welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်။ ၈/၀၅/၀၉

Thursday, May 14, 2009




အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
ကြေညာချက်။ ၈/၀၅/၀၉

ရက်စွဲ - ၁၄၊ မေ၊ ၂ဝဝ၉ ခုနှစ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်သည်
နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တဦးဖြစ်ပါသည်။ထို့အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက်
မူလကနဦးစတင်ကြိုးပမ်းခဲ့သူဖြစ်ပြီး၊ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာရေးကိုအစဉ်တစိုက်ကြိုးပမ်းနေ
သူဖြစ်ပါသည်။
နိုင်ငံရေးအရ အပေးအယူပြုလုပ်သည့်ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသူ ဖြစ်ပါသည်။ကုလသမဂ္ဂ အပါအဝင်
နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာနိုင်ငံသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် သက်ဆိုင်သူများ
အားလုံးပူးပေါင်းပါဝင်လုပ်ဆောင်ကြရန်တွေ့ဆုံဆွေးနွေးရေးမှတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေး
ကို တည်ဆောက်ရန်အတွက် တိုက်တွန်းနှိုးဆော်လျက်ရှိပါသည်။

သို့ပါလျက် အာဏာပိုင်တို့က နေအိမ်အတွင်း ထိန်းသိမ်းထားခြင်းမှ အပြီးအပြတ်လွတ်ရက်စေ့ခါနီးနေ
သော ဒေါ်အောင်ဆန်းစုကြည် အား မည်သည့်ပြစ်မှုကိုမျှ ကျူးလွန်ရခြင်း မရှိပါဘဲ နိုင်ငံတော် အား
နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ
နောက်ဆုံးအင်းစိန်ထောင်အတွင်းရှိ လုံးချင်း အိမ်တအိမ်၌ ထားရှိသည်ဟု ကြားသိရပါသည်။

ယင်းအမှုကို ၂ဝဝ၉ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် စတင်စစ်ဆေးမည် ဖြစ်ပါသည်။ထို့ကဲ့သို့ တရားစွဲ
ဆိုခြင်းမှာမလုပ်သင့်၊ မလုပ်ထိုက်သောကြောင့်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြင်းထန်စွာ ကန့်ကွက်
ကြောင်းကြေညာလိုက်သည်။

၁၄ ရက်၊ မေလ ၂ဝဝ၉ ခုနှစ်တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး
ဆုံးဖြတ်ချက်အရ -

(ဗဟိုအလုပ်အမှုဆောင်)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

0 comments: