welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် သထုံ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ခွန်မြင့်ထွန်း မင်္ဂလာပွဲ

Sunday, October 25, 2009




အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူငယ် ဗဟို ရဲ့ လူငယ်တာဝန်ခံ
လည်းဖြစ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့
ခွန်မြင့်ထွန်း နဲ့ ပအို့ ရဲမေသူနာပြု နန်းခမ်းထူး တို့ ရဲ့ မင်္ဂလာ
ဧည့်ခံပွဲကို မနေ့ ကထိုင်းမြန်မာနယ်စပ်တစ်နေရာမှာကျင်းပခဲ့
ပါတယ်။

အဖွဲ့ အစည်းအသီးသီးကခေါင်းဆောင်များ ရဲဘော် ရဲမေများ ထောင်ထဲ အတူနေခဲ့ရတဲ့ နောင်တော်ညီတော်များနဲ့အတူ
လုပ်ဖော်ကိုင်ဖက်ရဲဘော်ရဲမေ မိတ်ဆွေများ စုံစုံညီညီတက်ရောက်ခဲ့ကြပါတယ်။ ခိုင်စိုးနိုင်အောင် မှ NCUB ကိုယ်စား ဂုဏ်ပြုစကားချီးမြင့်ပြီးအိရွှေစင်ညွန့် မှ NLD မြန်မာပြည်မှ ရဲဘော်ရဲဘက်များအထူးသဖြင့်ကိုခွန်နဲ့ လက်တွဲ လုပ်ဆောင်
ခဲ့တဲ့ ပါတီလူငယ် များကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး ခွန်မြင့်ထွန်းရဲ့မင်္ဂလာကိစ္စအ၀၀ကိုတာ
ဝန်ယူဆောင်ရွက်ပေးတဲ့ ပအို့ အမျိုးသား ကိုအောင်ဆွေဦးမှ ခွန်မြင့်ထွန်းမင်္ဂလာဆောင်နှင်းနိုင်ခြင်း အကြောင်းရင်းကို
ပျော်ရွင် ကြည်နူးစရာချီးမွမ်းထောပနာများနဲ့ မ၈င်္လာ အခမ်းအနားအောင်မြင်စွာကျင်းပါနိုင်ခဲ့ပါတယ် ။


ဒေါ်အောင်ဆန်းစုကြည် ဘဘ ဦးတင်ဦးနှင့်တကွ မြန်မာပြည်မှ ခွန်မြင့်ထွန်းကို ချစ်ခင်သော ရဲဘော်များ ကြည်နူးကြေနပ်နိုင်စေရန်

မေအိခင်(လယ်ဝေး)

4 comments:

ATN said...

Congratulation, Ko Myint! Tun!!

Phone Hlaing-FWUBC said...

CONGRETULATION U KUN MYINT TUN ,WE WILL
MEET YOU NEXT MONTH.

ကိုအောင် said...
This comment has been removed by the author.
ကိုအောင် said...

ကိုခွန်မြင့်ထွန်းတို့ ဇနီးမောင်နှံ ရာသက်ပန် ရိုးမြေကျ
ပျော်ရွှင်ပါစေ။
ခင်မင်လျက် ...