welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

အိပ်ဖွင့်ပေးစာ

Tuesday, May 25, 2010

ဒီကဗျာလေး တွေကို ကျမသတိတရ တင်ဖို့  အချိန်အတော်ယူရပါတယ် သူတို့ တွေ ရဲ့ ထောင်တွင်းက
အခြေအနေတွေကိုစောင့်ကြည့်ရတယ်ပေါ့ -ဒါပေမဲ့ ခုတင်လိုက်ပါပြီကာယကံရှင်ပြန်သိရင်လည်းနားလည်
ပါလိမ့်မယ် --ကိုသူ ဆိုတဲ့ ကဗျာရေးသူ ဟာထောင်ဒဏ် တကျွန်းနဲ့ ရှစ်နှစ်ကျခံနေရတဲ့ NLD လူငယ်
ခေါင်းဆောင်၊ ကျောင်းသားအေ၇းကို တက္ကသိုလ်ကျောင်းဝင်းထဲမှာခုလိုကဗျာတွေရေးဖြန့် ခဲ့သူ မြန်မာ
ပြည်သူတို့ အလုပ်သမားအခွင့်အရေးသိရအောင် အမေရိကန်စင်တာမှာ ပညာပေးဟောပြောဖို့ ကြိုးစား
ခဲ့တဲ့  သူရိန်အောင် ပဲဖြစ်ပါတယ် ။မြန်မာ့နိုင်ငံရေးစိတ်ဝင်စားတဲ့သြစတီးလျားက ပုဂိုလ်တစ်ယောက်နဲ့ 
စကားပြောဖြစ်တော့ ကျမ သူရိန်အောင် အကြောင်းပြောပြတဲ့အခါ - နိုင်ငံတကာက ပေးနေတဲ့ဆုတွေ
သူလိုလူမျိုးနဲ့ထိုက်တန်တယ်။သူကို လောဘီ လုပ်ပေးကြရအောင်တဲ့ --ကျမ မဲ့ ပြုံးပြုံးပြီးပြောသင့်တာ
ပြန်ပြောလိုက်ပါတယ် -------??????---

သနပ်ခါးရနံ့ အပြုံးရှင်လေး
ရွှေငါးတစ်ကောင်လို လှုပ်ရှားနေပုံက
ငါ့ရင်ကိုတိမ်တိုက်တွေခလုပ်တိုက်သွားလေရဲ့
မိုနာလီဇာအပြုံးဆိုတာ
နင့်ခေါင်းပေါ်က ပန်တပွင့်လောက်တောင်
တေးမဆိုနိုင်ပါဘူး

နင့်ရဲ့ဆံနွယ်မြစ်တစ်စင်းကြောင့်
အာဖရိကတောအုပ်ကြီးခမျာ ရှက်နေရှာတယ်
ကျေးဇူးပြု၍ နင့်မြစ်တစင်းကိုချောသိပ်ပေးပါ
ပီကာဆိုနဲ့ ဗင်ဂိုးသာရှိဦးမယ်ဆိုရင်ပေါ
နင့်မျက်ဝန်းထဲကအရောင်တွေကို
မာဃလုလင်၇ဲ့ဥယျဉ်ထဲ နယ်နှင်ခိုင်းရလိမ့်မယ်
ပဉ္စသီခ ဗင်သိုဗင် သူငယ်ချင်းတို့ ရေ
နိုက်တင်ဂေးရဲ့ကမ္ဘာဦးတေးသွား
မင်းတို့  ညှို့မြူသွင်းခဲ့မယ်
ဒါပေမဲ့ကွယ်--------------
သူမရဲ့ပဉ္စလက်ရေစီးသံကြောင့်
မင်းတို့ ရဲ့ဂီတကိုမစွန့် လွတ်လိုက်ပါနဲ့ ----
မိန်းမေယစေတဲ့ နုတ်ခမ်းပါးတစ်စုံတို့ ရယ်
နင့်နားမှာ အကျယ်ချုပ်သာ ငါ့ ကို ဖျားယောင်းလိုက်ပါ
ငါရဲ့အဇ္ဈတ္တကိုသာဒီမိုကရေစီပေးလိုက်ရင်
သင်္ဂါရမြစ်တစ်စင်း
ခပ်တည်တည်နဲ့ ငါ့ရင်ခွင်ထဲ
အခြေချနေသားကျဖို့ ပြင်နေတယ်လို့ ပြောလိမ့်မယ်။။

ကိုသူ

0 comments: