welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

စစ်တပ်ဝိုင်းဝိုင်းရဲဝိုင်းဝိုင်း အလုပ်သမားထုကညီတယ်ဟေ့တဲ့

Tuesday, February 9, 2010

မနေ့ ကနေ့ ခင်းထမင်းစားချိန်ကစပြီး မိမိရပိုင်ခွင့်ကိုမိမိတောင်းဆိုခဲ့တဲ့အလုပ်သမားတွေ ကို အကြမ်းဖက်ဖြိုခွင်းဖို့ စစ်အုပ်စု
နဲ့ ရဲအုပ်စု တို့ ပြင်ဆင်ခဲ့ကြတယ် ။ မနေ့ က ကျမကိုယ်တိုင် အလုပ်ရှင် ကိုဖုန်းဆက်မေးကြည့်ပါတယ်ပြေပြေပြစ်ပြစ်လေး
အခြေအနေကိုပြောပြပြီး သူတို့ ကြိုးစားဆောင်ရွက်ပေးမယ်လို့ ပြောပါတယ် ။ အလုပ်သမားတွေကိုကျမမေးကြည့်တော့ကျမ
တို့  ဆက်တောင်းဆိုဦးမယ် မရမချင်းတဲ့  အဲဒီ့နှစ်ဦးနှစ်ဖက်ကြားမှာပြေလည်သွားလိမ့်မယ်လို့ ကျမမျော်လင့်ခဲ့ပေမဲ့ မထင်
မှတ်ပဲ အာဏာပိုင်က ပြင်းထန်တဲ့ ပါဝါသုံးဖို့ ကြိုးစားခဲ့ပါတယ် ။အာဏာပိုင်ရက်စက်မှာ မိုက်ရိုင်းမှာကိုမထင်မှတ်တာမဟုတ်
ပါဘူး။အလုပ်ရှင်(မန်နေဂျာ) အမျိုးသမီးက ညှင်ညှင်သာသာနဲ့ ကျမ မေးတဲ့မေးခွန်းကိုဖြေခဲ့လို့ ပါ ။
ထင်ထားတဲ့ကိစ္စကတော့လစာတိုးပြီးချိန်ကစပြီး ပုဂလိကတွေ ဒီလို တောင်းဆိုမှုတွေဖြစ်တော့မယ်စက်မှုဇုံတွင်းမှာလည်းမိန်း
ကလေးအတော်များများက စုပေါင်းတောင်းဆိုရင် အောင်မြင်တယ်ဆိုတဲ့ အမြင်ကို သိတ်နားလည်နေကြပြီ မို့ ပေါ့။။
အလုပ်သမားတွေဘာတောင်းဆိုလဲ ဆိုတာ ဗေဒင်မေးစရာသတင်းသမားဌါးစရာ လို ကို မလိုတာအသေအချာပါပဲ ။အလုပ်
သမားတွေ ထမင်းငတ်နေတာကိုး လစာတိုးတာမှာက အဓိကပဲပေါ့ ။။ ကျမထင်တယ် အလုပ်ရှင်တိုးပေးချင်ရင်တောင် စစ်
အုပ်စုက ကန့် သတ်ဟန့် တားထားလို့ ဒီလောက်ပြဿနာကြီးမားသွားတာလေ ခုတော့ ရဲချုပ် ခင်ရီ (ဗိုလ်ကောက်ကျစ်)
ရောက်လာပြီး ဟောက်လိုက်လေတော့ ရပ်ဆဲသွားမယ်မထင်နဲ့နော့ နောက်--ဒီထက်အင်အားကြီးတဲ့ အလုပ်သမားအရေး
တော်ပုံကြီးအတွက် --အလုပ်သမားထုကပြင်ဆင်နေလေရဲ့တဲ့ -






1 comments:

Nge Naing said...

အလုပ်သမားသပိတ် အောင်မြင်ပါစေ။ အလုပ်သမားသပိတ်ကနေ တပြည်လုံး သပိတ်သို့ ဦးတည်လာနိုင်ပါစေ။