welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ပြည်သူ့ လွှတ်မြောက်ရေးလှုပ်ရှားမှုကွန်ယက်

Friday, September 18, 2009




ပြည်သူ့ လွှတ်မြောက်ရေးလှုပ်ရှားမှုကွန်ယက်၏ထုတ်ပြန်ကြေညာချက်

မျက်မှောက်ကာလ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ရင်ဆိုင်ခံစားနေကြရသော စီးပွားရေး၊နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ကျန်းမာရေး စသည့် တနေ့ထက်တစ်နေ့ ယိုယွင်းပျက်စီးနေသည့် အထွေထွေအကျပ်အတည်းများ၊ ပြေလည်နိုင်စေရေး အတွက်ဆိုလျှင် စစ်အာဏာရှင်အစိုးရနှင့် စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ပျက်သုဉ်းပျောက်ကွယ်သွားမှသာ ဖြစ်နိုင်ပေလိမ့်မည်။

စစ်အာဏာရှင်အစိုးရ နှင့် စစ်အာဏာရှင်စနစ်မြန်မာ့မြေပေါ်မှ အပြီးတိုင်ပျက်သုဉ်းပျောက်ကွယ်ရေးအတွက် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးတို့သည် မိမိတို့၏ ဆုံးရှုံးနစ်နာလျက်ရှိသည့် အခွင့်အရေးများကို မိမိတို့ ကိုယ်တိုင်ကိုယ်ကျ တော်လှန် တောင်းဆို တိုက်ပွဲဝင်ကြမှသာလျှင် ရရှိနိုင်လိမ့်မည်ဟု အလေးအနက် ယုံကြည်ပါသည်။

ထို့ကြောင့် လူထုလှုပ်ရှားမှု နည်းလမ်းပေါင်းစုံဖြင့် တော်လှန်တိုက်ပွဲဝင်ခြင်းသည်သာ စစ်အစိုးရပြုတ်ကျရေးနှင့် စစ်အာဏာရှင်စနစ် ပျက်သုဉ်း ပျောက်ကွယ်သွားစေရန်အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း မိမိတို့မှ အပြည့်အ၀ယုံကြည်ထားပြီး လှုပ်ရှားမူများကို လုပ်ဆောင်သွားမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ နယ်စပ်ဒေသရှိ ဒီမိုကရေစီ အင်အားစုများမှ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပြည်သူလွတ်မြောက်ရေး လှုပ်ရှားမှုကွန်ယက်ကို စုစည်း တည်ထောင်ခဲ့ကြပါသည်။

နိုင်ငံနှင့်အဝှမ်း အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး ပေါ်ပေါက်လာစေရန်အတွက် အခြေခံကျ၍ ပြည်သူတစ်ဦးချင်း ပူးပေါင်းပါဝင် လုပ်ဆောင်နိုင်သော လုပ်ငန်းစဉ်များဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပရှိ ဒီမိုကရေစီရေး ဆောင်ရွက်နေသည့် အဖွဲ့များဖြင့် စုပေါင်းဖွဲ့စည်းထားသည့် GAB(Global Action For Burma)အင်အားစုကြီးနှင့် ပူးပေါင်းလက်တွဲပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားစေရန် လုပ်ဆောင်သွားမည်။

မိမိတို့ကွန်ယက်မှ ရဟန်းရှင်လူ ကျောင်းသား ပြည်သူများ၊ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ ၂၀၁၀ခုနှစ်တွင် စစ်အုပ်စုမှအဓမ္မ ရွေးကောက်ပွဲအသစ် မပြုလုပ်နိုင်မှီ စစ်အုပ်ချုပ်ရေး ယန္တရား လုံးဝ ရပ်ဆိုင်းပြိုလဲသွားသည်အထိ တိုက်ပွဲဝင်ကြရန် မဟာမိတ်အဖွဲ့ အစည်းအသီးသီးနှင့် တိုင်းရင်းသားပြည်သူလူထု အားလုံးကို စုစည်းညီ ညွတ်စွာ
ပူးပေါင်း တိုက်ပွဲဝင်သွားကြပါရန် လေးစားစွာဖိတ်ခေါ် နှိုးဆော်အပ်ပါသည်။
ယခုအချိန်ကို တိုက်ပွဲဝင်အရှိန်မြှင့်တင်ရေး ကာလဟု သတ်မှတ်ပြီး လူထုတိုက်ပွဲ လုပ်ငန်းစဉ်များ ချမှတ်ကာ တိုက်ပွဲများကို ဖေါ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးလှုပ်ရှားမှုကွန်ယက်မှ ထုတ်ပြန်ကြေငြာ လိုက်ပါသည် ။



ပြည်သူ့ လွှတ်မြောက်ရေးလှုပ်ရှားမှုကွန်ယက်

ဆက်သွယ်ရန် -နိုင်ဥဿာ -0850527306
-ကိုယဉ်ထွေး -0845755416

0 comments: