welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ရက်မြတ် ကဆုန် (ကဆုန်လပြည့်)

Friday, May 8, 2009

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ ။
ကဆုန်လပြည့် (၅)နေ့။
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။ သုမေဓါ ဘဝ
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ ( ဘီစီ ၆၂၃ )
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈ )
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ ( ဘီစီ ၅၈၇ )
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ ( ဘီစီ ၅၄၃ )

ဤနေ့ ဤရက်သည် ဗုဒ္ဓဘာသာဝင် တို့ ၏ အလွန်အင်မတန်မှ တန်ဖိုးကြီးမြတ်လှသော ရက်မြတ် ကဆုန်
ဖြစ်ပေသည် ။ ကဆုန်လပြည့်နေ့  ကို ငယ်စဉ်က ညောင်ရေးသွန်း ပွဲ တော်စည်စည်ကားကားရှိလှသဖြင့်
မိမိ ၏ ဇာတိဖြစ်သော လယ်ဝေး မြို့ ကို သတိရ လွမ်းဆွတ်မိသည်မှလွဲ၍ သာမာန် ဥပုဒ် ကျောင်း သွား
ကြသည် လောက် ကိုသာ ထင်မှတ်ခဲ့သည့် အရွယ်ရင့်လာသော အခါ ဤ မျှ မြင့်မြတ်လှသော နေ့ ရက်
သည် ကျမ တို့  ဗုဒ္ဓဘာသာဝင်များအဖို့  တရားထူးတရားမြတ် များနှင့် မွေ့ လျော်၍ နေသင့်ပေသည်။။
လူ နတ် ဗြဟ္မာ သတ္တ၀ါ တို့ အား အလင်းပြပေးခဲ့သည့် ဘုရား ရှင်၏ တိုက်ဆိုင်လှသော် ရက် မြတ်များ
တွင် ကဆုန်လပြည့် နှင့် ၀ါဆို လပြည့်သည် အင်မတန် မှမြင့်မြတ် လှပေသည် ။
လောဘ ဒေါသ မောဟ တွေ ထူပြော လှသည့် ဟောဒီ့လောကကြီး အား ချွန်း နှင့်တူသည့် ငါးပါးသီလ
နှင့် မဂ္ဂင် ၇ှစ်ပါးကို ညွှန်ကြားပေးခဲ့မှုမှာ အင်မတန်မှအဖိုးမဖြတ်နိုင်သော တန်ဖိုးဖြစ်ပေသည်။အကယ်၍သာ
ဘုရားရှင်၏တရားတော်များမရှိခဲ့ပါမူဤလောကသည် သည့်ထက်မက သောကတွေ နှင့်ကြေမွနေကြမည်မှာ
အမှန်ပင်ဖြစ်ပေသည် ။ သို့ အတွက်ကြောင့် ဘုရားရှင် ၏ကျေးဇူးသည် ပထမ ဗုဒ္ဓဘာသာဝင် တစ်ယောက်
ဖြစ်ခွင့်ရခဲ့သည့် မိဖ နှစ်ပါးသည်ဒုတိယ ထေရ၀ါဒ ၏ အနှစ် များအား လက်တွေ့ ကျသော ဘုရားရှင်၏
အဘိဓမ္မာတရားများနှင့် ညွှန် ကြားသင်ပြခဲ့သော ဆရာတော် ဦးတိလောက ဘိဝံသ(ရွာမပရိယတ္တိ)ဆရာ
တော်အား တတိယ ကျမ ဦးချ ရိုကျိုးရှစ်ခိုး လိုက်ပါသည် ။။ မြတ်သော်ဤ ရက်ဤအခါတွင် ကျမ တရား
နှင့်မမွေ့ လျော် ၀ိပသနာ ကိုအားမထုတ်နေနိုင်သော်လည်း တရားသော် လောကအလုပ်နှင့် စိတ်ကောင်း
နှင့်ယှဉ်သော ၀ိတက် ၀ိစာရ တို့ အတူ လူဟု တွင်သော် လူဆန်သည့် လူဖြစ်ရန် ကြိုးစား နေပါသည် ။။

ဗုဒ္ဓသာသနံစီရံတိဌတု

0 comments: