welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

ဘုန်းကံ ကြီးမြတ် တဲ့ မိန်းမမြတ်ပေမို့ 

Tuesday, June 2, 2009

ကျမ ရဲ့လက်ရှိကျရာတာဝန်ဘာလဲ ပြောရင် ဒီမိုကရေစီတိုက်ပွဲမပြီးမချင်း ဒီမိုကရေစီအခွင့်အလမ်းတွေ
ပြည်သူလူထုမျက်စိ နား ပွင့်အောင်ရေးရပြောရ စည်းရုံးရ ဆွေးနွေးရ အားဖြည့်ရ တိုက်ပွဲဝင်ရမဲ့တာဝန်
ပါ ။
သင်္ဂြိုလ်တွေကိုတက်သိအောင် ကျင့်နိုင်အောင် လေ့လာသင်ကြားထားပေမဲ့ ဘာသာရေးဆွေးနွေးဖို့ 
ရေးပြော ဖို့ ရာ အချိန် မဟုတ်သေးပါဘူး။အားလုံးမှမငြိမ်းသေးပဲ ကျမတစ်ယောက်တည်းငြိမ်းမဲ့ကုသိုလ်
အကျင့်တွေကျင့်ဖို့  အချိန်ကိုနောက်ဆုတ် ထားရပေမပေါ့ ။

ဒါပေမဲ့ ဒီကနေ့  ဓနုတ် ဘုရားပြိုမှုနဲ့ပတ်သတ်ပြီးအတွေးထဲမှာ ဘာသာတရားအဆုံးအမတွေ သင်္ခါရ
တရားတွေ မထိုက်တန်သူတွေရဲ့ မလုပ်သင့် မလုပ်အပ်ခဲ့တဲ့ အကျိုးတရားတွေ သတိ ထပ်တလှဲလှဲရ
နေတော့ ဘုန်းကံမြင့်တဲ့ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပါရမီ တရားတွေကို အင်မတန်မှ ချီးကျူးလေးစား
နေမိပါတယ်


ဒီအခါ မိန်းမပင်ဖြစ်လင့်ကစား သတိပဌါန်တရားကို မနေမနားအာထုတ်ခဲ့တဲ့ တရားအရာမှာ ဧတကဒ်
ရခဲ့တဲ့ ဓမ္မဒိန္ဒါ မိန်းမမြတ် ကိုသတိရမိပါတယ် ။ ခင်ပွန်းသည် ဖြစ်တဲ့ ၀ိသာခ ရရှိထားတဲ့ တရားထူး
ကိုကျော်လွန်အောင်ဇွဲနပဲ နဲ့ကျင့်ကြံခဲ့ပြီး ခင်ပွန်းသည်က နှမတော်လို့ အခေါ်ရှိတဲ့အခါ မောင်ငယ်ဆိုပြီး
သူမ ဟာ ခင်ပွန်းရရှိတာတဲ့ ကျော်လွန် တဲ့အနာဂမ်တစ်ယောက်ဖြစ် နေပြီဆိုတာသက်သေပြနိုင်ခဲ့ပါ
တယ် ။

မိန်းမတွေဟာယောင်္ကျားတွေထက်မြင့်မြတ်တဲ့အကျင့်ကျင့်နိုင်တာကြောင့် ဘုန်းတန်ခိုး ပိုကြီးမြတ်ခဲ့တယ်
ဆိုတဲ့အထောက်အထား ကို ဓမ္မပဒ မှာတွေ့ နိုင်မှာပါ။


ဒါကြောင့် ဗိုလ်ချုပ်ကြီးတွေ ဗိုလ်မှုးကြီးတွေ မိန်းမဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည် ကို မစော်ကားမိကြ
ပါစေ နဲ့  ပုဂိုလ်ထူးပုဂိုလ် မြတ် ကိုစော်ကားမိရင် သံသယာမှ လွှတ်လမ်းမရှိနိုင်ဘူးဆိုတာလည်းနား
လည်ကြပါ ။ ဘာကြောင့်ပြောနိုင်တာလဲပြောရရင် ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံရေးသမားပါလို့ 
ခေါ်ဆို နိုင်လင့်ကစား မုသားကိုလုံးဝ မသုံးသွား ပါဘူး ။ သူ့ အမှုစစ်ဆေးချိန်မှာ သူဟာ တကယ့်
ကိုအံ့သြချီးမွမ်းလောက်တဲ့ အမှန်တရား ကိုသာပြောသွားတဲ့အတွက်
ဘာသာတရားကိုသက်ဝင်ယုံကြည်
သူမှန်သမျှ ဒေါ်အောင်ဆန်းစုကြည်ဟာ သောတပန် တို့ ရဲ့အကျင့်မြတ် ရှိနေပြီးသားဆိုတာ သုံးသပ်
နိုင်မှာပါ ။

ကျမပရိယတ္တိစာပေ တွေကို ဌီကာကျော် တွေ ဓမ္မာစရိယ တန်း တွေ လေ့လာ တွေ့ ရှိ သမျှတွေ
ထဲမှာဘယ်ပုဂိုလ် ဟာ ဘယ်လိုအကျင့်တွေကျင့် ကြံနေတယ် ဘယ်သူဟာတော့ အကုသိုလ်ကံ တွေ
ပြာမီးဖုံးသလိုဖုံးနေဆဲမို့  အကျိုးပေးကောင်းတယ်ထင် ပြီးမိုက်ကန်းနေကြတယ် အဲဒီ့ပြာတွေဟာလည်း
တနေ့ လွှင့်ပါးပြီး အကျိုးပေးချိန်တန်ရင် အင်မတန်မှကြောက်စရာကောင်းတဲ့ကံမျိုးနဲ့ကြုံရမယ် ဆိုတာ
သုံးသပ်နိုင်ခဲ့ပါတယ် ။

မနေ့ တနေ့ က သတင်းတွေမှာကျယ်ကျယ်ပြန့် ပြန့် တွေ့ ရတဲ့ ဓနုတ် ဘုရားပျိုကျမှုဟာ ဘာသာတရား
သက်ဝင်ယုံကြည်သူတွေ အဖို့  မဆန်း တော့ တဲ့ အဖြစ်သနစ်ပါပဲ ဘုရားထီးတင် တယ် ဆိုတဲ့ပုဂိုလ်ဟာ
သီလ သမာဓိ ပညာ နဲ့ ပြည့်စုံသင့်ပါတယ် အနည်းဆုံးတော့ ပဉ္စသီ လေးတော့ မြဲမှပေါ့
။ခုဟာကပြည်သူ
လူထု ကိုသေနတ်ပြပြီး ခြိမ်းခြောက် စားသောက် နေတဲ့ အေးဓါးပြ ကြိုင်ကြိုင် လို ပုဂိုလ် မျိုး က
သာသနာ ရဲ့ အနှစ် မသိ သာသနာကို အဖြစ် ရှိအောင် မလုပ်ပဲ သာသနာ ကို မိမိ တို့ အာဏာ ငွေ
တည်မြဲရေးအတွက်အသုံးချလေတော့ နတ်ကောင်းနတ်မြတ်တွေ လောကကိုစောင့်ရှောက်တဲ့ လောကပါလ
နတ်တွေက မနေနိုင်တော့ ပဲ ကြိုင်ကြိုင် ထီးတင် တဲ့ဘုရား သူတော်ကောင်းတွေ လက်အုပ်ချီမိမှာ ဆိုး
တဲ့အတွက် ပြိုပျက်စေခဲ့တာ သေချာမှာပါ ။

ဒေါ်အောင်ဆန်းစုကြည် ဟာ ပြည်သူလူထုအတွက် ဒီမိုကရေစီရေးအတွက် ငြိမ်းချမ်းရေးအတွက် ကြိုးစား
နေတဲ့မိန်းမအပြင် ကြီးမြတ်တဲ့ပါရမီကောင်းတွေကို ဖြည့်ကျင့်နေတဲ့
ဆုတစ်ခုခုကိုပန် နေ တဲ့ပုဂိုလ် မြတ်
ဖြစ်ကောင်းဖြစ်မှာအသေအချာပါ ။ဗုဒ္ဓဘာသာမှန်ရင် ထေရသာသနာရဲ့ အနှစ်ကို လေ့လာသူ မှန်ရင်
လူတစ်ယောက်ရဲ့ ပဋိသံန္ဓေ ရဲ့မျိုးစေ့ဟာ ဘယ်အဆင့်ဖြစ်နိုင်တယ် ဆိုတာ သူမရဲ့ အကျင့်အကြံကိုလေ့
လာခြင်းဖြင့်သုံးသပ် နိုင်ပါတယ် ။ဒေါ်အောင်ဆန်းစုကြည်ဟာ တြိဟိတ် အဆင့်ရှိပြီးသား ပုဂိုလ်မို့  မိုက်
ရိုင်းစော်ကားမှုတွေ ဒီထက် မက မတရားမှုတွေ ပြုလုပ်လည်း အာဇာနည်မျိုးမည်သည် ကြံ့ကြံ့ခိုင် ၍
ပါရမီဖြည့်နေဦးမည်သာဖြစ်ပါတယ် ။

ဘုန်းကံကြီးမြတ်တဲ့ဤ မိန်းမမြတ် အား ဆက်လက် မကျူးလွန်မစော်ကားသင့်တော့ပါဘူး နိမတ်တွေ
အတိတ်တွေကလည်း ခိုင်မြဲနေပြီမို့  မတရားတရားစွဲခြင်းမှ ရပ်ကြဖို့ သင့်ပြီ ဆိုတာ သတိပေးချင်ပါ
တယ် ။
ဇွတ်လုပ်ရင်တော့ ကြိုင်ကြိုင် သန်းရွှေတင်မက သူ့ ပတ်ဝန်းကျင်ပါ မြေမြို ကြပါလိမ့်မယ် ဆိုတာ နတ်
ဗြဟ္မာ တို့ က ဓနုတ် ဘုရားကြီးကို ဖြိုပြ အသိတရားရစေဖို့နိမိတ်များ ပြနေပြီဆိုကြောင်း တင်ပြလိုက်ရ
ပါသည်။။

0 comments: