welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ကျမတို့ တွေကြားမှာအချင်းချင်းဆိုတာ၇ှိနေသေးသ၍

Friday, February 5, 2010

အချင်းချင်းတွေ့ ဆုံစကားပြောမှု ဟာ အဖြေတစ်ခု အလုပ်တစ်ခုမဖြစ်ခဲ့ရင်တောင် တို့ 

တတွေအချင်းချင်းဆိုတဲ့ ရင်းနှီးခဲ့ရမှုတွေနဲ့လျောက်ခဲ့တဲ့လမ်းတူညီခဲ့ကြမှုအပေါ်မှာအင်အားတစ်ခု

ဆိုတာတော့ဘယ်သူမှငြင်းပယ်လို့ မရပါဘူး။

မေအိခင်(လယ်ဝေး)

သီဟ နန္ဒ


မိတ်ဆွေများနဲ့ ရဲဘော်များခင်ဗျား

တလောက ကျနော်တို့ ၈၈မျိုးဆက်တွေ ဆုံဖြစ်ကြ တယ်။ မကောင်းဘူးလား။ဒီအချိန်မှာ ငါဒို့ မညီသင့်ဘူးလား။ တချိ့ လူတွေဆိုရင် ၂၁ နှစ်ကြာမှပြန်တွေ့ရတာ။ ဒီထဲမှာ တချို့  လည်းနိင်ငံရေးဒဏ်ရာဒဏ်ချက်တွေ ကိုယ်စီရှိနေကြတယ်။ ကျနော်တို့ထဲမှာ အယူဆတွေ အမျိုးမျိုး၊ အမြင်အမျိုးမျိုး ၊ အုပ်စုအမျိုးမျိုးတွေက ရှိနေတုန်းပါ။ ကွဲပြားမှုတွေဘ ယ်လောက်ပဲရှိရှိ အခြေခံအကျဆုံး ( bottom line ) ကတော့ ၈၈ စိတ်ဓါတ် နဲ့ သွေးစည်းမှုကိုတော့ ထိမ်းသိမ်းရမှာဖြစ်ပါတယ်။ ၈၈တွေဟာ အချင်းအချင်း တွေ့ရမယ်။ စားရမယ်။ ပြောရမယ်။ ဝေဖန်မှုတွေ၊ အကြံပေးမှုတွေရှိရမှာပါ။ ၈၈ တွေဆုံတိုင်း ရန်သူတုန်လှုပ်ရစမြဲပါ။ ဒါကိုသတိမမေ့ဖို့ လိုတယ်။ မစိုးရိမ်ဆရာတော်ဘုရားကြီးက ကျနော်တို့ ကိုဆုံးမသွားတဲ့ စကားလေးက အလွန်အဖိုးတန်လှပါတယ်။ '' ဟန်ဆောင်ပြီးတော့ ညီညွတ်ပေးကြပါကွာတဲ့။ '' ၂၀၁၀ အတွက် ကျနော်တို့  ကွဲလို့ မဖြစ်ပါဘူး။ အလုပ်အရ ညီညွတ်ရမှာပါ။

၂၀၁၀ ကို လက်မခံနိင်ပါဘူး။ အတုအယောင်ရွေးကောက်ပွဲကို လက်မခံနိုင်ပါဘူး။ ညီညွတ်တဲ့အသံကို ပြသဖို့ အဆင့်တိုင်းမှာကြိုးပမ်းရမှာပါ။

တချို့ သောသူတွေက ဘာနဲ့ ညာနဲ့ ပြောလာတာတွေ၊ ရေးလာတာတွေ၊မြှောက်ထိုးပင့်ကော်တွေ လုပ်ပြီး တောခြောက်လာတာကိုတွေ့ ရပါတယ်။ မကြောက်ကြနဲ့ ။ မရွံ့ ကြနဲ့ လို့ သတိပေးချင်ပါတယ်။ ကိုယ်တရားက ကိုယ့်ကိုပြဌာန်းနေပါတယ်။ စကပ်ကိုစိတ် စွဲနေသူက စကပ်ကိုပဲ မြင်တယ်။ အရက်ကို စိတ်စွဲနေသူ အရက်ကိုမြင်တယ်။ ၈၈ ကို စိတ်စွဲ သူကတော့ ၈၈ ရဲ့ စိတ် မာန်စိတ်ကို တွေ့ ပါလိမ့်မယ်။
ကျနော်တို့က သူတို့မြင်နေကြ နအဖတွေလို ခေါက်ရိုးကျိုးနေတဲ့ ရိုကျိုးမှု၊ လူမြင်သူမြင်ကောင်းအောင် ဟန်ဆောင်ဖေါ်ပြချက်တွေ မရှိကြပါဘူး။ ရေခဲရေလောင်းထားတဲ့ လူသေမျက်နာမျိုးမရှိဘူး။ ကျနော့် တို့ ဖေါ်ပြချက်တွေက နှလုံးရဲ့ အနက်ရှိုင်းဆုံးနေရာက လာပါတယ်။ ရယ်တယ်။ ပျော်စရာရှိပျော်တယ်။ ရှိတာကိုဝတ်တယ်။ ကြောင်သူတော်လို မ၀တ်ထားဘူး။ ပုတီးကိုင်ပြီးလူရှေ့ မထွက်ဘူး။

ကြေးစည်သံကြားရင် ခွေး တွေ အူမှာပဲ။ ခွေအူသံတွေကြားတိုင်း ဘာဖြစ်တာလဲ ..ဘာဖြစ်တာလဲဆို ပြီး သွေးမပျက်ကြနဲ့ ၊ ရှေ့ ကိုရဲ ရဲ သာချီတက်ပါ။

ကေသရာဇာခြသေ့င်္မင်းတို့မည်သည် ခွေအူသံကြားလို့  မပြောရဲ၊ မဆိုရဲ၊ မလှုပ်ရဲဆိုတာမရှိဘူး။ အေး- ချေငယ်စိုင်ဆတ် တွေကတော့ ဘာလုပ်လုပ် ခွေးအူသံ၊ တောခြောက်သံတွေကို နားစွင့်ရတာ ၊ ကျီးလန့်စာစား ဖြစ်ရတာပါ။ ခြေင်္သေ့မင်း ဆိုတာကတော့ ကိုယ်ပိုင်အချိန်ဇယားအတိုင်း အလုပ်လုပ်ကြပါတယ်။

ရန်သူကို ဦးတည် တိုက်ပါ။ အချင်းအချင်း သွေးကွဲတဲ့လုပ်ရပ်တွေကို သတိထားကြပါလို့  တိုက်တွန်းလိုက်ပါတယ်။

( မိုးသီးဇွန် )



2 comments:

Anonymous said...

ကိုမိုးသီးကအရမ်းရီရတယ်ဗျို့
ကွယ်ရာကျကိုနိုင်အောင်မကောင်းကြောင်းပြော
ကိုသောင်းထွန်းမကောင်းကြောင်းပြောနဲ့
ညီညွတ်ရမယ်ဆိုပါလား
မေအိခင်-ဟိုလူ့ထောက်ခံဒီလူ့ထောက်ခံမလုပ်နဲ့
ပန်းချီဆရာလေးကိုမေ့သွားပြီလား
သူ့မှာဗျာ
ခင်ဗျားကို ထောင်ဝင်စာတွေ့လိုက်ရတာ

Anonymous said...

ပြဿနာက တွေဆုံတဲ့ပြဿနာ မဟုတ်ပါဘူး။ တွေ့ဆုံမှုတွေက ကောင်းတယ်ဆိုတာ အားလုံးသိပါတယ်။ ပြဿနာက “မရိုးသားမှု”ပါ။ မွေးနေ့ပွဲနဲ့ တွေ့ဆုံပွဲမတူဘူးဆိုတာ အဓိပ္ပါယ်ရှင်းပြဘို့ လိုမယ့်အရွယ်တွေ မဟုတ်ဘူးလေ။ အခုတော့ ဒိုနာကိုတင်ရင်တောင် proposal ကျနိုင်တဲ့ပွဲလို ဖြစ်နေတယ်လေ။ အဓိကတော့ဗျာ “ချော်လဲရောထိုင်” “၂ ဒိုး ညီနောင် ထိရာဒိုး.” ဗျူဟာဖြစ်နေလို့ပါ။