welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ကိုယ်အကြိုက် တဲ့  နော့

Thursday, February 18, 2010

ဘလော့ကာမငယ်နိုင် က ကိုယ်အကြိုက် ဆိုတဲ့ခေါင်းစဉ်ကို Tag ထားတယ် လေ မအားလပ်တဲ့အတွက်
ချက်ချင်းမရေးနိုင်ပေမဲ့ ကွန်ပျူတာကိုင်နေတိုင်း အကြွေးတင်နေသလိုစိတ်ထဲရှိတာမို့  ကိုယ့်အကြိုက်ဆို
တာလေးကို ပြောပြ ဖြစ်ပါတယ် ။
ကျမ ကြိုက်နှစ်သက်တာ တစ်ခုထဲတော့မဟုတ်ဘူးပေါ့ ဥပမာပြောရရင်အစားအသောက်ဟင်းလျာထဲမှာ
ဘာအကြိုက်ဆုံးလဲ ? အ၀တ်အထည်မှာဘာအကြိုက်ဆုံးလဲ? ဆိုတဲ့ အကြိုက်အသီးသီးရှိနေကြမှာအသေ
အချာပေမဲ့ ကိုယ့်အကြိုက် ဆိုတာ ကတော့ တစ်ခုတည်းမှာမှ ကြိုက်နှစ်သက်တာကို ဆိုလိုတာဆိုတော့
ကျမ စာဖတ်တာ စာအုပ်တွေကိုရွေးချယ်ဖတ်ရှုပြီး ကောင်းနိုးရာရာတွေးခေါ်တာကို သိတ်ကြိုက်ပါတယ်
စာအုပ်တွေကိုစနှစ်သက်ခဲ့တာ ဆရာကောင်းတွေ ရရှိတာနဲ့ သူငယ်ချင်းကောင်းတွေ ရဲ့ ကျေးဇူးလို့ ပြော
ရင်မမှားပါဘူး ။ ပဉ္စမတန်း မှာထဲက ကျမကို ကျူရှင်သင်ပေးခဲ့တဲ့ဆရာဟာ စာရေးဆရာတစ်ယောက်ပါ။
ဆရာက ဒါဖတ် ဒါဖတ်လို့ မပြောပေမဲ့ ကျမထက်အသက်ငယ်တဲ့ဆရာ့သား ကျမငယ်သူငယ်ချင်းကတော့
ကျမကို စာဖတ်တက်အောင်ကောင်းနိုးရာရာစာအုပ်တွေညွှန်ပြခဲ့တယ် ။သူနဲ့ရင်းနှီးတဲ့ စာရေးဆရာအချို့ 
နဲ့မိတ်ဆက်ပေးခဲ့တယ် ။ စာတွေဖတ်ပြီး စာပေတွေကိုဝေဖန်တွေးပေမဲ့ စာအုပ်ကောင်း ဖြစ်အောင် ကျမ
မရေးတက်ခဲ့ပါ ဘူး ။ ကျမငယ်စဉ်ထဲကစာပေ၀ါသနာပါတဲ့သူငယ်ချင်းတွေစုပြီး စာဖတ်ထားတာတွေကို
တော်ကီပွါးလေ့ရှိကြပါတယ် ။။ သူငယ်ချင်းတစ်ယောက်ဆို ခု စာရေးဆရာစာပေဝေဖန်နိုင်တဲ့သူတောင်
ဖြစ်လို့ ပေါ့ -ကျမစာအုပ်ဆိုင်ဖွင့်ဖြစ်ခဲ့တယ် ကျမနာမည်ရင်းနဲ့ --------စာပေ ဆိုပြီးတော့လေ -စာအုပ်
ဆိုင်ဖွင့်ရတဲ့ရည်ရွယ်ချက်က မြန်မာပြည်သူအများစုက အဲဒီအချိန်မှာရုပ်ပြနဲ့ နက္ခတ္တရောင်ခြည် လောက်
ပဲအားသွန်ခွန်စိုက်ဖတ်နေချိန်မှာ သူတို့ ကို သုတစာပေတွေ ဖတ်လာအောင်စိတ်ဝင်စားလာအောင် ရုပ်ပြ
ငှါးသူဟူသမျှ ကို သုတစာပေတွေအခမဲ့ တွဲပေးပြီး ဖတ်စေ့ချင်တဲ့စေတနာပေါ့ သတိရလို့ ထဲ့ကြွားရဦးမယ်
အဲဒီ့စာအုပ်ဆိုင်လေးကို သူငယ်ချင်းရန်နောင်က စာအုပ်တွစုဆောင်းရှာပေးပြီး ဘဘဦးတင်မိုး(ကဗျာ)က
စာအုပ်ဆိုင်စနစ်ကျနိုင်ဖို့ ပုံစံချပေးခဲ့ပါတယ်(မမေ့နိုင်စရာကျေးဇူးတရားတွေပေါ့)
အဲဒီလိုပဲ ပါတီမှာစာဖတ်ဝိုင်း လုပ်ကြမယ်ဆိုတော့ စာဖတ်ဖို့ တက်ကြွခဲ့ ကျမရယ် ဗဟိုလူငယ်အဖွဲ့ ဝင်ဖြစ်
ခဲ့တဲ့ မခင်မိမိခိုင်ရယ် တို့ က မယ်တက်ကြွတွေပေါ့ ။ တစ်မြို့ လုံးအနံ့ စာအုပ်ကောင်းတွေရှာဝယ် လေ့လာ
ကြ ငြင်းခုန်ကြနဲ့  ဘဘဦးကြည်မောင်ကတော့ လူငယ်တွေ စာပေကောင်းတွေတိုးဖတ်တက်ဖို့ အချိန်ပေး
ပြီးမြေတောင်မြောက်ပေးနေတက်တာပေါ့ ။ ဒီလိုအခြေအနေတွေပြန်တွေရင် စာအုပ်လေးတွေ ရှာဖတ်
တာနဲ့  ကွန်ပျူတာရှေ့က အီးဘုတ်တွေကိုကြည့်ရတာနဲ့  အရသာက တူကိုမတူသလိုပါပဲ ။ဒါ့ ကြောင့်ကျမ
ကျန်ခဲ့တဲ့အပတ်ကပဲ စာအုပ်အအုပ် ၂၀လောက်ဝယ်ပစ်လိုက်တယ် ။ကွန်ပျူတာမတက်နိုင်တဲ့ မဟာချိုင်
က အလုပ်သမားလေးတွေဖတ်ဖို့  ပို့ ပေးမယ်လေ ။ကျမကိုယ်တိုင် စာအုပ်ကောင်းလေးတွေ နှစ်သက်ခဲ့
တာကို ကိုယ်ချင်းစာလို့ ပေါ့ နော ။
အင်း စာဖတ်တာကိုကြိုက်နှစ်သက်တယ်ဆိုလို့  စာယောင်ယောင်ပေယောင်ယောင်တော့ မဟုတ်ဘူးနော့
ကိုယ်ကြိုက်တဲ့ စာပေကို သာလေ့လာသူပါ ။ အနှစ်သာရအားဖြင့်ပြောရရင် လက်တွေ့ ကျတာ နဲ့  အတုယူ
သင့်တာတွေပဲ ကျမဖတ်တယ် ။ လက်တွေ့ ကျတာဆို ဗုဒ္ဓစာပေ ပေါ့ ကျမ သဂြိုလ်ကိုးပိုင်းလုံးကိုကြေညက်
အောင်ဖတ်တဲ့အပြင် လက်တွေ့ ကျတဲ့ ဓမ္မတွေကိုလက်ဆင့်ကမ်းနိုင်တဲ့အထိလေ့လာသင်ကြားခဲ့တယ်။။
လမ်းညွန်တဲ့စာပေတွေ သမိုင်းကြောင်းကို ၀ထ္ထုသဖွယ်ပြုစုထားတာတွေလည်းကျမနှစ်သက်သလို ဆရာမ
ဂျူးရဲ့စာအုပ်တချို့ ကိုလည်း ကျမ သဘောတွေ့ ပါတယ် ဥပမာတစ်အုပ်ပြောရရင် ပင်လယ်နဲ့ တူသောမိန်းမ
များ ဆိုတဲ့စာအုပ်ကိုပေါ့  ။။ ဒါ့ အပြင် စာဖတ်သူတိုင်းဟာ ကာရာမာဇော့ တို့ ညီအကို တွေအကြောင်းလည်း
ဖတ်သင့်သလို ဆရာပါရဂူရဲ့ မင်းနဲ့ ပြည်သူ ဆိုတာကိုလည်း ဖတ်ထားသင့်တယ် ။ ဒါတွေ ကျမကြိုက်ခဲ့တဲ့ထဲ
က စာရိုက်ရင်းခေါင်းထဲရောက်လာတာတွေပေါ့ ။ ကျမသာအလုပ်တာဝန်တွေမများရင် အဲဒီ့စာအုပ်တွေထဲ
က ထုတ်နုတ်ပြီး ဘလော့ကာ မိတ်ဆွေ တွေ ကို လက်ဆင့်ကမ်းချင်တယ် ။
ပြီးတော့ ကျမ ကအင်္ဂလိပ်စာသာမကောင်းတာ ဘာသာပြန်စာအုပ်တွေဆို စွဲစွဲမြဲမြဲ ဖတ်ခဲ့ပါတယ် ။ဒီလိုဖတ်
ချင်စိတ်ဖြစ်တာလည်း သူတို့ စာပေတွေ သိတ်အဆင့်မြင့်တာရယ်ရလဒ်တခုခု့ကျန်ခဲ့တာတွေရယ်ကြောင့်ပါ ။။
စာဖတ်ရင် ဆရာဖေမြင့် တို့  ဆရာအောင်သင်းတို့ ရဲ့စာပေ တွေကိုလည်း အသစ်ထွက်တိုင်းရှာဖွေဖတ်ခဲ့ပါ
တယ် ။။ခုပြောတာဟုတ်ဘူးနော့ --၁၉၉၆ နောက်ပိုင်းထဲက ကျမ စာအုပ်မဖတ်ဖြစ်ခြ့တော့ပါဘူး။ငယ်စဉ်က
နိုင်ငံရေးသမားတစ်ယောက် လီနင် ပုံနဲ့ စာအုပ်ကို ဖတ်ခိုင်း လီနင်ရဲ့ ကြိုးစားခဲ့ရမှုတွေကို ကျောင်းစာမေးသ
လို ပြန်မေးလို့  ပြန်ဖြေခဲ့ရတဲ့ (၁၂ နှစ် ၁၃ နှစ်) သမီး အရွယ်က စာဖတ်ခဲ့ရတဲ့ဘ၀ နဲ့ စာရင် ထောင်တွင်းက
နေခိုးဖတ်ခဲ့ရတဲ့ပိန့် ကျင်းတို့ ချူအင်လိုင်းတို့ လီရှောက်ချီတို့ ကို အားကျခဲ့တဲ့အတွေးသမားဘ၀က ပိုကောင်း
ခဲ့ပါတယ်။။ခု ခေတ်တွေမှီပြီးကွန်ပျူတာရှေ့ထိုင်နေရပေမဲ့ အနှစ်ရှိတာတွေ အ၀င်နည်းပြီး ပိသုဏတွေ၊သမ္ပပါ
လပ္ပ နဲ့ အချိန်ဖြုန်းနေသူတွေကြားမှာတော့ ကိုယ့်ကိုယ်ကိုယ် အချိန် နဲ့ အလုပ် အဟုတ်တရားနဲ့ အလုပ်အမှား
တွေကွဲပြားအောင်အတော်ကိုသတိထားနေရပါတယ် ။။ ကြိုက်နှစ်သက်တဲ့  ကိုယ်အကြိုက်ထဲမှာ ခုမလုပ်ဖြစ်
တာများတဲ့စာဖတ်ခြင်းကို တင်ပြရတာတော့ တကယ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ့်တိုင်းပြည်ကို ပြန်ရပြီး ပြည်သူ
တွေ လူနေမှုဘ၀ သင့်တင့်လာရပြီဆိုတဲ့ အခါမှာတော့ တကယ်နေချင် တာ စာအုပ်နဲ့ ပါလို့ တင်ပြရင် မငယ်
နိုင် ရေ တက်(ခ်) တဲ့အတွက် ကျေးဇူးပါ .ဘလော့ပို့ (စ်)တွေ ပုံမှန်မတင်ဖြစ်ပဲ တချို့ နေ့ တွေ ဆို ကိုယ့်ဘလော့
လေးတောင်ဖွင့်မကြည့်ဖြစ်တဲ့ ကျမကို သတိတရ ရှိနေကြတယ် ဆိုတာကို သိရလို့ ပို ၀မ်းသာပါတယ် ။ Tag ရဲ့
သဘောတော့ကျမသိတ်နားမလည်ဘူး ကျမ ကလည်း ပြန် ပြီး Tag ရမယ် ဆိုရင် ကျမ Tag လုပ်ချင်သူတွေက
တော့ မခင်မင်ဇော် ၊ညီမလေး ငွန်ငယ်မိုး၊ ကိုအောင်(ပျူနိုင်ငံ)၊ညီမလေးဒရင်း(မက်မက်)၊မောင်လေးရဲဝံ့သူတို့ 
ဖြစ်ပါတယ် ။ အချိန်ပေးနိုင်ရင်ပေါ ကိုယ့်အကြိုက် ပြောပြကြရအောင်နော့

မေအိခင်(လယ်ဝေး)



2 comments:

ကိုအောင် said...

ကျနော် ရေးပြီးသွားပြီ အမရေ။

Nge Naing said...

မမေအိခင်ရေ မအားတဲ့ကြားက တကူးတက ရေးပေးတာ ကျေးဇူးကမ္ဘာပဲ။ ကျွန်မက ကိုယ့်အကြိုက်ဆိုတာကို တွေ့တာနဲ့ မမေအိခင် ၀တ်တဲ့ အင်္ကျီိအ၀တ်အစားတွေ ဒါမှမဟုတ် စားတဲ့ စားစရာတွေကို ဝေေ၀ဆာဆာ တွေ့ရတော့မယ်လို့ ထင်နေတာ စာအုပ်တွေနဲ့ လာတိုးတယ်။ မမေအိခင်က ရွေးစရာ စာပေများတဲ့ မြို့ပေါ်မှာ ကြီးပြင်းခဲ့တော့ စာကို ရွေးဖတ်နိုင်တယ်။ ကျွန်မကတော့ ငယ်ငယ်က ကျွန်မတို့မြို့မှာရော ကျောင်းမှာပါ စာကြည့်တိုက်မရှိလို့ စာဖတ်ဝါသနာပါသူ ဖြစ်တဲ့ ကျွန်မအတွက် စာကို ရွေးဖတ်နေဖို့ အခွင့်အလမ်းမရှိခဲ့ဘူး။ စာဆိုရင် တွေ့တာအကုန်ဖတ်တဲ့ အကျင့်က အဲဒီကနေရခဲ့တယ်။ ရုပ်ပြတွေ ကာတွန်း၊ အချစ်ဝတ္တုတွေကို မိဘတွေက အဆိပ်အတောက် ဖြစ်တဲ့စာတွေလို့ တားတဲ့ကြားထဲက ခိုးဖတ်ရင်းနဲ့ စာဖတ်ဝါသနာ ပါလာပြီး ကြီးလာတဲ့အချိန်မှာ စာအမျိုးမျိုးကို တွေ့လာရတယ်ဆိုတော့ ကျွန်မ အခုချိန်မှာလည်း စာမရွေးတော့ဘူး။ စာဆိုရင် မဟုတ်ဘူးဆိုတာ သိနေတဲ့ တရုတ်သိုင်းဝတ္တုတွေကလွဲရင် တခြားဘာစာမဆို အကုန်ဖတ်ပြီး လက်တွေ့ကျမကျဆိုတာ ဖတ်ပြီးမှ ဆုံးဖြတ်တယ်။ ကျွန်မလည်း ကွန်ပြူတာပေါ်မှာထက် စာအုပ်နဲ့ဖတ်ရတာကို ပိုသဘောကျတယ်။ အဲဒါတော့ ကျမတို့နှစ်ယေက်တူတယ်။ ရေးပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ Tag ထားတဲ့သူတွေကိုလည်း သူတို့ အTag ခံထားရကြောင်းသိအောင် လိုက်အကြောင်းကြားလိုက်ဦးနော့်။