Thursday, September 3, 2009
ကျမ ဦးဝင်းတင်ရဲ့ ကဗျာကို ပြန်လည်တွေ့ ရှိပြီး ကျားရဲ တစ်ကောင်ရဲ့အသွင်ကိုထင်ဟပ်မိအောင်ရေးသား
ထားတဲ့ ဘဘရဲ့ကလောင်ထက်မြတ်မှုကိုအင်မတန်မှလေးစား လို့  တင်ပြခဲ့ပြီးဖြစ်ပါတယ် ။ ဘဘရဲ့ထောင်
ထဲကသရုပ်တွေဘ၀တွေပုံဖော်ထားတာထိမိလှသလို ဒီထက်မကကြမ်းတမ်းမှုတွေလည်း ဘဘရင်ဆိုင်ခဲ့ရ
မှာအသေအချာပါ။အဲဒီ့မှာကျမ ရဲ့ထောင်ထဲဖြစ်စဉ်ထဲကတစ်ခါမှမရေးဖြစ်တဲ့အချို့ အချက်တွေ ခေါင်း ထဲ
ဝင်လာပြီး ပြုံးလည်းပြုံးမိ သတိတရလည်းရှိတာကြောင့် ဘလော့ရောင်းရင်းတွေကိုပြောပြပါဦးမယ် ။
ဒီလိုပါ ထောင်ထဲမှာ အရင်ရောက်နှင့်သူ ကျနှင့်သူ နိုင်ငံရေးအကျဉ်းသူတွေ ကနောက်မှရောက်လာသူတွေ
ကိုတွေ့ ဖူးသည်ဖြစ်စေမတွေ့ ဖူးသည်ဖြစ်စေ သိသိ မသိသိ ရှိတာလေးတွေမျှကျွေးဖို့ အဆင်သင့်ဖြစ်နေတာ
လေးတွေ ရယ် ကျွေးချင်ပေးချင်ရင်ဖြင့်တောင် အန္တယယ်ကြားက ၀ါဒါတွေ(တစ်ချို့ ) ရဲ့မိုက်ရိုင်းမှုတွေကြား
ကခိုးကျွေးကြရပါတယ် ။ အချုပ်တို့ စစ်ကြောရေးကာလ တို့ ဆိုတာပိုလို့ ကို ကြပ်တည်းပါတယ်။ကျမဆိုစစ်
ကြောရေးကာလ တစ်လလုံး ကျမ ကို ခိုးကြောင်းခိုးဝှက်ကျွေးခဲ့ရတဲ့ ထောင်ကျနှင့်ပြီးသား အမတွေရဲ့ကျမ
ကိုကြွေးခဲ့ရပုံ ကိုမမေ့ပါဘူး တိုက်ပိတ်ခန်း လို့ ခေါ်တဲ့ သီးသန့် တိုက်ခန်းလေး တွေရဲ့ တံခါးနဲ့ အောက်က
သံမံတလင်းဆို အစားအစာတွေ ခိုးပြီး ထိုးထဲ့ပေးရလွန်းလို့  ဂျိုင့် ကလေးတွေတောင်ဖြစ်လို့ ရယ်ပါ။
ဘာစားစရာပဲဖြစ်ဖြစ် မြေပဲလေး တစ်လုံးစာလောက်လွတ်နေတဲ့ တံခါးရွက်ကြီးအောက်ခြေနဲ့ သံမံတလင်း
အကြမ်းစား ကြား ကို အစားလေးတွေ ဖြန့်  ထဲ့ရတာပါ ။ဒါလည်းအင်မတန် လစ်မှ ပေးလို့ ရပါတယ် ။
တစ်ခါတစ်ခါ ငိုအား ကြောက်အားထက်ရီအားသန်ရတာမျိုးလည်းရှိပါတယ် ။ ကျမ ကအအိပ်ပုတ်ဆိုတော့
အထဲမှာအိပ်ပျော်လို့  အလှည့်ကျ ၁၅ မိနစ် ရေချိုး ထွက်ရတဲ့အမ တွေက သူတို့ ထွက်ရချိန်လေးမှာဝန်ထမ်း
အလစ် ကျမ ကို စားစရာလေးတွေ တံခါးမကြီး လွတ်နေတဲ့ မြေပဲတစ်ထောက်စာလေးကနေ ခက်ခက်ခဲခဲ
ထဲ့သွင်းသွားခဲ့ပေမဲ့ ကျမမနိုးလေတော့ မယူမိတဲ့အခါ လာကျွေးသူတွေ မှာ အလွန်နှလုံးရောဂါဖြစ်ရရင်ခုန်ရ
တဲ့အခြေအနေပါ။ အကယ်၍များ ကျမ တံခါးကိုဝန်ထမ်းတစ်ယောက်ကလာဖွင့်လိုက်ရင် ပေးတဲ့သူကိုပြစ်ဒဏ်
ပေးမှာအသေအျာပါ။
တစ်ခါများဆို ကျမကိုထောင်မချခင် တလာစီတယ် လို့  ထောင်အခေါ် ထောင်တွင်းရှာဖွေရေး လုပ်တဲ့နေ့ 
နဲ့ ကြုံတွေ့ ရပါတယ် ။ ကျမ က အချုပ် စစ်ဆေးဆဲဆိုတော့ ထောင်ပုံစံကလွဲလို့  စားစရာအပိုမရှိ ရတာ ကို
ထောင်မှုးတွေ ၀ါဒါတွေ သိပြီးသားပါ ။ဒါပေမဲ့ တခြားအခန်းတွေ မှာ ၀ုန်းဒိုင်းသံကြားတော့ ကျမ သံသယဖြစ်
တာနဲ့  မမြင်ရပဲ နားစွင့်လို့ ရတဲ့ သံဇကာ ပေါက်လေးကနေ နားစွင့်တော့ ၁၉၈၉ ပထမအကြိမ်အတွေ့ အကြုံ
အရ ကျမ ကို အရင်ရောက်နှင့်တဲ့ အမတော် ညီမတော် များ အခန်းထဲ ခိုးပြီး ထဲ့သွင်းပေးထားတဲ့မြေပဲတွေ
ကုန်အောင်ဝါးပြစ်ရတော့တာပါပဲ ကိုယ့်အခန်းကိုရှာမဲ့ အချိန် ကကပ်လာလေ ရင်ခုန်စိုးရိမ်ပြီး မြေပဲ လက်နှစ်
ဆုတ်စာလောက်ကိုစက္ကန့် ပိုင်းနဲ့ ဝါးပြီးအဖုံးမပါပဲသူတို့ ပေးထားတဲ့ လက်လည်းဆေး သောက်လည်းသောက်
အညစ်အကြေးလည်းဆေးရတဲ့ အိုးတစ်လုံးထဲကရေတွေနဲ့ အဲဒီ့မြေပဲကိုမျောချလိုက်ရတာလေကျမတစ်သက်
ဆိုးလိုက်တဲ့ အဖြစ်တစ်ခုပါပဲ ။ နင်က ခိုးကျွေးတဲ့မြေပဲဆံတွေ ဘာလို့ ပေးထဲကကုန်အောင်မစားတာလဲမေး
ရင် မြေပဲ က ပုံစံငပိထက်စာရင် မြေပဲ တခြမ်း ထမင်းတစ်လုပ်တော့ စားဝင်သေးတာကြောင့်ရယ်ပါ။
အကယ်၍များ ကျမ ဆီမှာ စားစရာအစအန တွေ့ ခဲ့ရင် အဲဒီ့  တိုက်တန်း(သီးသန့် ) ထဲကထောင်ကျပြီးသား
နိုင်ငံရေးအကျဉ်းသူတွေ မသက်သာဘူးမှတ်ပါ အနည်းဆုံးအဆင့် လျော့ရက်ဖျက်တာခံရမှာသေချာပါတယ်။
၁၉၉၇ ဇန်န၀ါရီ ၂၇ လည်းရောက်ရောကျမ အမိန့် (၇) နှစ်ကျတော့ စောစောက ကျမကို ခိုးကြောင်ခိုးဝှက်
ကျွေးခဲ့ပေးခဲ့သူတွေ ရဲ့ ဘ၀ ကျမလည်း ရာထူးရသွားတာပေါ့-- ထောင်ထဲမှာ တိုက်ပိတ်ထားတာ ကိုယ့် အ
ခန်း နဲ့ ကိုယ် အပြင်မထွက်ခဲ့ရပဲ အစားအစာမျှကြွေးခဲ့တဲ့ ပုံ ကဒီလို ပါ ။
ကျမ က အခန်း(၆) မနှင်းနှင်းဖွေး ကအခန်း(၇) မမာမာဦး(လက်ရှိထောင်ထပ်ကျနေသူ)က အခန်း(၈) မှာ
ထောင်ကျပြီးသူက ကျမ ကျန်နှစ်ယောက်က အချုပ် ပေါ့ ။။ ကျမ ဘယ်လိုသူတို့ ကို ကျွေးရပါ့လို့  တွေးလိုက်
အခန်းထဲ ခေါက်တုန့် ခေါက်ပြန်လျောက်ရင်း အမိုးပေါ်မော့ကြည့်တော့ ၀မ်းသာသွားပါတယ် ။ တခန်းနဲ့ တ
ခန်း အမိုး နဲံ ကပ်ရပ် အကာအုပ်နံရံကြားမှာ သံဗန်း အကာ လေးထောင့်ကွက်လေးတွေ ရှိတာပဲကိုး-----
တစ်တောင် လောက်ရှိတဲ့ သံဗန်းပေါ့ သံဇကာအပေါက်လေးတွေက လက်သုံးလုံး အရွယ်လေးထောင့်ကွက်
လေ ဒီတော့ ဘယ်ရမလဲ ထောင်ထဲကအကြံအဖိုးတန် ဆိုသလိုပဲ အိမ်ကပါဆယ်ပို့ ထားတဲ့ ကျွတ်ကျွတ်အိပ်
ကို လက်နှစ်ဝါးစာလောက် ဖြဲ ငါးပိကျော် အမဲကျော်(တစ်တုံးစာလောက်သာအပေါက်ကဆံ့သည်) စသဖြင့်
စားဖွယ်အရာရာကို ထုတ်ပြီး မိုးပေါ်မော့ တစ်ဖက်အခန်းဆီ ပစ်သွင်းတော့တာပါပဲ ။ ဆယ်ခေါက်ပစ်ရင်
၅ခေါက်လောက်တော့ မနှင်းရဲ့အခန်း (၇) ကိုရောက်ပါတယ် ကျန် ငါးခေါက်ကတော့ သံတန်းလေးတွေကို
သွားသွားထိပြီး ပြန်ကန် ကျလာတာပါ ။အဲဒီ့ မှာဝမ်းနည်းစရာ တစ်ခါတစ်ရံဆုံးရှုံးနစ်နာရမှုကတော့သိပ်ကို
နှမျောစရာပါပဲ ။ ဘာလဲဆို မိလ္လာအိုး (ကျင်ကြီးကျင်ငယ်စွန့် တဲ့) ထဲကို ပြန်ကန် ပြီကျသွားရင်တော့ ဆုံးရှုံး
ရပြီပဲပေါ့။ ထောင်ကျ ထက် စစ်ကြောရေးကာလ အချုပ် ဆို ငါးပိကျော်ကွမ်းသီးလုံးလောက်က ရွှေ ပဲလို့ 
ပြောလို့ ရပါတယ် ။အခန်း(၇) ကနေ မနှင်းကလည်း အခန်း၇ှစ် က မမာမာဦးကို ကျမ ပစ်ပေးသလို့ တဆင့်
လက်ဆင့်ကမ်း ပစ်နေပါတယ် --ပျော်စရာကော မကောင်းဘူးလား တစ်ခါတစ်ရံမှာ ပျော်ရ ရီရမောရ ရန်ဖြစ်
ရနဲ့ပေါ့ --တစ်ခါတစ်ခါ ကျမ က သီချင်းနောက်ပြောင် ဆိုပါတယ် --စာသားလေး က ကြိုးစားကြပါ
နောင်တခေတ်မှာခေါင်းဆောင်ဖြစ်မှာ ခုတော့ထောင်ထဲနေရမှာ ---
လို့ ဆိုလိုက်ရင် တစ်ဖက်ခန်း က မနှင်းကလည်း ဟုတ်တာပေါ့ --
ဆိုပြီး သံစဉ် နဲ့ အတူ နဘေ ထပ်နောက်ပြောင်ပြီး ဆိုလိုက်တာဖြင့် ခု ပိုပြီးအမှတ်ရနေမိပါတော့တယ် ။
0 comments:
Post a Comment