welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ပအို့ ဝ်းအမျိုးသားနေ့ 

Friday, February 26, 2010








ထာဝရသူပုန်

Thursday, February 25, 2010

အကောင်းဆုံးနေ့ များ လိုချင်ပါသည် ရေ့-----ရေ့ ----ရေ ---လိုတဲ့အကောင်းဆုံးနေ့ များ
တမိုးထဲအောက် ဒို့ အသက်တွေရှင်သန်နေတယ် အနိုင်နဲ့ အရှုံးအတွက် တဖက်သတ်အငြင်း
ပွါးကြရင်းးးးးးးးးး--------------------
အားကြီးလို့ တစ်ယောက်ကနေ အနိုင်ယူတယ် ------ရင်ဆိုင်အားနည်းတဲ့တစ်ယောက်က
မျက်ရည်ဝဲတယ် --မခံချင်စိတ်ရဲ့မီးတစ်စ --ကမ္ဘာကိုလောင်တယ် --

ထောင်ထဲမှာ ညီမလေး လေးလေးမွန် အမြဲ အော်ဆိုတက်တဲ့သီချင်းကို ကျမ ဒီနေ့  တနေ့ လုံးဆိုဖြစ်ခဲ့တယ်
ကိုယ့်အတွက်မဟုတ်တဲ့ခံစားချက်နဲ့ကိုယ့်ရဲ့အဖြစ်အပျက်တွေထက်နေရာတကာသူများနေရာကိုခံစားတက်
ခဲ့တဲ့ကျမ ဘယ်သောအခါ မှပြဿနာနဲ့ကင်းတယ်ရယ်လို့ မရှိခဲ့တာ ဆန်းနေတာတော့မဟုတ်ပါ ။ ဒါပေမဲ့
ကိုယ်ပိုင် ဘလော့လေးရှိနေတော့ ရေးဖြစ်ခဲ့တယ်ပေါ့ ။။
အမ ဘာကိုဆိုလိုနေတာလဲ ဆိုရင် ပြောပြချင်တယ် ။။ ကျမတို့ တတွေ ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ထဲက
ဘ၀တွေအသက်တွေမိသားစုဘ၀တွေ လူနေမှု ဘ၀တွေ ရင်းပြီး စစ်အုပ်စုရဲ့မတရားမှုကို ခံစားချက်ပြင်းပြင်း
နဲ့ တိုက်ပွဲဝင်ခဲ့ကြတယ် ။ တော်လှန်ရေးဆိုတဲ့အသိ --မရှိ နိုင်ငံရေးဆိုတဲံ့ဝေါဟာရ သုံးရမယ်မှန်းတောင်ကျမ
တကယ်မသိခဲ့တာပါ ။
ကျမထောင်ကထွက်ပြီး နှစ်နှစ်အကြာမှာ ပြည်ပကိုထွက်ပြေးလာတာ တောခို တော့မယ် ဆိုတဲ့ အဆုံးအဖြတ်
နဲ့ လာခဲ့တာ တကယ်တန်း အခြေအနေကို မစုံစမ်းမိတဲ့ကျမ မြို့ ခို လျှက် ဖြစ်ခဲ့ရတယ်ပေါ့ ။ပြည်ပရောက်ပြီး(၃)
နှစ်အကြာမှာတော့ နောင်တတွေရလိုက်တာလေဘာ့ကြောင့်လဲ ဆိုရင် စက်တင်ဘာအရေးတော်ပုံ မှာ တိုက်
ပွဲဝင်ဆန္ဒပြနေတဲ့ ကျမ သူငယ်ချင်းတွေကိုကြည့်ပြီးကျမရှက်မိလို့ ပါ ။ တော်လှန်ရေးစံနဲ့ နှိုင်းယှဉ်ရင် ငါ့တန်ဖိုး
ဇီးရိုးပဲလို့ ပေါ့ ။မြန်မာပြည်မှာ ထောင်တွင်းကြွေးကျန် နဲ့  နှစ်တွေများများ ထပ်ကျမှာကြောက်လို့ ကျမ ပြေးခဲ့
ခြေထောက်ဟာသစ္စာဖောက် လို့ တောင် ပြောရမလိုဖြစ်ခဲ့ ပါတယ် ။
ဒါပေမဲ့ရောက်တဲံ့နေရာမှာ ကျမ ယုံကြည်တဲ့တော်လှန်ရေးပြီးရမယ် ဒီမိုကရေစီမဖြစ်မနေရ ရမယ် ငါတို့ စဉ်
ဆက်မပြတ် အုပ်ချပ်တွေသဲပွင့်တွေ ဖြစ်ခဲ့တယ် ဒါ့အပြင် ဥာန်း အဖြစ် ရပ်ပေးခဲ့ရတယ်ဆိုရင်တောင် ဒီမို
ကရေစီရတာနဲ့  ဥာန်း စင်ပေးခဲ့ရတဲ့ ဘ၀ကြေနပ်အားရနေဦးမဲ့စိတ် နဲ့  အိပ်ချိန် ကလွဲ လို့  စားချိန်ဗာဟီရ
ကိုယ်ရေးအလုပ်ကိစ္စဆိုတာတောင်တော်လှန်ရေးဘောင်ထဲမှာပဲအာရုံကောအလုပ်ပါနှစ်ပြီးနေနေပါတယ်။
ကိုယ်ရဲ့ရှေ့ကတော်လှန်ရေးဝါရင့်သူတွေ Leader Role မှာရှိသူမှန်သမျှရဲ့ အယူအဆတွေလက်ခံနာယူခဲ့
တယ်။( ပူဇော်သင့်မှပူဇော်မည်ဆိုတဲ့အယူအဆတော့ရှိတာပေါ့)
စကားချီး ကို ဒီလောက်ပဲ ပြောရင်ကောင်းမယ်နော့ ကျမကစကားစဖျက်ဖို့ ခက်သူမဟုတ်လား

တွေ့ ရပါတယ် ပြည်တွင်းမှာရောပြည်ပမှာရော နေရာရပြီးသားသူတွေ ပိုင်ဆိုင်မှုတစ်ခုခုရှိတဲ့သူတွေက အား
နည်းသူကို ဖိတက်ကြတယ်ဒီအစဉ်အလာကိုပြင်ဖို့ ကျမတို့ ဒီမိုကရေစီ တောင်းနေတယ်ဆိုတာမေ့ခဲ့ကြတယ်။
အာဏာရှင်ရဲ့အကျင့်ဆိုးကိုပြင်မယ်ဆိုရင်ကျမတို့ ကဒီကျင့်စဉ်မှာ စံထားရမဲ့သူတွေ ဖြစ်အောင်
တော့မြင့်မြတ်
ကြရလိမ့် မယ် ။အဲဒီ့ ဒီမိုကရေစီ ကျင့်စဉ်ကိုမှ ကိုယ်မလိုက်နာနိုင်ဘူးဆိုရင် ခေတ်ပျက် ဗိုလ်ပဲ ဖြစ်ပေမပေါ့ ။။
တွေ့နေကြားနေရပါတယ် ရန်ဖြစ်နေလိုက်ကြတာနေရာတင်အားမရ ကမ္ဘာကို ပါဖြန့် ချင်ကြနဲ့ ကျမ မေးလိုက်
ချင်ပါတယ်။။
ဘယ်သူနိုင်သလဲလို့ ဆော်ပလောတီးလိုက်ရသူကနိုင်သလား ခံလိုက်ရသူကနိုင်သလား -- နိုး--နိုး--နိုး ပါ
နှစ်ဖက်စလုံးရှုံးပြီး တကယ်အနိုင်ရနေသူကတော့ နအဖ ပါပဲ ။
တော်လှန်ရေးတစ်လျောက်မှာ မိမိသာ လေးစားစရာ လို့  ပြောပြီးသူတစ်ပါးကိုပုတ်ခတ်နေသူတွေလည်းတွေ့ 
ရပါတယ် ။ နိုင်ငံရေး လုပ်သူ နိုင်ငံရေးသမားတစ်ယောက်ရဲ့သမိုင်းကြောင်းကို နိုင်ငံရေးသမားက မှတ်တမ်း
တင်ဖို့  သမိုင်းကြောင်းရေးဖို့ မသင့်ပါဘူး ပြည်သူနဲ့ သမိုင်းသုတေသီတွေ ပေါ်ထွက်လာမှာပါ ။ စစ်အုပ်စုဟာ
သူ့ ဖာသူမြန်မာ့သမိုင်းပဲရေးရေး အခြေခံဥပဒေပဲ ဆွဲဆွဲ ဒါတွေဟာ ဆုတ်ဖြဲပစ်ရမဲ့ အရာဖြစ်သလို တော်လှန်သူတွေရဲ့သမိုင်းမှာလည်း အမှန်ကိုမှတ်တမ်းမှတ်တဲ့သူတွေ ရှိနေပါတယ် ။ဒီတော့ ဆင်ခြင်သတိနဲ့ ကျမ
တို့ တတွေ ကိုယ့်အတ္တမာနကိုလျောချပြီး ဘုံရန်သူဆီကိုသာအာရုံစူးစိုက်ဖို့ လိုပါတယ် ။
ကျမတို့ တတွေ အမြဲ မှတ် ဖို့ က ဘုံရန်သူ ဟာ စစ်အုပ်စု ဖြစ်တယ် ။ စစ်အုပ်စု ဆိုတာလည်း လူ မဟုတ်ဘူး
သူတို့ ကျင့်သုံးနေတဲ့ အာဏာရှင် မူတွေ ဖြစ်တယ် ။ဒီမူတွေ ကိုယ့်စီ ဆွဲကပ်လာပြီဆို ရင် ခွါကို ချရမယ် ။ပြည်
သူ့  အတွက် ပြည့်သူအတွက်ပြောရုံသက်သက် နဲ့  တော့ ထင်သာမြင်သာတဲ့ အကျိုးအမြတ် ဖြစ်ထွန်းလာမှာ
မဟုတ်ပါဘူး ပြည်သူတွေ ဒီမို ကရေစီမရသေးပေမဲ့ ဒီမိုကရေစီရဲ့ကျင့်ထုံးကို လက်နာကျင့်သုံးတက်အောင် လို့ 
ကိုယ်တွေက စံပြဖြစ်နေရမယ် အထူးသဖြင့် ကို ယ်ကိုယ်ကိုယ်ခေါင်းဆောင်လို့ ခံယူထားတဲ့ အကြီးအကဲများ
ပို သတိထားဖို့ လိုတယ် ။ကျမတို့ နားမှာ နိုင်ငံရေးသမားကြည့်ပဲရှိတာ မဟုတ်ဘူး ။တကယ့်ကိုအခြေခံကျတဲ့
ပြည်သူတွေ တကယ့်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ပြည်သူတွေ ရှိတယ် ။စင်္ကပူကို ပညာသင်လာတဲ့ကလေးတွေ
မလေးမှာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ ထိုင်းမှာရှိတဲ့ရွှေပြောင်းအလုပ်သမားတွေ နိုင်ငံတကာကိုရှိုးဂျော့
နဲ့ ထွက်လာပြီး မျက်စိပွင့်သွားလို့  နိုင်ငံရေးထဲ စုံနစ် လုပ်နေတဲ့ ပညာတက် အ၀န်းအ၀ိုင်း တွေ အကုန် ၀န်းရံ
စောင့်ကြည့်နေတယ် ။ စံပြဖြစ်ပါစေ --ကိုယ်ဒီမိုကရေစီကို အမှန်တကယ်လို ချင်တာ လား ကိုယ်သက်ဝင်ယုံ
ကြည်တဲ့ ဒီမိုကရေစီ ဆိုတဲ့စနစ် ရဲ့အနှစ်သာရကို ကိုယ်ကရော ကျင့်သုံးကြမှာလားဆိုတာပါပဲ ကိုယ့်အဖွဲ့ 
ကိုယ့်ပါတီထဲမှာ ဒီမိုကရေစီရဲ့ စံဖြစ်တဲ့ လွတ်လပ်ခြင်း ညီမျှခြင်း ပွင့်လင်းရိုးသားခြင်း အပြန်အလှန်လေးစား
လိုက်နာခြင်းတွေ မကျင့်သုံးဖူးဆိုရင် နှဖူးပေါ်လက်တင်ပြီးစဉ်းစားပါ ။။ ငါ အာဏာရှင် ပေါက်စ ဖြစ်နေပြီလား
လို့  အကယ်၍များ ဖြစ်ခဲ့ရင် ကျမတို့ ကတော့ စစ်အုပ်စုကို အရင်ဆုံးတိုက်ပြီး နောင်ပေါ်ပေါက်လာမဲ့
အာဏာ
ရှင် စိတ်ဓါတ်ဆိုးမှန်သမျှ ခြေမှုန်းကြရဦးမှာ ပါပဲ --အဲဒီအခါ ကျမတို့ ဟာ ထာဝရသူပုန် များဖြစ်သွားတော့မှာလားလို့  အမိမြန်မာပြည်အနာဂတ်အတွက် တွေးပူမိရပါတော့တယ် ။

လှိုင်သာယာ ကစခဲ့တဲ့အလုပ်သမားသပိတ်အတွက်ကောင်းမြတ်တဲ့ကဗျာတစ်ပုဒ်

Tuesday, February 23, 2010

“ကျမတို့မှာ ခေါင်းဆောင်မရှိဘူး … ရှင်တို့မှာ ခေါင်းမရှိဘူး”
ရွက်သစ်

ငယ်ငယ်က
ဥရောပကျွန် တော်လှန်ရေးသမိုင်းမှာ
အဖမ်းခံရတဲ့ ကျွန်သူရဲကောင်းတွေအကြား
‘ဘယ်ကောင်လဲ စပါတာကပ်’ လို့ မေးတော့
အားလုံးမတ်မတ်ရပ်ပြီး
ငါပဲ၊ ကျုပ်ပဲ၊ ဒီမှာပဲ ဆိုပြီး
ရင်ကော့ဖြေခဲ့ကြတယ် ...
ငါ့ငယ်အိမ်မက်ထဲက သူရဲကောင်းတွေလေ
ကြက်သီးတွေ ဖြန်းဖြန်းဝေ အားကျခဲ့ဖူးတယ် ...။

အခုအရှင်လတ်လတ်ကြီး မြင်တွေ့ခဲ့ရပြီ ...
ဒါပေမယ့်
စပါတန်တွေလို ယောင်္ကျားတွေ မဟုတ်ဘူး
စပါတန်တွေလို လက်နက်တွေ ကိုင်တိုက်ခဲ့သူတွေ မဟုတ်ဘူး
သူတို့ရင်ထဲမှာ ဒုက္ခသစ္စာဒိုင်းနဲ့
သူတို့နုတ်ဖျားက သံမဏိသွားလို လက်နက်က
“ကျမတို့မှာ ခေါင်းဆောင်မရှိဘူး ...
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး ....
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး .....
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး ......
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး .......”

ဟုတ်ပါရဲ့
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ကျမတို့မှာ ကျမတို့ပဲရှိတယ် ...
ခေါင်းဆောင်မရှိတဲ့ ကျမတို့လေးတွေက
ခေါင်းမရှိတဲ့ လူတွေကို အော်ပြောလိုက်တဲ့ အသံ
ကမ္ဘာကို ခါညံသွားခဲ့တယ် ...။

သြော် ... လှိုင်သာယာ ... လှိုင်သာယာ
နာမည်ကလွဲပြီး
ဘာမှ မလှိုင်ခဲ့၊ မသာခဲ့၊ မယာခဲ့နေရာ။

လှိုင်သာယာဆိုတာ
ကျမတို့ကို ရှိရင်းစွဲနေရာတွေကနေ
ကန်ထုတ်ခံခဲ့ရတဲ့ နေရာ ...
ကျမတို့ကို ကျူးကျော်ဆိုပြီး
ကျမတို့ဘဝတွေထဲကို
ခေါင်းမရှိသူတွေ ကျူးကျော်လာပြီး
လှိုင်သာယာဆီကို ပို့ပစ်ခဲ့တာလေ …။

ဒါပေမယ့် ကျမတို့ ရိုးသားခဲ့တယ်
ကျမတို့ သစ္စာမြဲခဲ့တယ်
ကျမတို့ သည်းခံခဲ့တယ် …။

ကျမတို့ နိုင်တဲ့ဝန်
ကျမတို့ စွမ်းတဲ့အားနဲ့
ကျမတို့ဘဝကို အစွင့်ဆုံးကားချဲ့ခဲ့တယ် …။

ကျမတို့အားလုံး
လှိုင်သာယာမှာ ပျော်အောင်နေခဲ့ပါတယ် …။
ကျမတို့တတွေ ကျော်အောင်မနေခဲ့ဖူးသလို …
ကြွားအောင်နေဖို့လည်းဝေး ... ဝေးလွန်းခဲ့ပါတယ်…။

အဖေ ရှာမလောက်တာကို အမေ ဝင်ကူထောက်ပြီး
မောင်နဲ့ နှမတတွေ
တခွန်တအား စီးဝင်ရုန်းခဲ့ရတဲ့နေရာဟာ
လှိုင်သာယာပါ ...။

တနေ့ ၅၀၀-၁၀၀၀ ကနေ
တလ ၂၅၀၀၀-၃၀၀၀၀ တွေ စုဝေးရာ
အောင်မြေဌာနေ လှိုင်သာယာမြေပါ ...။

ကျမတို့ရဲ့ဒုက္ခသစ္စာဟာ
တော်လှန်ရေးဂါထာဖြစ်လာတဲ့တနေ့ကျတော့
တာဝန်ယူညှိနှိုင်းပေးတတ်ပုံများ
ကမ္ဘာမှာ ဘုရားတည်၊ ကျောင်းဆောက်နေပါတယ်လို့ အူတတ်တဲ့
ခေါင်းမရှိ လူကြီးမင်းများခမျာ
ပြာပြာသလဲ ခေါဘဏီတပ်ကြီးချီလို့
ဒိုင်းလွှားသေနတ် တကားကားစီလို့
ကျမတို့ဆီ ရောက်လာပုံများ
သူတို့နဲ့ ကျမတို့အကြား ရန်၊ ငါစည်းများ ခြားထားသလိုလို
ကျမတို့များ လက်နက်ဆွဲကိုင် တော်လှန်နိုင်သလိုလို
ကျမတို့များ ဒေါင်းအလံလွှင့် သူတို့ကို တော်လှန်တတ်သလိုလို
ကျမတို့များ သူတို့အကြောဆွဲစေတတ်တဲ့ ဒီမိုကရေစီ တောင်းနေသလိုလို ...။

ကျမတို့ စုရုံးနေတယ်ဆိုတာ
ရှင်တို့ရှာခဲ့တဲ့ ပြဿနာရဲ့နောက်ဆက်
ကုန်ဈေးနှုန်းတွေ ပျက်ကုန်လို့
လစာတိုးပေးရေးအတွက်
ကျမတို့ အလုပ်ရှင်နဲ့ ဆွေးနွေးနေတာပါရှင် ...။

ခေါင်းမရှိတော့ ပြန်မစဉ်းစားနိုင်ထင်ပါ့
ကျမတို့ဘဝတွေကို လှိုင်သာယာ
ရှင်တို့ ပို့ခဲ့တာကို၊
အထည်ချုပ်တွေ ရှင်တို့ တည်ခဲ့တာကို၊
စက်မှုဇုံတွေ ရှင်တို့ ဆောက်ခဲ့တာကို၊
အရသာက ရှင်တို့လျှာပေါ်မှာ
ဘဝနာတာက ကျမတို့ပါရှင် ...။

အခုကြည့်
အိတ်အိုင်ဗွီရောဂါသည်နဲ့ အဆင်းရဲဆုံး ကလေးငယ်တွေကို
လှိုင်သာယာမှာ မွေးတယ်
(ဒါရှင်တို့နဲ့ မဆိုင်ဘူးလား)
ဒုစရိုက် အထူပြောဆုံးနဲ့ ပျံကျတွေ အပေါဆုံးကို
လှိုင်သာယာမှာ ဖွေးနေတယ်
(အဲဒါရှင်တို့နဲ့ တကယ်မဆိုင်ဘူးလား)
ကျမတို့တွေထဲကတချို့
ငတ်လာရင် ဖာခံစားခဲ့ရပေမယ့်
ရှင်တို့လို တိုင်းပြည်ကို လည်ပင်းညှစ် ခိုးမစားခဲ့ဘူး ...။

ကျမတို့ရသမျှ လစာငွေဟာ
ထမင်းနပ်မှန်ဖို့ပဲ တွေးနိုင်ခဲ့တာပါ
ရှင်တို့ ခြစ်ကောက်နေတဲ့ အခွန်ဘဏ္ဍာတွေလို
သားမြေးတီတွတ် ဝလင်ရေး၊
နိုင်ငံခြားမှာ ကျောင်းထားရေး၊
စိန်စီလမ်းကို လျှောက်လှမ်းရေးနဲ့
လူသတ်လက်နက်ဝယ်ရေး တွေးတောင်မသိခဲ့ပါဘူး
တကယ့်တခုတည်းပါ
ထမင်းနပ်မှန်ဖို့ဆိုတဲ့ တခုတည်းပါရှင် ...။

လူစုစုမြင်ရင် နိုင်ငံရေးလုပ်မယ်ထင်တဲ့
ခေါင်းမရှိတဲ့ ရှင်တို့လိုလူတွေ အုပ်ချုပ်တဲ့ တိုင်းပြည်မှာ
ကျမတို့ဆုံးဖြတ်ချက် ဘာမှမလွဲမှားခဲ့ပါဘူး ...
ကျမတို့ ယုံတယ်
ရှင်တို့သာ ရူးနေတာပါ။

အဲဒီလိုအကျိုးဆက်ကြောင်ု
အဲဒီအသီးတွေ သီးခဲ့တယ်….။
အဲဒီလမ်းပေါ်မှာ အဲဒီသွေးတွေ မြေကျဖို့
ဘယ်နတ်သိကြားကများ နှစ်လိုပျော်ရွှင်ခဲ့ပါလိမ့် ...
ကျမတို့တွေးရင်း ကျောစိမ့်ဖူးပေမယ့်
တခါမှ အမှန်တရားနဲ့ မကင်းကွာခဲ့ပါဘူးရှင့်။

ဟုတ်မှာပါလေ ...
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး ...။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး ...။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး ...။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ရှင်တို့မှာ ခေါင်းမရှိဘူး ...။
ကျမတို့မှာ ခေါင်းဆောင်မရှိဘူး
ကျမတို့ အိပ်မက်ထဲမှာ
ကျမတို့ ရင်ဘတ်ထဲမှာ
အဲဒီစကားသံတွေ ဆူညံမြည်ဟည်းနေကြပါတယ်ရှင် ...။ ။

နှမတို့ရေ ...

တခါတလေ တိုက်ပွဲဆိုတာရဲ့အဓိပ္ပာယ်က အနိုင်ရတာမဟုတ်ဘူး။ အရှုံးမပေးကြောင်း သိသာစေတာလည်း တိုက်ပွဲတခုရဲ့ အနှစ်သာရ၊ ဂုဏ်သိက္ခာဖြစ်တယ်။ ငါတို့တွေ စိုက်ပျိုးခဲ့သမျှ လူ့သမိုင်းဖြစ်စဉ်မှာ၊ မြန်မာ့သမိုင်း ဖြစ်စဉ်မှာ အသီးအပွင့်တွေ ပြန်ဖြစ်လာမှာသေချာတယ်။ ကျွန်တော်တို့ အဘိုးအဘေး ရေနံမြေလုပ်သားတွေ၊ လယ်သမားတောင်သူတွေလည်း သူတို့ခေတ်မှာ မတရားသူတို့ရဲ့စနစ်ကို သည်းမခံနိုင်တဲ့အဆုံး အုံးအုံးကြွ တော်လှန်ခဲ့ဖူးတယ်။ သမိုင်းမှာ ထင်ရှားကျန်ခဲ့တယ်။

အခု ကျွန်တော်တို့ခေတ်နဲ့ ပတ်သက်သက်ဆိုင်သမျှ မတရားမှုကို တော်လှန်တဲ့ တော်လှန်ရေးတိုင်းဟာ ကျွန် တော်တို့လက်ထဲမှာပါ။ သေသေချာချာ ဆုပ်ကိုင်ခွင့်ရတဲ့တနေ့ မာန်နတ်မင်းနဲ့လည်း တွေ့သင့်ကတွေ့မယ်။ အာဏာရှင်နဲ့ ရှင်းသင့်ကလည်း ရှင်းရမယ်။ သစ္စာတရားသာမှန်ရင် ကျွန်တော်တို့ အလံမလဲဘူး။ သူတို့ကို အခု တပွဲမှာ အနိုင်မရလိုက်သေးရင်တောင် အရှုံးမပေးခဲ့ဘူး၊ ကျေနပ်နှစ်သိမ့်နေတာ မဟုတ်ဘူးဆိုတာ အနည်းဆုံး တန်ဖိုးအဖြစ်နဲ့ သိသာစေသွားတယ်ဆိုတာ ညည်းတို့ ယုံလိုက်ကြပါ။

နှမတို့တိုက်ပွဲဟာ အနိုင်ရခဲ့တယ်ဆိုတာထက် အဓိပ္ပါယ်အများကြီးရှိပါတယ်။ နှမတို့ရဲ့ဆန္ဒပြပွဲဟာ အာဏာရှင် စနစ်အောက်က ဒုက္ခပင်လယ်ဝေနေကြတဲ့ ကျွန်တော်တို့ မိဘပြည်သူအားလုံးကို ကိုယ်စားပြုတယ်ဆိုတာ ကမ္ဘာကသိပါတယ်။ ဆင်းရဲဒုက္ခနဲ့၊ သေနတ်တကားကား၊ တုတ် ဒိုင်းတွေကြားကနေ နှမတို့ရဲ့ ဆန္ဒပြပွဲဟာ လှ လှပပ ဂုဏ်သရေရှိရှိ ဖူးပွင့်ခဲ့ပါပြီ။

ကမ္ဘာအရပ်ရပ်၊ မြို့ရွာအသီးသီးက ညီအကိုမောင်နှမများခင်ဗျား ...

ကျွန်တော်တို့တိုင်းပြည်ရဲ့ အနိမ့်ပါးဆုံးနဲ့ အရိုးသားဆုံး ဘဝရှင်များဖြစ်တဲ့ လှိုင်သာယာက အထည်ချုပ်သမ နှမ၊ အမ၊ မိခင်လောင်းများရဲ့ ဆန္ဒပြပွဲကို တတ်နိုင်သမျှ ပါဝင်ကူညီပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ အနည်း ဆုံး ဆုတောင်းမေတ္တာပို့ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။

အတွင်းတည် အိုင်းအနာမှန်သမျှ တချိန်ချိန်မှာ သွေးပုပ်ပြည်ယို စက်စက်ကျပြီး ပေါက်ထွက်လာကြမှာပါ။ သစ္စာတရားရဲ့ အိုးထိန်းစက်ဟာ စတင်လည်ပတ်လို့လာပါပြီ ရင်ဆိုင်ရဲ၊ ရင်ဆိုင်နိုင်ဖို့သာ လူကြီးမင်းတို့ အသင့် ပြင်ထားကြပါတော့လို့လည်း ...။

နိုင်ငံပြုသစ္စာဖြင့် ...
ရွက်သစ်
(လှိုင်သာယာဆန္ဒပြပွဲများသို့ ဂုဏ်ပြုရေးဖွဲ့ပါသည်)

မေး(လ်)ပေးပို့ သူအား အထူးကျေးဇူးတင်ပါသည် ။။

အောင်လံလယ်သမားအမှု နှင့်ပတ်သတ်၍ နအဖ မှစီရင်ချက်ပြင်ဆင်သတ်မှတ်ခြင်းအပေါ့် FTUB မှကြေညာချက်ထုတ်ပြန်

Monday, February 22, 2010


ကျမတို့ ချစ်ခင်လေးစားအားကိုးရတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးသူရဦးတင်ဦး

Sunday, February 21, 2010


ဦးတင်ဦးက သူ အထိန်းသိမ်းခံနေရတဲ့ ကာလ ၆ နှစ်ကို ဘယ်လို ကျော်ဖြတ်ခဲ့သလဲ ဆိုတာ ပထမဆုံး ပြောပြပါတယ်။ကျနော်က ဗုဒ္ဓဘာသာဝင် ဖြစ်တော့ဗျာ ရတနာသုံးပါးကို အထူး ကိုင်းရှိုင်းရတော့တာပေါ့။ နောက်ပြီးတော့လည်း ဗုဒ္ဓရဲ့ ပဌာန်းတို့၊ ပရိတ်ကြီး ၁၁ သုတ်တို့ ၊ ဓမ္မစကြာတို့ - - - စသဖြင့်ပေါ့ဗျာ၊ အဖမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ထိန်းသိမ်းခံနေရတဲ့ ဒီမိုကရေစီ အင်အားစု အားလုံး အမြန်ဆုံး လွတ်ကြပါစေ၊ အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးနိုင်ကြပါစေ၊ ဘုရားကု ကုတယ်ပေါ့ဗျာ၊ နောက်တော့လည်းပဲ just to kill the time (အချိန်ကုန်အောင်) ပေါ့ဗျာ ကျနော်က ငယ်ငယ်တုန်းက ဘောလုံးသမား ဆိုတော့၊ ဘောဝါသနာပါတော့ ဘောလုံးပွဲတွေကို မလွတ်တမ်း ကြည့်တယ်ဗျ။ ပရီမီယာလိဂ် ကြိုက်တဲ့ပွဲတွေကို ကြည့်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်တို့၊ ချယ်လ်ဆီးတို့၊ အာဆင်နယ် တို့၊ လီဗာပူတို့ စသဖြင့်ပေါ့။ နောက် - အများတိုက်တွန်းလို့၊ ကျနော့်မိသားစုက တိုက်တွန်းလို့ ကိုယ့်ရဲ့ အကျိုးအကြောင်းလေးကိုလည်း ရေးဖြစ်တယ်ဗျ။ စာအုပ်လည်း ကျနော်ထင်တယ် အုပ် နှစ်ဆယ်၊ အစိတ်လောက်တော့ ရေးထားတာပဲ။ စာအုပ်စာတမ်းတွေ ဖတ်ပါတယ်ဗျာ၊ အခါအားလျော်စွာ ပေါ်လာတဲ့ စာအုပ်တွေပေါ့။၂၀၀၇ ခုနှစ် သံဃာဦးဆောင်တဲ့ လှုပ်ရှားမှုကြီးမှာ NLD ရဲ့ ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ အားမရကြတဲ့သူတွေ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဦးတင်ဦးရဲ့ အမြင်ကို သိချင်ပါတယ်သိတဲ့ အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်ကလည်း အနှောင်အဖွဲ့ ခံနေရတဲ့အချိန်၊ ကျနော်ကလည်း အနှောင်အဖွဲ့ ခံနေရတဲ့အချိန်မှာ ကျန်နေတဲ့သူများက အဖွဲ့ချုပ်ကြီးကို မားမားမတ်မတ် ရပ်နိုင်အောင်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့ အချိန်မှာ ကောင်းကောင်း ရပ်တည်နိုင်အောင် ဆောင်ရွက်ရတဲ့ ကိစ္စတွေလည်း ရှိတော့ ထိန်းထိန်းသိမ်းသိမ်း ချိန်ချိန်ဆဆနဲ့ လုပ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နယ်တွေ နယ်တွေမှာက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေက ဒေသအလိုက် အထိုက်အလျောက် ဆောင်ရွက်ကြတာတွေကို အဖွဲ့ချုပ် အနေနဲ့ ဒီအတိုင်းအတာအနေနဲ့ ဆောင်ရွက်တာကို ကျေနပ်နှစ်သက်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး ထိန်းသိမ်းခံထားရလို့ NLD မှာ ဗဟိုချုပ်ကိုင်မှု ပိုများလာတယ်လို့ ပြောသံ ကြားရပါတယ်။ ဒါမျိုးက အခုခေတ် အခုအခြေအနေနဲ့ရော သင့်တော်ပါရဲ့လား။ချုပ်ကိုင်တာ မဟုတ်ပါဘူး၊ အပြင်မှာက ဘာလေးပဲဖြစ်ဖြစ် တခုခု လုပ်လိုက်လုပ်လိုက် အဖွဲ့ချုပ်ဝင်တွေဟာ ပြင်းထန်တဲ့ အနှောင်အဖွဲ့ အထိန်းအသိမ်း အချုပ်အနှောင် ဒါတွေ သိပ်ခံရတဲ့အတွက် ချိန်ချိန်ဆဆ လုပ်ရတဲ့ သဘောတွေပါဗျာ။ သူတို့ဟာ အကောင်းဆုံး အတတ်နိုင်ဆုံး လုပ်ကိုင်ကြတယ်လို့ပဲ ကျနော် ယုံကြည်ပါတယ်။ဦးတင်ဦး အကျယ်ချုပ်က လွတ်လွတ်ချင်းမှာပဲ NLD ရွှေဂုံတိုင် ကြေညာစာတမ်းကို ကိုင်စွဲသွားမယ်လို့ ပြောခဲ့ပါတယ်။ စစ်အစိုးရကလည်း ဒီနှစ်ထဲ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာထားပြီးပါပြီ။ ဒီတော့ နှစ်ဘက် အဆင်ပြေဖို့ ဖြစ်လာပါ့မလား။ တခြား ရွေးချယ်စရာရော ဘာတွေများ ရှိပါသေးသလဲ။ဒါကလည်း ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ စကား ရှိပါတယ်၊ အချိန် မကျသေးဘူး၊ အချိန်မကျသေးဘူး လို့ သူ ပြောလိုက်ပါတယ်။ ခု လောလောဆယ်မှာတော့ ရွှေဂုံတိုင်စာတမ်းနဲ့ ပတ်သက်တဲ့အပိုင်းမှာပဲ ခိုင်ခိုင်မာမာ ရပ်တည်ထားရတဲ့ အနေအထားလို့ ကျနော်တို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သက်ဆိုင်ရာ အကြီးအကဲများနဲ့ တွေ့ပြီးတော့ ဆွေးနွေးချင်ပါတယ်၊ ဒါတွေ ရှိတယ်၊ အဲဒါကြောင့် ကြေကြေလည်လည် ဆွေးနွေးလိုက်ရင်တော့ ဒီပြဿနာဟာ ချောချောမောမောနဲ့ ပြေပြေလည်လည် ဖြစ်သွားစရာ အကြောင်း ရှိတယ်လို့ ကျနော် မြင်ပါတယ်။တွေ့ဆုံဆွေးနွေးတဲ့အဆင့် ရောက်အောင်လို့ ဘယ်လိုနည်းလမ်းနဲ့ သွားရင် အကောင်းဆုံး ဖြစ်မလဲ။ကျနော်တို့က အဖြေတခုကိုတော့ တိုင်းပြည်ကို ပြောရမယ် ဆိုတာကို သဘောပေါက်ပါတယ်။ ပြောရမယ့်ဟာလည်း လောလောဆယ် သူတို့ဘက်ကလည်း ဒီနေ့အထိ သိတဲ့အတိုင်းပဲ ရွေးကောက်ပွဲဥပဒေတို့၊ ဒါနဲ့ပတ်သက်တဲ့ စည်းမျဉ်းတို့၊ ပါတီများမှတ်ပုံတင်ခြင်း (ဥပဒေ)တို့က ဘာမှ မထွက်သေးတော့ ဒေါ်အောင်ဆန်းစုကြည် ပြောနေတဲ့ အချိန် မကျသေးဘူး ဆိုတဲ့ မူဟာ လောလောဆယ်မှာတော့ လျော်ကန်သင့်မြတ်တယ်လို့ ကျနော်က ဒီလိုပဲ ပြောရတော့မှာပဲ။ဦးတင်ဦးက ကာကွယ်ရေးဦးစီးချုပ်ဟောင်းအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးတော့ အခု လွတ်လာတဲ့အခါမှာ စစ်ခေါင်းဆောင်ပိုင်းနဲ့ ဆက်ဆံရေး ပိုကောင်းလာမယ့် အနေအထားရော ရှိပါသလား။ဆွေးနွေးဖို့ ပြောလာတာ အခုမှ မဟုတ်ဘူး၊ ၁၉၈၈ ခုနှစ်ကတည်းက ပါပဲ။ ကျနော်တို့က ဆွေးနွေးဖို့ဟာကို တစိုက်မတ်မတ် ရပ်တည်နေပါတယ်။အနှစ် ၂၀ လုံးလုံး စေ့စပ် ဆွေးနွေးဖို့ ပြောလာတာ အခုအချိန်မှာရော အောင်မြင်မယ့် အနေအထားမျိုး တွေ့ရပါသလား။စေ့စပ် ဆွေးနွေးတဲ့လမ်း မဟုတ်ရင် ဘယ်လိုနည်းလမ်းနဲ့ လုပ်မလဲလို့ ခင်ဗျားတို့ ထင်သလဲ၊ ဆူရမလား ပူရမလား ဘယ်လိုလဲ၊ အကြမ်းဖက်တာကိုတော့ အစကတည်းက အဖွဲ့ချုပ်က မူ မဟုတ်တော့၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်းပဲ ငြိမ်းချမ်းရေးကို နည်းမျိုးစုံနဲ့ မျှော်မှန်းတဲ့ ခေါင်းဆောင် ဆိုတော့ကာ ကျနော်တို့က ဆွေးနွေးတဲ့ နည်းလမ်းပဲ လုံးပမ်းရမှာပဲ။ဦးတင်ဦးရော၊ ဒေါ်အောင်ဆန်းစုကြည်ရော ဒီပဲယင်း အရေးအခင်း အပြီးမှာ ထိန်းသိမ်းခံရတာပါ၊ ဒီပဲယင်းကိစ္စအပေါ် ဘယ်လို သုံးသပ်ပါသလဲ။ နိုင်ငံရေးအရ လုပ်ကြံမှုတခုလို့ ယူဆပါသလား။ဒီလိုပြောရင် အဖြေ ပေါ်မယ် ထင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရသတ္တိ၊ ဓမ္မသတ္တိ ပြည့်တဲ့ ခေါင်းဆောင်ဗျ။ ဒီပဲယင်းမှာ သူဟာ အသက်လုပြီးတော့ ကံကောင်းထောက်မလို့ လွတ်လာတယ်ပေါ့ဗျာ၊ ကျနော်လည်း အလားတူပဲ၊ ကျနော်ကတော့ သူ့လောက် အရေးမကြီးပါဘူး။ ညောင်နှစ်ပင်ညီလာခံ တက်ဖို့ ဖြစ်လာတော့ သူနဲ့ ကျနော်တို့ CEC (အဖွဲ့ချုပ်ခေါင်းဆောင်များ) တွေ့ခွင့်ရတယ်၊ သူပြောတဲ့ စကားက အင်မတန် ကောင်းပါတယ် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တလုံးတပါဒမှ ကျမ မပြောတော့ပါဘူး၊ ဟိုဘက်က လူတွေနဲ့ ဆွေးနွေးတယ်၊ အဲဒီတုန်းက ဗိုလ်ချုပ်သန်းထွန်းတို့၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်တို့ ပြီးတော့ ထောက်လှမ်းရေးပိုင်းက ပုဂ္ဂိုလ်တွေ ပါကြတယ်။ ဒီပဲယင်းကိစ္စနဲ့ ပတ်သက်တာ အားလုံးကို ဘာမှ မပြောတော့ဘူး၊ ရှေ့ဆက် နိုင်ငံအတွက် အကျိုးရှိရာ ရှိကြောင်း၊ ကြီးပွားရာ ကြီးပွားကြောင်း လုပ်ဖို့ ဒီလိုတော့ ပြောလိုက်တယ်။ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွတ်ပေးပါ၊ နယ်မှာ ပိတ်ပင်ထားတဲ့ အဖွဲ့ချုပ်ရဲ့ လုပ်ငန်းတွေ အားလုံးကို ဖွင့်ခွင့် ပေးပြီးတော့ ပါတီ တခု အနေနဲ့ ဆောင်ရွက်စရာကိစ္စ အ၀၀ လုပ်ဖို့ရယ် နောက်ပြီး ဆက်လက်အဖြေရှာဖို့ကိစ္စ ဒါကတော့ ညောင်နှစ်ပင်မှာ ပြောမယ်ဆိုရင်လည်း ညောင်နှစ်ပင်(ညီလာခံ)တက်ပြောမယ် ပေါ့ဗျာ၊ ဒီသဘောလေးတွေ ပြောလိုက်တော့ လာရောက်တဲ့ ပုဂ္ဂိုလ်တွေက အင်မတန် ၀မ်းသာတယ်၊ ၀မ်းသာလိုက်တာဆိုပြီးပြန်သွားတဲ့အကြောင်းကို ကျနော်တို့ကို ရှင်းပြတော့ ကျနော်တို့ သိတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးအကျဉ်းသားတွေတော့ လွတ်လာတော့မှာပဲ ဆိုပြီးတော့ ဦးအောင်ရွှေက ခေါင်းဆောင်ပြီးတော့ ညီလာခံတက်မယ်၊ ဘယ်သူတွေတက်မယ် ဆိုပြီးတော့ စာရင်းတွေ ရေးထားလုပ်ထားတယ်။ အဲဒီလို ၀မ်းပမ်းတသာနဲ့ လုပ်ကြတာပဲဗျ။ ဒါပေမယ့် နောက်ပိုင်းကျတော့ ဒါမဟုတ်ပြန်ဘူး ဆိုပြီး ပြောပြီးတော့၊ နောက်ပိုင်း တက်ချင်လဲနေ မတက်ချင်လည်း သဘောပဲ ဆိုပြီးတော့၊ တက်ရင်လည်း ကျနော်တို့ အားလုံးက အချုပ်အနှောင်နဲ့ နိုင်ငံရေးသမား ဆိုရင်လည်း အချုပ်အနှောင်နဲ့ တက် ဆိုတဲ့သဘော အဲဒီလိုဟာလေးတွေက ဖြစ်ခဲ့တယ်ဗျ။

ကိုယ်အကြိုက် တဲ့  နော့

Thursday, February 18, 2010

ဘလော့ကာမငယ်နိုင် က ကိုယ်အကြိုက် ဆိုတဲ့ခေါင်းစဉ်ကို Tag ထားတယ် လေ မအားလပ်တဲ့အတွက်
ချက်ချင်းမရေးနိုင်ပေမဲ့ ကွန်ပျူတာကိုင်နေတိုင်း အကြွေးတင်နေသလိုစိတ်ထဲရှိတာမို့  ကိုယ့်အကြိုက်ဆို
တာလေးကို ပြောပြ ဖြစ်ပါတယ် ။
ကျမ ကြိုက်နှစ်သက်တာ တစ်ခုထဲတော့မဟုတ်ဘူးပေါ့ ဥပမာပြောရရင်အစားအသောက်ဟင်းလျာထဲမှာ
ဘာအကြိုက်ဆုံးလဲ ? အ၀တ်အထည်မှာဘာအကြိုက်ဆုံးလဲ? ဆိုတဲ့ အကြိုက်အသီးသီးရှိနေကြမှာအသေ
အချာပေမဲ့ ကိုယ့်အကြိုက် ဆိုတာ ကတော့ တစ်ခုတည်းမှာမှ ကြိုက်နှစ်သက်တာကို ဆိုလိုတာဆိုတော့
ကျမ စာဖတ်တာ စာအုပ်တွေကိုရွေးချယ်ဖတ်ရှုပြီး ကောင်းနိုးရာရာတွေးခေါ်တာကို သိတ်ကြိုက်ပါတယ်
စာအုပ်တွေကိုစနှစ်သက်ခဲ့တာ ဆရာကောင်းတွေ ရရှိတာနဲ့ သူငယ်ချင်းကောင်းတွေ ရဲ့ ကျေးဇူးလို့ ပြော
ရင်မမှားပါဘူး ။ ပဉ္စမတန်း မှာထဲက ကျမကို ကျူရှင်သင်ပေးခဲ့တဲ့ဆရာဟာ စာရေးဆရာတစ်ယောက်ပါ။
ဆရာက ဒါဖတ် ဒါဖတ်လို့ မပြောပေမဲ့ ကျမထက်အသက်ငယ်တဲ့ဆရာ့သား ကျမငယ်သူငယ်ချင်းကတော့
ကျမကို စာဖတ်တက်အောင်ကောင်းနိုးရာရာစာအုပ်တွေညွှန်ပြခဲ့တယ် ။သူနဲ့ရင်းနှီးတဲ့ စာရေးဆရာအချို့ 
နဲ့မိတ်ဆက်ပေးခဲ့တယ် ။ စာတွေဖတ်ပြီး စာပေတွေကိုဝေဖန်တွေးပေမဲ့ စာအုပ်ကောင်း ဖြစ်အောင် ကျမ
မရေးတက်ခဲ့ပါ ဘူး ။ ကျမငယ်စဉ်ထဲကစာပေ၀ါသနာပါတဲ့သူငယ်ချင်းတွေစုပြီး စာဖတ်ထားတာတွေကို
တော်ကီပွါးလေ့ရှိကြပါတယ် ။။ သူငယ်ချင်းတစ်ယောက်ဆို ခု စာရေးဆရာစာပေဝေဖန်နိုင်တဲ့သူတောင်
ဖြစ်လို့ ပေါ့ -ကျမစာအုပ်ဆိုင်ဖွင့်ဖြစ်ခဲ့တယ် ကျမနာမည်ရင်းနဲ့ --------စာပေ ဆိုပြီးတော့လေ -စာအုပ်
ဆိုင်ဖွင့်ရတဲ့ရည်ရွယ်ချက်က မြန်မာပြည်သူအများစုက အဲဒီအချိန်မှာရုပ်ပြနဲ့ နက္ခတ္တရောင်ခြည် လောက်
ပဲအားသွန်ခွန်စိုက်ဖတ်နေချိန်မှာ သူတို့ ကို သုတစာပေတွေ ဖတ်လာအောင်စိတ်ဝင်စားလာအောင် ရုပ်ပြ
ငှါးသူဟူသမျှ ကို သုတစာပေတွေအခမဲ့ တွဲပေးပြီး ဖတ်စေ့ချင်တဲ့စေတနာပေါ့ သတိရလို့ ထဲ့ကြွားရဦးမယ်
အဲဒီ့စာအုပ်ဆိုင်လေးကို သူငယ်ချင်းရန်နောင်က စာအုပ်တွစုဆောင်းရှာပေးပြီး ဘဘဦးတင်မိုး(ကဗျာ)က
စာအုပ်ဆိုင်စနစ်ကျနိုင်ဖို့ ပုံစံချပေးခဲ့ပါတယ်(မမေ့နိုင်စရာကျေးဇူးတရားတွေပေါ့)
အဲဒီလိုပဲ ပါတီမှာစာဖတ်ဝိုင်း လုပ်ကြမယ်ဆိုတော့ စာဖတ်ဖို့ တက်ကြွခဲ့ ကျမရယ် ဗဟိုလူငယ်အဖွဲ့ ဝင်ဖြစ်
ခဲ့တဲ့ မခင်မိမိခိုင်ရယ် တို့ က မယ်တက်ကြွတွေပေါ့ ။ တစ်မြို့ လုံးအနံ့ စာအုပ်ကောင်းတွေရှာဝယ် လေ့လာ
ကြ ငြင်းခုန်ကြနဲ့  ဘဘဦးကြည်မောင်ကတော့ လူငယ်တွေ စာပေကောင်းတွေတိုးဖတ်တက်ဖို့ အချိန်ပေး
ပြီးမြေတောင်မြောက်ပေးနေတက်တာပေါ့ ။ ဒီလိုအခြေအနေတွေပြန်တွေရင် စာအုပ်လေးတွေ ရှာဖတ်
တာနဲ့  ကွန်ပျူတာရှေ့က အီးဘုတ်တွေကိုကြည့်ရတာနဲ့  အရသာက တူကိုမတူသလိုပါပဲ ။ဒါ့ ကြောင့်ကျမ
ကျန်ခဲ့တဲ့အပတ်ကပဲ စာအုပ်အအုပ် ၂၀လောက်ဝယ်ပစ်လိုက်တယ် ။ကွန်ပျူတာမတက်နိုင်တဲ့ မဟာချိုင်
က အလုပ်သမားလေးတွေဖတ်ဖို့  ပို့ ပေးမယ်လေ ။ကျမကိုယ်တိုင် စာအုပ်ကောင်းလေးတွေ နှစ်သက်ခဲ့
တာကို ကိုယ်ချင်းစာလို့ ပေါ့ နော ။
အင်း စာဖတ်တာကိုကြိုက်နှစ်သက်တယ်ဆိုလို့  စာယောင်ယောင်ပေယောင်ယောင်တော့ မဟုတ်ဘူးနော့
ကိုယ်ကြိုက်တဲ့ စာပေကို သာလေ့လာသူပါ ။ အနှစ်သာရအားဖြင့်ပြောရရင် လက်တွေ့ ကျတာ နဲ့  အတုယူ
သင့်တာတွေပဲ ကျမဖတ်တယ် ။ လက်တွေ့ ကျတာဆို ဗုဒ္ဓစာပေ ပေါ့ ကျမ သဂြိုလ်ကိုးပိုင်းလုံးကိုကြေညက်
အောင်ဖတ်တဲ့အပြင် လက်တွေ့ ကျတဲ့ ဓမ္မတွေကိုလက်ဆင့်ကမ်းနိုင်တဲ့အထိလေ့လာသင်ကြားခဲ့တယ်။။
လမ်းညွန်တဲ့စာပေတွေ သမိုင်းကြောင်းကို ၀ထ္ထုသဖွယ်ပြုစုထားတာတွေလည်းကျမနှစ်သက်သလို ဆရာမ
ဂျူးရဲ့စာအုပ်တချို့ ကိုလည်း ကျမ သဘောတွေ့ ပါတယ် ဥပမာတစ်အုပ်ပြောရရင် ပင်လယ်နဲ့ တူသောမိန်းမ
များ ဆိုတဲ့စာအုပ်ကိုပေါ့  ။။ ဒါ့ အပြင် စာဖတ်သူတိုင်းဟာ ကာရာမာဇော့ တို့ ညီအကို တွေအကြောင်းလည်း
ဖတ်သင့်သလို ဆရာပါရဂူရဲ့ မင်းနဲ့ ပြည်သူ ဆိုတာကိုလည်း ဖတ်ထားသင့်တယ် ။ ဒါတွေ ကျမကြိုက်ခဲ့တဲ့ထဲ
က စာရိုက်ရင်းခေါင်းထဲရောက်လာတာတွေပေါ့ ။ ကျမသာအလုပ်တာဝန်တွေမများရင် အဲဒီ့စာအုပ်တွေထဲ
က ထုတ်နုတ်ပြီး ဘလော့ကာ မိတ်ဆွေ တွေ ကို လက်ဆင့်ကမ်းချင်တယ် ။
ပြီးတော့ ကျမ ကအင်္ဂလိပ်စာသာမကောင်းတာ ဘာသာပြန်စာအုပ်တွေဆို စွဲစွဲမြဲမြဲ ဖတ်ခဲ့ပါတယ် ။ဒီလိုဖတ်
ချင်စိတ်ဖြစ်တာလည်း သူတို့ စာပေတွေ သိတ်အဆင့်မြင့်တာရယ်ရလဒ်တခုခု့ကျန်ခဲ့တာတွေရယ်ကြောင့်ပါ ။။
စာဖတ်ရင် ဆရာဖေမြင့် တို့  ဆရာအောင်သင်းတို့ ရဲ့စာပေ တွေကိုလည်း အသစ်ထွက်တိုင်းရှာဖွေဖတ်ခဲ့ပါ
တယ် ။။ခုပြောတာဟုတ်ဘူးနော့ --၁၉၉၆ နောက်ပိုင်းထဲက ကျမ စာအုပ်မဖတ်ဖြစ်ခြ့တော့ပါဘူး။ငယ်စဉ်က
နိုင်ငံရေးသမားတစ်ယောက် လီနင် ပုံနဲ့ စာအုပ်ကို ဖတ်ခိုင်း လီနင်ရဲ့ ကြိုးစားခဲ့ရမှုတွေကို ကျောင်းစာမေးသ
လို ပြန်မေးလို့  ပြန်ဖြေခဲ့ရတဲ့ (၁၂ နှစ် ၁၃ နှစ်) သမီး အရွယ်က စာဖတ်ခဲ့ရတဲ့ဘ၀ နဲ့ စာရင် ထောင်တွင်းက
နေခိုးဖတ်ခဲ့ရတဲ့ပိန့် ကျင်းတို့ ချူအင်လိုင်းတို့ လီရှောက်ချီတို့ ကို အားကျခဲ့တဲ့အတွေးသမားဘ၀က ပိုကောင်း
ခဲ့ပါတယ်။။ခု ခေတ်တွေမှီပြီးကွန်ပျူတာရှေ့ထိုင်နေရပေမဲ့ အနှစ်ရှိတာတွေ အ၀င်နည်းပြီး ပိသုဏတွေ၊သမ္ပပါ
လပ္ပ နဲ့ အချိန်ဖြုန်းနေသူတွေကြားမှာတော့ ကိုယ့်ကိုယ်ကိုယ် အချိန် နဲ့ အလုပ် အဟုတ်တရားနဲ့ အလုပ်အမှား
တွေကွဲပြားအောင်အတော်ကိုသတိထားနေရပါတယ် ။။ ကြိုက်နှစ်သက်တဲ့  ကိုယ်အကြိုက်ထဲမှာ ခုမလုပ်ဖြစ်
တာများတဲ့စာဖတ်ခြင်းကို တင်ပြရတာတော့ တကယ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ့်တိုင်းပြည်ကို ပြန်ရပြီး ပြည်သူ
တွေ လူနေမှုဘ၀ သင့်တင့်လာရပြီဆိုတဲ့ အခါမှာတော့ တကယ်နေချင် တာ စာအုပ်နဲ့ ပါလို့ တင်ပြရင် မငယ်
နိုင် ရေ တက်(ခ်) တဲ့အတွက် ကျေးဇူးပါ .ဘလော့ပို့ (စ်)တွေ ပုံမှန်မတင်ဖြစ်ပဲ တချို့ နေ့ တွေ ဆို ကိုယ့်ဘလော့
လေးတောင်ဖွင့်မကြည့်ဖြစ်တဲ့ ကျမကို သတိတရ ရှိနေကြတယ် ဆိုတာကို သိရလို့ ပို ၀မ်းသာပါတယ် ။ Tag ရဲ့
သဘောတော့ကျမသိတ်နားမလည်ဘူး ကျမ ကလည်း ပြန် ပြီး Tag ရမယ် ဆိုရင် ကျမ Tag လုပ်ချင်သူတွေက
တော့ မခင်မင်ဇော် ၊ညီမလေး ငွန်ငယ်မိုး၊ ကိုအောင်(ပျူနိုင်ငံ)၊ညီမလေးဒရင်း(မက်မက်)၊မောင်လေးရဲဝံ့သူတို့ 
ဖြစ်ပါတယ် ။ အချိန်ပေးနိုင်ရင်ပေါ ကိုယ့်အကြိုက် ပြောပြကြရအောင်နော့

မေအိခင်(လယ်ဝေး)



(၉၅) နှစ်မြောက်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နဲ့အတူ ဘဘဦးတင်ဦးလွတ်ပြီ

Saturday, February 13, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ အားအထားရဆုံးသော် ခေါင်းဆောင်များထဲမှ တစ်ဦးအပါအ၀င်
ဖြစ်သော ဗိုလ်ချုပ်ကြီးတင်ဦး ယနေ့ လွတ်မြောက်လာသည်ကို ၀မ်းမြောက်ဝမ်းသာကြိုဆိုပါသည် ။

ဘဘ နိုင်ငံရေးတာဝန်များအား ကျမ်းမာစွာ နှင့် ဆောင်ရွက်နိုင်ပါစေ။။


မြန်မာနိုင်ငံကလေးများနေ

ဒီကနေ့ မြန်မာနိုင်ငံကလေးများနေ့  (မြန်မာကလေးငယ်များ အတုယူရမည့် လွတ်လပ်ရေးဖခင် အာရှခေါင်းဆောင် တစ်ဦး
ဖြစ်တဲ့ ) ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကို CDC ကျောင်း ကိုစတင်တည်ထောင်ခဲ့တဲ့ ဗကသ များအဖွဲ့ ချုပ် မှ ကိုဇော်ထွန်းရဲ့
CDC ကျောင်းသားတွေ ကို ပြုစုပျိုးထောင်နေတဲ့ အဆောင် မှာ ကျင်းပခဲ့ပါတယ်။
။ (၉၅)နှစ်မြောက်ဗိုလ်ချုပ်မွေးနေ့ နဲ့ အတူ
မြန်မာနိုင်ငံရဲ့ကလေးများနေ့ ဖြစ်တာကြောင့် ကလေးငယ်တွေကို ဗိုလ်ချုပ်ရဲ့ လမ်းစဉ် နဲ့ရိုးသားခဲ့မှု ပေးဆပ်အနစ်နာခံခဲ့မှု
တွေကိုပြည်ပရောက် အဖွဲ့အစည်းအသီးသီးမှခေါင်းဆောင်များကပြောပြ ပြီး ကလေးများက စာစီစာကုံးပြိုင်းပွဲ ၊ကဗျာပြိုင်
ပွဲ ၊ ပန်းချီပြိုင်ပွဲ ၊ကြဘန်းစကားပြောပြိုင်ပွဲ တွေ နဲ့ ဗိုလ်ချုပ်ရဲ့ကျေးဇူတွေ ဆပ်ခဲ့ကြပါတယ် ။ မှတ်မှတ်သားသား ပြည်သူ့ 
လွှတ်တော်ကိုယ်စားလှယ် ကိုခွန်မြင့်ထွန်း ပြောသွားတာတော့ ၈၈ အရေးတော်ပုံဟာ ဗိုလ်ချုပ် ဓါတ်ပုံကဦးဆောင်ခဲ့တယ်
ဆိုတာပါပဲ ။။




ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်မှုပြုခဲ့တဲ့ ပြည်ထောင်စုနေ့ 

Thursday, February 11, 2010

UNA (ရန်ကုန်) နှင့် UNLD (ပြည်ပ) တို့ ၏ ပြည်ထောင်စုနေ့ ကြေညာချက်








ဖေဖေါ်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ ပါ

Wednesday, February 10, 2010


ဒီဖိတ်စာလေး က ကျေးဇူးသိတက်သူတွေရဲ့ ကျေးဇူးဆက်တဲ့ဂုဏ်ယူစရာဖိတ်စာလေးပါ။။
ဗိုလ်ချုပ်သမိုင်းကိုဖျောက် ဗိုလ်ချုပ်သမီးကို ပျောက် သွားစေအောင် စစ်အုပ်စု ရဲ့ မတရား
သမိုင်းမှန်တွေ ဖျောက်ဖျက်နေမှုကို အဲတုရဲတဲ့ ရဲရဲတောက် ဖိတ်စာလေးဖြစ်တာမို့ ကျမ
ဂုဏ်ပြုဖေါ်ညွှန်းရင်း ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ ကဗျာလေးတွေ စာလေးတွေ တင်
ပြလိုက်ပါတယ် ။။



ဖေဖေါ်ဝါရီ ၁၃ မှာ
ဗိုလ်ချုပ်မွေးနေ့ ပါ
၁၉၁၅ ရှေ့နေ ဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခံတဲ့ဇာနည်ဖွါး
မိခင်ဒေါ်စုသား
ပြည်ထောင်စုရဲ့ကျေးဇူးရှင်ဗိုလ်ချုပ်ဒို့ ဖခင်
ကောင်းစေ့ချင်တဲ့အမှာစကား
ငါတို့ မမေ့ အား
ပြည်ထောင်စုကြီး တိုးတက်အောင်
ပြည်ချစ်ဒို့ ခေါင်းဆောင်
ဒီမိုကရေစီလမ်းစဉ်များဗိုလ်ချုပ်ချမှတ်သွား


အဲဒီ့လိုဗိုလ်ချုပ် အမှတ်တရ ကဗျာရွတ်ဆိုပွဲ ကို ၁၉၉၆ ခုနှစ် ဗိုလ်ချုပ်မွေးနေ့ 
မြန်မာနိုင်ငံကလေးများနေ့ မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူတကွ ကျမတို့ 
တွေ ကျင်းပခဲ့ကြတယ် ။ဒီပုံလေးကတော့ကျမဘလော့မှာတင်ထားတဲ့ ကျမရဲ့
သမီးကြီး ထက်ရည်မွန် (ရည်မွန်ထိတ်ထား)နဲ့ ကျမတို့ ခေါင်းဆောင်တို့ အဲဒီ့
နှစ်ကကလေးများနေ့ မှာအမှတ်တရ ပုံလေးပေါ့ ။ ကျမသမီးကြီးက ဗိုလ်ချုပ်
ဗိုလ်ချုပ်ဒို့ ဗိုလ်ချုပ်ဆိုတဲ့ကဗျာလေးကို တတွတ်တွတ် အော်ရွတ်တက်နေတဲ့
အချိန်ပေါ့ ။






၁၉၉၅ ဇူလိုင် ၁၀ ၇က်နေ့ ကျမတို့ ခေါင်းဆောင် ပထမအကြိမ် (၆)နှစ်အကျယ်ချုပ်ကပြန်လွှတ်လာပြီး ကျမတို့ လူငယ်တွေအန်တီအိမ်ရဲ့
ရှေ့ခန်းလေးမှာပဲတွေ့ ဆုံဆွေးနွေးမှုတွေ စာပေဆွေးနွေးတာတွေစတင်ခဲ့ကြတယ် ။ အဲဒီ့မှာအန်တီနဲ့ ပတ်သတ်လို့  ကလေးများအပေါ်
အမြင်သဘောထားလေးတစ်ခုနဲ့ ကျမကိုသွန်သင်ပြတာလေးပြောပြချင်လို့ ပါ။ကျမ ပါတီလူငယ်တာဝန်ယူပြီးသမီးကြီး တိုးလို့ တွဲလောင်း
နဲ့ အစည်းအဝေးပွဲတွေ စာဖတ်ဝိုင်းတွေတက်လ့ရှိပါတယ်။ တနေ့ မှာ အန်တီနဲ့အတူစာအုပ်တစ်အုပ်အကြောင်းဆွေးနွေးနေကြတုန်း
ကျမသမီးကြီးက ကျမကိုပေါင်ကနေ ကိုယ်ကိုတွယ်တက်ပြီး အန်တီ့ရဲ့မျက်လုံး ကိုကြည့်ပြီး စိတ်တ၀င်တစားနဲ့  ဗိုလ်ချုပ်သမီးဆိုတာအိုက်
ဖွါးဖွါးနော်မေမေ ဆိုတာရယ် ဖွါးဖွါးက သမီးကိုမျက်လုံးပြူးပြီးကြည့်နေတယ်ဆိုတာရယ် ခဏ ခဏ မေးလိုက်ပြောလိုက်လုပ်နေပါတယ်။
အန်တီက စာအုပ်ထဲက ဆွေးနွေးခန်း(ကျမအသေအချမမှတ်မိပေမဲ့ ပါရဂူရဲ့စာအုပ်ဖြစ်ဖို့ များပါတယ်) ကိုသူ့ အလှည့်ရောက်တော့သူ မ
အမြင်ရှင်းပြနေဆဲမှာမို့ ကျမ သမီးကြီးကို စိတ်တိုပြီး တိတ်တိတ်နေ ငြိမ်ငြိမ်နေလို့ တိုးတိုးလည်းပြော လက်ကလည်း ဗိုက်ခေါက်လိမ်ဆွဲ
မဲ့ ဟန်လုပ်လေတော့ အန်တီစု က သိတ်ပါးပါတယ် မြင်သွားပြီး ကျမ ကို ကလေးမေးချင်ရာမေးပါစေ ဖြေပါ မဆူပါမရိုက်ပါနဲ့တဲ့  ။
နောက်ဆက်တွဲ အန်တီဆက်ပြောတာသူငယ်ငယ်က ဘယ်လောက်အမေးအမြန်းထူလဲဆို အဖွါးကို ကုတင်ဘေးမှာပန်ုပြီးတော့ကို သိချင်
ရာအကုန်မေးတာတဲ့ --ကလေးမေးတာကို ဟန့်တားရင် အိုက်ကလေး တိုးတက်မဲ့အမြင်တွေကို ဟန့် တားတာပဲတဲ့ --အဲ ကလေးကိုဖြေ
ရင်တော့လက်လွှတ်စံပါယ် ပြီး --ပြီးရော မဖြေပါနဲ့ တဲ့ မိခင်က အဖြစ်မှန် အခြေအနေမှန်ကို မလိမ် မကွယ်မညာပဲ ဖြေရမယ် တဲ့ ။ဒီလို
အမေးအမြန်းထူတဲ့ကလေး နဲ့ ကလေးကိုဖြေကြားမဲ့လူကြီးမိဘကလည်း စိတ်ရှည်ရှည် နဲ့ ဖြေပြမယ်ဆိုရင် အိုက်ကလေးသိတ်တော်တဲ့ 
ကလေးဖြစ်မယ်တဲ့ လေ ။ ပြီးတော့ ကျမသမီးကြီးကို သူ့ ပေါင်ပေါ်တင်ချော့မော့ပြီးစိတ်မရှည်တဲ့ ကျမ ဆုံးမခဲ့ဖူးပါတယ် ။ အန်တီ့ရဲ့
ကလေးငယ်တွေအပေါ် တိုးတက်အောင်မြင်အောင် သူတို့ မေးခွန်းတွေ ကို မလိမ်မညာ ပြီးပြီးရောအလွယ်သဘောနဲ့ မပြောရဘူးဆိုတဲ့
ဆုံးမသွန်သင်ခဲ့မှု ဟာ အနာဂတ်မျိုးဆက်သစ် ကလေးငယ်တွေ အပေါ်သိတ်ကို အကျိုးဖြစ်စေတာမို့  မြန်မာနိုင်ငံကလေးများနေ့ အတွက်
အကျိုးဖြစ်စေမဲ့ ဖခင်ကောင်းခေါင်းဆောင်ကောင်းရဲ့သမီးမြတ် ရဲ့ စေတနာကိုလက်ဆင့်ကမ်းလိုက်ပါတယ် ။။
မိခင်တိုင်း သားသမီးတွေအပေါ်စိတ်ရှည်စွာမေးသမျှဖြေတက်ပါတက်ပါစေ ။။

ကလေးတို့ ရေ လာလာ လာ ****
တလင်းပြင်မှာဆုံ စို့ ကွာ
ဒီနေ့ ဟာဘာနေ့ လဲ*********
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ပဲ
တီတီ့တီ--တီ့ တီ တီ တီ
********************
ဖေဖေါ်ဝါရီ၁၃ဟာဗိုလ်ချုပ်မွေးနေ့ ပါ
မွေးနေ့ မှာဒို့ ဆင်နွဲ
ကလေးတိုင်းရဲ့မင်္ဂလာပွဲ*******
တီတီ့တီ--တီ့ တီ တီ တီ
********************
ကျေးဇူးကြီးတဲ့ ဒို့ ခေါင်းဆောင်
နိုင်ငံအလင်းရောင်
ဒို့ ဖခင်ဗိုလ်အောင်ဆန်း
ပြည်သူအတွက်သာသူကြိုးပမ်း
တီ တီ့ တီ တီ့ တီ တီ တီ ******
(ဘဘဦးတင်မိုးမှ ရေးစပ်သည်)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ခြံဝန်းတွင်ကျင်းပသော၁၉၉၆ မြန်မာနိုင်ငံကလေးများနေ့ တွင် ဗိုလ်မှုးကြီးဝင်းထိန် ( မြစ်ကြီးနားထောင်) ၏ သမီးအငယ်ဆုံးလေးချစ်စုဝင်းထိန် (ခ) ချစ်ချစ် မှ သီဆိုခဲ့သည်။။

ဗိုလ်ချုပ်ဗိုလ်ချုပ် တို့ ဗိုလ်ချုပ်
ဗိုလ်ချုပ်ထွေးလေး ဘယ်ကမွေး
နတ်မောက်မြို့ တဲ့လေး
ရိုးသားဖြောင့်မတ်သူ့ အမူအယာ
ငယ်ငယ်ထဲကပါ
မဟုတ်လျှင်မခံတက် ရဲရင့်သူ့ စိတ်ဓါတ်
သတ္တိသွေးနဲ့ ကြီးလာပြန်
ဆည်းပူးပညာဥဏ်
သူ့ ကျွန်မခံတော်လှန်ရေး
ဗမာ့ သတ္တိသွေး

မေအိခင်(လယ်ဝေး)

စစ်တပ်ဝိုင်းဝိုင်းရဲဝိုင်းဝိုင်း အလုပ်သမားထုကညီတယ်ဟေ့တဲ့

Tuesday, February 9, 2010

မနေ့ ကနေ့ ခင်းထမင်းစားချိန်ကစပြီး မိမိရပိုင်ခွင့်ကိုမိမိတောင်းဆိုခဲ့တဲ့အလုပ်သမားတွေ ကို အကြမ်းဖက်ဖြိုခွင်းဖို့ စစ်အုပ်စု
နဲ့ ရဲအုပ်စု တို့ ပြင်ဆင်ခဲ့ကြတယ် ။ မနေ့ က ကျမကိုယ်တိုင် အလုပ်ရှင် ကိုဖုန်းဆက်မေးကြည့်ပါတယ်ပြေပြေပြစ်ပြစ်လေး
အခြေအနေကိုပြောပြပြီး သူတို့ ကြိုးစားဆောင်ရွက်ပေးမယ်လို့ ပြောပါတယ် ။ အလုပ်သမားတွေကိုကျမမေးကြည့်တော့ကျမ
တို့  ဆက်တောင်းဆိုဦးမယ် မရမချင်းတဲ့  အဲဒီ့နှစ်ဦးနှစ်ဖက်ကြားမှာပြေလည်သွားလိမ့်မယ်လို့ ကျမမျော်လင့်ခဲ့ပေမဲ့ မထင်
မှတ်ပဲ အာဏာပိုင်က ပြင်းထန်တဲ့ ပါဝါသုံးဖို့ ကြိုးစားခဲ့ပါတယ် ။အာဏာပိုင်ရက်စက်မှာ မိုက်ရိုင်းမှာကိုမထင်မှတ်တာမဟုတ်
ပါဘူး။အလုပ်ရှင်(မန်နေဂျာ) အမျိုးသမီးက ညှင်ညှင်သာသာနဲ့ ကျမ မေးတဲ့မေးခွန်းကိုဖြေခဲ့လို့ ပါ ။
ထင်ထားတဲ့ကိစ္စကတော့လစာတိုးပြီးချိန်ကစပြီး ပုဂလိကတွေ ဒီလို တောင်းဆိုမှုတွေဖြစ်တော့မယ်စက်မှုဇုံတွင်းမှာလည်းမိန်း
ကလေးအတော်များများက စုပေါင်းတောင်းဆိုရင် အောင်မြင်တယ်ဆိုတဲ့ အမြင်ကို သိတ်နားလည်နေကြပြီ မို့ ပေါ့။။
အလုပ်သမားတွေဘာတောင်းဆိုလဲ ဆိုတာ ဗေဒင်မေးစရာသတင်းသမားဌါးစရာ လို ကို မလိုတာအသေအချာပါပဲ ။အလုပ်
သမားတွေ ထမင်းငတ်နေတာကိုး လစာတိုးတာမှာက အဓိကပဲပေါ့ ။။ ကျမထင်တယ် အလုပ်ရှင်တိုးပေးချင်ရင်တောင် စစ်
အုပ်စုက ကန့် သတ်ဟန့် တားထားလို့ ဒီလောက်ပြဿနာကြီးမားသွားတာလေ ခုတော့ ရဲချုပ် ခင်ရီ (ဗိုလ်ကောက်ကျစ်)
ရောက်လာပြီး ဟောက်လိုက်လေတော့ ရပ်ဆဲသွားမယ်မထင်နဲ့နော့ နောက်--ဒီထက်အင်အားကြီးတဲ့ အလုပ်သမားအရေး
တော်ပုံကြီးအတွက် --အလုပ်သမားထုကပြင်ဆင်နေလေရဲ့တဲ့ -






နာယူမှတ်သား ဗိုလ်ချုပ်အောင်ဆန်း၏ စကားများ .

Sunday, February 7, 2010

ဗိုလ်ချုပ်အောင်ဆန်း၏ စကားများ .


“ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ်

ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့
အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာ
ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာ ချည်းပဲ။
ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့ အပေါ်မှာလဲ တည်တယ်။ ဥပမာ
မတရားတဲ့ အကြီးအမှူးတစ်ယောက်က ၀တ္တရားနှင့်မဆိုင်တဲ့
နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ
နည်းကျ၊ မကျ၊ တရား၊ မတရား နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။
အဲသလို ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို
ဖြစ်စေ၊ တစ်ခြား အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ
ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ်၊ မှားတယ် သိနိုင်မယ်။”
“လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့ ခြေချရာအရပ်များသည်
အောင်မြေချည်း ဖြစ်ရလိမ့်မည်။”

“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့
စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊
အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့
တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး
နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ၊
တော်အောင် ကြိုးစားကြပါ။”

“တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျ စကားပဲ။ ဒါပေမယ့် ထပ်ပြီး
အဓိပ္ပါယ်လေးနက် အောင် ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ
နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ
နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက
စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ
စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ
လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူ တွေ မဟုတ်။
နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။”

“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို
ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့
အားကြီးနေတဲ့လူတွေကို လက်နက် အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။
မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့
အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။ ငါတို့က
ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားယင် မကြောက်၊
အားကြီးတဲ့အခါလဲ အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊
ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့ ပြောတာပဲ။”

“ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတူ
ဟုတ်တာနှင့် မဟုတ် တာ ခွဲခြားသိရမယ်။”

“ဇာတိမာန် ကောင်းကောင်း ထားတတ်ကြရအောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။
ဗမာတွေဟာ လူဖျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊ လူ့ဂွစာတွေ၊
လူ့မတရားတွေလို့ ဒီကမ္ဘာက အထင်ခံရ အောင် မလုပ်ကြပါနှင့်။ ဗမာတွေဟာ ဒီလို
မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုး
ရေးတရားနှင့်ပတ်သတ်ပြီး မှာချင်တာပဲ။”

“နောက်ဆုံး တစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့
စိတ်ဓာတ်မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ်၊ ဒီပြင်နိုင်ငံတွေမှာဖြစ်ဖြစ်
စစ်သားတွေချည်း နိုင်ငံချစ်ကြတာ မဟုတ်ဘူး။ တစ်ခြား စစ်သားမဟုတ်ပေ မယ့်
နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့လူတွေလည်း
ရှိတယ်။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်။
သို့ပေမယ့် တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။
လူလည်လုပ်မယ်။ စစ်တပ်ရဲ့အခွင့်အရေးကို မတရားချိုးဖျက်မယ်ဆိုယင် ကျုပ်
အစွမ်းကုန် ကြိုးစားတိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေချင်တယ်။ ယနေ့ ဒီမှာ
ပြောတာတွေအားလုံး စစ်သားတွေ သိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ
နောက်ဆုံးမှာကြားခြင်းပဲ။”

“ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။ နောက်ထပ်
စိတ်ပျက်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် စိတ်ပျက်စရာတွေ
အများကြီးရှိတယ်ဆိုပေမယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။”

“ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာအတတ်တွေ တစ်ချို့သင်ကြား
နေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊ မတော်တယ်လို့တော့ မသိဘူး။ ဒီအတိုင်းသာ
မှန်လို့ရှိ ယင် ဘုန်းကြီးများဟာ မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊
တိုင်းပြည်အကျိုးရှိရာ ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင် ဗမာပြည်ဟာ
တိုးတက်ဖို့ နိမိတ်ပဲ။”

“နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ ပြည်သူတွေပဲ။
သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။”

“အဲဒါကြောင့် တိုင်းသူပြည်သားလူအများ၊ ခေါင်းဆောင်ဆိုတဲ့လူတွေကို
ပြောလိုတာကတော့ တကယ် ကျွန် မဖြစ်ချင်ယင် ကျွန်မဖြစ်တဲ့နည်းလမ်းတွေ ရှာပြီးတော့
တကယ့်စွန့်စားမှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြ ကြပါ။ အချောင်သမားအလုပ်တွေ၊
တပွဲထိုးဝါဒတွေ၊ ဒါမျိုးတွေနှင့် လုပ်မယ်ဆိုယင်တော့ ဗမာပြည် မစွန်နိုင်ဘူး
ဆိုတာ တထစ်ချမှတ်ထားပါ။”

“ကျုပ်တို့ဟာ တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတယောက်တလေ၊ တဖွဲ့တပါတီ၊
မုန်းရုံနဲ့ ကိုယ်ထင် တာကို လုပ်လို့ မဖြစ်ဘူး။ တိုင်းပြည်နာမှာကို ကြည့်ရမယ်။
ရာထူးတွေ သိပ်မလိုချင်နဲ့အုံး။ ဆာနေတဲ့လူတွေကို သိပ်မငြူစူကြပါနဲ့။ စားကြပါစေ။
သို့သော် သူတို့စားသလို ကိုယ်လိုက်စားချင်တာလဲ ခေါင်းဆောင်အစစ် မဟုတ် ဘူး။
ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့ လူညာခေါင်းဆောင်တွေပဲ။ ဘယ်သူဖြစ်ဖြစ်
ခေါင်းဆောင်ဖြစ်ချင်ယင် ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံပြီး
လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်းအောင် ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။”

“သူများနှာခေါင်းနဲ့အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။
ကိုယ့်ကိုယ်ကို တန်ဖိုးထား ကြပါ။ တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့
ခေါင်းဆောင်မျိုး ဖြစ်အောင် လုပ်ကြပါ။ အရည်အချင်းလဲ မရှိ။ ဘယ်သူကမှ
အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ မရှိ။ ကြီးကျယ်ချင်တဲ့လူတွေဟာ ဘယ်တော့ မှ
ခေါင်းဆောင်မဖြစ်နိုင်ဘူး။ အဲဒီလူမျိုးတွေကိုတော့ ကျုပ်သဘောပြောမယ်ဆိုယင်
ဘယ်တော့မှ လျှော့ဖယ် မပေးဘူး။ မညှာတန်း ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲ
ကျုပ်ထက်သာတယ်လို့ ပြနိုင်တဲ့လူပေါ်ယင် ကျုပ်တို့တော့ ကိုယ့်ကိုယ်ကို
တသက်လုံးခေါင်းဆောင်ဖြစ်အောင် ဘုရားသခင် ဖန်းဆင်းထားတယ်လို့ ယုံတဲ့လူ မဟုတ်ဘူး။
အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့ အသင့်ပဲ။ အဲဒါ နောက်ဆုံးစကားပဲ။”
__._,_.___

ကျမတို့ တွေကြားမှာအချင်းချင်းဆိုတာ၇ှိနေသေးသ၍

Friday, February 5, 2010

အချင်းချင်းတွေ့ ဆုံစကားပြောမှု ဟာ အဖြေတစ်ခု အလုပ်တစ်ခုမဖြစ်ခဲ့ရင်တောင် တို့ 

တတွေအချင်းချင်းဆိုတဲ့ ရင်းနှီးခဲ့ရမှုတွေနဲ့လျောက်ခဲ့တဲ့လမ်းတူညီခဲ့ကြမှုအပေါ်မှာအင်အားတစ်ခု

ဆိုတာတော့ဘယ်သူမှငြင်းပယ်လို့ မရပါဘူး။

မေအိခင်(လယ်ဝေး)

သီဟ နန္ဒ


မိတ်ဆွေများနဲ့ ရဲဘော်များခင်ဗျား

တလောက ကျနော်တို့ ၈၈မျိုးဆက်တွေ ဆုံဖြစ်ကြ တယ်။ မကောင်းဘူးလား။ဒီအချိန်မှာ ငါဒို့ မညီသင့်ဘူးလား။ တချိ့ လူတွေဆိုရင် ၂၁ နှစ်ကြာမှပြန်တွေ့ရတာ။ ဒီထဲမှာ တချို့  လည်းနိင်ငံရေးဒဏ်ရာဒဏ်ချက်တွေ ကိုယ်စီရှိနေကြတယ်။ ကျနော်တို့ထဲမှာ အယူဆတွေ အမျိုးမျိုး၊ အမြင်အမျိုးမျိုး ၊ အုပ်စုအမျိုးမျိုးတွေက ရှိနေတုန်းပါ။ ကွဲပြားမှုတွေဘ ယ်လောက်ပဲရှိရှိ အခြေခံအကျဆုံး ( bottom line ) ကတော့ ၈၈ စိတ်ဓါတ် နဲ့ သွေးစည်းမှုကိုတော့ ထိမ်းသိမ်းရမှာဖြစ်ပါတယ်။ ၈၈တွေဟာ အချင်းအချင်း တွေ့ရမယ်။ စားရမယ်။ ပြောရမယ်။ ဝေဖန်မှုတွေ၊ အကြံပေးမှုတွေရှိရမှာပါ။ ၈၈ တွေဆုံတိုင်း ရန်သူတုန်လှုပ်ရစမြဲပါ။ ဒါကိုသတိမမေ့ဖို့ လိုတယ်။ မစိုးရိမ်ဆရာတော်ဘုရားကြီးက ကျနော်တို့ ကိုဆုံးမသွားတဲ့ စကားလေးက အလွန်အဖိုးတန်လှပါတယ်။ '' ဟန်ဆောင်ပြီးတော့ ညီညွတ်ပေးကြပါကွာတဲ့။ '' ၂၀၁၀ အတွက် ကျနော်တို့  ကွဲလို့ မဖြစ်ပါဘူး။ အလုပ်အရ ညီညွတ်ရမှာပါ။

၂၀၁၀ ကို လက်မခံနိင်ပါဘူး။ အတုအယောင်ရွေးကောက်ပွဲကို လက်မခံနိုင်ပါဘူး။ ညီညွတ်တဲ့အသံကို ပြသဖို့ အဆင့်တိုင်းမှာကြိုးပမ်းရမှာပါ။

တချို့ သောသူတွေက ဘာနဲ့ ညာနဲ့ ပြောလာတာတွေ၊ ရေးလာတာတွေ၊မြှောက်ထိုးပင့်ကော်တွေ လုပ်ပြီး တောခြောက်လာတာကိုတွေ့ ရပါတယ်။ မကြောက်ကြနဲ့ ။ မရွံ့ ကြနဲ့ လို့ သတိပေးချင်ပါတယ်။ ကိုယ်တရားက ကိုယ့်ကိုပြဌာန်းနေပါတယ်။ စကပ်ကိုစိတ် စွဲနေသူက စကပ်ကိုပဲ မြင်တယ်။ အရက်ကို စိတ်စွဲနေသူ အရက်ကိုမြင်တယ်။ ၈၈ ကို စိတ်စွဲ သူကတော့ ၈၈ ရဲ့ စိတ် မာန်စိတ်ကို တွေ့ ပါလိမ့်မယ်။
ကျနော်တို့က သူတို့မြင်နေကြ နအဖတွေလို ခေါက်ရိုးကျိုးနေတဲ့ ရိုကျိုးမှု၊ လူမြင်သူမြင်ကောင်းအောင် ဟန်ဆောင်ဖေါ်ပြချက်တွေ မရှိကြပါဘူး။ ရေခဲရေလောင်းထားတဲ့ လူသေမျက်နာမျိုးမရှိဘူး။ ကျနော့် တို့ ဖေါ်ပြချက်တွေက နှလုံးရဲ့ အနက်ရှိုင်းဆုံးနေရာက လာပါတယ်။ ရယ်တယ်။ ပျော်စရာရှိပျော်တယ်။ ရှိတာကိုဝတ်တယ်။ ကြောင်သူတော်လို မ၀တ်ထားဘူး။ ပုတီးကိုင်ပြီးလူရှေ့ မထွက်ဘူး။

ကြေးစည်သံကြားရင် ခွေး တွေ အူမှာပဲ။ ခွေအူသံတွေကြားတိုင်း ဘာဖြစ်တာလဲ ..ဘာဖြစ်တာလဲဆို ပြီး သွေးမပျက်ကြနဲ့ ၊ ရှေ့ ကိုရဲ ရဲ သာချီတက်ပါ။

ကေသရာဇာခြသေ့င်္မင်းတို့မည်သည် ခွေအူသံကြားလို့  မပြောရဲ၊ မဆိုရဲ၊ မလှုပ်ရဲဆိုတာမရှိဘူး။ အေး- ချေငယ်စိုင်ဆတ် တွေကတော့ ဘာလုပ်လုပ် ခွေးအူသံ၊ တောခြောက်သံတွေကို နားစွင့်ရတာ ၊ ကျီးလန့်စာစား ဖြစ်ရတာပါ။ ခြေင်္သေ့မင်း ဆိုတာကတော့ ကိုယ်ပိုင်အချိန်ဇယားအတိုင်း အလုပ်လုပ်ကြပါတယ်။

ရန်သူကို ဦးတည် တိုက်ပါ။ အချင်းအချင်း သွေးကွဲတဲ့လုပ်ရပ်တွေကို သတိထားကြပါလို့  တိုက်တွန်းလိုက်ပါတယ်။

( မိုးသီးဇွန် )



မိန်းမသားပေမယ့် နိုင်ငံရေးမှာ အားမငယ်

Thursday, February 4, 2010

နန်းခင်ထွေးမြင့်



အန်တီ နန်းခင်ထွေးမြင့် ရဲ့ပုံ နဲ့ သူ့ သဘောတရားတွေ ရေးထားတာကို ကိုမိုးသီးဘလော့မှာ
ဒီနေ့ တွေ့ လိုက်ရတော့ ကျမတို့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အာရှတော်ဝင်ဆေးရုံတက်စဉ်က သူမ
ရန်ကုန်ကိုအပြေးရောက်လာပြီးအာရှတော်ဝင်ဆေးရုံရဲ့အ၀င်အထွက်လှေခါးထစ်လေးမှာအမျိုးသားဒီမိုကရေ
စီအဖွဲ့ ချုပ်ဝင်တွေနဲ့ အတူအန်တီ့ကျမ်းမာရေးကို လာရောက်ပူပင်စောင့်ကြည့်နေခဲံတာလေးကျမသတိရမိတယ်
တကယ်ပါပဲ အန်တီနန်းခင်ထွေးမြင့်ဟာ သူ့ရပ်တည်ချက်ကိုခုထိခိုင်ခိုင်မာမာပြတ်ပြတ်သားသားရပ်တည်နေ
သလို အမျိုးသမီးနိုင်ငံရေးသမားများအားလုံးအတုယူလောက်တဲ့ သတ္တိနဲ့ ပေးဆပ်နေမှုတွေသူ့မှာအပြည့်ရှိနေ
ဆဲပါ။ ကျမအထင်ကြီးလေးစားတဲ့အမျိုးသမီးတွေထဲမှာဒေါ်နန်းခင်ထွေးမြင့်လည်းအ၀င်အပါမို့ အချိန်အခါနဲ့ ကိုက်ညီစွာ ခွန်အားပေးတဲ့ သူမရဲ့စာသားလေးတွေ ကို ထပ်ဆင့်ဖေါ်ပြလိုက်ပါတယ် ။။
မေအိခင်(လယ်ဝေး)်

ကျမတို့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာ အမျိုးသမီးတွေ အင်နဲ့အားနဲ့ ပူးပေါင်းခဲ့ကြတာ ဒေါ်အောင်ဆန်းစုကြည် ကြောင့်ပဲ။ အမျိုးသမီး အဖွဲ့ဝင်တွေကို သူက လမ်းဖွင့်ပေး၊ ပြုစု ပျိုးထောင် ပေးတဲ့အတွက် အမြင်ကျယ်လာ ကြတယ်။ သူ့ရဲ့ခေါင်း ဆောင်မှု နောက်ကို ယုံကြည်မှုအပြည့်နဲ့ လိုက်ကြတယ်။

ကျမတို့က အမျိုးသား ခေါင်းဆောင် တွေကိုလည်း လေးစား ကြပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည်ကိုတော့ လေးစားမှုအပြင် အားကျကြတာကို တွေ့ရတယ်။

ကျမ ပါဝင်လှုပ်ရှားနေတဲ့ NLD က တရားဝင် နိုင်ငံရေး အဖွဲ့ပဲ။ ဒါပေမယ့် ရုံးတွေ ပိတ်ထားရတယ်။ ဟိုတုန်းက ရုံးတွေ မပိတ်ရ သေးခင်ကလည်း အာဏာပိုင်တွေက တချိန်လုံး စောင့်ကြည့်နေတယ် ဆိုတော့ ကျမတို့က မြေအောက် လှုပ်ရှားမှုထဲမှာ ပါဝင် နေရသလိုပဲ ပုန်းလျှိုး ကွယ်လျှိုး လုပ်နေရတယ်။

တချို့လည်း တက်ကြွပေမယ့် ငြိမ်နေရတယ်။ ဥပမာ ကျမတို့ ကရင်ပြည်နယ်မှာ ထိုင်းနိုင်ငံဘက်ကို သွားပြီး အလုပ်လုပ်တဲ့သူတွေ အများကြီး ရှိတယ်။ ကိုယ့်မိသားစုထဲက တယောက် ယောက်က ထိုင်းနိုင်ငံမှာ သွားပြီး အလုပ် လုပ်နေတယ် ဆိုတာ ဒီဒေသမှာ အဆန်းမဟုတ်တော့ဘူး။ ဒါဟာ ဥပဒေနဲ့ မကင်းဘူး၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု ဖြစ်တယ်၊ ဖမ်းလို့ရတယ် ဆိုပြီး ခြိမ်းခြောက်တယ်။ တခြားနည်းနဲ့ ခြောက်လှန့် ထားတာတွေလည်း ရှိတယ်။ ဒါကြောင့် ငြိမ်နေရတယ်။ တခြား ဒေသတွေမှာဆိုရင်လည်း အကြောင်းအမျိုးမျိုးကြောင့် ဥပမာ စားဝတ်နေရေးကြောင့် ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့ ကင်းကွာနေသူတွေ ရှိတယ်။

ကျမကို လာပြီး စည်းရုံးတာ ရှိပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုကနေ ကင်းကင်းနေဖို့၊ စီးပွားရေးကိုပဲ လုပ်ဖို့ စည်းရုံးတယ်။ ကျမက စားဝတ်နေရေး အခက်အခဲ မရှိတော့ ဖိအားတွေကို တင်းခံနိုင်တယ်။ ဒါပေမယ့် လူတိုင်းက ကိုယ်နဲ့ အခြေအနေ မတူဘူး။ သားသမီးတွေ များမယ်၊ စားဝတ်နေရေး ခက်ခဲမယ်ဆိုရင် သူတို့က တက်ကြွပေမယ့်လည်း စိတ်လျှော့လိုက်ရတာတွေ ရှိတယ်။

ဘယ်သူကမှ ကိုယ့်သားသမီးကို၊ ကိုယ့်မိသားစုကို၊ ကိုယ့်မိဘကို အငတ်မထားချင်ဘူး။ ဒီလို မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရတာကြောင့် လှုပ်ရှားမှုနဲ့ ကင်းကွာသွားကြတယ်။ နင်တို့က မလုပ်နိုင်ဘူးလားဆိုပြီး ဒီလို သွားပြောလို့လည်း မသင့်တော်ဘူး။ ဒီမိုကရေစီရေး လှုပ်ရှားမှုက ၂၁ နှစ်ကျော်လာပြီ ဆိုတော့ စားဝတ်နေရေး ပူပင်စရာမလိုတဲ့သူ၊ တင်းခံနိုင်တဲ့သူ တွေပဲ ဆက်ပြီး လှုပ်ရှားနေတာ တွေ့ရတယ်။

၂၁ နှစ်အတွင်း လှုပ်ရှားမှုမှာ ငွေကြေး၊ အခွင့်အရေး စသဖြင့် ဘာအကျိုးအမြတ်မှ မရှိဘဲ လုပ်ခဲ့ကြ လုပ်နေကြတဲ့သူတွေ အင်မတန် လေးစားဖို့ ကောင်းပါတယ်။ ဒီလို လှုပ်ရှားတဲ့နေရာမှာ ဆေးကုသခွင့် လိုင်စင်၊ ရှေ့နေလိုက်ခွင့် လိုင်စင် အသိမ်းခံရတဲ့ သူတွေ ရှိတယ်။ လုပ်ငန်းတွေ သိမ်းတယ်။ ဥပမာဆိုရင် မန္တလေးတိုင်းက ဒေါ်ဝင်းမြမြ ဆိုရင် လုပ်ငန်းတွေ အများကြီး အသိမ်းခံရ တယ်။ သိမ်းရုံတင် မဟုတ်ဘူး၊ ထောင်ထဲပါ ထည့်ပစ်တယ်။ ထောင်ထဲရောက်နေတဲ့သူတွေကိုလည်း ကျမတို့ မေ့ထားလို့ မရဘူး။ သူတို့လည်း ဒီ၂၁ နှစ်တာ လှုပ်ရှားမှုအတွင်းမှာ နည်းမျိုးစုံနဲ့ အဆက်မပြတ် ဟန့်တားတာကို ရင်ဆိုင်ပြီး အနစ်နာခံ လုပ်နေသူ တွေပါပဲ။

၂၁ နှစ်ကျော်တောင် လုပ်ခဲ့ပြီးပြီ မအောင်မြင်သေးဘူး။ ဒါကိုတောင် စိတ်ဓာတ်မကျသေးဘူးလား၊ ဆက်လုပ်ဦးမှာလား ဆိုပြီး မေးလာရင်တော့ မကျဘူးလို့ ဖြေရမယ်။ ကျမတို့ ၂၁ နှစ် ရုန်းကန်ခဲ့ရတာ အလဟဿ မဟုတ်ဘူး။ ၂၁ နှစ် ကုန်ခဲ့တာဟာ ဒီမိုကရေစီရဖို့ ၂၁ နှစ် နီးလာတာပေါ့။

သေချာ စဉ်းစားကြည့်ရင် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါမှ မဟုတ်ပါဘူး၊ ကင်းကွာနေရင်လည်း ကျမတို့ဟာ လုံခြုံစိတ်ချပြီလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး၊ မြို့ထဲမှာ၊ ရပ်ကွက်ထဲမှာ၊ ရုပ်ရှင်ရုံတွေမှာ ဖမ်းတယ် ဆိုတာတွေသတင်းတွေမှာ ကြားမှာပေါ့ ။ အဖမ်းခံရသူတွေဟာ ဘာပြစ်မှုမှကျူးလွန်တဲ့သူတွေမဟုတ်ဘူး။ လူကောင်းတွေ။ ကရင်ပြည်နယ်မှာ ပေါ်တာဆွဲတာကအရင်တုန်း ကတော့ အမျိုးသားတွေကိုပဲ ဆွဲတယ်။ အမျိုးသားတွေကိုမတွေ့ရင် အမျိုးသမီးတွေကိုလည်း ဆွဲတယ်။ အခုနောက်ပိုင်း အမျိုးသမီး တွေကို ပေါ်တာဆွဲတာကို အာဏာပိုင်တွေ ပိုပြီးစိတ်ဝင်စားလာပုံရတယ်။ အမြဲတွေ့နေရတာကတော့ လုပ်အားပေးခိုင်းတာပဲ။

ဒီ ၂၁ နှစ်အတွင်း အားရစရာ၊ အကောင်းမြင်စရာ ဘာရှိသလဲ ဆိုရင် တခုပဲ ရှိတယ်၊ အဲဒါကတော့ လူတွေဟာ ဒီဒုက္ခတွေကို ခါးစည်းခံနိုင်တယ် ဆိုတာပဲ။ ဘယ်လောက်ပဲ သေသေ၊ ဘယ်လောက်ပဲ ပေါ်တာတွေ ခေါ်ခေါ်၊ လုပ်အားပေး ဘယ်တော့ပဲ ခေါ်ခေါ် သွားရတာပဲ။ အလုပ်ပျက် အကိုင်ပျက် သွားရတာပဲ။ အာဏာပိုင်တွေ ရာဘာစိုက်တယ်၊ စပါးစိုက်တယ် ဆိုရင်လည်း ရွာကလူတွေ သွားစိုက်ပေးရတယ်၊ သူတို့စီမံကိန်းတွေမှာ အစစ အရာရာ သွားလုပ်ပေးရတယ်။ ရွာကလူတွေဟာ မြို့ကလူတွေထက် ပိုပြီး အနိုင်ကျင့်ခံရတယ်။ သိပ်သနားစရာကောင်းတယ်။

မြန်မာပြည်မှာ အကျဉ်းထောင်ထဲက ဖြစ်ရပ်တွေကနေ တိုင်းရင်းသား အရေးအထိ အနာဂတ်ကာလမှာ အချိန်အများကြီး ယူပြီး ဖြေရှင်းရမှာပါ။ တချိန်ချိန် အခြေအနေ ပေးလာတဲ့အခါ အရေးတကြီး ပြုပြင်ရမယ့်အထဲမှာ ပညာရေးကဏ္ဍဟာ ထိပ်ဆုံးမှာ ရှိပါလိမ့်မယ်။ လောလောဆယ်တော့ ပြုပြင်ဖို့ နေနေသာသာ ဒီမိုကရေစီက ဘယ်နားနေမှန်း မသိသေးဘူး။

၁၉၉၀ ရွေးကောက်ပွဲမှာ အရွေးကောက်ခံရတဲ့ လူထုကိုယ်စားလှယ် ၄၀၀ ကျော်မှာ အမျိုးသမီးအရေအတွက်က ၁၅ ယောက်ပဲ ပါတယ် ဆိုပေမယ့် နည်းတယ်ဆိုပြီး ပြောလို့မရဘူး။ အဲဒီကာလတုန်းက ရွေးကောက်ပွဲ ဆိုတဲ့ စကားလုံးကို သိတာ မဟုတ်ဘူး။ ကျမက အဲဒီတုန်းက အသက် ၃၀ ကျော်ပဲ ရှိသေးတယ် ဆိုပေမယ့် မိသားစုကလည်း နိုင်ငံရေး အသိုင်းအဝိုင်းက ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ဆိုတဲ့ စကားလုံးကို ကြားဖူးနားဝ ရှိတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ဆိုတာကို လူတိုင်းက သိတာ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ အနှစ် ၃၀ နီးပါး တပါတီ စနစ်နဲ့ ကြီးပြင်းလာရတာလေ။

ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်မယ်၊ ဒီမိုကရေစီအလင်းရောင် တွေ့နေရပြီလို့ ပြောတာတွေတော့ ကြားရမှာပေါ့။ ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ အတွက်ရော၊ နိုင်ငံသားတွေအတွက်ပါ ကောင်းကျိုး ပေးမယ်လို့ မစားရ ၀ခမန်း ပြောတာတွေ ကြားရမှာပေါ့။ အခြေခံ ဥပဒေလည်း ပေါ်လာပြီလို့ ပြောကြတယ်။ တကယ်တော့ ရှေ့မှာ ဘာမှ မရှိဘူး။ အမှောင်ကြီးပဲ။ ဒါပေမယ့် ဘယ်လောက်ပဲ မှောင်နေပါစေ ကျမတို့က ယုံကြည်ချက် ပြင်းထန်လို့ လုပ်နေကြတာပဲ။

ကျမတယောက်တည်းရဲ့ သဘော ပြောရရင် လာမယ့် ရွေးကောက်ပွဲမှာ NLD ကို မဝင်စေချင်ဘူး။ အာဏာပိုင်တွေ ရေးဆွဲထားတဲ့ အခြေခံ ဥပဒေက တဖက်သတ် ဆန်လွန်းတယ်။ ဒီအခြေခံဥပဒေကို ပြန်သုံးသပ်၊ ပြင်ဆင်ပြီးမှပဲ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးကို စဉ်းစားသင့်ပါတယ်။

၂၀၁၀ မှာတော့ ရွေးကောက်ပွဲကို စိတ်ဝင်စားတဲ့ အမျိုးသမီးအရေအတွက် ပိုများလိမ့်မယ်၊ အမျိုးသမီးတွေရဲ့ နိုင်ငံရေးအသိ ပိုပြီး နိုးကြားလာမယ်၊ တက်ကြွလာမယ်။ ဒါပေမယ့် အမျိုးသမီးတွေအတွက် အခွင့်အရေးကတော့ ၁၉၉၀ ရွေးကောက်ပွဲထက် ပိုပြီး နည်းလိမ့်မယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ၂၀၀၈ ခုနှစ်မှာအာဏာပိုင်တို့ ပြဌာန်းလိုက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေက ၀င်မပြိုင်ဘဲနဲ့ လွှတ်တော်မှာ ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်း အလိုအလျောက် ရရှိပါလိမ့်မယ်။ ဒီလိုရသွား အောင် စီစဉ်ထား၊ ပြဌာန်းထားတာပါ။ ဒါကြောင့် ကျန်တဲ့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအတွက်ပဲ အမျိုးသမီးတွေ က ပါဝင် အရွေးချယ်ခံနိုင်တယ် ဆိုတော့ အခွင့်အလမ်း အများကြီး နည်းသွားပြီ။

အမျိုးသမီးတွေအတွက် ထိခိုက် နစ်နာစေတဲ့ အချက်တခုကလည်း ဒီ အခြေခံ ဥပဒေမှာ သတ်မှတ်ထားသေးတယ်။ အဲဒါက နိုင်ငံတော်သမ္မတ ဆိုတဲ့ အခန်းမှာပါ။ နိုင်ငံတော် သမ္မတဟာ အမျိုးသမီးမဖြစ်ရဘူးလို့ မပြဌာန်းထားပါဘူး။ အဲဒီလို မပြဌာန်း ထားပေမယ့် သမ္မတဟာ စစ်ရေးအတွေ့အကြုံရှိရမယ်လို့ ဆိုထားတယ်။ ဒီတော့ ရှင်းနေတာပဲ၊ အခြေခံဥပဒေအရ အမျိုးသမီးတွေ ဟာ သမ္မတ မဖြစ်နိုင်တော့ဘူး။

၁၉၉၀ အခြေအနေနဲ့ ၂၀၁၀ အခြေအနေနဲ့က ဘာမှ မဆိုင်ဘူး။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲက လွတ်လပ်တယ်၊ တရားမျှတ တယ်လို့ ဆိုနိုင်တယ်။ လူထုကလည်း လိုလိုလားလား မဲပေးကြတယ်။ ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းတာမျိုး မရှိခဲ့ဘူး။

အခုက အခြေအနေက ဘာမှ လွတ်လပ်မှု မရှိဘူး။ ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်မယ်လို့လည်း ဘယ်သူကမှ အာမ မခံဘူး။ ၀င်ပြိုင်မယ့်သူကလည်း ယုံကြည်မှု အပြည့်အ၀ ရှိမှာ မဟုတ်ဘူး။

ကျမတို့ရဲ့ အဆုံးအစွန်သော ရည်ရွယ်ချက်ကလည်း ဒီမိုကရေစီ ရရှိဖို့ပဲ။ ကျမတို့ရဲ့ ရည်ရွယ်ချက်က ရွေးကောက်ပွဲ တခု ပေါ်ပေါက်ရေး မဟုတ်ဘူး။ ရွေးကောက်ပွဲဆိုတာ ဒီလမ်းမှာ ရှိတဲ့ လှေခါးထစ်တခုပဲ ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် လောလော ဆယ် စီစဉ်နေတယ် ဆိုတဲ့ ဒီရွေးကောက်ပွဲက ဒီမိုကရေစီစနစ်ဆီ သွားဖို့ အထောက်အကူပြုသလား၊ မပြုသလား ဆိုတာကတော့ အများကြီး မေးစရာ ရှိတယ်။

နန်းခင်ထွေးမြင့်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦး ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဘားအံမြို့နယ် မဲဆန္ဒနယ် အမှတ် ၃ မှ ရွေးကောက်ခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

ဘသားယိမ်းလိုက်ရောယိမ်းလိုက်များကြပ်ကြပ်သတိထား

Wednesday, February 3, 2010

“စစ်အာဏာရှင်တွေဆိုတာ သူတို့ကို ဘယ်လိုပဲ အလုပ်အကျွေးပြုပြု၊ ပြည်သူတွေကို ဘယ်လောက်ပဲ သစ္စာမဲ့ပြပြ သူတို့ အသုံးမလိုတော့ဘူး ဆိုရင်တော့ ဘယ်လိုနည်းနဲ့မှ မျက်နှာထောက်ထားတာမျိုး မရှိခဲ့ဘူး။ အဲဒီအချိန် ဒီအနုပညာရှင်ကို ပြည်သူတွေကလည်း မုန်းတီးနေပြီဖြစ်လို့ ဘဝသေသွားပြီဖြစ်တယ်” ဟု တေးရေးဆရာတစ်ဦးမှပြောသည်။

ခေတ်ပြိုင်ရဲ့စာမျက်နှာကို ဒီကနေ့ ဝင်ဖတ်ဖြစ်တယ် အကော်ဒီယံအုန်းကျော် ကို ဂီတအစည်းအရုံးကတရားစွဲ
လိုက်ပြီဆိုတဲ့သတင်းအပေါ်မှာအခြေခံပြီး ကျမပြုံးမိတယ်စစ်အာဏာရှင်တွေနဲ့ ပုံစံတူအလားသဏ္ဍန်တူတဲ့
အကြီးအကဲတချို့ ရဲ့မျက်နှာမျက်စိထဲမြင်မိသလို အားကောင်းတော့မယ်အားကြီးတော့မယ် အသားစီးကရှိနေ
ပြီဆိုပြီး ဒီမိုကရေစီတိုက်ပွဲမှာ အကော်ဒီယံကြီးကိုင်ပြီး***တိုင်းပြည်ကိုရှေ့ဆောင်ကာဒို့ ကျောင်းသားတွေသည်
စံနမူနာတင် ကျောင်းသားသမဂ္ဂတို့ ဖြစ်သည် **** ဆိုတဲ့သီချင်းကိုတက်ကြွစွာဆိုခဲ့တဲ့အကော်ဒီယံအုန်းကျော်
ကိုလည်း မျက်စိထဲပြန်မြင်ပြီးထပ်ပြုံးမိပြန်တယ် ။
စစ်အုပ်စုအာဏာသိမ်းလိုက်ချိန်မှာ အခြေအနေမကောင်းဘူး ဟိုဖက်ပြေးကပ်မှဆိုပြီး စစ်အုပ်စုအကြိုက် ဖားဖားယားယား ကပ်လိုက်ခဲ့တဲ့နည်းလမ်းမမှန်တဲ့ချည်းကပ်မှုတွေကြောင့် ခုတော့ လှလှကြီးတရားစွဲခံရ
ပါပြီ ။နောက်လူတွေလည်းသင်္ခန်းစာယူပေါ့ ။
စစ်တပ်ထဲကအကြီးအကဲတွေ ကို ဖားယားပြီး ကိုယ်ဖက်ကအပြတ်ရပ်မယ်လို့ ယုံကြည်ခဲ့ပေမဲ့ခုတော့ဗိုလ်မှုး
ချုပ်ကျော်ဆန်းကိုယ်တိုင်က အကော်ဒီယံအုန်းကျော် ကို တရားစွဲပါတဲ့  ရီစရာလည်းကောင်းပါတယ် ။
်အုန်းကျော်ကြီးကလည်း အတွင်းရေးမှုး(၁) ကိုဖားပြီးစာတင်မိလို့ တဲ့ ကျမက မှတ်ပီလား မှတ်ပီလား လို့  ပြောချင်ပါတယ် ။
ဒီလိုပဲ ခေါင်းဆောင်ကောင်းမဟုတ်တဲ့အကြီးအကဲတွေ မှာအမှန်တရားဆိုတာမရှိပါဘူး လိုရင်သုံးမယ်
မလိုရင် ဗြုန်းမယ် ပဲပေါ့ ခုအကော်ဒီယမ်အုန်းကျော် ကိုပဲကြည့်ပါ ၈၈ မှာအနုပညာသမားတစ်ယောက်
အနေနဲ့ ပါဝင်ခဲ့တယ် (သူ့ ပါဝင်မှုဟာစေတနာ နဲ့ တော့မဟုတ်ခဲ့လောက်ဘူး) စစ်အာဏာလည်းသိမ်းပြီး
ရော အနုပညာ လက်နက်ကိုကြောက်တဲ့ စစ်အုပ်စုက မက်လုံးပေးပြီး ဆွယ်နိုင်သမျှလူကိုဆွယ်သွား တဲ့
အခါ အကော်ဒီယမ်အုန်းကျော်တို့ က ရန်သူဖက်ကတက်တက်ကြွကြွပေါ့ --ခုတော့ကြားတော်မူကြတဲ့
အတိုင်း သာကူး တစ်ဖန် ဘသားယိမ်းလိုက်ရောယိမ်းလိုက် နဲ့ ရပ်တည်ချက်မခိုင်မာသူရဲ့ နိဂုံးအဆုံးသတ်
ကတော့ ကျော်ဆန်းရဲ့အမိန့် ညွှန်ကြားချက် နဲ့ တရားစွဲခံထားရမှုကို မသက်တောင့်မသက်သာ ရင်ဆိုင်
လိုက်ပါဦးပေါ့ --၂၀၁၀ ကိုယိမ်းချင်နေတဲ့  ဒီမိုပျက်များလည်း ကြပ်ကြပ်သတိထား နိုင်ကြဖို့ တင်ပြလိုက်
ရပါတယ် ။။