welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများမှ တဆင့် ကုလသမဂ္ဂသို့ ပြောဆိုချက်။...။

Thursday, July 23, 2009

Thursday, July 23, 2009





ယနေ့ ဒေါ်အောင်ဆန်းစုကြည် နှင့်ဥပဒေအကျိုးဆောင် ရှေ့နေ ၄ဦးနေ့လည် ၂နာရီမှ ၄ နာရီခွဲ အထိ
၂နာရီခွဲခန့် အင်းစိန်ထောင် အတွင်း ဧည့်ရိပ်သာ၌ တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ကြောင်း အမျိုးသားဒီမိုက
ရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။


"ဒီနေ့ အန်ကယ်တို့နေ့လည်၂နာရီကနေညနေ နာရီခွဲအထိ ၂နာရီခွဲလောက် ဒေါ်အောင်ဆန်းစုကြည်နဲ့
တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အဓိက ကတော့ မနက်ဖြန် လျှောက်လဲချက် နောက်ဆုံးညှိနှိုင်းချက်ကို ဒေါ်
အောင်ဆန်းစုကြည်က အတည်ပြု ပေးဖို့အတွက် ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကအန်ကယ်တို့က
ို ညွှန်ကြားတာကတော့အကြောင်း အချင်းအရာတွေ အချက်အလက်တွေကို အမှန်အတိုင်း ဖော်ပြဖို့နဲ့၊
ဖော်ပြတဲ့ နေရာမှာ တစုံတယောက် ထိခိုက်နစ်နာစေတာမျိုး၊ ဒုက္ခရောက်စေတာမျိုးမပါစေဖို့ မှာကြား
လိုက်တယ်။

နောက်ထပ်ကုလသမဂ္ဂနဲ့ ပတ်သတ်ပြီး ပြောဆိုတာကတော့ " မြန်မာနိုင်ငံမှာနိုင်ငံရေး အကျဉ်းသား
တွေ မလွတ်ဘဲ၊ အမျိုးသားရင်ကြားစေ့ရေး မပါဘဲ ကျင်းပတဲ့ ရွေးကောက်ဟာ တရားဝင်မှာမဟုတ်
ကြောင်း ကုလသမဂ္ဂ အနေနဲ့ ဆုံးဖြတ်သင့်တယ်လို့ ပြောဆိုလိုက်ပါတယ် "ဟု အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။


၂၂ရက်နေ့က တွေ့ဆုံခွင့် ရရန်တောင်းဆိုချက်ကို အာဏာပိုင်တွေက ငြင်းပယ်ခဲ့ပြီး ယနေ့နေ့လည်
၁၂နာရီခွဲမှ တွေဆုံခွင့်ပြုကြောင်း အကြောင်းကြားခဲ့ပါတယ်။ မနက်ဖြန် နေ့လည်၂နာရီ ၂ဘက်လုံးမှ
နောက်ဆုံး အပြီးသတ်လျှောက်လဲချက်ပေးရမှာ ဖြစ်ပြီးတပတ်မှ၂ပတ်အတွင်း စီရင်ချက်ချနိုင်ကြောင်း
သိရှိရပါတယ်။....။

0 comments: