welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ဖေဖေါ်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ ပါ

Wednesday, February 10, 2010


ဒီဖိတ်စာလေး က ကျေးဇူးသိတက်သူတွေရဲ့ ကျေးဇူးဆက်တဲ့ဂုဏ်ယူစရာဖိတ်စာလေးပါ။။
ဗိုလ်ချုပ်သမိုင်းကိုဖျောက် ဗိုလ်ချုပ်သမီးကို ပျောက် သွားစေအောင် စစ်အုပ်စု ရဲ့ မတရား
သမိုင်းမှန်တွေ ဖျောက်ဖျက်နေမှုကို အဲတုရဲတဲ့ ရဲရဲတောက် ဖိတ်စာလေးဖြစ်တာမို့ ကျမ
ဂုဏ်ပြုဖေါ်ညွှန်းရင်း ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ ကဗျာလေးတွေ စာလေးတွေ တင်
ပြလိုက်ပါတယ် ။။



ဖေဖေါ်ဝါရီ ၁၃ မှာ
ဗိုလ်ချုပ်မွေးနေ့ ပါ
၁၉၁၅ ရှေ့နေ ဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခံတဲ့ဇာနည်ဖွါး
မိခင်ဒေါ်စုသား
ပြည်ထောင်စုရဲ့ကျေးဇူးရှင်ဗိုလ်ချုပ်ဒို့ ဖခင်
ကောင်းစေ့ချင်တဲ့အမှာစကား
ငါတို့ မမေ့ အား
ပြည်ထောင်စုကြီး တိုးတက်အောင်
ပြည်ချစ်ဒို့ ခေါင်းဆောင်
ဒီမိုကရေစီလမ်းစဉ်များဗိုလ်ချုပ်ချမှတ်သွား


အဲဒီ့လိုဗိုလ်ချုပ် အမှတ်တရ ကဗျာရွတ်ဆိုပွဲ ကို ၁၉၉၆ ခုနှစ် ဗိုလ်ချုပ်မွေးနေ့ 
မြန်မာနိုင်ငံကလေးများနေ့ မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူတကွ ကျမတို့ 
တွေ ကျင်းပခဲ့ကြတယ် ။ဒီပုံလေးကတော့ကျမဘလော့မှာတင်ထားတဲ့ ကျမရဲ့
သမီးကြီး ထက်ရည်မွန် (ရည်မွန်ထိတ်ထား)နဲ့ ကျမတို့ ခေါင်းဆောင်တို့ အဲဒီ့
နှစ်ကကလေးများနေ့ မှာအမှတ်တရ ပုံလေးပေါ့ ။ ကျမသမီးကြီးက ဗိုလ်ချုပ်
ဗိုလ်ချုပ်ဒို့ ဗိုလ်ချုပ်ဆိုတဲ့ကဗျာလေးကို တတွတ်တွတ် အော်ရွတ်တက်နေတဲ့
အချိန်ပေါ့ ။






၁၉၉၅ ဇူလိုင် ၁၀ ၇က်နေ့ ကျမတို့ ခေါင်းဆောင် ပထမအကြိမ် (၆)နှစ်အကျယ်ချုပ်ကပြန်လွှတ်လာပြီး ကျမတို့ လူငယ်တွေအန်တီအိမ်ရဲ့
ရှေ့ခန်းလေးမှာပဲတွေ့ ဆုံဆွေးနွေးမှုတွေ စာပေဆွေးနွေးတာတွေစတင်ခဲ့ကြတယ် ။ အဲဒီ့မှာအန်တီနဲ့ ပတ်သတ်လို့  ကလေးများအပေါ်
အမြင်သဘောထားလေးတစ်ခုနဲ့ ကျမကိုသွန်သင်ပြတာလေးပြောပြချင်လို့ ပါ။ကျမ ပါတီလူငယ်တာဝန်ယူပြီးသမီးကြီး တိုးလို့ တွဲလောင်း
နဲ့ အစည်းအဝေးပွဲတွေ စာဖတ်ဝိုင်းတွေတက်လ့ရှိပါတယ်။ တနေ့ မှာ အန်တီနဲ့အတူစာအုပ်တစ်အုပ်အကြောင်းဆွေးနွေးနေကြတုန်း
ကျမသမီးကြီးက ကျမကိုပေါင်ကနေ ကိုယ်ကိုတွယ်တက်ပြီး အန်တီ့ရဲ့မျက်လုံး ကိုကြည့်ပြီး စိတ်တ၀င်တစားနဲ့  ဗိုလ်ချုပ်သမီးဆိုတာအိုက်
ဖွါးဖွါးနော်မေမေ ဆိုတာရယ် ဖွါးဖွါးက သမီးကိုမျက်လုံးပြူးပြီးကြည့်နေတယ်ဆိုတာရယ် ခဏ ခဏ မေးလိုက်ပြောလိုက်လုပ်နေပါတယ်။
အန်တီက စာအုပ်ထဲက ဆွေးနွေးခန်း(ကျမအသေအချမမှတ်မိပေမဲ့ ပါရဂူရဲ့စာအုပ်ဖြစ်ဖို့ များပါတယ်) ကိုသူ့ အလှည့်ရောက်တော့သူ မ
အမြင်ရှင်းပြနေဆဲမှာမို့ ကျမ သမီးကြီးကို စိတ်တိုပြီး တိတ်တိတ်နေ ငြိမ်ငြိမ်နေလို့ တိုးတိုးလည်းပြော လက်ကလည်း ဗိုက်ခေါက်လိမ်ဆွဲ
မဲ့ ဟန်လုပ်လေတော့ အန်တီစု က သိတ်ပါးပါတယ် မြင်သွားပြီး ကျမ ကို ကလေးမေးချင်ရာမေးပါစေ ဖြေပါ မဆူပါမရိုက်ပါနဲ့တဲ့  ။
နောက်ဆက်တွဲ အန်တီဆက်ပြောတာသူငယ်ငယ်က ဘယ်လောက်အမေးအမြန်းထူလဲဆို အဖွါးကို ကုတင်ဘေးမှာပန်ုပြီးတော့ကို သိချင်
ရာအကုန်မေးတာတဲ့ --ကလေးမေးတာကို ဟန့်တားရင် အိုက်ကလေး တိုးတက်မဲ့အမြင်တွေကို ဟန့် တားတာပဲတဲ့ --အဲ ကလေးကိုဖြေ
ရင်တော့လက်လွှတ်စံပါယ် ပြီး --ပြီးရော မဖြေပါနဲ့ တဲ့ မိခင်က အဖြစ်မှန် အခြေအနေမှန်ကို မလိမ် မကွယ်မညာပဲ ဖြေရမယ် တဲ့ ။ဒီလို
အမေးအမြန်းထူတဲ့ကလေး နဲ့ ကလေးကိုဖြေကြားမဲ့လူကြီးမိဘကလည်း စိတ်ရှည်ရှည် နဲ့ ဖြေပြမယ်ဆိုရင် အိုက်ကလေးသိတ်တော်တဲ့ 
ကလေးဖြစ်မယ်တဲ့ လေ ။ ပြီးတော့ ကျမသမီးကြီးကို သူ့ ပေါင်ပေါ်တင်ချော့မော့ပြီးစိတ်မရှည်တဲ့ ကျမ ဆုံးမခဲ့ဖူးပါတယ် ။ အန်တီ့ရဲ့
ကလေးငယ်တွေအပေါ် တိုးတက်အောင်မြင်အောင် သူတို့ မေးခွန်းတွေ ကို မလိမ်မညာ ပြီးပြီးရောအလွယ်သဘောနဲ့ မပြောရဘူးဆိုတဲ့
ဆုံးမသွန်သင်ခဲ့မှု ဟာ အနာဂတ်မျိုးဆက်သစ် ကလေးငယ်တွေ အပေါ်သိတ်ကို အကျိုးဖြစ်စေတာမို့  မြန်မာနိုင်ငံကလေးများနေ့ အတွက်
အကျိုးဖြစ်စေမဲ့ ဖခင်ကောင်းခေါင်းဆောင်ကောင်းရဲ့သမီးမြတ် ရဲ့ စေတနာကိုလက်ဆင့်ကမ်းလိုက်ပါတယ် ။။
မိခင်တိုင်း သားသမီးတွေအပေါ်စိတ်ရှည်စွာမေးသမျှဖြေတက်ပါတက်ပါစေ ။။

ကလေးတို့ ရေ လာလာ လာ ****
တလင်းပြင်မှာဆုံ စို့ ကွာ
ဒီနေ့ ဟာဘာနေ့ လဲ*********
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ပဲ
တီတီ့တီ--တီ့ တီ တီ တီ
********************
ဖေဖေါ်ဝါရီ၁၃ဟာဗိုလ်ချုပ်မွေးနေ့ ပါ
မွေးနေ့ မှာဒို့ ဆင်နွဲ
ကလေးတိုင်းရဲ့မင်္ဂလာပွဲ*******
တီတီ့တီ--တီ့ တီ တီ တီ
********************
ကျေးဇူးကြီးတဲ့ ဒို့ ခေါင်းဆောင်
နိုင်ငံအလင်းရောင်
ဒို့ ဖခင်ဗိုလ်အောင်ဆန်း
ပြည်သူအတွက်သာသူကြိုးပမ်း
တီ တီ့ တီ တီ့ တီ တီ တီ ******
(ဘဘဦးတင်မိုးမှ ရေးစပ်သည်)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ခြံဝန်းတွင်ကျင်းပသော၁၉၉၆ မြန်မာနိုင်ငံကလေးများနေ့ တွင် ဗိုလ်မှုးကြီးဝင်းထိန် ( မြစ်ကြီးနားထောင်) ၏ သမီးအငယ်ဆုံးလေးချစ်စုဝင်းထိန် (ခ) ချစ်ချစ် မှ သီဆိုခဲ့သည်။။

ဗိုလ်ချုပ်ဗိုလ်ချုပ် တို့ ဗိုလ်ချုပ်
ဗိုလ်ချုပ်ထွေးလေး ဘယ်ကမွေး
နတ်မောက်မြို့ တဲ့လေး
ရိုးသားဖြောင့်မတ်သူ့ အမူအယာ
ငယ်ငယ်ထဲကပါ
မဟုတ်လျှင်မခံတက် ရဲရင့်သူ့ စိတ်ဓါတ်
သတ္တိသွေးနဲ့ ကြီးလာပြန်
ဆည်းပူးပညာဥဏ်
သူ့ ကျွန်မခံတော်လှန်ရေး
ဗမာ့ သတ္တိသွေး

မေအိခင်(လယ်ဝေး)

1 comments:

Nge Naing said...

အဲဒီဓါတ်ပုံလေးကို အမြဲမြင်တွေ့နေရပေမဲ့ ဘယ်တုန်းက ဘာလုပ်တဲ့ပုံဆိုတာ အခုမှပဲ သိတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံထဲက နှစ်သက်သဘောကျတဲ့ ပုံလေးကို ထည့်ထားတယ်ပဲ ထင်နေခဲ့တယ်။ ပိုက်ဆံပေးပြီး ၀ယ်ယူလို့ မရနိုင်တော့တဲ့ အတွေ့အကြုံလေးတွေကို ပြန်လည် မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်မ Tag ထားတာလည်း မမေ့နဲ့နော့်။