welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ပြောင်းသွားတဲ့ လိပ်စာ

Sunday, May 9, 2010



ဆက်ဝေမိုး
Monday, May 03, 2010


မရည်ရွယ်ဘဲ အသက်တွေကြီးသွားခဲ့။
သုညတွေအများကြီး ရေးထားတဲ့ လက်ရေးလှ စာအုပ်ထဲမှာ
ဘဝကိုရောထည့်ထားလိုက်တယ် မသိမသာ။
လိမ်မှ လူရာဝင်တဲ့ ရပ်ကွက်ရဲ့ ဘေးနားက အိမ်လေးတလုံးမှာ
လက်ရေးလှ စာအုပ်ရယ် …
ငါရယ် …
ငါ့ အသက်တွေရယ် … နေထိုင်တယ်။
မ လာ ပါ နဲ့ ။


ဆက်ဝေမိုး
၁ ရက် ၅ လ ၂၀၁၀
ညဘက် ၂ နာရီ ၂၀ ကျော်ပြီ

1 comments:

Nge Naing said...

စာသားလေး မိုက်တယ်။ အဓိပ္ပါယ်တွေ အများကြီးပါတယ်။