welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ကြေနပ်စရာဘာမှမရှိ

Tuesday, August 11, 2009



ကျမတင်မက သဘာဝ တရား ကလည်းပြင်းပြင်ထန်ထန်ကန့် ကွက်ခဲ့တဲ့ ဒီကနေ့ ပါ


အင်အားပြင်းထန်တဲ့မြေငလျှင်ကြီး လှုပ်ခဲ့တဲ့ ဒီကနေ့ ဟာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်း
စုကြည်ကို ထောင်ဒဏ် ၃နှစ် သတ်မှတ်လိုက်တဲ့နေ့ ဖြစ်ပါတယ် ။ ကျမတို့ ဗုဒ္ဓဘာသာဝင်တွေ
ပိုပြီးနားလည်သဘောပေါက်မှာပါ လောကကိုစောင့်ရှောက်တဲ့စတုလောကပါလနတ်တွေ နတ်
မြတ်နတ်ကောင်းသူတော်ကောင်းတွေဟာ ဒီကနေ့  ၁၁-၈-၂၀၀၉ နံက် ၂း၀၀ကျော်မှာ မင်းဆိုး
မင်းညစ်ကို သတိပေးလိုက်လေရဲ့ ပြင်းထန်တဲ့မြေငလျှင်ကြီး ရန်ကုန်မြို့ မှာလှုပ်ပြခဲ့တယ် ။
ဒါကိုသတိမမူ ပဲ အမျိုးကောင်းသမီးကို ထောင်ဒဏ်သတ်မှတ်ဝံ့သေးလေရဲ့---

ငါ့မြင်းငါစိုင်းစစ်ကိုင်းရောက်ရောက် ဆိုတဲ့ စကားအတိုင်း စစ်အုပ်စုကတော့ တပ်ကုန်လွှင့်ပြီး
မိုက်ကန်းလိုက်ပါပြီ ။ ထောင်ထဲကိုထဲ့မထားလို့ ကြေနပ်ပါတယ် လို့ ပြောကြသူတွေကို ကျေး
ဇူးတင်ပေမဲ့ ခုလို စိတ်ကို ထိမ်းချုပ်ဖို့  ၄၀၁ ပုဒ်မ မျိုးနဲ့  ဆိုင်းငံ့တစ်နှစ်ခွဲ လို့  သတ်မှတ်လိုက်
တာကျမဖြင့် အတော်ဒေါသဖြစ်မိပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ သောခေါင်းဆောင်
ကိုပင်ကောင်းမွန်စွာနေထိုင်လျှင်ဟူသော ခြိမ်းခြောက်ရဲသည့်စစ်အုပ်စုလမ်းဆုံးရောက်တော့
မည်မှာမလွှဲပါ ။ထို့ ပြင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃နှစ် ဟူသော အမိန့်  ကို ချ နိုင်သော
တရားရုံးသည်လည်း အာဏာအောက်က ဥပဒေဖြစ်နေတာကြောင့် စစ်အုပ်စုရဲ့ ဥပဒေအပေါ်
ချုပ်ကိုင်ထားမှုဟာလည်းထင်ရှားပေါ်လွင်နေပါတယ် ။

ဒီအခြေအနေဆိုးမျိုးကို ကျမတို့ ပြည်သူတွေ ဘာလုပ်သင့်လဲ ဆိုတာကိုတော့ ကိုယ်တိုင်ပဲ
စဉ်းစားကြည့်ကြပါတော့ ---အပြစ်မရှိသူကို လုံးဝ ကွင်းလုံးကျွတ် လွှတ်ရမယ်မှန်းသိသိကြီး
နဲ ပြစ်ဒဏ် ချတယ်ဆိုကတည်းကမည်သို့ ပင် သက်ညှာသည်ဟု ဆုံးဖြတ်စေကာမူ အင်တာ
နေ၇ှင်နယ် ကိုလက်တစ်လုံးကြား လိမ်မှန်း ကမ္ဘာကသိပြီးသားပါပဲမို့  စစ်အုပ်စုမတရားလုပ်ကြံ
တာ ကတော့ လုပ်ကြံတာအသေအချာအထင်အသာ ကြီးပါပဲ။ အားလုံးကမြင်သာပြီးသားပေမဲ့
ရင်မှာခံစားရတာမို့ တင်ပြလိုက်တာပါ။

0 comments: