welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

NDF ၏ နှစ် (၃၃)နှစ် ပြည့်

Sunday, May 10, 2009



၁၉၇၆ မေ လ (၁၀) ရက်နေ့ တွင် ဖွဲ့ စည်းတည်ထောင်ခဲ့သော မ ဒ တ ၏ တည်ထောင်ခြင်း
နှစ်(၃၀) ပြည့် အား ယနေ့  နံန့က်တွင် ထိုင်းနိုင်ငံ တစ်နေရာ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။။
စတင်တည်ထောင်ခဲ့သည့်ဥက္ကဌ မန်းဘစံ၏ မူမှာ ဖယ်ဒရယ်စနစ် ကိုသာ ဦးတည်ခဲ့သဖြင့် ယခုချိန်
ထိ မ ဒ တ ၏ ရည်ရွယ်ချက် နှင့် ဦးတည်ချက် မှာ မှန်ကန်လျှက်ပင် ရှိပေသည်။ ထို့ အပြင်
မ ဒ တ မှမွေးဖွါးပေး တည်ဆောက်ပေးခဲ့သည်တော်လှန်ရေးအင်အားစု မြောက်များစွာသည်လည်း
ယနေ့ အချိန်ထိ ရည်ရွယ်ချက် တခုတည်းအပေါ်မှာပင် ခိုင်ခိုင် မတ်မတ် ရပ်တည်ပြီး အာဏာရှင်
အားဆက်လက်၍ တိုက်ပွဲ ၀င်နေဆဲ ဖြစ်သည် ။။အခမ်းအနားတွင် NCUB /MPU/NLD(LA)
DPNS/DAB/FTUB/KNU/BPPU/NCGUB နှင့် တိုင်းရင်းသားပေါင်းစုံ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ မှ အထွေထွေအတွင်းရေးမှုးဦးသိန်းဦး
မှ NDF သည် NLD ကဲ့သို့ ပင် ဖြစ်သည် တိုက်ပွဲအားအဆုံးသတ်မတိုက်နိုင်သေးသော်ငြားလည်း
တော်လှန်ရေးအင်အားစု များ၏အင်အားအဖြစ် တော်လှန်ရေး ခရီးပေါ်တွင်ခိုင်ခိုင်မာမာရပ်တည်ပေး
နေသောအဖွဲ့ ကြီးဖြစ်သည်ဟု တင်ပြသွားသည်။ NDF ၏ကျေးဇူးတရားသည် မိမိတို့ တော်လှန်ရေး
အင်အားစုများအတွက် ဆပ်မကုန်သော် ကျေးဇူးတရားဖြစ်ပါပေသည်။။

0 comments: