welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ငြိမ်းချမ်းစွာချီတက်တယ် မေတ္တာပို့ တယ် (၂၁-၉-၂၀၀၉)

Monday, September 21, 2009

















အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့  ဒီကနေ့  မှာ ငြိမ်းချမ်းမှုမ၇ှိပဲ မတရားမှုတွေ ကြီးစိုးတာခံ နေရတဲ့မြန်မာ
ပြည်သူတွေအတွက် ထိုင်းမြန်မာနယ်စပ် မှာငြိမ်းချမ်းရေး လမ်းလျောက်ပွဲ ပြုလုပ်ခဲ့ကြတယ်။ ထိုင်းလူ့ အခွင့်
အရေးဆောင်ရွက်သူတွေပါတယ် ။ နိုင်ငံတကာကနေ မြန်မာအရေးလာဆောင်ရွက်နေတဲ့ ဥရောပသားတွေ
အမေရိက က ပုဂိုလ်တွေပါတယ် မြန်မာအမျိုးသမီးသမဂ္ဂ ရဲ့ ဦးဆောင်အမျိုးသမီးတွေ ကိုလည်းတွေ့ ရတယ်
နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ချို့  နဲ့လူမှုရေးသင်းပင်းတွေက မြန်မာ့ လူ့ အခွင့်အရေးတက်ကြွသူတွေနဲ့ 
အတူဦးဆောင်သူတွေကတော့ စက်တင်ဘာသံဃာတော်တွေပေါ့ ။ ကျမ ဘေးကနေလိုက်ဝန်းရံခဲ့ပေမဲ့မျက်
ရည်ဝဲမိပါတယ်။စက်တင်ဘာသံဃာ့လှုပ်ရှားမှုပုံရိပ်ကိုပြန်မြင်ယောင်မိစေမဲ့ သံဃာတော်တွေရဲ့မေတ္တာပို့ သံ
မေတ္တာသုတ်ရွတ်ဖတ်သံတွေကြောင့်ပေါ့။လမ်းလျောက်သူတွေရဲ့ဇွဲ ကိုလေးစားမိပါတယ်သူတို့ ယုံကြည်ချက်
က ပူလောင်တဲ့နေ ရောင်အောက်မှာပိုလို့ မြင်သာစေခဲ့တယ်။ အမိမြန်မာပြည်အတွက်ဒီလိုရဲရဲတောက် တွေ
တွေ့ ရတယ် တကယ်ကို ကြည်နူးကြေနပ်စရာပါ ။သံဃာတော် တွေရဲ့ကျေးဇူးကကြီးလှပါတယ် ငြိမ်းချမ်းရေး
နေ့ မှာ ငြိမ်းငြိမ်းချမ်းချမ်း တရားအားမထုတ်နိုင်ပဲ မငြိမ်းချမ်းတဲ့ မြန်မာပြည်အတွက် ပြည့်သူ့ ကိုယ်စားဆန္ဒ
တွေဖေါ်ထုတ်ပြနေရတယ် လေ ။အင်အား ၂၀၀ကျော်တဲ့ လမ်းလျောက်သူတွေရဲ့ နောက်မှာဘေးမှာ ထိုင်း
ထောက်လှမ်းရေးတွေ ၀န်းရံနေပေမဲ့ တစ်စုံတစ်ရာ ဖိအားပေး ခြင်းတားမြစ်ခြင်း မရှိတာကြောင့် ဒီမိုကရေစီ
တစ်ဝက်တစ်ပျက် ထိုင်းနိုင်ငံတောင်မှ ငြိမ်းချမ်းရေးကို ဒီလောက် တန်ဖိုးထားနေတာကြည့်ရင် စစ်အုပ်စုအ
နေနဲ့  ရှက်တက်ဖို့ ကောင်းပါတယ် ။ ငြိမ်းချမ်းမှုကို လူတိုင်း လူသားတိုင်း လိုချင်ကြတယ် တန်ဖိုးထားကြတယ်
ဆိုတာနားလည်ရင် ငြိမ်းချမ်းမှုကို ဟန့် တားနေတဲ့ စစ်အုပ်စု ခေါင်းဆောင်များ က လူဆန်ဖို့ ပြုပြင်သင့်ကြပါ
တယ် ဆိုတာ ညွှန်ပြရင်း အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ ကို ဂုဏ်ပြုတင်ပြလိုက်ပါတယ် ။။။

0 comments: