welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ခွပ်ဒေါင်းအလံ အလွဲသုံးစားလုပ်တာ စာပေနှင့်အနုပညာရှင်များက လက်မခံ

Thursday, May 6, 2010

"စာပေနှင့်အနုပညာရှင်များက ကန့်ကွက်ရှုတ်ချ"
၆.၅.၂၀၁၀ နေ့က ဦးရဲထွန်းဦးဆောင်သော ၈၈ မျိုးဆက်သစ် ကျောင်းသားများအဖွဲ့(ပြည်ထောင်စုမြန်မာနိုင်ငံ)၏ ပါတီအမှတ်အသားကို ခွပ်ဒေါင်းသင်္ကေတထည့်သုံး၍ သရုပ်ဖော် ထားခြင်းကို မြန်မာနိုင်ငံအတွင်ရှိ စာပေနှင့်အနုပညာရှင်များက ကန့်ကွက်ရှုတ်ချကြသည်။ယင်းကန့်ကွက်စာကို နေပြည်တော်ရှိနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်သို့ ယနေ့ ပေးပို့လိုက်သည်။ခွပ်ဒေါင်းသင်္ကေတသည် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး ဦးဆောင်ပြုခဲ့ကြသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများနှင့် ကျောင်းသားသမဂ္ဂအဆင့်ဆင့်
ကိုယ်စားပြုထားသည့်အတွက် နိုင်ငံရေးပါတီတခုအနေဖြင့် အသုံးပြုမသင့်ကြောင်း၊ ခေတ်အဆက်ဆက် မြန်မာ့ကျောင်းသားလှုပ်ရှားမှုများးကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် မလုပ်သင့်ကြောင်း
ကန့်ကွက် စာတွင်ပါရှိသည်။
အဆိုပါကန့်ကွက်စာကို ယနေ့မြန်မာနိုင်ငံ စာပေနှင့်အနုပညာရှင်ကြီးများဖြစ်သည့် ဆရာဒဂုန်တာရာ ၊ လူထုစိန်ဝင်း ၊ မောင်ဝံသ အစရှိသူ ဆရာကြီးများနှင့်ပန်းချီ၊ ဂီတပညာရှင် လူငယ် ၃၀ ကျော် လက်မှတ်ရေးထိုးထားကြသည်ဟုသိရှိရသည်။

0 comments: