welcome
သူ့ ကျွန် မခံ တိုင်း တစ်ပါး ကျွန် စစ်တပ် ကျွန် ဘယ် ကျွန် မှ မခံ .. ဒေါင်း အလံ ဟေ့ .. ကျောင်း နံရံ တစ်ဝိုက် ဒေါင်း အလံ ပြန် စိုက်မယ်...... ကိုမင်းကိုနိုင်
မမေ့စေသူ
Saturday, February 11, 2012
မျိုးဗမာ ထက်သန်ဇာတိမာန်နှင့်
သောင်းဇမ္ဗူ သူ့လိုရှားပါဘိကယ်
ဖေဖော်ဝါရီ ၁၃ တွင်မှ ဖွားခဲ့သောသူ။
ဟန်မူယာ ထူးပါလျက်ကယ်ထင့်
တည်ကြည်ကာ လေးနက်တတ်သူပ
ကျွန်ခေတ်မှာ သခင်ခေတ်ဆီသို့ လှမ်းခဲ့လေသူ။
ကိုလိုနီ သဘောက်ဆိုးရယ်ဖြင့်
ငြူငြင်ကာ ကောက်ကျစ်ပုံရယ်ကြောင့်
ကျည်သင့်ကာ ခန္ဓာချုပ် ဘဝပြောင်းရရှာသူ။
အဖန်ဖန်စစ်ကာ ကြည့်မယ်ချင့်
နှိုင်းဆရန် စကားစုရန်လို့ ဘယ်လိုပင် မယှဉ်နိုင်ပါတဲ့
မျိုးဆက်တို့ရဲ့ စံပြလုလင် အမျိုးဖခင် ကျေးဇူးရှင်
တမ်းတကာ မမေ့စမြဲ ရင်တွင်းမှတ်တမ်း ကဗ္ဗည်းတင်
မြန်မာတည်သရွေ့ ရှိလေမည်။
ရည်မွန်ထိပ်ထား
မုန်တိုင်းကြား က နှင်းဆီ
Saturday, February 4, 2012
သဘောမတူဘူးဆိုတာကို သဘောတူနိင်တဲ့ စိတ်ဓါတ်ကြီးမြတ်တဲ့  အန်တီ
သဘောမတူဘူးဆိုတာ ကို သဘောတူတယ်
Thursday, February 2, 2012
ဝမ်းသာအယ်လဲနဲ့ ဒေါ်အောင် ဆန်းစုကြည်ဘက်က သိပ်ကိုလှိုက်လှဲတဲ့ကြိုဆိုမှု
ကိုလည်း ကျွန်တော် တို့ တနွေးတထွေးကြီး ခံစားကြ ရတယ်။ ပြီးတော့ ကျွန်တော်တို့
တစ်ဦးချင်းစီရဲ့ဘ၀တွေကို သူ အသေအချာနားလည်ထားတယ်။ ဒါ တော်တော်
ထူးဆန်းတယ်ဗျ။
ကျွန်တော် အဲ့လိုခေါင်းဆောင်မျိုး သိပ်မတွေ့ဖူးဘူး။ သူက ဘာ ကြောင့်လဲဆိုတော့
ကျွန်တော်တို့ တစ်ဦးချင်းစီမှာ ဖြစ်နေတဲ့စိတ်အနာတရတွေ၊ မိသားစုဘ၀တွေကအစ
သူအ ကုန်သိပြီးတော့ တစ်ယောက်ချင်းကို လိုက်ပြီး အကျအန နွေးထွေးမှုကိုပေးတယ်။
နောက်ပြီးတော့ သူက အရင်ကတည်းက ကျွန်တော်တို့ကို လူကြီးလူကောင်းလို
ဆက်ဆံတာဗျ။
အကြောင်းအ ရာတစ်ခုကို သဘောထားမတူ သည့်တိုင်အောင် သူက ကျေကျေနပ်နပ်
လက်ခံပြီးတော့ ဒီနေရာမှာ ဖြစ်ရင် တို့တွေ သဘောမတူကြဘူးဆိုတာကို လက်ခံတယ်။
သဘောမတူဘူးဆိုတာကို သဘောတူတယ်ဆို တဲ့စကားလုံး ဟာ အင်မတန်အရေးကြီး
ပါတယ်။ ဒီမိုကရေစီ နည်းလမ်းကျတယ် ပေါ့ဗျာ။ ကျွန်တော်တို့ရဲ့ သဘောထားအမြင်
တွေကို သူက လွတ်လွတ်လပ်လပ်နဲ့ အမြဲတမ်းပြောခွင့်ပေးတယ်။ ဂရုတစိုက်နားထောင်
တယ်။ ပြီးတော့မှ သူသဘောတူရင် တူတဲ့ အကြောင်း၊မတူရင် မတူတဲ့အကြောင်း အားလုံးကို ပြေလည်စွာ ရှင်းပြလေ့ရှိတယ်။
အဲဒီ့အကျင့်ကောင်းတွေ အခုထိ သူ့မှာ ရှိနေတုန်းပဲ။ အားလုံးခြုံပြောရရင်တော့ သူက အရင်ထက် ပြည့်ဝလာတာကိုတွေ့ရတယ်။ ဒီအတွက် အနာဂတ်အတွက် အားတက်ပါ
တယ်။
ကိုမင်းကိုနိုင် (ဆဲဗင်းဒေး အင်တာဗျူး မှ)
ဘယ်အချိန်ထဆိုဆို -အိုးဝေသံချိုညီဖို့ ပဲ မဟုတ်လား
Monday, January 30, 2012
အမ်စတာဒမ်မှာ ဆုံကြမယ့် နိုင်ငံတကာရောက် ရဲဘော်များ -မင်းကိုနိုင်
ကျနော်တို့ဟာ
မုန်တိုင်းကို ဆန်ရင်း
သင်းကွဲကြတဲ့ ငှက်အုပ်ပါ။
ပိတောက်နံ့သင်းတဲ့ လေပြေအေး
ဂေဟာဟောင်းကို တံခါးဖွင့်ဝင်
တူးပို့ တူးပို့ ဗုံသံလေး
ညီမလေးကို ထ,က,အောင်
ပြိုင်တူလက်ခုပ်တီးမယ်လို့
ပြန်ဆုံမယ့်နေ့ အမေ့အိမ်မှာ ...။
   ခုနေမှာတော့
တယောက်အနားဖေး တယောက်ဆေးတင် တယောက်ရင်ခွင် တယောက်မေးတင်လို့ ...။
ကျနော်တို့မှာ ... လိုအပ်တယ်
ဘယ်အချိန်ထ,ဆိုဆို
‘အိုးဝေ’ သံချို ညီဖို့ပဲမဟုတ်လား။ ။
     ယုံကြည်တဲ့ ...
မင်းကိုနိုင်
ကိုမြင့်အေးအပါအ၀င် နိုင် ကျဉ်း ချက်ချင်းလွှတ်
Monday, January 16, 2012
ဤစာရင်းမှာကျန်ရစ်နေသေးသော လူ့အခွင့်ရေးဆိုင်ရာလှုပ်ရှား ခဲ့သည့်နိုင်ငံရေးအကျဉ်းသား
များ ဖြစ်သည် ။
(၁) ဦးမြင့်အေး
(၂) ကိုမျိုးမင်း
(၃) ကိုရန်ရွှေ
(၄) ကိုအောင်မျိုးစန်း (လွှတ်ပြီးဟု သိရ
(၅) ကိုအောင်ဇော်ဦး (လွှတ် ပြီးဟု သိရ)
(၆) ကိုဝင်းဆန်း
(ရ) ကိုရန်နောင်စိုး
(၈) ကိုသိန်းဇော်
(၉) ကိုဇော်ဇော်အောင်
(၁၀) ကိုသန်းဇော်မြင့်
(၁၁) ကိုမြင့်နိုင်
(၁၂) ကိုမောင်မောင်လတ်
မြန်မာနိုင်ငံအား ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် စတင်လျောက်လှမ်းနေချိန် ကျမတို့ 
ဖက်မှာလည်း ဤ အရွှေ့ သည် တိုင်းပြည်အတွက်အင်မတန်ကောင်းမည့် အလားအလာ
ရှိသည်ဟု ယုံကြည် စိတ်ချနိုင်ရန် သေချာစွာ စောင့်ကြည့်လေ့လာနေချိန်တွင် ကျောင်း
သားခေါင်းဆောင် ကိုမင်းကိုနိုင် ကိုပြုံးချို ကိုဌေးကြွယ် ကိုကိုကြီး အပါအ၀င် နိုင်ငံရေး
အကျဉ်းသားများ အား အကျဉ်းထောင်မှ လွှတ်ပေးသည့်အတွက် များစွာ ၀မ်းမြောက်
သော်လည်း ကျန်နေသေးသည့် ရဲဘော်များ လုပ်ဖေါ်ကိုင်ဖက်များ အတွက် အလွန်ပင်
စိတ်ထိခိုက်နေရပါသည်။
ဤစွပ်စွဲထားသော သတင်းစာဖြတ်ပိုင်း ကို စမ်းစစ်ကြည့်ပါက ကိုမြင့်အေးအပါအ၀င်
ကိုဇော်ဇော်အောင် ကိုရန်ရွှေတို့  အပါအ၀င်စွပ်စွဲခံရသူများမှာ မှားယွင်းစွာပြစ်ဒဏ်ချမှတ်
ခံရခြင်း (သို့ ) စစ်ကြောရေး သဘောသဘာဝအရ အမှုတခု ပြီးပြတ်ရန် ရုံးတင် ထောင်ချ
နိုင်ရန်အတွက် အဓမ္မ၀န်ခံ ခိုင်းထားခြင်းဟု ကျမ မှ မှတ်ယူပါတယ် ။ထိုသို့  မှတ်ယူရခြင်းမှာ (၁) ကိုမြင့်အေးသည်  လူ့ အခွင့်အရေးဆိုင်ရာ Articles များ ကို သာ ကိုင်စွဲ ၍ လှုပ်ရှားသူ ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်း
 ကိုဇော်ဇော်အောင်(NLD - လူငယ်) ရွှေပြည်သာ မြို့ နယ် လူငယ်တာဝန်ခံ မှာ ရွှေပြည်သာ စက်မှုဇုံရှိ အလုပ်သမားများအခွင့်အရေး ကာကွယ်စောင့်ရှောက်နိုင်ရန် နှင့်အလုပ်သမား
အခွင့်အရေးပညာပေးနိုင်ရန် သာ ရည်ရွယ် လုပ်ဆောင်သူတစ်ဦးဖြစ်ခြင်း ။ နှင့် ကျမ
မအိရွှေစင်ကိုယ်တိုင်မှာ ပြည်ပ တွင် NLD—la အဖွဲ့ ဝင်တစ်ယောက် လုံးဝ မဟုတ်ခဲ့
ခြင်း တို့ ကို ထောက်ပြရခြင်းအားဖြင့် လက်လွှတ်စံပါယ် အမှု စစ် ၀န်ခံ ခိုင်းပြီး ဖောက်
ခွဲရေး ပြဿနာထဲတွင် မတရားထဲ့သွင်း ထောင်ချသည်ဟု ကျမ မှ  သုံးသပ်ပါသည်။
ကျမ စုံစမ်းရရှိသလောက် ဤ သတင်းစာဖြတ်ပိုင်းတွင် တရားခံအဖြစ်စွပ်စွဲ ခံရသူ
များ တွင် ကိုထွန်းလင်းမှအပ ကျန်သူများသည် အကျဉ်းထောင်ထဲတွင် ဖောက်ခွဲရေး
ပုဒ်မ များ ဖြင့် ကျန်နေခဲ့သူများဖြစ်သည် ။ သေချာသည်မှာ ဤစာရင်းပါ ပုဂိုလ်များ
သည် လူ့အခွင့်အရေး နှင့် အလုပ်သမားရေး ကို အခြေခံ ဆောင်ရွက်နေသူများဖြစ်
သည်။ ကျမအား ဦးဆောင်သူထဲတွင် ထဲ့သွင်း စွပ်စွဲစဉ်ကတည်းက အင်မတန်အံ့
သြမိသည့်ပြင် ဤအမှုအားထောက်လှန်းစစ်ဆေးသူများး တရားစီရင်သူများကို ကျမ
အလွန်အမင် အထင်သေးမိပါသည်။ ကျမပြည်ပရောက်ရှိစ ကတည်းက အခြေခံအလုပ်
သမားထုနှင့် နီးနီးစပ်စပ် ထိတွေ့ ဆက်ဆံရသောအခါ အလုပ်သမား အခွင့်အရေး
ဆိုင်ရာပညာရပ်များ အလုပ်သမားရေးဆိုင်ရာနိုင်ငံတကာသဘောတူညီချက် များကို လေ့လာခွင့် သင်ယူခွင့်ရခဲ့ပါသည်။
သို့ အတွက် ကျမ မိတ်ဆွေ ရဲဘော်များသည်လည်း မြန်မာပြည်ထဲတွင် အလုပ်သမားများ မိမိအခွင့်အရေးကို နားမလည် မသိမြင်သည့်အတွက် သိရှိနားလည်နိုင်ရန်တက်ကြွသော
လူငယ်များအား အလုပ်သမားအခွင့်အရေးဆိုင်ရာ ပညာရပ်များ လက်ဆင့်ကမ်းပြီး ၄င်းတို့ မှတဆင့် အလုပ်သမားများသိရှိနားလည်ပြီးတောင်းဆိုတိုက်ပွဲဝင်နိုင်ရန် ကြိုးပမ်းမှုများသာ ရှိပါသည်။
ကျမ၏ ပြည်ပ တွင် ရပ်တည်ဆောင်ရွက်နေမှုများကို ရွှေ့ပြောင်းအလုပ်သမားများတင်မက
မြန်မာစစ်အုပ်စုလည်း သိနိုင်ကြားနေနိုင်ပါသည်။ ကျမသည် ဖောက်ခွဲရေးပညာဆိုလို့ ဗျောက်အိုးပင် မဖောက်ရဲခဲ့ပါ ။ မြွေကြောက် မိုင်းကြောက်သဖြင့် တောထဲ ပင် မတိုးရဲပါ။
လူ့ အခွင့်အရေး အလုပ်သမားရေးဆောင်ရွက်သူများ အား မတရားပုဒ်မဖြင့် ထောင်ချလိုသော
အခါ ဖောက်ခွဲရေး ဟုခေါင်းစဉ်တပ်သည်မှာ အင်မတန် စပ်ဆုတ်စရာ ကောင်းပါသည်။
(၂၀၀၅ ခုနှစ် ဂျမ်းရှင်း အိပ် (ရှ်))စတဲ့ စင်တာများ ပေါက်ကွဲမှုဖြစ်စဉ်
ကတစ်ကြိမ် ကျမ နှင့်ဆက်သွယ်ဆောင်၇ွက်သည် ကျမကိုယ်တိုင် ဒဂုံမြို့ သစ်ကို ၀င်
ရောက်၍ လူငယ်များနှင့်တွေ့ သင်တန်းပေးသည်ဟု စွတ်ဆွဲကာ ပါတီလူငယ်တစ်ဦးအား လက် နောက်ပြန် လက်ထိပ်ခတ်၍ စစ်ဆေးမေးမြန်းခဲ့ဖူးသည်)
နှင့် ကိုယ့်ကိုယ်ကိုယ်ပင် မနည်း စောင့်ရှောက်နေရသောကာလဖြစ်ပါသည်။
လုံးဝ ဆက်စပ် ပတ်သတ် နီးစပ်မှုမရှိသည် လုပ်ငန်းများကို ဗြောင်လုပ်ကြံ အမှုဆင်သည်။
 ဤအခြေအနေများကို နိုင်ငံတော်၏ ထိပ်ပိုင်းခေါင်းဆောင်များသိချင်မှ သိလိမ့်မည် ဟု ကျမ
ထင်မြင်ပါသည်။
တရားစီရင်ရေးစနစ် ညံ့ဖျင်းခဲ့သဖြင့် မတရား စွပ်စွဲဖမ်းဆီး ညှင်းပမ်း ၀န်ခံခိုင်း ထောင်ချခံခဲ့ရသော အခြေအနေဆိုးမျိုးဖြစ်ခဲ့သည် ။
သို့ သော် ယနေ့ အပြောင်းအလဲ ကို ဦးတည်နေသည့် ကာလတွင် --------
ကျမအနေနှင့်တောင်းဆိုလိုသည်မှာ ဤသူများ
လူဆိုး လူရမ်းကားများမဟုတ်ပါ ကိုမြင့်အေးအပါအ၀င် ဤလူငယ်များသည် တိုင်းပြည်ကို
အင်မတန်ကောင်းစေ့ချင်ပြီး အချိန်များစွာပေး၍ ဒီမိုကရေစီရေးကြိုးပမ်းခဲ့သူများဖြစ်ပါသည် ။
ခြေလွန်လက်လွန် ပုဒ်မ ကြီးကြီး ဖောက်ခွဲမှုကြီးနှင့် ထောင်တွင်းဆက်လက်ထားမည့်အစား
ဆင်ပြောင်ကြီးအမြှီးကျမှ မတစ်  စေရန် အတွက် အမြန်ဆုံးလွှတ်ပေးစေလိုပါသည်။
တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးယူနေသလို အာဏာသိမ်းရန်ပင်ကြံစည်
သည့် ဗိုလ်ချုပ်ခင်ညွှန့် ကို လွှတ်ပေးသလို ဖောက်ခွဲရေးပုဒ်မ အတပ်ခံထားရသော်ငြား
အမှန်တကယ်မကျူးလွန်သူများ အများအပြား ပါဝင်နေသဖြင့် ကျန်ရှိနေသော နိုင်ငံရေး
အကျဉ်းကျအားလုံးကို ခြွင်းချက်မရှိလွှတ်ပေးကာမှ ယခု စတင်လျောက်လှမ်းနေသောငြိမ်း
ချမ်းရေးလမ်း အမှန်ပင် ဖြောင့်တန်းမည်ဖြစ်ပါသည်။
ကျန်ရှိနေသော နိုင်ငံရေး တော်လှန်ရေး ဆိုင်ရာ အကျဉ်းသားများအားလုံး အမြန်ဆုံးလွှတ်
အိရွှေစင်ညွန့် 
နိုင်ငံရေးအကျဉ်းသူဟောင်း
မှတ်ချက်။              ကိုမြင်အေးသည်   ၁၉၇၄-၇၅  မျိုးဆက် ဖြစ်သည် ။ကြည်မြင်တိုင်မြို့
နယ် တွင် NLD ဆိုင်းပုဒ်တင်ထားပြီးမြို့နယ်ရုံးအဖြစ်ပါတီရပ်တည်ရှင်သန်နိုင်ရေးကိုအလေး
ထားဆောင်ရွက်ခဲ့သူဖြစ်သလို ကြည်မြင်တိုင်မြို့ နယ်NLD ဥက္ကဌ လည်း ဖြစ်ပါသည်။
အာဏာရှင်ဆန့်ကျင်ရေးတွင်အစဉ်အလာကောင်းရှိခဲ့သူ ဖြစ်သလို စည်းရုံးရေး ထက်မြတ်သူ
လည်းဖြစ်သည် ။
အချို့ပါတီလူငယ်များအကြောင်းအမျိုးမျိုးကြောင့် ပါတီ နှင့်ကင်းကွာသောအခါ ကိုမြင့်အေး
မှ လူငယ်များစိတ်ဓါတ်ပိုင်းဆိုင်ရာ အရည်အသွေးပိုင်းဆိုင်ရာ မပျက်ဆီးမဆုံးရှုံး ရန်စေတနာ
ထား၍ စနစ်တကျ စုစည်းစေခဲ့သည်။လူ့အခွင့်အရေးမြှင့်တင်လိုသူ ပြည်သူများ မိမိတွင်ဤ
အခွင့်အလမ်းများရှိသည်ကိုမသိနားမလည်၍ တိုင်းပြည် ယခုလောက်နောက်ကျနေသည်
ကိုသုံးသပ် နိုင်ပြီး လူ့ အခွင့်အရေးဆိုင်ရာပညာပေးခြင်းများကို အနယ်နယ် တွေ ဆောင်ရွက်
ခဲ့သဖြင့် အာဏာပိုင်များအညိုးအတေးထားခြင်းခံရသည့်အပြင် လူမိုက်ငှါး၍ အရိုက်ခံရသည့်
အထိ ကိုမြင့်အေး အသက်အား လုပ်ကြံခံခဲ့ရသည်။
ကိုမြင့်အေးကို ကျမ ထောင်က ထွက်စ ၂၀၀၂တွင် စတင်သိကျွမ်းခဲ့ရာ ကိုမြင့်အေးမှာ  နိုင်ငံ
ရေးကို နိုင်ငံရေး နည်းလမ်း လူထုနည်းလမ်းနှင့်သာ ပန်းတိုင်သို့ သွားရမည် ဟူသည့်ရည်၇ွယ်
ချက်ရှိသူဖြစ်ပါသည်။
၁၇-၁-၂၀၁၂
---------------------------------------------------------------------------------------------------
ကျမချစ်ခင်လေးစားရသူ ဒီမိုကရေစီခေါင်းဆောင်ကြီးရဲ့ နောက်ဆုံးခရီး
Saturday, December 24, 2011
ကွယ်လွန်သူ ချက်သမ္မတဟောင်း ဗားဆလပ်ဟာဗဲလ် (Vaclav Havel) အတွက် ပရာ့ခ်မြို့တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော်ဈာပနကို ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ပြည်သူတွေက ဂါရ၀ပြုတက်ရောက်ကြပါတယ်။ အသက် ၇၅ နှစ်အရွယ် ချက်ခေါင်းဆောင်ဟောင်းဟာ အိပ်ပျော်နေချိန် အသက်ရှူလမ်းကြောင်း ယိုယွင်းပြီး တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ပြဇာတ်ရေးဆရာတစ်ဦးဖြစ်တဲ့ မစ္စတာ ဟာဗဲလ်ဟာ သူ့နိုင်ငံရဲ့ ပထမဆုံးသော ဒီမိုကရေစီနည်းနဲ့ ရွေးကောက်ခံသမ္မတ ဖြစ်ခဲ့သူပါ။ မစ္စတာဟာဗဲလ် အတွက် ပရာ့ခ်ရဲတိုက်မှာ ပြုလုပ်မယ့် ၀တ်ပြုဆုတောင်းပွဲကို တက်ရောက်ကြမယ့်သူတွေထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) နဲ့ ခင်ပွန်းသည် သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton)၊ ဂျာမဏီဝန်ကြီးချုပ် အဲန်ဂလာ မာခဲလ် (Angela Merkel)၊ အစ္စရေးလ် သမ္မတ ရှီမွန် ပဲရက်(စ်) (Shimon Peres) နဲ့ ပြင်သစ်သမ္မတ နီကိုးလတ်စ် ဆာကိုဇီ (Nicolas Sarkozy) တို့လည်း ပါဝင်ပါလိ့မ်မယ်။ ပြီးခဲ့တဲ့ ၃ ရက်အတွင်း ပရာ့ခ်မြို့တော် ဘုရားကျောင်းတစ်ခုမှာ ခေါင်းသွင်း ပြသထားတဲ့ သမ္မတဟောင်းရဲ့ ရုပ်ကလပ်ကို ချက်ပြည်သူ ထောင်ပေါင်းများစွာတို့ တန်းစီပြီး ဂါရ၀ပြုခဲ့ကြပါတယ်။ ၁၉၈၉ ခုနှစ်မှာ ရာထူးလက်ခံခဲ့တဲ့ မစ္စတာ ဟာဗဲလ်ဟာ ချက်ကိုစလိုဗားကီးယားမှာ ဈေးကွက်စီးပွားရေးနဲ့ ဒီမိုကရေစီကို ကြီးကြပ်ဖော်ဆောင်ပြီး ချက်နဲ့ စလိုဗားကီးယား နှစ်နိုင်ငံ ခွဲခြမ်းမှုကိုလည်း ငြိမ်းချမ်းစွာ ဆောင်ကျဉ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ စလိုဗားကီးယားနိုင်ငံ ကလည်း မစ္စတာဟာဗဲလ်ကို ဂုဏ်ပြုသောအားဖြင့် သောကြာနေ့ကို တနိုင်ငံလုံး ၀မ်းနည်းမှု အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ထားပါတယ်။
NLD လူငယ်တွေ ရဲ့အမျိုးသားအောင်ပွဲနေ့ 
Saturday, November 19, 2011
NLD ဟာ သမိုင်းကြောင်းအကောင်းတွေရှိတယ် NLD ဟာ လွတ်လပ်ခြင်း ရိုးသားပွင့်လင်းခြင်း တရားမျှတခြင်းနဲ့ အပြန်အလှန်လေးစားလိုက်နာမှု ရှိတဲ့ အဖွဲ့ ဝင်အများစုနဲ့  ရှင်သန်ဆဲပဲ NLD အစစ်တွေဟာ ပါတီအကျိုးထက် တိုင်းပြည်အကျိုးကိုကြည့်ခဲ့ကြတယ် NLD သမိုင်း အထူးသဖြင့် NLD က ရဲရင့်တဲ့ လူငယ်တွေရဲ့ သမိုင်းဟာ ဘယ်သူ အရောင်စိုးလို့ မှ မညှိုးဘူး အတင့်ရဲရဲ နဲ့ ခေါင်းဆောင်ရဲ့ ဦးဆောင်မှုအပေါ် နောက်လိုက်ကောင်းပီသစွာ ခရီးဆက်နှင်နေဦးမှာပဲ -- ဒီလိုသမိုင်းတွေ အကြတ်အတည်းကြားက ကျော်ဖြတ်ခဲ့ကြရ တာမို့  မုချမသွေ NLD တွေက မြန်မာပြည်သူအတွက် ဒီမိုကရေစီလမ်းပေါ်တင်ပေးနိုင်လိမ့်မယ် လို့ ယုံကြည်တယ် ။-။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ အမျိုးသားအောင်ပွဲနေ့ နဲ့  NLD လူငယ်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ကျောင်းသားသပိတ်ကနေအခြေခံတဲ့အမျိုးသားအောင်ပွဲနေ့ ။အဲဒီနေ့ ကိုကျမတို့ NLD လူငယ်တွေတန်ဖို့း ရှိရှိကျော်ဖြတ်သွားကြမယ်။ကျောင်းသားခေါင်းဆောင်ကြီးတွေရဲ့သွေးနဲ့ ချွေးနဲ့ ပေးဆပ်ခဲ့ရသလို အခုလာ မဲ့ ၁၃၆၆ တန်ဆောင်မုန်းလဆုတ်(၁၀) ရက်နေ့ ဟာ လည်းကျမတို့  NLD လူငယ်တွေ ချွေးနဲ့ သွေးနဲ့  ထောင်ဒဏ်တွေ နဲ့ ပေးဆပ် သင့်ရင်ပေးဆပ်ကြရမယ်လို့ ကျမတို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ် ။အားလုံး ညီတယ် တစ်ခဲ နက် ပဲ သဘောတူညီခဲ့ကြတယ် ။NLD လူငယ်တွေ ညီညွတ်မှုအားတစ်ဖန်ပြန် ကြီးထွား လာတဲ့ အရှိန်ဟာ ဒီပဲယင်း အရှိန် ကြောင့်ပါ ပဲ။ ဒိုင်မရှိ အားမမျှပဲကြိုးဝိုင်းထဲ အထည့်ခံလိုက်ရတယ်။ဥာဏ်အမျှော်အမြင်ကြီးတဲ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာကိုယ့်လူငယ်တွေကိုဘယ်တော့မှလက်တုံ့ ပြန်ခိုင်းလေ့ မရှိဘူး။ သားတို့ ပြန်မလုပ် နဲ့  ပြန်မလုပ်ရဘူးနော် အဲဒီ့နေရာမှာသေသွားရင်တောင်ခံသွားရမယ်တဲ့ လေ ဒီလို ဗြဟ္မာစိုရ်တရားကြီးမားတဲ့မိန်းမသားတစ်ယောက်ကိုမညှာမတာရက်ရက်စက်စက်လုပ်ကြံရက်တဲ့အာဏာ ရူးစစ်ဘီလူးတွေ သူတို့ ကိုဆန့် ကျင်ရဲတဲ့သတ္တိငါတို့ ထောင်ထွက်တွေမှာတောင်မရှိရင်အကြောက်တရား အလွှမ်းမိုးခံကြရတဲ့ပြည်သူတွေ ဘယ်လို ရပ်တည်လေမလဲ--ဆိုပြီး -- ထောင်ကထွက်ပြီး စကျမမှာ န - အ-ဖ ကိုနှလုံးရည်နဲ့ ရင်ဆိုင်တိုက်ပွဲ ပြန်စရပါတော့တယ် NLD လူငယ် တွေ ရဲ့ လှုပ်ရှားမှုတော်တော်များများဟာ မီဒီယာ တွေ မှာကြားပြီးကြတဲ့ အတိုင်း အခြေ အနေအရ တပ်ဦးကျွံအောင်ထွက်ခဲ့ကြရပါတယ်။ကျမအဲဒီ့အချိန်မှာRFA နဲ့  အင်တာဗျူး လုပ်ခဲ့သလိုပေါ့ လူငယ်တွေဟာမိုင်းနင်းရမဲ့ေ၇ှ့တန်းကစစ်သားကလေးတွေလိုပါ။ ရဲရဲနီ တဲ့သွေးတွေ နဲ့ လမ်းခင်း ပေး တက်ကြတာပါပဲ။ ဒီပဲယင်းလုပ်ကြံမှုဟာလည်းပြင်းထန်ကြမ်းတမ်းလွန်းလို့ ဆန့် ကျင်ဖို့ လုပ်ငန်းတွေ သွေးတိုး စမ်းဖို့ ဆို တာကလည်း လူငယ်ပဲမဟုတ်လား။ ဒီလို လှုပ်ရှားမှုအ၇ှိန်အဟုန်တွေကြားမှာ အမျိုးသား အောင် ပွဲနေ့ နှစ်ပတ်လည်ကြီးကိုရောက်လာတော့တာပါပဲ ။ ရန်ကုန်တိုင်းအတွင်းမြို့ နယ်ပေါင်း ၂၃ မြို့  နယ်က တာ ၀န်ခံ (၁) (၂) ဆက်သွယ်ရေးလူငယ်တွေက အာလိန်ငါးဆင့် ဘုရား (အင်းစိန်) မှာချိန်းလိုက်ကြတယ် အမျိုးသားနေ့ ကို ဘယ်လိုပုံစံကျင်းပမလဲဟေ့ လို့ သဘောထားယူလိုက်တာတစ်ချို့ က ဗဟန်းခြောက် ထပ်ကြီးဘုန်းကြီးကျောင်းမှာလုပ်တဲ့ဆွမ်းကျွေးပွဲကို အင်အားဖြည့်မယ်တဲ့တစ်ချို့ က သက်ဆိုင်ရာမြို့  နယ်တွေကအခမ်းအနားကိုတာဝန်ယူမယ် တစ်ချို့ ကစာဝေမယ်စသည်ဖြင့် နိုင်ငံရေး အသွင်ဆောင်တဲ့ လှုပ်ရှားမှုပုံစံတွေကိုရွေးချယ်ကြတယ် ဒီအချိန်မှာ လူငယ်တစ်ယောက်က မကြီးရေ သားတို့ ဒီလိုလုပ်ရင်မကောင်းဘူးလား---တဲ့ ပြော ဆိုတော့ ရွေတိဂုံဘုရားရဲ့စနေဒေါင့် မှကျြောင်းသားခေါင်းဆောင်ကြီးတွေရဲ့ နာမည်နဲ့ ကျောက်စာတိုင်တစ်ခုရှိတယ် အဲဒီကို အလေးတက်ပြုကြရင်ကောင်းမယ် တဲ့ -။ ကျမဥနှောက်ထဲ တော်တော်သဘောတွေ့ သွားတယ် ။ချက်ခင်းပဲ ကောင်းတယ်ဟေ့ အဖမ်းတော့ ခံရနိုင် တယ်နော်-- ဖမ်းဖမ်းကွာ --- ဒီကောင်တွေလုပ်ကြစမ်းပါစေ စတဲ့အသံစုံထွက်လာပြီး ဘုရားပေါ်ကကျောက်စာတိုင် ကိုအလေးပြုဖို့ သဘောတူလိုက်ကြတယ် ။ အားရစရာပါပဲရှင် ဒီလောက်အန္တယယ်ကြီးတဲ့ သဘောထား တစ်ခု Movement တစ်ခုကပိုကန့် ကွက်မဲ့သူမရှိပဲ (၃၃) ဦးလုံးကထောက်ခံကြတဲ့အပြင် -- တစ်ယောက်ကဒီလောက်နဲ့ ကျနော်တို့ အားမရဘူး အခမ်းအနားပါဘုရားပေါ်မှာ လုပ် မယ် နောက် တစ်ယောက် က ဘုရားရင်ပြင်ကိုသုံးပတ်လောက်ပတ်ပြီးမှ ကျောက်စာတိုင်ကို အလေးပြုမယ် နောက်တစ်ယောက်က မိန့် ခွန်းပြောပြီးအလေးပြုမယ်။ နောက်တစ်ယောက်နောက်တစ်ယောက် စသဖြင့်အကြံပြုဆွေးနွေးကြနဲ့  အရွှန်းဖောက်သိတ်ပြောတက်ပေမဲ့ အလုပ်လုပ်ရင်စေတနာတအားကြီးတဲ့ကျမကို အမေ အမေလို့ ခေါ် တက်တဲ့ Chemistry နောက်ဆုံးနှစ်တက်နေတဲ့လူငယ်လေးက ။ အမေ အမေ သားက အလေးပြု လို့  အော်ရမဲ့နေရာ ကတာဝန်ယူမယ်နော်ဆိုလို့  လေးလေးနက်နက်ဆွေးနွေးနေတဲ့ကြားက ရီလိုက်ကြသေး တယ် ။ ရီသံတွေ ခန ထိမ်းဆဲ (ဘုရားလူကြီးတွေကလည်း ကွက်ကြည့် ကွက်ကြည့် နဲ့ ) ဆုံးဖြတ်ချက်တွေချပြီး တိုင်ပင်ထားသမျှ ကတော့ (၁) သွေးဆေးကန်မှာစုရပ်လုပ်မယ် (၂) အားလုံးပင်နီဝတ်မယ် (၃) နှစ်ယောက်တစ်တွဲဆီ ဘုရားကိုသုံးပတ်ပတ်မယ် (၄) သုံးပတ်ပတ်ပြီးကျောက်တိုင်မှာမိန့် ခွန်းပြောမယ် (၅) မိန့် ခွန်းပြောပြီးအလေးပြုကာစနစ်တကျပြန်ဆင်းမယ် (၆) ဘုရားပေါ်မှတြင်လူစုခွဲပြီးဘုန်းကြီးကျောင်းသွားမယ်(ခြွင်းချက် ။။ ။ အာဏာပိုင် တွေက မတရားနှောက်ယှက်ခြင်းပြုလျှင် ရွေးချယ်ထားသော Volunteer(၆)ယောက်မှ ဖြေရှင်းမည်။ အနိမ့် ဆုံးအဆင့် အလေးပြုပြီးမှပြန်ဆင်းရန်ဖြစ်သည်။လူငယ်များဟာဒီပဲယင်းလုပ်ကြံမှုကြီး အပေါ် အခဲ ကြေနိုင်စရာအကြောင်းမရှိတာကြောင့် သေသေကြေကြေ ရင်ဆိုင်ရန် ၇ှိသော်လည်း ထောင် ဆို သည့် ခါးသီးလှသည့် နေရာသို့ သူတို့ လေးတွေ မရောက်စေလို သဖြင့်အတွေ့ အကြုံ များသော်ကျမမှ ချော့မော့ရ နားချရ သည်မှာအကြိမ်ကြိမ်ပါ ။ ဒီပွဲဟာ ပထမဦးဆုံး လူငယ်သစ်တွေကို ဦးဆောင်မှုပေး စေ တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ကျမကိုယ်တိုင် တန်းစီ လှည့်လည်တဲ့ အထဲ မှာပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဒါဟာ မျိုးဆက်သစ်တွေ ကို လက်ဆင့် ကမ်းရမဲ့ ကျမတို့ ရဲ့ တာဝန်လို့ ယုံကြည်မှုကြောင့်ပါ ။ NLD လူငယ်တွေရဲ့ သတ္တိဆက်လက်ကြည့် ကြရအောင်ပါ ။အမျိုးသားအောင်ပွဲနေ့  ရောက်ပြီ --- ချိန်းထား တဲ့ နေရာ ရဲ့ မလှမ်းမကမ်းကိုကျမအရောက် ကျမတောင် လန် သွားပါတယ် ဘာကြောင့်လဲ ဆိုတော့ ရွှေတိဂုံအလယ်ပစ္စယံ မွန်ပရိယတ္တိလမ်းကြားကနေ ကျမ လမ်းလျောက်လာတာ သွေးဆေးကန်ဘေး ရောက်တော့ ရဲရဲ တောက် ပင်နီတွေ နဲ့  လူငယ်၁၀၀ ကျော်က ကြို ရောက်နှင့် နေကြပြီ ပဲခူးကလူငယ် တွေ ဧရာဝတီကလူငယ်တွေ ရန်ကုန် မြို့ စွန် တိုက်ကြီးမှော်ဘီ သုံးခွ ခရမ်း ကွမ်းခြံကုန်း စတဲ့ ရပ်ဝေး က လူငယ်တွေကိုမြင်တော့ကျမထင်ထားတာထက်စည်းရုံးရေးစွမ်းအားပိုကောင်းနေတယ်။ ဦးဆောင်သူခြောက်ယောက်ကအရည်အချင်းပြလိုက်တာလေ သူတို့ တင်ပဲလား ရောက်လာသူ တွေရဲ့ ဗဟိဒ ပုံစံ အမျိုးသားနေ့ ဆိုတဲ့ ဇာတိသွေးကြောင့်ထင်ရဲ့ ပိုတက်ကြွပိုသတ္တိပြနေကြပါလား နယ်ကလူ တွေကိုမေးကြည့်တယ် ။ နင်တို့ --- ပဲ ရှိသေးတယ် မမေးနဲ့ မကြီး ဒီတကွက်နောက်ကျသွားပြီ။ သားတို့  က ည အိမ် တာဗျ တဲ့ တစ်ချို့ က နံနက် ၄း၀၀ လောက်ထလာကြတာတဲ့။ ဆက်သွယ်ရေးက တော့ မြန်ပါတယ် လူငယ်တွေ ရဲ့ စေတနာ ပါတာကိုး။ တဖွဲဖဲါ နဲ့ --ချိန်းထားချိန်နီးတော့သွေးဆေးကန် နဲ့ လွတ်ငါးအရောင်းဆိုင်လေးတွေ ရှေ့ မှာ ရုံးစုရုံးစု နဲ့ ပင်နီမ၇ှိသူတွေ အတွက် လူကြီးတွေ ထံကကြို ငှါးထားတဲ့ ပင်နီတွေ ၀တ်ကြ အချင်းချင်း အဆင်ပြေအောင်စီစဉ်ပေးကြနဲ့  လှုပ်၇ှားမှု တစ်ခု အတွက် ပြင်ဆင်နေကြဆဲ Timingယူထားတဲ့ အချိန်ကကပ်လာပြီလေထောက်လှန်းရေးတွေ ထောက်လှန်းရေး အထောက်အကူပြု ကြံ့ဖွံ့ တွေ မျက်စိမျက်နှာပျက်ပြီးဘုရားပေါ်ဆင်းလိုက်တက်လိုက်နဲ့ ခြေတိုနေပြီ ။ ထောက်လှန်းရေးဗိုလ်မှုးတွေအဆင့်အထိရောက်လာပြီဆိုတာကျမတို့ ရှေ့ ပြေးတွေကလည်းသတင်းပို့  နေပါပြီ။ ဒါတင်ဘယ်ကမလဲ ဘုရားရဲတွေ ကလည်း နှံပါတ်ဒုတ်ကိုယ်စီနဲ့ အပြည့်ဆိုပဲ ။ဒီသတင်းကြားမှ လူငယ်တွေ ပို တက် ကြွလာတယ်။အောက်ခြေကထောက်လှမ်းရေးတွေ နဲ့ ရင်ဆိုင်ရတာရိုးနေပြီ သူတို့ ပြာလေ သူတို့ နာလေ ပဲ ။ လက်နက် ဆိုလို့ သွားကြားထိုးတံ တောင် မကိုင်တဲ့ နှလုံးလှတဲ့လူငယ်တွေ နဲ့ ရင်ဆိုင်ရမှာ သူတို့ အလန့် ဆုံးပဲ မဟုတ်လား ။ ထောက်လှန်းရေးအင်အားစု နဲ့  ဘုရားရဲ အင်အားစု ဘယ်လောက်အင်အား ပြပါစေ NLD လူငယ် ၄၅၂ ယောက်ကတော့ ရည်ရွယ်ချက်ဆုံးဖျက်ချက် အတိုင်း အမျိုးသားအောင်ပွဲနေ့ ကို ရွှေတိဂုံဘုရား အနောက် ဖက် မုခ်သွေးဆေးကန်က နေနှစ်ယောက်တစ်တွဲ ညီညီညာညာ တန်းစီပြီး တက်သွားပါတယ် ။ ဒီလို ဘုရားပေါ်တက်လာတဲ့ လူတန်းကြီးကို ဘုရားဖူးပြည်သူတွေ တအံ့တသြ အားပေး နေကြပါတယ် တစ်ချို့ ဆို ၀င်ပြီး တန်းစီ လိုက်ပါလာတာကြောင့် ကျမတို့ မှာ ထောက်လှန်းရေး ပရောဂ ပါလာမှာစိုးလို့  အစစ သတိထားနေရပါတယ်။ပြင်ဆင်မှုရှိဟန်တူတဲ့ ထောက်လှန်းရေးကင်မရာပေါင်း ငါးဆယ.်မကဗွီဒီရိုကင်မရာဆယ်လုံးမက ထောက်လှန်းရေး နဲ့ ဘုရားရဲပေါင်း ၁၀၀မက ကြို တင် ဖြန့် ကျက်ထားပြီးကျမ တို့ ဘုရားကို သုံးပတ်ပတ်နေတာ ကို ပျာရိပျာယာနဲ့ နောက် က လိုက် နေပါတယ် ဘုရားဖူးပြည်သူတွေ ကလည်း ကျမတို့ ဖက် က ရပ်တည်နေသလို အားပေးနေကြပါတယ်Foreigner နိုင်ငံခြားသား တစ်ချို့  ကလည်း ဟိုမေးသည်မေး နဲ့ ဓါတ်ပုံဝင်ရိုက်လိုက်ကြသေးတယ်။ ဘုရားကိုလက်ယာရစ်သုံးပတ်ကြည်ညိုလို့ ပြီးတာနဲ့ ကျောင်းသားခေါင်းဆောင်ကြီးများကဗျဉ်း ထိုးထား တဲ့ ကျော်က စာတိုင် ကြီးများရှိရာ ချီတက်လာကြပြီး ထောက် လှန်းရေးကာရံ ထားတဲ့ ( ဒီမနက်မှကာ ထားဟန်ရှိ) ၀ါးရာဇမတ် လေးထောင့်ကွက်ဘေးမှာရာဇမတ်နဲ့ ခန္တာကိုယ်တွေ ထိထားရင်းအားလုံ လေး ထောင့်ပတ်လည်ဝန်းရံလိုက်ကြတယ်တစ်ပြိုင်နက် ထဲမှာကျမတို့ လူငယ်ထုရပ်နေတဲ့ အကြားထောက် လှန်းရေးတွေ စကားပြောစက် ကိုယ်စီ နဲ့ ဖြန့် ဝင် လာကြပါတယ်။ဘုရားရဲ တွေ ကဒုတ်တွေ နဲ့ ကျမတို့ ကိုဝိုင်းထားကြပါတယ်။ မလှမ်းမကမ်းမှာတော့ Forenger အယောက် ၂၀ လောက်ကို အခြေအနေအရပ်ရပ်ကို နားလည်ဟန်တူ တဲ့ အခြား Forenger တစ်ယောက် ကိုရှင်းပြနေပြီး ကျမတို့ အင်အားစုကိုစောင့်ကြည့်ပေးနေကြပါတယ် ဖြစ်စဉ်က တစ်ပြိုင်နက်ပါ။ထောက်လှန်းရေးတစ်ဦး က ဒီမှာဘယ်သူခေါင်းဆောင်လဲ ဟုမေးရာ (ကျမတို့ ကြိုတင်စီစဉ်ထားတဲ့ အတိုင်း အားလုံးခေါင်းဆောင်ပဲဟုပြန်ဖြေလိုက်ကြပါတယ်။ ထိုအခါအရာ ၇ှိဟုထင်ရသူတစ်ယောက်က ဒီမှာ အခမ်း အနားလုပ်ခွင့် မပြုဘူး ခု ပြန်ဆင်းပါ ။ဆိုတဲ့ အမိန့်  နဲ့ အတူ ညာသံ များပါလာပါတယ်။ လူငယ်များထံ မှလည်း ကျနော်တို့ အလေးပြုပြီးမှ ပြန်ဆင်းမယ် ခု မဆင်းဘူး ဟု ဖြေလိုက်ရာထောက်လှန်းရေး (၇) မှ လှသက်မောင် ကိုယ်တိုင် ဒေါသသံနှင့် မင်းတို့ ခု ဆင်းသွား မဆင်းရင် ခု ဖမ်း မယ် သူ့ တပည့် တွေ ကိုလည်းငေါက်ငမ်း၍ ဟေ့ကောင်တွေ မင်းတို့ ဘာလုပ် နေလဲ ၀ိုင်းထား ။ဖမ်းတော့ ငါ အမိန့် ပေးနေတယ် ခု ဖမ်း ပြောနေပေမဲ့ ဘုရားရဲ များကသာ နံပါတ် ဒုတ် များ နှင့် ၀ိုင်းလာတယ် ထောက်လှန်းရေးများ ကိုယ်ထိလက်ရောက် မဆွဲ သေးပါ။ဆူဆူညံညံ ကြမ်းကြမ်း တမ်းတမ်း ဖြစ် လာချိန် တွင် အတွေ့ အကြုံ နည်းသောလူငယ်တစ်ချို့ မှပြန်လှည့် ထွက်ရန်စဉ်းစားနေပုံ ရသည်။ ခြေလှမ်းက ကျွံနေပြီ တာဝန်ယူခဲ့သောခြောက်ဦးမှာလည်း မထင်မှတ်ပဲ ထိပ်တိုက်အကျဆုံးဖြစ် သွားရာ အကယ်၍ အဖမ်းခံ ခဲံကြရပါက ကျမ ခေါင်းထားစရာ နေရာမရှိနိုင်တော့ပါ ။အဘယ့်ကြောင့်ဆို သော်တပ်ဦးကျွံခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ်အာဏာပိုင်တွေ ကိုလည်းအလျော့မပေးချင်ပါ လူငယ်အများစု မှာဖမ်းချင်ဖမ်းပါစေ လုပ်စရာ ရှိတာကို လုပ်မည့်အခြေအနေ အနေအထားကိုကျမ၀င်ထိမ်း မှရတော့မည် ဆိုးဒဏ်ကောင်းဒဏ်ကိုယ်ခံ မည်ဟုဆုံးဖြတ်၍ ကျမတို့ တစ်တွေအားလုံးအလေးပြုပြီးမှပြန်မယ် အခမ်းအနားလုပ်ခွင့် မရရင်မလုပ်ဘူး ဟု အလျော့ အတင်း သံ နဲ့ ကျမ အော်လိုက်ပါတယ် တစ်ပြိုင် နက် ပြန်ဆုတ်ရန် ခြေလှမ်း ထွက်နေ တဲ့ လူငယ်တွေကိုပါ လှမ်းတားလိုက်ပါတယ်။ဒီအခါ မှာစောစောကတပ် မှုးလှသက်မောင်ကျမဆီ တိုက်ရိုက် ရောက်လာပါတယ် ။ ဘာမှလုပ်ခွင့် အပေးဘူး အခုဆင်း မဆင်းရင် ဖမ်းမယ် လို့ ဒေါသတကြီးပြောတယ် ရှင်တို့ ကျမတို့ လူငယ်တွေ ကို ရိုင်းရိုင်းစိုင်းစိုင်းမောင်မထုတ်ပါနဲ့  လို့ ကျမကပြန်ပြောလိုက်ရာ တပ်မှုး လှသက်မောင် က ကျမရဲ့ နာမည်ရင်းကိုခေါ်ပြီး ဒီမှာ----------နင့်ကိုလက်ရှိအခြေအနေအရသီးခံနေတာ ငါတို့ ဘယ်မှာရိုင်းရိုင်းစိုင်းစိုင်းပြောလို့ လဲ ဟု အသားတွေ တဆတ်ဆတ်တုန်ပြီး ကျမကို လက်ညိုးထိုးပြီး ရန်တွေ ပါတော့တယ်။ ဟုတ်ပြီမောင်မထုတ်ရင် ကျမ တို့ အလေးပြုပြီးပြန်ဆင်းမယ် လို့ ပြောမှ လှသက်မောင် လေသံ နည်းနည်း လျော့ သွားပါတယ်။ အဲဒီ လှသက်မောင် နဲ့ ကျမတို့  အပြန်အလှန် ပြသနာကို ကျမတို့ ဖက်မှာ အသံ ဖမ်း ယူနိုင်ခဲ့ပါတယ်။ တပြိုင်နက် လူငယ်တစ်ဦးမှသိတ်စကားများနေတဲ့ထောက်လှန်းရေးတပ်မှူးကိုဂရုမစိုက်တော့ ပဲအလေးပြု ဟု ဦးဆောင်လိုက်ရာ ထောက်လှမ်းရေး ဘုရားရဲ အင်အားစု ဘာလုပ်ရမှန်းမသိပျားပန်းခပ်သွားကြသည်။ အလေးပြုပြီးသည် နှင့် တစ်ပြိုင်နက်ဘုရားရင်ပြင်တွင် သုံးပတ် ပတ်၍ အင်အားပြကာ အခမ်းအနား လုပ် ခွင့်မရသော စိတ် မတရားလာရောက်နှိမ်နှင်းသဖြင့် မခံ ချင်သောစိတ်နှင့် ကျမတို့ နဂို အစီအစဉ် ထက် ပိုကာ ဒီပဲ ယင်းဖြစ်ဖြစ် ခြင်းဖမ်းဆီးခံရပြီး မကြာမှိကမှာလွတ်လာသော CEC ၅ဦး (ဦးအောင်ေ၇ွှနှင့် ဦးလွင် မလွတ်သေးပါ ) မှဦးဆောင်ကာ ဆွမ်းကျွေးနေသော ခြောက်ထပ်ကြီးဘုရား သာသနာ့ဂုဏ်ရည် ကျောင်းတိုက် ရှိ အမျိုးသားအောင်ပွဲနေ့  သို့  ရှေ့ ဆက်ချီတက် သွာဖြစ်ခဲ့ကြသည်.။ လူငယ်တွေကတော့ ညီညွတ်မှု အပြည့်ပါ ခုလိုပင်နီဝတ်စုံတွေနဲ့  တန်းစီချီတက် ခြင်းဟာ NLD ရဲ့ မှတ်တိုင် မှာ ကြုံတောင့်ကြုံခဲ ချီတက်ပွဲဖြစ်ပါတယ်။ ထောက်လှန်းရေးကားများသည်ရှေ့နောက်မှလူးလားခတ်၍ အရူးများနှယ်သွေးလန့် နေကြရာဝယ် ကျမတို့ မြတ်နိုးသောတော်လှန်ရေး ရဲ့ အရိပ် တော်လှန်ရေး ရဲ့ နိမိတ် အစဉ်အလာတွေလက်ဆင့် ကမ်းနိုင်ခဲ့တဲ့ အမျိုးသားနေ့ အောင်ပါကြီးကို အမျိုးသားဝတ်ဆုံအပြည့် နဲ့  ကြီးမာတဲ့ အန္တယယ်ဒါးသွားကြားမှာ ပါးပါး ကလေးလှစ်လှစ်ကလေးချီတက်သွားခဲ့ကြတာတော်လှန်ရေးခေါင်းဆောင်တွေရဲ့ကျောင်းသားခေါင်းဆောင် တွေရဲ့ကျောက်တိုင်ဆီကိုတူညီဝတ်စုံတွေနဲ့ အလေးပြုနိုင်ခဲ့ကြတာစားတော့ဝါးတော့ မဲ့ခွေးဘီလူးတွေကြား ကအကင်းပါးပါး နဲ့ အန္တယယ်ကိုေ၇ှာင်ခွင်းနိုင်ခဲ့ကြတာယနေ့ ဆိုလျှင်တစ်နှစ်ပြည့်မြောက်သွားခဲ့ပါပြီအမျိုး သားအောင်ပွဲနေ့ ကြီးလည်း(၈၄) ကြိမ်မြောက်ခဲ့ပါပြီအခုကျရောက်တော့မဲ့အမျိုးသားနေ့ ကြီးကိုရောပြည် တွင်းမှအနစ်နာခံ လူငယ်များ ဘယ်လိုချီတက်ပြီးသတ္တိပြသွားကြလေမလဲလို့  ရင်ခုန်စွာ မှန်းဆရင်းပြည် တွင်းမှအနစ်နာခဲ့လူငယ်များအားဤဆောင်းပါးဖြင့်ဂုဏ်ပြုလိုက်ပါသည်။ ( ဤဆောင်ပါးသည် ၂၀၀၃ လှုပ်ရှားမှု ပြီး ၂၀၀၄ အမျိုးသားနေ့  တွင် ရေးသားခဲ့ခြင်းဖြစ်သည် ရန်ပုံခွင်း စာပေ တွင် ၂၀၀၄ က ဖေါ်ပြပြီးဖြစ်သည်။) မေအိခင်(လယ်ဝေး) (မှတ်ချက် ။ ။။ ကာယကံရှင်စာရေးသူကိုယ်တိုင် ရင်ဆိုင်ပါဝင်ခဲ့သော လှုပ်၇ှားမှု ဖြစ်သည် ဖြစ်စဉ် အားလုံးကိုတာဝန်ယူရေးသားပါသည်။)