welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ဘဘဦးကြည်မောင် နဲ့  လူငယ်တွေ

Tuesday, August 18, 2009




ဒီပုံကဘဘ ဦးကြည်မောင်မကွယ်လွန်ခင်တစ်နှစ်လောက်အလို မှာ
ကျမနဲ အတူ ဘဘကိုလေးစားချစ်ကြည်တဲ့ လူငယ်တွေ နဲ့  အမှတ်
တရ ရိုက် ဖြစ်ခဲ့ကြတာပါ ။ ယာဘက်အစွန် က မျက်မှန် နဲ့ လူငယ်က
ကျော်ကျော် ပါ ဒဂုံမြို့ သစ် မြို့ နယ် လူငယ်တာဝန်ခံလုပ်ခဲ့ပြီး ၂၀၀၆
မေဒေးနေ့ မှာအမေရိကန်စင်တာမှာအလုပ်သမား အခွင့်အရေးပညာ
ပေး ဖို့  ကြိုးစားမှု နဲ့ ယခုထောင်နှစ်၂၀ကျခဲ့နေရသူပါ။ဥပဒေပညာ
ရှင်တစ်ဦးလည်းဖြစ်ပါတယ် ။ဒုတိယမြောက် သူရိန်အောင် ကလည်း
ကျော်ကျော် နဲ့ အတူ အမေရိကန်စင်တာမှာမေဒေး နေ့  ကို ဦးဆောင်
ကျင်းပသူ အနေနဲ့  ယခု ထောင်ထဲ မှာ ၂၈ နှစ် ကျခံနေရပါတယ် ။
ကျန်နှစ်ယောက် ကတော့ ကျမ နဲ့  ကျမ ခင်ပွန်းပါ ။ ကျမတို့ တတွေ
ဘဘကျမ်းမာစဉ်မှာ ဘဘဆီက အမှန်တရားအတွက် တိုက်ပွဲဝင်ရဲတဲ့
ပြောရဲဆိုရဲတဲ့ သတ္တိတွေ အရယူခဲ့ပါတယ် ။ထောက်လှန်းရေးဗိုလ်ချုပ် ကို တရားဟော စင်မြင့်က နေ ဗိုလ်ခင်ညွန့် ခင်ဗျား ကြိုးစင်တက်
ရမယ် ခင်ဗျား ကို ငုရင်ဘတ် ခုံရံးကိုတင်ပြစ် မယ် လို့  ဘယ်သူများပြောရဲ လို့ တုန်း (ပြည်ပ ကအော်တာမဟုတ်ဘူးနော် )

0 comments: