welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

သြစတေးလျာ မှ ရောက်ရှိလာသော အလုပ်သမားဝန်ကြီး နှင့် မိမိ ဆွေးနွေး ခဲ့

Friday, October 26, 2012




 သြစတေးလျား မှ ရောက်ရှိလာသောဝန်ကြီးနှင့် အဖွဲ့ မှ ဒေါ်အိရွှေစင်ညွန့် အား ၂၂-၁၀-၂၀၁၂ တွင် ခေါ်ယူတွေ့ ဆုံ ခဲ့သည်။
မြန်မာနိုင်ငံ၏ အလုပ်သမားများအခြေအနေနှင့် Trade Union  ဆိုင်ရာ အခြေအနေများကို သံအမတ်ကြီးနေအိမ်တွင် ယနေ့  ဆွေးနွေးပြောဆိုခဲ့ကြသည်။
အလုပ်သမားဝန်ကြီးအပါအ၀င် ACTU သမဂ္ဂဥက္ကဌ နှင့် ပြည်သူ လွတ်တော်ကိုယ်စားလှယ် များ မှ ၄င်းတို့ သိလိုသောမြန်မာနိုင်ငံမှ အလုပ်သမားအဖွဲ့ ဖွဲ့ စည်းခွင့်ဆိုင်ရာနှင့် အခက်အခဲများကို မေးမြန်းခဲ့ရာ
အလုပ်သမားဝန်ကြီးမှ အလုပ်သမားများအား သမဂ`ဂ ဖွဲ့ နိုင်ရန် ဘယ်လို အစ ပျိုး ခဲ့သလဲ ဟုမေးရာ -- ပထမဦးဆုံး လွှတ်လပ်သောအလုပ်သမားသမဂ`ဂများဖြစ်မြောက်ရေးကော်မတီဖွဲ့ ပြီး သမဂ္ဂရဲ့ အခြေခံ မူဖြစ်တဲ့ အလုပ်သမားထဲ ကအလုပ်သမားသာခေါင်းဆောင်ဖြစ်ဖို့  ကိုယ့်ခေါင်းဆောင်ကို ကိုယ်တွေ ကသာရွေးချယ်ဖို့  အစိုးရ သို့ ပါတီတခုခု ပုဂိုလ်တဦးဦး တစုတဖွဲ့ ရဲ့ အလွှမ်းမိုးခံမဖြစ်ဖို့ ကိုယ်ပိုင်ရန်ပုံငွေ နဲ့ လှုတ်ရှားစည်းရုံးတက်ဖို့  --စုပေါင်းဆောင်ရွက်ဖို့  အလုပ်သမားများ ကိုယ်တိုင်ကသာ ကိုယ့်အဖွဲ့ ရဲ့ ဖွဲ့ စည်းပုံကိုရေးဆွဲ ဖို့  -စုပေါင်းညှိနှိုင်း ဆောင်ရွက်တက်ဖို့  ဒါတွေ ၇ှိမှသာ ကိုယ်တွေ အဖိနှိပ်ခံ ဘ၀မှလွှတ်မြောက်မယ် ဆိုတာကို အစပျိုးပြီး ဖွဲ့ စည်းရေးကို စခဲ့ပါတယ် ။ ခုဆို အများအားဖြင့်ရန်ကုန် မန္တလေး မှာ လူအတော်များ အဖွဲ့ အစည်းအတော်များများက အလုပ်သမားရေး ကို စိတ်ပါလာပြီး လုပ်ဆောင်လာတာကြောင့် သမဂ`ဂ ဖြစ်မြောက်ရေး ကတော့ အောင်မြင်တယ် လို့ ဆိုရပါမယ် ။ ခု နောက်ပိုင်း အများစု က သမဂ`ဂတွေ ဖွဲ့ စည်းတက် လာပြီအလုပ်သမားတွေ ကိုယ်တိုင်ကလည်း သူတို့ ဖာသာဖွဲ့ စည်းနေပြီ မို့  ကျမ တို့ က အလုပ်သမားအခွင့်အရေးတွေ ကာကွယ်မြှင့်တင်ဖို့ လိုအပ်လာတာမို့  ခု LRDP အနေနဲ့ ဆောင်ရွက်နေပါပြီ ။။
ဝန်ကြီးကပဲ ထပ်မံြ့ပီး အလုပ်သမားတွေ ၇ဲ့ အကြောက်တရား ကိုမေးတဲ့အခါ
အမှန် တကယ်လွတ်လက်တဲ့အလုပ်သမားအဖွဲ့ တွေ ပေါ်ဖို့ မှာ  အစိုးရ အလုပ်ရှင် အလုပ်သမား အားလုံးရဲ့ စေတနာ မှန်ဖို့ လို အပ်တယ် ဆိုတဲ့ အကြောင်းနဲ့  မြန်မာနိုင်ငံရဲ့ အဓိက ပြဿနာ က နှစ်ကာလများစွာဖိနှိပ်ခံထားရတာကြောင့် အခု အလုပ်သမား အဖွဲ့ တွေ ဖွဲ့ ခွင့်ရပြီဆိုပြီး လိုက်လံ ဟောပြောနေသော်လည်းကြောက်ရွံခြင်းရှိနေသေးသည်ကို ဖြေဆိုခဲ့ပါတယ်။
အလုပ်သမားတွေ အလုပ်သမားအဖွဲ့ ဖွဲ့ တာကို အလုပ်ရှင် အများစု က အဆိုးမြင်ပြီး ဖိနှိပ် တာ တွေ ပိုရင်ဆိုင်ရပါတယ် ။ အာဏာပိုင် အစိုးရထိပ်ပိုင်း ကတော့ ဖိအားပေးနှောက်ယှက်တာ မရှိပါဘူး ။ဒါပေမဲ့  အောက်ခြေ၀န်ထမ်းတွေ နဲ့ ဥပမာ ရဲဝန်ထမ်းတွေ ဆို အလုပ်သမားအဖွဲ့ ဖွဲ့ စည်းခွင့်ရှိတယ် ဆိုတာ ကို မသိသူတွေ များပါတယ် အဲဒီမှာ ပြဿနာက အရင် စစ်အစိုးရ လက်ထက် မှာ လို ကိုယ့်တာဝန်ပေါ့လျော့တယ်ဆိုပြီးအလုပ်ပြုတ်မှကြောက်လို့  ဖိနှိပ်မြဲ ဖိနှိပ် လာတာလေးတွေ တွေ့ ရပါတယ် ။
ဝန်ကြီးက အလုပ်သမားတွေ ဘေးရန်အန္တယယ်ကင်းဖို့  လုပ်ငန်းခွင် လုံခြုံရေးကိုမေးတဲ့ အခါ
ADK စက်ရုံ မှ တနှစ်ထဲ ဖယ်ရီကား ၂ခါမှောက်မှု ကို ဥပမာပေးပြီး ကျမ ပြောပြခဲ့ပါတယ် ။ ဓါတုလုပ်ငန်းတွေ မှာအကာအကွယ်ပစ္စည်း နေရာတိုင်းမှာ ဥပဒေပြဌါန်းပြီးတက်ဆင်ထားတာ မ၇ှိတာ လူမှုဖူလုံရေးဥပဒေအသစ် ကိုရေးဆွဲနေတယ်ဆိုတဲ့ နေရာမှာလည်း လက်တွေ့ လုပ်ငန်းခွင်ထဲ မှာရှိတဲ့ အလုပ်သမားတွေ (သို့ ) ဖွဲ့ စည်းပြီး အလုပ်သမားအဖွဲ့ တွေ နဲ့  ညှိနှိုင်းဆွေးနွေးသင့်ပါတယ် ဆိုတာ တင်ပြခဲ့ပါတယ် ။
ဖွဲ့ စည်းခွင့်ဥပဒေပါ အချက်အလက် တွေ ထဲမှာလည်း အားနည်းချက် တွေ အများကြီးကို ကျမ ထောက်ပြခဲ့ပါတယ် ။ အားနည်းချက်များတဲ့ ဖွဲ့ စည်းပုံ ကိုတောင်စနစ်တကျ လေးစားလိုက်နာခြင်း မရှိတာတွေ တွေ့ ရပါတယ် အထူးသဖြင့် လုပ်ငန်းရှင် အများစုက မလိုက်နာတာပါ။ အလုပ်သမားအဖွဲ့ ဖွဲ့ လို ခြိမ်းခြောက်တာမျိုး အလုပ်ထုတ်ပစ်တာမျိုး ဟာ ဖွဲ့ စည်းပုံဥပေးအတိုင်းဆို အဲဒီ့ အလုပ်ရှင် ကို အလုပ်သမားတွေ က အရေးယူပြီး အစိုးရ က ပြစ်ဒဏ်ချလို့ ရပါတယ် သို့ ပေမဲ့ လက်တွေ့ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက် ကို မလိုက်နာတာတွေ အများကြီးတွေ့ ရပါတယ် ။
လုပ်ငန်းရှင်တွေကိုပါ  အသိပညာပေးဖို့ အများကြီးလိုအပ်ပါတယ် ။ လုပ်ငန်းရှင် တွေ နဲ့ ကျမတို့ တွေ့ တဲ့အခါ ပြည်သသူလူထု ကိုယ့်တိုင်းပြည်က ဆင်းရဲတွင်းနက်နေတဲ့

အလုပ်လက်မဲ့ လူတန်းစား တွေ ထမင်းမ၀တဲ့အလုပ်သမားတွေ အတွက် ဘယ်လို ပြောင်းလဲအောင် ၀ိုင်းဝန်းကြိုးစားကြမယ်ဆိုတဲ့ အပြောမျိုးမတွေ့ ရပဲ -စည်းပွါးရေးပိတ်စို့ မှု ဖွင့်ဖို့  သူတို့ ကုန်ချောတွေ ကို Export လက်ခံဖို့ လောက်ပဲ ပြောဆိုနေတာတွေ့ ရပါတယ်
လုပ်ငန်းရှင်ဖက်က လည်းကျမ တို့ ထည့်တွက်ပေးပါတယ် မီးတာကိစ္စ မီးပျက်လို့ မီးစက်ကိစ္စအပြင်  ကြော်ညာခတွေ ဆို အဆမတန် ပေးရတာ တွေ တွေ့ ရပါတယ် ဥပမာ တီဗွီကြေညာ ဆယ်စက္ကန့်  လွှင့်ပေးရင် တစ်လစာ သိန်း၆၀ကျော် ပေးရပါတယ် ။လုပ်ငန်းရှင်တွေ ဆီက လည်းအခွန်အတုတ်တွေ ထိမ်းသိမ်းကောက်ခံသင့်ပါတယ် ။ဒီလို အခွန်ကြီးမားတာ လုပ်ငန်းရှင်အသေးစားလေးတွေ သူပို နစ်နာပြီး ခရိုနီတွေ အတွက်ကတော့ ထိခိုက်မှု မ၇ှိဘူးလို့ ကျမ သုံးသပ်တင်ပြပါတ.ယ်။
သြစီတေးလျအနေနဲ့ ဘာကူညီရမလဲ ဆိုပြီးမေးတဲ့ အခါ အလို အပ်ဆုံးကတော့ အသိပညာတွေ ဖြန့် ဖြူးပေးဖို့ က အလုပ်သမားတွေ အလုပ်သမားအခွင့်အရေးသိရုံမကပဲ စနစ်ကျတဲ့ တောင်းဆိုမှု စေ့စပ်ဆွေးနွေးညှိနှိုင်တက်အောင်လေ့ကျင့်သင်ကြားပေးမှု အပြင် မည်သည့် လွှမ်းမိုးကြိုးကိုင်မှုအောက်မှာ မှမရှိတဲ့ အလုပ်သမားသမဂ္ဂ ကောင်းတွေ အားကောင်းတဲ့ သမဂ္ဂတွေ ဖြစ်ဖို့  Trade Union ရဲ့အရည်အသွေးမြှင့်တင်ပေးမှု အပိုင်းမှာကူညီပေးစေ့ချင်ပါတယ် ။ဒါ့အပြင် သြစီ ရဲ့ အလုပ်သမားဥပဒေကို လည်း မြန်မာအစိုးရပိုင်းက အလုပ်သမားဥပဒေရေးဆွဲ သူတွေ နဲ့ ညှိနှိုင်းကြည့်စေ့ချင်ပါတယ် ။
ဘယ်လိုပဲ ဖြစ်ဖြစ် လူငါးယောက်စုရင်တောင် ထောင်ချခဲ့တဲ့ ခေတ်ကို ကျော်လွန်ပြီး အလုပ်သမားတွေ သင်းပင်တွေ ဖွဲ့ စည်းခွင့်ရှိနေတာ ပြောင်းလဲ လာတဲ့အပြောင်းအလဲ လို့ ပြောရပေမဲ့ လွတ်လပ်ပွင့်လင်းမှု တိုးတက်ဖွံဖြိုးမှု အမြန်ပြောင်းလဲစေ့ချင်တဲ့ စေတနာ နဲ့ စွမ်းဆောင်ချက် ဘက်သုံးဖက် လုံးမှာ အများကြီး လိုအပ်နေသေးပါတယ် ။ ဆိုတာ ကိုလည်း တင်ပြခဲ့ပါတယ် ။
သည် တစ်နာရီ (၃း၀၀ မှ ၄း၀၀) သာ အပွိုင့်မန့် ပေးနိုင်သဖြင့် ခွင့်တောင်း၍ အစည်းအဝေးမှထွက်ခွါသောကြောင့် အမှတ်တရပုံ မိမိ ရိုက်မယူလိုက်ရပါ ။ သံအမတ် မှ ၀န်ကြီး နှင့် မိမိ တို့  မှတ်တမ်းဓါတ်ပုံများရိုက်ယူထားပါသည် ။တောင်းယူရ၇ှိက ထပ်မံပို့ ပေးပါမည် ) ယခု ပုံသည် သြစီ လွှတ်တော်ကိုယ်စားလှယ် အချို့  နှင့် ပုံဖြစ်ပါသည်။)




တည်ကြည်လေးစားစွာ
အိရွှေစင်ညွန့် 

ကုန်တင်ကုန်ချအလုပ်သမားများနှင့် ကျမတို့  LRDP အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများ

Tuesday, October 9, 2012


မကွေးတိုင်း ပခုက္ကူ က အလုပ်သမားတွေ ဖိတ်ကြားမှုကြောင့်  ၂၇-၉-၂၀၁၂

Monday, October 1, 2012

အလုပ်သမားအဖွဲ့ ရဲ့ ကျပြီးသားမှတ်ပုံတင် ကို မြို့ နယ်ရဲမှုး က မှတ်ပုံတင် စာရွက် အတုကြီးပါဆိုပြီး အလုပ်သမား အဖွဲ့ ဥက္ကဌ ကို ခေါ်ယူ ခြိမ်းခြောက်တာကြောင့် ရယ် ILO တံဆိတ် ခပ်နှိပ်ထားတဲ့ စာကို တွေ့ လို့ ထောင် ၅နှစ် ချမယ် ဆိုတာကြောင့် ပခုက္ကူဒေသ ကို ကျမ တို့အမြန်သွားရောက် ခဲ့တယ် ။