welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ခွဲထွက်အစဉ်အလာဆိုးကိုသယ်ဆောင်သူ(သို့ ) ငါးဦးဂိုဏ်း

Thursday, May 6, 2010

ပန်းတိုင်မရောက်ခင်လှည့်ပြန်သွားသူတွေရပ်ကျန်ခဲ့သူတွေကိုခွင့်လွှတ်နားလည်နိုင်ပေမဲ့ဖောက်ပြန်သွား
သူတွေကို ကျမတို့ တတွေ အမြင်ပြတ်ရလိမ့်မယ်။ခုည ကျမ ကိုယ့်ပါတီရဲ့အခြေအနေကိုစောင့်ကြည့်နား
ထောင်ရင်းထင်မှတ်ထားတဲ့သတင်းဆိုး၊ထင်ပေမဲ့ ဖြစ်မလာစေ့ချင်တဲ့ဖြစ်ရပ်တစ်ခု ကို တိတိပပ
သိလိုက်ရချိန်မှာ ကျမတော်တော်ခံပြင်းပါတယ်။

ကျမတို့ မြတ်မြတ်နိုးနိုးတန်ဖိုးထားခဲ့တဲ့ ပါတီရဲ့ မုန်တိုင်းထန်ချိန် အကြတ်အတည်းနဲ့ရင်ဆိုင်နေရချိန်မှာ ပြည်သူ
လူထုနဲ့ အဖွဲ့ ချုပ်ကိုကျောခိုင်းသွားပြီး စစ်အုပ်စုကို တရားဝင် မှု အားအင် တစ်ခုဖြစ်စေမဲ့  ခွဲထွက်ပါတီကို
သူတို့ ထောင်လိုက်ကြပါပြီ -
အဲဒီ့ ဆိုးရွားတဲ့အစဉ်အလာကို သယ်ဆောင်မဲ့  ပုဂိုလ်များကတော့ (၁) ဦးခင်မောင်ဆွေ
(၂)ဒေါက်တာသန်းငြိမ်း(၃)ဒေါက်တာဝင်းနိုင်(၄)ကော့ကရိတ်သိန်းညွန့် (၅)ဦးစိန်လှဦးတို့ ပဲဖြစ်ပါတယ် ။

သူတို့ က အမျိုးသားဒီမိုကရေစီအင်အားစု ဆိုတဲ့နာမည်နဲ့ ဖွဲ့ စည်းလိုက်တာဖြစ်ပြီး စစ်အုပ်စု ကိုအားဖြစ်
စေဖို့ နဲ့  နိုင်ငံရေးအာဏာကိုခွေးကထစ် ကပဲရရ လိုက်ပါ ကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဒီမိုကရေစီ မလိုက်နာပဲ လူနည်းစုအခွင့်အရေးဆိုတာကိုဗန်းပြပြီ ဒီလို ပါတီတခုလုံးကိုသစ္စာဖောက်သွားသူတွေ
ရဲ့ ကိုယ်စားပြုမှုကိုကျမ ပြင်းပြင်းထန်းထန်ကန့်ကွက်ချုံ့ ချပါတယ်။

အထူးသဖြင့်ကျမတို့ အင်းစိန်မြို့ နယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးစိန်လှဦးဟာရွေးကောက်ပွဲ
အောင်နိုင်ရေးအတွက် ကျမ တို့  ပင်းပန်းကြီးစွာ မြို့ နယ်အနံ့အပင်ပမ်း ခံပြီးမဲဆွယ်စည်းရုံးပေးခဲ့တာတွေကို
မထောက်ပဲကျမတို့ အင်းစိန်ပြည်သူကိုစော်ကားရာရောက်တယ်လို့ ကျမနားလည်ပါတယ်။
မြို့ နယ်ပြည်သူကမဲထဲ့တာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မှုကြောင့် နဲ့ မြို့ နယ်ပါတီဝင်တွေရဲ့စွမ်းဆောင်
မှုကြောင့်ပါ။ ဒီမန်းဒိတ်ဟာ ပြည်သူ့ မန်းဒိတ်ဖြစ်တာကြောင့် ဦးစိန်လှဥင်္ီးဆိုတဲ့ပုဂိုလ်မပိုင်ပါဘူး။
ဒါကြောင့်ကျမက ၈၈မျိုးဆက်ကျောင်းသူဟောင်းတစ်ဦးအနေနဲ့ ရော အင်းစိန်မြို့ နယ် လူငယ်တာဝန်ခံဟောင်း
တစ်ဦးအနေနဲ့ ပါ ဦးစိန်လှဦး ဟာအင်းစိန် မြို့ နယ် ကိုကိုယ်စားပြုသူအဖြစ်ကငြင်းဆန်ပါတယ်။

နောက်တစ်ဦး ကတော့ ဒေါက်တာဝင်းနိုင်ပါ ။သူက ကျမတို့ နဲ့  တိုက်ရိုက်ပတ်သတ်ခဲ့ရတဲ့ရန်ကုန်တိုင်း
တာဝန်ရှိသူပါ ။ ဒေါက်တာဝင်းနိုင်ရဲ့ ပါတီအပေါ်ရပ်တည်ချက် ပါတီမှာစွဲစွဲမြဲမြဲတည်ရှိနေတာဟာစစ်အုပ်စုက
အချိန်ကာလများစွာထဲက သပ်လျိုထားတဲ့ ပုဂိုလ်တစ်ဦးလို့ ကျမတို့  သံသယအမြဲရှိခဲ့ပါတယ်။
ပါတီ မှာလူငယ်လှုပ်ရှားမှု အမျိုးသမီးလှုပ်ရှားမှုဖြစ်တိုင်း ဒေါက်တာဝင်းနိုင်ရဲ့ကန့်သတ်တားဆီးမှုအရေးယူမှု
နအဖထံ သတင်းပေးမှုတွေကို ပါတီတွင်းက တက်ကြွသူတိုင်း ခံရတာမို့  ပါတီမှာတကယ် ရဲရင့်တဲ့လူငယ်တွေ သူကြောင့်ပါတီအပြင်ရောက်သွားခဲ့ရတာ ဒုနဲ့ဒေးပါ ။
ကျမအပါအ၀င် လို့ ပြောနိုင်တာ (၂၀၀၄ စက်တင်ဘာမှာ ကျမကို ဒေါက်တာဝင်းနိုင်ဦးဆောင်ပြီးပါတီ က
(၁)အချက်က စီအီးစီထဲ က စပီကာ ဦးလွင် ကို စပီကာ ဖြုတ်ဖို့ ကျမ က လူငယ်တွေ ကိုစည်းရုံးတယ်ဆိုတဲ့
စွပ်ဆွဲချက်(၂) က ကျောင်းသားခေါင်းဆောင်တွေ နဲ့ ကျမက ဆက်သွယ်ဆောင်ရွက်(ပါတီအခေါ် အားသား
လိုင်း နဲ့ ပတ်သတ်)တယ်ဆို ပြီး ကျမအပါအ၀င် မြို့ နယ်လူငယ်ခေါင်းဆောင် ၆ဦး ကို အရေးယူပါတယ်) ။
ကျမက ဦးဆောင်သူအနေနဲ့ အရေးးယူခံခဲ့ရတာပါ၊ဒါတွေ ကို အခု ကျမက ဘာ့ကြောင့် ပြန်ပြောလဲ စာဖတ်သူ
တွေ ကို ဘာ့ကြောင့် ရှင်းပြနေတာလဲ ဆို ရင်ထဲ မှာ မချိမဆန့် ဖြစ်ရလွန်းလို့ ပါ။ ဒီဒေါက်တာဝင်းနိုင်ဟာ ဦးအောင်ရွှေကိုအမြဲမြှောက်ထိုးပင့်ကော်လုပ်ပြီး ပါတီရဲ့ နိုင်ငံရေး တိုက်နိုင်ရည်စွမ်းအားကို နင်းခြေထား
သူမို့  အခု သစ္စာဖောက် လောက်ကောင်တစ်ကောင် ထင်းထင်းပေါ်ပေမဲ့ သူတို့ ကြောင့် ကိုယ့်ပါတီထဲ မှာ
သဘောထားတွေကွဲ အဖွဲ့ တွေ ကွဲသယောင် ပြည်သူတွေ ထင်မြင် မှာစိုးရိမ်မိလို့ ပါ။
ပြီးခဲ့တဲ့လက လည်းကျမသူနဲ့ ပတ်သတ်တာ သတိပေးရေးသားခဲ့ဖူးပါတယ်။အာရှတော်ဝင်မှာ ဒေါ်အောင်ဆန်း
စုကြည်ကို ခွဲစိတ်နေတုန်း အန်တီ့ကျန်းမာရေးအတွက်ပန်းစည်းလေးတွေ ကိုင်ပြီး စုပေါင်း ထိုင်သပိတ် လုပ်နေတဲ့
လူငယ်တွေကိုတားမြစ်ပြီးကျမကို ပါတီ လုပ်ပိုင်ခွင့်ဘောင်ကျော်ပြီး လူငယ်တွေ ကိုဆန္ဒပြတာဦးဆောင်လို့ ဆိုပြီး အာရှတော်ဝင်အထိလိုက်လာပြီး ပါတီက ထုတ်ပစ်မယ် ကြိမ်းမောင်ဖူးသူပါ ။
ဒီလောက်ဆို အမျိုးသားဒီမိုကရေစီအင်အားစုထဲမှာဘာပါနေပြီဆိုတာစာဖတ်သူသိလောက်ပါပြီ။

အတွေးအခေါ်အယူအဆအမျိုးမျိုးကွဲလွဲခွင့်ရှိတယ်လို့  တချို့ သုံးသပ်ပါလိမ့်မယ် နှစ်နှစ်ဆယ်ကြာနေလို့ ပါလို့ 
လည်း ခြေပပါလိမ့်မယ်။ ညီလာခံလည်းသွားတက်ပြီးကြပါပြီ တွေ့ ဆုံဆွေးနွေးဖို့ လည်းရွှေတံတားတွေ
အကြိမ်ကြိမ် ခင်းပေးမဲ့စစ်အုပ်စု ရဲ့ ဟင့်အင်း ကို
ကျမတို့ မကျော်ဖြတ်နိုင်ခဲ့ပါဘူး ။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီပဲယင်းမှာအသေအရိုက်ခံခဲ့ရတာကိုတရားမစွဲနိုင်ပဲ အဆင့်တွေ
အများကြီးလျော့ပြီး လူ့ တိရိစ္ဆာန် သန်းရွေဆီ စာပို့ ပြီးပါပြီ စ
စ်အုပ်စုရဲ့ တုန့် ပြန်မှု ကရှင်းပါတယ် ။
ဆွေးနွေးစရာအကြောင်းမရှိလို့  ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေနဲ့  လူထုခေါင်းဆောင်ကိုရောလူထု ပါတီကိုပါ
ကျောခိုင်းထားတာပါ ။ရှင်ကြီးဝမ်းရောရှင်ငယ်ဝမ်းရော ချီးဆော်နံ လို့ ပြန်ထွက်ခဲ့ရတာတောင်
မမှတ်ရင် ဒီတစ်ခါ စစ်အုပ်စုနဲ့ သွားပတ်သတ်သူဟာ ချီးတွင်းထဲ ကျမှာပါပဲ ။
ရဲဘော်တော်တော်များများကပြောတယ် အဖြူအမဲ ကွဲသွားတာပေါ့ဟ ကောင်းတာပေါ့ လို့ ပြောတယ် ။
ဒါဟာ ဟုတ်နေ မှန်နေပေမဲ့ နအဖ ကို အင်အားဖြစ်သွားစေတာတော့မမှားပါဘူး ။
မကောင်းတဲ့ အစဉ်အလာတစ်ခုကို ပါတီထဲ က အမတ်တွေအနေနဲ့ သယ်ဆောင်လိုက်တာပိုမကောင်းပါဘူး
ဒီလို မကောင်းတဲ့ အစဉ်အလာ ကို ဦးခင်မောင်ဆွေ (စိန်လှဦးတပည့်)
ဒေါက်တာသန်းငြိမ်း( ဗိုလ်ချုပ်ခင်ညွန့် မယားညီအကို) တို့ ဟာ NLD နှစ်ခြမ်းကွဲတာပါလို့  စတင် သယ်ဆောင်
တဲ့အတွက် ဒီငါးယောက်ဟာ(၁)ဦးခင်မောင်ဆွေ(၂)ဒေါက်တာသန်းငြိမ်း(၃)ဒေါက်တာဝင်းနိုင်(၄)ကော့ကရိတ်သိန်းညွန့် 
(၅)ဦးစိန်လှဦးသမိုင်းတရားခံ တွေ ပဲဆိုတာ ထင်ရှားပါတယ်။

မှတ်ချက် ။။ ။။ မီဒီယာများ မှ မိမိ လိုသလို NLD ၏ နောက်ဆုံးအခမ်းအနားဟု တင်ပြ ထုတ်လွှင့်နေခြင်း
သည်လည်း စစ်အုပ်စု လေသံ ကိုနောက်ယောင်ခံ၍ စစ်အုပ်စု ၏ မတရားဥပဒေများ ကို အသိအမှတ်ပြုမိ
နေသည်ကိုသတိချပ်သင့်သည်။အထူးသဖြင့် ဒီမိုကရေစီ တော်လှန်ရေးကြောင့်ဖြစ်တည်လာသောသတင်း
ဌါနများ ပို၍ သတိထားသုံးနှုန်းကြပါ)

မေအိခင် (လယ်ဝေး)

4 comments:

ကိုကြီး said...

အမရေ စာလက်ဖတ်သွားတယ် အရမ်းသဘောကျတယ် အမရဲ့ပါတီတွင်း သုံးသပ်တင်ပြပုံကို လင့်လိုက်ပါပြီခင်ဗျာ အမက ပါတီကို သူရဲကောင်းကိုးကွယ်သလို ပါတီလုပ်သမျှအကောင်းဘဲ ပါတီဘာပြောပြောမှန်တယ်ဆိုပြီး ရေးနေတဲ့ ပါတီဝင်ဘလောက်ဂါ တချို့တွေနှင့်တခြားစီပါဘဲ ဒီမိုကရေစီနည်းလမ်းကျကျ အမှားအမှန်နှင့် လက်မကောင်းလက်မ ခြေမ မကောင်းခြေမ ထုက်ဖေါ်ရေးသားခြင်းကို လေးစားပါတယ်ခင်ဗျား

အေးခိုင် said...

ပြည်တွင်းကအခြေအနေကိုနားလည်အောင်လေ့လာစေချင်တယ်
သမိုင်းကအမှန်တရားကိုပြသွားမှာပါ
ကိုယ်နဲ့မတူတိုင်းရန်သူလို့သဘောမထားသင့်ပါ
မိသားစုတွေပါဘဝတွေပေးဆပ်ထားရတာပါ
ကျည်ကွယ်မျက်ကွယ်မှာနေပြီးစော်ကားတာမကောင်းပါဘူးသတ္တိခဲကြီးခင်ဗျာ။

Anonymous said...

ပို့စ်ကောင်း တစ်ခု ... အမှန်အတိုင်း တင်ပြ သွားနိုင်လို့ လေးစားလျက် ....

Unknown said...

ထင်ရာတွေ စွပ်ပြောမနေပါနဲ့ ။နိုင်ငံရေးမှာ အယူအဆ ကွဲတာကတော့ ရှိစမြဲပါဘဲ။ NDF အနေနဲ့ NLD အပေါ်
သစ္စာဖောက်လားမဖောက်လားကို စိတ်မ၀င်စားပါ။ နိုင်ငံ
နှင့် လူမျိုးအပေါ် သစ္စာဖောက်လားမဖောက်လားကိုသာ
စိတ်ဝင် စားပါသည်။ ခင်ဗျားတို့ရဲ့ စကားတွေကိုလဲ ပြန်စမ်းစစ်ပါအုံး Emotion တော်တော်များနေတယ်။ပြီး
တော့ Goal ထက် Role ကို ပိုပြီးစိတ်ဝင်းစားကြတယ်နော်။
နိုင်ငံရေး ကို ပညာရပ်ရှုထောင့်က ချည်းကပ်ပြီးပြောစမ်းပါဗျာ။ Emotion တွေရှေ့တန်းတင်ပြီးမပြောစမ်းပါနဲ့။ ခင်ဗျားတို့ပြောတဲ့ စံနှုန်းတေတွကို လက်ရှိမြန်ပြည် နိုင်ငံရေး တိုင်ပြည်ေ၇းတွေ နဲ့ တွဲဆက်သုံးလို့ဖြစ်နိုင်ပါ့မလားဆိုတာကိုတော့ စဉ်းစား
ဖို့ကောင်းတယ်။