welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

မွေးနေ့ မှသည် လွှတ်မြောက်ခြင်းဆီသို့ 

Thursday, June 18, 2009



ခေတ်တစ်ခေတ်ရဲ့ အာဇာနည်

အာဇာနည်ဆိုတာ
တစ်ခေတ်မှာတစ်ယောက်
ထွန်းတောက်မြဲတဲ့
အောင်ဆန်းဇာနည် ပြည့်ဖခင် သမိုင်း
တစ်ချိန်က ကျောင်းသင်ခန်းစာ
ငါ သင်ခဲ့ရဖူးတယ်.........။
ခေတ်တစ်ခေတ်ရဲ့ အာဇာနည်
တစ်ယောက်ပြီးရင် တစ်ယောက်ပေါ်ထွန်း
ငြိမ်းချမ်းရေးမိခင် ဒေါ်အောင်ဆန်းစုကြည်
ငါတို့ ရဲ့  ဘ၀သင်ခန်းစာ
လက်တွေ့ ဖြစ်ရပ်တွေမှာ မြင်နေရတယ်.....။
ပြင်းပြတဲ့ နိုင်ငံချစ်စိတ်နဲ့ 
နက်ရှိုင်းတဲ့ သူ့ မေတ္တာတရား
သူ မတူတဲ့ ပေးဆပ်မှုတွေနဲ့ 
တိုင်းပြည်ဝန်ထမ်းရွက်ရင်း
ဆယ်စုနှစ်ကျော် အကျဉ်းစံပေမဲ့
ပျော့ကျမသွားတဲ့ စိတ်ဓါတ် နဲ့ 
ဖခင်တာဝန် ပခုံးပြောင်းထမ်းရွက်
သူရဲကောင်း တစ်ယောက်အဖြစ်
ကမ္ဘာမှာဝင့်ကြွား
လူမျိုးဂုဏ်ကို မြှင့်
သြော်.. ခေတ်တစ်ခေတ်ရဲ့ ဇာနည်ဘွားပေပဲ.....

( ငြိမ်းချမ်းရေးမိခင် ဒေါ်အောင်ဆန်းစုကြည်ဧ။် ၆၄ နှစ်ပြည့် မွေးနေ့ အမှတ်တရ)
ရည်မွန်ထိပ်ထား

0 comments: