ရခိုင်အမျိုးသားတစ်ယောက်ဖြစ်ခဲ့သော ဆရာတော် ၏ မြန်မာပြည်သူတင်မက အာရှ တစ်ဝှမ်းအားနိုင်ငံရေးမျက်စိဖွင့်ပေးခဲ့ပုံ နှင့် ဆရာတော်၏ကြိုးပမ်းခဲ့မှုအားဂုဏ်ပြု
မှတ်တမ်းတင်လိုက်ပါသည်။
ပုဂ္ဂိုလ်ထုးဆရာတော်ရှင်ဥတ္တမ သည် ရခိုင်ပြည်နယ်၊စစ်တွေ မြို့  ၊ ရူပ ရပ် အဖ ဦးမြ ၊ အမိဒေါ် အောင်ကျော်သူ
တို့  မှ ၁၈၇၉ ခုနှစ် ၊ ဒီဇင်ဘာ လ ၊ ၂၇ ရက် တနင်္ဂနွေ နေ့  တွင် ဖွားမြင် ခဲ့  သည် ။ မွေးချင်သုံးဦး ဖြစ်သော -
၁ ။ ပေါ်ထွန်းအောင်
၂ ။ ကျော်ထွန်းအောင်
၃ ။ မအိမ်စိုး …….တို့ အနက် အကြီးဆုံး ပေါ်ထွန်းအောင် မှာနောင် အခါ ဦးဥတ္တမ ဖြင်လာသည် ။
ညီအကိုနှစ်ဦး မှာ ၉ နှစ် အရွယ်နှင့်  ၆ နှစ် အရွယ်သို့ ရောက် ကြသော အခါ အင်္ဂလိပ်စာ သင်ကြားလို ၍ မိဘ များအား ပူစာရာမရသဖြင့်  အိမ်မှထွက်ပြေး ခဲ့သည် ။ ၁၅ ရက်ခန့်အကြာတွင် မှ သစ်ပင်တပင်အောက် တွင် ညီအကို နှစ်ဦးအား မိဘ များမှ ပြန်တွေ့ ခဲ့ ကြသည် ။
ထိုနောက်မိဘများမှ ကလေး နှစ်ယောက် ၏ ဆန္ဒအား ပြည့် ဝ စေရန်အတွက်စစ်တွေ မြို့ ရှိအင်္ဂလိပ် ၊ မြန်မာ နှစ်ဘာသာ သင်သောကျောင်းသို့  အပ်နှံ ခဲ့ ရ သည် ။ ကျောင်းအပ်နှံ ရာတွင် အကြီး ဖြစ်သူပေါ်ထွန်းအောင် မှာ သူငယ်တန်း မှစတက် ရသည် ကိုမကြေနပ်ပဲကျောင်းအုပ် ဆရာကြီးအား သုံးတန်းမှစတက် ခွင့်  ပြု ပါရန်
ရဲ ၀ံ စွာဖြင့်  ပြောလေ ရာ ဆရာကြီး မှ သုံးတန်း တွင်သင်ကြားသော အင်္ဂလိပ် စာတို့  ကို ဖတ် ခိုင်းရာ တွင် အထစ်အငေါ့  မရှိဖတ် ပြနိုင်ခဲ့ သဖြင့်  ဆရာကြီး မှ နှစိတန်း မှ စတက် ခွင့်  ပြု ခဲ့ ရ သည် ။ ( ကျောင်းမနေ ရသေးပဲဖတ် ပြနိုင် ခြင်းမှာ အင်္ဂလိပ်ကျောင်း တက်သော သူငယ်ချင်း များထံ မှ ကြို တင်သင် ကြားထားခြင်း ဖြစ်သည် ဟုနောင် အခါ မှမိဘ များသိခဲ့ ရ သည် ။ )
ကျောင်းတက်၍ ၂ နှစ်အကြာ ၅တန်းသို့ အရောက်တွင်အတန်းတင် စာမေး ပွဲ တွင်အင်္ဂလိပ်လူမျိုး ရခိုင်တိုင်း
မင်းကြီးကိုယ်တိုင် ချီးမြှင့် သောဒုတိယ ဆုရသည် ကို ဆုယူပြီးပြီးခြင်းမှာ ပင် ညီငယ် အား စစ်တွေကမ်းနား
သို့ ခေါ်သွားပြီး ဆိပ်ကမ်းအရောက်တွင် “ ‘ ဒီမှာငါ့ ညီ ဆုယူရင် ပထမ ဆုက လွဲ ရင် ဒုတိယ ၊ တတိယ ဆို ဘယ်တော့  မှ မယူဘူး “ ဟုဆိုကာ ရရှိခဲ့ သောဆုအား ချိုးဖဲ့ ဆုတ်ဖြဲ ပစ်ခဲ့ လေ သည် ။
ထိုနှစ်မှာပင်၎င်းတို့  ညီအကိုနှစ်ဦးအား မိဘများ ထံ မှ ခရစ်ယန်ဘုန်းတော်ကြီးတပါး မှာမွေးစားခွင့် တောင်း
ပြီး ကလကတ္တား တွင် ကျောင်း ထားမည့် ကြောင်း ပြောဆိုလာရာတွင်မိဘများမှခွင့် မပြု ခဲ့သဖြင့်  နိုင်ငံခြား
တွင် ပညာသင်ကြားရ မည့် အခွင့် ရေးတို့ ဆုံးရှုံး ခဲ့ရ သည် ။ ၁၃ နှစ်သားအရွယ်တွင် ပေါ်ထွန်းအောင် မှာ နိုင်ငံ ခြားတွင် ပညာ သင် ယူလို စိတ် ပြင်းပြလာပြီး ငွေ ရှိလျှင် ဖြစ် နိုင်သည် ဟု ယူဆကာဦးလေးတော်သူ
ထံ ကူညီ လုပ်ကိုင်ရင်းငွေ စုခဲ့ သည် ။ သို့ သော် ဆန္ဒ ရှိသည့် အတိုင်း ဖြစ်မလာသောအခါတွင် မိဘ များထံ သို့ မပြန်တော့  ပဲ စစ်တွေ မြို့ ရှိရွှေစေတီကျောင်း ဆရာတော် ထံ သို့  သွားရောက် ကာ ပရိယတ္တိ စာပေ တို့  သင်ကြားပေးပါရန် လျှောက် ထားရာ ရဲရင့် တက်ကြွသော စိတ်ဓါတ် ကိုသဘောကြ သဖြင့်  ဆရာတော်မှ ဖိုးသူတော် အဖြစ် ၀တ်ခွင့်  ပြု လိုက် သည် ။
ဖိုးသူတော် အဖြစ် နှင့်  ၂ နှစ် ခန့်  ပရိယတ္တိ စာပေတို့ သင်ကြားပြီးသောခါ အသက် ၁၆ နှစ် အရွယ် တွင် ညီ ငယ် ကိုပါခေါ်ဆောင် ပြီး သာမနေ ၀တ်ခဲ့ ကြသည် ။ ပေါ်ထွန်းအောင် မှ ရှင်ဥတ္တမ ၊ ကျော် ထွန်းအောင် မှာ ရှင် အရိယ ဖြစ်လာ သည် ။ထို့  နောက် ရှင် ဥတ္တမ သည် ပရိယတ္တိ သင် ကြားရာတွင် ထင် ရှားသော ပခုက္ကူ သို့  သွားရောက်လိုသောဆန္ဒ ပြင်းပြလာသဖြင့် လူဝတ်လဲပြန်ကာ ဆရာတော် ဦးဂန္ဓမာနှုင့် အတူ စစ်တွေ မြို့  မှ ထွက် ခွာလာ ရာ တောင် ငူ မြို့  သို့ အရောက် တွင် စာပြန်ပွဲ နှင့် ကြုံ ကြိုက် လေ သဖြင့်  ၀င်ေ၇ာက် ဖြေ ဆိုရာပထမ အဆင့်ရရှိခဲ့ လေ သည် ။
ပထမဆုရသည်အတွက်လူသိ များလာပြီး တောင်ငူမြို့ ၊ ကျွန်းကုန်း ရပ် ရှိ ရှမ်းအမျိုးသမီးတဦးမှ ဆရာတော် ဦးဂန္ဓမာ အား ပေါ်ထွန်းအောင် ကိုမွေးစား ခွင့် ပြုပါရန် လျှောက်ထားရာ ဆရာတော် မှ ပေါ်ထွန်းအောင်၏ သဘောကို မေးမြန်းလေ သည် ။ ထိုအခါမိမိ အား မွေးစာ လိုပါက ကာလကတ္တား သို့  ပညာ သင် စေလွတ် ရမည် ဟု ဆို ရာ ရှမ်းအမျိုး သမီး မှ လဲ သဘောတူသဖြင့်  ခေါ်ယူမွေးစား ပြီး ၁၇ နှစ်အရွယ်တွင် နိုင်ငံ ခြား
သို့ပညာသင် သွားရ လေတော့ သည် ။
၁၉ - နှစ်သား အရွယ်တွင်ကာလကတ္တား မှ ၁၀ တန်းအောင် မြင် ပြီး မြန်မာပြည် သို့  ပြန်လာကာသာမဏေ ပြန်ဝတ်သည် ။ ထို့ နောက်ပခုက္ကူ သို့  ကြွရောက် ပြီး ပရိယတ္တိ စာပေ တို့ ကို သင် ကြားပြန်သည် ။အသက် ၂၀ အရွယ်တွင် စစ်တွေ မြို့  ဘုံဘေဘားမား ကိုယ်စား လှယ် ဖြစ် သူ ဦးထွန်းအောင်ကျော် မှ ဒကာခံယူပြီး ရဟန်းဘောင် သို့ တက်ရောက်ခဲ့ သည် ။
ရဟန်း ဖြစ်ပြီး အခါတွင် အန္ဒိယသို့  ဒုတိယ အကြိမ် ပြန်လည် ကြွ ချီ ပြီး ဒေသန္တရ ဗဟုသု တနှင့်  သက္ကတ ၊ ဘင်္ဂလီ ၊ နာဂလီ စသော ရှေးဟောင်း စာပေ များ ကို့  အထူးလိုက် စား ပြန် သည် ။ အန္ဒိယ ပြည် ၌ ရှိ စဉ် အမျိုးသားကောလိပ်ကြီးတခုတွင် ပါဠိ နှင့် ဗုဒ္ဓဘာသာပညာရပ် များကို ပို့ချ ပေးရသော“ပါဠိပရော်ဖက်ဆာ “အဖြစ် တာဝန် ယူခဲ့ ပြန်သည် ။ ထိုကာလ အတွင်း အန္ဒိယ ပြည်သူတို့  ၏ ကြည် ညို ခြင်း ကို အထူးခံ ခဲ့ 
ရပြီး အိန္ဒိယ ရှိ အကျော် အမော် များနှင့်  ယှဉ် ပြိုင် ပြီး ဟိန္ဒူမဟာ ဆမ္မ အသင်းကြီးတွင် ဥက္ကဌ ရာထူး ရခဲ့  သည် ။ အန္ဒိယ တွင် (၈) နှစ်ကြာ ပြီးနောက် ပြင်သစ် သို့ ပညာသင်ကြားရန် ထွက် ခွာသွားပြန်သည် ။
ပညာသင်ကြားနေ စဉ် ( ၁၉၀၅ -ခုနစ် ) ၀န်းကျင်၌ ရုရုား နှင့်  ဂျပန် စစ်ဖြစ် ပွားရာတွင် နိုင်ငံငယ်လေး ဖြစ်
သော ဂျပန်နိုင်ငံမှအနိုင် ရရှိခဲ့သဖြင့် သွားရောက်လိုသောဆန္ဒ ဖြစ်ပေါ်လာပြန်သ ဖြင့် ရန်ကုန်သို့ ပြန်လည် ကြွရောက် ခါ ၁၉၀၇ -ခုနစ် ၊ ဖေဖော်ဝါရီလ ( ၄ ) ရက်နေ့တွင် ရန်ကုန်မှ စင်္ကာပူသို့  ကြွ လေတော့ သည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ တွင်စင်္ကာပူမှတဆင့် ဂျပန်သို့  ကြွရောက်လေရာ မတ်လ ၇- ရက်နေ့ တွင်ဂျပန်
ပြည် ယိုကိုဟားဆိပ်ကမ်းသို့ ရောက်ရှိခဲ့ လေ သည်။ ဂျပန်ပြည် ၌ ၅- နှစ်ကြာမျှ ပရ်ာဖက်ဆာအဖြစ်နေထိုင်
ခဲ့ စဉ် တရုတ်ပြည်မှတိမ်းရှောင်လာသောဒေါက်တာဆွန်ယက်ဆင်နှင့် သိကျွမ်းခဲ့ သလိုတရုတ်ပြည်အတွက်
လဲ အကြံ ညဏ် တို့  ပေးနိုင် ခဲ့ သည် ။
ထိုမှတဖန် မြန်မာပြည်သို့  ပြန်လည်ကြွချီရာတွင်အင်ဒိုချိုင်းနား ရှိ ဆေ ဂုံ( ဟိုချီမင်း ) မြို့ သိုအရောက်တွင်
မင်ကွန်းမင်းသားကြီး၏ ဖိတ်ကြား ချက်အရ ဆွမ်းစာကြွရောက် ပြီး မြန်မာပြည် အရေး ဆွေးနွေး ခဲ့ ရာတွင်
ဆရာတော် မှ အရေးမလှကြောင်းပြော ပြ သဖြင့်  မင်းသားကြီးခမျာမျိုးချစ်စိတ် ကြောင့် မျက်ရည်ကျ ခဲ့ရှာ သည် ။
၁၉၁၀ -ခုနှစ်လောက်တွင် မြန်မာပြည် သို့ ပြန်လည် ရောက် ရှိလာသော အခါတွင် ဘာသာစကားပေါင်း ( ၉ ) မျိုး ခန် တတ်ကျွမ်းသော ဆရာတော် အား ၀ိုင်အမ်ဘီအေ အသင်းသားများနှင့် အတူ ပြည်သူများက လေးစား
ကြည်ညိုကြသည် ။့ထိုအခါတွင်ဆရာတော် မှာ ပြည်တွင်းသို့ လှည့် လှည် ကာ နိုင်ငံရေးတရားတို့ စတင်ဟော
ပြောစ ပြုလာသည် ။ ၁၉၁၂- နှစ် တွင် နှမ ဖြစ်သူ ဒေါ် အိမ်စိုး နှင့် အတူ မြန်မာလူငယ် ( ၃၁ ) ယောက် အား ဂျပန် နိုင်ငံ ပညာသင်ကြားစေရန် အတွက် ထွက်ခွာလာခဲ့  ပြန် သည် ။ ၁၉၁၉ -ခုနှစ်တွင် ဂျပန်မှ ပြန်ကြွလာ ပြီး သူရိယ သတင်းစာတိုက်တွင်သီတင်းသုံးကာသတင်းစာ မှနေ၍ နိုင်ငံရေးဆောင်းပါများ ရေးသား ခဲ့သည် ။
ဆက်လက်တင်ပြသွားပါမည်