welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ကျမရင်သွေးလေးတွေဖြစ်တဲ့  ရည်မွန် နဲ့ ယဉ်မွန် ရဲ့မွေးလ ဂျူလိုင်

Thursday, July 9, 2009


သမီးကြီး ရည်မွန်ထိပ်ထား (၄)နှစ်သမီး နှဲ့ ကျမတို့ ခေါင်းဆောင်



ဂျူလိုင်မှာမွေးတဲ့ July Sister နှစ်ယောက် ပါ


စိမ့်စမ်းရေအေးသမီးလေးတွေ

စိမ့်စမ်းရေအေးသမီးလေး တွေ ကို ကျမ ဇူလိုင် လထဲမှာပဲ မွေးဖွါးခဲ့ပါတယ် သန်ဘက်ခါ
ဆိုကျမရဲ့ ချစ်သမီးကြီးထက်ရည်မွန်အိရဲ့မွေးနေ့ ပေါ့ -နောက်ထက် သန်ဖက်ခါဖြစ်တဲ့ 
၁၃-၇-၂၀၀၉ ရောက်ပြန်တော့ ချစ်သမီးငယ်လေးရဲ့မွေးနေ့ ရောက်ပြန်ရော နှစ်ယောက်
လုံးတစ်နေရာတည်းအတူရှိနေရင်ဖြင့်သူတို့ လေးတွေရဲ့မွေးနေ့ အလှူကိုတစ်ရက်တည်း
ကျမ ကုသိုလ်ပြုလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီနှစ်တော့ သူတို့ ညီအမတွေအတူမရှိနိုင်ရှာကြ
ဘူးလေ----

၁၁-၇-၂၀၀၉ မှာ ကျရောက်မဲ့မွေးနေ့ ရှင်ကျမရဲ့သမီးကြီး အကြောင်းလေးစဉ်းစားတိုင်း
ကျမ ဂရုဏာပိုမိပါတယ် ။ မိဘတိုင်းကသားသမီးကိုချစ်တာဂရုဏာပိုတာချင်းအတူတူ
ကျမ သမီးကြီးရဲ့ ဘ၀ ကတော့ကျမတင်မက ကျမကိုချစ်တဲ့ရဲဘော်များကသိတ်သနား
ကြပါတယ်။သူများအမေနဲ့မတူတဲ့အမေ့ဗိုက်ထဲကိုသူဝင်လာတာကိုက ထောင်ဝင်စာ
တွေ့ ဖို့ အမိမဲ့(ဝေး)သမီးလေးဖြစ်ဖို့ မိခင်ရဲ့ ဂရက်တွေကြောင့်ကလေးဘ၀လေးနဲ့ အ
ချုပ်အနှောင်အထိမ်းသိမ်းခံရဖို့ များသိသိနဲ့  ဒီအမေကိုပါရမီဖြည့်ဖို့  အံတင်းပြီးဝင်လာ
ရော့သလား ကျမတွေးမိပါတယ် ။
ကျမ တို့ ပါတီမှာညီလာခံ လုပ်မယ်လို့ ကြေညာတဲ့ည ကကျမကို အင်းစိန်ရဲစခန်း က
ရဲကားနဲ့ထောက်လှန်းရေးတစ်ချို့ လာခေါ်ပါတယ် ။ကျမသမီးက ကျမ ဆီမှာမရှိဘူး
မွေးပြီကတည်းက ကျမအဒေါ်တော်သူကပဲ ခေါ်ထားပြီး ရွာရိုးကိုးပေါက်လျောက်သွား
ပြီး လူငယ်တွေကိုလှည့်စည်းရုံးနေတဲ့ကျမနဲ့ သူ့ မြေး ကိုစိတ်မချလို့ တဲ့လေ--

ဒါပေမဲ့ကျမ အချုပ်ကားပေါ်အတက်မှာပြီးခဲ့တဲ့ ဧပြီ လကအဖမ်းခံတဲ့ထဲပါတဲ့ ကျမညီမ
အငယ်ဆုံးရဲ့ ဂုတ်ပိုးပေါ်မှာကျမသမီးလေး က မေကြီး ကိုဖမ်းသွားပြန်ပြီလားလို့ မေး
တယ် ကျမ ညီမအငယ်ကတော့ ထုံးစံအတိုင်းအသံပြဲကြီးနဲ့ မကြီးဆိုပြီး အော်ငိုနေရှာ
တယ်ညီမလုပ်သူက ကလေးအိပ်ချိန်မို့ ပြန်လာအပို့ ကျမကို အချုပ်ကားပေါ်မှာသူတို့ 
တွေရုတ်တရက်တွေ့ လိုက်ရတာပါပဲ ။ကျမသတိထားမိတာ သမီးကြီးက ခပ်မာမာပဲ
အဲဒီ့တုန်းက မသိတက်သေးလို့ မာတာ ထင်ခဲ့တာ ဒါပေမဲ့  သူ့ အမေ ကျမအချုပ်က
လွှတ်ပြီး နောက်လပိုင်းအကြာမှာ ထောင် နှစ်ကြီးကျပြန်တော့လည်း ထောင်ဝင်စာခန်း
မှာကျမသမီးကြီး ငိုပြီးပြန်သွားတဲ့ရက် တစ်ခါမှ မကြုံဖူးမတွေ့ ဖူးခဲ့ပါဘူးဒါပေမဲ့ အမေ
ဖြစ်တဲ့ကျမ ကတော့ အမိန့် ချမဲ့  ရက် ရဲ့ ညကမက်တဲ့ အိပ်မက်မှာ ကျမသမီးကြီးကို
ကျမ ထမင်းခွံနေရင်း နေ့ ခင်းကြောင်တောင် ကိုလောကကြီးကအမှောင်ကျသွားပါ
ရောတဲ့ ကျမ က သမီးကော သမီး ဆိုလိုက်စမ်းတော့ ကလေးကဘယ်ဆီရောက်သွား
မှန်မသိပဲ ကျမ နဲ့ ကျမသမီးကြီး အိပ်မက်ထဲမှာ ကွဲသွားကြတာ -- မိုးလည်းလင် ၇ုံး
ထုတ်တော့ကျမထောင်(၇) နှစ် ပေါ့ အိပ်မက်ထဲမှာ နေကြတ် ပြီး မှောင်သွားသလို
ကျမသမီးကြီး ဘ၀ဟာလည်း အမိမဲ့သားရေနည်းငါး လို သူ့ အသိစိတ်နဲ့ 
သူကြီးပြင်းလာရပါတော့တယ် ။

မိခင်ကိုထောင်ဝင်စာမပျက်တန်းလာတွေ့ တိုင်းသူ့ အမူအယာသူ့ အသံသူစကားတွေ
က ကျမကိုပဲဆရာလုပ်တယ်မေမေလိမ်လိမ်မာမာနေနော်ထောင်ထဲမှာရန်မဖြစ် နဲ့ 
ဟို စစ်သားမိန်းမ ၀၀ကြီး တွေနဲ့လည်းမဖြစ်နဲ့ ဒီစစ်သားကြီးတွေ နဲ့လည်းရန်မဖြစ်နဲ့ 
တဲ့ ကျမ မှာရီ လိုက်ရတာသူပြောသလိုပဲ ကျမ က ဒေါသကြီးကြီးမဟုတ်လား ။ ကျမ
အမြဲအမှတ်ရနေတာထောင်ဝင်စာလာတွေ့ လို့ သံပရာသီး မပါရင် ကျမ မည်တွန်
တောက်တီးနေကျကို သူမှတ်မိတဲ့နေ့ ကစ ကျမ အတွက် သူကိုယ်တိုင်သံပရာသီး
ဝယ်လာကြောင်း ထောင်ဝင်စာခန်းဝင်တာနဲ့ အော်ဟစ်ပြောလေ့ရှိတာပါပဲ -အမေ
ကို သူဂရုစိုက်တယ်ဆိုတာငယ်ငယ်ထဲက ပြတက်တာလေးတွေပေါ့။

ကျမလည်းထောင်ကလွှတ်သူလည်းကြီးလာရော သမီးနဲ့ အမေ ဆက်ဆံရေးဟာ
ငယ်ငယ်ကဆရာလုပ်တာအကြောတင်းတာ သဘောတော်ကျနေတဲ့ကျမ သူ့ ပြော
ပေါက်တွေ ကို မကြိုက်ချင်တော့ပါဘူး ။သူသိသူတက် ပြောပုံက အမေရဲ့ နိုင်ငံရေး
နဲ့ အတွေးအခေါ်တွေကိုကအစသူဝင်ရောက်စွပ်ဖတ်လာပါတယ် ။ ကျမငယ်ငယ်
တုန်းက လက်ဝဲ ကိုအားကျပြီး လီနင် တို့ ဥက္ကဌမော် တို့  စကားတွေလျောက်ပြော
သလို သူကလည်း စာနဲ့ ပေနဲ့ ကျမ ကို ချတော့တာပါပဲ ။ ကျမ စိတ်တိုလွန်းရင် ထ
ထုပစ်ပါတယ် ။ အနာခံပြီး သူ့ အမြင် သူ့ အယူအဆဒါ-ဒါ ဆိုပြီးကျမကိုဘယ်တော့
မှသူ အလျော့ပေးလေ့မရှိတော့ ပါဘူး။

ကျမ သူကိုဆူပူသောင်းကျမ်းပြီးတဲ့ညတွေမှာလည်းကွန်ပျူတာထိုင်ချိန်များလို့ အပေါ်
ထပ်တက်မအိပ်နိုင်တဲ့ ကျမကို အိပ်နေတဲ့မို့ ယာကြီးနဲ့ အတူအမေရောမို့ ယာပါ မနိုင်
တနိုင်မပြီး ထောင်ပြီးသားခြင်ထောင်အုပ်ဆောင်းနဲ့ သူအုပ်ပေးလေ့ ရှိပါတယ်ကျမ
မသိဟန်ပဲနေခဲ့ပြီး အမေဆိုတဲ့ မာန နဲ့သူ့ ကိုသိတ်အလျော့မပေးခဲ့ပါဘူး။

သူ့ဖာသာကိုယ်ပိုင်တွေးပြီးရေးနေတာနဲ့ ကျမ အယူအဆ လွှဲတာများလာတော့ ကျမ
စိတ်ကိုကျမ သတိပြန်ချပ်ပြီး သူ့ ကိုလွတ်လွတ်လပ်လပ်တွေးရေး ပါလို့ ခွင့်ပြုလိုက်
ပါတယ် ။ အဲဒီက စ သူ ဘာလုပ်ရမယ် ဆိုတာ သူ့ ဖာသာဆုံးဖြတ်ရင်းနဲ့ ကပဲ ရက်တစ်
ရက် မှာ ကျမ သမီးကြီးကို သူတို့ ဖမ်းသွားပြီ တဲ့ ကျမ ချက်ချင်း ရင်ထဲ စူးသွားပါတယ်
နောက်ကျမ စိတ်ကိုကျမသတိထားလိုက်တဲ့အခါ ငါ့ရဲဘော်တွေ ငါ့ ခေါင်းဆောင်တွေ
ငါတို့ ကိုလေးစားပြီးငါတို့ လျောက်တဲ့လမ်းအတိုင်းနောက်ကလိုက်ခဲ့သူတွေ ထောင်ထဲ
မှာတစ်ပုံကြီးပဲ သူတို့  မိဘတွေကောဘယ်လိုခံစားရမလဲ တွေးပြီး ကိုယ့်သွေးသားဆို
တာပို လို့  ပေးဆပ်သင့်တာပေါ့ ဆိုတဲ့ ခံယူချက်နဲ့  သမီးကြီးဟာ သမီးဆိုတာထက် ရဲ
ဘော်သမီး အမေ့သမီးရဲဘော်လို့ တွေးပြီး ၁၅နှစ်မှာထောင်ထဲဝင်ဖူးတဲ့ကျမ နဲ့ ထပ်တူ
ကျမသမီးဟာလည်းပျိုမြစ်နုနယ်တဲ့ဒီလိုအရွယ်မှာပဲအဖမ်းခံလိုက်ရတာ -ကို တကယ်
ကိုပြန်တွေးတိုင်း ကြေကွဲကြေနပ် မှုများစွာနဲ့ ရယ်ပါ ။ သူတို့ ပြန်လွှတ်လိုက်ပြီ ဆိုပြန်
တဲ့အခါမှာလည်း ပိုမိုပြီးဝမ်းသာမိတာအလျဉ်းမရှိ သမီးအမေ့ရည်ရွယ်ချက်အတွက်
ပါရမီဖြည့်တက်ခဲ့တာကိုပဲ ၀မ်းသာဂုဏ်ယူရင်းဒီမိသားစုတွေပြန်ဆုံမဲ့ ဘ၀တနေ့ --
မြန်မာပြည်မှာသာရချင် မိပါတယ်။

ခုနေခါဖွင့်ပြောလို့ မရနိုင်သေးတဲ့ တချိန်ကြတော့သိမှာပါဆိုတဲ့  မေမေတို့ ရဲဘော်
တစ်ဦး သမီး နဲ့ မေမေ အတွက် စပ်ပေးခဲ့တဲ့ သီချင်းလေးဟာ ခု --သမီးနဲ့ မေမေ
အတွက် ထက် အချိန်မကျသေးလို့ မသိသေးသူတွေ --အတွက် ဖြစ်နေပြီသမီးရေ --
ပါရမီဖြည့်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်လို့ သမီးကြီးကို ဟော့ဒီ့ဝေးရပ်ကနေ
မေမေ ဆုတောင်းပေးလိုက်တယ် -သူတော်ကောင်းတွေ နဲ့သာပေါင်းဖေါ်ယှဉ်တွဲ
မှီဝဲနိုင်ပါစေ --

သမီးငယ်လေး စုယဉ်မွန်ထွေး အကြောင်းတော့ များများ မပြောသေးပါဘူး ငယ်လွန်း
ပေမဲ့  ဒို့ တာဝန်အရေးသုံးပါးကြားရင် မေမေ ချီးထုတ်တွေကြေညာနေတယ်နော်
ဆိုပြီး TV ပြေးပိတ် တာကစ သူလည်း အမေ့ဗီဇပြလာပါပြီ သမီးကြီး ထက်တော့ ပို
ဆိုးမဲ့ပုံပါပဲ သမီးကြီးက ငယ်ငယ်ကဆိုကြွေးတာစား ထားရာနေပါတယ် အငယ်လေး
ကတော့ မကြိုက်ရင် ပစ်လိုက်တဲ့အကျင့်နဲ့ တဇွတ်ထိုးလေးပါပဲ ။ သမီးတွေ ဘယ်လို
ဘယ်လောက်ပဲ ဆိုးပါစေ --အာဏာ၇ှင် အကျင့်ဆိုးတွေ မပါရင် ကျမ သူတို့ ကိုမွေး
ရကျိုးနပ်ပါတယ် ။

ဂျူလိုင်ညီအမအတွက်
မေမေ

0 comments: