welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ဘသားယိမ်းလိုက်ရောယိမ်းလိုက်များကြပ်ကြပ်သတိထား

Wednesday, February 3, 2010

“စစ်အာဏာရှင်တွေဆိုတာ သူတို့ကို ဘယ်လိုပဲ အလုပ်အကျွေးပြုပြု၊ ပြည်သူတွေကို ဘယ်လောက်ပဲ သစ္စာမဲ့ပြပြ သူတို့ အသုံးမလိုတော့ဘူး ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ မျက်နှာထောက်ထားတာမျိုး မရှိခဲ့ဘူး။ အဲဒီအချိန် ဒီအနုပညာရှင်ကို ပြည်သူတွေကလည်း မုန်းတီးနေပြီဖြစ်လို့ ဘဝသေသွားပြီဖြစ်တယ်” ဟု တေးရေးဆရာတစ်ဦးမှပြောသည်။

ခေတ်ပြိုင်ရဲ့စာမျက်နှာကို ဒီကနေ့ ဝင်ဖတ်ဖြစ်တယ် အကော်ဒီယံအုန်းကျော် ကို ဂီတအစည်းအရုံးကတရားစွဲ
လိုက်ပြီဆိုတဲ့သတင်းအပေါ်မှာအခြေခံပြီး ကျမပြုံးမိတယ်စစ်အာဏာရှင်တွေနဲ့ ပုံစံတူအလားသဏ္ဍန်တူတဲ့
အကြီးအကဲတချို့ ရဲ့မျက်နှာမျက်စိထဲမြင်မိသလို အားကောင်းတော့မယ်အားကြီးတော့မယ် အသားစီးကရှိနေ
ပြီဆိုပြီး ဒီမိုကရေစီတိုက်ပွဲမှာ အကော်ဒီယံကြီးကိုင်ပြီး***တိုင်းပြည်ကိုရှေ့ဆောင်ကာဒို့ ကျောင်းသားတွေသည်
စံနမူနာတင် ကျောင်းသားသမဂ္ဂတို့ ဖြစ်သည် **** ဆိုတဲ့သီချင်းကိုတက်ကြွစွာဆိုခဲ့တဲ့အကော်ဒီယံအုန်းကျော်
ကိုလည်း မျက်စိထဲပြန်မြင်ပြီးထပ်ပြုံးမိပြန်တယ် ။
စစ်အုပ်စုအာဏာသိမ်းလိုက်ချိန်မှာ အခြေအနေမကောင်းဘူး ဟိုဖက်ပြေးကပ်မှဆိုပြီး စစ်အုပ်စုအကြိုက် ဖားဖားယားယား ကပ်လိုက်ခဲ့တဲ့နည်းလမ်းမမှန်တဲ့ချည်းကပ်မှုတွေကြောင့် ခုတော့ လှလှကြီးတရားစွဲခံရ
ပါပြီ ။နောက်လူတွေလည်းသင်္ခန်းစာယူပေါ့ ။
စစ်တပ်ထဲကအကြီးအကဲတွေ ကို ဖားယားပြီး ကိုယ်ဖက်ကအပြတ်ရပ်မယ်လို့ ယုံကြည်ခဲ့ပေမဲ့ခုတော့ဗိုလ်မှုး
ချုပ်ကျော်ဆန်းကိုယ်တိုင်က အကော်ဒီယံအုန်းကျော် ကို တရားစွဲပါတဲ့  ရီစရာလည်းကောင်းပါတယ် ။
်အုန်းကျော်ကြီးကလည်း အတွင်းရေးမှုး(၁) ကိုဖားပြီးစာတင်မိလို့ တဲ့ ကျမက မှတ်ပီလား မှတ်ပီလား လို့  ပြောချင်ပါတယ် ။
ဒီလိုပဲ ခေါင်းဆောင်ကောင်းမဟုတ်တဲ့အကြီးအကဲတွေ မှာအမှန်တရားဆိုတာမရှိပါဘူး လိုရင်သုံးမယ်
မလိုရင် ဗြုန်းမယ် ပဲပေါ့ ခုအကော်ဒီယမ်အုန်းကျော် ကိုပဲကြည့်ပါ ၈၈ မှာအနုပညာသမားတစ်ယောက်
အနေနဲ့ ပါဝင်ခဲ့တယ် (သူ့ ပါဝင်မှုဟာစေတနာ နဲ့ တော့မဟုတ်ခဲ့လောက်ဘူး) စစ်အာဏာလည်းသိမ်းပြီး
ရော အနုပညာ လက်နက်ကိုကြောက်တဲ့ စစ်အုပ်စုက မက်လုံးပေးပြီး ဆွယ်နိုင်သမျှလူကိုဆွယ်သွား တဲ့
အခါ အကော်ဒီယမ်အုန်းကျော်တို့ က ရန်သူဖက်ကတက်တက်ကြွကြွပေါ့ --ခုတော့ကြားတော်မူကြတဲ့
အတိုင်း သာကူး တစ်ဖန် ဘသားယိမ်းလိုက်ရောယိမ်းလိုက် နဲ့ ရပ်တည်ချက်မခိုင်မာသူရဲ့ နိဂုံးအဆုံးသတ်
ကတော့ ကျော်ဆန်းရဲ့အမိန့် ညွှန်ကြားချက် နဲ့ တရားစွဲခံထားရမှုကို မသက်တောင့်မသက်သာ ရင်ဆိုင်
လိုက်ပါဦးပေါ့ --၂၀၁၀ ကိုယိမ်းချင်နေတဲ့  ဒီမိုပျက်များလည်း ကြပ်ကြပ်သတိထား နိုင်ကြဖို့ တင်ပြလိုက်
ရပါတယ် ။။

3 comments:

Nge Naing said...

ကျွန်မက အကော်ဒီယံ အုန်းကျော်အပါအ၀င် အနုပညာရှင်တွေအကြောင်း မမေအိခင်လောက် မလေ့လာထားလို့ သူတို့အကြောင်း သိပ်မသိခဲ့ဘူး။ ဒီပို့စ်ကို ဖတ်ရတာ ကျွန်မအတွက် တော်တော်လေး စိတ်ဝင်စားမိတယ်။

ဒါပေမဲ့ အကော်ဒီယံ အုန်းကျော်အကြောင်းအစ်မ သိထားသလောက် စာဖတ်သူတွေက သိနိုင်မှာ မဟုတ်တဲ့အတွက် ဒီထက်ပိုမို ပြည့်စုံတဲ့အချက်အလက်ကို စာဖတ်တွေ ဆက်စပ်မိဖို့အတွက် လုံလောက်စွာ ထည့်ဖို့ လိုမယ်ထင်တယ်။ ဖတ်ရတာ အချက်အလက်က မပြည့်မစုံ ဖြစ်နေတော့ အကော်ဒီယံ အုန်းကျာ် ဟာ ရန်သူနဲ့ ပေါင်းပြီး ဘယ်လောက်အထိ ဆိုးဆိုးဝါးဝါး လုပ်ခဲ့တယ်ဆိုတာကို လုံလောက်တဲ့ အချက်အလက် တိတိကျကျ မသိသူတွေအဖို့ ဒီပို့စ်က အစ်မ ပြောတာကို လက်ခံနိုင်ဖို့ သိပ်ကို ခက်မှာ ဖြစ်ပြီး သူ့ကိုအပစ်တင်ရှုပ်ချတာ သက်သက်လိုမျိုး ဖြစ်နေတယ်လို့ ခံစားရတယ်။

ဘာကြောင့်ဆိုတော့ ဒီသီချင်းဟာ ဒီမိုကရေစီ တိုက်ပွဲဝင်သူတွေရဲ့ အသည်းနှလုံးထဲမှာ ယနေ့အထိ ကိန်းအောင်းနေပြီး အခမ်းအနားတွေမှာ လက်ဆက်ကမ်း သီဆိုနေဆဲဖြစ်တဲ့ သီချင်းဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ သမိုင်းမှတ်တိုင် တခုဖြစ်ပါတယ်။ ဒီလောက် ကြီးမြတ်တဲ့ အရေးအခင်းမှာ ဒီလို သမိုင်းဝင်တဲ့ သီချင်းကို သီဆိုရေးစပ်သူတယောက်ရဲ့ အကြောင်းကို အပြစ်တင်တဲ့ အနေနဲ့ ရေးချင်ရင် ဒီထက်ပိုမို ပြည့်စုံတဲ့အချက်အလက် ပါဖို့ လိုမယ်လို့ ကျွန်မ အကြံပြုပါတယ်။ ကျွန်မအပါအ၀င် သူ့အကြောင်းကို ဒီသီချင်းနဲ့ပဲ သိထားသူ စာဖတ်သူတွေ အနေနဲ့ကတော့ ဒီသီချင်းကို စပ်ဆို၊ သီဆိုသူတဦး စစ်အစိုးရနဲ့ ပြဿနာတက်ပြီး ဒုက္ခရောက်နေတယ်ဆိုရင် သူ့ကို အပြစ်တင်မဲ့သူ မရှိနိုင်ဘဲ သနား ဂရုဏာသက်မဲ့သူပဲ ရှိနိုင်ပါတယ်။

လုပ်နေတဲ့ အလုပ်ကို လေးစားတဲ့သဘောနဲ့ အစ်မတပ်ပြီး ခေါ်ရပေမဲ့ မမေအိခင်က ကျွန်မထက် အသက်ငယ်ပါတယ်။ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သူတွေအနေနဲ့ အခြေအနေတခုကို ဘက်ပေါင်းစုံက လေ့လာသုံးသပ်ဖို့ လိုလိမ့်မယ်ထင်လို့ အကြံပြုတာ ဖြစ်ပါတယ်။

laminkhin said...

မငယ်နိုင် ရေ
ထောက်ပြဝေဖန်တာကျေးဇူးတင်တယ် ကျမ အချိန်မရတာကြောင့် စာမူကိုရှည်ရှည် မရေးဖြစ်တာပါ ။
ဒါပေ မဲ့  အကော်ဒီယံအုန်းကျော် က ဒီသမဂ~ သီချင်း
ကိုစပ်ဆိုသူရေးသားသူလို့  တော့ ကျမ မတင်ပြခဲ့ပါဘူးနော် ။။ အကော်ဒီယံကြီးတီးပြီး သီဆို ခဲ့တာ
ကျမ ကိုယ်တိုင်မြင်ခဲံ့တာပါ ။အဲ ဒီမှာလည်းကျမတင်ပြထားပါတယ် ။ သာမယ် ထင်လို့ ဝင်ရပ်ခဲ့တာပါ အနာပညာသမားရောလှေအောင်းမြင်းစောင်းမကျန် ကျွေးကျော်သံတွေ နဲ့  ညံနေတဲ့ကာလမှာ ခနလေးပဲ ဒီမိုကရေစီဖက် အားသာတုန်းရ့ပ်တည်ပြပြီး စစ်အာဏာသိမ်းချိန်မှာ စစ်အုပ်စုနဲ့ ပေါင်းရုံမက ဂီတအစည်းအရုံးကသူတွေ ကို စစ်အုပ်စုအလိုကျပါဝါသုံးပြီးဘယ်လိုဖိနှိပ်ခဲ့တယ် ဆိုတာ ဂီတအစည်းအရုံးဝင်တွေ အများကြီးအသိပါ ။
ခေတ်ပြိုင်သတင်း ကို ကျမအပြည့်အစုံဖတ်ပြီး ရေးဖြစ်လိုက်တာမို့  ခေတ်ပြိုင်မှာ မငယ်နိုင်ဖတ်ကြည့် နိုင်ပါတယ် ။ အကော်ဒီယံအုန်ကျော်တင်မက စစ်အုပ်စုကိုဖားယားပြီးပေါ်လစီ သီးချင်းတွေ လိုက်လျောညီထွေဆိုနေသူတွေ နဲ့ ပတ်သတ်တာတော့ သူတို့ သမိုင်းကြောင်းပြောဖို့ ထက် ထင်သာမြင်သာတဲ့ 
စစ်အုပ်စုဖက်ရ့ပ်တည်ချက်တွေပါ ။။နိုင်ငံရေးလုပ်နေသူတိုင်းတော့ အကော်ဒီယံအုန်းကျော်ဘာကောင်လဲဆိုတာ သိသူတွေကြည့်မို့ ကျမ အကျယ်တ၀င့်မရေးလိုက်မိတာဆောရီးပါ ။ ခုလို ဝေဖန်တာ ဖြစ်သင့်တဲ့အတွက်ကျေးဇူးပါ --သေချာတာတော့ အကော်ဒီယံအုန်းကျော် က ဒီသီချင်းကို သီးချင်းဆိုတက်လို့  ၀င်ဆို တာပဲ ဖြစ်ပါတယ် ။မေဆွိလည်းဆိုတယ် ။မေခလာလည်းဆိုတယ် ။ ဆိုတက်သူတွေအားလုံးအဲဒီအချိန်မှာ နိုင်ငံတစ်ဝှမ်း သီဆိုခဲ့တာပါ။သီချင်းကတော့ လွတ်လပ်ရေးခေတ်ထဲက တကသ သီချင်းဖြစ်ပါတယ် ။

Anonymous said...

မမေအိခင်ရေ..
စာလာဖတ်ပါတယ်ဗျာ... ဒီပို့ စ်ကို ဖတ်ရင်း ကွန်မန့် နှစ်ခု တွေ့ လို့  ကျွန်တော် စိတ်တ၀င်တစား ဖတ်ကြည့်မိတယ်... အကော်ဒီယံ အုန်းကျော်ရဲ့ ရပ်တည်ချက် ဘယ်လိုဘယ်ပုံဆိုတာကို နိုင်ငံရေးစိတ်ပါဝင်စားမှု အနည်းငယ်ရှိရင်ပဲ၊ နိုင်ငံရေး အခြေအနေကို လေ့လာရင်ပဲ သိပါတယ်ဗျာ... အကျယ်တ၀င့်နဲ့  ရေးစရာတောင် လိုမယ်မထင်ပါဘူး.. ဒီမှာ မငယ်နိုင်ပြောသွားတဲ့ စကားလေး နှစ်ခွန်းကို ကျွန်တော် ဘ၀င်ကျတယ်ဗျ... မငယ်နိုင် ရေးတာကတော့ အပေါ်အောက်ဗျ.. ဒါပေမဲ့ ကျွန်တော် ပြောင်းပြန် ပြန်စီပေးမယ်ဗျာ..
ဒါကအောက်စာပိုဒ်
ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သူတွေအနေနဲ့ အခြေအနေတခုကို ဘက်ပေါင်းစုံက လေ့လာသုံးသပ်ဖို့ လိုလိမ့်မယ်ထင်လို့ အကြံပြုတာ ဖြစ်ပါတယ်။
ဒါက အပေါ်စာပိုဒ်
ကျွန်မက အကော်ဒီယံ အုန်းကျော်အပါအ၀င် အနုပညာရှင်တွေအကြောင်း မမေအိခင်လောက် မလေ့လာထားလို့ သူတို့အကြောင်း သိပ်မသိခဲ့ဘူး။

မငယ်နိုင်ရေ.. အခုလို သူများကို ဝေဖန်တဲ့စာမှာ ကိုယ့်ကိုကိုယ် ဝေဖန်ထောက်ပြလိုက်တာ ကျွန်တော် မချီးကျူးပဲ မနေနိုင်ဘူးဗျာ... မငယ်နိုင် မမေအိခင်ကို အကြံပြုလိုက်တာကိုပဲ ကျွန်တော် ပြန်အကြံပြုချင်တယ်ဗျာ.. ဘက်စုံလေ့လာပါ.. ဝေဖန်ထောက်ပြတာ ကောင်းပါ တယ်.. ဒါပေမဲ့ စကားလုံးလည်း သတိ ထားရမှာ ဖြစ်သလို အကြောင်းအရာကလည်း ဝေဖန် လို့ ရမယ့်ကိစ္စမျိုး ဖြစ်သင့်ပါတယ်... လူသိထင်ရှားလိုမှု တခုတည်းနဲ့ လည်း ဘလော့ဂ်တွေမှာ ကွန်မန့် ရေးတာမျိုး မဖြစ်သင့်ပါ ဘူးဗျာ.. (အမ အဲဒီ့လို လုပ်တာလို့  ကျွန်တော် မစွပ်စွဲပါဘူး) စာကိုသေသေချာချာဖတ်ပြီး သေသေချာချာသုံးသပ်.. အဲဒီ့နောက်မှာမှ ကွန်မန့် ရေးသင့်ပါတယ်လို့  ကျွန်တော် အကြံပြုပါတယ်..

မမေအိခင်ရေ.. အချိန်ရရင် စာကို ပြည့်ပြည့်စုံစုံ ရေးပါဗျာ... မသိတဲ့လူတွေအတွက် သိအောင် ဖြန့် ဝေပေးသင့်ပါတယ်...