welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ပါတီလူငယ် အသံ

Saturday, May 23, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ထုကိုယ်စား လူငယ်လုပ်ငန်းများဖော်ဆောင်ရေးမှသဘောထား
ရက်စွဲ ၂၂.၅.၂၀၀၉
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ခြံ ၀န်းအတွင်းသို့ အမေရိကန်နိုင်ငံသားဝင်ရောက်မှုနှင့်
ပတ်သတ်ပြီးစစ်အာဏာရှင်အစိုးရမှ ဒေါ်အောင်ဆန်စုကြည်အားအင်းစိန်ထောင်သို့ပို့ကာ ပုဒ်မ-၂၂အရ
တရားစွဲဆိုပြီးထောင်အတွင်းအကျဉ်းချရန် ဖန်တီးလုပ်ဆောင်နေမှုမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊
စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းနှင့် လုံးဝသွေဖီနေသော လုပ်ရပ်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တကွဒေါ်ခင်ခင်ဝင်း၊မ၀င်းပပနှင့်အမေရိကန်နိုင်ငံသားတို့အားနိုင်ငံတကာ
သံရုံးများပြည်တွင်းပြည်ပသတင်းထောက်များနှင့်အများပြည်သူရှေ့မှောက်တွင် လွတ်လပ်စွာတရားစီရင်ခြင်း
ပြုရန်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျရောက်နေစဉ်ကာလအတွင်းအမေရိကန်နိုင်သား
ခြံတွင်းဝင်ရောက်သွားနိုင်မှုနှင့်ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးအားတာဝန်ယူထားသော အာဏာပိုင်အဖွဲ့စည်းတွင်သာ အပြည့်အ၀တာဝန်ရှိသည်။
သို့ပါသောကြောင့် ဒေါ်အောင်ဆန်းစုကြည်တွင် လုံးဝအပြစ်မရှိကြောင်းသိသာထင်ရှားပါသဖြင့် ပုဒ်မ ၂၂ အရ
တရားစွဲဆိုထားမှုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်လုပ်ငန်းအဖွဲ့မှ လုံးဝကန့်ကွက် ရှုတ်ချ ပါကြောင်းသဘောထားထုတ်ပြန်လိုက်သည်။

ရက်စွဲ ၂၂.၅.၂၀၀၉
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားအင်းစိန်ထောင်အတွင်းသို့ပို့ဆောင်ချုပ်နှောင်၍တရားစွဲဆိုနေမှု
နှင့်ပါတ်သက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟန်းမြို့နယ် လူငယ်လုပ်ငန်းအဖွဲ့မှသဘောထားထုတ်ပြန်
ကြေငြာချက် ။
၁ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့နေအိမ်ခြံဝင်းအတွင်းသို့အမေရိကန်နိုင်ငံသားဝင်ရောက်
မှုနှင့် ပတ်သက်ပြီးအာဏာပိုင်တို့မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားလူသားချင်းစာနာ
ထောက်ထားမှု ကင်းမဲ့စွာဖြင့် အင်းစိန်ထောင်တွင် အကျဉ်းချကာပုဒ်မ-၂၂ ဖြင့်တရားစွဲဆိုနေမှုမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်ပေါ်ပေါက်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်
စစ်မှန်သောတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းနှင့် လုံးဝသွေဖယ်နေသောလုပ်ရပ်ဖြစ်သည်။

၂။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျရောက်နေစဉ်ကာလအတွင်းအမေရိကန် နိုင်ငံသား
တစ်ယောက်အနေဖြင့်ဒေါ်အောင်ဆန်းစုကြည်၏ခြံဝန်းအတွင်းသို့ ရောက်ရှိသည်အထိဝင်ရောက်
သွားနိုင်မှုမှာ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို အပြည့်အ၀တာဝန်ယူထားပါသည်ဆိုသော
အာဏာပိုင်အဖွဲ့အစည်းများတွင်သာ တာဝန်အပြည့်အ၀ ရှိပါသည်။
သို့ပါ၍ ဒေါ်အောင်ဆန်းစုကြည်တွင် လုံးဝအပြစ်မရှိပါသောကြောင့်အာဏာပိုင်တို့မှ ပုဒ်မ-၂၂ ဖြင့်
ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုနေမှုအားကန့်ကွက်ရှုတ်ချပါကြောင်းနှင့်ဒေါ်အောင်ဆန်းစုကြည်အား
အင်းစိန်ထောင်အတွင်းသို့ပို့ဆောင်ချုပ်နှောင်ထားမှုအားအမြန်ဆုံးပြန်လည်ရုပ်သိမ်းပေးပါရန်သဘောထားထုတ်
ပြန်လိုက်သည်။
ဗဟန်းမြို့နယ် လူငယ်လုပ်ငန်းအဖွဲ့
ဧရာဝတီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ထုသဘောထား

ရက်စွဲ ၂၂.၅.၂၀၀၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေအထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား
နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၂၂အရ
အင်းစိန်အကျဉ်းထောင်တွင်အာဏာပိုင်များမှ ရုံးတင်စစ်ဆေးပြီး ထပ်မံအကျဉ်းချရန် လုပ်ဆောင်နေခြင်းသည်
ဥပဒေပြဌန်းချက်များ စီရင်ထုံးများနှင့်ညီညွတ်ခြင်းမရှိသည့်အပြင် တရားစီရင်ဆုံးဖြတ်ရာ တရားခွင်သည်လည်း
အခင်းဖြစ်ပွားရာ နယ်မြေ၏ တရားရုံးတွင် မဟုတ်ပဲအာဏာပိုင်များ၏အလိုကျဖြစ်သော အင်းစိန်အကျဉ်းထောင်
အတွင်း၌တရားစီရင်ခြင်းသည် အများပြည်သူရှေ့မှောက်လွတ်လပ်မျှတသည့်တရားစီရင်မှုမျိုးမဟုတ်ပါသဖြင့်
လုံးဝကန့်ကွက်ကြောင်းဧရာဝတီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်ထုတစ်ရပ်လုံး၏သဘောထားကို
ထုတ်ပြန်လိုက်သည်။
ဆက်လက်၍ အများပြည်သူရှေ့မှောက်တွင် လွတ်လပ်မျှတသည့်တရားစီရင်မှုမျိုးဖြစ်သည့် (Open Court)ကို အာဏာပိုင်များမှချက်ချင်းလုပ်ဆောင်ပေးပါရန် အတိအလင်း တောင်းဆိုလိုက်သည်။

တိုင်းအကူအညီပေးရေးအဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဧရာဝတီတိုင်း

0 comments: