welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

သိန်းစိန်အစိုးရ ။ KIO -KNU-NMSP-SSA ထံသို့  လူထုခေါင်းဆောင်၏ပေးစာ

Thursday, July 28, 2011


အကြမ်းဖက် ဟူသမျှကို ကန့် ကွက်ရုံ့ ချသည်။

Sunday, July 24, 2011



သေဆုံးသွားတဲ့ နော်ဝေ ပြည်သူတွေ အတွက် စိတ်မကောင်းဖြစ်ရ ပါသည်။ ငြိမ်းချမ်းရေး ကိုဖျက်ဆီးသူဟူသမျှ ကန့် ကွက်ပါသည်။

ထောင်ထဲက နေဘုန်းလတ်ရဲ့ ကဗျာ

Thursday, July 21, 2011

အောင်ဆန်းက ကျွန်တော့်ကို ငုံ့ကြည့်နေတယ်…

by Nay Phone Latt on Wednesday, July 20, 2011 at 10:09am




သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ရဲ့ မာန်မာနတွေ သိမ်ဖျော့မှေးမှိန်သွား
ကြီးမြတ်သော ပေးဆပ်စွန့်လွှတ်ခြင်းမှာ
လုပ်မြဲအလုပ်တစ်ခုလို သူရိုးရှင်းတည်ငြိမ်ခဲ့ပုံက
အသံကျယ်တဲ့ သင်္ကြန်အမြောက်တွေကို အရှက်ရစေခဲ့
သူ့မျက်နှာက ခက်ထန်မာကြောသယောင်ယောင်
ဒါပေမယ့် … သူ့ရဲ့ အားပြင်းတဲ့ စိတ်အလင်းရောင်မှာ
သူ့ရဲ့ တည်ကြည်လေးနက်ခြင်းက မဲညစ်ပိတ်မှောင်မနေခဲ့
တိုင်းပြည်နဲ့လူမျိုးကို ချစ်ခြင်း
လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးခြင်း
သူ့နှလုံးသားက အဲဒီအားနှစ်ခုတည်းနဲ့ ထိန်ထိန်လင်းတယ်
အဲဒီအလင်းကို ကျွန်တော့်ရင်ဘတ်ဆီ နှလုံးသားချင်း ချိတ်ဆက်စီးကူး
ကျွန်တော့်ရင်ခုန်သံတွေ ပူနွေးပြင်းရှမှုတစ်ခုနဲ့ တက်ကြွတောက်မြူးခဲ့ … ။

သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ရဲ့ သိမ်ငယ်စိုးထိတ်မှုတွေ အားပျော့ကင်းစင်သွား
သူ့ရုပ်သွင်ရဲ့ သတ္တိရသက
ကျွန်တော့်စိတ်ဓါတ်ကို ဆွဲယူထူမတယ်…
သူ့သွေးတွေရဲ့ လတ်ဆတ်ပူနွေးမှုက
ကျွန်တော့်သွေးကြောတွေထဲ ဖောက်ဝင်စီးဆင်းတယ်…
ကျွန်တော့်အခန်းကျဉ်းလေးရဲ့ တိတ်ဆိတ်မှုထဲမှာ
သူ့စကားသံတွေ အသံမဲ့ပဲ့တင်ထပ်
တစ်သားတည်းကျသွားတဲ့ စိတ်ဓါတ်ခွန်အားနဲ့
သူမက်ခဲ့တဲ့ အိပ်မက် ကျွန်တော် ဆက်မက်တယ်
တစ်ထပ်တည်းကျသွားတဲ့ ရင်ခုန်သံစည်းချက်နဲ့
သူပျိုးခဲ့တဲ့ တစ်ပွင့်ပန်း ကျွန်တော် ဆက် လက်ဆင့်ကမ်းမယ်
သူချစ်ခဲ့သော တိုင်းပြည် သူမျှော်လင့်တဲ့အတိုင်း တည်စေဖို့
နီစွေးပြတ်သားသော ရဲရင့်ခြင်းနဲ့
ကျွန်တော် ရှေ့ဆက်ချီတက် ထမ်းရွက်မယ် …။

ကျွန်တော်တို့လမ်းရဲ့ ခက်ခဲကြမ်းတမ်းမှုတွေ
သူလျှောက်ခဲ့ရတဲ့လမ်းလောက် ဆိုးဝါးပြင်းထန်ခဲ့သလား
ကျွန်တော်တို့ခရီးရဲ့ ရှုပ်ထွေးခဲယဉ်းမှုတွေ
သူနှင်ခဲ့ရတဲ့ခရီးလောက် ပွေလီကျပ်တည်းခဲ့သလား
ဦးနှောက်တွေ ဆူဝေပေါက်ကွဲလုမတတ်
သူတွေးခေါ်တွက်ချက်ခဲ့သလောက်
ကျွန်တော်တို့တွေ ဘယ်နှစ်ယောက်များ အားထုတ်ခဲ့ကြဖူးသလဲ
အိပ်လဲ ဒီစိတ် စားလဲ ဒီစိတ် သွားလဲ ဒီစိတ်နဲ့
သူ စွဲစွဲလမ်းလမ်း တောင့်တရယူပေးခဲ့တဲ့ လွတ်လပ်ရေး
အဲဒီ… လွတ်လပ်ရေးဆိုတာအတွက်
ကျွန်တော်တို့ သူ့လောက် ရူးသွပ်ပေးဆပ်ခဲ့ကြရဲ့လား
မေးခွန်းတွေများစွာက
ကျွန်တော့်ရင်ကို တွန်းထိုးတူးဆွကြ
သူ့မျက်နှာကို မော့ကြည့်တိုင်း
ကျွန်တော့်ကိုယ်ကျွန်တော် အားမလို အားမရ ဖြစ်မိတုန်းပဲ …. ။

နေဘုန်းလတ်

၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ( ဘားအံ အကျဉ်းထောင် မှ ဂုဏ်ပြုဖွဲ့ဆိုပါသည် )

နေဘုန်းလတ်အား ချစ်ခင်လေးစားသော အားဖြင့် ပေးပို့ လာသော မေး(လ်) မှ ကူးယူတင်ပြပါသည် ။

အာဇာနည်နေ့ ဒို့ မမေ့

Thursday, July 14, 2011



ပုံကို -ကိုနစ်နေမန်းထံမှ ကူးယူပါသည်


ဇူလိုင်လမှာ ၁၉ ရက်
မမေ့နိုင်တဲ့ ဒို့ တသက်
တိုင်းပြည်အတွက် စည်းဝေးစဉ်
အတွင်းဝန်ရုံးတွင်
အတင်းဝင် ဒလစက်
သေနတ်နဲ့ ပစ်ခတ်
ဒို့ များဗိုလ်ချုပ်အပေါင်းမှာ
ကျဆုံးရလေရှာ
မမေ့နိုင်တဲ့ ဒို့ တစ်သက်
ဇူလိုင်လမှာ ဆယ့်ကိုးရက်







ကလေးဘ၀ ကသင်ရိုးကဗျာလေးပါ ဒီကဗျာ ခု စစ်အုပ်စုသင်ရိုးထဲမှာ ပါ မပါ သေချာမသိပေမဲ့ မျိုးဆက်သစ်ကလေး
တွေဟာ အာဇာနည်နေ့  လို့ ပြောရင် အာဇာနည် (အဆိုတော်)လောက်ကိုပဲ သိနေတာတော့ရင်နာစရာပါ ။ ကျမတို့ 
သားသမီးလေးတွေ ကိုတော့ ကျမတို့ က လက်ဆင့်ကမ်းနိုင်ပေမဲ့ ပြောပြနေနိုင်ပေမဲ့ ----- --------

မွေးနေ့ 

ပေးဆပ်ခဲ့တဲ့အသက်တွေဘ၀တွေ အတွက် အကြွေးဆပ်ကြရဦးမဲ့ 7 July

Wednesday, July 6, 2011



မြန်မာပြည်သမိုင်း ဘယ်လိုဘယ်က စရေးရေး ကျောင်းသားအရေးမပါ ရင်မပြီးဘူး ။ တကယ်ဖြူဖြူစင်စင်နဲ့  အာဏာရှင်အဆက်ဆက်ကိုခေတ်အဆက်ဆက်တော်လှန်ခဲ့သလို ခုလည်းတော်လှန်ဆဲ နောင်လည်းတော်လှန်
နေဦးမှာပါပဲ ။ ကျောင်းသားသမိုင်းကိုတော့ မှေးမှိန်အောင် ဘယ်လိုဖျောက်ဖျောက် မပျောက်ပျက်ဘူးဆိုတာ
အာဏာရှင်ဟူသမျှ သိနေကြတာကြောင့် အာဏာရှင်တွေ အကြောက်ဆုံးက ဖြူစင်တဲ့ရဲရဲတောက်ကျောင်း
သားတွေကိုပဲ - ဒါ့ကြောင့် 7July မှာပေးဆပ်ခဲ့ ပါဝင်ခဲ့ တိုက်ပွဲဝင်ခဲ့ အကျဉ်းကျခဲ့ ကျဆုံးခဲ့ရတဲ့ နောင်
တော်ကျောင်းသားများကို အလေးပြူပါတယ် ထာဝရ အလေးပြုလျှက်ပါ --- သမဂ္ဂအဆောက်အအုံကြီး
ပြန်မတည်ဆောင်နိုင်သေးသ၍ ကိုယ်တွေ တာဝန်မကြေသေးဘူးဆိုတာ နားလည်တာကြောင့်အာဏာရှင်အ
ဆက်ဆက်ကို --ဆက်လက် တိုက်ပွဲဝင်သွားမယ် လို့  ဂတိပြုပါတယ် ။

မေအိခင်(လယ်ဝေး)