Wednesday, August 5, 2009
၂၀ ရာစုကျော်တမ်းချင်း
၈လေးလုံးတဲ့လား
၂၁နှစ်ပြည့်ခဲ့ပြီ...
ကျနော့်ရဲ့  လူငယ်ဘဝ
အဲဒီ့ကစ ပျောက်ဆုံးခဲ့တာ
လိုချင်တာတွေ မရဘဲ မလိုချင်တာတွေနဲ့ 
ရင်းနှီးခဲ့ရတာ...
ဒီမိုကရေစီတဲ့..
လွတ်လပ်မှုတဲ့...
မျှတမှုတဲ့...
အဖြူအစိမ်းနဲ့ ကျောင်းသားဘ၀က
စအော်ခဲ့ရတာ....
လူလတ်ဘ၀ အခုအချိန်အထိ
ဘာမှ မရှိတဲ့လမ်းပေါ်မှာ
လိုချင်တာ တွေ့ နိုးနိုး နဲ့ 
ဆက်သွားဆဲပါ......
ခင်ဗျားတို့
ဆွေမျိုးစု၊ကောင်းစားရေး..
လုပ်နေချိန်မှာ..
ခင်ဗျားတို့ရဲ့၊မျိုးဆက်တွေ၊
ကလပ်မှာ..
ကနေချိန်မှာ.?
ကျနော်တို့၊သူငယ်ချင်းတွေ..အနာဂါတ်ရဲ့၊လူငယ်တွေ..
ပညာတတ်တွေ..
ထောင်ထဲမှာ၊လူငယ်ဘဝဆိုတာ၊ဘာလဲလို့..
မေးနေရတယ်ဆိုတာ..
မဆလ..တဖြစ်လဲ..
နဝတ..တဖြစ်လဲ..
န.အ.ဖ...တဖြစ်လဲဆိုတာတွေ...ဆိုတာတွေ..
လူထုကမဲပေးလိုက်တဲ့..ခေါင်းဆောင်အမတ်တွေ..
ငါတို့လူမျိုးစုအတွက်လို့၊ကြွေးကြော်ပြီး၊
တဦးနဲတဦးကိုက်နေတဲ့၊လူမျိုးစုခေါင်းဆောင်တွေ...
အာဏာရှင်ကိုဆန့်ကျင်ရင်း...
အာဏာရှင် မဖြစ်ဘို့ သတိထား..
တချို့ ၊ တချို့ကတော့..
မဆလ(မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ)ကို
တော်လှန်ရင်း၊မဆလဖြစ်သွား...
ဒါဟာ..ကဗျာဆိုရင်...
ကျနော်ရဲ့၊လူငယ်ဘဝကိုစတေးပြီး..
ရေးတယ်ဆိုတာ...
ခင်ဗျားတိုနားလည်စေချင်တယ်၊
ကျနော်တို့ရဲ့....
ရဲဘော်တွေ..
သူငယ်ချင်းတွေ..
ကျနော်တို့ရဲ့၊ နိုင်ငံသားတွေ..
မလွတ်လပ်မှု့ ၊ ချုပ်ချယ်မှု့..
အဖိနှိပ်ခံမှု့ ၊ ဆင်းရဲမွှဲတေမှု့..
ဆိုတဲ့ဘဝအမျိုးမျိုးအောက်မှာ......
ဆင်းရဲမှုအမျိုးမျိုးအောက် မှာ..
ရောက်နေတယ်ဆိုတာ၊
ခင်ဗျားတို့အားလုံး၊နားလည်စေချင်တယ်...
သိ..စေ..ချင်..တယ်.........
YMO
ယဉ်မင်းဦး (မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ)
0 comments:
Post a Comment