welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

အတောက်ပဆုံးကြယ်သို့  (16-10-2006) တွင်အကျဉ်းထောင်ထဲတွင်ကွယ်လွန်သွားသော ရဲဘော် သက်ဝင်းအောင် အမှတ်တရ ကဗျာ)

Saturday, October 17, 2009

ကိုသက်ရေ
လျှပ်စစ်ငှက်လေးတကောင်က
အမှောင်ညမှာ ကြယ်စင်တစင်း ကိုမွေးလိုက်ပြီလို့ ပြောတယ်။
ကြောက်ရွံမှု ကင်းတဲ့ခရီးကို
သူနဲ့ အတူလိုက်ခဲ့ပါလို့  ကြယ်စင်က ဆိုတဲ့အခါမှာ
ငါငိုမိတယ်။

သူရဲကောင်းမြစ်ကို
မင်းဖြတ်ကူးနေတုံး
ဒို့ မကြာခင်ပြန်ဆုံကြမှာပဲ လို့ ငါထင်မိတယ်။

မင်းဟာ အမှောင်ကမ္ဘာထဲက
အတောက်ပ ဆုံးကြယ် အဖြစ်ငါမြင်ခွင့်ရပြီကော။
ငရဲနံရံတွေဖြို့ ချ ဖို့ နည်းလမ်းကို မင်းပြခဲ့ပြီကော ။

မင်းဟာ လွတ်မြောက်ရေးရဲ့ သားကောင်း
ငါဒို့ လက်တွေကိုဆန့် တန်းကြ။
ငါဒို့ ဦးခေါင်းတွေကိုမော့လိုက်ကြ လို့ 
လင်းလက်တဲ့အရောင်တွေ က
အချက်ပြလို့ ။

မိုးသီးဇွန် ( ၁၇-၁၀-၂၀၀၆)

0 comments: