welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေချို့ယွင်း

Saturday, May 9, 2009

မြန်မာနိုင်ငံ မှ အတိုက်အခံခေါင်းဆောင်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာကျန်းမာရေး အခြေအနေချို့ယွင်း
နေကြောင်း သူမရဲ့ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) မှ ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်း
က အေအက်ဖ်ပီသတင်းဌာနကိုပြောကြား လိုက်ပါတယ်။သူမဟာ သွေးပေါင်ချိန်ကျဆင်းနေပြီးအစားမစားနိုင်ပဲ ခန္ဓာကိုယ်ရေဓါတ်ခန်းခြောက်တဲ့ ဝေဒနာကိုလည်း ခံစားနေရတယ်လို့ဆိုပါတယ်။နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်ဒေါ်အောင်ဆန်း
စုကြည် ရဲ့ ဆရာဝန် ဟာ သောကြာနေ့က သွားရောက်ခဲ့ပြီး သူမသွေးကြောထဲကို အကြောဆေးများသွင်းပေးခဲ့ရတယ်၊သူမဟာ ရေဓါတ်ခန်းခြောက်တဲ့ ဝေဒနာ ခံစားနေရတာကို သူမရဲ့ အနီးကပ်ပြုစုသူကိုတိုင်တွေ့ခဲ့ရတာပါ ကျနော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပါတ်သက်ပြီး များစွာ စိုးရိမ်မကင်း ဖြစ်မိတယ်လို့ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်း ကပဲဆက်ပြောပါတယ်။
အနီးကပ်ပြုစုခွင့်ရခဲ့တဲ့ သူနာပြုဆရာမ မပြုံးမိုးအိ ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်မှာ သောကြာနေ့ နေ့လည်က ၃ နာရီကြာနေခွင့်ရခဲ့ပြီး နောက်တကြိမ်ဆေးပုလင်း လဲလှယ်ရမယ့် စနေနေ့ မှာ ထပ်မံသွားရောက်ခွင့်ရဖို့တောင်းခံထားဆဲဖြစ်ပါတယ်။
အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိသားစု ဆရာဝန်ဟာ ကြာသပတေးနေ့ က သူမကို ပုံမှန် ဆေးစစ်မှုများပြုလုပ်ခဲ့ပြီး အပြန်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဘာကြောင့် ဒီလို ဖမ်းဆီးခံခဲ့ရတယ်ဆိုတာတော့မသိရသေးပါဘူး။
မြန်မာအစိုးရဖက်က အမည်မဖေါ်လိုတဲ့သတင်းရပ်ကွက် အဆိုအရ အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းဟာ ပုံမှန်ဆေးစစ်ချက်များရယူဖို့အတွက် အိမ်အပြင်မှာ နာရီပေါင်း အတော်ကြာစောင့်ဆိုင်း နေခဲ့ရတယ်လို့ ဆိုပါတယ်။အဆိုပါအရာရှိများရဲ့ အဆိုအရ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့ ကလည်း နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းထဲကို အနောက် နိုင်ငံ သား တယောက် အင်းလျားကန်ဖက်က ရေကူးပြီး ကျူးကျော်ဝင်ရောက်မှု့တခု ဖြစ်ခဲ့လို့ အဲဒီ အမေရိကန်နိုင်ငံသား ကို ဖမ်းဆီးအရေးယူခဲ့ရ တယ်လို့လဲပြောပါတယ်။
နိုင်ငံပိုင်မြန်မာ့ ရုပ်မြင်သံကြားဌာနရဲ့ အဆိုအရ အဲဒီနိုင်ငံခြားသားဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲမှာ ၂ ရက်ကြာနေထိုင်ခဲ့ပြီး အရုဏ်တက်ချိန် သူထွက်ခွာတဲ့ အချိန်ကျ မှ ရေကန်စပ်မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
http://www.canada.com/Health/Myanmar+good+health+party+spokesman/1578627/story.html


http://www.owaynews.org/?p=801
--
Your sincerely

0 comments: