welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

လုံခြုံရေးတာဝန် ပျက်ကွက် မှု ဖမ်းဆီးထိမ်းသိမ်းထားသူအား မတရား တရားစွဲရန် ကြိုးစား မှု (အသရေဖျက်မှု) နှင့် သန်းရွှေ သိန်းစိန် အား တရားစွဲ မည်

Monday, May 11, 2009

မနေ့ က ည က ရှေ့နေတွေ တရားရုံး တရားရေးဝန်ထမ်းတွေ ကို စည်းဝေးပြီး ဥပဒေ ရဲ့လုပ်ထုံး
လုပ်နည်းတွေ ကို စစ်အုပ်စု က ဥပဒေ၀န်ထမ်းတွေကို ညွှန်ကြားနေတာ စစ်အုပ်စု ရုပ်မြင်သံကြား
မှာကျမတွေ့ လိုက်ရတယ် ဥပဒေ ၀န်ထမ်းတွေ ကတစ်ချို့ ကလည်းမျက်နှာပျက်ပျက်နဲ့ နာခံနေကြ
သလို တစ်ချို့ ကလည်းပြုံးစေ့စေ့ပေါ့  အင်း စစ်အုပ်စုအလိုကျတစ်ချို့ ကတော့ အားတက်သရော
မျက်နှကြောတွေနဲ့ တွေ့ ရပါတယ် မိကျောင်းမင်းရေခင်းပြဆိုသလို ပေါ့ ရှင် ၀န်ကြီးချုပ် သိန်းစိန်
ဥပဒေ စာဘယ်လောက်သင်ဖူး တယ်တော့ မသိပါ ဥပဒေ အထက် မှာ အာဏာရှိနေသည်ဆိုတာ
ကိုတော့ အထင်အရှားပြသနေပါတယ်။

ခုတလောမှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို နည်းပေါင်းစုံနဲ့  အသက်ရှင်ရပ်တည်
နေမှု ကို ထိပါးနေပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းဟာ ကျမတို့ ပါတီဝင် လူငယ်တွေ
အတွက်မစိမ်းပါဘူး။ အင်းယျားကန် နဲ့ကပ်နေတယ်ဆိုပေမဲ့ အမြဲတစေကင်းလှည့်လှေတွေ လှည့်
ကျွန်းတွေမှာ မှန်ဘီလူးတွေကင်မရာတွေတပ်ဆင်ထားတာ အားလုံးသိပါတယ်။ အန်တီကိုယ်တိုင်
ကလည်း ကျမ်းမာရေးအတွက် ညနေစောင်း ၄၅ မိနစ် ခြံတွင်းလမ်းလျောက်ရုံကလွဲပြီး စာအုပ်နဲ့ 
အလုပ်နဲ့ မပြတ်တဲ့ခေါင်းဆောင်တစ်ယောက်ပါ ။အင်းယျားကန်ကိုတောင် သူမ မျှော်ကြည့်အားရှာ
မှာမဟုတ်ပါဘူး ။

ကျမတို့ ခေါင်းဆောင်ရဲ့စိတ်နေစိတ်ထားမှာလည်း ရှုပ်ရှုပ်ရှပ်ရှပ် လုပ်တက်တဲ့အကျင့်ကိုမရှိပါဘူး။
လေးနက်တည်ကြည်တဲ့ အမျိုးကောင်းသမီးတစ်ယောက်ဆိုတာ ကမ္ဘာကသိပါတယ်။

စစ်အုပ်စုဟာ ၂၀၁၀ ကို အပြတ်အသတ်နိုင်အောင်လုပ်ချင်တာကတစ်ကြောင်းလူထုခေါင်းဆောင်
ကို လွှတ်ရတော့မဲ့အချိန်အခါ နီးကပ်လာတာကတစ်ကြောင်း NLD ပါတီရဲ့အဓိကတောင်းဆိုချက်
ဟာဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်ကို လွှတ်ရမှာဖြစ်တာကတစ်ကြောင်း မို့  ရမယ်ရှာအမှုဆင်
ဖို့ ကြိုးစား နေတာ ဖြစ်တယ် ဆိုတ ထမင်းစားပြီး ကြီးတဲ့သူ မြန်မာပြည်သူတိုင်းသိကြပါတယ်

ဒါ့အပြင် အန်တီ့အသက်ကိုစောင့်ရှောက်နေတဲ့ ကျမတို့ အင်မတန်မှ ချစ်ခင်လေးစား အားထား
နေရတဲ့ဒေါက်တာတင်မျိုးဝင်း ကိုပါ ဖမ်းဆီး လိုက်တာဟာ လူ့ အခွင့်အရေးကို ဗြောင်ဗြောင်
တင်းတင်းကြီးချိုးဖောက် ပြလိုက်တာပါပဲ ။

အန်တီ့ကျမ်းမာရေးအတွက် ပူဆွေးနေကြရသလို ဆရာ့ ကိုလည်း မတရားညှင်းဆဲ စစ်ဆေးနေ
မှာ ကျမတို့  အင်မတန်စိုးရိမ်နေပါတယ် ။ ၁၉၈၉ ANTI LABOUR STRIKE တုန်းကဆရာ
ကိုထောင်တွင်းမှာညှင်းဆဲ ပြခဲ့တာ တွေ ကျမ တို့ မေ့ လို့ မရသေးပါဘူး ။ ဆရာဟာ မျက်
လုံးနှစ်လုံး လုံး ဖွင့် မရအောင်ဖူးယောင်တဲ့အထိ အရိုက်အနှက်ခံခဲ့ ရဖူးသူပါ ။ လူနေမှုဘဝ
အဆင့်အတန်းမြင့်မားပေမဲ့ ဆင်းရဲဒုက္ခကြီးတဲ့ထောင်ဒဏ် အာဏာပါးကွက် သားတွေရဲ့မတရား
ညှင်းဆဲတဲ့ဒဏ်တွေ ပြင်းပြင်းထန်ထန်ခံခဲ့ရဖူးသူပါ ။

ဒေါက်တာတင်မျိုးဝင်းကိုတောင် ဒီလိုရိုက်တယ်တွေ့ လားဆိုပြီး ထောင်ထဲကသီးသန့် တိုက်ခန်း
တွေရှေ့မှာပညာဂုဏ် နဲ့  သမားဂုဏ်ကို မထောက်ထား ဆော်ကားမော်ကားပြုမူတာတွေလည်း
ဆရာခံခဲ့ ရသူပါ။

အမှန်တရားနဲ့  လူသားတွေ ကိုစေတနာထားတက်တဲ့  ဆရာ ရဲ့  ရပ်တည်မှုနဲ့  စစ်အုပ်စုရဲ့
ထောင်နှုတ်ခမ်း နား ဓါးသွားပေါ်ကနေလူထုခေါင်းဆောင်ကိုစောင့်ရှောက်ခွင့်ရယူရင်းဒီမိုကရေစီ
နိုင်ငံတော်ဖြစ်ဖို့ ကြီးမြတ်တဲ့ပါရမီကိုဖြည့်နေရသူပါ ။

အချိန်မရွေးဖမ်းဆီးထိမ်းသိမ်း နိုင်တယ် ဆိုတာလည်းဆရာနားလည်ထားပေမဲ့မတရားတဲ့ဥပဒေ
တွေ နဲ့တရားဆွဲဖို့  ပြင်ဆင်နေပြီး ဥပဒေပညာရှင်တွေကို ဥပဒေနားမလည်းတဲ့ ပါးကွက်သား
တွေ က သင်တန်း ပေးသလို ပုံစံချနေတာတော့ န အ ဖ ကို တစိုက်မတ်မတ်တိုက်လာတဲ့
တော်လှန်ရေးအင်အားစုတွေ အနေနဲ့  စစ်အုပ်စု ဘာလုပ် မယ် ဆိုတာကြိုသိတယ်ဆိုရင်ဖြင့်
ရပ်တန်းက ရပ်ပြီး ဆရာတင်မျိုးဝင်း နဲ့  ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပါ ။

မလွှတ်ပေးပဲဆက်ထားရင်တော့ ကမ္ဘာခုံရုံးမှာ လုံခြုံရေးတာဝန်ပျက်ကွက်မှု ဖမ်းဆီးထိမ်းသိမ်း
ထားသူအား မတရား တရားစွဲရန်ကြိုးစား မှု (အသရေဖျက်မှု) နှင့် သန်းရွှေ သိန်းစိန်
အား တရားစွဲ မှာဖြစ်တဲ့အကြောင်း သတိပေးလိုက်ပါတယ် ။
ပြည်သူ နဲ့ သံဃာ အမျိုး ဘာသာ သာသနာကိုဆော်ကားရုံမက မြန်မာလူဂုဏ်သိက္ခါ ကို
ချတဲ့ စစ်အုပ်စု အား အမြစ်ပြတ်ခြေမှုန်းကြပါစို့  ။

0 comments: