Saturday, May 29, 2010
ခြောက်နှစ်လုံးလုံး
ဒီတောမှာစုံးစုံးမြုတ်ခဲ့ရ
ပွင့်ချပ်တချို့ တောင်
ခရာဆူးခတ်တွေတဖွါးဖွါးနဲ့ 
ကြွေလွင့်နေလိုက်တာ
တခါတခါ
ငရဲပန်းတစ်ပွင်တောင်ဖြစ်လိုက်ချင်ရဲ့
ဘ၀အလွှာလွှာအောက်က
ငါဟာနောက်ဆုံးပွင့်ချပ်
ဝတ်မှုန်တို့ အတွက်ဖြစ်ရမယ်
ကန္တာရ ဆူးပန်းတွေအတွက်
မရဏ လက်နက်လည်းဖြစ်ရဲ့
သင်္ချိင်းအောက်က တောက်ခေါက်သံတွေ
ချော်မီလျံကြားကတယောသံတွေ
အမှန်ဆိုတာတံတိုင်းတားလို့ မရ
လူသတ်တဲ့ဘုရားနဲ့ 
လူသားဆန်တဲ့ မာန်နတ်
ဘယ်သူတွေ ကိုယ်ကျောကိုယ်သပ်နေကြသလဲ
ရေခဲကျောက်ရဲ့နှလုံးသားတွေက
ပန်းတိုင်းပွင့်ပါစေတဲ့
ငါ့ လျာကို ငါ ဖြတ်ပြီး
ယဇ်ပလ္လင်ပေါ်တင်လိုက်ချင်ရဲ့
ဖြစ်နိုင်ရင်
နှလုံးသားကိုလက်နဲ့ ကာပြီး
စိတ်ထဲကဆူးအပ်
ဆွဲနုတ်လို့ ဖျက်ဆီးပစ်ချင်တယ် ။။
ဒေါင်းနီလင်း
ကလိယုဂ် = ပျက်ဆီးယိုယွင်းလာသောခေတ်
0 comments:
Post a Comment