welcome

၈၈၈၈ ကို ဘယ်သူတွေ စခဲ့စခဲ့ ပြည်သူတွေရဲ့ စုပေါင်းပါဝင်မှုက အခရာကျသလို ဘယ်သူတွေပေးဆပ်ပေးဆပ် အဖြူအစိမ်းလေးတွေရဲ့ နီရဲတဲ့သွေး တွေ က အမြဲ သက်သေ တည်နေပါတယ် ။

၁၉၇၄ ရဲ့သမိုင်းတွင်ခဲ့တဲ့ ဇွန်(၆) အလုပ်သမား အရေးတော်ပုံ

Friday, June 5, 2009



2007 မှာ စက်မှုဇုံက အလုပ်သမားတွေ မိမိတို့ လုပ်ခ လစာတွေအတွက် ဒီလို လမ်းမပေါ်စုပြုံထွက်ခဲ့တဲ့
ဆန္ဒပြတောင်းဆိုမှုတွေ မျိုးဆက်သစ် အလုပ်သမားတွေ ဆောင်ရွက်တက်ခဲ့တာ ဒီအရေးတော်ပုံထဲ က
ကျန်ရစ်ခဲ့တဲ့ ရလဒ်ကောင်းတွေပေါ့ -





ဒီနေ့  ကျရောက်တဲ့ မြန်မာနိုင်ငံရဲ့အထွေထွေအလုပ်သမားသပိတ် ကို ကျမ တို့ မမေ့သင့်ပါဘူး
အလုပ်သမားအာဇာနည် တစ်ရာ့ငါးဆယ်ကျော် အသက်ပေးခဲ့ရတာ နောင် အလုပ်သမားထု
လုပ်ခလစာတွေ လုံလောက် မျှတအောင် မတရားတဲ့ဥပဒေမူတွေ နောင် မဖြစ်ပေါ်လာအောင်
သူတို့ အသက်တွေပေးပြီးရင်းနှီးခဲ့တာပါ ။

စစ်အာဏာရှင်ရဲ့
အကျင့်ဆိုးဟာကမ္ဘာတခွင်မှာ အရှက်မဲ့လွန်းနေတော့ ယနေ့ ထိ အလုပ်သမားအခွင့်အရေးရော
မမျှတတဲ့ အခြေခံဥပဒေ ပါ ဆက်လက် ရှိနေဆဲပါပဲ ။အင်မတန်မှဝမ်းနည်းကြေကွဲစရာကောင်း
ပါတယ်။ ပေးဆပ်ခဲ့ရတဲ့အသက်တွေ ဘ၀တွေ နဲ့  ညီမျှတဲ့အကျိုးတွေခုထိအလုပ်သမားထုမခံ
စားကြရသေးဘူး အဲဒီ့အပြင် ခုဆိုပိုလို့ ဆိုးဝါး လာတာ ပြည်သူအားလုံးအသိပါ။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ခု ဆွတ်ဇလန် နိုင်ငံ ဂျနီဗာ မှာကျင်းပနေတဲ့ ILO အပြည်ပြည်ဆိုင်ရာ
အလုပ်သမား အဖွဲ့ ချုပ်ကြီးရဲ့ အစည်းအဝေးကြီးကျင်းပနေပါပြီ။ မြန်မာစစ်အုပ်စုလည်း နှစ်စဉ်
နှစ်တိုင်း ILO ကို သွား သွားလိမ် ရတာ ဒီနှစ်တော့ ပိုလိမ် လိမ့်မယ်လို့ ကျမ ထင်ပါတယ်
ဘာ့ကြောင့်ပိုလိမ်ရမလဲဆိုရင် မတရားတာတွေ တိုးတိုးပြီး လုပ်လာလို့ ပါ ။ဘာတွေမတရားလ
ဲဆိုရင် များပြားလှတဲ့မတရားမှုတွေထဲ က ILO Convention နဲ့ ပတ်သတ်တဲ့ ဥပဒေတွေ
ထဲ ကအဓမ္မလုပ်အားပေးစေခိုင်းမှု တွေ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့် မပြုပဲ သင်းဖွဲ့ ပုဒ်မ
တွေနဲ့ ထောင်သွင်းအကျဉ်းချ နေတာတွေ က ပိုပို တိုးလာလို့ ပါပဲ ။

ကျမတို့ ပြည်သူလူထု က အင်မတန် မှငြိမ်းငြိမ်းချမ်းချမ်းနေချင်ကြတာပါအဲဒီ့လိုမနေနိုင်လောက်
အောင် ဂုတ်သွေးစုတ်မှုက ပြင်းထန်နေလို့ ပါလယ်သမားထုအလုပ်သမားထုဟာတိုင်းပြည်ဖွံ့ ဖြိုး
ရေးအတွက် ရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက် သူတို့ ရဲ့ ချွေးတွေချွဲစိုပြီး ကုန်းရုန်းလုပ်နေ
ရပေမဲ့ တိုင်ပြည်ရဲ့ အရေးကြီးဆုံး မဋိုင် တစ်ရပ် ဖြစ်တဲ့အလုပ်သမားလယ်သမားထု ထမင်းမဝ
ကြရပါဘူး ။

ယနေ့ မှာ တော့ ၈၈၈၈ လူထုအုံကြွမှုတစ်ရပ် ကဲ့သို့ ဖြစ်တော့မဲ့အခြေအနေတရပ်မှာတိုင်းပြည်
ပြောင်းလဲရေးအတွက် တတပ်တအား စွန့် စားရမှာ ကျောင်းသား အပြင်အလုပ်သမားထုလည်း
သိတ်အရေးပါပါတယ် ။ စစ်အုပ်စုရဲ့ အုပ်ချုပ်ရေး ယန္တယား တစ်ခု လုံးရဲ့အသက်သွေးကြောဟာ
အလုပ်သမားထုဆီမှာရှိပါတယ် ။ အလုပ်ရုံစက်ရုံတွေကို တစ်ပတ် ကစ တစ်လလောက် အလုပ်
မဆင်းလိုက်ရင် စစ်အုပ်စု အတော်ကိုတုန်လှုပ်သွားမှာအသေအချာပါ ။ ပြိုင်တူ တော့ ဖြစ်ရ
ပါမယ်။

ကျမ အထက်မှာဖေါ်ပြထားတဲ့ စက်မှုဇုံ ရဲ့ ဆန္ဒပြမှု ဟာ ဆို အားလုံးပါလို့ သူတို့ တောင်းဆို
တာရခဲ့တယ် ။ အကုန်မရတာတောင် အသင့်ရခဲံတဲ့အတွက် အတုယူ သင့်တဲ့ ဆန္ဒပြမှုပါပဲ ။။

ကဲ ----အလုပ်သမားသပိတ်ကြီးနှစ်ပတ်လည်မှာ နအဖ ကလည်း ILO မှာ အလုပ်သမားတွေ
ကိုဘာတွေလုပ်ပေးပါတယ် လို့  ဘယ်လိုလိမ်နေ မှာသေချာ သလို စစ်အုပ်စုကို မလိုလားတဲ့
ကျမတို့ ကလည်း အလုပ်သမားထုဘ၀ မြှင့်တင် ဖို့  အလုပ်သမားအခွင့်အရေးတွေပညာပေးရင်း
အလုပ်သမားထု အားကိုပါပေါင်းစည်းလို့ စစ်အုပ်စုကို အပြီးသတ်ပေးလိုက်ကြရအောင် လို့ ဆန္ဒ
ပြုတင်ပြလိုက်ပါတယ်။။

0 comments: