welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ကြုံဖူးဆုံဖူးသမျှ အညတရများ

Wednesday, July 15, 2009

ကြုံဖူးဆုံဖူးသမျှ အညတရများ


(၁)
နာမည်ကမျိုးကျော်ဇင်

(၂)
မျိုးကျော်ဇင်ကို လူမတွေ့ဘူးခင် နာမည်သာကြားဘူးလိုက်မည်ဆိုပါက မျိုးကျော်ဇင်ဆိုသူသည်၊
ငယ်ငယ်ချောချော၊ လူရည်သန့်လေးဖြစ်မည်ဟု စိတ်၌ ထင်မှတ်ကြမည်အမှန်ပင်။ ကျွန်တော်လည်းထိုသို့
ထင် မှတ်ခဲ့ပါသည်။ မျိုးကျော်ဇင်သည် လှိုင်သာယာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်
ဖြစ်သည်။ စာတလုံးမှမတတ်ပေ။
မှတ်မှတ်ရရထိုတနေ့အကြောင်းရေးချင်ပါသည်။ ၁၅.၅.၂၀၀၇ ရက်နေ့ကဖြစ်သည်။ အင်္ဂါနေ့
ကျွန် တော်တို့ကျိုက္ကဆံစစ်ကြောရေးစခန်းရောက်တော့ ကိုသန့်ဇင်မျိုး၊ ဦးတင်ယု၊ ကိုမျိုးကျော်ဇင်အပါအ
ဝင် လှိုင်သာယာ (၁၁)ယောက်အုပ်စု ကရောက်နှင့်နေပြီ။ ကျွန်တော်တို့အင်းစိန်အုပ်စုက (၂၉)ယောက်။
စုစုပေါင်းအယောက် (၄၀)။ ကျိုက္ကဆံ စစ်ကြောရေးစခန်းတွင်ကျတော်တို့အင်အားတောင့်တင်းသွားသည်။
(၃)
အဖမ်းခံရသူလူငယ်အများစုမှာ (၈၈) အရေးတော်ပုံကာလတွင် အင်မတန်ငယ်ရွယ်သူများဖြစ်
ကာ၊ ထိုကာလ၌ မျိုးကျော်ဇင်၏ အသက်မှာ သုံးလေးနှစ်ဝန်းကျင်ခန့်ပင်ရှိအုံးမည်ထင်သည်။ ထို့ကြောင့်
ယနေ့ ခေတ်ပေါ်ထွက်လာသောလူငယ်အများစုသည် တိုင်းပြည်၏အမှန်တကယ်ဆင်းရဲဒုက္ခရောက်နေသည့်
အခြေ အနေကို သိရှိနားလည်လာကြသည့်အတွက် အမှန်တရားဘက်က တတ်စွမ်းသရွေ့ ရပ်တည်ရမည်
ဆိုသော အသိစိတ်ကို အရင်းခံထား၍ ပေါ်ထွက်လာကြခြင်းသာဖြစ်ပေသည်။
(၄)
ကျိုက္ကဆံစစ်ကြောရေးစခန်းသို့ ကျွန်တော်တို့အုပ်စု (၂၉) ယောက်ရောက်ရှိသွားသောအချိန်တွင် ဖမ်းဆီး
ခံ လူအင်အားတောင့်တင်းလာသဖြင့်၊ အားလုံးစိတ်ဓာတ်များက တက်ကြွလန်းဆန်းနေကြလေသည်။ အဖမ်းခံရသည်ဟူသောအသိထက် မိမိတို့အဖမ်းခံရခြင်းကို ဘယ်လိုတုန့်ပြန်တိုက်ခိုက်ကြမည်ကိုသာကိုယ်စီ ကိုယ်စီအတွေးရောက်နေကြသည်။
ကျိုက္ကဆံစစ်ကြောရေးဂိတ်ဝ ၊ ပထမဆုံးအဆောင်အပေါ်ထပ်ကို ကျွန်တော်တို့ကို စစ်ကြောရေး
စခန်း တာဝန်ခံ ရဲအရာရှိတစ်ဦးမှ တက်ခိုင်းပါသည်။ ကျွန်တော်တို့အားလုံးအပေါ်ရောက်သောအခါ အဆိုပါ
တာဝန်ခံ က ၄င်း၏ တပည့်ရဲနှစ်ယောက်နှင့် ရောက်ရှိလာသည်။ စာအုပ်ဘောပင်တို့ကိုလည်း ကိုင်ဆောင်
လာကြသည်။
ကျွန်တော်တို့အားလုံးမတ်တပ်ရပ်နေကြသည်ကိုတွေ့သောအခါ၊ အဆိုပါ တာဝန်ခံက-
“မင်းတို့ဘာလုပ်နေကြတာလဲ။ အားလုံးထိုင်ကြ”
ဟုလေသံမာမာနှင့်ပြောပါသည်။ကျွန်တော်အပါအ၀င်အများစုမှာအာားလုံးထိုင်လိုက်ကြသော်လည်းမထိုင်သူ
တစ်ဦးရှိသည်။(လုံခြုံရေးအရနာမည်မသုံးခြင်းဖြစ်သည် ၄င်းတစ်ယောက်တည်းမိုးတိုးမတ်တပ်ဖြစ်နေသော်
လည်း၊ ဂရု မစိုက်။ ဘေးဘီကိုလည်းစိတ်မ၀င်စားဘဲ၊ ၄င်းက တာဝန်ခံရဲအရာရှိ ပြောသည့်လေသံထက်
မလျှော့ဘဲ-
“ ကျွန်တော်တို့ကို ဒါမျိုးထိုင်ခိုင်းလို့မရဘူး။ ကျွန်တော်တို့ ပြစ်မှုကျူးလွန်သူတွေမဟုတ်ဘူး။ ထောင်သားတွေမဟုတ်ဘူး။ လုံးဝမထိုင်နိုင်ဘူး။”ဟု မိမိကိုယ်ကိုယ်ယုံကြည်ချက်အပြည့်နှင့်ပြန်ပြောလိုက်ရာ-
ရဲအရာရှိဆိုသူ ၄င်း၏ လက်အောက်ငယ်သားများရှေ့တွင် ထိုကဲ့သို့ပြန်ပြောခြင်းခံရသဖြင့် အင်မတန်ဒေါသ
ထွက်သွားသည့်အပြင် မျက်နှာပြင်တစ်ခုလုံးလည်းနီရဲ၍ ချွေးစေးများပျံလျက်-
“အေး မင်းမထိုင်ချင်လည်း ဟေ့ကောင် မင်းဘေးထွက်ရပ်နေ။” ဟုအော်ငေါက်လေသည်။
မတ်တပ်ရပ်နေ သူက ခပ်တည်တည်ပင် ဘေးထွက်၍ ပုတင်းပေါက်နားတွင် လက်ပိုက်မတ်တပ်ရပ်နေ
လေသည်။
ကျွန်တော်တို့အားလုံးတိုင်ပင်ထားခြင်းမရှိဘဲတိုက်ပွဲစပြီဆိုသည်ကို ကိုယ်စီကိုယ်ငှသိလိုက်ကြပြီ
ဖြစ်သည်။ ထို့ကြောင့်အားလုံးမတ်တပ်ထရပ်ကြရန်ဟန်ပြင်လိုက်ကြသည်။တချို့ကလည်းနှုတ်မှ ရဲအရာရှိကို
တစ် ယောက်တစ်ပေါက်ပြောဆိုကြသည်။ လူငယ်တို့၏အင်အား စစ်ကြောရေးစခန်းတာဝန်ခံမခံနိုင်ပါ။၎င်း
ဖြေရှင်းရ တော့သည်။
“မင်းတို့ကိုငါကထိုင်ခိုင်းတယ်ဆိုတာ မင်းတို့ကိုအချုပ်သားတွေလို့သဘောထားလို့မဟုတ်ဘူး။ ငါလည်းမင်းတို့လိုပဲကြမ်းပြင်မှာထိုင်မှာပါ။ မင်းတို့ကိုထိုင်ခုံပေးဖို့အတွက်ငါတို့မှာ ထိုင်ခုံအလုံအလောက်မရှိ
ဘူး။ ဒါ့ကြောင့်မင်းတို့နာမည်တွေဘာတွေကိုစာရင်းယူနေတဲ့အချိန်မှာ မင်းတို့ မတ်တပ်ရပ်နေရရင်ညောင်း
မှာစိုး လို့ပါ။” ယခင်ပြောသည့်လေသံနှင့်တခြားစီ။ တော်တော်ပျော့ပြောင်းသွားသည်။ထို့နောက်
၎င်းကပင် မတ် တပ်ရပ်နေသူအား-
“လာပါကွာ။ ငါကမင်းကိုအချုပ်သားလိုသဘောထား ထိုင်ခိုင်းတာမဟုတ်ပါဘူး။ ငါတို့မင်းတို့
ကို ဒီကို ခဏရောက်လာတဲ့ဧည့်သည်တွေလိုသဘောထားပါတယ်” ဟုပြန်လည်ပြောဆိုလေသည်။
ထို့ကြောင့် အဆိုပါ မတ်တပ်ရပ်နေသူလည်းအားလုံးနှင့်အတူပြန်လာထိုင်လေသည်။
(၅)
ထို့နောက် သိပ်မကြာခင်မှာပင် တကယ့်စစ်ကြောရေးအဖွဲ့ရောက်လာပါတော့သည်။စစ်ကြောရေး
ကို ကျတော့ဘ၀တွင် နဖူးတွေ့ဒူးတွေ့ပထမဆုံးအကြိမ်တွေ့ခြင်းပင်ဖြစ်သည်။ သို့သော်မိမိလုပ်ခဲ့သည့်လုပ်
ရပ်များ နှင့်ပတ်သတ်၍ နဲနဲမှ မိမိကိုယ်ကိုယ်ကိုမိမိ သံသယမဖြစ်မိပါ။ တိုင်းပြည်နှင့်လူမျိုး အကျိုးစီးပွား
ပျက်စီးရာပျက်စီး ကြောင်းကို ဘာတခုမှမလုပ်ခဲ့သည့်အတွက်ဖြစ်သည်။ စစ်မေးသမျှကို ရင်ဆိုင်ဖြေရှင်း
ရန်အသင့်ဖြစ်နေသည်။
ကျွန်တော်အားစစ်မေးနေသည့်အချိန်တွင် ကျွန်တော် နှင့် သုံးကိုက်ခန့်အကွာတွင် ပိန်ပိန်
ရှည်ရှည် အ သားမည်းမည်း၊ ကုလားလူငယ်လေးတစ်ယောက်ကို စစ်မေးနေသည်ကို မသိမသာနား
စွင့်မိသည်။
၎င်းအားစစ်မေးချက်များ နှင့် ၄င်းကပြန်လည်ဖြေဆိုချက်များသည် လုံးဝဥဿုံပြည့်စုံလုံ
လောက်သည့် အဖြေများမဟုတ်သော်လည်း ယနေ့တိုင်အောင် ကျွန်တော့ရင်ထဲတွင် စွဲမြဲမှတ်ထင်
နေပါတော့သည်။

အပိုင်း(၂) မျှော်

စောကျော်ကျော်မင်း
၁၆.၇.၂၀၀၉

0 comments: