welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ထာဝရသူပုန်

Thursday, February 25, 2010

အကောင်းဆုံးနေ့ များ လိုချင်ပါသည် ရေ့-----ရေ့ ----ရေ ---လိုတဲ့အကောင်းဆုံးနေ့ များ
တမိုးထဲအောက် ဒို့ အသက်တွေရှင်သန်နေတယ် အနိုင်နဲ့ အရှုံးအတွက် တဖက်သတ်အငြင်း
ပွါးကြရင်းးးးးးးးးး--------------------
အားကြီးလို့ တစ်ယောက်ကနေ အနိုင်ယူတယ် ------ရင်ဆိုင်အားနည်းတဲ့တစ်ယောက်က
မျက်ရည်ဝဲတယ် --မခံချင်စိတ်ရဲ့မီးတစ်စ --ကမ္ဘာကိုလောင်တယ် --

ထောင်ထဲမှာ ညီမလေး လေးလေးမွန် အမြဲ အော်ဆိုတက်တဲ့သီချင်းကို ကျမ ဒီနေ့  တနေ့ လုံးဆိုဖြစ်ခဲ့တယ်
ကိုယ့်အတွက်မဟုတ်တဲ့ခံစားချက်နဲ့ကိုယ့်ရဲ့အဖြစ်အပျက်တွေထက်နေရာတကာသူများနေရာကိုခံစားတက်
ခဲ့တဲ့ကျမ ဘယ်သောအခါ မှပြဿနာနဲ့ကင်းတယ်ရယ်လို့ မရှိခဲ့တာ ဆန်းနေတာတော့မဟုတ်ပါ ။ ဒါပေမဲ့
ကိုယ်ပိုင် ဘလော့လေးရှိနေတော့ ရေးဖြစ်ခဲ့တယ်ပေါ့ ။။
အမ ဘာကိုဆိုလိုနေတာလဲ ဆိုရင် ပြောပြချင်တယ် ။။ ကျမတို့ တတွေ ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ထဲက
ဘ၀တွေအသက်တွေမိသားစုဘ၀တွေ လူနေမှု ဘ၀တွေ ရင်းပြီး စစ်အုပ်စုရဲ့မတရားမှုကို ခံစားချက်ပြင်းပြင်း
နဲ့ တိုက်ပွဲဝင်ခဲ့ကြတယ် ။ တော်လှန်ရေးဆိုတဲ့အသိ --မရှိ နိုင်ငံရေးဆိုတဲံ့ဝေါဟာရ သုံးရမယ်မှန်းတောင်ကျမ
တကယ်မသိခဲ့တာပါ ။
ကျမထောင်ကထွက်ပြီး နှစ်နှစ်အကြာမှာ ပြည်ပကိုထွက်ပြေးလာတာ တောခို တော့မယ် ဆိုတဲ့ အဆုံးအဖြတ်
နဲ့ လာခဲ့တာ တကယ်တန်း အခြေအနေကို မစုံစမ်းမိတဲ့ကျမ မြို့ ခို လျှက် ဖြစ်ခဲ့ရတယ်ပေါ့ ။ပြည်ပရောက်ပြီး(၃)
နှစ်အကြာမှာတော့ နောင်တတွေရလိုက်တာလေဘာ့ကြောင့်လဲ ဆိုရင် စက်တင်ဘာအရေးတော်ပုံ မှာ တိုက်
ပွဲဝင်ဆန္ဒပြနေတဲ့ ကျမ သူငယ်ချင်းတွေကိုကြည့်ပြီးကျမရှက်မိလို့ ပါ ။ တော်လှန်ရေးစံနဲ့ နှိုင်းယှဉ်ရင် ငါ့တန်ဖိုး
ဇီးရိုးပဲလို့ ပေါ့ ။မြန်မာပြည်မှာ ထောင်တွင်းကြွေးကျန် နဲ့  နှစ်တွေများများ ထပ်ကျမှာကြောက်လို့ ကျမ ပြေးခဲ့
ခြေထောက်ဟာသစ္စာဖောက် လို့ တောင် ပြောရမလိုဖြစ်ခဲ့ ပါတယ် ။
ဒါပေမဲ့ရောက်တဲံ့နေရာမှာ ကျမ ယုံကြည်တဲ့တော်လှန်ရေးပြီးရမယ် ဒီမိုကရေစီမဖြစ်မနေရ ရမယ် ငါတို့ စဉ်
ဆက်မပြတ် အုပ်ချပ်တွေသဲပွင့်တွေ ဖြစ်ခဲ့တယ် ဒါ့အပြင် ဥာန်း အဖြစ် ရပ်ပေးခဲ့ရတယ်ဆိုရင်တောင် ဒီမို
ကရေစီရတာနဲ့  ဥာန်း စင်ပေးခဲ့ရတဲ့ ဘ၀ကြေနပ်အားရနေဦးမဲ့စိတ် နဲ့  အိပ်ချိန် ကလွဲ လို့  စားချိန်ဗာဟီရ
ကိုယ်ရေးအလုပ်ကိစ္စဆိုတာတောင်တော်လှန်ရေးဘောင်ထဲမှာပဲအာရုံကောအလုပ်ပါနှစ်ပြီးနေနေပါတယ်။
ကိုယ်ရဲ့ရှေ့ကတော်လှန်ရေးဝါရင့်သူတွေ Leader Role မှာရှိသူမှန်သမျှရဲ့ အယူအဆတွေလက်ခံနာယူခဲ့
တယ်။( ပူဇော်သင့်မှပူဇော်မည်ဆိုတဲ့အယူအဆတော့ရှိတာပေါ့)
စကားချီး ကို ဒီလောက်ပဲ ပြောရင်ကောင်းမယ်နော့ ကျမကစကားစဖျက်ဖို့ ခက်သူမဟုတ်လား

တွေ့ ရပါတယ် ပြည်တွင်းမှာရောပြည်ပမှာရော နေရာရပြီးသားသူတွေ ပိုင်ဆိုင်မှုတစ်ခုခုရှိတဲ့သူတွေက အား
နည်းသူကို ဖိတက်ကြတယ်ဒီအစဉ်အလာကိုပြင်ဖို့ ကျမတို့ ဒီမိုကရေစီ တောင်းနေတယ်ဆိုတာမေ့ခဲ့ကြတယ်။
အာဏာရှင်ရဲ့အကျင့်ဆိုးကိုပြင်မယ်ဆိုရင်ကျမတို့ ကဒီကျင့်စဉ်မှာ စံထားရမဲ့သူတွေ ဖြစ်အောင်
တော့မြင့်မြတ်
ကြရလိမ့် မယ် ။အဲဒီ့ ဒီမိုကရေစီ ကျင့်စဉ်ကိုမှ ကိုယ်မလိုက်နာနိုင်ဘူးဆိုရင် ခေတ်ပျက် ဗိုလ်ပဲ ဖြစ်ပေမပေါ့ ။။
တွေ့နေကြားနေရပါတယ် ရန်ဖြစ်နေလိုက်ကြတာနေရာတင်အားမရ ကမ္ဘာကို ပါဖြန့် ချင်ကြနဲ့ ကျမ မေးလိုက်
ချင်ပါတယ်။။
ဘယ်သူနိုင်သလဲလို့ ဆော်ပလောတီးလိုက်ရသူကနိုင်သလား ခံလိုက်ရသူကနိုင်သလား -- နိုး--နိုး--နိုး ပါ
နှစ်ဖက်စလုံးရှုံးပြီး တကယ်အနိုင်ရနေသူကတော့ နအဖ ပါပဲ ။
တော်လှန်ရေးတစ်လျောက်မှာ မိမိသာ လေးစားစရာ လို့  ပြောပြီးသူတစ်ပါးကိုပုတ်ခတ်နေသူတွေလည်းတွေ့ 
ရပါတယ် ။ နိုင်ငံရေး လုပ်သူ နိုင်ငံရေးသမားတစ်ယောက်ရဲ့သမိုင်းကြောင်းကို နိုင်ငံရေးသမားက မှတ်တမ်း
တင်ဖို့  သမိုင်းကြောင်းရေးဖို့ မသင့်ပါဘူး ပြည်သူနဲ့ သမိုင်းသုတေသီတွေ ပေါ်ထွက်လာမှာပါ ။ စစ်အုပ်စုဟာ
သူ့ ဖာသူမြန်မာ့သမိုင်းပဲရေးရေး အခြေခံဥပဒေပဲ ဆွဲဆွဲ ဒါတွေဟာ ဆုတ်ဖြဲပစ်ရမဲ့ အရာဖြစ်သလို တော်လှန်သူတွေရဲ့သမိုင်းမှာလည်း အမှန်ကိုမှတ်တမ်းမှတ်တဲ့သူတွေ ရှိနေပါတယ် ။ဒီတော့ ဆင်ခြင်သတိနဲ့ ကျမ
တို့ တတွေ ကိုယ့်အတ္တမာနကိုလျောချပြီး ဘုံရန်သူဆီကိုသာအာရုံစူးစိုက်ဖို့ လိုပါတယ် ။
ကျမတို့ တတွေ အမြဲ မှတ် ဖို့ က ဘုံရန်သူ ဟာ စစ်အုပ်စု ဖြစ်တယ် ။ စစ်အုပ်စု ဆိုတာလည်း လူ မဟုတ်ဘူး
သူတို့ ကျင့်သုံးနေတဲ့ အာဏာရှင် မူတွေ ဖြစ်တယ် ။ဒီမူတွေ ကိုယ့်စီ ဆွဲကပ်လာပြီဆို ရင် ခွါကို ချရမယ် ။ပြည်
သူ့  အတွက် ပြည့်သူအတွက်ပြောရုံသက်သက် နဲ့  တော့ ထင်သာမြင်သာတဲ့ အကျိုးအမြတ် ဖြစ်ထွန်းလာမှာ
မဟုတ်ပါဘူး ပြည်သူတွေ ဒီမို ကရေစီမရသေးပေမဲ့ ဒီမိုကရေစီရဲ့ကျင့်ထုံးကို လက်နာကျင့်သုံးတက်အောင် လို့ 
ကိုယ်တွေက စံပြဖြစ်နေရမယ် အထူးသဖြင့် ကို ယ်ကိုယ်ကိုယ်ခေါင်းဆောင်လို့ ခံယူထားတဲ့ အကြီးအကဲများ
ပို သတိထားဖို့ လိုတယ် ။ကျမတို့ နားမှာ နိုင်ငံရေးသမားကြည့်ပဲရှိတာ မဟုတ်ဘူး ။တကယ့်ကိုအခြေခံကျတဲ့
ပြည်သူတွေ တကယ့်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ပြည်သူတွေ ရှိတယ် ။စင်္ကပူကို ပညာသင်လာတဲ့ကလေးတွေ
မလေးမှာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ ထိုင်းမှာရှိတဲ့ရွှေပြောင်းအလုပ်သမားတွေ နိုင်ငံတကာကိုရှိုးဂျော့
နဲ့ ထွက်လာပြီး မျက်စိပွင့်သွားလို့  နိုင်ငံရေးထဲ စုံနစ် လုပ်နေတဲ့ ပညာတက် အ၀န်းအ၀ိုင်း တွေ အကုန် ၀န်းရံ
စောင့်ကြည့်နေတယ် ။ စံပြဖြစ်ပါစေ --ကိုယ်ဒီမိုကရေစီကို အမှန်တကယ်လို ချင်တာ လား ကိုယ်သက်ဝင်ယုံ
ကြည်တဲ့ ဒီမိုကရေစီ ဆိုတဲ့စနစ် ရဲ့အနှစ်သာရကို ကိုယ်ကရော ကျင့်သုံးကြမှာလားဆိုတာပါပဲ ကိုယ့်အဖွဲ့ 
ကိုယ့်ပါတီထဲမှာ ဒီမိုကရေစီရဲ့ စံဖြစ်တဲ့ လွတ်လပ်ခြင်း ညီမျှခြင်း ပွင့်လင်းရိုးသားခြင်း အပြန်အလှန်လေးစား
လိုက်နာခြင်းတွေ မကျင့်သုံးဖူးဆိုရင် နှဖူးပေါ်လက်တင်ပြီးစဉ်းစားပါ ။။ ငါ အာဏာရှင် ပေါက်စ ဖြစ်နေပြီလား
လို့  အကယ်၍များ ဖြစ်ခဲ့ရင် ကျမတို့ ကတော့ စစ်အုပ်စုကို အရင်ဆုံးတိုက်ပြီး နောင်ပေါ်ပေါက်လာမဲ့
အာဏာ
ရှင် စိတ်ဓါတ်ဆိုးမှန်သမျှ ခြေမှုန်းကြရဦးမှာ ပါပဲ --အဲဒီအခါ ကျမတို့ ဟာ ထာဝရသူပုန် များဖြစ်သွားတော့မှာလားလို့  အမိမြန်မာပြည်အနာဂတ်အတွက် တွေးပူမိရပါတော့တယ် ။

0 comments: