welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

အဖွဲ့ ချုပ်နှင့်ထပ်တူဝမ်းနည်းကြောင်းသ၀ဏ်လွှာ

Thursday, May 20, 2010

မသေဆုံးခင် တစ်ရက်အလို ဗုဒ္ဓဟူး နေ့  အထိ ပါတီတာဝန်များကို သူ ထမ်းဆောင်သွား ခဲ့တယ် ။



ဦးစိုးမြင့် (ခ) သခင်စိုးမြင့် ပါတီနှစ်ပါတ်လည်နေ့ တွင် မိန့်ခွန်းပြောကြားစဉ်


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင် စီအာရ်ပီပီ အဖွဲ့ ဝင် တောင်သူလယ်သမားရေးရာ
ကော်မတီ တာဝန်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရန်ကုန်တိုင်းဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်နေသော သခင်စိုးမြင့်
ဘဘ ဦးစိုးမြင့် သည် ၂၀-၅-၂၀၁၀ နေ့ ခင်း တစ်နာရီတွင် ဘ၀တစ်ပါးသို့ ပြောင်းသွားသည်ဟုကြားသိရသည့်
အတွက် အဖွဲ့ ချုပ် အဖွဲ့ ဝင်များနှင့် ထပ်တူ မိသားစုနှင့် ထပ်တူကြေကွဲဝမ်းနည်းရပါကြောင်း


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူငယ်

ဦးစိုးမြင့် (ခ) သခင်စိုးမြင့် ၏ ကိုယ်ရေးအကျဉ်း

တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။

၁၉၂၃ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် မွေးဖွားသည်။ အဖ ဦးရှိန်ဖြစ်သည်။ မြောင်းမြမြို့၌ အင်္ဂလိပ်-မြန်မာ ၆ တန်းအထိ ပညာသင်ကြားခဲ့သည်။ မြောင်းမြမြို့နယ် ဒို့ဗမာအစည်းအရုံး အတွင်းရေးမှူး၊ နယ်ချဲ့နှင့် ဖက်ဆစ်တော်လှန်ရေး မြေအောက်ခေါင်းဆောင်၊ ဗမာ့ကာကွယ်ရေးတပ်မတော် - BDA တပ်ရင်းမှူး၊ ပုသိမ်ခရိုင် မြစ်ဝကျွန်းပေါ် တိုင်းစစ်ကော်မတီဝင်၊ ပြည်သူ့အရေးတော်ပုံပါတီ တည်ထောင်ရာ၌ ပါဝင်ခဲ့ပြီး ဆိုရှယ်လစ်ပါတီ၌ မြောင်းမြခရိုင် ဥက္ကဋ္ဌနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်ခဲ့သည်။ ဖဆပလ ဗဟိုဦးစီးအဖွဲ့ဝင်၊ ဗတလစ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဆိုရှယ်နီ ဗဟိုကော်မတီဝင်၊ ပြည်သူ့လူငယ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ ၁၉၅၃ ခုနှစ် ဗီယင်နာ ကမ္ဘာ့လူငယ်ညီလာခံ ကိုယ်စားလှယ်ဖြစ်ပြီး လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့် ရခဲ့သည်။

အယ်ဒီတာ၊ စာပြု၊ ၁၇ လိုင်း အုပ်ချုပ်ရေးမှူး စသဖြင့် ဘဝများစွာ ကျင်လည်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုလယ်သမားများအဖွဲ့ ခေါင်းဆောင်၊ ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဂန္ဓီခန်းမ ဆုံးဖြတ်ချက်အတိုင်း နဝတ က လွှတ်တော်ခေါ်ယူခွင့်မပေးလျှင် လုပ်ဆောင်သင့်သည့် နည်းလမ်းသုံးသွယ် စာတမ်းကို ရေးသားပြုစုရာတွင် ပါဝင်ခဲ့သဖြင့် ခေတ္တ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ၁၉၉၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းသည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၌ အဖွဲ့ဝင်အဖြစ် တိုးမြှင့်တာဝန်ပေးအပ်ခံခဲ့ရသည်။ ၁၉၉၈ ခုနှစ် စက်တင်္ဘာ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၌ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် ဖြစ်ပွားသော ဒီပဲယင်း သွေးချောင်းစီး လုပ်ကြံမှုကြီးဖြစ်ပွါးစဉ် နေအိမ်အကျယ်ချုပ်ဖြင့်ထိမ်းသိမ်းခံခဲ့
ရာမှ ၂၀၀၃ခုနှစ် နိုဝင်ဘာ ၂၃ တွင်ပြန်လည်လွှတ်လာသည် ။

ဇနီးမှာ ဒေါ်အေးကြွယ်ဖြစ်ပြီး သားသမီးများမှာ ဒေါ်ဆွေဆွေမြင့်၊ ဦးမောင်မောင်မြင့်၊ ဒေါ်သစ်သစ်မြင့်၊ ဒေါ်ချိုချိုမြင့်နှင့် ဒေါ်သင်းသင်းမြင့်တို့ ဖြစ်ကြသည်။
(ဘိုင်အို --မဇျိမ္မ မှ)

0 comments: