါ။
မိနစ်တိုင်း စက္ကန့် တိုင်း အန်ကယ့်ကျော်ဖြတ်မှုတွေ
အယူအဆတွေ အတုယူဖို့ အန်ကယ့်တရားတွေ လိုက်နာဖို့ 
အဲဒီအတွက် အန်ကယ်ရှင်သန်ခြင်း ရဲ့ အကျိုး သမီးမျော်ကိုးမိတယ် ။

ဒါပေမဲ့ ထောင်တွင်း နှစ်နှစ်ဆယ် ကျော်ဖြတ်ခဲ့ရတဲ့ အန်ကယ်
ကိုယ့်အသက် ကို ဒီလောက်ပဲ ထိမ်းနိုင်တော့မပေါ့

မေ့ မရတဲ့ အဖြစ်အပျက်တိုင်းမှာ ခိုင်မာစွာ ရဲရင့်ခဲ့တဲ့ အမှတ်တရတွေထဲ က
ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဌ ဦးအောင်ရွှေပါတီက ထုတ်ပြစ်တဲ့ အခါ
ဦးအောင်ေ၇ွှ ကိုရဲဝံ့စွာ အန်ကယ် ကန့် ကွက်ခဲ့တယ် ။ ဒီလို လုပ်ရဲသူရှိလား ?

ဒေါ်အောင်ဆန်းစုကြည် ကို နိုဗယ်ငြိမ်းချမ်းရေးဆုပေးတဲ့ အခါ
ဒါဟာ ဒေါ်စု နဲ့ ထိုက်တန်တဲ့ ဆုမို့  အန်ကယ် ထောက်ခံခဲ့တယ် ။
ဒါမျိုး ပါတီ ထိပ်သီးများ ရဲဝံ့ဖူးသလား ?

ဒီအတွက် ထောင် ထဲ မှာ နှစ်ပေါင်းများစွာ စံမြန်းရတဲ့ အခါ
ထောင်ညွှန်မှုး တွေ ကို အမိန့် ပြန်ပေး
ထောင်ကျဘ၀မှာတောင် သြဇာရှိသေးတဲ့ ဒုဗိုလ်မှုးကြီးဖြစ်ခဲ့တာ
သူစာရိတ္တ ၀ါရိတ္တ ဘယ်လောက် ခိုင်မာခဲ့သလဲ ?
ဒါမျိုး တပ်မတော်ခေါင်းဆောင်ပိုင်းမှာ ရှိနိုင်ရိုးလား ?

ကိုယ့်သမိုင်းကိုယ်ရေးတယ်ဆိုတာ ဒါပဲ သူသေတဲ့အခါ
သူ့ စကားတွေ ကျန်ခဲ့တယ်
သူ့ တရားတွေ ကျန်ခဲ့တယ်
အံ့မခမ်းတဲ့ သူ့ အစွမ်းတွေ
ရိုးသားဖြောင့်မတ် ရောင့်ရဲတည်ကြည်
ရဲရင့်ပြတ်သားတဲ့ သူရပ်တည်ချက်တွေ
ကျမ နားထဲ ရင်ထဲ တင်မက
သူ့ ကိုလေးစားကြတဲ့ သူတွေ အားလုံး
ပါတီဝင် ရဲရဲတောက်တွေ
ယုံကြည်ချက် အကျဉ်းကျတွေ
ထောင်နံရံ ကြီးတွေ
လူကြီး လူငယ် လူလတ်
တော်လှန်ရေးအတုအယောင်မဟုတ်သူ မှန်သမျှ
သူ့ ကို ဆို သြချလောက်အောင်လေးစားကြတယ် ။

ကျမ ကို သူ့ လက်အောက်ငယ်သားလို သဘောမထား
သူ့  တပည့်လို့ သဘောမရှိ ရဲဘော်ရဲဘက်ဆိုတဲ့ အသိနဲ့ ဆက်ဆံ
ဆိုးတာထောက်ပြ ကောင်းတာလမ်းညွှန် သူသင်ပြ ပြောပြသမျှ တန်ဖိုးရှိတာကြည့်ပဲ ။
အတွေးအခေါ် ရင့်ကျတ်ဖို့ လိုအပ်နေသေးတဲ့ ကျမတို့ အတွက် သူပေးခဲ့ချင်သေးတယ်။

သူလည်း မသွားချင် သွားချင် နဲ့ သွားရမှာ ပါ ။
တော်လှန်ရေးမှ မပြီးသေးပဲ ကိုးးးးးးးး
ဒီမိုကရေစီ ရသေးတာမှမဟုတ် ပဲ
သူစိတ်ချပြီး ဘယ်လို သွားနိုင်ပါ့မလဲ ?

ဒါပေမဲ့ တရားကို သိ ကိုယ်တိုင်လည်းကျင့်ကြံ
လောက နိတိကို ကိုကား
ဗုဒ္ဒတရားတွေကို အားထား
မြင့်မြတ်တဲ့ နှလုံးသားနဲ့ သူမို့ သေသော်ငရဲမလား
တကယ့် အာဇာနည် သားကောင်းတစ်ယောက် အဖြစ်
သူလျောက်တဲ့လမ်း တည့်မတ်ဖြောင့်တန်းခဲ့ပါလားရယ်လို့ 
ဂုဏ်ယူလေးစားရပါတယ် အန်ကယ်

ဗုဒ္ဒရဲ့ လောကတ္တစရိယ အကျင့် လူတိုင်းကျင့်ရမှာမို့ 
လောကကောင်းဖို့ ကြိုးစား အဲဒီနိုင်ငံရေးသမားဟာ
ပါရမီကောင်းတွေ ဖြည့်ကျင့်နေတာပဲ လို့  သူအထပ်ထပ်ဆိုခဲ့ဖူးတယ် ။
အဲဒီ့လိုလူတွေကို သူချစ်တယ် အဲဒီ့လိုလူတွေ သူဝေမျှတယ်
သူ့ ရဲ့ အသိ သူ့ ရဲ့ခွန်အား သူ့  တရားတွေ
ကျမတို့ အတွက် အားတစ်ခု ဖြစ်တာမို့ သူရှိနေချင်သေးတယ်။
ကျမတို့ ကလည်း သူ့ ကို ပဲ့ကိုင် သူတစ်ဦးအဖြစ် ရှိနေစေ့ချင်သေးတယ် ။
ဒါပေမဲ့  သေမင်းကမညှာ ထောင်ဒဏ်က မငဲ့
ကျမတို့ ကို သူ ထားရစ်ခဲ့ပြီ ။။။။။။။။

တပ်မတော်သူရဲကောင်းအဖြစ်
ထောင်အသက် ဆယ့်ကိုးနှစ်
သူရဲ့ ရဲစွမ်းသတ္တိ က သူများနဲ့ မတူ တစ်မူထူးခြား
ရှာမှ ရှားတဲ့ စိတ်ဓါတ်စွမ်းအားပိုင်ရှင်
အချောင်သမားဆို အလိုမရှိ
အူကြောင်ကြောင် အရောင်သမားတွေ ကို လည်း အထာမရှိ
တိုင်းပြည်ကောင်းစားဖို့ ပြည်သူ့ ဘ၀တိုးတက်မြှင့်မားဖို့ သာသူသိ
ကောလင်းပါဝါ(လ်) ကဲ့သို့ နိုင်ငံ့သားကောင်း စစ်သား
ပြည့်သူ့  ဖက် က ရပ်တဲ့ တကယ့်တော်လှန်ရေးစစ်ဗိုလ်မှုးကြီး ပါလား ဟု
ဝမ်းနည်းကြေကွဲစွာနှင့် ဂုဏ်ပြု တင်ပြရင်းးးးးးးးးးးးးးးး
အန်ကယ် ကောင်းရာသုဂတိလားပါစေ။။။။။။။။။။။။။။။။။။။။။။
မေအိခင်(လယ်ဝေး)
ကျမအိရွှေစင်သည် အန်ကယ့်ဆိုဆုံးမမှုများ သင်ကြားပေးမှုများကို ငယ်စဉ်ကတည်း က လက်ခံရရှိခဲ့သည့်
နည်းတူ အန်ကယ့် ကို တူအောင်မတုနိုင်ပေမဲ့ အန်ကယ် ယုံကြည် မျော်လင့်တဲ့ ရိုးသား ဖြောင့်မတ် ရဲရင့်
တည်ကြည်တဲ့ စိတ်ဓါတ်များနှင့်အတူ ဒီမိုကရေစီ ပန်းတိုင်ရောက်သည် အထိ လျောက်လှမ်းပါ့မည်ဟု သံဓိဌါန်ချ ဂတိပြုအပ်ပါသည်။ ဆရာသမားကောင်းခေါင်းဆောင်ကောင်းတစ်ဦး ဆုံးရှုံးရသည့်အတွက် ကြေကွဲရပါသည်။

ပြည်ထောင်စုဝန်ကြီး သုံးဦးဖြစ်သော ဦးစိုးသိန်း ဦးအောင်မင်းနှင့် ရဲချုပ်ဟောင်း ၀န်ကြီးဦးခင်ရီတို့ မှ မိမိတို့  အလုပ်သမားရေးဆောင်ရွက်သူများ ၊အခြေခံ အလုပ်သမားအဖွဲ့ တို့ နှင့်တွေ့ ဆုံ

Sunday, February 24, 2013



၂၃ ရက် ဖေဖေါ်ဝါရီ တွင် ပြည်ထောင်စုဝန်ကြီး သုံးဦးဖြစ်သော  ဦးစိုးသိန်း ဦးအောင်မင်းနှင့် ရဲချုပ်ဟောင်း ခင်ရီတို့ မှ ကျွန်ုတို့  အလုပ်သမားရေးဆောင်ရွက်သူများ နှင့် အခြေခံ အလုပ်သမားအဖွဲ့ တို့ အား ခေါ်ယူတွေ့ ဆုံခဲ့သည်။ အလုပ်သမားဌါန ညွှန်ချုပ်ဦးဝင်းရှိန်လည်းပါဝင်ပါသည်။ မိမိမှ LRDP အနေနှုင့် လက်ရှိ အလုပ်သမားအဖွဲ့ ဖွဲ့ စည်းခွင့်ရပြီးနောက် အစိုးရ ဌါနဆိုင်ရာဖက်မှ နှောက်ယှက်မှုမရှိ ပူးပေါင်းဆောင်ရွက်မှု ရှိသောလည်း အလုပ်၇ှင် များမှ ဖွဲ့ စည်းခွင့် ဥပဒေအပေါ်ချိုးဖောက်၍ အလုပ်သများများကို အလုပ်ထုတ်ပစ်ခြင်းများအပေါ် အစိုးရမှ အလုပ်ရှင် များအား နည်းလမ်းများပေးရန် စေ့စပ် နိုင်ရန် အလုပ်ရှင် အလုပ်သမားအစိုးရ သုံးဦးသုံးဖလှယ် ပူးပေါင်း ဆက်ဆံ နိုင်ရန် အတွက် တင်ပြခဲ့သည် . ထို့ အတူ အလုပ်သမားခေါင်းဆောင်အသီးသီး မှလည်း ၄င်းတို့ အဖိနှိပ် ခံရမှုများနှင့် လက်၇ှိ အခြေအနေများအား အစိုးရ ၀န်ကြီးအား တင်ပြခဲ့ကြသည်။ ၀န်ကြီးများမှလည်း တစ်ဦးချင်း၏ တင်ပြမှုများအား အလေးထား တုန့် ပြန် ပြောဆိုခဲ့ကြပြီး
အလုပ်ရှင် များနှင့် ထပ်မံ တွေ့ ဆုံပြီး ညှိနှိုင်းနိုင်၇န် နည်းလမ်းများကြီုးပမ်းပေးသွားမည်ဟု သိရသည်။

တင်သွင်းသောစာတမ်းများအတွက် သက်ဆိုင်ရာ ချိုးဖောက်မှုများ ကို အစုလိုက် ဆွေးနွေးစဉ်

Wednesday, February 20, 2013


အဖွဲ့ ချုပ်နာယက ကြီး ဘဘဦးတင်ဦး ကိုယ်တိုင် ကျမတို့  ကျင်းပသောအလုပ်သမားရေးရာအလုပ်ရုံဆွေးနွေးပွဲ သို့ 

အဖွဲ့ ချုပ် နာယက ကြီး ဘဘဦးတင်ဦးမှ အလုပ်သမားရေးရာ အလုပ်၇ုံဆွေးနွေးပွဲ သို့ တက်ရောက်ဖွင့် လှစ်ပေးခဲပြီး အဖွဲ့ ချုပ်အနေနှင့်လည်းရွေးကောက်ပွဲ ပြီးလျှင် ပေါ်ပေါက်လာသောရေးရာ ဗဟိုတာဝန်ခံများထဲမှ အလုပ်သမားရေးရာတာဝန်ခံ များနှင့် အလုပ်သမားအကျိုးကိုဆောင်ရွက်မည်ဖြစ်ရာ ဤ သို့  အလုပ်သမားရေးကို အောက်ခြေမှစ၍ လူထုထဲတွင်ရှိနေသော အလုပ်သမားရေးဆောင်ရွက်သူများနှင့် ချိတ်ဆက်၍ အလုပ်သမားထုအားကူညီသွားမည်ဖြစ်သည်ဟု ပြောကြားသွားသည် ။

FOA ကိုချိုးဖောက်တာ တွေ ကျမ က တာဝန်ယူပြီး လွှတ်တော်ကို တင်သွင်းပါမယ်

မြန်မာနိုင်ငံတွင် ပထမ ဆုံး ကျင်းပဖြစ်သည့် အလုပ်သမားရေးရာ အလုပ်ရုံဆွေးနွေးပွဲ

ဖေဖေါ်ဝါရီလ ဆယ့်ခြောက်ရက်နှင့် ဆယ့်ခုနှစ်ရက်တို့ တွင် သုခ ခန်းမ နာရေးကူညီမှုအသင်း
တွင် အခြေခံအလုပ်သမားသအဂ္ဂ ပေါင်းတစ်ရာနီးပါးတို့  က အလုပ်သမားရေးရာအလုပ်ရုံဆွေးနွေးပွဲအောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။
တက်ရောက်သည့် အလုပ်သမားပေါင်း တစ်ရာ့ငါးဆယ်ကျော်ဖြစ်ပြီး သမဂ္ဂပေါင်း ၈၀ကျော်မှ
တက်ရောက်၍ လက်ရှိ အလုပ်သမားအခွင့်အရေး နှင့် ဖွဲ့ စည်းရေးအတွက် ဖိနှိပ်ချိုးဖောက်ခံ
ရမှုများကို စာတန်းဖတ်တင်ပြသွားပါသည်။
အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် နာယက ကြီး ဘဘ ဦးတင်ဦး ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့ အစည်း မှ ဦးကိုကိုကြီး အစိုးရ ပိုင်းမှ အလုပ်သမားရေးဝန်ကြီးဌါန ၏ညွှန်ချုပ် ဦးဝင်းရှိန် တို့ က အဖွင့် အမှာစကားပြောကြားပေးကြပြီး ILO မှ လွတ်လပ်စွာသင်းပင်းဖွဲ့ စည်းရေး တာဝန်ခံ မစ္စတာရော့(စ်) ၀ီလစင် မှ ဒုတိယနေ့ တွင် အလုပ်သမားများအတွက် လွတ်လပ်စွာသင်းပင်းဖွဲ့ စည်းမှုဆိုင်ရာ နှင့် အခွင့်အလမ်းများကို ဆွေးနွေးတင်ပြသွားပါသည်။
ဤ အလုပ်ရုံဆွေးနွေးပွဲသို့  သမဂ္ဂအသီးသီး၏ တင်သွင်း ဖတ်ကြားသွားသောစာတန်းများကိုပြုစု ၍ Labour Rights (အလုပ်သမားအခွင့်အရေး)နှင့် ပတ်သတ်၍ ဦးသူရိန်အောင်မှ
တာဝန်ယူကာအစုလိုက် စုစည်းဆွေးနွေးတင်ပြသွားပြီး Trade disipute(အငြင်းပွါးမှု) နှင့် ပတ်သတ်၍ ဦး
စောကျော်ကျော်ကျော်မင်းမှ တာဝန်ယူကာ အစု အဖွဲ့ အလိုက်ဆွေးနွေးတင်ပြသွားပြီး ဒေါ်အိရွှေစင်ညွန့် မှ တာဝန်ယူကာ Freedom of Association (လွတ်လပ်စွာသင်းပင်းဖွဲ့ စည်းခွင့် )နှင့် ပတ်သတ်ပြီး အစု အဖွဲ့ အလိုက် ဆွေးနွေးသွားပါသည်။ ဆွေးနွေးတင်ပြချက် များကို လာမည့်ရက်သတ္တပတ်အတွင်း
လွှတ်တော်သို့  တင်သွင်းသွားမည်ဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်ရေးကို အလုပ်သမားရေးဆောင်ရွက်သူများကွန်ယက်မှ တာဝန်ယူဆောင်ရွက်ပြီး လူထု အကျိုးပြု ဆောင်ရွက်နေသောအဖွဲ့ အစည်း အသီးသီး၏
အလှူငွေများ ဦးကျော်သူဒေါ်ရွှေဇီးကွက် တို့ ၏ ခန်းမ နှင့် အလုပ်ရုံဆွေးနွေးပွဲတစ်လျောက်
စားသောက်နေထိုင်မှုများအစစ တာဝန်ယူမှုကြောင့် ဤ အလုပ်ရုံဆွေးနွေးပွဲအားအောင်မြင်စွာကျင်းပနိုင်ခြင်းဖြစ်သည်။

အလုပ်သမားအဖွဲ့ ချုပ်ကြီးပေါ်ပေါက်လာစေရန် နှင့်

Tuesday, January 8, 2013

                             အလုပ်သမားရေး ဆောင်ရွက်သူများ ပဉ္စမအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ
မြန်မာနိုင်ငံတွင် အလုပ်သမားရေး ဆောင်ရွက်နေသည့် အဖွဲ့ အစည်းများ အလုပ်သမားသမဂ`ဂများဖြစ်မြောက် လာရန် ကူညီဆောင်၇ွက် နေသသည့်အဖွဲ့ များ မှ အလုပ်သမားပြဿနာများ အငြင်းပွါးမှုများ ဖြေရှင်းနိုင်ရန် အလုပ်သမားအဖွဲ့ ချုပ်ကြီး ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ကွန်ယက် တစ်ခု အနေဖြင့် စုပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးညှိနှိုင်းနေကြသည်မှာ အဖွဲ့  ၁၀ဖွဲ့  သဘောတူညီမှုရရှိနေပြီဖြစ်သည်။ ပူးပေါင်းဆောင်ရွက်လိုသည့် အလုပ်သမားရေးဆောင်ရွက်သည့်အဖွဲ့ အဖွဲ့ အစည်းများ မိမိတို့ နှင့်ဆက်သွယ်နိုင်ပါသည်။

Tuesday, January 1, 2013

ဘဘဦးတင်ဦး နှင့် ကျမ သမီးငယ်လေးနှင့် အမှတ်တရ